Wun Zinn @wunzinnebookstore Channel on Telegram

Wun Zinn

@wunzinnebookstore


Wun Zinn (English)

Welcome to Wun Zinn, your go-to destination for all things literary! Whether you're a bookworm looking for your next read or a casual reader wanting to explore new genres, wunzinnebookstore has got you covered. With a wide selection of e-books and audiobooks available for download, you can immerse yourself in captivating stories anytime, anywhere. From bestsellers to hidden gems, our channel offers something for everyone. Stay updated on the latest releases, recommendations, and exclusive offers by joining our growing community of book lovers. Expand your literary horizons and discover new authors and titles to add to your reading list. Don't miss out on the opportunity to explore the world of literature with Wun Zinn!

Wun Zinn

20 Dec, 10:40


သစ္စာတရားကိုအခြေခံပြီး ရေးဖွဲ့ထားတဲ့ ဆရာမသျှင်မရဲ့ အချစ်ဝတ္ထုနှစ်အုပ်

၁။ ဝတ္ထုအမည် 📒 ဂန္ထဝင်ချစ်ထုံး
စာရေးဆရာမ 🖊 သျှင်မ

တစ်ခါတလေ အချစ်ဆိုတာနဲ့ မထိတွေ့ခင် အမုန်းနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ကိုယ် စတင်ရင်ဆိုင်လိုက်ရတာက အမုန်းနဲ့ အခက်အခဲဆိုပြီး အဲဒီနေရာမှာတင် လက်လျှော့သွားမယ်ဆိုရင်တော့ တကယ့် သာယာလှပတဲ့ချစ်ခြင်းနဲ့ လွဲရတာမျိုးလည်း ကြုံတတ်ပါသေးတယ်။ ဒီဝတ္ထုထဲမှာတော့ အဲဒီလို ဆန့်ကျင်ဘက်ဆန်တဲ့ အရာတွေ ထိပ်တိုက်တွေ့ကြတာကို မြင်ရမှာပါ။ ဂန္ထဝင်ချစ်ထုံး ဆိုတဲ့အတိုင်းပဲ ဒီစာအုပ်ဟာ သျှင်မရဲ့ အချစ်ဝတ္ထုကောင်းတွေထဲကမှ ဂန္ထဝင်ဆန်တဲ့ လက်ရာမျိုး ဖတ်ချင်သူတွေ အကြိုက်တွေ့မယ်။ ပရိသတ် အားပေးမှုကြမ်းတဲ့ ဝတ္ထုလည်း ဖြစ်ပါတယ်။ ထက်မြက်တဲ့ လူနှစ်ယောက်၊ အမုန်းတွေနဲ့ စတင်ထိတွေ့ခဲ့ကြတဲ့အခါ ဖြစ်လာတဲ့ ဇာတ်လမ်းတွေက စိတ်လှုပ်ရှားစရာတွေချည်းပါပဲ။ ဖတ်ကြည့်၊ ကြိုက်မှာသေချာပါတယ်။

ဝတ္ထုဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK3584&type=sellbook&label=202320_10_1_BOK3584

၂။ ဝတ္ထုအမည် 📒 တကယ်ပါ မင်းတစ်ယောက်ကိုပဲ
စာရေးဆရာမ 🖊 သျှင်မ

တချို့ဘဝတွေက တခြားသူတွေထက် အဆများစွာ ကြမ်းတမ်းတတ်တယ်။ မိဘမရှိတော့လို့ သူများအိမ်မှာ ကပ်နေရပြီး အနှိမ်ခံရတဲ့ဘဝတွေက ပိုပြီးတော့ ဆိုးရွားတယ်။ အိမ်မှာရှိတဲ့လူတွေက နှိမ်လိုက်၊ နှိပ်စက်လိုက်နဲ့ဆိုတော့ တွေးကြည့်တာနဲ့တင် တော်တော်ပင်ပန်းမှာ။ လင်းရာသီ ဆိုတဲ့ကောင်မလေးက အဲဒီ ဒုက္ခတွေကို ခံနေရတဲ့သူ။ သူ့ဘဝမှာ ပျော်စရာဆိုတာနည်းတယ်။ အလုပ်က ပင်ပင်ပန်းပန်းပြန်လာလို့ အိမ်ရောက်တဲ့အခါ နားနားနေနေ နေရမယ်မထင်နဲ့ ထမင်းဝအောင်စားရမယ်မထင်နဲ့ ခိုင်းတာတွေ၊ ဆဲဆိုမှုတွေက အိမ်ဝက ဆီးကြိုနေတာ။ အဲဒီလို ဒုက္ခတွေကြားထဲနေရသူတစ်ယောက်ရဲ့ ဘဝထဲ သူ့ကိုအရမ်းဂရုစိုက်တဲ့လူတစ်ယောက် ဝင်လာတဲ့အခါမှာတော့ … ဒီဝတ္ထုက ခံစားချက်မျိုးစုံ ခံစားရစေတဲ့ဝတ္ထု၊ ဖတ်လို့လည်းအရမ်းကောင်းတယ်။ ဖတ်ချင်လို့ဆိုပြီး ဆိုင်မှာပြေးရှာမနေနဲ့တော့၊ ဝန်ဇင်းမှာ အခုချက်ချင်း ဈေးသက်သက်သာသာနဲ့ ဝယ်ဖတ်လိုက်ပါတော့!

