Against Sexual Violence (ASV Team) @againstthefear20210201 Channel on Telegram

Against Sexual Violence (ASV Team)

@againstthefear20210201


အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာဖြင့်ခြိမ်းခြောက်အရှက်ခွဲ ခံနေရသည်ရှိသော် လာရောက်ဆွေးနွှေးနိုင်ပါတယ်ခင်ဗျာ..

Against Sexual Violence (ASV Team) (Burmese)

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာဖြင့်ခြိမ်းခြောက်အရှက်ခွဲ ခံနေရသည်ရှိသော် လာရောက်ဆွေးနွှေးနိုင်ပါတယ်ခင်ဗျာ.. အမျိုးသမီး နှင့် အမျိုးသုံးသပ္ပုံ၊ ခံနေသော သဘာဝနာပေးခြင်းမှာ တားမြစွာဖွဲ့စည်းခြင်း ရှိသည့် နိဘက်အမျိုးသမီး ဖြစ်ပါက သိပ္ပံပုံကိုအခြေခံပြီး အမျိုးသမီး လေဝုအားလွှာများကြီးကျင့်သော လေဝုများစွာ အတည်ပြုပါတယ်။

Against Sexual Violence (ASV Team)

26 Jan, 18:00


Against Sexual Violence (ASV Team) pinned «လက်တွဲချင်တဲ့ ညီအကိုမောင်နှမများ အောက်မှာ ချပေးထားတဲ့ အကောင့်တွေကနေ လာပြောလို့ရပါတယ် ခင်မျာ။👇👇👇 https://www.facebook.com/share/15jHEoiw4k/ https://www.facebook.com/share/1DsEtF7Krv/ +821046381437(တာဝန်ခံ) @goatzaww1111 @BillyButcher8898 @Maran290 @tda2369»

Against Sexual Violence (ASV Team)

26 Jan, 16:10


Telegram Channel တွေထောင် တစ်ဖက်မိန်းကလေးရဲ့ Privacy တွေ ဖြန့်ပြီးစီးပွားရှာမှ ထမင်းစားရတဲ့ မိသားစုတွေကဆိုတော့ ဝယ်တုန်းက 50000 ပေးရရင် နစ်နာသူမိန်းကလေးဘက်က ဖျက်ပေးဖို့လာပြောရင် တစ်သိန်းပြန်တောင်းပါတယ်တဲ့ခင်မျာ။

တစ်ဖက်က နစ်နာသူမိန်းကလေးမှာ သူ့ Privacy တွေလည်း အဖြန့်ခံရ ပိုက်ဆံလည်းပေးပြီး ခခယယပြောပြီး ဖျက်ခိုင်းရ။ ဘယ်လောက်ခံပြင်းစရာကောင်းလိုက်လဲ။ တစ်ချို့တွေဆို ငွေလွှဲဝင်ပြီးမှ Block သွားကြတဲ့သူတွေလည်း ရှိကြပါသေးတယ်။

ဒီလောက်မှ လူပါးဝချင်ဦးဟ ဆိုပြီး ဒီအဖွဲ့လေးက အဲ့ဒီ့Channel တွေ ပ ပျောက်သွားအောင်ထိ နစ်နာသူတွေလာတိုင်သမျှ L-e-@-k Channel တွေကို အားမနာတမ်း Report ထုရင်း အတူရပ်တည်ပေးကြရအောင်ပါ။

ဒီလိုအကြောင်းအရင်းတွေကြောင့်ပဲ ဒီအဖွဲ့က L-e-@-k ခံရတဲ့ Channel တွေ ကူဖျက်ပေးပါမယ်​။ ဝိမသမလောဘသားတွေဆီ ငွေပေးပြီးမဖျက်ခိုင်းကြပါနဲ့။ အဲ့လို လူပါးဝတဲ့ ကောင်တွေဆီ အောက်မကျို့ကျပါနဲ့။ ကောင်တွေဆိုမှ တစ်ချို့ Admin တွေက မိန်းကလေးတွေပါရှိသေးတယ်တဲ့ဗျာ။

လူအင်အားအသစ်တွေကို ထပ်ကမ်းလှမ်းတာကလည်း ဒီခံပြင်းစိတ်နဲ့ အလုပ်ပိုလုပ်ရအောင်ပါဆိုပြီး ရည်ရွယ်ပါတယ်။ လူတိုင်းကအမြဲတမ်းတော့အချိန်မပေးနိုင်သည့်တိုင်အောင် ပေးနိုင်တဲ့အချိန်မှာ ထိရောက်တဲ့အကူအညီတွေနဲ့ ဖေးမရင်း ဆက်ပြီးတွန်းလှန်ကြရအောင်ပါ။

ပါဝင်ချင်တဲ့ညီအကိုမောင်နှမများအတွက် ဒီChannel မှာပဲ Registration Form ချပေးထားပါမယ်။ Form လေး ဖြည့်ထားပေးပါ။ Admin တွေဘက်က စီစစ်ပြီး ပြန်ဆက်သွယ်ပါမယ်ခင်မျာ။

#asvteam
#zawwinmaung

Against Sexual Violence (ASV Team)

25 Jan, 15:33


Telegram Report အတွက် ကမ်းလှမ်းချက်တွေကို Registration Form လေး ဒီ Channel မှာပဲ ချပေးထားပါမယ်။

Registration Form မှာ ဖြည့်ပြီးတဲ့သူတွေကို Admin Team ဘက်က စီစစ်ပြီးရင် ပြန်ဆက်သွယ်ပါမယ်ခင်မျာ။

#asvteam

Against Sexual Violence (ASV Team)

25 Jan, 11:55


လက်တွဲချင်တဲ့ ညီအကိုမောင်နှမများ အောက်မှာ ချပေးထားတဲ့ အကောင့်တွေကနေ လာပြောလို့ရပါတယ် ခင်မျာ။👇👇👇

https://www.facebook.com/share/15jHEoiw4k/

https://www.facebook.com/share/1DsEtF7Krv/

+821046381437(တာဝန်ခံ)
@goatzaww1111
@BillyButcher8898
@Maran290
@tda2369

Against Sexual Violence (ASV Team)

25 Jan, 11:49


ASV ရဲ့ Activities လေးတစ်ချို့ကို ကျွန်တော်နည်းနည်းလောက် Sharing လုပ်ပေးချင်လို့ပါခင်မျာ။
ဟိုးအရင်တည်းက ဒီ case တွေကို ကိုင်တွယ်ဖြေရှင်းနေခဲ့ Team Leader တစ်ဖြစ်လည်း လက်ရှိ တာဝန်ခံအနေနဲ့ပါ တာဝန်ယူဦးဆောင်ပေးနေတဲ့ Ko Aung ZaBu Kyaw Hein နဲ့အတူ ကျွန်တော်ရယ် ညီငယ်တစ်ချို့ရယ် က အခန်းကဏ္ဍအသီးသီးကနေ လုပ်နိုင်တာတွေကို ကိုယ်နိုင်ရာတာဝန်တွေခွဲယူရင်းအင်တိုက်အားတိုက် လုပ်​​နေကြပါတယ်။
အရင်က ဆိုရင် T-a-r-g-e-t ရဲ့ Information အကုန်မဟုတ်ရင်တောင် အတိုင်းအတာတစ်ခုထိ သိရမှ တန်ပြန်ဖိအားပေး ဝန်းရံနိုင်တာကနေ အခုဆို ဘာ Information မှ မသိရလည်း လုပ်နိုင်လာတဲ့ အတိုင်းအတာလေးတွေရှိလာပါပြီ။
အမျိုးသမီးငယ် တစ်ချို့လေးတွေက အသက်မပြည့်သေးဘူး ငယ်သေးတဲ့အရွယ်တွေ။ တစ်ချို့လည်း အသက်တော့ပြည့်ပြီးပေမယ့် လူငယ်ဘဝအစမှာပဲ လူ y-0-t-e- m-a-r တစ်ချို့ဆီမှာ လိင်အမြတ်ထုတ်ခံရဖို့ c-h-a-i-n c-h-a-u-k ခံနေရတဲ့ အခြေအနေတွေအတွက် လာပြောကြတာတွေရှိပါတယ်။တစ်ဖက်ကျူးလွန်သူရဲ့ info ဘာမှမသိရတောင် နည်းမျိုးစုံနဲ့ရအောင်ကူညီနိုင်ခဲ့ကြပါတယ်။ အခုဆို Local L-e-@-k Channel တွေကိုလည်း Team ထဲရောက်လာတဲ့ ကျွမ်းကျင်ပညာရှင် ညီအကိုတစ်ချို့ နဲ့အတူ ဝန်းရံပေးတဲ့လူထုအားနဲ့ Channel တော်တော်များများ ကို ဖျက်ချနိုင်ခဲ့ပြီး ကူပေးနိုင်တာတွေလည်းပိုကျယ်ပြန့် လာတယ်။
တစ်ဆက်တည်း Invite လုပ်ချင်တာက Team မှာ Local L-e-@-k Channel တွေဖျက်ချနိုင်ဖို့အတွက် ကျွန်တော့် အသိမိတ်ဆွေတစ်ချို့ဝန်းရံပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ အတူတူအလုပ်လုပ်ဖို့ကမ်းလှမ်းချင်ပါတယ်။
ဦးစားပေးအနေနဲ့ ကျွန်တော်တို့ အကူအညီရယူဖူးတဲ့ ညမငယ်တွေကို ဒီအခန်းကဏ္ဍအတွက် ပိုလိုလားပါတယ်။ဘာကြောင့်လဲဆို ကျူးလွန်ခံရသူ တစ်ဖက်မိန်းကလေးရဲ့ မပေါက်ကြားသင့်တဲ့ L-e-@-k တွေကို ကိုယ်မမြင်နိုင်တဲ့ သူတစ်ယောက်ဆီ စိတ်ချလက်ချ အလုပ်မအပ်နိုင်သေးလို့ပါ။မသိတဲ့သူစိမ်းတွေကိုလက်ခံလိုက်ရင်း Channel Admin တွေလည်း စိမ့်ဝင်ပြီး သူသျှိုအနေနဲ့ပါဝင်လာနိုင်တဲ့ Risk တွေရှိလို့ပါ။သို့ပေမယ့်လည်း ကျွန်တော်တို့ဆီအကူအညီမယူဖူးသော်လည်း အတူလက်တွဲပြီး အလုပ်လုပ်ချင်တယ်ဆိုလည်းရပါတယ်။ Team တာဝန်ခံနဲ့ Admin တွေဘက်က သေချာစီစစ်မယ့်အပိုင်းလေးကိုတော့နားလည်ပေးစေချင်ပါတယ်ခင်မျာ။
ဒီ Post ကို Channel Admin တွေဘက်က မြင်လို့ကြိုကာကွယ်လာနိုင်တာတွေလည်းရှိပါတယ်။ Telegram ကို L-e@-k ခံရတဲ့ အမျိုးသမီးတွေအတွက် ပိုလုံခြုံနိုင်တဲ့ Digital Platform တစ်ခုအထိရောက်အောင် ရည်ရွယ် ထားပါတယ်။
ဆိုတော့ကာ အခု ကျွန်တော်တို့ ASV Team မှာ Telegram Report အတွက် ကူပေးနိုင်ဖို့ လူ 20 လောက် အလုပ်အတူတူလုပ်ဖို့ ကမ်းလှမ်းပါရစေခင်မျာ။

