Ministry of Federal Union Affairs @mofua Channel on Telegram

Ministry of Federal Union Affairs

@mofua


https://mofua.nugmyanmar.org/

Ministry of Federal Union Affairs (English)

Welcome to the Ministry of Federal Union Affairs Telegram channel, also known as '@mofua'! This channel serves as a platform for sharing important updates, news, and information related to federal union affairs in the region. The Ministry of Federal Union Affairs is dedicated to promoting unity, peace, and cooperation among different ethnic groups and stakeholders in the country. Whether you are a government official, community leader, or simply someone interested in federal union issues, this channel is the perfect place to stay informed and engaged. Stay updated on the latest policies, initiatives, and events happening in the realm of federal union affairs. Join us on this journey towards building a stronger, more inclusive nation. For more information, visit our website at https://mofua.
ugmyanmar.org/. Be a part of the conversation and make a difference today!

Ministry of Federal Union Affairs

26 Sep, 01:35


အမျိုးသားညီညွတ်ရေးအစိုးရအပတ်စဉ်သတင်းထုတ်ပြန်ချက် ( ၃၉ / ၂၀၂၄ )
Website Link - https://go.nugmyanmar.org/230fac33
Download Link - https://go.nugmyanmar.org/3a4678d3

Ministry of Federal Union Affairs

24 Sep, 12:18


"နိုင်ငံတကာ အနေနှင့်လည်း ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူလူထုကို အမှန်တကယ် ကူညီကယ်ဆယ်လိုပါက၊ လူထုဆီ အကူအညီများ ထိရောက်စွာ ရောက်ရှိနိုင်တဲ့ မြေပြင် အဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများ၏ ထိန်းချုပ်နယ်မြေများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာ ရပ်ခံ တိုက်တွန်းလိုပါတယ်။ လူထုထိခိုက်မှုကို အခွင့်ကောင်းယူပြီး နိုင်ငံတကာတရားဝင်မှုကို မဖြစ်မနေ ကြိုးပမ်းလာမယ့် အကြမ်းဖက်သမားတို့ရဲ့ လှည့်ကွက်ထဲ သက်ဆင်းမသွားကြဖို့လည်း ကျွန်တော်တို့အားလုံး အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။"

မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ

(လက်ရှိရင်ဆိုင်နေရသည့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ပြည်သူသို့ ပန်ကြားချက် မှ ကောက်နုတ်ချက်)
#SpringRevolution

Ministry of Federal Union Affairs

16 Sep, 03:38


"ဒီမိုကရေစီ လွတ်လပ်ခွင့်တွေနဲ့အတူ လူမျိုးစုအားလုံးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိရေးကို ယှဉ်တွဲလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဖက်ဒရယ်အနှစ်သာရတွေအပေါ်မှာ အခြေခံပါတယ်။ ဖက်ဒရယ်အနှစ်သာရနဲ့ ဒီမိုကရေစီအနှစ်သာရကို သိမ်မွေ့စွာ ပေါင်းဖက်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ ခံယူပါတယ်။"

ဒူဝါလရှီးလ
နိုင်ငံတော်ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
(နိုင်ငံတကာဒီမိုကရေစီနေ့ မိန့်ခွန်း မှ ကောက်နုတ်ချက်)
#SpringRevolution
#PVTV
#QUOTES

Ministry of Federal Union Affairs

16 Sep, 01:57


"ယခင် မတရားအာဏာမသိမ်းခင် ဒီလိုမျိုးဒုက္ခတွေကြုံတဲ့အခါမှာ ပြည်သူတွေအားလုံးပူးပေါင်းပါဝင်ကြတယ်။ အထူးသဖြင့် တနိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေအင်အားထုကြီးနဲ့ ပါဝင်ခဲ့ကြတယ်။ အခုတော့ စစ်ကောင်စီက မတရားစစ်မှုထမ်းဥပဒေ ထုတ်ပြန်ဆောင်ရွက်နေတဲ့အခါကျတော့ လူငယ်တွေဟာ နည်းမျိုးစုံနဲ့ ကိုယ့်ရဲ့အိမ်တွေကို စွန့်ခွာကြရတယ်။ တကယ်ဒီလိုမျိုး ပြည်သူအခက်အခဲရှိတဲ့အခါမှာ လူငယ်ထုရဲ့အင်အားကို အသုံးပြုဖို့ဆိုတာလည်း ဒီအချိန်မှာ ဒီအင်အားတွေဟာ စစ်ကောင်စီကြောင့်ပြုန်းတီးသွားပြီဆိုတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ ပြည်သူတွေဟာ ကူရာမဲ့ ဖြစ်ရတာဖြစ်ပါတယ်။"

