English share channel

@english2489


Welcome English learners 🤗 11.3.2022

English share channel

20 Oct, 06:40


သစ်ပင်မတက်နိုင်တဲ့ ငါး🌲
----------------------------

SarPhat Link 👇

https://www.sarphat.com/articles/22258


ကျွန်တော် ဒီနေ့ပဲစာစုလေးတစ်ခုဖတ်လိုက်ရတယ်။ စာစုလေးက

"အာလုံးဟာ ဉာဏ်ကြီးရှင်တွေပါ။ ဒါပေမယ့် ငါးတစ်ကောင်ကို သစ်ပင်တက်တဲ့အရည်အချင်းနဲ့ နှိုင်းနေရင်တော့ အဲ့ငါးကအသုံးကျမှာမဟုတ်ဘူး" တဲ့။

ချက်ချင်းပဲ ကျွန်တော့်ခေါင်းထဲ အသိတရားတစ်ခုဝင်သွားတယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လူတွေက "မင်းကအသုံးမကျပါဘူး၊ ဒါလေးတောင်မလုပ်နိုင်ဘူးလား၊ အဖြစ်မရှိလိုက်တာ၊ အသုံးဝင်မယ့်အကောင်လည်းမဟုတ်ပါဘူး" လို့ ပြောတာကြားဖူးနိုင်သလို ကိုယ်ကိုယ်တိုင်လည်း အပြောခံရဖူးနိုင်ပါတယ်။

ဟုတ်ကဲ့။ လူတိုင်းက Perfect မဖြစ်လို့ သူလုပ်သမျှအရာတိုင်းက Perfect ဖြစ်နေမှာမဟုတ်ပါဘူး။ အရာရာတိုင်းမှာတော်တဲ့သူဆိုတာလည်းရှားပါတယ်။

လူတစ်ယောက် ငါးဖမ်းတာတော်ပေမယ့် ဖားကောက်တာတို့၊ ငှက်ပစ်တာတို့ သူတော်ချင်မှတော်မှာ။  ဒါကို ကျွန်တော်တို့သိထားရမယ်။

ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ တစ်ခုလေးမလုပ်လိုက်နိုင်တာနဲ့ ဘာမှအသုံးမကျသူလို့ သတ်မှတ်လိုက်ရော...။

ဒါကဘာနဲ့တူသလဲဆိုတော့ ငါးတစ်ကောင်ကို သစ်ပင်မတက်နိုင်လို့ အသုံးမကျလိုက်တာလို့ ပြောနေတာနဲ့တူတယ်။

လူမှာလည် ကန့်သတ်ချက်ဆိုတာရှိတယ်။ သူဒီနေရာမှာမတော်ပေမယ့် အခြားနေရာမှာ သူတော်နေနိုင်တယ်။

လောကမှာ

ဘယ်အရာမှမတော်ဘူးဆိုတဲ့သူ မရှိသလို၊

အရာအားလုံးတော်တဲ့သူဆိုတာလည်း မရှိပါဘူး။


ဒါကြောင့် စာဖတ်သူလေးအနေနဲ့ ကိုယ့်ကို အသုံးမကျတဲ့သူလို့ ဝေဖန်အပြစ်ဆိုလာတဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ ဒါက စာဖတ်သူလေး တကယ်တော်တဲ့နေရာမဟုတ်သေးလို့ပါ။

တော်အောင်ကြိုးစားလို့ရသလို စာဖတ်သူလေးတော်တဲ့နေရာဟာ အခြားနေရာလည်းဖြစ်နေနိုင်ပါတယ်။ ကိုယ်ဘာတော်လဲ သိအောင်လုပ်ပါ။

ရှာဖွေပါ။

ရှင်သန်ပါ။

အစွမ်းကုန်ကြိုးစားပါ။

အက္ခရာ ( 20,10,2024 . 12:57 PM )

Follow in SarPhat

https://www.sarphat.com/articles/22258

#Moti
#Life_Knowledge
#Haruki

English share channel

19 Oct, 13:17


ငိုခြင်းသည် အရှုံးပေးခြင်းမဟုတ်

ကျွန်တော်တို့ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ရဲ့လူအများစုကတော့ မျက်ရည်ကျတာ၊ ငိုတာကို အရှုံးပေးတယ်လို့ သတ်မှတ်ကြတယ်။ လက်မြှောက်သွားတယ်လို့ခံယူကြတယ်။