#asvteam

Against Sexual Violence (ASV Team)

23 Jan, 11:18


ရည်းစားဟောင်းဖြစ်သူ အမျိုးသမီးတစ်ဦးရဲ့ N-u—de ပုံတွေကို Gp တကာမှာ လိုက်ဖြန့်နေတဲ့ Case ပါ။

နာမည်က ဇော်ထက် ။ ရန်ကုန်သား။

လက်ရှိ တောင်ကိုရီးယားမှာနေနေတယ်။
နေရပ် လိပ်စာ မိသားစု အချက် တွေ သိတာနဲ့ ထပ်မံ ချပြပါမယ်။

ဇော်ထက်ဟာ Victim ကို
တော်တော်ကို ဆိုးဆိုးရွားရွား သိက္ခာချနေတာတွေ တွေ့ရပါတယ်။

Gp တကာမှာ ပိုစ့်တွေ ခဏခဏ ကြိုက်ကုန်းဘာညာကစ အမျိုးမျိုး ကစ သိက္ခာချ ယုတ်ယုတ်မာမာ တွေ တင်နေတယ်။

Victim ဟာ နှစ်အတော်ကြာသိက္ခာကျခဲ့ပြီးပါပြီ။ ဒါကို ကျနော်တို့ ကူညီ ကာကွယ်ပေးဖို့ လိုပါတယ်ခင်ဗျာ။

ကျနော်Case ရှင်းနေရင်း တန်းလန်း ဘလော့ပြေးတာမို့ပါ။
အကောင့်အစစ်ရှိရင် အဲဒီကနေ ဝင်ကြည့်နေမယ်ထင်တယ်။

နီးစပ်ရာရှိတဲ့သူတွေ သိရင် ပြောပေးကြပါဦး။

Private မှာ ရှင်းမရရင်တော့ တောင်ကိုရီးယား ဉပဒေအရ အရေးယူမှာပါ။ သက်သေ အတိအကျ ရှိတယ်။
လိပ်စာ အချက်အလက် စုံစမ်းမရသေးခင်တော့ ဒီကောင် လွတ်ကောင်းလွတ်နေပါဦး
မယ်။ ကျနော့်ဘက်က အချက်အလက်စုံတာနဲ့ ဉပဒေအရ လိုက်မှာပါ။

ဗီဇာသိမ်းခံ ထောင်နန်းစံပြီး ပြန်ပို့မခံချင်ရင် ကျနော်တို့ စကားပြောဖို့ လိုပါမယ်။

လုံလောက်တဲ့ ကတိကဝတ်ပေးဖို့လိုပါမယ်။

#aungzabukyawhein
#asvteam

Against Sexual Violence (ASV Team)

23 Jan, 05:09


ခုနက ကျနော် တင်တဲ့ ရွှေပြည်သာ ( ဘန်ကောက်) Case က ကတိရခဲ့ပြီမို့ ကတိသက်သေ တင်ပါပြီ။

ကတိတည်မယ်လို့ မျှော်လင့်ပါတယ်။
လောလောဆယ် ချိတ်ဆက်ဆောင်ရွက်နေတာတွေလဲ ကတိတည်နေသမျှ ကျနော် ရပ်ထားပါမယ်။

သူ့အကောင့်ကိုလဲ ဆက်မမန့်ကြတော့ဘဲ ကျနော်တို့ဘက်က ရပ်ပေးထားပါမယ်။

ဝိုင်းဝန်းကူညီကြပါသော အဖွဲ့အစည်းအသီးသီးနှင့် မြေပြင် ညီကိုမောင်နှမများ ၊ အားလုံးကို ကျေးဇူးပါခင်ဗျာ။

ကျနော်တို့ လူထုအားနဲ့ တွန်းနိုင်ခဲ့ခြင်းတွေထဲက နောက်ထပ် အရွေ့တစ်ခုပါပဲ။

#asvTeam

Against Sexual Violence (ASV Team)

20 Jan, 07:00


ကျနော့်တို့ Team ဆီ ရည်းစားဟောင်းဖြစ်သူက နှစ်ဦးသဘောတူခဲ့ဘူးတဲ့ လိင်ပိုင်းဆိုင်ရာ ပုံတွေ video တွေ နဲ့ အရှက်ခွဲ ခြိမ်းခြောက်လို့ အကြပ်ကိုင်လို့ ဆိုပြီး လာပြောကြတာ တစ်ပတ်တစ်ပတ် နေ့စဉ် Cases ပေါင်းများစွာပါပဲ။
အကျယ်တစ်ဝင့် မဖြစ်အောင် တတ်နိုင်သမျှ တားနိုင်နေတဲ့ အခြေနေမို့သာ Social ပေါ် ရောက်မလာတာပါ။

ကျနော်တို့ ရှင်းနေတဲ့ Privacy ချိုးဖောက်ပြီး
ဒီခြိမ်းခြောက် နှောက်ယှက်နေတဲ့ Sexual Bullying/ Sexual harassment case တွေကို ခြုံကြည့်ရရင် Victim မိန်းကလေးအများစုက အကြောက်တရားကို ရင်မဆိုင်ရဲကြသေးတာလဲပါ ပါတယ်။

အရှက်ကွဲမှာဆိုးလို့ မိသားစု သိမှာဆိုးလို့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှူဒဏ်ကို ခံရမှာကြောက်လို့ လက်ရှိတည်ဆောက်ထားတဲ့ relationship ကို ထိခိုက်ပျက်ဆီးသွားမှာ ကြောက်လို့ စတဲ့ အကြောက်တရား အမျိုးမျိုးနဲ့ သူတို့ ခေါင်းငုံ့ သည်းခံနေကြတာများတယ်။

တစ်ချို့ဆို နှစ်အတော်ကြာသည်ထိ ငြိမ်ခံနေကြတာမျိုးပါ။

ဒီလို တွေ ငုံ့ခံနေရခြင်းကနေ စိတ်ထောင်းကိုယ်ကြေ တွေဖြစ် ကျန်းမာရေးထိခိုက် ၊ လုပ်ငန်းခွင်တွေမှာ အဆင်မပြေ၊ မိသားစု နဲ့
အဆင်မပြေ စတာတွေကစလို့ အရာရာကို ကြောက်တဲ့ စိတ်နဲ့ ကြည့်တတ်တဲ့ စိတ်ကင်ဆာ ဖြစ်လာတော့တာပါပဲ။

ဒီ Csae တွေကို ရှင်းနေတဲ့ အကိုတစ်ယောက်က သူသိသလောက် ဆုံးမတယ်လို့ မှတ်ပါ ငါ့နှမတို့ကျနော် အကြံပေးပါရစေ။