ဝတ္ထုဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK3595&type=sellbook&label=202320_10_2_BOK3595

📚 ဝတ္ထုကောင်းတွေဖတ်ဖို့
Wun Zinn app download link
http://bit.ly/wz_play

💛 Hotline - 09880894610

Wun Zinn

19 Dec, 10:52


လောကဓံရဲ့ ဖိနှိပ်မှုပေါင်းစုံကို သန်မာတဲ့ စိတ်ခံစားချက်နဲ့ ကျော်ဖြတ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ‼️

စာအုပ်အမည် 📒 မာလာရီ
စာရေးဆရာမ 🖊 ဂျာနယ်ကျော်မမလေး

မာလာရီဆိုတာက စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ နာမည်ကြီး စာအုပ်တစ်အုပ်ပါ။ ဇာတ်မင်းသမီး၊ ပြဇာတ်မင်းသမီးဘဝကနေ တစ်ဆင့်တက်ပြီး ချစ်သက်ဝေ ဆိုတဲ့ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီကိုစတင်ရယူခဲ့တဲ့ မင်းသမီးကြီး ကြည်ကြည်ဌေးရဲ့ ဘဝဇာတ်ကြောင်းကို ဒီစာအုပ်ထဲမှာ အံ့ဩဖွယ် မြင်တွေ့ရမှာပါ။

ကြမ်းတဲ့လှတဲ့ ဘဝရဲ့အထုအထောင်းတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကိုယ်ဝါသနာပါတဲ့အလုပ်ကို အပြုံးမပျက်လုပ်နိုင်တဲ့သူ။ မိခင်ဖြစ်သူ ဆိုဆုံးမတဲ့ ဘဝသင်ခန်းစာတွေကို နားထောင်ပြီး ဘဝကိုရှေ့ဆက်ရဲသူ။ ယောက်ျားရလည်းကံမကောင်း။ အနှိပ်စက်ခံ ရှင်သန်ခဲ့ရတယ်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ခဲ့ရတယ်။ လင်ယောက်ျားဆိုးသွမ်းသမျှကို ရင်စည်းခံခဲ့ရတယ်။ နိုင်ငံကျော် အကယ်ဒမီဆုရ မင်းသမီးကြီးဖြစ်ပေမဲ့ နှစ်ပေါင်းများစွာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ရှင်သန်ခဲ့ရတယ်။

ဒီစာအုပ်က ရှင်းရှင်းပြောရရင် ရုပ်ရှင်မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေးရဲ့ အတ္ထုပ္ပတ္တိ။ သူရဲ့နာကျင်စရာကောင်းတဲ့ဘဝဇာတ်ခုံကို ဂျာနယ်ကျော်မမလေးက အနီးကပ်လေ့လာပြီး ရေးဖွဲ့ထားတာ။ ဒီစာအုပ်ထဲမှာ လောကဓံရဲ့ဖိနှိပ်မှုပေါင်းစုံနဲ့ သန်မာတဲ့ စိတ်ခံစားချက်တွေကို တွေ့ရှိခံစားရမယ်၊ နာကျင်မှု၊ ဝမ်းနည်းမှုတွေကိုလည်း ပူဆွေးစွာ ခံစားရမယ် .... ဆိုရရင် ဒီစာအုပ်က တကယ်ကို လက်မလွှတ်တမ်း ဖတ်ဖူးသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။

စာအုပ်ဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK1077&type=sellbook&label=202319_10_14_BOK1077

📚 စာအုပ်ကောင်းတွေဖတ်ဖို့
Wun Zinn app download link
http://bit.ly/wz_play

💛 Hotline - 09880894610

Wun Zinn

12 Dec, 11:06


ဘဝမှာ ဖတ်ကိုဖတ်ကြည့်သင့်တဲ့ ဘာသာပြန်လက်ရာကောင်းနှစ်အုပ်

၁။ ဝတ္ထုအမည် 📒 မျှော်တလင့်လင့်
ဘာသာပြန်စာရေးဆရာ 🖋 မောင်ထွန်းသူ

အင်္ဂလိပ်စာပေသမိုင်းမှာ အကျော်ကြားဆုံး စာရေးဆရာကြီး Charles Dickens ရဲ့ Great Expectations ဆိုတဲ့ ကမ္ဘာကျော် ဂန္ထဝင်ဝတ္ထုကြီးကို ဆရာမောင်ထွန်းသူ မြန်မာဘာသာပြန်ဆိုခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဆရာကြီး ရွှေဥဒေါင်းကလည်း အကျဉ်းအဖြစ် ဘာသာပြန်ဆိုခဲ့ဖူးပါတယ်။ မျှော်တလင့်လင့် ဝတ္ထုကြီးဟာ သည်းထိတ်ရင်ဖို ဝတ္ထုမဟုတ်ဘဲ၊ လူတို့ရဲ့ စရိုက်ကို သဘာဝကျကျ ဖော်ကျူးထားတဲ့ ရသဝတ္ထုရှည်ကြီးတစ်ပုဒ် ဖြစ်သလို၊ ချားလ်စ်ဒစ်ကင်းရဲ့ ဝတ္ထုများစွာအနက်မှာမှ အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ ဂန္ထဝင်စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘမဲ့အဖြစ်နဲ့ စရိုက်ကြမ်းတဲ့ အစ်မဝမ်းကွဲအိမ်မှာ နေထိုင်ခဲ့ရတဲ့ ပစ်ပ်ဆိုတဲ့ လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှု အချိုးအကွေ့များစွာကို ပစ်ပ်နဲ့အတူ လိုက်ပါစီးမျောရင်း ကမ္ဘာ့ဂန္ထဝင် ဆိုတဲ့အရသာကို ခံစားကြည့်လိုက်ရအောင် !

