Knowledge Channel 🐿

@wonderful_knowledge_by_haruki


ထူးခြားဆန်းကြယ်လှတဲ့ အရာမှန်သမျှသိဖို့

Knowledge မှာ သူများထက်တစ်မူးပိုသာဖို့

ဒီ Channel လေးကို Join လိုက်ပါစို့။ ။

Since Date : 25.10.2023

Main Channel : @Life_Explored_Channel

Channel bot : @Haruki_helping_007_bot

ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

Knowledge Channel 🐿

16 Oct, 14:22


သီတင်းကျွတ် ဆုမွန်ကောင်း ⭐️

၂၀၂၄ သီတင်းကျွတ်အခါသာမယလေးမှာ ကျွန်တော့်ရဲ့ ချစ်ရပါသောစာဖတ်သူလေးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ တစ်လုံးတစ်ဝပြည့်စုံကြပါစေ။

ဘေး၊ ကပ်ဆိုးအန္တရာယ်များမှလည်း ကင်းဝေးပြီး ကြံတိုင်းအောင်၍ ဆောင်တိုင်းလည်း မြောက်ပါစေ။ ⭐️

ကိုယ့်ရဲ့ရည်မှန်းချက်ကိုလည်း ဇွဲမလျော့စွာ မရောက်မချင်းအားတင်း လျှောက်လှမ်းနိုင်ပါစေ။ ⭐️

ဘဝမှာလည်း နောင်တကင်းသော လူသားများဖြစ်ကြပါစေလို့ ကျွန်တော် Haruki (အက္ခရာ) မှ ချစ်ခင်မြတ်နိုးစွာဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ 🙏💘

🎄 - @Life_Explored_Channel

🎄 - @black_white_Library

🎁 - @Healthy_Life_by_Haruki

🎄 - @Relationship_coach_by_Haruki

🎊 - @Wonderful_Knowledge_by_Haruki

#Akayar
#Haruki

Knowledge Channel 🐿

15 Oct, 13:49


ဆော်ဒီနိုင်ငံရဲ့ထူးခြားတဲ့ ဧရာမထီးကြီးများ

ဆော်ဒီနိုင်ငံဟာ ထူးခြားတဲ့အဆောက်အအုံတွေ၊ နေရာတွေ ကြောင့်နာမည်ကြီးတဲ့နိုင်ငံဖြစ်ပါတယ်။

သယံဇာတအနေနဲ့ ရေနံကိုပိုင်ဆိုင်ထားတာကြောင့် ချမ်းသာတဲ့နိုင်ငံဖြစ်နေတဲ့ဆော်ဒီဟာ သူတို့နိုင်ငံရဲ့ဘာသာဖြစ်တဲ့ ဘုရားဝတ်ပြုသူတွေလာတဲ့ မဒီနာရင်ပြင်မှာဧရာမထီးကြီးတွေစီစဉ်ထားတာဖြစ်ပါ တယ်။

ဒီထီးကြီးတွေဟာ မဒီနာရင်ပြင်တလျှောက်လုံးမှာရှိနေတာဖြစ်ပြီးတော့ ဘုရားဖူးတွေကို တစ်နှစ်ပတ်လုံးလုံခြုံစေပါတယ်။

ထီးကြီးတွေဟာ ☔️

အရှေ့အလယ်ပိုင်းသဲကန္တာရဖြစ်တဲ့ ဆော်ဒီရဲ့အပူချိန်ကိုခံနိုင်အောင် ထုတ်ထားတဲ့အပြင် ထီးတွေအောက်မှာ အအေးထုတ်လွှင့်ပေးတဲ့ပန်ကာတွေပါရှိနေတာဖြစ်ပါတယ်။

ထီးအမြင့်ဟာ 134 ပေရှိပြီးတော့ ဒီအမြင့်ဟာ 41 တိုက်အရှည်ရှိနေတာဖြစ်ပါတယ်။

ဆော်ဒီဘုရင် 👑

အဘဒူလာဖန်တီးခဲ့တဲ့ဒီထီးတွေကို ဂျာမာန်ဆောက်လုပ်ရေးကုမ္မဏီတစ်ခုကနေပြီး ဖန်တီးပေးခဲ့တာဖြစ်ပြီးတော့ နေဒဏ်မိုးဒဏ်ပါခံနိုင်အောင် အထူးပစ္စည်းတွေနဲ့ဖန်တီးထားတာပါ။

