uab bank @uabbankmm Channel on Telegram

uab bank

@uabbankmm


Connect. Create. Change.

uab bank (English)

Welcome to uab bank, a Telegram channel dedicated to helping you connect, create, and change for a better financial future. Our channel username, @uabbankmm, is your key to accessing valuable information, tips, and resources related to banking, finance, and investments. Whether you are a seasoned investor looking for new opportunities or a beginner looking to learn more about managing your finances, uab bank is the place for you.

Who are we? We are a leading financial institution that is committed to providing innovative banking solutions to our customers. With a strong focus on customer service and technological advancements, we strive to make banking easy and convenient for everyone.

What do we offer? Our Telegram channel is a one-stop destination for all things related to banking and finance. From tips on budgeting and saving to updates on the latest investment trends, we cover a wide range of topics to help you make informed decisions about your money. We also provide exclusive offers and promotions to our channel subscribers, giving you access to special deals and discounts.

Why should you join us? By joining uab bank on Telegram, you will be part of a community that is dedicated to helping you achieve your financial goals. Whether you are looking to save for a rainy day, invest in your future, or simply learn more about personal finance, our channel has something for everyone. Plus, with our easy-to-access platform, you can stay connected to the world of banking and finance wherever you go.

So what are you waiting for? Join uab bank on Telegram today and start your journey towards a brighter financial future. Connect with us, create new opportunities, and change your life for the better. Together, we can make a difference in the world of banking and finance. See you on the channel! #uabbankmm

uab bank

13 Feb, 12:03


Valentine’s Day ဆိုတာ အားလုံးရဲ့အနားမှာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်လည်သတိရ အမှတ်ရနေမယ့် နေ့လေးတစ်နေ့ပါ။ ❤️

ဒီလို ထူးခြားတဲ့နေ့လေးမှာ…
အချစ်ရဆုံးသူကို သူ့အတွက် တန်ဖိုးဖြတ်မရသလို အဓိပ္ပာယ်လည်းရှိတဲ့ uab personalised gift card ကို လက်ဆောင်ပေးပြီး Surprise အဖြစ်ဆုံး၊ ရင်အခုန်ရဆုံး အခိုက်အတန့်လေးတွေ အတူတူ ဖန်တီးလိုက်ပါနော်။

uab bank

11 Feb, 12:59


“မြန်မာနိုင်ငံရဲ့ ပထမဆုံး Chinese Theme အပြင်အဆင်နဲ့ uab လသာဘဏ်ခွဲဖွင့်လှစ်ခြင်း”

Banking Industry ရဲ့ သမိုင်းဝင် မှတ်တိုင်အသစ်တစ်ခုအနေနဲ့ uab လသာဘဏ်ခွဲကို မြန်မာ့ပထမဆုံး Chinese Theme ဘဏ်ခွဲအဖြစ် ခမ်းနားစွာ ပြန်လည်ဖွင့်လှစ်လိုက်တဲ့ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို uab bank CEO Mr.Christopher Loh, တာဝန်ရှိလူကြီးမင်းများနဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်ဥက္ကဌ ဦးအိုက်ထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

🧧 အသစ်စတင်ခြင်းနဲ့ ကံကောင်းခြင်းတို့ကို ရည်ညွှန်းတဲ့ ဓလေ့တစ်ခုဖြစ်တဲ့ Eye-Dotting အစီအစဉ်

🧧 ခွန်အားကြီးခြင်း၊ ကြွယ်ဝချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ရည်ညွှန်းတဲ့ ဓလေ့တစ်ခုဖြစ်တဲ့ ခြင်္သေ့အက ကပြဖျော်ဖြေတဲ့ အစီအစဉ်

🧧 ရိုးရာယဥ်ကျေးမှုနဲ့ ဆန်းသစ်တီထွင်မှုတို့ ပေါင်းစပ်ထားတဲ့ uab လသာဘဏ်ခွဲရဲ့ Chinese Decoration အပြင်အဆင်များကို လေ့လာကြည့်ရှုခြင်းစတဲ့ အစီအစဉ်တွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

