အညွှန်း🍀 @wawawa2121 Channel on Telegram

အညွှန်း🍀

@wawawa2121


အညွှန်း🍀 (Burmese)

အညွှန်း🍀 အလွယ်မိုက်ဒဏ်ဒ္ပ်ဢံီးဤာညွှန်းရွှန်ံwawawa2121။ အညွှန်း🍀 ဟဝဖှဆညွဲက်ီ၏ြတ်္ိြာပ်ကျမှ္တ်၊ ကယီညွှဲရီဗီံ္ြ၎ှြတြန်ံသ်ံှုၺင်္ြဒ်ြပ်တ့။ ကဲိနြီရ၎်ုသငှ်ဩဦးြဂ်သျနြှ၊ ယပြု္မှှာတြျ္ု၎ှပြုရီ္နဴ္ကင်ြဝ။ ဘီ၎ှှြဒ်ြတ့္ဴဏ်္ြဝျရဟငြှ္ဂျ်ဢြှ ခၺ္ဃှုဴ၇ုှြဲဖြျဗ့ဝှှထြုယီ္၃ှှေနဴှှးဝ။ အညွှန်း🍀 နိ့္မြ့ံသမသ၎်ြပှတရြ္်ဇၚီးြေအဲ္ဇှဲဎွြီဇာှတိပ့ှူ အညွှန်း🍀 သဍီှမဴန္ဂဒသၿဒု။

အညွှန်း🍀

27 Nov, 08:13


Sarkaru Vaari Paata [2022]

အကြွေးတွေကြောင့် ဘဝပျက်ရတဲ့အကြောင်းကို အခြေခံဇာတ်အိမ်တည်ထားပြီး ပိုက်ဆံ၊ သိက္ခာတိုကို ဖက်တွယ်တဲ့အကြောင်းတွေကို
ဒီဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ ပညာပေးထားတာပါ ဒါ့အပြင် ဟာသလေးတွေနဲ့ အချစ်ဇာတ်လမ်းလေးကိုပါ ကြည့်ရဦးမှာဆိုတော့ ဇာတ်ကားကောင်းလေးပါပဲ ။

မာဟီဆိုတဲ့ကောင်လေးငယ်ငယ်က သူ့မိဘတွေဟာ အကြွေးမဆပ်နိုင်လို အိမ်ကို ဘဏ်လေလံပစ်ဖိုပေးခဲ့ရပြီး သတ်သေသွားခဲ့တာပါ။

မာဟီဟာ ပိုက်ဆံရဲ့တန်ဖိုးနဲ့ ပါဝါကို ငယ်ငယ်ရွယ်ရွယ်နဲ့ သဘောပေါက်ခဲ့ပါတယ် မာဟီ အရွယ်ရောက်လာတဲ့အချိန်မှာတော့ ပိုက်ဆံကို
ကြိုက်သလိုခြယ်လှယ်လိုရတဲ့ ငွေတိုးချေးသူတစ်ယောက်ဖြစ်လာခဲ့တာပါ။

မာဟီက သူ့ပိုက်ဆံကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်
မရရအောင်ပြန်တောင်းတတ်တဲ့လူပါ ဒီလိုလူက လူဆိုးမလေး ကာလာဗာသီနဲ့ဆုံခဲ့ပါတယ်။

ကာလာဗာသီဆိုတဲ့မိန်းကလေးကကျအဖေသူဌေးကြီးအားကိုးနဲ့ ပါတီတွေတတ် လောင်းကစားတွေလုပ် အမေရိကမှာ ငွေပြတ်တော့ မာသီဆီက ပိုက်ဆံချေးပါလေရော...

အဲဒီနောက် ပိုက်ဆံပြန်မဆပ်ချင်တဲ့ ကာလာဗာသီနဲ့သူ့အဖေကြီး မာသီရဲ့အကြွေးတောင်းပုံကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ...

ဟာသလေးတွေနဲ့ ဒီဇာတ်ကားမှာစောင့်ကြည့်ရမှာပဲဖြစ်လို အားပေးကြပါဦးနော်

အညွှန်း🍀

27 Nov, 08:13


DD Returns (2023)

တမိလ်မင်းသား Santhanam နဲ့ မင်းသမီး
Surbhi ပါဝင်ထားပြီး IMDb rating 6.4
ရထားတဲ့ Horror Comedy တမိလ်ကား DD Returns မနေ့က OTT ထွက်လာလို့
မြန်မာစာတန်းထိုးပြီး တင်ဆက်လိုက်ပါတယ်။

ဆန်သေ့ရှ်နဲ့ ဆိုဖီယာ အပါအဝင် သူငယ်ချင်း
တွေဟာ ငွေအပြည့်နဲ့ လက်ဝတ်ရတနာတွေပါတဲ့
အိတ်ကြီးတလုံးကို ရဲတွေခြေရာခံလို့မရအောင်
လူမနေတဲ့ မြို့ပြင်က အိမ်တလုံးမှာ သွားဖွက်
ထားခဲ့ပါတယ်။ ရက်တချို့ကြာပြီးနောက် သူတိူ့
ဘော်ဒါတွေ အိမ်ကြီးဆီသွားပြီး ငွေအိတ်ကို
ယူဖို့လုပ်ချိန် အိမ်ထဲမှာ အထီးကျန်နေတဲ့
သရဲက ဆိုဖီယာတို့အဖွဲ့ကို အိမ်ထဲမှာ ဂိမ်းပုံစံ
တဆင့်ပြီးတဆင့် အနိုင်ကစားပြီး ဖြတ်ကျော်
နိုင်မှ ငွေအိတ်ကို ယူနိုင်အောင် ဖန်တီးပါတယ်။
ဆန်သေ့ရှိနဲ့ ဆိုဖီယာတို့အဖွဲ့ သရဲဖန်တီးတဲ့
ဂိမ်းတွေကို ဘယ်လိုကျော်ဖြတ်ပြီး ငွေအိတ်
ရအောင် ကြံစည်မလဲဆိုတာတွေကို ရီတလှည့်
ကြောက်တလှည့်နဲ့ ပိတ်ရက်မှာ ရုပ်ရှင်ကျိပြီး
ဆက်လက်ခံစားနိုင်ပါပြီ။


Crd

အညွှန်း🍀

27 Nov, 08:13


Billu Barber (2009) MM SUB
°°°°°°°°°°°°°°°°°°°°°°°°°°°°°
"သူငယ်ချင်းကောင်းဆိုတာ ဘယ်တော့မှ မသေဆုံးရတဲ့ အမှတ်တရ တစ်ခုပါပဲ "

လောကရဲ့ ခင်မင်မှုတွေကြား လူ အမျိုးမျိုး အဖုံဖုံ နဲ့ ကျင်လည်ရသည့်နောက်ပိုင်း ကျွန်တော်တို့ဘဝတွေမှာ မှတ်မှတ်ထင်ထင် ကျန်နေခဲ့ရတဲ့ လက်တစ်စုံ ရှိနေတတ်ကြပါတယ်။

ဒါဟာ "သူငယ်ချင်းကောင်း "တစ်ယောက်ပါ။ ဘ၀ရဲ့ ကြမ္မာတွေ အရ ကွဲကွာသွားကြပေမယ့် လည်း ဒုက္ခတစ်ခု ကို တွဲကူပေးနိုင်ခဲ့သူ ကိုတော့ နာမည်မေ့လေ့မရှိတတ်ကြပါဘူး။ " ကျွန်တော် တို့ဘ၀ ရဲ့ အဆိုးရွားဆုံး ကာလတွေမှာမည်သူဟာ လက်တွဲကူ ထူမတ်ပေးနိုင်ခဲ့ပါသလဲ "

ဒီဇာတ်ကားလေးအရ ရွာလေးတစ်ရွာမှာ Billu ( Irrfan Khan )လို့ခေါ်တဲ့ ဆံညှပ်ဆရာ တစ်ဦး ရှိခဲ့တယ်။ သူဟာ ဆင်းရဲသူ တစ်ဦးဖြစ်ပြီး မိသားစုရှေ့ရေးအတွက်ရုန်းကန်နေခဲ့ရပါတယ်။ သားသမီးနှစ်ယောက်ရဲ့ ပညာရေး အတွက် လည်း ကြိုးစားပေးရှာတဲ့ ဖခင်ကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။

တစ်နေ့မှာတော့  ဘောလိဝုဒ် အကျော်မော် Sahir Khan ဟာ ဒီရွာလေးမှာ ရုပ်ရှင်ရိုက်ဖို့ လာရောက်ခဲ့ပါတယ်။ မင်းသားတစ်ယောက် ရောက်နေတာကြောင့် ရွာသူ ရွာသားတွေလည်း တွေ့ချင် မိတ်ဆက်ချင် နေခဲ့ကြတယ်။ ဒီအထဲမှာ Billu သားသမီးတွေလည်း အပါအ၀င်ပေါ့။

Billu ကတော့ Sahir ဟာ လွန်ခဲ့တဲ့တချိန်တုန်းက သူနဲ့ငယ်သူငယ်ချင်းဖြစ်ခဲ့ကြောင်း သားသမီးတွေကို ပြောပြခဲ့ပါတယ်။ Sahir ဆီကိုလည်း ခေါ်သွားဖို့လည်း ချွေးသိပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆင်းရဲခြင်းအငုံ့စိတ်လေးတစ်ခုနဲ့ ရှင်သန်နေရတဲ့ဘ၀မို့ Billu ဟာ Sahir ဆီ မသွားရဲသေးခဲ့ပါဘူး။ Sahir ရဲ့ တုံ့ပြန်မှု ကိုလည်း စိုးထိတ်နေခဲ့မိတယ်။ ချမ်းသာမှု ဆင်းရဲမှု / ကျော်ကြားမှု နိမ့်ကျမှု  ကွဲခြားနေခြင်းတွေက Billu ကို တွေဝေနေစေခဲ့တယ်။

တစ်ဖက်မှာလည်း Billu သားသမီးတွေ ကြွားလုံးထုတ်မှုကြောင့် တစ်ရွာလုံးက Billu ကို ပို အရေးစိုက်လာကြတယ်။ ယခင် ဆင်းရဲသူအပေါ် ဆက်ဆံခြင်းတွေကနေ ပြောင်းလဲ ဆက်ဆံလာခဲ့ကြတယ်။ စီးပွားရေးသမားတွေကလည်း မျက်နှာချိုသွေး လာခဲ့ကြတယ်။ သူတို့အနေနဲ့ Sahir ကို Billu ကတဆင့် အရေးတယူ ဖြစ်စေချင်ခဲ့တယ်။ Celebrity တစ်ယောက်ရဲ့ ခင်မင်မှုမျိုးကို တောင့်တနေခဲ့ကြတယ်။

ဒီလိုနဲ့ Billu ရဲ့ အငုံ့စိတ်နဲ့ လူတွေရဲ့ အတ္တတရားချင်း ပြိုင်ဆိုင်ခဲ့ကြတဲ့အခါမှာတော့? Billu တစ်ယောက် ဘာတွေ ခံစားခဲ့ရမလဲ။ ဘယ်လို အခြေအနေမျိုးတွေနဲ့ ရိုက်ခတ်ခံရမလဲ။ ဘယ်လို အဆုံးသတ်တွေနဲ့ လူ့သဘော သဘာ၀ကို အနီးစပ်ဆုံး ရိုက်ပြနိုင်မလဲ ဆိုတာတော့ ရင်ခုန်ရဦးမှာပါ။

လောကမှာ တချို့သော အရာတွေက ရိုးစင်းပြီး ရင်ဘတ်ထဲ တိုး၀င်လာခဲ့မိတတ်ပါတယ်။ ဥပမာ - လေပြေ ညှင်းတစ်ခုကို ရိုက်သွင်းရင်း ကြည်နူးခြင်း ကို ရယူလိုက်နိုင်သမျိုးပေါ့။
 
ဒီဇာတ်ကားလေးက ထိုအတိုင်းပါပဲ။ ရိုးရိုးလေး ရိုက်ပြသွားပြီး လူ့စိတ်အထွေထွေကို တလွှာချင်းခြွေပြနေတာက ကြည့်ရသူအဖို့  ကြွေကျနေသလိုပါ။ အမြင်တွေ အထင်တွေနဲ့ နှိုင်းယှဉ်ခြင်း တွေ ပြောင်းလဲခြင်း သဘောတရားတွေလည်း ဒီကားလေးမှာတွေ့မြင်နိုင်ပါသေးတယ်။

ဒါ့ပြင် အများသိနေကြအတိုင်းပါပဲ။ Irrfan Khan ရဲ့ ရုပ်ရှင်တွေဟာ ရသတစ်ခုခုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒီထက် ပိုတာက ဒီဇာတ်ကားကို ရှာရွတ်ခမ်း က ထုတ်လုပ်သူအဖြစ် တွဲဖက်သရုပ်ဆောင်ခဲ့တာပါ။  ဒီဇာတ်ကားရဲ့ စကားအသုံးအနှုန်းတွေ / သဘာ၀ကျကျ သရုပ်ဆောင်မှုတွေက ဆွဲဆောင်နိုင်စေခဲ့ပါတယ်။
မိတ်ဆွေ
" သင့် ရဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ကို ဘယ်အချိန်ထိ သတိရနေဦးမလဲ "🥰🥰

#Credit

အညွှန်း🍀

27 Nov, 08:12


Bhoomi (2021)

ဘူမီနာသန် ဟာ NASA ရဲ့ပထမဆုံး တမီးလ်လူမျိုး အာကာသယာဥ်မှူးဖြစ်ပြီး
အင်္ဂါဂြိုလ်ပေါ်ကိုပထမဆုံးဆင်းသက်မယ့်စစ်ဆင်ရေးကို
ဦးဆောင်သူဖြစ်ပါတယ်။
အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်ရုံတင်မကဘဲ အင်္ဂါဂြိုလ်ရဲ့ပတ်ဝန်းကျင်ကို
လူသားတွေနေထိုင်နိုင်အောင် စိုက်ပျိုးရေးကိုသုံးပြီး ပြောင်းလဲဖိုအစီအစဥ်ရှိသူဖြစ်ပါတယ်။
ဘူမီဟာ အဲ့စစ်ဆင်ရေးမစခင် ခွင့်တစ်လရလိုက်တဲ့အခါ
မိမိရဲ့မွေးရပ် ဇာတိရွာကလေးကို အလည်သွားဖိုဆုံးဖြတ်လိုက်ပါတယ်။
ရွာကိုရောက်တဲ့အခါဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေနဲ့ပြန်တွေ့ခဲ့ပြီး
ရွာဟာအများကြီး တိုးတက်ပြောင်းလဲတာတာကိုတွေ့ခဲ့ရပေမယ့်
တစ်နေ့မှာပျက်စီးဆုတ်ယုတ်မှုတွေကိုလည်းတွေ့လိုက်ရပါတယ်။ဘူမီရဲ့ဦးလေးနဲ့တခြားလယ်သမားတွေရဲ့လယ်ယာစိုက်ခင်းတွေဟာ ပျက်စီးယိုယွင်းနေပြီး
မြေအောက်ရေတွေကို ကုမ္ပဏီလုပ်ငန်းတွေကသုံးစွဲနေတာမို ရေရှားပါးမှုတွေဖြစ်လာပါတယ်။
လယ်သမားတွေဟာအာဏာပိုင်တွေကို အကူအညီတောင်းကြပေမယ့်
လျစ်လျူရှုခံ၊ ဖိနှိပ်ခံနေကြရတာကို ဘူမီတွေ့လိုက်ရတဲ့အခါ
လယ်သမားတွေရဲ့အခက်အခဲတွေပြေလည်ဖိုကြိုးစားပါတော့တယ်။
ဘူမီဟာ သူ့ရဲ့ကြိုးစားမှုတွေ ကိုမလိုလားတဲ့ အာဏာပိုင်တွေကိုရင်ဆိုင်လာရကာ
ဆုံးရှုးမှုတွေကြုံတွေ့ရပြီး သူ့ရွာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေဟာ
ထင်ထားတာထက် ကြီးမားနက်နဲနေတာကိုသိလိုက်ရပါတယ်။
သူ့ရွာနဲ့သူ့နိုင်ငံရဲ့ရှေ့ရေးအတွက် ဘူမီဟာ အိပ်မက်တွေကိုစတေးပြီး ကုမ္ပဏီလုပ်ငန်းထုတ်ကုန်တွေကို
လယ်သမားတွေရဲ့သဘာဝစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့အစားထိုးဖိုကြိုးစားပါတော့တယ်။
ဒီကားဟာ စိုက်ပျိုးရေးနိုင်ငံတွေမှာဖြစ်နေတဲ့ အကြပ်အတည်းတွေကို
ပေါ်လွင်အောင်သရုပ်ဖော်ထားပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်ကြောင်း
ဇွဲမလျှော့ဘဲ ကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်ကြောင်း
မက်ဆေ့ကောင်းကောင်းပေးထားတဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