အကယ်၍ မင်းမှာ ဒီလို အခြေနေတွေ ရင်ဆိုင်နေရသည်ရှိသော် မကြောက်ပါနဲ့ ၊
တကယ်လို့ တစ်ယောက်နဲ့ တစ်ယောက် မှတ်တမ်းတွေနဲ့ လွန်ကျုးခဲ့ကြတယ် ဆိုစေဦး လွန်ခဲ့ခြင်း မှားခဲ့ခြင်းသာ ဖြစ်တယ် အပြစ်မဟုတ်ဘူး၊

ဒီအတွက် မင်းမှာ အပြစ်မရှိဘူး။

နောက်တစ်ချက်က မင်းက ခြိမ်းခြောက်ခံရတာပါ
ခြိမ်းခြောက် ယုတ်မာသူ မဟုတ်ပါဘူး ကိုယ့်အပေါ် ယုတ်မာခံနေရသေး ကိုယ်က ပြန်ကြောက်နေရသေးဆိုရင် နှစ်ခါ မက နစ်နာပါတယ် ငါ့နှမ၊ မကြောက်ပါနဲ့ ရင်ဆိုင်ပါ ၊ သူများကို ခြိမ်းခြောက်နေတဲ့သူတွေဟာ သူတို့ရဲ့ သရုပ်မှန် ပေါ်မှာ အရမ်းကြောက်ကြပါတယ်၊ လိုအပ်ရင် Public ထိ ထွက်ရှင်းပါခင်ဗျာ။
ကျနော်တို့ လို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအများကြီးရှိပါတယ် ၊ တိုင်ပင်ပါ ဆွေးနွေးပါ ရဲရဲ ရင်ဆိုင်ပါ။
ကျနော်တို့ အစအဆုံးသေချာ ဘာပြန်ရလိုမှုမှမရှိဘဲ မောင်စိတ် နှမ စိတ်နဲ့ အဲဒီ မတရားမှုတွေကို အတူရပ်တည် တွန်းလှန်ပေးပါမယ်။
ဒါသည်လဲ စနစ်ဆိုးအကျင့်ဆိုး ယဉ်ကျေးမှု တော်လှန်ရေးတစ်ရပ်လို့ မြင်ပါတယ်။

အရေးကြီးတာက အရွယ်ရောက်ပြီး လူတိုင်း လိင်ကိစ္စနဲ့ မကင်းကြပါဘူး၊

ဒီ သဘာဝတရားကို ဒီလို ဖော်ထုတ်ယုတ်မာခံရလို့လဲ မင်းမှာ ဘာ ယုတ်လျှော့ ဆုံးရှုံးမှုမှ မရှိပါဘူး၊

ပတ်ဝန်းကျင်က ထမင်းကျွေးတာမဟုတ်လို့ ကဲ့ရဲ့ကြတယ်ဆိုစေဦး ဂရုစိုက်စရာ မလိုတဲ့ လောကဓံပါ။

မိသားစုကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ ၊ ရင်ဆိုင်ပြီး ပိုသန်မာ ရဲရင့်တဲ့ အမျိုးကောင်းသမီးတစ်ယောက်အဖြစ် ပြန်လာပါ ။

အမျိုးကောင်းသမီးဆိုတာ လိင်ကိစ္စကင်းပြီး ရင်ဖုံးနဲ့ ချိတ် ဝတ်တဲ့ ဗိုင်းကောင်းကျောက်ဖိ အမျိုးသမီးမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး လူသားဆန်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရဲရဲ ရပ်တည်ရဲ့ တဲ့ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ရဲတဲ့၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းကို ဆိုလိုပါတယ်။

လွတ်လွတ်လပ်လပ် ရှင်သန်ရဲတဲ့ သန်မာရဲရင့်တဲ့ အမျိုးကောင်းသမီးတွေ ဖြစ်ကြပါစေခင်ဗျာ။

#ASV team
#Aung ZaBu Kyaw Hein

Against Sexual Violence (ASV Team)

31 Dec, 02:29


လူ့ကျင့်ဝတ် စည်းတွေကိုချိုးဖျက် သူတပါးရဲ့ အရှက်သိက္ခာကို ချနင်းပြီး အာချောင် လိင်စိတ် အာသာဖြေနေသူတွေ အမျိုးသမီးတွေရဲ့ အရှက်သိက္ခာကို အသုံးချပြီး ငွေရှာနေကြတဲ့ ငါတို့နိုင်ငံက လူငယ်ခြေပျက် မအေလိုးလေးတွေ၊

“ဒီစော်ကို မှတ်မိကြသေးလား”
“သိတဲ့ကောင် ဆရာကြီးပဲ”တဲ့
ဒီ caption နဲ့ ဆယ်ကျော် အမျိုးသမီးတစ်ဦးရဲ့ ပုံ တွေနဲ့ edit ထားတဲ့ video ဖိုင် page တစ်ခုက တင်ထားတယ်။
အဲဒီအမျိုးသမီးဟာ မင်္ဂလာဆောင်တာလား စေစပ်နေတာလား သေချာ မသိတဲ့ Video နဲ့ ဆက်ဆက်ပြီးတင်ထားတာပါ။

ရုပ်အဆင်းလှပပြီး အတော်ငယ်သေးတဲ့အရွယ်မှာပဲ ဒီမိန်းကလေးဟာ S-ex tape အဖြန့်ခံခဲ့ရဟန်ရှိတယ်။ ဒီလို မိန်းမငယ်လေးတွေရဲ့ ကိုယ်ရေးကိုယ်တာ လိင်မှုကိစ္စတွေအတွက်တော့ အခကြေးငွေနဲ့ ပေးကြည့်ရတဲ့ Channel တွေအကြိုက်ပေါ့။
ဦးသူတင်ပြီး caption အမျိုးမျိုးနဲ့ ပိုက်ဆံရှာနေကြခြင်းတွေ။


ဒီစော် မိုက်တယ် .. ငါ့ကြည့်ပြီးပြီ အကွက်စုံတယ် ..ထန်ချက်ပဲ ..
ဒီစကားတွေနဲ့အတူ
လင်းပါ ..
အလင်းပြပါ ..
Channel Link လေး ပေးဦးလေ .. ဆိုတဲ့ ပလူပျံနေတဲ့ မန့်တွေ..

ကိုယ်ချင်းစာခြင်းကင်းတဲ့ စောက်ရှက်မဲ့စကားလုံးတွေနဲ့ လူ့အဆင့်အတန်းကို ဖော်ပြနေတဲ့
ဒီနိုင်ငံရဲ့ ခေတ်ပျက်ခြေတက်မအေလိုးလေးတွေ၊

သူတို့အတွက်တော့ ဟာသ တစ်ခု၊ လိင်စိတ်
အာသာဖြေစရာတစ်ခု ၊ အချင်းချင်း public မှာ စောက်ရှက်မရှိ မျှဝေ စရာ တစ်ခုထက် မပိုပေမယ့် တစ်ဘက်မိန်းကလေးမှာ သိပ်လေးနက်နဲ့ သိက္ခာကို ရင်းနေရတယ်..

အဲဒီ victim မိန်းကလေးရဲ့ VD ဟာ leaking ဖြစ်ခဲ့တာ ကြာပါပြီ။
ခု ဒီမိန်းကလေးရဲ့ အထိမ်းအမှတ်နေ့တစ်ခုခုမှာမှ ထပ်ပေါ်လာပုံပါပဲ။

နှမျှောစရာ ကောင်းလိုက်တာ..
ဆင်ခြင်တုံတရားဟာ ကိုယ်ချင်းစာတရားနဲ့အတူ အသတ်ခံလိုက်ရတဲ့ ခေတ်ဖြစ်လာနေတယ်။

နောက်ကျောက ဓါးဖွက်ထားတတ်တဲ့ လူယုတ်မာတွေကြောင့်
Sex Tape ဖြန့်ခံနေတဲ့ ပြန့်သွားခံရတဲ့ Victims တွေအပေါ်
မစားရ ဝခမန်း စကားလုံးတွေနဲ့ သတ်နေတဲ့ ကောင်တွေ
ဝမ်းနည်းစကားကောင်းလှ တဲ့ ဒီလို လူငယ်လေးတွေ အများကြီး
တစ်ချိန်ကျ နိုင်ငံတစ်နိုင်ငံ / မိသားစု တစ်ခုကို ဦးဆောင်ထမ်းပိုးကြဦးမယ်
တလွှဲ လိင်စိတ် ခံယူချက်အသိတွေနဲ့
လူငယ်တွေ တစ်ကယ့်အများကြီးပဲ.. ဒီထဲမယ် ဒီလို အခွီထ လှောင်နေကြတဲ့အထဲမယ် မိန်းကလေးတွေပါ ပါနေ ကြာတာကြီးက ဝမ်းနည်းဖွယ်ပါပဲ။
ဒီအခြင်းအရာတွေကို ဒီတိုင်းရပ်ကြည့်နေကြဆဲ လူ့အဖွဲ့စည်းကြီးကိုလဲ အတော်အံ့ဩမိတာပါပဲ။

လူမှန်ရင် လိင်စိတ် မကင်းဘူး .. မှန်တယ်..
ဒါပေမယ့် ကိုယ့်လိင်စိတ်ဟာ တစ်ပါးသူတွေရဲ့ အရှက်သိက္ခာကို ချသုံးရလောက်အောင်ထိ စောက်ရှက်မမဲ့မိဖို့ လိုတယ်ဆိုတာကို အဲ့ဒီ မအေလို:::လေးတွေ သဘောပေါက်အောင် အတော်ကြိုးစားယူရဦးမယ်။

အသက်ပြည့်ပြီးသူတိုင်း လွတ်လပ်စွာ လိင်စိတ်ခံစားလို့ရတယ်.. ခံစားခွင့်ရှိတယ်.. တစ်ပါးသူကိုသာ မထိခိုက် သိက္ခာမချမိစေနဲ့
မင်းတို့ ငါတို့
လွတ်လပ်စွာ လိင်စိတ် မျှဝေခွင့်ရှိတယ်။
နှစ်ဦးသဘောတူ ထုတ်ပြောပ်ိုင်ခွင့်ရှိတယ်..