📍 လိပ်စာ: အမှတ် (၁၂၆)၊ မြေညီထပ်၊ လသာလမ်း၊ လသာမြို့နယ်

uab bank

11 Feb, 08:12


၁၀-၂-၂၀၂၅ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၆၀၃ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၁၀-၂-၂၀၂၅ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On February 10,2025, the Central Bank recorded the average selling price of USD for trade-related activities at 3,603 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates.

uab bank

11 Feb, 08:11


uab bank မှ Common Health Myanmar နဲ့အတူပူးပေါင်းပြီး uabian များအတွက် အခမဲ့ ကျန်းမာရေး စစ်ဆေးပေးခြင်း အစီအစဉ်လေးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ uab Tower 23rd Floor မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

အသိအမှတ်ပြုလက်မှတ်ရ ကျန်းမာရေးဝန်ထမ်းများနဲ့ ဆရာဝန်များမှ uabian တစ်ဦးချင်းစီအတွက် သွေးတွင်းအချိုဓာတ် စစ်ဆေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ နှလုံးသွေးကြောကျဥ်းရောဂါနှင့် လေဖြတ်နိုင်ခြေရှိမရှိ စစ်ဆေးပေးခြင်းနဲ့ လိုအပ်တဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပေးခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

uab bank

07 Feb, 05:13


uab လသာဘဏ်ခွဲကို “မြန်မာနိုင်ငံရဲ့ ပထမဆုံး” Chinese Theme ဘဏ်ခွဲအဖြစ် ခမ်းနားစွာနဲ့ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

ခေတ်မီဆန်းသစ်တဲ့ အပြင်အဆင်တွေနဲ့အတူ Chinese ယဉ်ကျေးမှု အငွေ့အသက်တွေကို ခံစားရမယ့် ဒီနေရာလေးကိုတော့…

Chinese Tradition ကို ဂုဏ်ပြုရင်း Customer တို့အတွက် မတူညီတဲ့ Banking Experience တွေကို ခံစားရစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် အကောင်းဆုံး ဘဏ်ဝန်ဆောင်မှုတွေကို ရယူလို၍ဖြစ်စေ၊ Chinese ရိုးရာအငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ နေရာလေးကို လာရောက်လည်ပတ်လို၍ဖြစ်စေ uab လသာဘဏ်ခွဲကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်‌နော်။

uab bank

05 Feb, 13:34


ချစ်ရသူအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြနိုင်မယ့် နေ့လေးတစ်နေ့ဖြစ်တဲ့ Valentine's Day လေး မကြာခင်မှာ ရောက်ရှိလာတော့မယ်နော်။

ဒီလိုထူးခြားတဲ့နေ့လေးမှာ...
ချစ်ရသူအတွက်ဖြစ်စေ
သူငယ်ချင်းအတွက်ဖြစ်စေ
ကိုယ်တိုင်အတွက်ဖြစ်စေ

တစ်ဦးတစ်ယောက်တည်းအတွက်သေချာရည်ရွယ်ထားပြီးပေးတဲ့ လက်ဆောင်တိုင်းက ရင်အခုန်ရဆုံး Valentine လက်ဆောင်လေးဖြစ်စေမှာပါ။

ကိုယ်အချစ်ရဆုံးသူကို ‌မမေ့နိုင်စရာ Valentine's Day လေး ဖန်တီးပေးဖို့ စီစဉ်ပြီးပြီလား? ဘယ်လို ထူးခြားတဲ့ လက်ဆောင်လေးတွေပေးဖို့ စီစဉ်ထားလဲ?

uab bank

04 Feb, 13:03


လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ Special Person အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို နည်းလမ်းအမျိုးမျိုးနဲ့ ထုတ်ဖော်ပြသတတ်ကြပါတယ်။

မကြာခင် ရောက်ရှိတော့မယ့် Valentine’s Day မှာလည်း တခြား ဘယ်သူနဲ့မှမတူတဲ့ နည်းလမ်းနဲ့ ချစ်ရသူအပေါ် ဘယ်လောက်ထိ တန်ဖိုးထားလဲဆိုတာ သက်သေပြချင်ရင်တော့…