ဒေါက်တာဝင်းမြတ်အေး
ပြည်ထောင်စုဝန်ကြီး
လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

(လက်ရှိရေဘေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မှ ပြည်သူလူထုသို့ အသိပေးပြောကြားချက်မှ ကောက်နုတ်ချက်)

#SpringRevolution

Ministry of Federal Union Affairs

14 Sep, 16:27


ရေကြီးရေလျှံပြီးနောက် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ

Ministry of Federal Union Affairs

04 Sep, 00:03


အမိန့်ကြော်ငြာစာအမှတ် (၃/ ၂၀၂၄)
၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်
(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်)
အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအဖြစ် ကြေညာခြင်း

Ministry of Federal Union Affairs

31 Aug, 07:05


”ငွေကြေးတန်ဖိုး ကျဆင်းမှုတွေနဲ့အတူ အထွေထွေအကြပ်အတည်းအား မွန်းကြပ်စွာ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို ဒုက္ခတွေ အထပ်ထပ်ပေးနိုင်ဖို့ အချိန်နဲ့အမျှ စဥ်းစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ကျွန်တော်တို့ ပြည်သူတွေ အသက်ဝဝ ပြန်ရှူနိုင်ကြမှာ ဖြစ်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၄) တွင်ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းမှ

#MahnWinnKhaingThann
#UnionPrimeMinister
#NationalUnityGovernment
#TogetherWeWillWin

Ministry of Federal Union Affairs

31 Aug, 06:54


"မြန်မာငွေတန်ဖိုးလေး ဒီကာလမှာတက်ပြီဆိုတဲ့အချိန်က မင်းအောင်လှိုင်ကို ဖမ်းပြီဆိုပြီး သတင်းထွက်တဲ့ အချိန်ခဏလေးပဲ။ အဲ့ဒီတော့ မြန်မာငွေတန်ဖိုးတက်ချင်ရင် အခုလက်ရှိဖြစ်နေတဲ့ စီးပွားရေးအကျပ်အတည်းတွေ နိုင်ငံရေးအကျပ်အတည်းတွေ ဖြေရှင်းချင်တယ်ဆိုရင် မင်းအောင်လှိုင်က ကိုယ့်ဘာသာကိုယ် ထောင်ထဲသွားပြီး အဖမ်းခံလိုက်။ အဲဒါဆိုအကုန်ပြေလည်သွားမှာ။ မြန်မာငွေတန်ဖိုးတက်ရုံမဟုတ်ဘူး ကိစ္စတော်တော်များများပြေလည်သွားမှာ။ ရှင်းရှင်းလေးပါ ပြဿနာရဲ့အရင်းခံက မင်းအောင်လှိုင်ပဲ။"

ဦးနေဘုန်းလတ်
ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ
အမျိုးသားညီညွတ်ရေးအစိုးရ
(PVTV ရဲ့ နွေဦးမှန်ကူကွက်များ Episode 27 မှ ကောက်နုတ်ချက်)

#SpringRevolution
#PVTV
#QUOTES

Ministry of Federal Union Affairs

25 Aug, 01:25


”ကျွန်တော်တို့သွားမည့် ပန်းတိုင်ဟာ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမယ့် တိုင်းပြည်မဟုတ်ပါဘူး။ ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ စုံလင်ကွဲပြားသော လူမျိုးတွေရဲ့ သရုပ်လက္ခဏာ (Identity) တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေအပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပါတယ်။ အဲဒီ့ကို ကျွန်တော်တို့သွားမှာပါ။”
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ

”The goal we are heading toward is not a disintegrated nation but a Federal Democratic Union, protecting and promoting the identities of the diverse ethnic groups within the Union where democracy, equality, and full self-determination rights are ensured. This is the direction we are going, and there is already a shared understanding among the revolutionary forces, with efforts ongoing to include others as well.”
Mahn Winn Khaing Thann
Prime Minister
National Unity Government
The Republic of the Union of Myanmar