#Credit

အညွှန်း🍀

26 Nov, 10:53


Maharaja (2024)
==============
လက်ရှ်မီး ပဟေဠိ
Genre – Action, Drama, Thriller
IMDB – 8.6/10

အားလုံး စောင့်မျှော်နေကြမယ့် မင်းသားကြီး ဗီဂျေးစည်သူပတိရဲ့ အသစ်စက်စက်
လျှို့ဝှက်သည်းဖို အက်ရှင်ကားလေး ထွက်ရှိလာခဲ့ပါပြီ ရုံတင်ငွေကနေလဲ အမြတ်စွန်း
ကောင်းကောင်းပြန်လည်ရရှိထားတဲ့ အက်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်

ဒါရိုက်တာကလည်း ၂၀၁၇ ခုနှစ်ထွက် မှုခင်းကားကောင်း Kurangu Bommai ကို
ရိုက်ကူးပေးထားတဲ့ Nithilan Swaminathan ပါ။

မင်းသားကြီးကိုတော့ ဒီထဲမှာ မထုံတတ်တေးပုံစံနဲ့ အသာလေး ကြမ်းပြတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက် ဇာတ်လမ်းလေးကတော့ ဆန်းပါတယ်… ဆန်းဆို “မဟာရာဇာ” ဆိုတာက
ဆံပင်ညှပ်ဆိုင်လေးဖွင့်ထားတဲ့ ဆံသဆရာတစ်ယောက်၊ သမီးဖြစ်သူ ငယ်စဉ်ကတည်းက
ဇနီး ဆုံးပါးသွားခဲ့တာကြောင့် အဖေတစ်ခု သမီးတစ်ခုနဲ့ ဘဝကို ရိုးရှင်းစွာ
နိစ္စဓူဝ ဖြတ်သန်းနေရသူပေါ့။

သမီးဖြစ်သူ “ဂျိုသီ” က ကျောင်းစာထက် အားကစားဖက်ကို စိတ်အားထက်သန်ပြီး ထူးချွန်သူပါ။
ဒါပေမဲ့ သူတို့အိမ်မှာ သားအဖနှစ်ယောက်တည်းတင် မဟုတ်ပါဘူး “လက်ရှ်မီး” ဆိုတာ ရှိပါတယ်၊
သူတို့အမေလည်းမဟုတ် အဘွားလည်းမဟုတ် အမျိုးလည်းမဟုတ် အူကြောင်ကြောင်နဲ့
သံအမှိုက်ပုံးကြီးတစ်ခုပါ။


Crd

အညွှန်း🍀

26 Nov, 10:52


Hit List (2024) "အပြစ်ဒဏ်"

IMDb 6.2

ရက်ရက်စက်စက် ပြကွက်ခပ်ကြမ်းကြမ်းတွေနဲ့ တမီးလ်
လျှို့ဝှက်သည်းဖို ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်

ဗီဂျေးက အနေအေးတဲ့ လူငယ်တစ်ယောက် သားသတ်လွတ်
လှုံ့ဆော်သူလည်းဖြစ်တဲ့အပြင် ကြွက်ကလေးတစ်ကောင်ကိုတောင်မှ
စာနာတတ်တဲ့ ကရုဏာရှင် ဒီလို နှလုံးလှဗီဂျေးရဲ့ အမေနဲ့ ညီမလေးကိုမှ
အမည်မသိ မျက်နှာဖုံးစွပ် ဆိုက်ကိုကောင်တစ်ကောင်က ပြန်ပေးဆွဲသွားလေရဲ့

သူများတကာကို နာကျင်မှုပေးရတာ နှစ်ခြိုက်သူ၊ ငွေနဲ့ အာဏာလို ရုပ်ဝတ္ထုတွေကို
မက်မောလို့မဟုတ်ဘဲ စေ့ဆော်မှု ရည်ရွယ်ချက်တစ်ခုရှိနေတဲ့ မျက်နှာဖုံးစွပ် မိစ္ဆာကောင်က …

ဗီဂျေးကို အကြပ်ကိုင်ပြီး ရက်စက်ကြမ်းကြုတ်လာအောင် ဘယ်လိုတွေခိုင်းစေမှာလဲ…
သူ့ရဲ့ ခန့်မှန်းရခက်တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုဖြစ်မှာလဲ

မညှာစတမ်း ပြကွက်တွေနဲ့ ရင်တမမ အူလှိုက်သည်းလှိုက် ကြည့်ရမယ့် တမီးလ်ရုပ်ရှင်လေးတစ်ကားပါ

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်




CrdChannelMyanmar

အညွှန်း🍀

26 Nov, 10:52


Ya@tr@a 2 (2024) ဇာတ်ကားသစ်ကြီး
============
၂၀၀၉ခုနှစ်တုန်းက ထွက်ရှိထားတဲ့ နိုင်ငံရေးဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့
Yatraရဲ့ အဆက် Yatra 2 ထွက်ရှိလို့လာခဲ့ပါပြီ။

အရှေ့ဇာတ်လမ်းကို ပြန်နွှေးပေးရမယ်ဆိုရင် ရာဂျာရှက်ခါရာရက်ဒီဟာ
ဖခင်ဖြစ်သူရဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးမှုကို ခံခဲ့ရပြီး
ဝန်ကြီးချုပ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားလှုပ်ရှားခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။

အခု Yatra2 မှာတော့ ရာဂျာရှက်ခါရာရက်ဒီရဲ့ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီရဲ့ နိုင်ငံရေးလမ်းကြောင်း
လျှောက်လှမ်းပုံကို ဆက်လက်ပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရာဂျာရှက်ခါရာရက်ဒီဟာ ပြည်သူတွေရဲ့ အကျိုးကို လိုလားသူတစ်ယောက်ဖြစ်တဲ့အတွက်
ပြည်သူတွေကလည်း သူ့ကို အရမ်းကို ချစ်မြတ်နိုးကြပါတယ်။ ဝန်ကြီးချုပ်ဆိုပြီး သူ့ကိုယ်ကျိုးကို မကြည့်ဘဲ
ပြည်သူတွေရဲ့ အကျိုးကိုပဲ ကြည့်ပေးတဲ့ ဝန်ကြီးချုပ်ကောင်းတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့သားဖြစ်သူ
ဂျာဂန်မိုဟန်ရက်ဒီကိုလည်း နိုင်ငံရေးလောကထဲဆွဲသွင်းပြီး သားဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ်
တာဝန်ထမ်းဆောင်တာ ၉လလောက်ပဲ ရှိတဲ့အချိန်မှာပဲ ရာဂျာရှက်ခါရာရက်ဒီဟာ ဟယ်လီကော်ပတာနဲ့ ခရီးသွားစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရင်း ရှာလို့မတွေ့တဲ့အဆုံးမှာ သေလူအဖြစ်နဲ့ ဈာပနာပွဲပြုလုပ်လိုက်ရပါတော့တယ်။

ပြည်သူချစ်တဲ့ ဝန်ကြီးချုပ်မရှိတော့တဲ့အချိန်မှာ ပြည်သူတွေ, ပါတီဝင်တွေ အကုန် ဝမ်းနည်းကြပေမယ့် ဝန်ကြီးချုပ်ရဲ့လစ်လပ်နေရာကိုတော့ အစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာ ပါတီဝင် MLAအယောက်၁၅၀ဟာ သားဖြစ်သူ ဂျာဂန်မိုဟန်ရက်ဒီကို ဝန်ကြီးချုပ်ရာထူးနေရာပေးဖို့ ထောက်ခံပေးခဲ့ပါတယ်။ နိုင်ငံရေးဝါကြီးတဲ့သူတွေကတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ၉လသာ တာဝန်ထမ်းဆောင်ရသေးတဲ့ ဂျာဂန်ကို ဝန်ကြီးချုပ်နေရာ မပေးချင်ခဲ့ပါဘူး.....
ဒီလိုနဲ့ နိုင်ငံရေးလောကရဲ့ ထုံးစံအတိုင်း မနာလိုသူတွေရဲ့ ကန့်ကွက်မှုတွေကြားမှာ ဂျာဂန်မိုဟန်တစ်ယောက်
ဘယ်လိုတွေ ဖြတ်သန်းရမလဲ .....

ဝန်ကြီးချုပ်ရာထူးနေရာကိုရောက်ရှိဖို့ ဘယ်လို ဆူးလမ်းခရီးကို ဖြတ်ကျော်ရဦးမလဲ ....
ဆိုတာတွေကို ကြည့်ရှုရမယ့် နိုင်ငံရေးဇာတ်လမ်းကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM
Bollywood Team ပဲဖြစ်ပါတယ်)



Credit

အညွှန်း🍀

26 Nov, 10:51


Garudan (2024) #ဇာတ်ကားသစ်ကြီး
=============
(လျှို့ဝှက်မှုတို့၏နောက်ကွယ်)
IMDb 7.6/10

အာဒီနဲ့ ကာရူနာတို့ဟာ ငယ်သူငယ်ချင်း ဆိုးဖော်ဆိုးဖက်ဖြစ်ကြပြီး ဘဝအခြေအနေလည်း
တူညီကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ဘဝတွေ ဘယ်လောက်ထိ
တူညီလည်းဆိုရင် သူတို့ရဲ့ဖခင်နှစ်ယောက်ဟာ ကားအက်စီးဒန့်တစ်ခုတည်းမှာတင်ပဲ
အသက်ဆုံးပါးသွားခဲ့ပါတယ်။

အာဒီကတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လော်ရီကားတွေနဲ့ လုပ်ကိုင်နေပြီးတော့
ကာရူနာကတော့ တော်ဝင်မိသားစုဝင်ဖြစ်ပေမယ့် အခွံသာကျန်ခဲ့တဲ့ ဒီမိသားစုမှာ
အုတ်ဖုတ်လုပ်ငန်းကိုလုပ်ကိုင်ရင်း ကာရူနာရဲ့အုတ်တွေကို အာဒီရဲ့ လော်ရီကားတွေနဲ့
သယ်ပြီးတော့ ဈေးကွက်ရှာကြပါတယ်။ဖခင်တွေသေဆုံးသွားပြီးနောက်မှာတော့
သူတို့သူငယ်ချင်းနှစ်ယောက်ကို ကာရူနာရဲ့အဘွားဖြစ်သူ ဆယ်လာရီက စောင့်ရှောက်ထားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ဘယ်လောက်ပဲ ဆိုးမိုက်နေပါစေ ဘုရားကျောင်းကိုတော့ အသွားမပျက်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ ကွမ်ဘိုင်အမ်မန်လို့ခေါ်တဲ့ ဘုရားကျောင်းရဲ့ အကြီးအကဲဟာ သူတို့ရဲ့အဘွား ဆယ်လာရီဖြစ်နေလို့ပါပဲ။
သူတို့သူငယ်ချင်းနှစ်ယောက်အကြောင်းကိုပြောတဲ့အခါမှာ ချော့ခ်ကန်ကိုလည်း မေ့ထားလို့မရပါဘူး။

ချော့ခ်ကန်ဟာလည်း မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘုရားကျောင်းမှာ ကြီးပြင်းလာရင်းကနေ ကာရူနာနဲ့ ခင်သွားရင်းကနေ
ချော့ခ်ကန်ကိုပါ အိမ်ကိုခေါ်လာခဲ့ပါတော့တယ်။အသက်တွေကြီးလာတဲ့အခါမှာ ချော့ခ်ကန်ဟာ
ကာရူနာရဲ့ သစ္စာရှိလူယုံတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချော့ခ်ကန်ရဲ့ သစ္စာရှိမှု,
ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်မှုတို့ကို စမ်းသပ်စစ်ဆေးတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ........

သူတို့နဲ့ ဆက်စပ်နေတဲ့ ကွမ်ဘိုင်အမ်မန်ဘုရားကျောင်းကရော ဘယ်လိုအကြောင်းအရာတွေ ပေါ်ပေါက်လာဦးမလဲ .....
သူတို့သူငယ်ချင်းတွေရဲ့အကြောင်းကို စုံစမ်းနေတဲ့ အင်စပက်တာနဲ့ရော ဒီကိစ္စတွေက ဘယ်လိုပုံစံနဲ့ ဆက်စပ်နေတာလဲ ....
ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )



CrdChannelMyanmar

အညွှန်း🍀

26 Nov, 09:00


IP Man 4 {2019}

2019 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ip Man ဇာတ်ကား‌ေလးပါ တရုတ်ကွန်ဖူးနဲ့ပတ်သတ်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်အားလုံးလည်း ဒီဇာတ်ကားနဲ့စိမ်းနေမယ်မထင်ပါဘူး..အညွှန်းပေးဖိုမလိုတော့ဘူးထင်ပါတယ်
မကြည့်ရသေးတဲ့သူတွေလည်းကြည့်ကြည့်ပါဇာတ်လမ်းရဲ့အရသာ ကို ကိုယ်တိုင်ပဲခံစားကြည့်ဖိုတိုက်တွန်းလိုက်ပါတယ်


Crd

အညွှန်း🍀

26 Nov, 09:00


IP Man 3 {2015}

2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ip Man ဇာတ်ကား‌ေလးပါ တရုတ်ကွန်ဖူးနဲ့ပတ်သတ်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်အားလုံးလည်း ဒီဇာတ်ကားနဲ့စိမ်းနေမယ်မထင်ပါဘူး..အညွှန်းပေးဖိုမလိုတော့ဘူးထင်ပါတယ်
မကြည့်ရသေးတဲ့သူတွေလည်းကြည့်ကြည့်ပါဇာတ်လမ်းရဲ့အရသာ ကို ကိုယ်တိုင်ပဲခံစားကြည့်ဖိုတိုက်တွန်းလိုက်ပါတယ်


Crd

အညွှန်း🍀

26 Nov, 09:00


IP Man 2 {2010}

2010 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ip Man ဇာတ်ကား‌ေလးပါ တရုတ်ကွန်ဖူးနဲ့ပတ်သတ်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်အားလုံးလည်း ဒီဇာတ်ကားနဲ့စိမ်းနေမယ်မထင်ပါဘူး..အညွှန်းပေးဖိုမလိုတော့ဘူးထင်ပါတယ်
မကြည့်ရသေးတဲ့သူတွေလည်းကြည့်ကြည့်ပါဇာတ်လမ်းရဲ့အရသာ ကို ကိုယ်တိုင်ပဲခံစားကြည့်ဖိုတိုက်တွန်းလိုက်ပါတယ်


Crd

အညွှန်း🍀

26 Nov, 09:00


IP Man 1 {2008}

2008 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ip Man ဇာတ်ကားဖြစ်သလိုပထမဦးဆုံးသောဇာတ်ကားပဲဖြစ်ပါတယ်
IMDb Rate 8ရရှိထားတဲ့ တရုတ်ကွန်ဖူးနဲ့ပတ်သတ်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်အားလုံးလည်း ဒီဇာတ်ကားနဲ့စိမ်းနေမယ်မထင်ပါဘူး..အညွှန်းပေးဖိုမလိုတော့ဘူးထင်ပါတယ်
မကြည့်ရသေးတဲ့သူတွေလည်းကြည့်ကြည့်ပါဇာတ်လမ်းရဲ့အရသာ ကို ကိုယ်တိုင်ပဲခံစားကြည့်ဖိုတိုက်တွန်းလိုက်ပါတယ်


Crd

အညွှန်း🍀

24 Nov, 08:12


Hello [2017]
==========

ကျွန်တော်က တော်ရုံ ဇာတ်ကားတွေဆို မကြိုက်တတ်ဘူးဗျ ....
ဒီဇာတ်ကားလေးကိုတော့ သိကြမှာပေါ့ဗျာ ....