သေချာမှတ်ထားရမှာက အောက်တန်းအကျဆုံးလုပ်ရပ် တွေထဲမှာ
ယုံကြည်မှုကို သုံးပြီး လိင်အမြတ်ထုတ်နေခြင်းတွေ၊
နှစ်ကိုယ်ကြား လိင်စိတ်ဖလှယ်မှုကို အားနည်းချက်တစ်ခုလို နင်းပြီး စောက်ရှက်ခွဲသွားခြင်းတွေပဲ..
စောက်ရှက်ခွဲနေတာကိုမြင်လျှက်နဲ့ ရပ်ကြည့်နေနိုင်ကြတဲ့ ဘေးထွက်ကောင်တွေ၊

လူ နဲ့ တိရိစ္ဆာန် ဘာက ကွာခြားသွားသလဲ သိလား.. အသိဉာဏ်နဲ့ လိင်စိတ်ခံစားမှု.. နောက်တစ်ချက်က ဆင်ခြင်တုံတရားနဲ့ ကိုယ်ချင်းစာမှု ကွာသွားတာပဲ..

လွတ်လပ်ခွင့်ဆိုသည်မှာလဲ ကိုယ်ကျင့်တရားနဲ့ ယှဉ်တဲ့ လွတ်လပ်ခွင့်ကို သုံးသင့်တယ်၊
စည်းဘောင်မမဲ့ရဘူး၊ သိက္ခာ မစုတ်ပဲ့ရဘူး၊
တစ်ပါးသူရဲ့ သိက္ခာ ကိုယ်ကျင့်ဘဝတွေကို ကိုယ့်အပြုအမှုတွေကြောင့် နဲနဲမှ သွား မထိခိုက်ရဘူး။

မင်းတို့ငါတို့ဟာ ကိုယ့်လွတ်လပ်ခွင့်ပါဆိုပြီး တစ်ပါးသူတွေရဲ့ သိက္ခာကို ချနင်းနေသ၍ လှောင်ပြောင်နေသ၍ အသားယူနေသ၍
တိရိစ္ဆာန်စိတ်နဲ့ လူခန္ဓာတပ်ထားတဲ့ သတ္တဝါတစ်ကောင်ထပ်နိမ့်ကျနေပီဆိုတာ သေချာတယ်..

☑️ဒီအခြေနေတွေကို ငါ့အနေနဲ့ ခေတ်ကာလအရ ဉပဒေအားနဲ့ ထိိထိရောက်ရောက် မကိုင်တွယ်နိုင်သေးတာ မှန်
တယ်၊ ဉပဒေ ခိုင်ခိုင်ရပ်တည်နိုင်တဲ့ တစ်နေ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု အမြတ်ထုတ်မှု အရှက်ခွဲ ယုတ်မာနေမှု တွေအတွက် စောက်ရမ်းပြင်းထန်ခိုင်မာတဲ့ ကာကွယ်ခြင်းတွေကို ရအောင်ဖော်ဆောင်မယ် ၊ ဒါကို ကတိပေးနိုင်တယ်။


ASV team
Aung ZaBu Kyaw Hein

Against Sexual Violence (ASV Team)

27 Dec, 08:28


နုနုနယ်နယ် မွေးဖွားခါစ ၁၀ ပေါင် ဝန်းကျင်
ရက်သားအရွယ်လေးကနေ လသား နှစ်သား
အပျိုဖျန်း အပျိုရွယ်လေးတွေ ထိ မိဘတွေ ၊
ညီကိုမောင်နှမတွေ ၊ ဆွေမျိုး ရင်းချာ တွေရဲ့ ဂရုစိုက်ဖေးမ မှုတွေနဲ့
သန့်သန့်ရှင်းရှင်း သန်သန်မာမာ အလှပဆုံး
အဲဒီအမျိုးသမီးလေးတွေကြီးပြင်းခဲ့ကြပါလိမ့်မယ်။

နှစ်ပေါင်းများစွာ လုံလုံခြုံခြုံ ရှင်သန်ခဲ့ကြရင်းက အရွယ်ရောက်ခါစ အရွယ်ရောက်ပြီးအချိန်တွေမယ် တလွဲအချစ်ကို ခေါင်းစဉ်တပ်ထားတဲ့ လူယုံလွဲခြင်းတွေ ၊
ချစ်ခြင်းမေတ္တာနဲ့မျှားခံရတဲ့ လိင်မုဆိုးတွေကြောင့် အဲဒီအရွယ်
အဖြူထည်တွေ ဟာ စိတ်ရော လူပါ မနွမ်းသင့်ပဲ အတော် ညစ်နွမ်းနေကြရတယ်။
တစ်ချို့ဆို ဒီလောင်ရိပ်ကြားက နှစ်ပေါင်းများစွာ ရုန်းမထွက်လာနိုင်ကြတော့သည်အထိပဲ။

တန်ရဲ့လား ငါ့နှမ အမ တို့ရယ်၊
တကယ်ပဲ ခံစားချက်တွေနဲ့ ပြန်ရတဲ့ ရလာဒ်တွေဟာ ထိုက်တန်ခဲ့ပါရဲ့လား။

အရာရာ စမ်းသပ်ကြည့်ချင်ကြတဲ့ အရွယ်၊
အသိ သတိ နဲ့ ပညာ ကို သာမာန်မျှချိန်ထိုး မစဉ်းစားနိုင်ကြသေးတဲ့အရွယ်၊
IT ခေတ်လွန်ကာလတွေရဲ့ ပွင့်လင်းမှုနောက်မယ် လိင်ကိစ္စကို လွတ်လွတ်လပ်လပ် ဖွင့်ချတက်ကြခြင်းတွေထဲ
Sex Education/ Sexual Knowledge ကို
ဂဃနဏ မသိနိုင်ခင် ၊ မလေ့လာဘဲ
လက်တွေ့ စမ်းကြချိန်မှာ နောက်ဆက်တွဲ
ဒုက္ခတွေ ဒုနဲ့ဒေး ကြုံလာတော့တာပါပဲ။

အဆိုးဆုံးက ကိုယ်က ချစ်ပါတယ်ဆိုပြီး ရွေးချယ်
လိုက်တဲ့သူတွေကိုယ်တိုင်ရဲ့
လိင်ကိစ္စနဲ့ public မှာ ခြောက်ချ အရှက်ခွဲခြင်း ခံနေကြရတဲ့အဖြစ်တွေ။

Fail States နိုင်ငံတွေမှာ မျှတတဲ့ ဉပဒေမရှိဘူး၊
လူ့အခွင့်အရေး တွေ အမျိုးသမီးအခွင့်အရေးတွေ အမျိုးသမီးတွေရဲ့ သိက္ခာပိုင်းလုံခြုံမှုပေးတဲ့
ဉပဒေတွေ လုံးဝ မရှိဘူး၊ ရှိလဲ မကျင့်သုံးကြဘူး ။
ကျင့်သုံးလဲ ထိရောက်တဲ့ အရေးယူမှု ဘယ်သူမှ လုပ်မပေးဘူး။

နောက်ကျောကထိုးတဲ့ ဓါးဒဏ်ရာတွေကြောင့် ပတ်ဝန်းကျင်ရဲ့ ကူညီရမယ့်အစား ကဲ့ရဲ့တဲ့ဒဏ် ၊ မိသားစုရဲ့ ဖိအားဒဏ် လိင်အမြတ်ထုတ်ဖို့ ချောင်းနေတဲ့ လူငယ်ခြေပျက် ခေတ်ကာလသားတွေရဲ့ မစားရ ဝခမန်း လိင်စကားလုံးတွေအောက်မှာ ရုန်းထွက် ရပ်တည်ရဲရင့်ဖို့ အတော်ကို ခဲယဉ်းနေကြပါလိမ့်မယ်။

- ခေတ်ကြောင့်လဲ ဆိုင်သလို
- ယုတ်မာခွင့်ရှိနေလို့ ယုတ်မာရဲနေသူတွေရဲ့ လူစဉ်မမှီတဲ့ ဉာဏ်ရည်နိမ့်ပါးမှုတွေကြောင့်လဲ အဓိက ဆိုင်သလို