ဒီထီးရဲ့အရိပ်အောက်မှာဆိုရင် အပူချိန် 8 ဒီဂရီအထိတောင်လျော့နည်းတာကြောင့် အတော်လေး အသုံးဝင်တဲ့အရာတွေဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ 🚗

ဒီထီးကြီးတွေဟာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်တဲ့နေရာပါဖြစ်လာခဲ့ပါတယ်ခင်ဗျာ။

#Country
#Haruki

Knowledge Channel 🐿

14 Oct, 09:30


အရောင်ငါးရောင်ရှိနေတဲ့ မြစ်

သက်တံ့မြစ်လို့တင်စားခေါ်ဝေါ်ကြတဲ့ ကိုလံဘီယာကဒီမြစ်ဟာ ကမ္ဘာပေါ်မှာအတော်လေးထူးခြားတဲ့နေရာအဖြစ် အသိအမှတ်ပြုခံရတဲ့နေရာဖြစ်ပါတယ်။

ဒီမြစ်ဟာ တစ်ခြားသာမန်မြစ်တွေလို ပြာလဲ့နေတဲ့ရေတွေပဲရှိနေတာမဟုတ်ဘဲ အရောင်စုံလိုမျိုးပြောင်းလဲနေတာပါ။

မြစ်ဟာ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်နဲ့ အပြာရောင်တွေရောစပ်နေတာဖြစ်ပါတယ်။

မြစ်အတွင်းက 🪷

ရေထဲမှာပေါက်တတ်တဲ့အပင်တစ်မျိုးကြောင့် မြစ်ရေဟာနွေရာသီရောက်တိုင်းအနီရောင်အဖြစ်ကိုကူးပြောင်းသွားပါတယ်။

တစ်ဖက်မှာလည်း ရေအောက်ကအပင်တွေကြောင့် မြစ်ရဲ့တစ်ဖက်ခြမ်းဟာအဝါရောင်အဖြစ်ထပ်ပြီး တောက်ပနေတတ်ပါတယ်။

အစိမ်းရောင်ရေညှိတွေကြောင့် 🪸

အစိမ်းရောင်ရေပြင်ဖြစ်နေသလို ရေညှိရှင်းတဲ့နေရာမှာဆိုရင် အပြာရောင်နဲ့ အဖြူရောင်လိုပါဖြစ်နေတာကြောင့် အရောင်ငါးမျိုးစုံတဲ့မြစ်ပြင်လိုမျိုးဖြစ်နေတာပါ။

ဒီမြစ်ဟာ 🏞️

ကိုလံဘီယာရဲ့ခရီးသွားဧည့်သည်တွေ အဓိကစိတ်ဝင်စားကြတဲ့နေရာဖြစ်ပြီးတော့ သဘာဝပတ်ဝန်းကျင် လေ့လာသူတွေသဘောကျကြတဲ့နေရာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ မြစ်ရေဟာတစ်ချိန်လုံးအရောင်စုံနေတာမဟုတ်ဘဲ တစ် ချို့ရာသီနဲ့ အချိန်တွေမှာလည်း အခုလိုမျိုး ထူးခြားတဲ့ငါးရောင်စပ်မြစ်ဖြစ်နေတာဖြစ်ပါတယ်ခင်ဗျာ။

#River
#Haruki

Knowledge Channel 🐿

13 Oct, 10:59


လူတွေဖန်တီးထားတဲ့ ကမ္ဘာ့အကြီးဆုံး လူလုပ်ကျွန်းကြီး

ဒီကျွန်းကြီးဟာ အာရေးဘီးယန်းသဲကန္တာရရဲ့ အလယ်ခေါင်မှာရှိနေတဲ့ ဒူဘိုင်းမြို့ အနီးအနားမှာတည်ရှိနေတာပါ။