2017 ခုနှစ်ရဲ့ ဝမ်းနည်းရဆုံး အချစ်ဇာတ်ကားလေး တကား အဖြစ် ပရိတ်သတ်တွေရဲ့ ရင်ထဲကို စွဲစွဲမြဲမြဲ ထိုးဖောက်ပီး ဝင်သွားခဲ့တဲ့ ဇာတ်ကားကောင်းလေး တကားပါဗျာ ....

တယောလေးထိုးတဲ့ အခါ ပရိတ်သတ်တွေရဲ့ ရင်ထဲကို နစ်အောင် ခံစားမိစေမှာပါဗျာ ....

ဒီဇာတ်ကားလေးကို မကြည့်ဖူးသူ မရှိသလောက် ပါပဲဗျာ ....
ဘာမှ ဆက်ပြော မနေတော့ပါဘူးဗျာ ....
ဇာတ်ကားလေးကိုသာ ဝင်ကြည့်ကြပါတော့ဗျာ ...

 
#Credit

အညွှန်း🍀

24 Nov, 08:12


200 : Halla Ho [2021]

ဒီနေ့တင်လိုက်တဲ့ကားလေးကတော့ တရားရေးရာ ဇာတ်ကားလေးပေါ့

အထူးသဖြင့်တော့ ဇာတ်နိမ့်တွေ တရားမျှတမှု မရတဲ့အကြောင်းလေးပေါ့

လူတွေပြောနေကြတဲ့ အခွင့်အရေးတွေဆိုတာ အခွင့်ထူးခံလူတန်းစားတွေက ထိပ်ဆုံးက ရကြတယ်

အဲ့ဒီနောက် သာမန်လူတန်းစားတွေ
နောက်တော့ မရှိဆင်းရဲသားတွေပေါ့

သူတို့တွေ အခွင့်အရေးရပြီးတဲ့နောက်မှ ဇာတ်နိမ့်လူမျိုးတွေ အခွင့်အရေးရဖို့အတွက်ပြောဆိုပေးကြတယ်

ဒီအထဲမှာမှ ဇာတ်နိမ့်အမျိုးသမီးတွေ အခွင့်အရေးရဖို့ဆိုတာ ဟိုးနောက်ဆုံးပေါ့

ဒါကြောင့် သူတို့အတွက် တရားဥပဒေဆိုတာက စာအုပ်တစ်အုပ်ဆိုတာထက်မပိုခဲ့ဘူး

တရားဥပဒေရှိလျက်နဲ့ အနိုင်ကျင့်ခံရ ၊ မဒိန်းကျင့်ခံရ ၊ ဗလက္ကာရပြုခံရတယ်

သည်းမခံနိုင်တဲ့အဆုံးမှာတော့ တရားဥပဒေကို ကျော်လွန်ပြီးတော့ တရားမျှတမှုကိုရယူကြတယ်.

ဇာတ်နိမ့်တွေရဲ့ ဘဝအခြေအနေတွေကို ရိုက်ပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းရင်း...

#Credit
#ChannelMyanmar

အညွှန်း🍀

24 Nov, 08:12


Jalsa (2022)
========
IMDb 6.3

ဒီတစ်ခေါက်မှာတော့ Drama/ Thriller movie ဖြစ်တဲ့ Jalsa ကိုတင်ဆက်ပေးချင်ပါတယ်

ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ကားတိုက်ပြေးမှုကိုဖော်ထုတ်မယ့် ဇာတ်ကားတစ်ကားပါ

ညဉ့်နက်ကားမောင်းရင်းအိပ်ငိုက်လာတဲ့ မာယာတစ်ယောက်သူ့အိမ်ဖော်ရဲ့သမီးဖြစ်သူကို

ဝင်တိုက်မိခဲ့ပေမယ့် တာဝန်မယူဘဲထွက်ပြေးခဲ့ပါတယ် ဒါကို မာယာတိုက်ပြေးတယ်မှန်းမသိဘဲ

မာယာတို့ကုမ္ပဏီမှာအလုပ်သင်အဖြစ်လုပ်နေတဲ့ တက်သစ်စဂျာနစ်လစ်မလေးကလိုက်လံစုံစမ်းနေခဲ့ပါတယ်

ဇာတ်လမ်းကထင်သလောက်တော့ရိုးရှင်းမနေပါဘူး ငွေသုံးနိုင်ရင်အနိုင်ရနေတဲ့ခေတ်ကြီးမှ

ာအမှန်တရားကအနိုင်ရနိုင်ပါ့မလား ဒီအမှုကရောဘာတွေဆက်ဖြစ်သွားမလဲဆိုတာ

စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်

(အညွှန်းကို Yunniမှရေးသား‌ပေးထားပါတယ်)

#Credit

အညွှန်း🍀

24 Nov, 08:11


Aramm  _ 2017
===============

ဒီဇာတ်လမ်းလေးက စိတ်လှုပ်ရှားစရာကောင်းပြီး နိုင်ငံရေးကိုပါ ပြသသွားတဲ့ ကားလေးပါ။

အိန္ဒိယပြည်နယ်ထဲက ရွာတစ်ရွာမှာ ရေရှားပါးတဲ့ဒုက္ခကို ကြုံနေရပေမယ့် ဘယ်သူမှ အရေးတယူမလုပ်ခဲ့ဘူး။ ဒါပေမယ့် စုံစမ်းရေးမှူးမဒမ်က သူတတ်နိုင်သလောက် လုပ်ပေးခဲ့တယ်။
အာဏာရှိတဲ့သူတွေက သူတို့မြေကွက်မှာ ရေတွင်းတူးပေမယ့် ရေမထွက်လို့ ရေတွင်းကို ဒီအတိုင်း မြေမဖို့ပဲ ထားခဲ့တယ်။

တစ်နေ့ လေးနှစ်အရွယ်ကလေးမလေးက အဲဒီရေတွင်းထဲပြုတ်ကျခဲ့တယ်။
ဒီကလေးမလေးရဲ့မိဘနှစ်ဦးနှင့် ရွာသူရွာသားတွေရဲ့ မယုံကြည်မှု၊ မီဒီယာတွေရဲ့ ဖိအားပေးမှုတွေကြားကနေ စုံစမ်းရေးမှူးမဒမ်ဟာ ဒီကလေးမလေးကို နောက်ဆုံးမှာ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူမကို အထက်မှ စုံစမ်းစစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ သူမကတော့ သူမယုံကြည်ရာကို တည့်တည့်မတ်မတ်လျှောက်ခဲ့တယ်။

ရေတွင်းထဲက ကလေးမလေးနှင့် မိဘနှစ်ဦးတို့ စကားပြောကြတဲ့ အခန်းတွေကတော့ တကယ့်မျက်ရည်ကျဖွယ်အတိပါပဲ။

ဒီကားလေးဟာ ဒီမိုကရေစီဆိုတာ ပြည်သူ့အတွက် အစိုးရဖြစ်နေရမယ်ဆိုတာကို ပြသသွားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဒီကားမှာ စုံစမ်းရေးမှူးအဖြစ် ပါဝင်သရုပ်ဆောင်တဲ့ မင်းသမီးဟာ 10th

#Credit

အညွှန်း🍀

24 Nov, 08:04


BODYGUARD ( 2020 )

အချစ်ဆိုတာမျိုးကမထင်မှတ်ပဲအခြေအနေမျိုးစုံမှာရုတ်တရက်ထွက်ပေါ်တတ်လာတာမျိုးပါ။ကိုယ်ချစ်တဲ့သူကို သက်ဆုံးတိုင်ကာကွယ်ပေးချင်တယ်။စောင့်ရှောက်ပေးချင်တယ်။
ဒီကားလေးကတော့ ၂၀၂၀ကထွက်ရှိထားပြီးAction/Drama အမျိုးအစားကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဆူဝန်ဆိုတဲ့သူတစ်ယောက်ကဘဝမှာအသက်ထက်ချစ်ရတဲ့ ချစ်သူကိုဆုံးရှုးပြီးနောက်ဘဝကိုပေပေတေတေနေလာခဲ့ပါတယ်။သူမှာသူငယ်ချင်းနှစ်ယာက်ရှိတယ်။ထယ်ယောင်း၊ချောလေးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ငွေချေးလုပ်ငန်းတစ်ခုမှာ လူမိုက်ဝင်လုပ်နေခဲ့တယ်။တရက်မှာတော့မထင်မှတ်ပဲ သူဘဝထဲကိုသူချစ်သူအခြေအနေနဲ့တူတဲ့ ထူးဆန်းတဲ့အမျိုးသမီးတယောက်ရုတ်တရက်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီကောင်မလေးကို ဆူဝန်ကကာကွယ်ပေးဖိုဖြစ်လာခဲ့သလိုသူမအတွက်ဆိုအမြဲအဆင်သင့်ရှိနေပေးရမယ့်ဘော်ဒီဂတ်တစ်ယောက်လိုဖြစ်လာခဲ့ပါတယ်။သူဘဝထဲအမှတ်မထင်ဝင်ရောက်လာတဲ့ကောင်မလေးကကော ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ်တွေ့ရမှာဖြစ်လိုဇာတ်လမ်းကိုကိုယ်တိုင်ပဲခံစားကြည့်စေချင်ပါတယ်။Action ကားဆိုပေမယ့်အချစ် Romance လေးလဲပါသလိုဇာတ်လမ်းလေးကလည်းဆန်းပြီးအလှည့်အပြောင်းလေးတွေလည်းရောစပ်ထားပါတယ်


Crd

အညွှန်း🍀

24 Nov, 08:04


MatiAnak (2019)
-------------
အင်ဒိုသရဲကား

IMDb 6.8/10 Horror

အလှူရှင်နည်းပြီး ဆင်းရဲတဲ့မိဘမဲ့ဂေဟာတစ်ခုမှာ ရိုးသားပြီး အရာရာတိုင်းကို ကြင်နာတတ်တဲ့စိတ်ထားရှိတဲ့ အီနာဆိုတဲ့ မိဘမဲ့ကလေးတွေ အရမ်းချစ်ကြတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ ငွေကြေးမဖူလုံပေမယ့် မိဘမဲ့ကလေးတွေရော ထိန်းပေးတဲ့သူတွေကပါ တစ်ယောက်နဲ့တစ်ယောက်‌ မေတ္တာထားကြတော့ သိပ်ကိုပျော်ရွှင်စရာကောင်းတဲ့ ဂေဟာတစ်ခုဖြစ်တာပေါ့။ တစ်နေ့ အီနာတို့ရဲ့မြို့မှာ မိသားစုတစ်စုလုံးအသတ်ခံရပေမယ့် ထူးဆန်းစွာနဲ့ အန်ဒီဆိုတဲ့ကောင်လေးတစ်ယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။ အန်ဒီရဲ့မိဘတွေ သေဆုံးခဲ့တာကြောင့် သူဟာအီနာတို့ရဲ့ဂေဟာကို ရောက်လာခဲ့တာပေါ့။ ဂေဟာရဲ့ကျောင်းအုပ်ဆရာကြီးက ဘဏ္ဍာရေးအဆင်မပြေတာကြောင့် လက်မခံခဲ့ပေမယ့် စိတ်ထားကောင်းတဲ့အီနာကတော့ သူကိုယ်တိုင်တာဝန်ယူပြီး အန်ဒီကိုလက်ခံခဲ့ပါတယ်။ အဲဒီလိုနဲ့ အန်ဒီ‌ကိုလက်ခံပြီးတဲ့နောက် မိဘမဲ့ဂေဟာမှာရှိနေတဲ့ ကလေးတွေကရော အန်ဒီကို သူငယ်ချင်းအဖြစ်လက်ခံနိုင်ပါ့မလား၊ ဂေဟာမှာ‌ရော ဘယ်လိုထူးဆန်းတာမျိုးတွေကြုံရမလဲ၊

Crd

အညွှန်း🍀

24 Nov, 08:04


No Mercy ( 2010 )

ကားကောင်းလေးဆိုပေမယ့် IMDb 7.4 အထိတောင်ရရှိထားတဲ့ဇာတ်ကားကောင်းပါ
ဇာတ်လမ်းအညွှန်းကိုတော့ ရှည်ရှည်ဝေးဝေးကြီးသိပ်မပြောလိုတော့ဘူး

နာမည်ကြီးဆရာဝန်တစ်ယောက်.ရယ် ငါးပိုင်းပိုင်းပြီးတော့ အသတ်ခံလိုက်ရတဲ့
မိန်းကလေးတစ်ယောက်နဲ့ လူသတ်သမား…ပြီးတော့ ပြည်ပမှာ စာသင်ပြီးပြန်လာမယ့် မှုခင်းဆရာဝန်ရဲ့သမီးကလည်း ထပ်ပြီးပြန်ပေးဆွဲခံရတဲ့အခါမှာတော့

ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုယ်တိုင်သာဆက်လက်ခံစားကြည့်ရှုပါ အဆုံးသတ်လေးကလည်း အတော်ကိုထိသွားနိုင်ပါတယ် ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပါပဲ ...