ဝတ္ထုဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK5157&type=sellbook&label=202312_12_40_BOK5157

၂။ ဝတ္ထုအမည် 📒 အို - ဂျေရုဆလင်
ဘာသာပြန်စာရေးဆရာ 🖋 ကျော်အောင်

အစ္စရေး - ပါလက်စတိုင်း စစ်ပွဲ ပဋိပက္ခ ဖြစ်ပေါ်ပုံနှင့် အစ္စရေးနိုင်ငံ သမိုင်းကြောင်းကို သိလိုလျှင် အဖတ်သင့်ဆုံးစာအုပ်ဖြစ်သည်။ ပြင်သစ်စာရေးဆရာ ဒိုမိနစ် လာပျားနှင့် အင်္ဂလန်ဖွား အမေရိကန်သတင်းစာဆရာ လာရီကောလင်းတို့နှစ်ဦး ပူးပေါင်းရေးသား၍ ၁၉၇၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော သမိုင်းမှတ်တမ်းတင် စာအုပ်ဖြစ်သည့် O Jerusalem! အား ဆရာကျော်အောင်က “အို ဂျေရုဆလင်” အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

မြေထဲပင်လယ် ကမ်းခြေအရှေ့ဘက်နှုတ်ခမ်းပေါ်ရှိ နယ်မြေအပိုင်းအစကလေး တစ်ခု၊ ဒိန်းမတ်နိုင်ငံ တစ်ဝက်မျှသာကျယ်ဝန်း၍ စကြဝဠာတွင် ရှေးဟောင်းမြေပုံ ရေးဆွဲသူများ၏ အချက်အချာဒေသတစ်ခုအဖြစ်၊ ယဉ်ကျေးမှု အမွေအနှစ်များစတင်ရာ ဇာတိဟူ၍ အငြင်းပွားခဲ့ရသော ဂျေရုဆလင်မြို့နှင့် အစ္စရေး - ပါလက်စတိုင်း၊ အာရပ်နိုင်ငံများတို့၏ သမိုင်းမှတ်တမ်းများကို ဝတ္ထုဆန်ဆန် ဖတ်ရှုရမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်လေသည်။

ဝတ္ထုဖတ်ရန်လင့်ခ်👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK2921&type=sellbook&label=202312_12_42_BOK2921

📚 ဝတ္ထုကောင်းတွေဖတ်ဖို့
Wun Zinn app download link
http://bit.ly/wz_play

💛 Hotline - 09880894610

Wun Zinn

06 Dec, 10:34


ဆရာသိုးဆောင်းရဲ့ လက်ရာကောင်းတွေထဲက သုံးအုပ်

၁။ စာအုပ်အမည် 📒 သိသောသူမည်ကား ကြားပါစေ
စာရေးဆရာ 🖋 သိုးဆောင်း

'အနုပညာ ဖန်တီးမှု သက်သက်ဖြစ်ပါသည်။ ရွှေသုန္ဒရီသီချင်း ကောင်းမွန်သော ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်အား သွေဖည်ပျက်စီးစေလိုသော ဆန္ဒ တစ်စုံတစ်ရာ မရှိပါ။ ထိုသို့ ဖြစ်သွားပါက ဂီတစာဆို စိန်မောင်မြင့်နှင့် ရွှေသုန္ဒရီ ပရိသတ်ကြီးအား အထူးပင်တောင်းပန်ရပါကြောင်း ...' ဆိုတဲ့ ဝန်ခံချက်နိဒါန်းနဲ့ အစပျိုးထားတဲ့ ဒီဇာတ်လမ်းလေးက စိတ်ဝင်စားစရာပါပဲ။ ဆရာသိုးဆောင်းရဲ့ လက်ရာကောင်း စာအုပ်တွေထဲမှာ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

'သူဟာ ကောင်မလေးတစ်ယောက်ကို ဆောင်းတွင်းလေးတစ်ခုလို ချစ်ခဲ့ဖူးပါတယ်။ ဆောင်းတွင်းလေး နွေးစေဖို့ သူ့ကိုယ်သူ မီးအဖြစ် အကြိမ်ကြိမ် မွှေးပေးခဲ့ဖူးပါတယ်။ ရောင်နီသွေးတိုင်း ဝေးမှာစိုးလို့ နေလုံးကြီးကိုလည်း ကျောအပြည့် ကွယ်ပေးခဲ့ဖူးပါတယ်။ နွေဆိုတဲ့ အရာနဲ့ မုတ်သုန်ဆိုတဲ့ စကားလုံးကိုလည်း မဆီမဆိုင် အမိုက်ဇာတ်သွင်းပစ်ခဲ့ဖူးပါတယ်' တဲ့။ ဒီလို အစချီထားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်။

စာအုပ်ဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK0790&type=sellbook&label=20236_15_36_BOK0790

၂။ စာအုပ်အမည် 📒 သင်ပြန်လာရမှာပါ
စာရေးဆရာ 🖋 သိုးဆောင်း

မီးတွင်းကုန်းရွာလေးဆိုတာ သိပ်ကိုသာယာတဲ့ရွာလေးပေါ့။ အလုပ်အကိုင်အဆင်ပြေတဲ့ နယ်မြို့လေးတစ်မြို့ရဲ့ အနီးအနားမှာရှိတော့ ရွာသားတွေရဲ့ စားဝတ်နေရေးချောင်လည်ကြတဲ့အပြင် စက်ဘီးလေးတွေ၊ ဆိုင်ကယ်လေးတွေလည်းရှိကြတော့ သွားရေးလာရေးလည်း အဆင်ပြေပါတယ်။ ညအချိန်မတော်တယ်ဆိုတာမျိုးမရှိဘဲ အမြဲမပြတ်လူစည်ကားပါတယ်။ သူတို့ရွာသားတွေမသွားရဲတာတစ်နေရာဘဲ ရှိပါတယ်။ အဲဒါကတော့ မန်းကျည်းပင်တန်းပါ။