ပါဆီးဆန်းပင်လယ်ကွေ့က ထူးဆန်းတဲ့ဒီကျွန်းစုကြီးဟာအမှန်တော့ သဘာဝတရားကဖန်တီးထားတာမဟုတ်ဘဲ လူတွေဖန်တီးထားတာဖြစ်ပါတယ်။

ကျွန်းပေါ်မှာ ဒူဘိုင်းရဲ့နာမည်ကြီးနေရာတွေအများကြီးရှိတဲ့အပြင် အဆင့်အတန်းမြင့်လူနေရပ်ကွက်တွေလည်း အများကြီးရှိတာပါ။

ဒီလူလုပ်ကျွန်းကြီးဟာ 🏝️

အမှန်တော့ ကျွန်းတစ်ခုမဟုတ်ပါဘူး။ ပင်လယ်ထဲမှာ သီးသန့်ခွဲထွက်အောင်လုပ်ထားပေမယ့် ဒီကျွန်းမှာ ဒူဘိုင်းမြို့နဲ့တိုက်ရိုက်ဆက်သွယ်ထားတဲ့ ၁.၄ ကီလိုမီတာ တံတားတစ်ခုရှိပါတယ်။

အုန်းပင်တစ်ပင်ရဲ့ပုံစံကိုနမူနာယူပြီး တည်ဆောက်ထားတာကြောင့် အုန်းပင်ကျွန်းလို့လည်းခေါ်ကြပါတယ်။

ဒီကျွန်းဟာ သာမာန်ဘောလုံးကွင်းပေါင်း ၆၀၀ နီးပါးကျယ်ဝန်းပြီးတော့ ခြောက်နှစ်ကြာတည်ဆောက်ခဲ့ရတဲ့ကျွန်းဖြစ်ပါတယ်။

အမေရိကန် ‼️

ဗိသုကာကုမ္မဏီတစ်ခုကနေဦးဆောင်ဆောက်လုပ်ခဲ့တဲ့ဒီကျွန်းဟာ အောက်ခြေခိုင်ဖို့အတွက် ကျောက်တုံးကြီးတွေနဲ့ သဲတန်ပေါင်းများစွာထည့်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ 🚙

ဒီကျွန်းဟာဒူဘိုင်းရဲ့အဓိကခရီးသွားနေရာတစ်ခု ဖြစ်လာပြီးတော့ လူတွေစိတ်ဝင်စားတဲ့နေရာဖြစ်နေပါတယ်ခင်ဗျာ။

#Island
#Haruki

Knowledge Channel 🐿

12 Oct, 12:07


ကမ္ဘာ့အသန့်ရှင်းဆုံးနိုင်ငံ

ရှုခင်းစိမ်းစိမ်းတွေနဲ့အေးချမ်းတဲ့ သဘာဝတရားတွေပိုင်ဆိုင်ထားတဲ့ ဒိန်းမတ်နိုင်ငံဟာ ခေါင်းစဉ်မျိုးစုံနဲ့ နာမည်ကြီးတဲ့နိုင်ငံဖြစ်ပါတယ်။

ဒါ့အပြင် ⭐️

ပျော်ရွှင်မှုအညွှန်းကိန်းမှတ်တမ်းတွေအရလည်း ဒိန်းမတ်နိုင်ငံဟာ ထိပ်တန်းအဆင့်မှာရှိနေတာကြောင့် လူတော်တော်များများနေထိုင်ချင်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုခံထားရတဲ့နိုင်ငံဖြစ်ပါတယ်။

ဒိန်းမတ်ဟာ ဒီလိုမျိုးတွေအပြင် ကမ္ဘာအသန့်ရှင်းဆုံးနိုင်ငံအဖြစ်ပါ မှတ်တမ်းဝင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။

ဒိန်းမတ်ဟာ သဘာဝပတ်ဝန်းကျင်သာမက လူနေအိမ်တွေအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သန့်ရှင်းတယ်ဆိုပြီး ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ညွှန်းကိန်းကနေပြီး ပြောထားတာဖြစ်ပါတယ်။