-ကိုယ်တိုင်ကလဲ ကိုယ့်အန္တရာယ်ကို ကာကွယ်တက်ဖို့ ဗဟုသုတ နည်းပါးလွန်းတာကြောင့်လဲ ဆိုင်ပါတယ်။

အရွယ်ရောက် တဲ့ လူ ရယ်လို့ဖြစ်လာရင် လိင်စိတ်မကင်း ဘူး မှန်တယ်၊ လိင်စိတ်ခံစားတာဟာ ရှက်စရာမဟုတ်တဲ့သဘာဝပါပဲ။
လိင် ကိစ္စကို တောင် ခံစားတက်လာပြီ ခံစားကြနေပြီဆိုရင် ဒီအခြင်းအရာကြောင့် ဖြစ်လာမယ့် ကောင်းကျိုး ဆိုးကျိုးတွေကို တော့ သေချာ သိထား ဖို့လိုမယ် ငါ့ညီ ငါ့နှမတို့ရေ။

ကောင်းကျိုးဖြစ်တာက ကိစ္စမရှိပေမယ့် ဆိုးကျိုးတွေကျ လိင်ကျန်းမာရေးပြဿနာတွေကစလို့
Privacy ချိုးဖောက်ခံရပြီး အရှက်ခွဲခံရတဲ့အခြေနေတွေထိပေါ့။

ဒီလို Case တွေ နေ့စဉ်နဲ့အမျှ ဖြေရှင်းပေးနေတဲ့ အကိုတစ်
ယောက်ရဲ့ သန်သန်မာမာ သန့်သန့်ရှင်းရှင်းနဲ့ ရှင်သန်စေချင်တဲ့ စေတနာ သက်သက်နဲ့ ပြောတဲ့စကားတွေ ရယ်ပါ။

မတော်တဆ ဒီဒုက္ခဆိုးတွေ ကြုံတွေ့လာခဲ့ရင်လဲ မပြိုလဲ အရှုံးမပေးဘဲ ပြန်ခုခံ ရပ်တည်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာလဲ သတ်ိချပ်စေဖို့ပါ ။

Victims အပေါ် အတူတကွ ရပ်တည်ကာကွယ်ပေးနိုင်တဲ့ မိသားစု အသိုင်းအဝိုင်း ၊ ပတ်ဝန်းကျင်အဖွဲ့အစည်းကောင်းလေးတွေကို ကျွန်တော်တို့က စလို့ အတူတကွ ပျိုးထောင် ဖော်ဆောင်ကြရအောင်ပါနော်။

သန်မာရဲရင့်တဲ့ အမျိုးသမီးတွေ ဖြစ်ကြပါစေခင်ဗျာ

ASV Team

#againstviolence
#ASV
#aungzabukyawhein

Against Sexual Violence (ASV Team)

27 Dec, 03:39


မင်္ဂလာပါခင်ဗျာ။

BBC သတင်းမီဒီယာက ဆက်သွယ်လာပါတယ်။

လက်ရှိ ဒီခေတ်အခြေ နဲ့အမျိုးသမီးလေးတွေ ထဲ
နောက်ကွယ်ကလိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံနေရတာတွေ အရှက်ခွဲခံနေရတာတွေ ၊ ဒီထဲကမှ ဘယ်လို ရင်ဆိုင်နေရတယ်ဆိုတာတွေ ဘယ်လို ကျော်ဖြတ်ရပ်တည်ခဲ့လဲဆိုတာတွေကို

အသံသီးသန့်အစားထိုးပြီး ဖော်ပြချင်ကြောင်း ဆက်သွယ်တာပါ။

ဒီ Channel ထဲမှာ လွတ်မြောက်ကျော်ဖြတ်နိုင်ခဲ့ပြီးသော Victim ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးလေးတွေ ရှိမယ်ထင်ပါတယ်။

ကျနော် အကူညီတောင်းပါရစေခင်ဗျာ။

ဒီအင်တာဗျူးမှာ အချက်အလက်တွေကလွဲ ရုပ်ရော အသံပါ ထည့် မသုံးတာဖြစ်တဲ့အတွက် တစ်ခြားသူတွေ သိမှာလဲ စိုးရိမ်စရာ မလိုပါဘူးခင်ဗျာ။

ကိုယ့်လိုမျိုး အခြေနေတွေကြောင့် ကြုံတွေ့နေရတဲ့ ဘဝတူ အမျိုးသမီးတွေအပေါ် တစ်ဖက်တစ်လမ်းက စာနာ ကူညီ ဖေးမရာ ရောက်သလို တကယ်လဲ အကူညီဖြစ်စေမှာပါ။
ဒီလို media အားတွေကနေ တစ်ဆင့် အသိပညာပေးသလိုဖြစ်ပြီး နောက်ထပ် Victims ပေါင်းများစွာ ရှိမလာစေဖို့ အကူညီ ဖြစ်နိုင်ပါတယ်။

ဒါမို့ စာနဲ့ဖြစ်စေ ဖုန်းနဲ့ ဖြစ်စေ ပဲ အင်တာဖျူး ဖြေပေးလိုတဲ့ နှမ အမ များရှိရင် ကျနော့်ကို ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

ကျနော်လဲ မနက်ဖြန် ASV ရဲ့ ဖြစ်တည်ကူညီမှုလုပ်ငန်းဆောင်တာလေးတွေ ကို ရုပ်သံ အင်တာဗျူးဖို့ရှိပါတယ်။

#ASVteam
#aungzabukyawhein

Against Sexual Violence (ASV Team)

25 Dec, 03:22


ထန်လွမ့်တောင် ဆိုသူရဲ့ပုံ
လိုအပ်တဲ့အခါ လိပ်စာပါ ချပြပါမယ်ခင်ဗျာ။

Against Sexual Violence (ASV Team)

25 Dec, 03:21


အမည် - ထန်လွမ့်တောင်

ကလေးမြို့ NGO အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်တယ် ။

ဒီကောင်က လက်ရှိ အိမ်ထောင်သည်။ မိန်းမရှိလျှက်နဲ့ အပျိုမိန်းကလေးတစ်ဦးကို လူပျိုပါဆိုပြီး အလုပ်အကိုင်တွေ နဲ့ လိုင်းပေါ်က ချဉ်းကပ်ပြီး ရင်နှီးမှုယူခဲ့တယ် ။ ရည်းစားဖြစ်ခဲ့တယ်။
ထန်လွမ့်တောင် မှာ အိမ်ထောင်ရှိမှန်းသိတာနဲ့ အဲဒီအမျိုးသမီးက လမ်းခွဲပြီး လက်ရှောင်ခဲ့ပါတယ်။

ဒါကို ဒီကောင့်ဘက်ကလက်မခံပဲ တောက်လျှောက် နှောက်ယှက်ပါတော့တယ် ။ ဒီလိုလုပ်နေတာ နှစ်ပေါက်နေပြီ ဆိုပါတယ်။
Victim နာမည်နဲ့ အကောင့်တွေဖွင့် Nude တွေတင်တယ် ။ အပျော်မယ် တစ်ဦးပုံစံပေါက်အောင်ထိ စာတွေအမျိုးမျိုးရေးပြီးတင်တယ် ။

Victim ရဲ့ မိသားစုတွေဆီကို ပုံတွေ လိုက်ပို့တာတွေထိ လုပ်လာတယ်။

ခရစ်ယာန် ဘာသာဝင် အပျိုအရွယ် အမျိုးသမီးတစ်ဦးမို့ သူ့ပတ်ဝန်းကျင်မှာ ဒီအခြေနေဟာ အတော့်ကို သိက္ခာကျ အရှက်ရဖွယ်ဖြစ်နေပါတယ်။
အရှက်တရားကြောင့် ဘာမှ ပြန်မလုပ်နိုင်ဘဲ သိက္ခချနေတာကို ထိုင်ကြည့်နေရတဲ့အဖြစ်ကို ရောက်နေပါတယ်။
ကျနော် ထန်လွမ့်တောင် ဆီ ဆက်သွယ်ပါတယ် ။
ဒီအခြေနေတွေကို ဆက်မလုပ်ဖို့ ရပ်တန်းကရပ် မှတ်တမ်းတွေဖျက်ပြီး ကတိပေးဖို့ပါပဲ။

ကျနော့်ပို့တဲ့စာတွေ မြင်တာနဲ့ အကောင့်တွေ အကုန်ဖျက်ပြေးတယ် ။ ဖုန်းစက်ပိတ်ထားတယ်။

သူ့အမျ်ိူးသမီးဆီကိုလဲ ဆက်သွယ်ပြီး အကျိုးအကြောင်းပြောပြပြီး တားပေးဖို့တော့ပြောထားပါတယ် ။ သူ့အမျိုးသမီးဘက်ကလဲ မဖြစ်စေရပါဘူး ပြောထားတာတော့ရှိပါတယ်။