မသွားရဲတာကလည်း အကြောင်းရှိပါတယ်။ မန်းကျည်းပင်တန်းအောက် ညကြီးအချိန်မတော်ရောက်မိရင် သရဲကြီးတစ်ကောင်က သူသိချင်တဲ့မေးခွန်းတွေနောက်ကလိုက်ပြီးမေးတော့တာပါ။ တချို့ဆို စိတ်လွတ်သူကလွတ်၊ ထွက်ပြေးသူကပြေးနဲ့ပေါ့။ တစ်ရက်တော့ ဖိုးခွားဆိုတဲ့ ကျောင်းဆရာလေး မိခင်ဖြစ်သူဆီကိုပြန်ဖို့ မန်းကျည်းပင်တန်းရှေ့အဖြတ် နာမည်ကြီးနေတဲ့ သရဲကြီးနဲ့တွေ့ကာ သူမေးတဲ့မေးခွန်းတွေကို ဖြေဖို့ဖြစ်လာပါတော့တယ်။

စာအုပ်ဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK0964&type=sellbook&label=20236_15_11_BOK0964

၃။ စာအုပ်အမည် 📒 သစ္စာမဖောက်ကြေးစာချုပ်
စာရေးဆရာ 🖋 သိုးဆောင်း

သော်သော်ဆိုတာ ဒုတိယနှစ်၊ သင်္ချာမေဂျာအထူးပြုကျောင်းသားလေးပါ။ မိဘတွေက ရန်ကုန်ကိုပြောင်းလာကြတာမို့ သူလည်းကျောင်းပြောင်းတက်ဖို့ ဖြစ်လာပါတယ်။ ပထမဆုံးကျောင်းတက်တဲ့နေ့မှာပဲ အဆောင်ရှာမရတဲ့ ပြဿနာနဲ့ အခန်းရှာမရတဲ့ ပြဿနာစတက်ပါတယ်။ ကျောင်းသားတွေသာဆို နောက်ပြောင်ကြမှာစိုးတဲ့စိတ်နဲ့ ကျောင်းသူလေးတွေကို လမ်းမေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပထမဆုံးတွေ့ရတဲ့ ကျောင်းသူလေးကို သင်္ချာဆောင်မေးရာမှာ ဓူဝံကြယ်ရှိတဲ့အရပ်လို့ဖြေခဲ့ပြီး နောက်တစ်ယောက်ကို အခန်းနံပါတ်မေးရာမှာ သရဲခြောက်တဲ့အခန်းလို့ ဖြေပါလေရော။ အဲဒီထူးဆန်းတဲ့ကျောင်းသူလေးနှစ်ယောက်က ဘယ်သူလဲ? သစ္စာမဖောက်ကြေးစာချုပ်ဆိုတာကရော ဘာလဲ? ဆရာသိုးဆောင်းရဲ့ စာအုပ်ဆိုတော့ အများကြီးမညွှန်းတော့ဘူးဗျာ။ ဖတ်ကြည့်လိုက်လို့ပဲ ပြောပါရစေ။

စာအုပ်ဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK0448&type=sellbook&label=20236_15_33_BOK0448

📚 စာအုပ်ကောင်းတွေဖတ်ဖို့
Wun Zinn app download link
http://bit.ly/wz_play

💛 Hotline - 09880894610

Wun Zinn

05 Dec, 11:07


ဘဝအောင်မြင်ရေးအတွက် ဖတ်သင့်သောစာအုပ်များ

၁။ စာအုပ်အမည် 📒 အချိန်တိုင်းနေရာတိုင်း၌ လူတိုင်းနှင့်စကားပြောနည်း
ဘာသာပြန်စာရေးဆရာ 🖊 မောင်မြတ်မိုး

နယ်ပယ်အသီးသီးမှာ အောင်မြင်နိုင်ဖို့ စကားပြောစွမ်းရည်ဟာလည်း မဖြစ်မနေလိုအပ်ပါတယ်။ ဒီစာအုပ်ထဲမှာ စကားပြောစွမ်းရည် သူများထက်ကောင်းဖို့အတွက်၊ အခြေအနေနဲ့ အချိန်အခါအလိုက် လိုက်လျောညီထွေအောင် ပြောဆိုတတ်စေဖို့အတွက်၊ အခန်း(၁၂) ခန်းခွဲပြီး ရေးသားတင်ပြထားပါတယ်။ ဒီစာအုပ်ဟာ တခြား စကားပြောခြင်းဆိုင်ရာ စာအုပ်တွေနဲ့မတူတဲ့ ထူးခြားချက်တွေ ရှိနေပါတယ်။ ပေါ့ပါးသွက်လက်တဲ့ ဘာသာပြန်လက်ရာနဲ့အတူ လေ့လာကြည့်ပါဦးဗျ။

စာအုပ်ဖတ်ရန်လင့်ခ်👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK1286&type=sellbook&label=20235_10_19_BOK1286

၂။ စာအုပ်အမည် 📒 အရှုံးကိုလက်မခံလိုက်ပါနဲ့
ဘာသာပြန်စာရေးဆရာ 🖊 လောကသစ္စာ

အရှုံးနဲ့ စတင်ပြီးမှ သင်ခန်းစာရတာ မဟုတ်ပါဘူး။ ဘဝမှာ တကယ်ဆို ဘယ်သူမှ မရှုံးကြပါဘူး။ စ မွေးဖွားလာကတည်းက ငိုကြွေးတယ်။ ကိုယ်လုံးတီးနဲ့လာတယ်။ ကဲ... ဘာများပါလို့လဲ..။ အရှုံးကို လက်မခံလိုက်ပါနဲ့ ကျွန်တော်တို့ဟာ အောင်မြင်ချင်တယ်၊ တိုးတက်ချင်တယ်၊ ကြီးပွားချင်တယ်။ ဒါ... လူတိုင်း ဖြစ်ချင်တဲ့ ဆန္ဒပါ။ ဒါပေမဲ့ အောင်မြင်မှုတစ်ခုစီကိုပဲ ရှာဖွေပြေးလွှားနေသရွေ့ ကျွန်တော်တို့နဲ့ အောင်မြင်မှုက ဝေးနေဦးမှာပဲဗျ...။