ပျော့ညံ့တယ်လို့ ယူဆကြပါ တယ်။ ငိုတဲ့သူ၊ မျက်ရည်ကျတဲ့သူက ခံနိုင်ရည်မရှိဘူးပေါ့။ တကယ်ပဲ မျက်ရည်ကျတဲ့သူ၊ ငိုတဲ့သူက ပျော့ညံတာလား။ အရှုံးပေးတာလား။

အဖြေက လုံးဝလုံးဝမဟုတ်ပါဘူး။

ကျွန်တော်စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ Tears are powers. တဲ့။ မျက်ရည်ဟာ အားသစ်မွေးဖို့ အားနည်းစိတ်ပျက်ခြင်းတွေကို မောင်းထုတ်ပစ်လိုက်တာပါ။ ကျရှုံးခြင်းကိုနှစ်သိမ့်ပေးတဲ့ အကောင်းဆုံးလက်နက်ပါ။

ဒဏ်ရာတွေကို ဆေးကြောပေးနိုင်ပါတယ်။ နာကျင်ခြင်းတွေကို မေ့ဖျောက်ပေး နိုင်ပါတယ်။

..........

အဲ့ဒီလိုပါပဲ ကျွန်တော်တို့လူအများစုဟာ အရွယ်ရောက်လာတဲ့အခါ လောကဓံရဲ့ ရိုက်ပုတ်၊ ထိုးနှက်ချက်တွေကို အမျိုးမျိုးရင်ဆိုင်ရတဲ့အခါ မျက်ရည်မကျနဲ့၊ ငါအရှုံးမပေးဘူး။

မျက်ရည်မကျဘူး၊ ငါအားတင်းထားမယ် ဆိုပြီး ကြိတ်မှိတ်ပြီး နာကျင်မှုဆိုတဲ့အရာတွေကိုမျိုချတတ်ကြပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးရောက်ရင် စာဖတ်သူလေးကိုအကြံတစ်ခုပေးပါရပါစေ။

အဲ့တာကတော့ စိတ်ဒဏ်ရာတွေရတဲ့အခါ လွတ်လွတ်လပ်လပ် တစ်ခါလောက်တော့ ငိုကြွေးကြည့်လိုက်ပါ ဆိုတာပါပဲ။

ကိုယ်ခံစားနေရတဲ့ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်း သောကတွေဟာ မျက်ရည်နဲ့အတူပါသွားပြီး ပေါ့ပါးလွတ်လပ်သွားပါလိမ့်မယ်။

ငိုတဲ့အခါမှာလည်း ခံစားရတာတွေပေါ့သွားတဲ့အထိငိုချပစ်ပါ။ အဲဒီအချိန် ကျလာတဲ့မျက်ရည်တွေကို လက်နဲ့စမ်းကြည့်ပါ။ ပူနေတယ်မဟုတ် လားစာဖတ်သူလေး။ မျက်ရည်ပူတွေပါ။

ဒါကြောင့် ငိုတယ်ဆိုတာ မျက်ရည် ပူတွေနဲ့တူညီတဲ့ ကျွန်တော်တို့ရဲ့ အပူအပင်တွေ၊ စိုးရိမ်ကြောက်ကျမှုတွေကို သွန်ထုတ်လိုက်တာပါပဲ။

နာကျင်မှုတွေကို မခံစားနိုင်တော့တဲ့အခါ ငိုပစ်လိုက်ပါ။ ပေါ့ပါးမှုကို စာဖတ်သူလေးပြန်ခံစားရပါလိမ့်မယ်။ မျက်ရည်ဆိုတာဟာလည်း ငိုဖို့ပါ။

ဒဏ်ရာတွေ၊ နာကျင်ခြင်းတွေ၊ ဝမ်းနည်းပူဆွေးမှုတွေဟာ အချိန်ရှိတိုင်း ဖြစ်ပေါ်နေမှာမှမဟုတ်တာပဲ။