ထန်လွမ့်တောင်ဆီက ကတိကဝတ် ရခဲ့တာမဟုတ်တာမို့ ကျနော် အဲ့လောက် ထိ စိတ်မချသေးပါဘူး။
၃ ရက်စောင့်ကြည့်ထားတယ်။ အခြေနေကတော့ထပ်ပြီး နှောက်ယှက်လာတာမျိုးမရှိတော့ပေမယ့်
ကျားနာကို အားပေးမွေးထားသလို ဖြစ်မှာဆိုးလို့ နောက်ကာလတွေထိ စိတ်ချရအောင် ဒီကောင့်ကိစ္စကို တစ်ခါတည်း အပြတ်ဖြတ်ပါမယ်။

သူ့ဖုန်းနံပါတ်တွေ ကျနော် ချပေးထားပါတယ်။ ဒီဖုန်းနံပါတွေဆီကို
စာပို့ပေးကြပါခင်ဗျာ။
ဖုန်းခေါ်တာမျိုးတွေလုပ်ပြီး နောက်ထပ် ထပ်ပေါ်လာရင် ထပ်နှောက်ယှက် ယုတ်မာနေရင် မိသားစု အပါဝင် ထန်လွမ့်တောင်ကို ဘာကိစ္စနဲ့မှ သက်ညှာမှာ မဟုတ်ကြောင်း
ASV team က ပြင်းပြင်းထန်ထန် သတိပေးနေကြောင်းပြောပေးပါ။

အကူညီတောင်းပါတယ်ခင်ဗျာ။
လူထုအားနဲ့မို့ ဒီမတရားမှုကို တားနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

ကျနော်လဲ ကတိပေးပါတယ်။ ထပ်နှောက်ယှက် ထပ်ယုတ်မာအောက်တန်းကျနေရင် ဒီကောင့်ရဲ့ အဆင့်အတန်းရှိလှပါတယ်ဆိုတဲ့ လူမှုကူညီရေး NGO အသိုင်းဝိုင်းကြားထဲ ဘယ်တော့မှ လူတောမတိုးအောင် လုပ်ပစ်မှာပါ။
ဉပဒေအရပါ သက်သေခိုင်လုံနေတာမို့ ထိထိရောက်ရောက် အပြစ်ပေးအရေးယူမှာပါ ။

ထန်လွမ့်တောင် ဖုန်းနံပါတ်

- +959958431209

+959442171056




#ASVteam
#aungzabukyawhein

Against Sexual Violence (ASV Team)

25 Dec, 00:22


နောက်တစ်ကြိမ် ထပ်တင် ထပ်နှောက်ယှက်တယ်ဆိုတဲ့ ရဲမှုးသား ပျော်ဖွယ် Case ကိုလဲ ဖြေရှင်းခဲ့ပြီးပါပြီ ။
လုံလောက်တဲ့ ကတိလဲရခဲ့ပြီးပြီဖို့
Victim ညီမလေး စိတ်ချ လက်ချ သွားလာ လှုပ်ရှားလို့ရပါပြီခင်ဗျာ။
ဘာမှ ကြောက်စရာမလိုပါဘူး။


အချိန်မရွေး ကျနော်တို့ ထိထိရောက်ရောက် ဖြေရှင်းကူညီပေးနိုင်တာမို့ တက်နိုင်သမျှ ရဲရဲရင့်ရင့်သာ အရင်လို ပြန်လည်နေထိုင်ရှင်သန်ပါ။

ထပ်ဖြစ်လာရင် ပိုပြင်းထန်တဲ့ အရေးယူမှုဆီ သွားမှာမို့ ဒီအခြေနေကို Target လဲ သဘောပေါက်ပြီးဖြစ်ပါတယ် ။

စိတ်ချလက်ချသာ ရှင်သန်ရပ်တည်ပါ။
ကျန်းမာနေကောင်းပါစေ


#ASVteam
#aungzabukyawhein

Against Sexual Violence (ASV Team)

25 Dec, 00:16


ကျောက်ဆည် ဖုန်းဆိုင်( case ) က အကောင့်ဖျက်ချပြီး ဆက်မနှောက်ယှက်ပါဘူး ကတိရခဲ့ပြီမို့ ကျနော် တင်ထားတဲ့ ပိုစ့်တွေ ဖျက်ထားလိုက်ပါပြီခင်ဗျာ။
ကျနော်လဲ Target က ကတိတည်နေသ၍ ဘာမှ ဆက်လှုပ်ရှားမှာ မဟုတ်ပါဘူး။
ကတိတည်မယ်လို့ လဲ မျှော်လင့်ပါတယ်။



လူထု ညီရင် ဘယ်လို မတရားတဲ့အမှောင်ထုကိုမဆို တွန်းလှန်ဖြိုခွင်းနိုင်ကြောင်းပါ ။

— ဒီလို Cases တွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ဆိုးကျိုးက ကျနော့်အပေါ် အငြိူးထားပြီး ပြန်လက်စားချေရင်တောင် ရင်ဆိုင်ဖို့ တွေးပြီးသားမို့
ရန်ဖံရန်ခါ ကျနော် public နဲ့အကူညီတောင်းတိုင်း
တက်နိုင်သမျှ ဝိုင်းဝန်းသာ အသံထွက်ပေးကြပါခင်ဗျာ။

ထိရောက်တဲ့ ကူညီမှုနဲ့ သိက္ခာတရားတွေကို ကယ်တင်ပေးနိုင်တဲ့ ကောင်းသော အရွေ့တွေ ဖြစ်လာစေမှာ သေချာပါတယ်။

#ASV Team
#aungzabukyawhein

Against Sexual Violence (ASV Team)

21 Dec, 16:21


ဒီနေ့ တက်ရောက်ပေးကြတဲ့အတွက် အားလုံးကျေးဇူးပါခင်ဗျာ
အကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ်
ဆက်ဖိုက်ကြမယ်နော်

Against Sexual Violence (ASV Team)

21 Dec, 14:19


နောက် ၁၀ မိနစ်လောက်နေရင် meeting join ခဲ့လို့ရပါပြီခင်ဗျာ

Against Sexual Violence (ASV Team)

21 Dec, 13:20


ကိုတင်မောင်နောင် is inviting you to a scheduled Zoom meeting.

Topic: Zoom Meeting
ASV Team မောင်နှမများ
Time: Dec 21, 2024
၉:၀၀ မြန်မာစံတော်ချိန်

Join Zoom Meeting
https://us06web.zoom.us/j/2575659847?pwd=chbO0zLeK5Hob5igiFApjKpac9i27y.1&omn=84645977098

Meeting ID: 257 565 9847
Passcode: 112233

---

One tap mobile
+13092053325,,2575659847#,,,,*112233# US
+13126266799,,2575659847#,,,,*112233# US (Chicago)

---

Dial by your location
• +1 309 205 3325 US
• +1 312 626 6799 US (Chicago)
• +1 346 248 7799 US (Houston)
• +1 360 209 5623 US
• +1 386 347 5053 US
• +1 507 473 4847 US
• +1 564 217 2000 US
• +1 646 931 3860 US
• +1 669 444 9171 US
• +1 669 900 6833 US (San Jose)
• +1 689 278 1000 US
• +1 719 359 4580 US
• +1 929 205 6099 US (New York)
• +1 253 205 0468 US
• +1 253 215 8782 US (Tacoma)
• +1 301 715 8592 US (Washington DC)
• +1 305 224 1968 US

Meeting ID: 257 565 9847
Passcode: 112233

Find your local number: https://us06web.zoom.us/u/kbPFRzF9qO

Against Sexual Violence (ASV Team)

21 Dec, 13:19


Hello
မင်္ဂလာပါ အားလုံးကျန်းမာဘေးကင်းကြရဲ့လားခင်ဗျာ ။

ကျနော့်အနေနဲ့ ASV Team ကို ပိုကောင်းမွန်ထိရောက်တဲ့ စုဖွဲ့မှု ပြုလုပ်ဖို့ /
Team members ဖိတ်ခေါ်ဖို့ အခြေနေလေးတွေရယ်
ASV နဲ့ပတ်သက်ပြီး ဆွေးနွှေးတိုင်ပင်လိုတာလေးတွေ အကြံပြုလိုတာလေးတွေ ဝိုင်းဝန်းကူညီလိုတာလေးတွေ ရှိရင် ယခု meeting မှာ လာနားထောင်ပြီး ဆွေးနွှေးအကြံပြုလို့ရပါတယ်ခင်ဗျာ ။
လေးလေးစားစား ဖိတ်ပါတယ်ခင်ဗျာ
မြန်မာစံတော်ချိန် ည ၉ :၀၀ နာရီမှာ စတင်ပါမယ်။

ဒီတိုင်း နားထောင်ရုံ သက်သက် လာ join လဲ ရပါတယ် ။

Zoom link ချပေးထားပါမယ်ခင်ဗျာ။

Against Sexual Violence (ASV Team)

19 Dec, 17:11


ဇင်တိုးအောင် ကျောက်ဆည်သား မြို့ပေါ်မှာနေတယ်။
လုပ်ငန်းက ဖုန်းဆိုင်ဖွင့်ထားတယ်။


ရည်စားဟောင်းဖြစ်သူရဲ့ Nude ပုံတွေနဲ့ Acc နာမည်တူ ဖွင့်ထားပြီး ဖုန်းနံပါတ်တွေ
တင်တယ် ။ Date Girl ဆိုပြီး Gp တွေပါ ရှဲတယ်။
အချိန်အတော်က်ိုကြာခဲ့ပါပြီ ။ သုလုပ်ကြောင်း သက်သေတွေ အတိအကျရှိတယ်။