Crd

အညွှန်း🍀

24 Nov, 08:04


Jangan Dengerin Sendiri (2016)

ခြောက်ခြားဖွယ်ရာ ကားတစ်ကားနဲ့ ညတစ်ခုကိုကျော်ဖြတ်ချင်ပါသလား။ ထိတ်လန့်စရာအပြည့်နဲ့ ကားတစ်ကားကို ရင်တစ်ဖိုဖို ကြည့်ရှုချင်သူ ပရိသတ်တွေအဖို့ ဒီ Do not listen to yourself ! (2016) ကားလေးကို အပြည့်အဝထောက်ခံပေးပါရစေ။

ဇာတ်လမ်းလေးကတော့ ထူးဆန်းတဲ့ရေဒီယိုအစီအစဉ်တစ်ခုနာမည်က တစ်ယောက်တည်း နားမထောင်ရတဲ့။ အဲ့ဒီအစီအစဉ်ကို တစ်ယောက်တည်းနားထောင်မိရင် ဝိဉာဉ်တွေ အနှောင့်အယှက်ခံရမယ် ဆိုတာကို မယုံတဲ့ လူငယ်တစ်သိုက်ကလဲ ရှိနေပြန်ပါတယ်။အဲ့ဒီ လူငယ်တွေဟာ စမ်းသပ်ကြည့်ရင်း ကိစ္စတွေဟာ ထင်သလောက်မလွယ်ပဲ နက်နဲနေတာကို သိရှိလာရပါတော့တယ်။

ဇာတ်လမ်းအသွားလေးလဲ နက်နဲပြီး အင်ဒိုနီးရှားရဲ ့ သဘာဝအလှအပတွေနဲ့ ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းလေးဟာ ဘာသာပြန်သူ ညသန်းခေါင်ဘာသာပြန်နေရင်း ဆက်မပြန်ရဲပဲ မိုးလင်းထိစောင့်ပြန်ရတဲ့ ကားလေးမို့ Horror ပရိသတ်ကြီးအကြိုက်တွေ့မယ့် ကားတစ်ကားပါလို့ပဲ ညွှန်းလိုက်ရပါတော့တယ်။

#Credit

အညွှန်း🍀

20 Nov, 05:47


Bheeshma (2020)
==============
ဒီကားထဲက မင်းသား Nithiinကို အိန္ဒိဇာတ်ကားချစ်သူတွေ သိပ်မသိလောက်ပေမယ့် အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့

မင်းသမီးချောလေး Rashmika Mandanna ရဲ့ ဇာတ်ကားမို့ ကြည့်စေချင်တဲ့ စေတနာနဲ့ ဘာသာပြန် တင်ဆက်လိုက်တာပါ။

မူရင်း အင်္ဂလိပ်စာဖိုင်မှာ အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာမပါတဲ့အတွက် အတတ်နိုင်ဆုံး နားထောင်ပြီး အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပေးလိုက်တာပါ။

ဇာတ်ကားအကြောင်း နည်းနည်းပြောရမယ်ဆိုရင်… ရုတ်တရတ်ကြည့်ရင်တော့ ဒီဇာတ်ကားက

ဝန်ကြီးချုပ်မင်းသားလို့ခေါ်တဲ့ Mahesh Babu ရဲ့ ဝန်ကြီးချုပ်ဇာတ်ကား(Bharat Ane Nenu)နဲ့ Maharshi ဇာတ်ကားကို

inspiration ယူပြီး ရိုက်ကူးထားတယ်လို့တောင် ထင်ချင်စရာပါပဲ။


Crd

အညွှန်း🍀

20 Nov, 05:47


Sundari [2021]
===========

IMDB: 7.4/10
ဒီဇာတ်ကားကတော့ တမူထူးခြားတဲ့ အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါပဲ..
ဆွန်ဒရီဆိုတဲ့ အမျိုးသမီးက နန်းဆန်တဲ့အလှနဲ့ ရိုးသားတဲ့ ကျေးတောသူလေးတစ်ယောက်ပါ…သူဟာမြို့သားတစ်ယောက်နဲ့ မထင်မှတ်ဘဲ အိမ်ထောင်ကျသွားပြီးခင်ပွန်းသည်ရှိတဲ့မြို့ကို လိုက်နေကြပါတယ်…သူမရဲ့ ခင်ပွန်းသည်က မိဘမဲ့တစ်ကောင်ကြွက်…နည်းနည်းလည်း ဆိုက်ကိုဆန်တယ်…သူမရဲ့အလှက လုံးကြီးပေါက်လှဆိုတော့ ခင်ပွန်းသည်ရဲ့အထက်အရာရှိက သူမကိုတွေ့သွားတဲ့အခါ…ခင်ပွန်းသည်ကပါ သူမကို အဲ့ဒီအထက်အရာရှိဆီ ရောင်းစားပစ်ဖို့ ကြံလာတဲ့အခါ…အမျိုးသမီးတွေအတွက် အိမ်ထောင်‌‌‌ရေးအကြ-မ်းဖက်မှု ပညာပေးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။


File Size : [1.7 GB] / [999 MB] / [500 MB]
Quality : WEB-DL 1080p / 720p / 480p
Running Time : 01:52:00
Format : Mp4
Subtitle : Myanmar Subtitle (Hard Sub)
Translated by Thuya
Encoded by RGB

#Credit

အညွှန်း🍀

20 Nov, 05:42


Fantastic Beasts and Where to Find Them (1) (2016)
____
IMDB (7.3/10)

ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ..ဒါပေမယ့် ဖြစ်ပျက်နေတဲ့ကာလဟာ (၁၉၂၆) ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး (အဲဘတ်စ် ဒန်ဘယ်လ်ဒိုး) ရဲ့လူငယ်ကာလဖြစ်ပါတယ်

အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ (ဂရင်ဒီဝေါလ်ပါ)..ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာနဲ့ မှော်သတ္တဗေဒပညာရှင်  နျုစကန်မန်ဒါ)..ပါ

(နျု) ဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်

အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်..အမေရိကန်အခေါ် (No-Maj) (ဗြိတိန်အခေါ် မက်ဂယ်) မှော်ပညာမတတ်တဲ့ သာမာန်လူသားတစ်ဦးနဲ့ မတော်တဆအလွဲတွေဖြစ်ရင်း သူ့ရဲ့သေတ္တာထဲကနေ သတ္တဝါအချို့လွတ်မြောက်သွားတဲ့အခါ တိုက်ခိုက်မှုတွေရဲ့အကြောင်းရင်းဟာ သူ့ကြောင့်လို့ သံသယဖြစ်စရာတွေပေါ်လာပြီး ဖြေရှင်းဖို့ကြိုးစားရပါတော့တယ်


Crd

အညွှန်း🍀

20 Nov, 05:42


Fantastic Beasts (2): The Crimes of Grindelwald (2018)
_

IMDB (6.6/10)

ဒါဟာ (2018) ထွက် ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ (2016)မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်

အဓိကဇာတ်ကောင်ကတော့ (နျု့ စကာမန်ဒါ) ဆိုတဲ့ မှော်ဆရာပါပဲ..သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်

ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ (ဂရင်ဒယ်ဝေ့ါဒ်) ကို (နျု့) ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်

(အော့စကူးရပ်စ်) ဖြစ်တဲ့ (ခရီးဒန့်စ်) ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်..(ခရီးဒန့်စ်) ကတော့ သူ့ရဲ့ မိဘနဲ့ ဘဝအမှန်ကို လိုက်ရှာနေပါပြီ

(ဂရင်ဒယ်ဝေါ့ဒ်) ကတော့ (ခရီးဒန့်စ်) ကို သူ့ဘက်ပါအောင်စည်းရုံးဖို့ ကြိုးစားလာပါတယ်..(ဒမ်ဘယ်လ်ဒိုး) ကတော့ (နျု) ကိုစေလွှတ်ပြီး (ဂရင်ဒယ်ဝေါ့ဒ်) ရဲ့ အစီအစဉ်ကို ပျက်အောင် တားဆီးခိုင်းပါတော့တယ်

မထင်မှတ်ထားတဲ့ မြှပ်ကွက်တွေနဲ့ အံ့သြအောင်လုပ်သွားပြီး နောက်ရုပ်ရှင်အတွက် တွေးစရာတွေ ချန်ခဲ့ပါလိမ့်မယ်


Crd

အညွှန်း🍀

20 Nov, 05:42


Fantastic Beasts (3): The Secrets of Dumbledore (2022) အသစ်စက်စက်
--------------------------------

IMDB (6.5/10)

Fantastic Beasts ရုပ်ရှင်တွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ။ အားလုံးသိထားတဲ့အတိုင်း ဒုတိယရုပ်ရှင်မှာ ခရီးဒန့်စ်ရဲ့ ဘဝအမှန်ပေါ်လာခဲ့တယ်။

ဒန်ဘယ်ဒေါ နဲ့ ဂရင်ဒီဝေါတို့လည်း ထိပ်တိုက်ရင်ဆိုင်ရဖို့ ကြုံလာခဲ့တယ်။ နျူတို့တွေလည်း ကွင်နီကိုပါ လက်လွှတ်လိုက်ရပြီး မနည်းလွတ်အောင်ပြေးလာခဲ့ရတယ်။

ဒီအပိုင်းမှာတော့ ဒမ်ဘယ်ဒေါဟာ ဂရင်ဒီဝေါကိုတားဆီးဖို့ နျူ့ထ်တို့ညီအစ်ကိုရယ်၊ ဂျေကော့ရယ်နဲ့ မှော်ဝင်သတ္တဝါဆန်းတွေရယ်နဲ့အတူ ဘယ်လို ကြိုးစားကြမလဲဆိုတာ ဆက်ပြီး ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာတော့ ဂရင်ဒီဝေါသရုပ်ဆောင်ဟောင်းဖြစ်တဲ့ ဂျွန်နီဒက်ပ်တစ်ယောက် အမ်ဘာနဲ့အမှုကြောင့် ထုတ်ပယ်ခံရပြီး သူ့နေရာမှာ မက်ဒ် မစ်ကယ်ဆန် ပြောင်းလဲပါဝင်လာပါတယ်။

ဒါပေမဲ့ မက်ဒ်နဲ့လည်း အတော်ကိုလိုက်ဖက်တဲ့အတွက် အရသာမပျက်သွားဘဲတော့ ဆက်ပြီး ကြည့်ရှုနိုင်မှာပါ

#ChannelMyanmar

  

အညွှန်း🍀

19 Nov, 13:14


Badrinath Ki Dulhania [2017]

မင်းသား Varun Dhawan နဲ့ မင်းသမီး Alia Bhatt တို့ရဲ့ ချစ်စရာဇာတ်ကားလေးပါ။

Badrinath Ki Dulhania ဆိုတာ မြန်မာလိုဆိုရင် ဘဒ်ရီနာသ့်ရဲ့ သတို့သမီးပေါ့ဒါဆို ဘဒ်ရီနာ့သ် ကဘယ်သူလဲ? ဘဒ်ရီနာသ်က ဂျန်ဆလ်မြို့ရဲ့မြို့မျက်နှာဖုံး ကျိကျိတက်သူဌေးကြီး အမ်ဘာနသ် ဘန်ဆလ်ရဲ့သား တစ်ယောက် ။

ဒါဆို သူ့သတို့သမီးအကြောင်း နည်းနည်းပြောမယ်
သူ့သတို့သမီးဖြစ်ရဖို့က တော်တော်ကံကောင်းမှပဲ ဖြစ်မှာနော်

ဘာကြောင့်လဲဆိုတော့ ဟိန္ဒူအယူဝါဒအရ ထိမ်းမြားလက်ထပ်ရင်သတို့သမီးရှင်ဘက်က သတို့သားကို အခန်းဝင်လက်ဖွဲ့ကြေးနဲ့ တင်တောင်းယူရတာဗျာ။

သတို့သမီးက ဘယ်လောက်ပဲ ပညာတတ်တတ် တော်တော်အချိန်တန် အိမ်ထောင်ကျပြီးရင် ဒိုး မီးဖိုချောင် ဒီစနစ်လင်ယောကျ်ားကို ဖြူသည် မဲသည် လာမပွါးနဲ့

ဒီလို မိန်းကလေးအခွင့်ရေးနည်းပါးတဲ့ လူ့အသိုင်းဝိုင်းမှာ အမှန်အကန်သူဌေးသားအတွက်ဆို အခန်းဝင်လက်ဖွဲ့ကြေးကလည်း မနည်းလောက်ပေဘူး

ဒါပေမယ့် ဘဒ်ရီကတော့ အဖေစီစဉ်သမျှကို အသံမထွက်ဘဲနာခံလာပေမယ့် မိတ်ဆွေ တစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဗီဒဟီဆိုတဲ့ ကောင်မလေးကို တွေ့တွေ့ချင်း စိတ်ဝင်စားခဲ့တယ်။

ဗီဒဟီကလည်း အမျိုးသမီးအခွင့်ရေးမပေးတဲ့ လူ့အသိုင်းဝိုင်းကိုမုန်းလွန်းလို့ ကိုယ်ဘဝကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့အတွက်အိမ်ထောင်ပြုဖို့ဆိုတာ လုံးဝကို စိတ်မဝင်စားတဲ့ မိန်းကလေးတစ်ယောက်…

ဘဒ်ရီအနေနဲ့ ဗီဒဟီကို သူ့သတို့သမီးဖြစ်အောင်
ကြိုးစားနိုင်ပါ့မလားဆိုတာကတော့…။

(ဇာတ်လမ်းလေးကလည်း ကြည်နူးစရာတွေ, ဝမ်းနည်းစရာတွေ,မခံမရပ်နိုင်စရာလေးတွေနဲ့ အမှန်အကန် တင်ဆက်ထားတဲ့အတွက်ကြောင့် ဘောလိဝုဒ် ဒရမ်မာလေးတွေကို ကြိုက်တယ်ဆိုရင်ဖြင့် လက်မလွတ်သင့်ဘူးလို့ ထပ်ညွှန်းပါရစေ )




#Credit
#ChannelMyanmar

အညွှန်း🍀

19 Nov, 13:14


Article 15 [2019] မြန်မာစာတန်းထိုး
------------------------
IMDb…8.4

ဒီတစ်ပတ် ရွေးချယ်ဖြစ်တဲ့ ဘောလိဝုဒ် (Bollywood) ဇာတ်ကားကတော့ 2019 London Indian Flim Festival ရဲ့ အဖွင့်ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် Bollywood IMDb List ထဲ Rating အမြင့်ဆုံး ဇာတ်ကားတွေထဲ နှစ်ကားပါဝင်ခဲ့တဲ့
ပရိသတ်တွေကို ဖြည်းဖြည်းအေးအေးနဲ့ လှည့်စားခဲ့ပြီး မင်းသားကိုယ်တိုင်ဆုရခဲ့တဲ့ Andhadhun၊ Badhaai Ho တို့ရဲ့ မင်းသားAyushmann Khuurana ကို ဒီကားမှာတော့ရဲအရာရှိတစ်ယောက်အနေနဲ့ တွေ့မြင်ရမှာပါ။

ဒါရိုက်တာကတော့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့
Mulk-2018ရဲ့ ဒါရိုက်တာ Anushav Sinha ပါ

ဇာတ်လမ်း စစချင်းမှာ သာမန်လူတန်းစားတွေ
ပျော်ပါးနေတာကို တွေ့မြင်ရပြီး တစ်ဖက်ဆိတ်ကွယ်ရာမှာသက်ငယ် မိန်းကလေးနှစ်ယောက်ကို အဓမ္မ ပြုကျင့်ခံနေရတာကို ပြထားခဲ့ပါတယ်။

Crd

အညွှန်း🍀

19 Nov, 13:13


Bewafaa (2005)
-------------------------------

၂၀၀၅ ခုနှစ်က ထွက်ခဲ့သော bewafa (သစ္စာဖောက်) ဆိုတဲ့ အဓိပ္ပါယ်ရေသာ ဇတ်ကားလေးပါ

ထိုအချိန်က နာမည်ရ သော ဇတ်ကားဆိုပေမဲ့ ဇတ်ကား flop ခဲ့တာကေတာ့ ဆိုးရွားပါတယ်

ဇတ်လမ်းက အမ သေဆုံးသွားတဲ့အတွက် အမရဲ့ယောကျ်ား ကလေး ၂ယောက်မုဆိုးဖိုးဖြစ်သြားတာကို ကလေးတွေမျက်နှာနဲ့ အမရဲ့ ဆန္ဒကို လိုက်လျောပေးကာ လက်ထပ်လိုက်သော ညီမ တစ်ယောက်ရဲ့ ခံစားမူ့ ဘယ်လိုဖြစ်မလဲ တစ်ဘက်မွာ သူမချစ်ရတဲ့ ချစ်သူကိုလဲ အမြဲအတူချစ်မယ်ဆိုတဲ့ ကတိပေးပြီးကာမှ အမရဲ့ဆန္ဒကို ဦးစားပေး လုပ်ဆောင်မူ့ကြောင့် ဘယ်လိုဖြစ်ကြမလဲ အချစ်ရဲ့ မုန်တိုင်မာယာတွေနဲ့ ကောင်းမွန်သော ဇတ်လမ်းဖြစ်တဲ့အတွက် မကြည့်ရသေးရင် ကြည့်ကြပါလို့ တိုက်တွန်းပါရစေ။


Crd

အညွှန်း🍀

19 Nov, 12:53


ရှင်သန်ခြင်းအတွက် နောက်ပြန်ရေတွက်သံ
(我们一起摇太阳) Viva La Vida 2024
==========================

အသက်ငယ်ငယ်လေးနဲ့ ရွှေကြက်ဖဆုရသွားတဲ့ ကျန်းနီရဲ့ဇာတ်ကားလေးကြည့်ချင်လို့ဆိုပြီး မဟားတရားတွေတောင်းနေတဲ့သူတွေအတွက်

ခါးသီးတဲ့ဘဝကြားမှာ "ဦးနှောက်မရှိသူ" နဲ့ "မပျော်ရွှင်တဲ့သူ" တို့ ဆုံတွေ့မိကြတဲ့အခါ ...