ဖြစ်ပေါ်လာတဲ့အခါ ကြိတ်မှိတ်ဒဏ်ရာအဖြစ်မခံဘဲ ငိုချလိုက်ပါ။ အချိန်တန်တဲ့အခါ အားလုံးဟာ ပြီးဆုံးသွားမှာပါပဲ။ 🍀

-------------

- အဓိက,က စိတ်ပါပဲစာအုပ်မှ

တန်ဖိုး - ၇၀၀၀ ကျပ်

ပထမဆုံးဝယ်ယူတဲ့ အယောက် ၁၀၀ ဟာ စာရေးသူကိုယ်တိုင်လက်မှတ်ထိုးပေးထားသော စာအုပ်ကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အယောက် ၁၀၀ သာ 💥

ခုတောင် အုပ်ရေ ၅၀ ကျော်ပဲရှိတော့တယ်လို့ သိရပါတယ်။ လက်မနှေးတော့နဲ့နော် 🥳

စာအုပ်မှာယူရန်

1 - +959977626244

2 - @Khin_Su_Mon_Thant

3 - @Akayar_2007

#Haruki

English share channel

09 Oct, 01:55


🌍 ဘာသာစကားအသစ်တွေကိုလေ့လာချင်သူတွေတက်ရောက်သင့်တဲ့ 100% Free တန်းခွဲလေးတစ်ခု ✨

ဘာသာစကားတစ်ခုကိုအခုမှစပြီးလေ့လာဖို့အတွက် သင်တန်းရွေးချယ်ရခက်နေလား ၊ သင်တန်းအတွက်အချိန်မပေးနိုင်မှာကိုရောစိတ်ပူနေကြသလား 🤷🏻‍♀️

ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ Hsue's Education Center ရဲ့လစဉ်ဖွင့်လှစ်ပေးနေကြ Language Basic Class လေးတွေရှိပါတယ် 🤩

ဒီတစ်ခေါက်တန်းခွဲလေးမှာလဲ

🇯🇵 Japanese
🇰🇷 Korean
🇨🇳 Chinese
🇹🇭 Thai စတဲ့ဘာသာရပ်တွေကိုရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ် ။

Video သင်ခန်းစာလေးတွေနဲ့စနစ်တကျသင်ကြားပေးမယ့်အပြင် တစ်ဦးချင်းရဲ့အိမ်စာလေးတွေကိုလဲအသေးစိတ်စစ်ပေးသွားဦးမှာဖြစ်ပါတယ် 📚

သင်တန်းတက်ရောက်လိုသူများအနေနဲ့ @Hsushun28 ကတဆင့်

အမည် ၊ အသက် ၊ မိမိသင်ယူလိုတဲ့ဘာသာစကား ( အများဆုံးနှစ်ခုကိုသာရွေးချယ်ပေးရန် ) စတဲ့အချက်အလက်များကိုအသေးစိတ်ပေးပို့ပြီးသင်တန်းလာရောက်အပ်နှံပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 💁🏻‍♀️💕

#Copy_Message

English share channel

03 Oct, 08:23


မင်မင် Page ထောင်ထားပါတယ်။

လာရောက် Follow နိုင်ပါတယ်ခင်ဗျာ။ 😍

https://www.facebook.com/profile.php?id=61566345345976&mibextid=JRoKGi

#Haruki

English share channel

24 Sep, 03:42


အကြောင်းအမျိုးမျိုးကြောင့် ဆွေးနွေးဟောပြောပွဲမတက်ဖြစ်လိုက်ရသူလေးတွေအတွက် Note Down လေးအဖြစ် ဆောင်းပါးရေးပေးလိုက်ပါတယ်။

တစ်ခုခု တိုင်ပင်ဆွေးနွေးလိုပါက 📱 @Akayar_2007

https://www.sarphat.com/articles/20552

#Haruki

English share channel

23 Sep, 12:01


ကမ္ဘာအမြင့်ဆုံး အဆောက်အဥိးအဖြစ် တည်ဆောက်ဖို့ ရည်ရွှယ်ခဲ့ပေမယ် ခုချိန်ထိ လူတယောက်မှမနေဖူးတယ့် ကျိန်စာသင့်ဟိုတယ်


https://youtu.be/GCb6Z04ifz0?si=OUKp-HYPiYhxe7CX

ကမ္ဘာအမြင့်ဆုံး အဆောက်အဥိးအဖြစ် တည်ဆောက်ဖို့ ရည်ရွှယ်ခဲ့ပေမယ် ခုချိန်ထိ လူတယောက်မှမနေဖူးတယ့် ကျိန်စာသင့်ဟိုတယ်