ချစ်ခြင်းတွေကိုဖော်ပြဖို့ အကောင်းဆုံးလက်ဆောင် “uab Gift Card” လေးကို လက်‌ဆောင်ပေးပြီး မမေ့နိုင်စရာ Valentine’s Day လေး ဖန်တီးလိုက်ပါနော်။

uab bank

03 Feb, 10:21


၃၁-၁-၂၀၂၅ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၆၀၃ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၃၁-၁-၂၀၂၅ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On January 31,2025, the Central Bank recorded the average selling price of USD for trade-related activities at 3,603 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates.

uab bank

01 Feb, 04:01


“ဝင်းလက်ထိန်သာ - ပန်းထိမ်ပညာ”

ဖေဖော်ဝါရီလမှာတော့ ချမ်းသာကြွယ်ဝမှု၊ ချစ်ခင်မြတ်နိုးမှုနဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်မှုတွေကို ကိုယ်စားပြုတဲ့ လက်ဝတ် အဆင်တန်ဆာတွေ ပုံဖော်ပြုလုပ်ရာ ပန်းထိမ်အတတ်ပညာကို
ဂုဏ်ပြုဖော်ကျူးထားပါတယ်။

ရွှေ၊ ငွေစတဲ့ သတ္တုတွေကို အရည်ကျိုကာ ကျွမ်းကျင်ပညာရှင်များက အနုစိတ် ပုံသွင်း ပြုလုပ်ထားတဲ့
ဝင်းလက်ထိန်သာ မြန်မာ့ရိုးရာ ပန်းထိမ်လက်မှုအတတ်ပညာကို ယနေ့ချိန်ထိတိုင် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နေကြဆဲပဲ ဖြစ်ပါတယ်။

ဒါကြောင့် uab 2025 Calendar ရဲ့ ဖေဖော်ဝါရီလအတွက် ပန်းချီလက်ရာကိုတော့ ပန်းထိမ်လက်မှုအတတ်ကို ဂုဏ်ယူစွာနဲ့ ရွေးချယ်‌ဖော်ကျူးထားခြင်း ဖြစ်ပါတယ်။

uab bank

30 Jan, 08:37


uab bank နှင့် Shopping Mall Myanmar Co., Ltd. (One Stop Mart) တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

uab bank နှင့် Shopping Mall Myanmar Co., Ltd. (One Stop Mart) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့၊ uab bank Head Office မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

နောက်ပိုင်းတွင် uab ဘဏ်၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို One Stop Mart မှတစ်ဆင့် ချိတ်ဆက်သုံးစွဲနိုင်ရန်အပြင် Business to Business (B2B), Business to Customer (B2C) ကိုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းများကို အတူလက်တွဲ ပူးပေါင်း လုပ်ဆောင်သွားဖို့ ရည်ရွယ်၍ uab bank မှ Shopping Mall Myanmar Co., Ltd. (One Stop Mart) တာဝန်ရှိသူများနှင့်အတူ ဤနားလည်မှုစာချွန်လွှာကို လက်မှတ်‌ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။

uab bank

29 Jan, 03:03


Gong Xi Fa Cai !

တရုတ်ရိုးရာ ပြက္ခဒိန်အရ ယနေ့ ‌ဇန်နဝါရီလ (၂၉) ရက်နေ့‌မှာတော့ နဂါးနှစ်ကနေ မြွေနှစ်ကိုကူးပြောင်းလာခဲ့ပြီ ဖြစ်ပါတယ်။

ယခု ရောက်ရှိလာတဲ့ တရုတ်ရိုးရာ မြွေနှစ်သစ်မှာ…
🧧 ချစ်ရတဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ
🧧 ကြွယ်ဝချမ်းသာခြင်းတို့နဲ့ ပြည့်စုံပါစေ
🧧 အလုပ်နဲ့ မိသားစုဘဝ ဟန်ချက်ညီစွာ ဖြတ်သန်းနိုင်ပါစေ
🧧 ရည်မှန်းထားတဲ့ လုပ်ငန်းဆောင်တာများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါစေလို့ uab bank မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