နိုင်ငံတွင်းက 🚩

မြို့တော်တော်များများမှာ စွန့်ပစ်အမှိုက်တွေကို စွမ်းအင်အဖြစ်ပြန်ပြောင်းပေးတဲ့စက်ရုံတွေရှိပြီးတော့ ဒီစက်ရုံတွေကြောင့် အခုလိုမျိုးအမှိုက်ကင်းစင်နေရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် 🏠

နိုင်ငံသန့်ရှင်းဖို့ကို အစိုးရဖက်ကနေသာမက လူထုတွေကပါတက်တက်ကြွကြွပါဝင်လေ့ရှိတာကြောင့် ဒိန်းမတ်ဟာ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးဆိုတဲ့နိုင်ငံဖြစ်နေတာဖြစ်ပါတယ်ခင်ဗျာ။

#Country
#Haruki

Knowledge Channel 🐿

08 Oct, 03:13


သွေးရေတံခွန်

Blood Fall လို့ခေါ်တဲ့ အနီရောင်ရေတံခွန်ဟာ ဖြူဖွေးတဲ့နှင်းထုတွေအပြည့်ဖြစ်နေတဲ့ အန္တာတိကတိုက်တစ်နေရာမှာတည်ရှိ နေပါတယ်။

ဒီသွေးရေတံခွန်ကို လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်လောက်က ဘူမိဗေဒပညာရှင် တေလာဆိုတဲ့သူက စတင်တွေ့ခဲ့တာဖြစ်ပါတယ်။

ဒီရေတံခွန်ဟာ ကမ်းပါးအသေးလေး တစ်ခုကနေစီးကျနေတာဖြစ်ပြီးတော့ နေရာတစ်နေရာမှာပဲကွက်ပြီး အနီရောင်ဖြစ်နေတာပါ။

၂၀၁၇ မှာ လေ့လာရေးလုပ်တဲ့လူတစ်စုက ရေတံခွန်ဘေးက ကျောက်ဆောင်တွေမှာ ဆားဓာတ်တွေပါဝင်တာကိုသိခဲ့ရပါတယ်။

ဒါပေမဲ့ ‼️

ဒီဆားဓာတ်တွေဟာ ရေကိုအနီရောင်ပြောင်းစေရလောက်တဲ့အထိတော့ မများပါဘူး။ ဒါ့အပြင် ရေညှိတွေကြောင့် ပြောင်းသွားတာဖြစ်နိုင်တယ်လို့ယူဆကြပေမယ့် ဒီသွေး ရေတံခွန်အနီးတဝိုက်မှာ အနီရောင်ရေညှိတွေကိုမတွေ့ရပါဘူး။

နှစ်အတော်ကြာ 💭

ပညာရှင်တွေကို ခေါင်းခဲစေခဲ့တဲ့ ဒီသွေး ရေတံခွန်ဟာ နောက်ဆုံးမှာတော့ အနီရောင်ဖြစ်ရတဲ့ အကြောင်းရင်းကိုသိလာခဲ့ရပါတယ်။

သွေးရေတံခွန်အနီးမှာ 😶

နာနိုစဖီးယားလို့ခေါ်တဲ့ သတ္တုအနည်းငယ်ကိုတွေ့ခဲ့ရတာပါ။ ဒီနာနိုစဖီးယားဟာ အောက်ဆီဂျင်နဲ့ဓာတ်ပြုလိုက်ချိန်မှာ ရေအဖြူ ရောင်ကိုအနီရောင်အဖြစ်လုံးဝပြောင်းလဲသွားစေခဲ့တာဖြစ်ပါ တယ်။

နာနိုစဖီးယားပါဝင်မှုအပေါ်ကိုလိုက်ပြီးတော့ သွေးရေတံခွန်ရဲ့အရောင်ဟာ အနုအရင့်ကွဲပြားနိုင်ပါတယ်ခင်ဗျာ။