Crd

အညွှန်း🍀

19 Nov, 12:52


GARO: Fang of God (2018)

ကမာ႓ပေါ်မှာမိစ္ဆာတွေက လူတွေနဲ့ရောနှောနေထိုင်ပြီးလူတွေကို သတ်ဖြတ်စားသောက်နေကြတယ်။ မိစ္ဆာတွေရန်ကနေပြီးလူတွေကိုကာကွယ်ပေးနေတာကတော့ မီကာအိ သူရဲကောင်းတွေပဲဖြစ်ပါတယ်။

မီကာအိ သူရဲကောင်းတွေထဲမှာဂါဘိုမျိုးဆက်ဖြစ်တဲ့ စုဂါရီဟာ နာမည်ကျော်ကြားတဲ့သူရဲကောင်းတစ်ယောက်ပေါ့။

အဲဒီလိုနဲ့ မကာအိအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ နန်ဘီဟာ သူ့ရဲ့သေဆုံးသွားတဲ့ချစ်သူ ဂျူဒိုကိုအသက်ပြန်သွင်းဖို့အတွက်မိစ္ဆာတွေနဲ့ပူးပေါင်းပြီး အဖွဲ့ကိုသစ္စာဖောက်တဲ့လုပ်ရပ်တွေလုပ်နေခဲ့တယါ။

ဂျူဒိုကရော တစ်ကယ်ပဲပြန်ရှင်လာမှာလား။


Crd

အညွှန်း🍀

19 Nov, 12:52


The Adventurers (2017)
======================

Andy Lau, မင်းသမီးချော Shu Qiတို့ရဲ့ အက်ရှင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးသူခိုးတစ်ယောက်ဖြစ်တဲ့ကျန်းတန်းတစ်ယောက်ချစ်သူနှင့်လက်ထပ်ရန်သူခိုးအဖြစ်မှအနားယူခါနီး မွေးစားအဖေလိုသဘောထားသူကျင်းကန်းအတွက် သစ်တောမျက်လုံးအမည်ရှိကျောက်ကိုနောက်ဆုံးခိုးယူပေးခဲ့ပါတယ်။သို့သော်သစ္စာဖော်မှုကြောင့်အဖမ်းခံရပြီးထောင် ၅နှစ်ကျသွားခဲ့ပါတယ်။

သူထောင်မှလွတ်မြောက်လာသောအခါသူ့ကိုသစ္စာဖောက်သူကဘယ်သူလဲဆိုတာရှာဖွေပါတော့တယ်၊သူတစ်ကယ်ပဲရှာဖွေတွေ့သွားမှာလား……နောက်ကွယ်ကဘယ်သူရှိနေလဲဆိုတာ……


Crd

အညွှန်း🍀

18 Nov, 13:05


Karthikeya 2 [2022]

ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ...

မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်

ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကိုအယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့
ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်...

သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်း
ဖြစ်သေးတယ်...

ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမားအဖွဲ့အစည်းတစ်ခုရှိတယ်...

လောဘသားကောင်တွေဆိုပါတော့
ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ...

အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေရှာဖွေဖေါ်ထုတ်ခဲ့တယ်...

နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်ကကာသစ်ဆီရောက်လာတော့..

ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကိုဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ...။

ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကို
ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့....။


CrdChannelMyanmar

အညွှန်း🍀

18 Nov, 13:05


Venkatapuram [2017]မြန်မာစာတန်းထိုး
=================

တစ်နေ့မှာ Venkatapuramရဲစခန်းကို လူသတ်မှုတစ်ခုဖြစ်လို့တိုင်ကြားတဲ့ဖုန်းတစ်ကောဝင်လာခဲ့တယ်။

လူသတ်မှုဖြစ်တဲ့နေရာကိုရဲတွေသွားကြည့်လိုက်တော့အမျိုးသမီးအလောင်းတစ်လောင်းကိုအိတ်နဲ့ထုတ်ပြီးစွန့်ပစ်ထားတာကိုတွေ့ခဲ့ရတယ်။

အလောင်းကိုအိုင်ဒီအတည်ပြုလိုက်တဲ့အခါမှာတော့လူပျောက်တိုင်ခံထားရတဲ့ကျောင်းသူလေး Chantraဖြစ်နေခဲ့တယ်။

ရဲတွေက လူသတ်သမားကို စုံစမ်းလိုက်တဲ့အခါ Chantraအိမ်ထပ်ခိုးမှာနေတဲ့ Chantraရည်းစား Anandဖြစ်နေခဲ့တယ်။

လူသတ်သမားအဖြစ် စွတ်စွဲခံထားရတဲ့ Anandကပျောက်ချင်းမလှ ပျောက်သွားတာကြောင့်
ရဲတွေလဲအမှုကိုပိတ်လိုက်ရတော့တယ်။

ဒါပေမဲ့ Anandတစ်ယောက်ဟာVenkatapuramရဲစခန်းမှာဘဲ ရဲတွေကိုသတ်ဖို့ကြိုးစားမှုနဲ့အဖမ်းခံထားရတာကို ဘယ်သူမှမသိခဲ့ပါဘူး။

Anandတစ်ယောက်ရဲစခန်းမှာ ဘာလို့အဖမ်းခံထားရတာလဲ။

Chantraကိုရော တကယ်ဘဲသူသတ်လိုက်ခဲ့တာလားဆိုတာကို ကြည့်ရှုကြပါအုံး။


Crd

အညွှန်း🍀

18 Nov, 13:04


Chupan Chupai (2017)
======================

အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2017 မှာ ထွက်ခဲ့တဲ့

Chupan Chupai ဆိုတဲ့ ပါကစ်စတန်ဟာသဇာတ်ကားလေးပါ

ဖရက်ဒီ ကိုကီနဲ့ တယ်လီတို့ဟာ အလုပ်မရှိဘဲ ဒုက္ခရောက်နေကြရာက

မစ္စတာဘာဘူနဲ့ တွေ့တဲ့အခါ အသေးစားပြန်ပေးဆွဲတဲ့အလုပ်ကို အတူလုပ်ဖြစ်ကြပါတယ်

သူတို့စည်းမျဉ်းတွေနဲ့ လုပ်နေရင်း အဆင်ပြေနေရာက တစ်နေ့မှာ ဝန်ကြီးသားကို ပြန်ပေးဆွဲဖို့ ဖြစ်လာပါတယ်

အဲလိုအင်အားကြီးတဲ့လူတစ်ယောက်ရဲ့ သားကို ပြန်ပေးဆွဲတဲ့အခါ ဘာတွေ ဖြစ်လာလဲဆိုတာကို

မြှုပ်ကွက်လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ရိုက်ကူးပြထားပါတယ်

ကြည့်နေကျ ဇာတ်လမ်းမျိုးမဟုတ်ဘဲ လှည့်ကွက်လေးတွေနဲ့ မှန်းမထားတဲ့ ဇာတ်သိမ်းလေးနဲ့ အဆုံးသတ်ထားတဲ့ ဟာသကားကောင်းလေးဖြစ်လို့

ဟာသချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးချင်ပါတယ်

IMDB rating 6 ထိရထားတဲ့ ဇာတ်ကားကောင်းလေးပါ


Crd

အညွှန်း🍀

18 Nov, 12:59


Operation Tomahawk ( 2023 )

လူ‌တွေရဲ့ အလိုဆန္ဒဟာ အတောမသတ်နိုင် ကြီးထွားလာပြီး
လောဘအဖြစ်ပြောင်းလဲသွားတဲ့အခါ လောဘရဲ့ကျေးကျွန်အဖြစ်
ကြိုးစေရာကရတော့တယ်၊အမိုက်မှောင်အတွေးတွေ ကြီးစိုးလာတဲ့အခါ
ပြန်လမ်းမရှိတဲ့ စွဲလမ်းခြင်းမှာ ပိတ်မိနေတတ်ပါတယ်။

တစ်ချိန်က အားပု၊လိကျီနဲ့ ဝမ်ကျားဆိုတဲ့ ညီနောင်သုံးဦးရှိခဲ့ပါတယ်၊
ဒါပေမဲ့ အားပု(ဟယ်ဇစ်ဝေ)ဟာ ပြဿနာတက်ပြီး အချုပ်ကျခဲ့ပြီး
တစ်ခြားသော ဇာတ်မြှုပ်ကွက်တွေကြောင့် သူတို့သုံးဦးလုံးတစ်နေရာစီ ကွဲထွက်သွားပါတော့တယ်

ဒီလိုနဲ့ လိကျီဆိုသူဟာ မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့ဂိုဏ်းနဲ့ပတ်သတ်နေတဲ့အခါ。。。
ပျောက်ဆုံးနေတဲ့ ဝမ်ကျားကို。。。
အားပု ထောင်ထဲကထွက်လာတဲ့အချိန်မှာရော
အရင်ကညီနောင်သံယောဇဉ်ကို ဒီရုပ်ရှင်ထဲမှာ ဘယ်လိုပုံဖော်သွားမလဲ

ထောင်ထဲကထွက်လာပြီး မသမာမှုနဲ့ လွတ်ကင်းစွာ
နေနေတဲ့အားပုတစ်ယောက် လိကျီနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲ 。。。
ရဲ‌တပ်ဖွဲ့ဝင်တွေကရဲ့ အမှုလိုက်ဖြေရှင်းပုံကို စိတ်ဝင်စားစွာ ကြည့်ရှုရမဲ့အပြင်
မိမိကိုယ်ကို မှန်တယ်လို့ခံယူထားလို့လုပ်နေကြတဲ့သူတို့အားလုံးမှာ。。。
ဘယ်လိုအရာမျိုးက အဖြစ်မှန်အစစ်မှန်လဲဆိုတာ ဆက်လက်ကြည်ရှုရမှာပါ


Crd

အညွှန်း🍀

18 Nov, 12:59


Marry My Dead Body (2023)

Bromance ကြိုက်သူတို့အတွက် ကားအသစ်လေးထွက်ထားတယ်နော်
အခွီတစ်လိုင်းကားမလို့ ပိတ်ရက်ကြည့်ဖို့ ကွက်တိပဲ 

ဂေးဆိုရင် မုန်းတီးတဲ့ straight ရဲသား‌လေးဝူမင်ဟန့်က အမှုစုံစမ်းရင်း အမှတ်မထင်အိတ်အနီလေးတစ်ခုကို ကောက်ရလိုက်တဲ့အခါမှာ သူ့ဘဝကြီး စတင်ပြောင်းလဲသွားပါတော့တယ်...

ကားတိုက်မှုမှာ သေသွားခဲ့ရတဲ့ ဂေးသရဲလေးမောင်မောင်းက မကျွတ်မလွတ်နိုင်ပဲ လူ့လောကမှာ ကျင်လည်နေရင်း

တစ်နေ့ ထိုရဲသားလေးနဲ့ သရဲလက်ထပ်ပွဲလုပ်လိုက်ရတယ်၊ အစမှာတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်ကြပေမယ့် အနေနီးအကြောင်းသိလာတဲ့အခါ ရင်းနှီးသွားကြပြီး ကားတိုက်ထွက်ပြေးသွားတဲ့အမှုကို စုံစမ်းရင်းက နောက်ကွယ်အမှန်တရားကို သိလိုက်ရတဲ့အခါ.....

ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်သာ ရှုစားကြပါတော့...

(တရုတ်မလေးကို အပူကပ်ထားပြီး ဘာသာပြန်ခိုင်းထားတာမလို့ ကြည့်ကြည့်ကြဖို့ပဲ တိုက်တွန်းလိုက်ပါတယ်နော်...)


Crd

အညွှန်း🍀

18 Nov, 12:59


Magic To Win (2011)
မှော်ပညာလောက အရှုပ်တော်ပုံ
=====================

Wu Jing, Louis Koo, Wu Chun တို့လို နာမည်ကြီးမင်းသားတွေ ပါဝင်ထားပါတယ်။

ဘော်လီဘောအရှုံးကြောင့်စိတ်ညစ်နေတဲ့ ချန်မေစီတစ်ယောက် အမှတ်မထင် သူ့ရဲ့ဆရာ ပါမောက္ခကန်နဲ့တိုက်မိပီး သဘာဝလွန်မှော်စွမ်းအားကို ပိုင်ဆိုင်ခဲ့ရပါတယ်။ မှော်စွမ်းအားကို သူ့ရဲ့နေထိုင်မှုအတွက် လူငယ်ပီပီရမ်းသမ်းအသုံးချနေခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ မီးမှော်ဆရာရဲ့ မှော်အစွမ်းလုယူမှုကြောင့်မှော်အစွမ်းဆုံးရှုံးပီး ဝိညာဉ်ဘဝနဲ့ လေလွင့်နေတဲ့ မြေမှော်ဆရာလေး လင်းဖုန်းနဲ့အမှတ်မထင်တွေ့ဆုံရင်း မှော်ပညာလောကကအရှုပ်ထုပ်တွေအကြား ပါဝင်ခဲ့ရတဲ့အခါ ...