မြွေနှစ်သစ်မှာလည်း တိုးတက်အောင်မြင်မှုနဲ့ အခွင့်အလမ်းအသစ်တွေကို Customer တို့နဲ့ အတူတကွဖော်ဆောင်ရင်း အကောင်းဆုံး ဘဏ်ဝန်ဆောင်မှုတွေနဲ့ ဆက်လက် ရှိနေပေးသွားဦးမှာ ဖြစ်ပါတယ်။

uab bank

28 Jan, 11:04


အသက်သာဆုံးအတိုးနှုန်းနဲ့ လုပ်ငန်း “၂ ဆ” တိုးချဲ့နိုင်မယ့် အခွင့်အရေး

လုပ်ငန်းတွေကို လက်ရှိအနေအထားထက် ပိုပြီးတိုးချဲ့ချင်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား လုပ်ငန်းရှင်တို့အတွက်…
uab bank မှ အသက်သာဆုံး အတိုးနှုန်းနဲ့ ရယူနိုင်မယ့် MSME Development Financing ကို ဖန်တီးပေးထားပါတယ်။

လုပ်ငန်းရှင်တို့အတွက် အဆင်ပြေလွယ်ကူစွာ လုပ်ငန်းတိုးချဲ့နိုင်မယ့် အခွင့်အရေးမို့ လက်လွှတ်မခံဘဲ အခုပဲ နီးစပ်ရာ uab ဘဏ်ခွဲတွေမှာ လျှောက်ထားရယူလိုက်တော့နော်။

အသေးစိတ်သိရှိလိုပါက uab bank ရဲ့ Contact Center : 099 4000 5000 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

uab bank

27 Jan, 04:01


“အယုံမလွယ်ပါနဲ့…(၂) ခါစဥ်းစားပါ”

ကိုယ့်ရဲ့ အဖိုးတန် ငွေကြေးတွေ အလွယ်တကူ မဆုံးရှုံးရအောင် ဗီဒီယိုလေးထဲကလို သံသယဖြစ်ဖွယ် ဖြစ်ရပ်တွေ ကြုံလာတဲ့အခါ ချက်ချင်း အယုံမလွယ်လိုက်ဘဲ (၂) ခါစဥ်းစားပြီး သတိပြုဆင်ခြင်လိုက်ရအောင်နော်။

(English Content)

Pause and Protect – Think Before You Act!

Your hard-earned money is precious – don’t let it slip away easily. When you encounter suspicious situations, like those shown in the video, take a moment to think twice before trusting anything.

🔒 Stay cautious. Stay protected.

#uabbank #FraudAwareness #ProtectYourInfo #ThinkTwice #အယုံမလွယ်ပါနဲ့၂ ခါစဥ်းစားပါ

uab bank

23 Jan, 11:54


Ria မှ ငွေလွှဲတွေကို uab ဘဏ်ခွဲ၊ uab ATM နဲ့ uabpay+ Agent တို့မှာ အလွယ်တကူ ထုတ်ယူနိုင်ပါပြီ။

Ria မှတစ်ဆင့် ပေးပို့လိုက်တဲ့ နိုင်ငံပေါင်း (၁၆၅) နိုင်ငံကျော်မှ ငွေလွှဲတွေကို…
နီးစပ်ရာ uab ဘဏ်ခွဲမှာဖြစ်စေ
uabpay App မှတစ်ဆင့် နီးစပ်ရာ uab ATM, uabpay+ Agent တို့မှာဖြစ်စေ လွယ်ကူမြန်ဆန်စွာ ထုတ်ယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

uab bank မှ Dedicated Team အနေနဲ့လည်း လုပ်ငန်းစဉ် အဆင့်တိုင်းကို ကူညီပေးရန် အသင့်ရှိနေပြီး ဖော်ပြပါ ဝန်ဆောင်မှုအကြောင်း အသေးစိတ် သိရှိလိုပါက [email protected] သို့မဟုတ် ဖုန်းနံပါတ် 09740838655 သို့လည်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

uab bank

22 Jan, 13:35


အပတ်စဥ် ဗုဒ္စဟူးနေ့တိုင်း တင်ဆက်ပေးနေတဲ့ “uab Wednesday Quiz - သိရင်ဖြေကြည့်” အစီအစဉ်လေး ပြန်လည်ရောက်ရှိလာပါပြီနော်။