စာအုပ်ဖတ်ရန်လင့်ခ်👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK28732&type=sellbook&label=20235_11_56_BOK28732

၃။ စာအုပ်အမည် 📒 ဘဝနေနည်း အနုပညာ
ဘာသာပြန်စာရေးဆရာ 🖊 မြသန်းတင့်

ဘဝမှာ အောင်မြင်ပျော်ရွှင်မှုကို လိုချင်တပ်မက်ကြပေမဲ့ လူတိုင်းရခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဒါဆိုရင် စွန့်လွှတ်လက်လျှော့ နေကြမှာလား။ မဟုတ်ပါဘူး။ စွယ်စုံစာပေပညာရှင်ကြီး ဆရာကြီးမြသန်းတင့်က ဘဝရဲ့သဘောကို ဖွင့်ဆိုရင်း အောင်မြင်ပျော်ရွှင်စွာ နေနည်းကိုလည်း ဘာသာပြန် ပြုစုပေးသွားခဲ့ပါတယ်။ ဒီစာအုပ်ကို ပြင်သစ်စာရေးဆရာ အင်ဒရေမော်ရွိုင်းက ၁၉၄၀ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ပြီး ယခုအချိန်အထိ ဘာသာအသီးသီးနဲ့ အကြိမ်ကြိမ်ပြန်ဆိုထုတ်ဝေနေရဆဲ ဖြစ်ပါတယ်။

စာအုပ်ဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK1075&type=sellbook&label=20235_12_7_BOK1075

၄။ စာအုပ်အမည် 📒 ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ
ဘာသာပြန်စာရေးဆရာ 🖊 ညီသစ်

အောင်မြင်ရေး၊ ကြီးပွားရေး လမ်းစဉ်တွေနဲ့ ပတ်သက်ပြီး စာအုပ်တွေ အများကြီးထွက်ရှိသလို ငွေကြေးနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမဲ့ ဒီစာအုပ်က အဲဒီစာအုပ်တွေနဲ့ မတူဘဲ ပုံစံကွဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ့်ဖြစ်ရပ်မှန်သင်ခန်းစာတွေကို စာအုပ်ထဲမှာ ဖော်ပြထားတာဖြစ်လို့ပါ။ ငွေတွေလက်ထဲမှာ အများအပြားစုဆောင်းမိမှ ချမ်းသာရမယ့် နည်းလမ်းတွေမဟုတ်ဘဲ ငွေကြေးဆိုင်ရာနဲ့ ပတ်သက်တဲ့ တွေးခေါ်မှုသင်ခန်းစာတွေကို သင်ယူရမှာပါ။

စာအုပ်ဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK6380&type=sellbook&label=20235_10_58_BOK6380

📚 စာအုပ်ကောင်းတွေဖတ်ဖို့
Wun Zinn app download link
http://bit.ly/wz_play

💛 Hotline - 09880894610

Wun Zinn

17 Nov, 08:21


ဒီတစ်ပတ် သောကြာနေ့မှာ "အခမဲ့" ဖတ်ရှုလို့ရမယ့် စာအုပ်များ

မင်္ဂလာပါ ဝန်ဇင်းက စာဖတ်ပရိသတ်တို့ခင်ဗျာ ...

ဒီနေ့က သီတင်းပတ်တစ်ပတ်ရဲ့သောကြာနေ့လေးဆိုတော့ ဝန်ဇင်းရဲ့ "အခမဲ့" အစီအစဉ်လေး အလှည့်ကျရောက်လို့လာပြီပေါ့နော်။ ဒီတစ်ပတ်မှာတော့ စာဖတ်ပရိသတ်တို့အတွက် အချစ်၊ အလွမ်း ရသဝတ္ထုများစာအုပ်တွေကို "အခမဲ့" ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။ နောက်အပတ်သောကြာနေ့မှာရော ဘယ်လိုစာအုပ်ကောင်းတွေကို "အခမဲ့" ဖတ်ရှုနိုင်အောင် စီစဉ်ပေးမှာလဲဆိုတာသိရအောင် စောင့်ကြည့်ပေးကြဦးနော်။ ပျော်ရွှင်စရာသောကြာနေ့လေးကို ပိုင်ဆိုင်ကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

ဒီနေ့ကစပြီးတော့ (၁၉.၁၁.၂၀၂၃) အထိ သုံးရက်ပဲ အခမဲ့ ဖတ်ရှုခွင့်ရမှာဖြစ်လို့ စာအုပ်တွေကို အမြန်ဒေါင်းထားဖို့ လိုမယ်နော် ...

"အခမဲ့ " ဖတ်လို့ရမယ့် စာအုပ်တွေကတော့ 👇👇👇

📒 ယုံကြည်ရင်တူတူနေမယ်
http://www.wunzinn.com/wzbook?name=wunzinn&id=BOK4166&type=sellbook&label=202317_10_41_BOK4166

📒 ချစ်လျှင်ချစ်ကြောင်း
http://www.wunzinn.com/wzbook?name=wunzinn&id=BOK5343&type=sellbook&label=202317_10_42_BOK5343

📒 ရင်နှင့်အမျှ မြတ်နိုးရသည်မို့
http://www.wunzinn.com/wzbook?name=wunzinn&id=BOK1248&type=sellbook&label=202317_10_42_BOK1248

📒 ကျွန်မရဲ့ထိုပုရိသ
http://www.wunzinn.com/wzbook?name=wunzinn&id=BOK5665&type=sellbook&label=202317_10_43_BOK5665

ကဲ … အခုပဲ Wun Zinn App ထဲကိုဝင် အရောင်းကဏ္ဍထဲက "အခမဲ့" ထဲမှာ ဖတ်လို့ရနိုင်ပါပြီ 🥳