#Waterfall
#Haruki

Knowledge Channel 🐿

06 Oct, 11:41


မြွေတွေလုံးဝမရှိတဲ့ အန္တာတိကတိုက်ကြီး

ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်း ၃၀၀၀ ကျော်ရှိပြီးတော့ အကောင်အရေအတွက်အားဖြင့်ဆို မရေမတွက်နိုင်အောင် များပြားပါတယ်။

ဒါပေမဲ့ ဒီဒေသမှာတော့ မြွေတွေဟာ တစ်ကောင်တစ်မြီးတောင်မှမရှိတဲ့အပြင် မြွေနဲ့ဆင်တူတဲ့အကောင်တွေကိုတောင်မှ တွေ့ရမှာမဟုတ်ပါဘူး။

ရေခဲနဲ့ နှင်းတွေပြည့်နှက်နေတဲ့ကမ္ဘာ့ဝင်ရိုးစွန်းက အန္တာတိကတိုက်ကြီးဟာ ထူးခြားတဲ့သက်ရှိသတ္တဝါနဲ့ ဖန်တီးမှုတွေပြည့်နှက်နေတဲ့နေရာပါ။

ဒါပေမဲ့ ဒီနေရာမှာ မြွေဆိုတဲ့အကောင်တွေလုံးဝမရှိသလို တစ်ခြားတွားသွားသတ္တဝါတွေလည်းမရှိပါဘူး။

ဒီလိုမရှိတဲ့ 🤔 💡

အကြောင်းရင်းကတော့ ရေခဲပြင်ပေါ်မှာ သွေးနွေးသတ္တဝါတွေအတွက် အစာရေစာမရှိသလို ရှင်သန်နိုင်ဖို့အတွက် သဘာဝအစာကွင်းဆက်တွေရှားပါးတာကြောင့်ဖြစ်ပါတယ်။

မြွေတွေဟာ သွေးနွေးသတ္တဝါတွေဖြစ်တာကြောင့် သင့်တင့်တဲ့ နေရောင်ခြည်နှင့်အနွေးဓာတ်တွေကိုမဖြစ်မနေလိုအပ်ကြပါ အထူးသဖြင့် သားပေါက်မှတယ်။

အထူးသဖြင့် ‼️

သားပေါက်ဖို့နဲ့ အကောင်ရေတိုးပွားလာဖို့ဆိုရင် နေရာအနေအထားကအများကြီးအရေးကြီးတာကြောင့် အေးခဲတဲ့နေရာဒေသတွေမှာ မရှင်သန်နိုင်တာဖြစ်ပါတယ်ခင်ဗျာ။

#Snake
#Continents
#Haruki

Knowledge Channel 🐿

03 Oct, 08:23


မင်မင် Page ထောင်ထားပါတယ်။

လာရောက် Follow နိုင်ပါတယ်ခင်ဗျာ။ 😍

https://www.facebook.com/profile.php?id=61566345345976&mibextid=JRoKGi

#Haruki

Knowledge Channel 🐿

25 Sep, 10:27


မင်မင်

လကုန်စာမေးပွဲရှိနေလို့

သိပ်မတင်ဖြစ်တာပါခင်ဗျာ။ 🤩

#Haruki

Knowledge Channel 🐿

24 Sep, 07:33


ပန်းပင့်ကူတွေရဲ့ အကြောင်း

ပန်းပင့်ကူလို့ခေါ်တဲ့ဒီပင့်ကူမျိုးစိတ်ကို တစ်နည်းအားဖြင့် ဂဏန်းပင့်ကူလို့လည်းခေါ်ကြပါတယ်။

ပန်းပွင့်နဲ့တူတဲ့ ဖျော့တော့တဲ့အရောင်ရှိပြီးတော့ ရုတ်တရက်ကြည့်ရင် ဂဏန်းအသေးစားလို့ထင်ရတဲ့ဒီပင့်ကူတွေဟာ.... ❤️

ပန်းတွေကြားမှာ သေချာကိုယ်ယောင်ဖျောက်ပုံးနိုင်ကြတာကြောင့် ပန်းပင့်ကူဆိုတဲ့နာမည်ကိုရလာကြတာဖြစ်ပါတယ်။