အရင်အပတ်က မေးခွန်းလေးရော အဖြေမှန်ကြလား? ဒါဆို ဒီတစ်ပတ်အတွက် မေးခွန်းလေးကိုလည်း ဆက်ဖြေကြည့်လိုက်ရအောင်။

ဒီတစ်ပတ် uab Wednesday Quiz ရဲ့ မေးခွန်းလေးကတော့…
📲 OTP Code ဆိုတာ ဘာကိုဆိုလိုတာလဲ?

အဖြေကို Comment မှာ ခန့်မှန်းဖြေဆိုရင်းနဲ့ ကိုယ့်ရဲ့ Banking Knowledge တွေကို မျှဝေခဲ့ဦးနော်။

uab bank

21 Jan, 11:03


uab bank မှ အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းရှင်တွေအတွက် အထူးစီစဉ်ပေးထားတဲ့ “MSME Development Financing” အကြောင်း သိပြီးပြီလား?

“MSME Development Financing” ဟာဆိုရင်
အတိုးနှုန်း သက်သက်သာသာနဲ့ ကာလရှည် ချေးငွေကို ရရှိနိုင်မှာဖြစ်တဲ့အတွက် လုပ်ငန်းရှင်တို့ လုပ်ငန်းတွေ ၂ ဆ တိုးချဲ့ဖို့အတွက် လွယ်ကူအဆင်ပြေ စိတ်ချရတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

လျှောက်ထားလိုပါက လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ SME member card နဲ့အတူ နီးစပ်ရာ uab ဘဏ်ခွဲတိုင်းကို လာရောက် လျှောက်ထားနိုင်ပါတယ်။

uab bank

21 Jan, 10:54


၂၀-၁-၂၀၂၅ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၆၀၃ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၂၀-၁-၂၀၂၅ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On January 20,2025, the Central Bank recorded the average selling price of USD for trade-related activities at 3,603 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates.

uab bank

17 Jan, 13:03


“အယုံမလွယ်ပါနဲ့…(၂) ခါစဥ်းစားပါ”

မသမာသူတွေက နည်းလမ်းအမျိုးမျိုးနဲ့ Customer တို့ရဲ့ ကိုယ်ရေးအချက်အလက်၊ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်တွေကိုတောင်းပြီး ငွေကြေးလိမ်လည်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။ အယုံမလွယ်ဘဲ (၂) ခါစဥ်းစားပြီး သတိပြုဆင်ခြင်လိုက်ရအောင်နော်။

(English Content)

Pause and Protect – Think Before You Act!

Fraudsters use clever tactics to steal your personal and banking information, putting your finances at risk.

Your security starts with the choices you make. Stay alert, think carefully, and protect yourself from scams.

Stay safe. Stay secure.

#uabbank #FraudAwareness #ProtectYourInfo #ThinkTwice #အယုံမလွယ်ပါနဲ့၂ခါစဥ်းစားပါ

uab bank

17 Jan, 03:10


သင်္ဘောသားလစာငွေတွေကို ကောင်းမွန်သောငွေလွှဲနှုန်းထား၊ ကောင်းမွန်သော ဝန်ဆောင်မှုနဲ့အတူ နီးစပ်ရာ uab ဘဏ်ခွဲတွေတိုင်းမှာ ထုတ်ယူနိုင်ပါပြီနော်။
ဒါ့အပြင် Customer တို့အနေနဲ့ uabpay App ကနေ တစ်ဆင့်လည်း ပေးပို့လာတဲ့ လစာငွေတွေကို မြန်မာကျပ်ငွေသို့ အချိန်မရွေး၊ နေရာမရွေး အလွယ်တကူပြောင်းလဲနိုင်ပါတယ်။