📚 ဝတ္ထုကောင်းတွေဖတ်ဖို့
Wun Zinn app download link
http://bit.ly/wz_play

💛 Hotline - 09880894610

Wun Zinn

14 Nov, 09:32


ဘာသာပြန် (သုတ/ရသ) စာအုပ်ကောင်းတွေဖတ်ချင်ရင် ဒီစာအုပ်တွေကို ဖတ်ကြည့်ပါ

၁။ စာအုပ်အမည် 📒 ဆိုက်ဝါးထည့်ခြင်း အတတ်ပညာ
ဘာသာပြန်စာရေးဆရာ 🖊 ရဲမင်းဝင်း (မြန်မာပြန်)

ဒီစာအုပ်ကနေ ဆိုက်ဝါးအန္တရာယ်တွေကို တစ်ထောင့် တစ်နေရာက ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ စာအုပ်မှာပါဝင်တဲ့ စိတ်ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများကို စာဖတ်သူတိုင်း နားလည်လွယ်မယ့် စကားလုံးတွေ အသုံးပြုပြီး ဘာသာပြန်ဆိုထားပါတယ်။ စာဖတ်သူအားလုံး မိမိတို့အပေါ် ကျရောက်လာမယ့် ဆိုက်ဝါးအန္တရာယ်များကို ကာကွယ်နိုင်ပြီး အကြောက်တရားကင်းစွာနဲ့ လွတ်လပ်သာယာဝပြောတဲ့ ဘဝတွေကို တည်ဆောက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

စာအုပ်ဖတ်ရန်လင့်ခ်👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK20452&type=sellbook&label=202314_12_33_BOK20452

၂။ စာအုပ်အမည် 📒 ပါပီလွန်နှင့် ဗင်ကို
ဘာသာပြန်စာရေးဆရာ 🖊 ဦးလှဝင်း(လေသူရဲတစ်ဦး)

ပါပီလွန်ဆိုတာ သူ မကျူးလွန်မိတဲ့ လူ Thet မှု တစ်ခုကို သူ Thet ပါတယ်ဆိုပြီး အကျင့်ပျက် ပုလိပ်တွေ၊ ဆွဲချတွေက စွပ်စွဲတာကြောင့် တရားခံဖြစ်ခဲ့ရပြီး ပြန်လမ်းမရှိတဲ့ တစ်ကျွန်းကို အပို့ခံရသူတစ်ယောက်။ သူ့ဘဝဟာ အဆုံးသတ်တော့မလို ဖြစ်နေပေမဲ့ သူဟာ တစ်ချက်ကလေးမှ စိတ်ဓာတ်မကျခဲ့ဘူး။ ကြမ်းတမ်းလှပါတယ်ဆိုတဲ့ တစ်ကျွန်းကနေ သူလွတ်မြောက်ဖို့ ကြိုးစားတယ်။

ပင်လယ်ထဲမှာရှိပြီး ကမ္ဘာပေါ်မှာ အရက်စက်ဆုံးလို့ ပြောစမှတ်ပြုကြတဲ့ ပြင်သစ်အကျဉ်းထောင်တွေပေါ်က လူမဆန်တဲ့ နှိပ်စက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးခံရမှုတွေ၊ သွေးပျက်ဖို့ကောင်းတဲ့ နှိပ်စက်ခန်းတွေ၊ ရန်ပွဲတွေကြားက လက်စဖျောက်ခံရမှုတွေ၊ ကြောက်ဖို့ကောင်းတဲ့ အကျင့်ပျက်ဝန်ထမ်းတွေကြားကနေ သူဟာ ကျွန်းပေါင်းများစွာ၊ ထောင်ပေါင်းများစွာကို ရောက်ခဲ့တယ်။ အကြိမ်ပေါင်းများစွာ ထွက်ပြေးလွတ်မြောက်ခဲ့တယ်၊ ပြန်ပြီး အဖမ်းခံရတယ်။

ဒီလို ပါပီလွန်နဲ့ အတူ ပင်လယ်ကြီးကို ဖြတ်သန်းကြည့်ပါ... ငရဲတမျှကြောက်ဖို့ကောင်းတဲ့ အကျဉ်းထောင်တွေထဲ နေထိုင်ကြည့်ပါ... သူနဲ့အတူ လွတ်လပ်မှုကို မြတ်နိုးပါ... ကတိသစ္စာကို လေးစားပါ... မဟုတ်မခံစိတ်ရှိပါ... ဇွဲလုံ့လကိုမြှင့်တင်ကြည့်ပါ... လို့ ပြောရင်း ဒီဝတ္ထုကို ဖတ်ဖို့ညွှန်းဆိုလိုက်ပါရစေ...။

စာအုပ်ဖတ်ရန်လင့်ခ်👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK4170&type=sellbook&label=202314_12_34_BOK4170

၃။ စာအုပ်အမည် 📒 ဘယ်တော့မှ လက်မလျှော့နဲ့ (ဂျက်မားရဲ့စကားများ)
ဘာသာပြန်စာရေးဆရာ 🖊 သွယ်သွယ်မျိုးညွန့်

တရုတ်ပြည်ရဲ့ စွန့်ဦးတွေးခေါ်သူတစ်ဦးဖြစ်တဲ့ ဂျက်မားဆိုတာ မသိသူမရှိသလောက် မျက်မှောက်ခေတ်ရဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦး။ ကမ္ဘာ့အချမ်းသာဆုံး လူတွေထဲက တစ်ယောက်ဖြစ်ပြီး လက်ရှိ သူ့ရဲ့အသားတင်ပိုင်ဆိုင်မှုက (၅၀) ဒသမ (၄) ဘီလီယံဒေါ်လာအထိ ရှိနေတဲ့ အောင်မြင်ကျော်ကြား ထင်ရှားသူ။ အလီဘာဘာရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်အောင် ကြိုးစားနိုင်ခဲ့တဲ့ သူ့ရဲ့ ငယ်ဘဝမှာတေ့ ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားရမှုတွေ အပြည့်ပါပဲ။