သူတို့ရဲ့ခြေထောက်တွေဟာ နူးညံ့တဲ့ပန်းပွင့်တွေပေါ်မှာ သေချာ ကုပ်တွယ်နိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ်။ ရှေ့ခြေနှစ်ချောင်းဟာသန်မာပြီးတော့ ပန်းပွင့်တွေပေါ်ကိုအလွယ်တကူ တက်နိုင်ပါတယ်။

အရွယ်အစားအားဖြင့်ဆိုရင် တစ်ချို့အကောင်တွေဟာ မီလီမီတာနည်းနည်းလောက်ပဲရှိပြီးတော့ တစ်ချို့အကောင်တွေကတော့ ၂ စင်တီမီတာလောက်အထိကြီးထွားကြပါတယ်။

ပြီးတော့ ⚡️

တစ်ခြားပင့်ကူတွေလိုမျိုး ပင့်ကူအိမ်ဆောက်တာမျိုးမလုပ်ဘဲ ပန်းပွင့်တွေပေါ်မှာနေပြီး သားကောင်ရောက်လာတဲ့အထိစောင့်ပြီးမှ ဖမ်းတတ်ကြပါတယ်။

မိတ်လိုက်ရာမှာလည်း ဒီပန်းပင့်ကူတွေဟာထူးခြားတဲ့ အလေ့အကျင့်တွေရှိပါသေးတယ်။

အထီးတွေဟာ အမတွေဆီ ကိုချဉ်းကပ်တဲ့အခါ သားကောင်လို့အထင်မခံရအောင် သတိထားပြီးတော့ မိတ်လိုက်ခွင့်ရဖို့အတွက် ကပြတာမျိုးလုပ်ရပါတယ်။

မိတ်လိုက်ပြီးနောက်မှာတော့ အမကပဲကလေးတွေ ကိုဆက်ပြီးစောင့်ရှောက်ပါတယ်။

ပြီးတော့ 🌸

ပန်းပင့်ကူတွေဟာ အရွယ်အစားသေးငယ်ပေမယ့် သူတို့ထက်ကြီးတဲ့အကောင်ကြီး တွေ အင်းဆက်တွေကိုတောင် ဖမ်းပြီးစားသုံးကြပါတယ်ခင်ဗျာ။

#Spider
#Haruki

Knowledge Channel 🐿

20 Sep, 04:10


ဒီရေတောအပင်တွေရဲ့ တန်ဖိုးနှင့် အရေးပါမှုများ 🗣️

Mangroves လို့ခေါ်တဲ့ ဒီရေတောအပင်တွေဟာ အပင်လောကမှာအတော်လေးတန်ဖိုးရှိပြီးတော့ သဘာဝကိုအတော်လေးအကျိုးပြုတဲ့ အပင်တွေဖြစ်ပါတယ်။

ရေချို၊ ရေငံဒေသတော်တော်များများမှာ ပေါက်ရောက်တဲ့ဒီအပင်တွေဟာ ပင်လယ်ရဲ့ဆားဒဏ်ကို ခံနိုင်ရည်ရှိတဲ့အပင်တွေဖြစ်ပါတယ်။ ဒီအပင်တွေဟာ ဆားဒဏ်ကိုစစ်ထုတ်နိုင်ပြီးတော့ မြေကြီးမရှိတဲ့ပင်လယ်ကမ်းခြေနုန်ုးမြေတွေ ပေါ်မှာရှင်သန်နိုင်ကြပါတယ်။

ဒီရေတောတွေမှာ ပင်လယ်သတ္တဝါအများကြီးရဲ့ အစာရေစာအရနှင့်နေထိုင်ရာနေရာအဖြစ်အရေးပါတဲ့နေရာကနေပါဝင်နေပါတယ်။ ဒါ့အပြင် ဒီအပင်တွေဟာရေရဲ့ကြည်လင်မှုနှင့် သန့်ရှင်းမှုကိုလည်းကူညီပေးပါတယ်။