သင်္ဘောသားလစာ ငွေလွှဲနှုန်း Update တွေကိုတော့ https://www.uab.com.mm/deposit-rate/ ကနေတစ်ဆင့် အချိန်နဲ့တ‌ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက uab bank ရဲ့ Transaction Department ဖုန်းနံပါတ် 09790815008 , 09758858405 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

uab bank

15 Jan, 13:33


ဘဏ်လုပ်ငန်းနဲ့ပတ်သက်တဲ့ Banking Term တွေကို ရင်းနှီးကျွမ်းဝင်စေဖို့ ရည်ရွယ်ပြီး ပေါ့ပေါ့ပါးပါး မေးခွန်းလေးတွေနဲ့ ပါဝင်ဖြေဆိုလို့ရမယ့် “uab Wednesday Quiz - သိရင်ဖြေကြည့်” အစီအစဉ်လေးကို ဗုဒ္ဓဟူးနေ့တိုင်း uab bank Facebook Page မှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်နော်။

ဒီအစီအစဉ်လေးမှာ ပါဝင်ဖြေဆိုရင်းနဲ့ ကိုယ့်ရဲ့ Banking Knowledge ကို စမ်းသပ်ကြည့်လို့ရသလို Banking ပိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။

အဖြေမှန်ကို သိချင်ရင်တော့ uab bank ရဲ့ Facebook Page ကို ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးနော်။

uab bank

13 Jan, 04:32


၁၁-၁-၂၀၂၅ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၆၀၂ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၁၁-၁-၂၀၂၅ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On January 11, 2025, the Central Bank recorded the average selling price of USD for trade-related activities at 3,602 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates.

uab bank

09 Jan, 08:55


၈-၁-၂၀၂၅ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၆၀၁ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၈-၁-၂၀၂၅ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On January 8, 2025, the Central Bank recorded the average selling price of USD for trade-related activities at 3,601 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates.

uab bank

08 Jan, 13:01


လုပ်ငန်း “၂ ဆ” တိုးချဲ့နိုင်မယ့် အခွင့်အရေး ⬆️

အသေးစား၊ အငယ်စားနဲ့ အလတ်စားလုပ်ငန်းရှင်တို့အနေနဲ့ လုပ်ငန်း ဆက်လက်တိုးချဲ့ဖို့အတွက် လိုအပ်တဲ့ အရင်းအနှီးငွေကို uab bank ရဲ့ MSME Development Financing နဲ့အတူ ရယူနိုင်ပါပြီ။

သင့်လုပ်ငန်းကို အသက်သာဆုံး အတိုးနှုန်းနဲ့ ၂ ဆတိုးချဲ့နိုင်မယ့် အခွင့်အရေးမို့ လက်လွှတ်မခံဘဲ အခုပဲ နီးစပ်ရာ uab ဘဏ်ခွဲတွေကို လာရောက်လိုက်တော့နော်။

အသေးစိတ်သိရှိလိုပါက uab bank ရဲ့ Contact Center : 099 4000 5000 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

uab bank

07 Jan, 14:30


မသမာသူတွေကြောင့် ကိုယ့်ရဲ့အဖိုးတန်ငွေကြေးတွေ မဆုံးရှုံးရဖို့ ဗီဒီယိုထဲက အချက်လေးတွေ လိုက်လုပ်ကြည့်ကြပါစို့ ချစ်လို့ပြောတာနော်။

uab bank

07 Jan, 02:43


Banking Sector နဲ့ ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာ အလုပ်အကိုင် အခွင့်အလမ်းကောင်းများစွာနဲ့ uab Career Day ပွဲလေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်၊ Times City uab Head Office မှာ အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