ဒီစာအုပ်ထဲမှာဆိုရင် ဂျက်မားရဲ့ အတွေးအခေါ်၊ အမြင်တွေ၊ သူ့ ခံယူချက်တွေနဲ့ သူ့ရဲ့ပြောစကားတွေကို စုစည်းပြီး ထိထိမိမိတင်ပြထားပါတယ်။ စာအုပ်ရဲ့ မူရင်းအမည်က Never Give Up Jack Ma In His Own Words ဖြစ်ပါတယ်။ နည်းနည်းဖတ် များများတွေးပြီး ကိုယ့်ဘဝနဲ့ ချိန်ထိုးနှိုင်းယှဉ်ရင်း တန်ဖိုးရှိတဲ့အချိန်တွေကို ဒီစာအုပ်ဖတ်ရင်း ကုန်ဆုံးဖို့ရာ ထိုက်တန်ပါတယ်။

📌 ငွေရဖို့ - စီးပွားရေးမှာ အောင်မြင်ဖို့အတွက် S (၃) လုံးရှိတယ်လို့ ဆိုကြတယ်။ ကြံ့ခိုင်ပါ၊ အတိုင်းအတာ သိပါ၊ ထိန်းထားပါ ဆိုတာတွေပါ။ ဒါပေမဲ့လည်း၊ ကျွန်တော့်အထင်တော့ လက်ရှိ အင်တာနက် စီးပွားရေးအတွက်ဆို အဲဒါတွေနဲ့ မရနိုင်ပါဘူး။ ခပ်ညံ့ညံ့ စီးပွားရေးသမားတွေသာ ရှုပ်ထွေးပြီး အပြိုင်အဆိုင်များတဲ့ အခြေအနေတွေမှာ သူတို့ ငွေရဖို့ ဘယ်လိုကြံစည်ခဲ့ရပုံတွေကို သူများကို ပြောပြမှာပေါ့။ (စာအုပ်မှ)

စာအုပ်ဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK4170&type=sellbook&label=202314_12_34_BOK4170

၄။ စာအုပ်အမည် 📒 ချုံကင်း
ဘာသာပြန်စာရေးဆရာ 🖊 ကျော်အောင်

တရုတ်ပြည်၊ ဇီချွမ်ပြည်နယ်၊ ချင်တူမြို့တွင် စာရေးသူဟန်စုယင်နှင့် သာသနာပြု ဆရာဝန်မာရီယန်မင်နလီတို့တွေ့ဆုံခဲ့ကြပါတယ်။ အကြောင်းမှာ ဟန်စုယင်သည် မာရီယန်တည်ထောင်‌သော သားဖွားဆေးရုံငယ်လေးတစ်ခုတွင် အလုပ်သင်သားဖွားဆရာမအဖြစ် တာဝန်ထမ်းဆောင်သောကြောင့်ဖြစ်ပါတယ်။ မာရီယန်ဟာ တရုတ်ပြည်တွေ အလိုအပ်ဆုံးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဝမ်းဆွဲသားဖွားအလုပ်ကို တက်နိုင်သည့်ဘက်ကနေ ကူညီပေးနေသူဖြစ်ပါတယ်။

Wun Zinn

14 Nov, 09:32


တစ်နေ့မှာတော့ မာရီယန်နဲ့ ဟန်စုယင်တို့ စကားစပ်မိကြရာကနေ မာရီယန်မှာ လူလူချင်းထားရှိသည့် မေတ္တာစေတနာတို့ကြား ပေါက်ဖွားလာတဲ့ အဖြစ်သနစ်တွေကို စာအုပ်တစ်အုပ်အဖြစ်ဖန်တီးလိုကြောင်း သိလာခဲ့ရပါတယ်။ ဒီအချိန်မှာပဲ စာရေးသူဟန်စုယင်မှာ သူ့တွင်ရေးသားထားသော မှတ်စုမှတ်ရာများရှိကြောင်း ပြောလိုက်ရာ သူတို့နှစ်ဦးပူးပေါင်းပြင်ဆင်ကာ အခက်အခဲပေါင်းများစွာအကြားမှ ရေးသားခဲ့တဲ့ ချုံကင်းကို ဆရာကျော်အောင်ရဲ့ သူမတူတဲ့ဘာသာပြန်လက်ရာကြားမှာ ဖတ်ရှုရမှာဖြစ်ပါတယ်။

စာအုပ်ဖတ်ရန်လင့်ခ် 👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK24582&type=sellbook&label=202314_12_35_BOK24582

📚 အချစ်ဝတ္ထုကောင်းတွေဖတ်ဖို့
Wun Zinn app download link
http://bit.ly/wz_play

💛 Hotline - 09880894610

Wun Zinn

13 Nov, 04:27


Quote of the day

ဘဝဆိုတာ ရဲရဲဝံ့ဝံ့စွန့်စားရတဲ့
စွန့်စားခန်းတစ်ခု ဖြစ်ရင်ဖြစ်
မဟုတ်ရင် အလကားပဲ .. ။

- Helen Keller

📚 ဝတ္ထုကောင်းတွေဖတ်ဖို့
Wun Zinn app download link
http://bit.ly/wz_play

💛 Hotline - 09880894610

Wun Zinn

10 Nov, 09:04


ဒီတစ်ပတ် သောကြာနေ့မှာ "အခမဲ့" ဖတ်ရှုလို့ရမယ့် စာအုပ်များ

မင်္ဂလာပါ ဝန်ဇင်းက စာဖတ်ပရိသတ်တို့ခင်ဗျာ...