သူတို့ဟာသဘာဝအတားအဆီးတစ်ခုလိုမျိုး ဆောင်ရွက်ပေးပြီးတော့ ကမ်းရိုးတန်းတွေတိုက်စားခံရတာနှင့်မုန်တိုင်းဒဏ်တွေကနေကာကွယ်ပေးပါတယ်။

ဒါ့အပြင် ‼️

သူတို့ဟာပုံမှန်သစ်တောတွေထက် သုံးဆပိုပြီးတော့ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပေးနိုင်ပါတယ်။ မျိုးသုဉ်းခါနီးဖြစ်နေတဲ့ Bengal ကျားနဲ့ မျောက်မျိုးစိတ်အချို့အတွက် ဒီရေတောအပင်တွေဟာ နေထိုင်ကျက်စားရာနေရာတွေဖြစ်ပါတယ်။

ဒါ့အပြင် 🌈

ငှက်မျိုးစိတ်အများအပြားဟာလည်း ဒီရေတောမှာကျက်စားနေထိုင်ကြပြီးတော့ ဒီရေတောဟာသဘာဝတရားမှာအရေးပါတဲ့နေရာကနေ ပါဝင်နေတာဖြစ်ပါတယ်ခင်ဗျာ။

#Plants
#Haruki

Knowledge Channel 🐿

19 Sep, 09:09


ရွှေငါးလေးတွေရဲ့အကြောင်း 🔍

ရွှေငါးတွေဟာ လူသားတွေရဲ့အလှမွေးငါးတွေအဖြစ် မွေးမြူထားကြလေ့ရှိတဲ့ငါးအမျိုးအစားဖြစ်ပါတယ်။

လှပတဲ့အရောင်အဆင်းရှိတဲ့ဒီငါးလေးတွေဟာ ငါးအမျိုးမျိုးကိုသားဖောက်ပြီး လူတွေဖန်တီးခဲ့ကြတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။

ရွှေငါးတွေဟာတစ်ခြားငါးတွေလိုပဲကျင်ငယ်ရည်စွန့်ထုတ်ခြင်းမရှိကြပါဘူး။ သူတို့ရဲ့ရေယက်တွေကနေတစ်ဆင့်ပဲ အမိုနီးယားတွေကိုသန့်စင်လိုက်တာကြောင့် ကျင်ငယ်ရေစွန့်ဖို့မလိုတာဖြစ်ပါတယ်။

ရွှေငါးလို့ဆိုပေမယ့် 🎆

ဒီငါးအမျိုးအစားဟာနေထိုင်တဲ့နေရာနှင့် အလင်းရောင်ရရှိမှုကိုလိုက်ပြီးတော့ အရောင်အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။

မွေးစမှာ အညိုရောင်ရှိပေမယ့် နေရောင်ခြည်ရပြီးနောက်မှာတောက်ပတဲ့ရွှေလိမ္မော်ရောင်နဲ့ တစ်ခြားအရောင်စပ်တွေဖြစ်လာတတ်ပါ။

သူတို့ဟာ သဘာဝထဲမှာလွှတ်ထားရင် အတော်လေးကြီးနိုင်ပေမယ့် အိမ်မွေးငါးတွေဖြစ်တာကြောင့် သာမာန်အားဖြင့် ပုံမှန်အရွယ်အစားပဲရှိတတ်ကြပါတယ်။

သူတို့ဟာ အေးခဲနေတဲ့ရေထဲမှာလည်း ဆောင်းခိုတဲ့နည်းလမ်းနဲ့အချိန်အတော်ကြာအသက်ရှင်နိုင်ကြပါတယ်။

ဒါပေမယ့် ‼️

အိမ်မွေးရွှေငါးတွေကိုတော့ အပူချိန် ၇၀ ဒီဂရီဖာရင်ဟိုက်မှာပဲ မွေးမြူထားသင့်ပါတယ်။ သူတို့ဟာအိမ်မွေးငါးတွေဖြစ်တာကြောင့်သေချာဂရုစိုက်ပေးရင် နှစ်ပေါင်းလေးဆယ်လောက်အထိ အသက်ရှည်ကြပါတယ်။