#Kimjoungun
#Northkorea
#TheV2Myanmar
#Ryungyang
#burjkhalifa
#tallestbuilding


🖇 ကျွန်တော်တို့ရဲ့ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ content တွေကို စောင့်ကြည့်ဖို့ channel လေးကို like& Subscribe လုပ်သွားကြပါဦး

<For Facebook Page link>
https://www.facebook.com/profile.php?id=61558820285352&mibextid=ZbWKwL



For Tik Tok link

https://www.tiktok.com...


Thank you for joining us on this captivating journey!

English share channel

19 Sep, 13:44


အဆီကျ၊ ဝိတ်ကျစေမယ့် အမူအကျင့် (၄) ခု 🛡

ကိုယ်အလေးချိန်လျှော့ဖို့နဲ့ အဲ့ဒီအလေးချိန်မှာပဲ အချိန်အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်ဖို့အတွက် နေထိုင်မှုစနစ်တချို့ပြောင်းလဲဖို့ လိုအပ်ပါတယ်။

အစားလုံးဝမစားတော့တာ၊ လေ့ကျင့်ခန်းအပြင်းပထန် လုပ်တာတွေက ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။

ကိုယ်အလေးချိန်လျှော့ဖို့ လုပ်တဲ့နေရာမှာ အားကစားခန်းမမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာမျိုး အစားအသောက်ကို အလွန်အမင်းကန့်သတ်ထိန်းချုပ်တာမျိုးတွေ လုပ်ဖို့ မလိုအပ်ပါဘူး။

ခုပြောမှာကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဝိတ်(သို့) အဆီချနည်း(၄)ခုအကြောင်း ဖြစ်ပါတယ်။

▶️ - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Exercise
#Health
#Haruki

English share channel

19 Sep, 12:22


အချစ်ရေးတစ်ခုမှာ စိတ်ပင်ပန်းမှုတွေနည်းစေဖို့ လိုက်နာရမယ့်အချက်များ ❤️

ချစ်သူစုံတွဲတိုင်းမှာ အမြဲလိုလို စိန်ခေါ်မှုလေးတွေ ရှိကြစမြဲပါ။ အချိန်တိုင်းအဆင်ပြေပျော်ရွှင်နေဖို့ မလွယ်သလို တစ်ခါတစ်လေမှာ ငြင်းခုန်မှုတွေ၊ စိတ်ပင်ပန်းစရာတွေလည်း ရင်ဆိုင်ရတက်ပါတယ်။

ဒီတော့ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ရေးတစ်ခုမှာ တတ်နိုင်သလောက် စိတ်ပင်ပန်းမှုတွေနည်းချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေကိုသာ သေချာလိုက်နာကြည့်ပါနော်။

💕 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Advices
#Relationship_Knowledge
#Haruki

English share channel

19 Sep, 09:12


ရွှေငါးလေးတွေရဲ့အကြောင်း 🔍

❓⁉️

ရွှေငါးတွေဟာ လူတွေပြောသလိုစက္ကန့်ပိုင်းပဲ မှတ်ဉာဏ်ရှိတာမဟုတ်ဘဲ လူတွေရဲ့မျက်နှာကိုတောင်မှတ်မိနိုင်ပြီး သုံးလကြာရှည်တဲ့မှတ်ဉာဏ်ရှိကြပါတယ်။

👀 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Fish
#Knowledge
#Haruki

English share channel

18 Sep, 11:59


ထူးခြားတဲ့အသွင်အပြင်နဲ့ နာမည်ကြီးတဲ့ ကိုမွန်ဒေါခွေးလေးများ

အမွှေးတွေဟာ 🔍

သူတို့ကို သိုးအုပ်တွေထဲရောနှောစေပြီး တစ်ဖက်ရန်သူကိုတိုက်ခိုက်ဖို့ပိုပြီးလွယ်ကူစေတာကြောင့် ကိုမွန်ဒေါခွေးတွေဟာ သိုးထိန်းခွေးတွေကြားမှာအတော်လေးနာမည်ကြီးခဲ့တာပါ။