Crd

အညွှန်း🍀

17 Nov, 09:01


Peninsula – Train to Busan 2 (2020)
——————————
ဒီရုပ်ရှင်မှာတော့ ကိုရီးယားကို နိုင်ငံအားလုံးက ပိတ်ဆို့ထားခဲ့တာ ၄ နှစ်ကြာခဲ့ပါပြီ။ အထဲမှာ အသက်ရှင်ရက်ကျန်ခဲ့သူတွေက လွတ်မြောက်ဖို့ ကြိုးစားနေသလို လောဘသားတွေကလည်း ပိုင်ရှင်မဲ့နေတဲ့ ငွေတွေ ရတနာတွေကို ယူဖို့ ခိုးဝင်နေကြပါတယ်။ ကိုရီးယားနိုင်ငံတစ်ခုတည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို ပြသလို ပြထားပြီး အရင်ရုပ်ရှင်လိုပဲ Survival အတွက် စွန့်စားခန်းတွေ ဖွင့်တာကို တွေ့ရမှာပါပဲ။ အရင်က Train To Busanပထမပိုင်းအနေနဲ့ထွက်ရှိထားပြီး လင့်ကိုတော့ အောက်မှာထည့်သွင်းဖော်ပြပေးထားပါတယ်။ အခုကားကတော့အပိုင်း ၂ အနေနဲ့ထွက်ရှိလာတာမို့ အားလုံးပဲခံစားကြည့်ရှုပေးကြပါဦး။


Crd

အညွှန်း🍀

17 Nov, 08:21


ဒုက္ခအတိဖြင့် လျှောက်လှမ်းရသော 浴火之路 2024 (Tiger Wolf Rabbit)

ဒီနှစ်ထဲမှာတင် ဆုကြီးသုံးဆုကို ဆွတ်ခူးထားတဲ့ မမ Zhao Li Ying ဟာ ဒီတစ်ခေါက်မှာလည်း ပရိသတ်တွေထံ ရုပ်ရှင်ကားကောင်းတစ်ကားကို ယူဆောင်လာခဲ့ပြန်ပါပြီ ...

ဇာတ်လမ်းအကျဉ်း

Cui Da Lu ဆိုသူရဲ့ကလေးဟာ ပျောက်ဆုံးသွားခဲ့တာ ခြောက်နှစ်ကြာခဲ့ပြီဖြစ်ပြီး လက်မလျှော့ဘဲဆက်လက်ရှာဖွေနေဆဲပါ

Ying Zi ဆိုသူရဲ့ ခင်ပွန်းဟောင်းဟာ သမီးဖြစ်သူကို ကိုယ်တိုင်ရောင်းစားခဲ့ပါတယ်

Zhao Zi Shan ရဲ့ကလေးဟာလည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီး သေဆုံးသွားခဲ့တာကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက်သာ မိမိကိုယ်ကို မြှုပ်နှံထားခဲ့ပါတယ်

သားသမီးတွေကို ဆုံးရှုံးလိုက်ရတဲ့ အမုန်းတရားတွေ ပြည့်နှက်နေတဲ့ မိဘသုံးဦးဟာ သားသမီးကို ရှာဖွေကာ လက်စားချေဖို့ အချင်းချင်း ပူးပေါင်းလိုက်ကြချိန်မှာ ...

Native Title : 浴火之路
English Title : Tiger Wolf Rabbit
Starring : Zhao Li Ying, Xiao Yang, Liu Ye, Wu Xiao Liang, Fung Jen Choi, Wang Xun

#ReviewByPanda
#SoulKingdom
#浴火之路
#TigerWolfRabbit
#Movie
#SoulKingdomMovie

အညွှန်း🍀

17 Nov, 08:20


The Legend of the Condor Heroes: The Cadaverous Claws (2021)
သူရဲကောင်းတို့ဒဏ္ဍာရီ : မေချောက်ဖုံ
=========================

လှပတဲ့မိန်းမပျိုလေးတွေကို တန်ဖိုးဖြတ်ရောင်းစားနေတဲ့လောကမှာ အသားနာခံမယ် ဘဝအပျက်မခံဘူးဆိုတဲ့ ခံယူချက်နဲ့သူဖုန်းစားလုပ်ဖို့ ဆုံးဖြတ်ရင်း ငတ်တစ်လှည့် ပြတ်တစ်လှည့် မသေရုံတမယ် ဗိုက်ထဲအစာရောက်ရုံလောက်သာစားရတဲ့ မေချောက်ဖုံ တစ်ယောက် ဘဝအချိုးအကွေ့တစ်ခုမှာ ယောက်ျား ၂ ယောက်နဲ့တွေ့ခဲ့တယ်...

တစ်ယောက်က သူ့ကိုနောက်နောက်ပြောင်ပြောင်နဲ့ ချစ်လို့စတယ်ပဲ ဆိုရမလား အစသန်တဲ့ လူငယ်လေး၊ နောက်တစ်ယောက်ကတော့ Mei Chaofeng မြင်မြင်ချင်း ကိုလူချောလို့ မသတ်မှတ်ဘဲ မနေနိုင်လောက်တဲ့ တည်ငြိမ်ရင့်ကျက်တဲ့ သက်လတ်ပိုင်းအရွယ်ဆိုပေမယ့် အရွယ်တင်သူ...

ဒီယောက်ျားနှစ်ယောက်နဲ့ တွေ့ခဲ့တဲ့ အချိန်ကစပြီး သိုင်းလောကမှာ မေချောက်ဖုံဆိုသူတစ်ယောက် ပေါ်ထွက်လာခဲ့တယ်...

သူ့ဘဝလေးလည်း အရင်ကနဲ့ မတူအောင် လုံးဝပြောင်းလဲသွားခဲ့တယ်....


Crd

အညွှန်း🍀

07 Nov, 12:52


Firaaq (2008) ခွဲခြားမှု
====================

အချစ်အတွက်တောင်ကိုဖြိုပြခဲ့တဲ့ “The Mountain” ထဲက
မင်းသားကြီး Nawazuddin Siddiqui နဲ့အတူ
မင်းသားကြီးတွေဖြစ်ကြတဲ့ Paresh Rawal ၊ Nassar နဲ့ Naseeruddin Shah တို့လို
နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး 2008 ခုနှစ်စင်ကာပူမှာကျင်းပခဲ့တဲ့
Asian Festival of First Films ပွဲတော်မှာဆုသုံးခုဆု၊
နိုင်ငံတကာတစလီနီကီရုပ်ရှင်ပွဲတော်မှာ အထူးဆုနဲ့ ပါကစ်စတန်က
ကာရာရုပ်ရှင်ပွဲတော်မှာ တစ်ဆုရရှိခဲ့ပြီး 56ကြိမ်မြောက်
အမျိုးသားရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုဆွန်ခူးနိုင်ခဲ့တဲ့ကားပါဒီကားဟာလူမျိုးရေး sensitive ဖြစ်တဲ့ကားမို့ဂူဂျာရက်မှာပါပိတ်ခံထားရပါတယ်
Firaaq ဆိုတဲ့စာလုံးဟာ အာရပ်ဘာသာစကားနဲ့‌ဆို
“ခွဲခြားခြင်း” နဲ့ “စူးစမ်းရှာဖွေခြင်း” အဓိပ္ပာယ်နှစ်ခုရှိပါတယ်2002 ခုနှစ် ဂူဂျာရက်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အထိကရုဏ်းအပြီး
ရုပ်ရုပ်သဲသဲကာလအတွင်းမှာ နစ်နာသူ ကျူးလွန်သူ နဲ့
ကြားနေလူတန်းစားတွေအကြား ဒီကိစ္စကြီးရဲ့နောက်ဆက်တွဲတွေနဲ့
နေ့စဉ်လူနေမှုဘဝအပေါ်သက်ရောက်မှုတွေကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်
လူတန်းစားခွဲခြားခြင်းနဲ့ ဒီပြဿနာကိုဘယ်လိုအဖြေရှာမလဲဆိုတာကိုကြည့်ရှုရမှာပါ

(အညှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)

L

CrdChannelMyanmar

အညွှန်း🍀

07 Nov, 12:52


Daud 1997

Daud ဇာတ်ကားဟာ ၁၉၉၇ ခုနှစ်ထုတ် ဟင်ဒီစကားပြော Adventure Comedy ကားဖြစ်ပြီး
နာမည်ကျော်မင်းသားကြီးဗီဂျေးရဲ့ လူငယ်ဘဝက ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။
442
IMDb 5.9 ရရှိထားပြီး Box Office မှာ ထက်ဝက်မြတ်ခဲ့ပါသေးတယ်။ဇာတ်လမ်းစစချင်းမှာပဲ ၃ နှစ်ကြာစီစဉ်ထားရတဲ့ လုပ်ငန်းကိစ္စတွေပျက်ကုန်လို့
ဒေါသထွက်နေတဲ့လူတစ်ခုကိုမြင်ရမှာပဲဖြစ်ပါတယ်။ သူတို့ရဲ့အရေးကြီးသေတ္တာက
လိုရာမရောက်ဘဲ အကောက်ခွန်ဌာနက ထိန်းသိမ်းထားတာကြောင့်
ရဲတွေစစ်တပ်တွေဝင်မပါခင်မှာ ပြန်လည်ရယူဖို့
အရေးတကြီးစီစဉ်ရပါတော့တယ်။ဒါကြောင့် နာမည်ကြီးသူခိုးဖြစ်တဲ့ ခူရန်နာကို သေတ္တာကို
ပြန်ခိုးပေးဖို့ အလုပ်အပ်လိုက်တဲ့အတွက် ခူရန်နာကလည်း
လက်စွမ်းပြပြီးခိုးလာခဲ့တာပေါ့။ ဒါပေမယ့် အလုပ်အပ်သူတွေ
ငွေမချေမှာကိုစိတ်ပူတဲ့အတွက် သေတ္တာပြန်မအပ်ဘဲ
ငွေနဲ့လဲဖို့ ပြောပြီး ညဘက်တွေ့ဖို့ချိန်းဆိုလိုက်ပါတော့တယ်။
တစ်ဖက်မှာလည်း အဲဒီသေတ္တာပျောက်သွားတဲ့အတွက် တာဝန်ရှိသူတွေ
ခေါင်းမီးတောက်ပြီး ရဲအင်အားအလုံးအရင်းအသုံးပြုကာ
ခူရန်နာကို လိုက်ရှာကြပါတော့တယ်။ ဒီလိုနဲ့ ရွှေတုံးတွေအပြည့်ပါတယ်လို့
ထင်ရတဲ့သေတ္တာတစ်လုံးပိုက်ကာ ခူရန်နာတစ်ယောက်
ဒေါသူပုန်ထနေတဲ့လူဆိုးတွေနဲ့ ရဲတွေကြားကနေ
ဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးရမလဲ..
သေတ္တာက ဘယ်သူ့လက်ထဲရောက်သွားမလဲ..တကယ်ပဲ သေတ္တာထဲမှာ ရွှေတုံးတွေအပြည့်ပါလို့
ဒီလောက်အရေးတကြီးလိုက်ဖမ်းနေကြတာလားဆိုတာကိုတော့
ဇာတ်ကားအဆုံးထိ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ။

( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် )



CrdChannelMyanmar

အညွှန်း🍀

07 Nov, 12:51


Awe! (2018) “ဆန်းဆန်းပြားပြား”

IMDb – 7.6/10

ထူးခြားတဲ့ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ ထူးခြားတဲ့ဇာတ်ကောင်တွေကို
ထူးထူးခြားခြားရိုက်ကူးတင်ဆက်ထားတဲ့
တလေဂူးရုပ်ရှင်။
442
တောင်ပိုင်မင်းသမီးချောတွေဖြစ်တဲ့ ကာဂျယ်လ်အက်ဂ်ဝယ်လ်နဲ့
ရက်ဂျီနာကာဆန်ဒရာတို့ပါဝင်ထားကြပါတယ်။မိဘတွေကိုပြန်တွေ့ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အချိန်ခရီးသွားစက်တီထွင်ဖို့မျှော်လင့်နေတဲ့ ရှီဗာ။
ဘီးတပ်ကုလားထိုင်ခုံနဲ့ အနာဂတ်က သူပါဆိုပြီးရောက်လာတာက ပါဗသီဆိုတဲ့အမျိုးသမီးတစ်ယောက်။
ရွှေငါးတစ်ကောင်နဲ့ ဘွန်ဇိုင်းပင်ဆီက အကြံယူပြီး စားဖိုမှူးလုပ်စားနေတဲ့ နာလာ။
မူးယစ်ဆေးစွဲနေတဲ့ ကော်ဖီဖျော်တဲ့သူ မီရာ။ရှေးရိုးစွဲမိဘတွေကို ဘ၀လက်တွဲဖော်နဲ့မိတ်ဆက်ဖို့ဆိုပြီး မိတ်ဆက်ပေးဖို့လုပ်တဲ့ လိင်တူချစ်သူ ရာဒါ။
စသဖြင့် စရိုက်အသီးအသီး ပုံစံအစုံစုံနဲ့ ဇာတ်ကောင်တွေကို ဇာတ်အိမ်တစ်ခုမှာဖွဲ့စည်းလိုက်တဲ့အခါ။
ထင်မှတ်မထားတဲ့အကြောင်းအရာတွေနဲ့ ကြည့်ပျော်မဲ့ရုပ်ရှင်မို့ တင်ဆက်ပေးလိုက်ပါတယ်။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)


CrdChannelMyanmar

အညွှန်း🍀

05 Nov, 12:07


Samson (2018)
==============

IMDb 4.4/10

Samsonဆိုတာကတော့ ဟီဘရူးကျမ်းစာပါ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဆမ်ဆန်ဆိုတာ ဘုရားသခင်ကပေးအပ်ထားတဲ့စွမ်းအင်တွေနဲ့ပြည့်စုံတဲ့လူသားပါ။ ထိုစွမ်းအင်တွေကိုကောင်းစွာထိန်းသိမ်းထားနိုင်ဖို လိုက်နာရတဲ့စည်းကမ်းချက်၃ခုရှိပါတယ်။ဆံပင်မညှပ်ရ၊အရက်မသောက်ရ၊ အသေကောင်တွေကိုမထိရဆိုတာတွေပါပဲ။ဆမ်ဆန် မွေးဖွားလာတဲ့အချိန်မှာ ဟီဘရူးတွေကိုဖီလစ်စတင်းလူမျိုးတွေက ကျွန်ပြုအုပ်စိုးနေတဲ့အချိန်ဖြစ်နေပြီး မျိုးနွယ်ရဲ့မျှော်လင့်ချက်က သူ့အပေါ်မှာပါ။ဒါပေမယ့် စိတ်ထားအရမ်းကောင်းတဲ့ဆမ်ဆန်တစ်ယောက် အများအကျိုးတွက်ဆောင်ရွက်နိုင်ခဲ့ရဲ့လား။သူရဲ့စည်းကမ်းချက်၃ခုကိုရောမကျိုးမပေါက်အောင်စောင့်ထိန်းနိုင်ပါ့မလား။သူတို့မျိုးနွယ်စုကရော ဘယ်လိုရုန်းကန်လှုပ်ရှားရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။သမ္မာကျမ်းစာပါ နာမည်ကြီးဇာတ်ကောင် Samsonအကြောင်းကို အခုဒီSamson(2018)ဆိုတဲ့ကားလေးမှာ ကြည့်ရှုလို့ရနေပါပြီ

   #Crd

အညွှန်း🍀

05 Nov, 12:07


The Tuxedo [2002]

ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့
မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက်
ပေးလိုက်ရပါတယ်ခင်ဗျာ။တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး
ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့
ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီ သမားတစ်ယောက်ပါ။ သူက ကားကို
မြန်နှုန်းပိုမောင်းတာ တွေကြောင့် မကြာခဏ လိုင်စင် အသိမ်းခံရသူပါ။ တစ်ရက်မှတော့
အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။
သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။
ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တစ်ရက်တော့
ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့
ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့
ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က
သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်
နိုင်တယ် အစရှိသဖြင့် ပေါ့။ အဲ့ဝတ်စုံကို ဝတ်ပြီးတဲ့နောက် သူ့ဆရာ ရဲ့ အဆက်အသွယ်တွေ
နဲ့ ဆက်သွယ်ပြီး သူ့ဆရာ ဟန်ဆောင်ကာ သူ့ဆရာကို လုပ်ကြံတဲ့ အဖွဲ့ အစည်းကို ဖော်ထုတ်ဖို့
ကြိုးပမ်းသွားတာကို ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသလေးတွေ နဲ့ ကြည့်ရမှာဖြစ်ပါတယ်။


Credit

အညွှန်း🍀

05 Nov, 12:07


Defiant ( 2022 )
Blind sword 1

လူငယ်ဒါရိုက်တာ ပုံဖော်ထားပြီး လူငယ်တက်သစ်စ သရုပ်ဆောင်တွေချည်း
စုဝေးနေတဲ့ Defiant (2022)ဆိုတဲ့ ဇာတ်ကားကောင်းလေးကို
ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…

ဒီကားလေးဟာဆိုရင် အဆင့်နိမ့် ဇာတ်နိမ့်က
လာသူတစ်ယောက်ဟာစစ်မြေပြင်အလယ်မှာ
အဖော်ကောင်း စီးတော်မြင်းနဲ့ မိတ်ဆွေကောင်း
လက်နက်တစ်ခုလက်ထဲရှိရင် မျက်မမြင်လည်း
သူရဲကောင်းဖြစ်လာနိုင်တယ်ဆိုတာကို
ရိုက်ကူးပုံဖော်ပြထားတဲ့ကားပေါ့…

ဒီဇာတ်လမ်းလေးကို နီယန် ကောင်မလေးတစ်ယောက်က
တစ်အိမ်လုံး အသက်ခံရပေမယ့်
သူတစ်ယောက်တည်း လွတ်မြောက်လာပြီး
သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ မျက်မမြင်
သူရဲကောင်းနဲ့ သူကြုံတွေ့ခဲ့ပုံလေးကို
ဒိုင်ယာရီမှတ်သလို…မှတ်တမ်းရေးသလို…
ပြောပြသွားဟန်နဲ့ တင်ဆက်ပြထားပုံကတော့
လူငယ်ဒါရိုက်တာတွေလက်ရာကောင်းမှန်းသိသာပါတယ်…

နီယန်တို့ ဘာကြောင့် တစ်အိမ်လုံးအသတ်ခံရတယ်ဆိုတာရယ်...
မျက်မမြင်သူရဲကောင်းက ဘယ်သူလဲဆိုတာရယ်…
နီယန်နဲ့ မျက်မမြင်သူရဲကောင်းကြားမှာ ဘယ်လိုပတ်သက်မှုရှိပြီး…
ဘယ်လိုပုံစံနဲ့ခင်မင်ခဲ့တယ်ဆိုတာကို
ရိုက်ပြသွားပုံလေးလည်းစိတ်ဝင်စားဖို့ကောင်းလို့…
အက်ရှင်ဖန်တွေ သိုင်းဖန်တွေသာမက
ရိုက်ကူးရေးစိတ်ဝင်စားတဲ့သူတွေလည်း
ကြည့်သင့်တဲ့ကားကောင်းလေး

 Crd

အညွှန်း🍀

05 Nov, 10:41


Ik Sandhu Hunda Si (2020) မြန်မာစာတန်းထိုး
============================

Ik Sandhu Hunda Si (2020) ဟာ
IMDb 5.1/10 Google users 92% ရထားသော ဒါရိုက်တာ Rakesh Mehta ရိုက်ကူးထား၍
Jass Grewal, Prince Kanwaljit Singh က ဇာတ်ညွှန်းရေးသားထားကာ

သရုပ်ဆောင်  Gippy Grewal, Neha Sharma, Vikramjeet Virk တို့ ပါဝင် သရုပ်ဆောင်ထားသော Action, Drama ဇာတ်ကားကောင်း တစ်ကား
ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့်
တင်ဆက်လိုက်ပါရစေ...

ပန်ဂျပ်တက္ကသိုလ်ရဲ့ အကျင့်ပျက် ခြစားမှုကို
တိုက်ထုတ်ရန် စီနီယာကျောင်းသား စန်ဒူးဟာ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ်
ဝင်အရွေးခံတဲ့အခါ ဘယ်လို အက်ရှင်တွေ
တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်
ကြည့်ရှုခံစား ကြည့်ကြပါခင်ဗျာ...


#Crd

အညွှန်း🍀

05 Nov, 10:40


Nakshatram (2017)
================
IMDb4.2 Action

ရဲအရာရှိအရမ်းဖြစ်ချင်တဲ့ လူငယ်တစ်ယောက်ရဲ့ ဆန္ဒကိုရဲမူးကြီးရဲ့ သားနဲ့အပေါင်းပါတွေက

ရိုက်ချိုးဖျက်စီးပျက်ရာမှ အစပြုကာ တစ်ဖက်မှာလဲ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ အကြမ်းဖက်သမားတွေနဲ့

အပေါင်းပါတွေကပါဝင်ပတ်သက်နေတဲ့အတွက် အဲ့ဒီအကြမ်းဖက်သမားတွေကို

နှစ်ဆ ဘယ်လိုသမပြမလဲ ပြီးတော့အဲ့လူငယ်က ရဲအရာရှိ ဘယ်လိုဖြစ်လာ မလည်းဆိုတာတော့. . .


Credit

အညွှန်း🍀

05 Nov, 10:40


Pardes [1997] နယ်မြေရပ်ခြားနိုင်ငံခြား

Imdb Rating 7/10
Drama, Musical, Romance

Pardes ဟာ ၁၉၉၇ ၊ ဩဂုတ်လ ၊ (၈)ရက် မှာ အိန္ဒိယနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် ။ 

ဘောလီးဝုဒ်ဒါရိုက်တာ ဆရာကြီး ဆူဘတ်ရ်ှဂိုင်း ၊ ဇာတ်လမ်းဇာတ်ညွှန်း ဆူဘတ်ရ်ှဂိုင်း ၊ နီရတ်ဂ်ျပသစ်ခ် ၊ ဂျာဗေ့ဒ်ဆစ်ဒီကီးတို့မှရေးသားကာ ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းရိုက်ကူးပြီး ၊ အမ်မရစ်ရ်ှပူရီး ၊ အာလိုခ်နတ် ၊ ရှာရွတ်ခန်၊ မာဟီမားကျောင်ဒရီး ၊ အပူရ်ဗားတို့မှ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။

ဇာတ်လမ်းအကျဉ်း

ကစ်ရှိုးလားဂျီးဟာ အမေရိမှာ အခြေတကျအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ။ အမေရိကမှာနေပေမဲ့ ကိုယ့်နိုင်ငံရိုးရာ ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်သလို သူ့ရဲ့တစ်ဦးတည်းသောချစ်သားလေးရာဂျစ်အတွက် ချွေးမလောင်းလေးဟာလဲ  ရိုးရာဓလေ့နဲ့လူ့ကြီးသူမကို လေးစားရိုသေ အလုပ်အကျွေးပြုတတ်သူ အလိမ္မာအိမ်ပါ အိန္ဒိယသူစစ်စစ်ဖြစ်ရမယ်ရယ်လို့ ခံယူထားသူ ။



#Credit
#ChannelMyanmar

အညွှန်း🍀

04 Nov, 13:57


The Ghazi Attack [2017]

အိန္ဒိယ ရဲ့ပထမဆုံးရေအောက်မှာရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

ဒါရိုက်တာ Sankalp Reddy ရိုက်ကူးထားတာဖြစ်ပြီးတော့ IMDB 7.7 ထိရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။

အညွှန်း

1971 ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအတွင်း ပါကစ္စတန်ရေငုပ်သင်္ဘောတစ်စင်းသည် Vizag ဆိပ်ကမ်းကို လျှိုဝှက်စွာ ပြန်လည်တိုက်ခိုက်ရန် ကြံစည်နေသည်ကို အိန္ဒိယ ရေတပ်ကကြားဖြတ်ဖမ်းယူနိုင်ခဲ့တာကြောင့် အိန္ဒိယပိုင်ရေငုပ်သင်္ဘော S21 ကိုစေလွှတ်စောင့်ကြည့်စေခဲ့ပါတယ်။

ဒါပေမယ့် S21 ရဲ့ ကပ္ပတိန်က စောင့်ကြည့်ရမှာကို စတင်ပစ်ခတ်လိုက်ချိန် မှာတော့....



Crd

အညွှန်း🍀

04 Nov, 13:54


Dhoom 2 (2006) MMSB

========================
မကြည့်ဖူးတဲ့သူမရှိလောက်အောင်နာမည်ကြီးခဲ့တဲ့ဘောလိဝုဒ်ဇာတ်ကားတစ်ကားပါ။

လက်ပွားမင်းသားရဲ့အကောင်းဆုံးဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။

Movie Review 👇👇👇

ဒီဇာတ်ကားထဲမှာတော့ လက်ပွားမင်းသားဟာ Professional သူခိုးတစ်ယောက်ရဲ့ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

Dhoomကားရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ACP Jay Dixit နဲ့ Ali တို့ရဲ့နေရာကို Abishek Bachan နဲ့ Uday chopraတို့ကသရုပ်ဆောင်ထားပါတယ်။

မယ်ကမ္ဘာဆုရထားတဲ့မင်းသမီးချော Aishwarya Rai ကလည်း နှစ်ဖက်ချွန် တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားတစ်ခုလုံးကို ထိန်းသွားတာကတော့ လက်ပွားမင်းသား Hrithik Roshanပါပဲ။

Aryanရဲ့ဇာတ်ကောင်နေရာကနေ ရုပ်ပြောင်းရုပ်လွှဲတွေကိုတစ်ဝကြီးကြည့်ရှုခံစားရမှာပါ။

အယောက်၁၀၀မှာ၉၀လောက်ကြည့်ပြီးသားဖြစ်တဲ့
ဇာတ်ကားလေးမို့ review ကိုအတိုချုံ့ပဲရေးပေးလိုက်ပါတယ်.....



Crd

အညွှန်း🍀

04 Nov, 13:54


Ittefaq (2017)

အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာ မိုးတွေသည်းနေပါတယ်…မိုးရေထဲမှာပဲ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနှစ်ခု…

ဗစ်ကရမ်စီသီးဟာ ယူကေနိုင်ငံမှာ လူကြိုက်များတဲ့ ဝတ္ထုရေးဆရာတစ်ယောက်ပါ…

သူဟာ ကတ်သရင်းဆိုတဲ့ foreigner အမျိုးသမီးနဲ့ အိမ်ထောင်တစ်ခုတည်ထောင်ခဲ့ပါတယ်…

တစ်နေ့ သူပြန်လာတဲ့အချိန်မှာတော့ ကတ်သရင်း သေဆုံးနေခဲ့ပါတယ်…

ချက်ချင်းပဲ သူရဲကိုဖုန်းဆက်တယ်…

ရဲတွေက သူသတ်တယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်…

ဗစ်ကရမ်ဟာ ကြောက်ကြောက်လန့်လန့်နဲ့ ခြေဦးတည့်ရာကားမောင်းပြေးပါတော့တယ်….

ကားအရှိန်လွန်ပြီး တိမ်းမှောက်ခဲ့ပါတယ်…

ဒဏ်ရာတွေနဲ့ ဗစ်ကရမ်ဟာ နီးစပ်ရာ အိမ်ထဲဝင်ပြီး အိမ်ပိုင်ရှင် မာယာဆိုတဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပါတယ်…

ဒီကူညီပေးတဲ့အိမ်မှာလဲ လူသတ်မှုဖြစ်နေခဲ့ပါတယ်…

မာယာခင်ပွန်းဖြစ်သူ ရှက်ကာ ဆိုတဲ့ သူသေဆုံးနေတာပါ…

ဗစ်ကရမ်အမှုကို မွန်ဘိုင်းထိပ်တန်းစုံထောက် ဒေ့ဗ် တာဝန်ယူရပါတယ်…

ဒေ့ဗ်ဟာ မာယာနဲ့ ဗစ်ကရမ်ရဲ့ ထွက်ဆိုချက်များကို နားထောင်ရပါတယ်….

မှု့ခင်းစုံထောက်ဇာတ်ကားကောင်းမို့အညွန်းအပြည့်အစုံမရေးပေးတော့ပါဘူး

လူကြီးမင်းတို့ကိုယ်တိုင်ကြည့်ရင်း အုံးစားစေဖို့ပါ




Crd

အညွှန်း🍀

04 Nov, 13:53


KY CHANNEL 0.2:
Ek Thi Daayan  (2013)

-------------------------------
Imdb 5.7/10

Edward Norton ရဲ့ Illusionist ကို မှတ်မိကြဦးမယ်ဆိုရင်.. သူ့လိုပဲ Illusionist တစ်ယောက်ရဲ့ ဘဝနောက်ကွယ်က ပဉ္စလက်ဆန်ဆန်အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ Ek Thi Daayan ကိုလဲ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယူဆမိတဲ့အတွက်ကြောင့် Goldchannel မှ ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

Imdb 5.7 rating နဲ့ ကလေးသရုပ်ဆောင်တွေ ဒါရိုက်တာတွေ မင်းသမီးတွေ အကုန် Nomination တွေ ရတဲ့အထိ ခရီးပေါက်ခဲ့တဲ့ film တစ်ခု ဖြစ်တဲ့အတွက်ကြောင့်... 

ကျွန်တော်တို့ မြန်မာနဲ့ သိပ်မစိမ်းလှတဲ့အရှေ့တိုင်းမျက်လှည့်ဆရာတစ်ယောက်ရဲ့ ခြောက်ခြားဖွယ် အိပ်မက်ဆိုးတွေကို ထိထိမိမိ ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။

Bobo ဟာ အောင်မြင်ကျော်ကြားနေတဲ့ ထိပ်တန်းမျက်လှည့်ဆရာတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်အာရုံထဲကို.. ထင်ယောင်ထင်မှား အာရုံတွေ ပူး၀င်နှောင့်ယှက်လာကတည်းက သူ့ရဲ့ စင်မြင့်ဖျော်ဖြေပွဲတွေမှာ.. အမြဲလိုလို အခက်အခဲတွေဖြစ်လာရပါတော့တယ်။

အဲဒီအတွက် လူတွေရဲ့ စိတ်ကို လှည့်စားနိုင်စွမ်းရှိတဲ့ Bobo တစ်ယောက် စိတ်ရောဂါကုထုံးဆရာ၀န်တစ်ယောက်နဲ့ ပြန်ပြီး အကုသခံဖို့ ဖြစ်လာပါတယ်။

ကုသချိန် အိပ်မွေ့ချနေစဉ်အတွင်းမှာ.. Bobo ဟာ သူ့ရဲ့ အတိတ်မှာ မေ့ဖျောက်ထားခဲ့တာ ကြာနေပြီ ဖြစ်တဲ့ အကြောင်းအရာတစ်ချို့ကို မှတ်မိလာတဲ့အလျောက် သူ့ရဲ့ ငယ်စဉ်ဘ၀က ထိန်းကျောင်းပေးခဲ့တဲ့ မိထွေးဖြစ်သူ Diana ကို မုန်းတီးခဲ့မှုတွေ သူ့ရဲ့ ချစ်လှစွာသော ဖခင်ဖြစ်သူနဲ့ ညီမငယ်တို့ အသက်ဆုံးရှုံးရပုံတွေက စိတ်အာရုံတွေထဲမှာ တကြော့ ပြန်လည်နိုးထလာကြပြီ ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် Bobo ရဲ့ ချစ်ရသူ Tamra ကနေ တဆင့် Lisa dutt ဆိုတဲ့ မိန်းမလှလေးတစ်ယောက်ဟာ Bobo ရဲ့ ပါတ်၀န်းကျင်ထဲမှာ ချဉ်းနင်း၀င်ရောက်လာခဲ့ပါပြီ။

Bobo အတွက်တော့ Lisa ရဲ့ အချို့သော အပြုအမူတွေ လုပ်ရပ်တွေကြောင့် Lisa ဟာ Daayan ( စုန်းအတတ်တွေကို လေ့လာလိုက်စားတဲ့သူ ) တစ်ယောက် ဖြစ်မယ်လို့.. သံသယရှိစရာပါပဲ။

တစ်ဖက်ကလဲ Lisa ဟာ..  သူ့ရဲ့အတိတ်ကနေ လူ၀င်စားတစ်ယောက်အနေနဲ့ သူ့ဆီ ရောက်ရှိလာတာ လဲ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့..