ဒါ့အပြင် ❓⁉️

ရွှေငါးတွေဟာ လူတွေပြောသလိုစက္ကန့်ပိုင်းပဲ မှတ်ဉာဏ်ရှိတာမဟုတ်ဘဲ လူတွေရဲ့မျက်နှာကိုတောင်မှတ်မိနိုင်ပြီး သုံးလကြာရှည်တဲ့မှတ်ဉာဏ်ရှိကြပါတယ်ခင်ဗျာ။

#Fish
#Haruki

Knowledge Channel 🐿

18 Sep, 11:56


ထူးခြားတဲ့အသွင်အပြင်နဲ့ နာမည်ကြီးတဲ့ ကိုမွန်ဒေါခွေးလေးများ

ကုတ်အင်္ကျီဝတ်ထားသလိုမျိုးကိုယ်ထည်နဲ့ ချစ်ဖို့ကောင်းတဲ့ကိုမွန်ဒေါခွေးလေးတွေဟာ ခွေးမျိုးစိတ်တွေထဲမှာ နာမည်ကြီးတဲ့သူတွေဖြစ်ပါတယ်။

သူတို့ဟာ ထူထဲပြီးတော့ ရှည်လျားတဲ့အမွှေးတွေကိုပိုင်ဆိုင်ထားပြီးတော့ ရှေးခေတ် ဟန်ဂေရီသိုးထိန်းခွေးတွေဖြစ်ကြပါတယ်။

သူတို့ဟာ ကြောက်ရွံ့တာသိပ်မရှိဘဲ ရဲရင့်ကြတဲ့ခွေးလေးတွေပါ။

သိုးထိန်းခွေးဖြစ်တာကြောင့် 🐑

သစ္စာရှိတာနဲ့ပတ်သက်ပြီးလည်း နာမည်ကြီးကြပါတယ်။ သူတို့ရဲ့အမွှေးရှည်တွေဟာပိုပိုပြီး ရှည်လျားရှုပ်ထွေးလာတတ်တာကြောင့် ပိုင်ရှင်တွေအနေနဲ့ အမွှေးတွေမရှုပ်သွားအောင်ဂရုစိုက်ပေးဖို့တော့ လိုအပ်ပါတယ်။

ဒီအမွှေးတွေဟာ 🔍

သူတို့ကို သိုးအုပ်တွေထဲရောနှောစေပြီး တစ်ဖက်ရန်သူကိုတိုက်ခိုက်ဖို့ပိုပြီးလွယ်ကူစေတာကြောင့် ကိုမွန်ဒေါခွေးတွေဟာ သိုးထိန်းခွေးတွေကြားမှာအတော်လေးနာမည်ကြီးခဲ့တာပါ။

ဒါ့အပြင် သူတို့ဟာသင်ယူမှုမြန်ဆန်ပြီးတော့ ဉာဏ်ကောင်းကြတဲ့ခွေးအမျိုးအစားဖြစ်ပါတယ်။

စနစ်တကျသင်ပေးနိုင်တယ်ဆိုရင် အတော်များများလုပ်နိုင်စွမ်းရှိပေမယ့် ခေါင်းမာပြီးတော့ ကလန်ကဆန်လုပ်တတ်ကြတဲ့ဗီဇလည်းရှိပါတယ်။

ကိုမွန်ဒေါတွေကို 🏠

အိမ်မွေးတိရိစ္ဆာန်တွေအဖြစ်မွေးမြူဖို့တော့ အကြံမပြု ကြပါဘူး။

အကြောင်းကတော့ သူတို့ဟာလှုပ်ရှားရတာကိုသဘောကျကြတာကြောင့် လူနေအိမ်အတွင်းမှာမနေနိုင်တဲ့အပြင် ထိန်းသိမ်းရခက်ခဲတတ်တာကြောင့်ဖြစ်ပါတယ်ခင်ဗျာ။

#Dog
#Haruki

Knowledge Channel 🐿

17 Sep, 07:31


The Pictures of Lithop 🌼

#Flowers
#Haruki

9,381

subscribers

268

photos

1

videos