အဆိုပါပွဲလေးမှာ uab bank ရဲ့ CEO ဖြစ်သူ Mr. Christopher Loh နဲ့ Key Person များမှ ပွဲတက်ရောက်သူ ညီငယ်၊ ညီမငယ်တွေအတွက် အကျိုးရှိစေမယ့် သက်ဆိုင်ရာနယ်ပယ်အလိုက် အကြံဉာဏ်များနဲ့ အတွေ့အကြုံများကို Sharing လုပ်ပေးခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း uab bank မှ “Leading Change And Humanising Banking” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Banking ပိုင်းမှာ အနာဂတ်အတွက် ခြေလှမ်းအသစ်တွေစတင်ချင်တဲ့ လူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေနဲ့အတူ Support ပေးနိုင်မယ့် အခုလိုပွဲတွေ ဆက်လက်ပြုလုပ်သွားဦးမှာပဲ ဖြစ်ပါတယ်။

uab bank

05 Jan, 13:32


OTP Code ကို ဘယ်သူတောင်းတောင်း လုံးဝ လုံးဝ မပေးပါနဲ့ !!!

ကိုယ့်ရဲ့ OTP (One Time Passcode) ကို ဖုန်း၊ အီးမေးလ် သို့မဟုတ် ဆိုရှယ်မီဒီယာမှတစ်ဆင့် မျှဝေခြင်း လုံးဝ မပြုလုပ်ရပါ။

uab bank မှလည်း Customer တို့ရဲ့ OTP Code ကို မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်ပါ။

လိမ်လည်ဖြားယောင်း၍ တောင်းဆိုချက်များကို အသိ၊ သတိဖြင့် ရှောင်ကြဉ်ပါ။

ဗီဒီယိုထဲကလို အလားတူဖြစ်ရပ်များ ပေါ်ပေါက်လာပါက uab bank ရဲ့ Contact Center နံပါတ်ဖြစ်တဲ့ 099 4000 5000 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

uab bank

03 Jan, 12:45


ငွေကြေးတွေ မဆုံးရှုံးစေဖို့ ဒီအရာလေးတွေ သတိပြုကြပါစို့ ချစ်လို့ပြောတာနော် 
 
အမှတ်တမဲ့ အပြုအမူလေးတစ်ခုကလည်း ကိုယ့်အတွက် ငွေကြေး ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တဲ့အကြောင်း ဥပမာလေးတစ်ခုကို ဗီဒီယိုလေးထဲမှာ တူတူကြည့်လိုက်ရအောင်…
 
Stay smart and keep your money safe!

uab bank

03 Jan, 10:31


၂-၁-၂၀၂၅ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၅၉၈ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၂-၁-၂၀၂၅ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On January 2, 2025, the Central Bank recorded the average selling price of USD for trade-related activities at 3,598 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates.

uab bank

02 Jan, 15:49


၂၀၂၅ ခုနစ် ဇန်နဝါရီလ ၁ ရက်နေ့ မှ စတင်ပြီး uab bank ရဲ့ ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) ကို အတိုးနှုန်းထား ပြောင်းလဲသတ်မှတ်လိုက်ပြီနော်။

နေ့စဥ် အတိုးနှုန်းအသစ် ၇% အထိ နေ့တိုင်းတိုး နေ့တိုင်းယူလို့ရမှာမို့ Call Deposit အကောင့်နဲ့အတူ အခုပဲ uab မှာ ငွေစုလိုက်ရအောင်...

အသေးစိတ်သိရှိလိုပါကနီးစပ်ရာ uab ဘဏ်ခွဲ (သို့) Contact Center 09940005000 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်‌နော်။

(English Content)

New Year, New Savings Opportunities!

Starting January 1, 2025, uab bank introduces updated interest rates for our Call Deposit Account. Earn up to 7% daily interest and grow your savings effortlessly.

For more details, visit your nearest uab bank branch or call us at 09940005000.