တစ်ဖက်မိန်းကလေးရဲ့ သ်ိက္ခာက အတော့်ကို ကျနေပြီ။

ကျနော် အခု ဇင်တိုးအောင်ကို ဆက်သွယ်တယ် ။ ဖုန်းအဆက်သွယ်ရတယ် ၊ ကျန်ော့ကို မအေလိုးချင်း ထပ်အောင်ပြန်ဆဲပြီး ဖုန်းချ သွားတယ်။
ဘယ်လို မှ သေချာ ရေရေလည်လည်ရှင်းပြလို့မရဘူးဖြစ်နေတယ်။

၁ ရက်အချိန်ပေးမယ် ။
အကောင့်တုကို ဖျက်ပြီး နောက်ဘယ်တော့မှ မလုပ်တော့ဘူး ကတိပေးဖို့ပါ။

သူ့ဘက်ကတော့ ကြိုက်သလိုလာခဲ့ စိန်ခေါ်နေတယ်။
သတ်မှန်ချိိန် ပြည့်လို့ ဆက်လုပ်နေသေးရင်တော့ ရတဲ့နည်းလမ်းနဲ့ အရေးယူမှု စတင်ပါမယ်။ပြေးမလွတ်စေရပါဘူး။

ဒီကောင်ရဲ့ ပုံ တွေ ၊ ဆိုင်လိပ်စာ အိမ်လိပ်စာ Fb acc - Ph no.
စတာတွေကို မနက်ဖြန် အခြေနေစောင့်ကြည့်ပြီး မထူးရင် တင်ပြီး public ကိုချပြပါမယ်။
ပြီးတော့ တိုက်ရိုက်အရေးယူပါမယ် ။

ASV team
#aungzabukyawhein

Against Sexual Violence (ASV Team)

18 Dec, 14:29


HD ဖြန့်သူ အောင်ဖြိုးကျော်

Against Sexual Violence (ASV Team)

18 Dec, 14:28


ရည်းစားဟောင်းဖြစ်သူနဲ့ S_e-x Chat ထားတဲ့ video တွေ Telegram မှာ ချက်ချင်း VD ရိုက်ပို့တဲ့ Video တွေကို Save ထားပြီး ပြတ်စဲ သွားချိန်မှာ ဖောက်ပြန်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့
HD ဖြန့်တဲ့ Channel တွေကို လိုက်ပို့ထား ဖြန့်ထားတဲ့ Case ။

အဲဒီ Case ရဲ့ Target ဖြစ်သူ
⛔️အောင်ဖြိုးကျော် အသက်၂၂
⛔️မြောက်ဒဂုံမြို့နယ်
၃၂ရက်ကွပ် ရွှေပြည်သာ၄လမ်း

09980255105

ကျနော်တို့ သွားတားချိန်မှာ အောင်ဖြိုးကျော် ဘက်ကတော့ သူ မလုပ်
ကြောင်း အကြောက်အကန် ငြင်းတယ် ၊ သူနဲ့ ဖောက်ပြန်သူက လုပ်တယ် ဆိုပဲ။

ခု Case က ကျနော်ဖြေရှင်းနေတာဖြစ်တဲ့အတွက် ကျနော် ဒီ စာတွေအပေါ် ကျနော် တာဝန်ယူတယ်။

အောင်ဖြိုးကျော်ကတော့ သူလုပ်ထားတာ ဆိုတဲ့ သက်သေ မရှိရင် သူ့ဆီလာမပြောနဲ့ လို့ပြောတယ်၊
လုံးဝ ဝန်မခံတဲ့ သဘောပါပဲ။ Video တွေက ပြန့်နေပါပြီ ။ ထပ်ပြီး ယုတ်မာတာမျိုး မလုပ်ဖို့နဲ့ ပြန့်နေတာတွေ တာဝန်ယူ ဖျက်ဖို့ သွားပြောခြင်းပါပဲ။
ဒါပေမယ့် ဒီကောင် ရှောင်နေတယ်။

-သူလုပ်တယ် မလုပ်ဘူးဆိုတာ အချက်အလက်တွေ
ထုတ်ပြပါမယ်။

-အောင်ဖြိုးကျော်နဲ့ ဒီကောင်မလေး နဲ့ ရည်းစားဖြစ်ပြီး S-ex chat ခဲ့ကြတာကတော့ သေချာတယ်။
- ခု အဖြန့်ခံနေရတဲ့ မှတ်တမ်းထဲက အဝတ်အစား၊ နေရာဒေသ ၊ အပြုအမှု ဟန်ပန်တွေဟာ အောင်ဖြိုးကျော်နဲ့သာ ဖြစ်ခဲ့ဖူးကြောင်း victim ဘက်က ၁၀၀% အာမခံတယ်။

-သူနဲ့ပဲ ရှိခဲ့ဖူးတဲ့ ဒီ private မှတ်တမ်းတွေသည် သူ့ဆီက မပြန့်ဘဲ victim ဘက်က သူ့ကိုယ်သူ ပြန်ဖြန့်တာ လုံးဝ မဖြစ်နိုင်ပါဘူး။Victim ဆီမှာလဲ မှတ်တမ်းမရှိဘူး ၊မယူထားဘူး။
-ရည်းစားဘဝ မှာတုန်းကလဲ စကားနဲ့ ဒီလို ပုံစံတူ ခြိမ်းခြောက်မှုတွေ လုပ်လေ့ရှိတယ်။

သွားပြောချိန်မှာ အဲဒီ Video မှတ်တမ်းတွေ ဘယ် Channel မှာ ပြန့်နေလဲဆိုတာ ဒီကောင် သိနေပြီးဖြစ်တယ်။
ခုလဲ သက်သေရှိမှ လာပြောဆိုပြီး ရှောင်နေတယ်။

- နှစ်က်ိုယ်ကြားပဲ သိထားတဲ့ sexual privacy တွေ ကို သက်သေဖျောက်ပြီး ဖြန့်ခဲ့တာဖြစ်တယ် ။ ဒီလို Case မျိုးတွေ ကျနော် ရှေ့မှာ အများကြီး ဖြေရှင်း ခဲ့ဖူးပါတယ် ။
အောင်ဖြိုးကျော် ဘက်ကတော့ အဆုံးထိ ငြင်းမှာ ပါပဲ။
သက်သေ မရှိတာနဲ့ပဲ ဒီလို အခြေနေတွေမှာ အမျိုးသမီးတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ မှတ်တမ်းတွေကို ဖြန့်ချင်တိုင်း ဖြန့်ပြီး ယုတ်မာချင်တိုင်း ယုတ်မာခွင့်တော့ ခွင့်မပြုနိုင်ပါဘူး ။

ဒါကြောင့် အောင်ဖြိုးကျော် ကို Social punishment တင်ပါမယ်။

အသက်ငယ်ငယ် အမျိုးသမီးတစ်ဦးဟာ အကွက်ကျကျ ယုတ်မာခံနေရပြီ sexual privacy တွေ အဖြန့်ခံနေရတဲ့ အခြေနေပါ ။ ဒီဖြစ်ရပ်ဆိုးကို ရင်ဆိုင်ကျော်ဖြတ်ဖို့ လူအဖွဲ့အစည်းက ကူညီဖေးမ မှုတွေ လိုအပ်တာမို့ပါ။

ကျနော် ဒီလို တင်လို့ အောင်ဖြိုးကျော်အနေနဲ့အငြိုးနဲ့ ထပ်ယုတ်မာတာမျိုး ဖြစ်လာရင်တော့ Action ယူပြီး ရတဲနည်းနဲ့ ဖြေရှင်းမှာပါ။

Target အောင်ဖြိုးကျော်ရဲ့ ဖုန်းနံပါတ်
Fb acc - Tg acc အကုန် ထည့်ပေးထားပါတယ် ။
Social punishment အားနဲ့ စာပို့ ဖုန်းခေါ်၍ဖြစ်စေ ဝိုင်းဝန်း ပြစ်တင်ပြောပေးကြပါခင်ဗျာ။

⛔️ https://www.facebook.com/bone.mee.54?mibextid=ZbWKwL

Tg
⛔️ @urfavboii69


ASV Team
#aungzabukyawhein

Against Sexual Violence (ASV Team)

03 Dec, 16:05


လက်ရှိ ဒီကိုရီးယားမှာတော့ သမ္မတနဲ့ စစ်တပ်က အာဏာပြန်သိမ်းလိုက်တဲ့အခြေနေဖြစ်လာပါပြီ။

အရေးပေါ် စစ်အုပ်ချုပ်ရေးကြေငြာတာပါ ။


အခြေနေတွေ တော်တော် တင်းမာနေတယ် ။
လူထု ဆန္ဒပြပွဲတွေ ဖြစ်လာနိုင်တယ်။
ခု စာတင်ချိန်မှာ ည ၁ နာရီကျော် လွတ်တော်ရှေ့မှာ လူစု လူဝေးနဲ့ ဆူပူမှုတွေ စဖြစ်လာနေပါတယ် ။