ဒါ့အပြင် သူတို့ဟာသင်ယူမှုမြန်ဆန်ပြီးတော့ ဉာဏ်ကောင်းကြတဲ့ခွေးအမျိုးအစားဖြစ်ပါတယ်။

✉️ - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Dog
#Knowledge
#Haruki

English share channel

18 Sep, 08:07


မကြာခဏခြေထောက်ချိတ်ထိုင်ပါက ကြုံတွေ့ခံစားရမယ့် ဆိုးကျိုးများ 🤕

လူတစ်ယောက်ချင်းစီမှာ သက်သောင့်သက်သာဖြစ်ဖို့အတွက် ထိုင်ပုံထိုင်နည်းတွေက မတူညီကြပါဘူး။ သက်သောင့်သက်သာဖြစ်တယ်ဆိုတိုင်းလည်း ကျန်းမာရေးနဲ့မညီညွှတ်ပါဘူး။

သက်သောင့်သက်သာဖြစ်ပြီး စမတ်ကျတဲ့ထိုင်ပုံထိုင်နည်းတွေထဲမှာ ခြေထောက်ချိတ်ထိုင်ခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ။

ဒါပေမယ့် စာဖတ်သူလေးအနေနဲ့ မကြာခဏ ခြေထောက်ချိတ်ထိုင်မယ်ဆိုရင် အခုဖော်ပြပေးမယ့် ဆိုးကျိုးတွေကို ကြုံတွေ့ ခံစားရနိုင်ပါတယ်။

👀 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Body
#Health
#Haruki

English share channel

18 Sep, 04:51


ကိုယ်ချစ်တဲ့သူတွေနဲ့အတူရှိပါလျက်နဲ့ အထီးကျန်သလို ခံစားနေရပါသလား❓

လူချင်းနီးပြီး စိတ်ချင်းဝေးကွာနေတယ်လို့ခံစားရတာဟာ စုံတွဲတွေအကြားမှာ ဖြစ်တတ်တဲ့သဘာဝတစ်ခုပါပဲ။ တကယ်တော့ အဖော်နဲ့နေပြီး တစ်ယောက်တည်း အထီးကျန်တယ်လို့ခံစားမိတာဟာ အကြောင်းရင်းတစ်ခုမက ရှိတတ်ပါတယ်။

ကိုယ်ချစ်တဲ့သူတွေနဲ့အတူရှိပါလျက်နဲ့ Feeling Alone ဖြစ်နေရင် ဒါတွေကြောင့်လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်နော်။

💕 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Relationship_Knowledge
#Haruki

English share channel

17 Sep, 17:03


Can you please join and if you don’t mind please share to your friends too,Our business campaign❤️ This is IGCSE selling as they wish who choose extra subject as a Business... If you guys can help pls join and give emoji. And also this is training for IGCSE students who want to be a business men and women in the future. Join Link https://t.me/+j9iuIcZU-8o4MTFl

English share channel

17 Sep, 06:56


စာလုပ်ရတာ ငြီးငွေ့နေပြီလား😮‍💨‼️
ကဲ ကဲ စာလေ့လာရင်း MOTi လေးလာပေးတာပါ✌️😮‍💨

Put your phone and study
အခုပဲ ဖုန်းကို ချပြီး စာလုပ်လိုက်တော့

Put yourself harder, no one is going to do it for you
ကိုယ့်ကိုယ်ကို ပိုကြိုးစား၊မင်းအတွက် ဘယ်သူမှ လုပ်ပေးမှာမဟုတ်ဘူး

Don't just dream but make it happen
အိမ်မတ်ပဲ မတ်မနေနဲ့ လက်တွေ့ဖြစ်အောင်လုပ်ပါ

Hard work today means success tomorrow
ဒီနေ့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ ပြည့်စုံတဲ့မနက်ဖြန်တွေ ဖြစ်လာဖို့ဘံ

It is hard ,doesn't mean it is impossible you can do it
အဲ့ဒါက ခက်တယ် မဖြစ်နိုင်ဘူးလို့ မဆိုလိုဘူး မင်းလုပ်နိုင်ပါတယ်

#crd

1,519

subscribers

2,511

photos

29

videos
Best Similar Channel