ထင်မြင်လာမိတဲ့နောက်မှာတော့...  Bobo တစ်ယောက်.. ဒီ Daayan Witch တွေ နဲ့ ဘယ်လို ရင်ဆိုင်တိုက်ခိုက်ကြမလဲ..

ဘယ်လို သူ့ဘ၀ရဲ့အိပ်မက်ဆိုးတွေကို ခြေဖျက်သွားမလဲဆိုတာ..  ဆက်လက်ကြည့်၇ှု ခံစားပေးပါလို့. ညွှန်းဆိုရင်း....



Credit

အညွှန်း🍀

04 Nov, 13:53


Shabaash Mithu (2022) 
===================

IMDb-7/10

ကဲ ယူတို့အသည်းကျော် Haseen Dilruba ထဲက မင်းသမီးချောလေး တာ့ပ်ဆီးပါနူးရဲ့
ဇာတ်ကားသစ်လေး ထွက်လို့လာပြန်ပါပြီနော်

ဒီကားလေးကအိန္ဒိယမှာ အမျိုးသမီးခရစ်ကတ်အသင်းတွေကို အသိအမှတ်ပြုမခံရသေးခင်က
ရိုက်ထားတဲ့ကားလေးပါ

ခရစ်ကတ်ဟာ အမျိုးသမီးနဲ့မသက်ဆိုင်တဲ့အရာဆိုပြီးလှောင်ပြောင်ပြောဆိုခံရတဲ့ကြားက
ငယ်ငယ်လေးတည်းက ခရစ်ကတ်ကိုပဲအရူးအမူးဖြစ်ပြီး ရတဲ့နည်းနဲ့ရအောင်ဆော့တဲ့ကလေးမလေးတစ်ယောက်

အရွယ်ရောက်လာလို့သူ့အိမ်မက်တွေကိုယ်တိုင်အကောင်အထည်မဖော်နိုင်တဲ့အချိန်
အချစ်ဆုံး သူငယ်ချင်းကပဲ အိမ်မက်တွေကို ကိုယ်စားအကောင်အထည်ဖော်ဖို့ ကြိုးစားပေးခဲ့တယ်

အစွမ်းကုန်ကြိုးစားအားထုတ်ပေးခဲ့လို့ သူကိုယ်တိုင်အသင်းခေါင်းဆောင်ဖြစ်ခဲ့သလို အသင်းကလည်းစွမ်းဆောင်ရည်ပြည့်ဝခဲ့ပါတယ်
ကမ္ဘာ့ပွဲစဥ်တွေထိတက်ပြိုင်ဖို့ အိမ်မက်တွေနဲ့ကြိုးစားကြတယ်
ရောက်နိုင်တဲ့အနေအထားလည်းရှိတယ်

ဒါပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုတွေမရခဲ့ဘူး
တစ်နှစ်စာကျင်းပယှဥ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲတောင်များများမရခဲ့ပဲ ရှေ့ဆက်ဖို့ လမ်းပျောက်ခဲ့တယ်....

ကပ္ပတိန်က လက်လျှော့ပြီးဇာတိပြန်
အသင်းသားတွေ တစ်ကွဲတစ်ပြားဖြစ်သွားခဲ့ရတဲ့နောက်

ခရစ်ကတ်ကိုလုံးဝလက်လျှော့ပြီး အိမ်ထောင်ပြု သာမန်အမျိုးသမီးဘဝနဲ့ပဲနေသွားမလား....
ခရစ်ကတ်ကမ္ဘာ့အဆင်ပွဲထိတက်ပြိုင်နိုင်မလား.....

အမျိုးသမီးအဓိကထားရိုက်ထားပေမယ့် အမျိုးသမီးဝါဒီတွေအလွန်အကျူးမပါတဲ့ ဇာတ်ကားကောင်းလေးပါ


Credit

အညွှန်း🍀

04 Nov, 13:24


Agent Mr. Chan (2018)

Genre - Action / Comedy

အခုဇာတ်ကားလေးကတော့ဟောင်ကောင်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက် ကြည့်သင့်တဲ့ action-comedy အမျိုးအစားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အေးဂျင့်မစ္စတာချန်ဟာ နိုင်ငံတကာအေဂျင်စီတစ်ခုမှာအလုပ်လုပ်နေတဲ့ထိပ်တန်းစုံထောက်တစ်ယောက်ပါ။

ကံဆိုးစွာနဲ့ပဲသူကတာဝန်တစ်ခုမှာကျရှုံးခဲ့လို့အဖွဲ့ကနေပြီးထုတ်ပယ်ခြင်းခံလိုက်ရတယ်။အဲ့ဒီလိုနဲ့ လွန်ခဲ့တဲ့နှစ်၂၀လောက်က တာဝန်တစ်ခုကိုထမ်းဆောင်ရင်း သူအသုံးချခဲ့တဲ့အမျိုးသမီးမမျှော်လင့်ဘဲပြန်တွေ့ခဲ့တဲ့အခါ ထိုအမျိုးသမီးဟာရဲအရာရှိတစ်ယောက်ဖြစ်နေပါပြီ။အဲ့ဒီအမျိုးသမီးအတွက် ထူးဆန်းတဲ့အမှုတွေကိုလိုက်လံဖြေရှင်းပေးရပုံကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ဟာသဆန်ဆန်စုံထောက်ကားတစ်ကားဖြစ်ပါတယ် ။
ဟောင်ကောင်ကားလည်းဖြစ် အရှေ့တိုင်းဆန်ဆန်ပျက်လုံးတွေကြောင့်IMDB ratingနည်းပေမဲ့ အားလပ်ရက်မှာ အနားယူရင်းပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်


Crd

အညွှန်း🍀

04 Nov, 13:23


My fairy Tale Love Story

ရေသူမကျိန်စာကို ချေဖျက်နိုင်မယ့် မင်းသားလေးကိုရှာဖွေရသောအခါ..

ချစ်စရာကောင်းတဲ့ကောင်မလေး ချန်တယ်ဟာ အိမ်ထောင်ကွဲမိဘတွေရဲ့ ဖူးဖူးမှုတ်အလိုလိုက်ခံထားရတဲ့ သမီးလေးဖြစ်တာကြောင့် တစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။

တစ်နေ့ သူမအဖေပိုင် ရေသူမကျွန်းကို သူငယ်ချင်းတွေနဲ့ အလည်အပတ်သွားကြရာက ရေငုပ်ရင်း ထူးဆန်းတဲ့ခရုခွံလေးကို ကိုင်မိရာကနေ စပါတော့တယ် ခရီးကပြန်ရောက်လို့ မနက်မိုးလင်းတဲ့အခါ သူမဆီမှာ ငါးအမြီးကြီး ရှိနေတာကို သိလိုက်ရတဲ့အခါ ဘယ်လိုလုပ်ကြမလဲ ခရုခွံလေးကောက်ကိုင်မိတာနဲ့ ဘယ်လိုပတ်သတ်နေလဲ သူမရဲ့သူငယ်ချင်းနိုဝါကရော ဘယ်လိုကူညီပေးမလဲ?

ရေသူမကျိန်စာကို အချစ်စစ်အနမ်းကသာ ပယ်ဖျက်နိုင်တယ်ဆိုပြီး ဒီဂျေအီသန်ဆိုတဲ့ ကောင်လေးကို ချဉ်းကပ်ကာ အနမ်းရဖို့ ကြိုးစားပါတော့တယ်။ ရေသူမကျိန်စာရဲ့အဖြေက အချစ်စစ်အနမ်းရော ဟုတ်ရဲ့လား ဆိုတာကတော့...အခုပဲဒေါင်းကြည့်လိုက်ပါနော်...



Crd

အညွှန်း🍀

04 Nov, 13:23


Stop! Thieves ( 2019 )
ငတက်ပြားသုံးဖော်
=================

ငွေအရမ်းမက်တဲ့ ရှောင်းချန်က သူ့ညီ ဖက်တီးနဲ့ ချွဲ့ဇီကိုခေါပြီး တစ်အိမ်တက်ဆင်း ပစ္စည်းတွေခိုးပြီး ပြန်ရောင်းတဲ့အလုပ်ကို လုပ်ပါတယ်.. ပစ္စည်းခိုးတာကို လူမိရင်တော့ ပြေးတာပေါ့,,, တိုက်တိုက်ဆိုင်ဆိုင် သူတို့ ခိုးတာ လူမိလို့တစ်ပတ်ရိုက်ပြေးချိန်မှာပဲ… ကားတစ်စီးနဲ့ ဝင်တိုက်ခဲ့တယ်..

အဲ့ကားပေါ်မှာ သူတို့တွေ့ခဲ့တဲ့ သူက သူဌေးတစ်ယောက်ရဲ့ဦးလေးဖြစ်ပြီး ပြန်ပေးဆွဲခံရတာတဲ့… ဒီဦးလေးကို ကယ်ထုတ်ပေးနိုင်ရင် ဆုကြေးရမယ်ဆိုလို့… မှန်းထားတဲ့အတိုင်းပါပဲ ငတက်ပြား ညီအစ်ကို ၃ ယောက်ရဲ့ ကယ်ဆယ်ရေးခရီး စခဲ့တာပေါ့…

ကဲ ဦးလေးကို ကယ်ထုတ်ပေးနိုင်မှာလား… ဒီညီအစ်ကိုတွေက ဘာလို့ ဒီလောက်တောင် ငွေမက်တာလဲ…



Crd

အညွှန်း🍀

04 Nov, 13:23


White Lies, Black Lies 2016

ညတစ်ညမှာ ကောင်းရှုံမြို့ကဆံသဆိုင်တစ်ခုမှာ ဆိုင်ရှင်အမျိုးသမီးကို လည်လှီးတဲ့လူသတ်မှုဖြစ်ပွါးခဲ့တယ်။ခင်ပွန်းဖြစ်သူကဆေးရုံကိုလာပို့ပေမယ့် အရေးပေါ်ခွဲစိတ်နေတုန်းမှာပဲ ထွက်ပြေးသွားခဲ့တယ်။ ရဲတွေကခင်ပွန်းဖြစ်တဲ့သူကို အဓိကသံသယရှိသူအနေနဲ့လိုက်ရှာကြပါတော့တယ်။

အထက်တန်းကျောင်းကငယ်ချစ်ဦးနဲ့ အသက်တွေကြီးမှပြန်ဆုံတဲ့အခါ အချစ်တွေမကုန်သေးတဲ့အတွက် အမှားတွေလုပ်မိခဲ့ကြတယ်။ မိန်းမဖြစ်တဲ့သူကသိသွားတဲ့အခါ စိတ်လိုက်မာန်ပါနဲ့ သတ်သေသွားတယ်လို့ထွက်ဆိုချက်ပေးပေမယ့် ရဲတွေကမယုံပဲဆက်စစ်ဆေးကြတယ်။

ဒါဟာတကယ်ပဲ မတော်တဆမှုလားရည်ရွယ်ချက်ရှိရှိလူသတ်မှုလား……



Crd

အညွှန်း🍀

03 Nov, 13:31


ရှင်းအန်းတောင်မှ အမဲလိုက်မုဆိုး

Legend of Hunter 2 (2023)

ဇာတ်လမ်းအကျဉ်း

ရှင်းအန်းတောင်ရဲ့ယန်းကျီလျှိုမြောင်မှာ ရွှေထွက်တာကြောင့် လောဘကြီးသူရွှေတူးသမားတွေက အကြံအစည်အမျိုးမျိုးနဲ့ ချဉ်းကပ်ကြပါတယ်

ဒါပေမဲ့ ယန်းကျီလျှိုမြောင်ကိုသွားချင်ရင် ငံပြာရည်အိုးကြီးလို့ ဒေသခံတွေတင်စားကြတဲ့ ရွှံနွံမြေကိုဖြတ်သန်းရပါတယ်

ရွှံနွံမြေကို ဆောင်းရာသီ ရွှံ့တွေအေးခဲတဲ့အချိန်မှ ‌သွားလို့ရတာမို့ ဆောင်းရာသီဆိုရင် ရွှေတူးတဲ့အကြံသမားတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ ရှင်းအန်းတောင်ကို ရောက်လာကြပါတယ်

ဒါပေမဲ့ ရှင်းအန်းတောင်မှာ အလာပဲရှိ အပြန်မရှိပါဘူး ဒီလိုထူးဆန်းစွာ သေဆုံးမှုများလာတဲ့အခါမှာတော့

‌တော်၀င်ဘုရင်မင်းလက်ထက်က သရဲတစ္တေကို နိမ်နင်းနိုင်တဲ့ သဘာလွန်စွမ်းအားရှိသူဖြစ်တဲ့ တော်၀င်မုဆိုးမျိူးဆက်ဖြစ်တဲ့ မုဆိုးအော့ရယ်ကို ဖိတ်ခေါ်ခဲ့တဲ့အခါမှာ နောက်ကွယ်က မြုပ်နှံထားတဲ့ ဖြစ်ရပ်ကြီး ပေါ်ပေါက်လာပါတော့တယ်


#SoulKingdomMovie

အညွှန်း🍀

03 Nov, 13:25


Monolith (2016)
==============

အညွှန်း

သားအမိနှစ်ယောက်ဟာ ကားအသစ်တစ်စီးနဲ့အတူ ခရီးထွက်လာကြရင်း အက်ဆီးဒင့်ဖြစ်ပြီး ကားတံခါးက လော့ကျသွားခဲ့ပါတယ်။

အမေဖြစ်သူမှ ကားထဲကို ပြန်ဝင်မရနိုင်တော့ပဲကလေးကလည်း ကားထဲမှာပိတ်မိသွားတဲ့အခါမှာတော့.....

ကလေးကို ကားထဲကေန ကယ်ထုပ်ဖို့ ကြိုးစားရင်းနဲ့ အပြင်မှာရှိနေတဲ့သူမရော သားရဲတရိစ္ဆာန်တွေ ရန်ကြောင့် အသက်ဘေးကနေ လွတ်ပါ့မလားဆိုတာတော့ကိုယ်တိုင်အားပေးကြည့်ရှုကြပါ။



Crd