အားလုံးမျှော်နေကြတဲ့ သောကြာနေ့လေးရောက်ပြီဆိုတော့ "အခမဲ့" အစီအစဉ်လေးရဲ့အချိန်ကျလာပြီပေါ့နော်။ ဒီတစ်ပတ်မှာတော့ စာဖတ်ပရိသတ်တို့အတွက်စိတ်ခွန်အားရစေနိုင်မယ့် စာအုပ်ကောင်းလေးအချို့ကို "အခမဲ့" ဖတ်ရှုလို့ရအောင် စီစဉ်ပေးလိုက်ပါတယ်။ နောက်အပတ်သောကြာနေ့တွေမှာလည်း ဘယ်လိုအမျိုးအစားစုံလင်တဲ့ စာအုပ်ကောင်းတွေကို "အခမဲ့" ဖတ်ရှုနိုင်အောင် စီစဉ်ပေးဦးမလဲဆိုတာသိရအောင် စောင့်မျှော်ဖို့ မမေ့ပါနဲ့နော်။ ပျော်ရွှင်စရာသောကြာနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒီနေ့ကစပြီးတော့ (၁၂.၁၁.၂၀၂၃) အထိ သုံးရက်ပဲ အခမဲ့ ဖတ်ရှုခွင့်ရမှာဖြစ်လို့ စာအုပ်တွေကို အမြန်ဒေါင်းထားဖို့ လိုမယ်နော် ...

"အခမဲ့ " ဖတ်လို့ရမယ့် စာအုပ်တွေကတော့ 👇👇👇

📒စိတ်ငြိမ်းချမ်းမှု ရှာပုံတော်
http://www.wunzinn.com/wzbook?name=wunzinn&id=BOK2368&type=sellbook&label=202310_13_31_BOK2368

📒 အောင်မြင်သူ ဖြစ်လာနည်းနှင့် လက်တွေ့တိုးတက် အောင်မြင်ရေး နည်းလမ်းများ
http://www.wunzinn.com/wzbook?name=wunzinn&id=BOK2429&type=sellbook&label=202310_13_32_BOK2429

📒 အသေးစိတ်ကျကျ ဆောင်ရွက်မှသာ အောင်မြင်စွာနေထိုင်နိုင်မည်
http://www.wunzinn.com/wzbook?name=wunzinn&id=BOK15720&type=rentbook&label=202310_13_32_BOK15720

📒 လူငယ်အာဟာရ
http://www.wunzinn.com/wzbook?name=wunzinn&id=BOK7430&type=rentbook&label=202310_13_33_BOK7430

ကဲ … အခုပဲ Wun Zinn App ထဲကိုဝင် အရောင်းကဏ္ဍထဲက "အခမဲ့" ထဲမှာ ဖတ်လို့ရနိုင်ပါပြီ 🥳

📚 ဝတ္ထုကောင်းတွေဖတ်ဖို့
Wun Zinn app download link
http://bit.ly/wz_play

💛 Hotline - 09880894610

Wun Zinn

10 Nov, 07:33


ဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ နာမည်ကြီးလက်ရာ

စာအုပ်အမည် 💗 ပျားရည်မြစ်တစ်စင်းထဲက ပဉ္စလက်နှင်းဆီ
စာရေးဆရာမ 🖊 လွန်းထားထား(ဆေးတက္ကသိုလ်)

မိုးနတ်မဒီက စာရေးဆရာမဖြစ်ချင်တယ်။ ကိုယ်ပိုင်ဂျာနယ်တိုက်ထောင်ချင်တယ်။ ရည်မှန်းချက်အတိုင်း တကယ်လည်း ကြိုးစားတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အယ်ဒီတာလည်းလုပ်တယ်။ သတင်းထောက်လည်းလုပ်တယ်။ သူ့အလုပ်ကြောင့် နေ့သစ်မိုးဆိုတဲ့ လုပ်ငန်းရှင်တစ်ဦးကို အင်တာဗျူးရတယ်။ အဲဒီမှာ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းစတာပဲ။ နေ့သစ်မိုးရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အတိတ်၊ အချစ်ကို ကိုးကွယ်ဖူးသူ၊ ကြင်နာတဲ့စိတ်ထားနဲ့ တွေးခေါ်ပုံတွေက ဆွဲဆောင်မှုရှိတယ်။ ထက်မြက်တဲ့ မိုးနတ်မဒီရဲ့ စိတ်နေစိတ်ထားနဲ့ ကြိုးစားပုံတွေကလည်း ထူးခြားဆန်းသစ်တယ်။ ပြင်းပြင်းရှရှိခံစားမှုဆိုတာ ဘာလဲသိချင်ရင်တော့ အခုပဲ ငှားရမ်းဖတ်ရှုလိုက်ပါ။

MPT User တွေအတွက်ကတော့ တစ်ရက် (၉၉ ကျပ်) သာသုံးပြီး၊ Wun Zinn ရဲ့ အငှားကဏ္ဍကစာအုပ်တွေကို ဖတ်လို့ရပါပြီ။ USSD Code 📌*2525*37# Call ကိုနှိပ်ပြီး ဝန်ဆောင်မှုရယူနိုင်သလို SMS ကနေဆိုရင်တော့ "8535" ကို "On" ဟု Message ပို့ရုံဖြင့် (၉၉ ကျပ်) တည်းနဲ့ စာအုပ်တွေကို ငှားရမ်းဖတ်ရှုနိုင်ပါပြီ။ 🥳

ဝတ္ထုဖတ်ရန်လင့်ခ်👇
http://www.wunzinn.com/wzbook?name=wunzinn&id=BOK0445&type=rentbook&label=202310_11_28_BOK0445

📚 အချစ်ဝတ္ထုကောင်းတွေဖတ်ဖို့
Wun Zinn app download link
http://bit.ly/wz_play

💛 Hotline - 09880894610

3,487

subscribers

439

photos

409

videos