Against Sexual Violence (ASV Team)

24 Sep, 13:37


https://www.facebook.com/share/aNvtWr32t68EReJF/?mibextid=WC7FNe

ဒီမှာတော့ တင်ထားပါတယ်
ကူမန့် ကူဖြန့်ပြီး ဖိအားပေးကြရအောင်ပါခင်ဗျာ

Against Sexual Violence (ASV Team)

24 Sep, 13:36


ပျော်ဘွယ် မြို့က ဒီပုံထဲက လူကို သိကြလားခင်ဗျာ..
မိသားစု လိပ်စာအတိအကျ သိလိုပါတယ်။
ရည်းစားဟောင်းဖြစ်သူ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ပုံတွေ S-e-x Tap-e တွေနဲ့ တောက်လျှောက်အရှက်ခွဲ ခြိမ်းခြောက်အကြပ်ကိုင်နေလို့ပါ။

ဦးဇော်ဇော်သန်း ( ရဲဝန်ထမ်း နေပြည်တော် မှာ တာဝန်ကျ) + ဒေါ်အိအိခိုင် တို့၏ သား

-သီဟမင်းဇင်

လက်ရှိ ဇာတိ ပျော်ဘွယ် မြို့မှာ နေထိုင်ကြောင်းသိရပါတယ်။

ကျနော် ပြီးခဲ့တဲ့ လက ဒီ Case ကို ပထမအကြိမ် ရှင်းခဲ့ဖူးပါတယ်။
သီဟမင်းဇင်ဘက်က နောက်မလုပ်တော့ပါဘူး ကတိအကြိမ်ကြိမ်ပေးလို့ရပ်ပေးလိုက်ပေမယ့်
ခု ဒီကောင်က ကျနော့်အကောင့်တွေကို ဘလော့ပြီး
Victim ကို ပိုပြီး ဆိုးဆိုးရွားရွား သိက္ခာချ အရှက်ခွဲနေ
ပါတယ်


ရဲမှူးသား ဆိုပြီး သူ့ကို ဘယ်သူမှ ထိမရ ဘူးထင်နေပုံရတယ်။

ပထမအဆင့် Social punishment အားနဲ့ မရရင် Action ယူဆောင်ရွက်ရတဲ့အထိ သွားမှာမို့ မိသားစု အချက်အလက်လိပ်စာဆိုင်ရာတွေ ပိုပြီးတိတိကျကျ လိုအပ်တာမို့ပါ။

ဒီလို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုမျိုးကို ဆန့်ကျင်ကြတဲ့ မည်သူကိုမဆို အကူညီတောင်းပါရစေ၊
S_p အားနဲ့ ဒီကောင် ဒီလို လူတန်းစားဖြစ်ကြောင်း
ဝိုင်းဝန်းဖြန့်ဝေပေးကြပါခင်ဗျာ။

ဒီတစ်ကြိမ်တော့ သေချာမပြီးပြတ်သ၍ သီဟမင်းဇင်ကို ခွင့်မလွှတ်ပါဘူး။

#aungzabukyawhein

Against Sexual Violence (ASV Team)

29 May, 14:33


ဒါက မင်းကိုဖြစ်သူရဲ့ မိသားစုဝင်ပုံတွေပါ..
ဒီရပ်ရွာနဲ့နီးတဲ့သူတွေ ရှိပါသလားခင်ဗျာ..

Against Sexual Violence (ASV Team)

29 May, 14:30


ဧရာဝတီတိုင်းဒေသ
သာပေါင်းမြို့နယ်
ငါးဘတ်ချောင်းအုပ်စု
လယ်တကြီးကျေးရွာ

ဦးခင်မောင်ညွှန်+ဒေါ်ဌေးရီ

တို့၏ သား

-မင်းကို (အသက် (၄၀) )

ဒီဘဲက အမျိုးသမီးတစ်ဦးနဲ့ ရည်းစားဖြစ်ပြီး

N-u-de နဲ့ အကြပ်ကိုင်တယ်..
သူစိတ်ပါသလို Tape ရိုက်ပြီး ပုံစံအမျိုးမျိုးနဲ့ ပို့ခိုင်းတယ်..
ပိုဆိုးတာ အမျိုးသမီးရဲ့ ပတ်ဝန်းကျင်ကို အဲဒါတွေ အကုန်ဖြန့်နေတယ် .. လာပြောတဲ့သူမှန်သမျှ ဆဲလွှတ်တယ်။
အကောင့်ကို အမျိုးသမီးနာမည်နဲ့သုံးတယ်..

ခုလဲ ကျနော်နဲ့ပြောရင်းတန်းလန်းကို ပုံတွေ တင်နေ ပို့နေတယ်။

ရပ်နီးဝန်းကျင်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို
အကူညီတောင်းပါရစေခင်ဗျာ..

ထိုင်းမှာရော ပြည်တွင်းမှာပါ ချိတ်ဆက်ဆောင်ရွက်ပါမယ်။

#ASV team
#aungzabu_kyawhein

Against Sexual Violence (ASV Team)

04 Apr, 17:02


မနက်က Case ကို အာရုံစိုက်နေရတာနဲ့ တစ်ရက်
နှစ်ရက် အကူညီလာတောင်းကြတဲ့ တခြား Case လေးတွေကို လစ်ဟာနေသလိုဖြစ်နေတယ်။

ရည်းစားဟောင်းဖြစ်သူနာမည်နဲ့ အကောင့်တုဖွင့် တောက်လျှောက် နှစ်ကိုယ်ကြား Private အချက်အလက်တွေ တင်နေဖြန့်နေတဲ့ Case လေး
ခုဖြေရှင်းလို့ ကတိရခဲ့ပါတယ်။

ကတိမှတ်တမ်း အနေနဲ့ အတည်ပြုထားပါဦးမယ်။

Victim ဘက်ကလဲ ဆက်မနှောက်ယှက်ပဲ ကတိပေးရင် ကျေနပ်နိုင်တယ်ပြောလို့ ဒီလောက်နဲ့ပဲရပ်ပေးလိုက်တာပါ။
သန်မာရဲရင့်တဲ့ အမျိုးကောင်းသမီးလေးဖြစ်ပါစေ။

အားလုံး Good night 😴 ပါခင်ဗျာ


Aung ZaBu Kyaw Hein

Against Sexual Violence (ASV Team)

04 Apr, 16:05


မနက်က ကျနော် တင်ခဲ့ ရန်ကုန် Case က Target ဖြစ်သူ နဲ့ အကြေအလည် အခြေအတင်တွေထိ ဖုန်းနဲ့ ပြောခဲ့ပါတယ်။

ဒီ ပုံတွေ Video တွေနဲ့ ဆက်မခြိမ်းခြောက်တော့ပါဘူးကတိလဲ အကြိမ်ကြိမ် ရခဲ့ပါတယ် ။
ဒီအတွက် ပိုစ့်ကို ဖျက်လိုက်တာပါ။

အဲဒီကတိကို မင်းက ယုံကြည်နိုင်လို့လားလို့ မေးစရာရှိနိုင်ပါတယ် ။
ဒီအခြေနေကို ရပ်တန်းက ရပ်ဖို့အတွက်
ကျနော်ဘက်က သံဿယ ဆိုတာထက်
အရင်ယုံပေးမှ ဖြစ်ပါမယ်။

ကျနော့် ပုဂ္ဂိုလ်ရေးခံစားချက်က ဒုတိယအဆင့်ပါ Victim ဘေးကင်းလုံခြုံဖို့နဲ့ သိက္ခာမထိခိုက်ဖို့ ပိုပြီးအရေးကြီး ဦးစားပေးပါတယ်။

ဒါမို့ အဲဒီကတိအပေါ် ယုံကြည်မှုအရ ပိုစ့်ဖျက်ထားပြီး ကျနော် ပါဝင် ပတ်သက်နေခြင်းကို ရပ်ပေးတဲ့သဘောပါ။
ကျနော် နဲ့ ချိတ်ဆက်မိနေသမျှ အဖွဲ့အားလုံးကိုလဲ ဒီCase နဲ့ ပက်သက်ပြီး ဆက်မလှုပ်ရှားဖို့အခြေနေကိုအကျိုးအကြောင်း သေချာ ရှင်းပြ ထားလိုက်ပါ့မယ်။

ကတိဆိုတာ ပေးပြီးရင် တည်ရပါမယ်။
တည်မယ်လို့လဲ မျှော်လင့်ပါတယ်။

ထပ်ပြောရရင် ကတိ တည်ဖို့လိုကို လိုအပ်ပါတယ်။

Aung ZaBu Kyaw Hein

Against Sexual Violence (ASV Team)

29 Mar, 16:47


ဟဲလို Good night ပါဗျာ

လွတ်မြောက်ခြင်းတစ်ချို့ လာပြတာပါ။
နေကောင်းကျန်းမာ ဘေးကင်းကြပါစေ

18,796

subscribers

91

photos

1

videos