#uabbank #uab #NewInterestRates

uab bank

01 Jan, 12:01


Channel photo updated

uab bank

31 Dec, 17:29


🎉 Happy New Year 2025 ! 🎉

၂၀၂၅ နှစ်သစ်မှာ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကြွယ်ဝချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ uab bank မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

uab bank နဲ့အတူ တစ်နှစ်တာလုံး ယုံယုံကြည်ကြည် လက်တွဲလာတဲ့ Customer များအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ လာမယ့် နှစ်သစ်မှာလည်း ပြည့်စုံကြွယ်ဝတဲ့ ဘဝတွေဆီကို အတူတူ ရှေ့ဆက်လျှောက်လှမ်းလိုက်ရအောင်…

uab bank

30 Dec, 11:01


2024, what a year it’s been!

From unforgettable moments to epic celebrations, we’ve created memories that’ll last a lifetime!
Watch our Flashback Video and feel the excitement, triumphs, and energy!

Get ready for a bigger, bolder 2025—let’s make it our best year yet. Watch, share, and let’s keep the momentum going!

uab bank

29 Dec, 12:00


"uab bank မှ Co-Sponsor အဖြစ် ဂုဏ်ယူစွာနဲ့ ပံ့ပိုးကူညီပေးခဲ့တဲ့ Badminton Junior Championships 2024"

မြန်မာ့ ကြက်တောင်အားကစား ပိုမိုတိုးတက်ဖွံ့ဖြိုးရေးနဲ့ လူငယ် အားကစားသမားတွေရဲ့ အနာဂတ်အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီ‌ပံ့ပိုးပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ Badminton Junior Championships 2024 ပြိုင်ပွဲကြီးမှာ uab bank မှ Co Sponsor အဖြစ် ဂုဏ်ယူစွာနဲ့ ပါဝင်အားဖြည့်ဖြစ်ခဲ့ပါတယ်။

uab bank မှ “Badminton Junior Championships” ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် Co-Sponsor အဖြစ်လည်းကောင်း၊ ၂၀၂၄ ခုနှစ် မေလတွင် Main Sponsor အဖြစ်လည်းကောင်းပါဝင်ခဲ့ပြီး ယခုအကြိမ်မှာ တတိယအကြိမ်မြောက် ပံ့ပိုးကူညီပေးခဲ့ခြင်း ဖြစ်ပါတယ်။

uab bank

27 Dec, 04:00


နှစ်သစ်ကူးနေ့ ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ (အင်္ဂါနေ့) နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) များသည် အများပြည်သူဆိုင်ရာအလုပ်ပိတ်ရက်များ ဖြစ်ပါသဖြင့် uab ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။

ပိတ်ရက်အတွင်း 24/7 digital ဘဏ်ဝန်ဆောင်မှုများဖြစ်သော uab online, uabpay နှင့် uabpay+ များကို ပုံမှန်အတိုင်းအသုံးပြုနိုင်ပါသည်။

သိရှိလိုသည်များရှိပါက uab bank ၏ Facebook Messenger (သို့) Contact Center 099 4000 5000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

uab bank

25 Dec, 14:44


Banking Career နဲ့ ပတ်သက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာနဲ့ စောင့်ကြိုနေတဲ့ uab Career Day Event

ဒီပွဲလေးကို စိတ်ဝင်စားလို့ Join ချင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရှာဖွေနေသူ ညီငယ်၊ ညီမငယ်တို့အတွက် Registration Date က မနက်ဖြန်နောက်ဆုံးပဲမို့ အခုပဲ ဖော်ပြပါ Link https://forms.office.com/Pages/ResponsePage.aspx?id=PoQNCKUpV0W-jGBi1Qum6IJh_L4qNdJDnvKVS98IinNUMlgyRzdRTUoyVDBJMEJOTzBPTU40Uk01Sy4u&fbclid=IwY2xjawHYuptleHRuA2FlbQIxMQABHffCKYMaF2K_DWNIHs0XuHoAdry42CYJVTVLdxqQoyQxJH0hgmxefJp8pQ_aem_Z6bark5RpRkhrN2Rsb89Vg ကနေ Register လုပ်လိုက်‌တော့နော်။

uab Career Day ပွဲအကြောင်း အသေးစိတ်ကိုတော့… https://www.facebook.com/share/p/mnQefFccU4nKmEGL/ ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

uab bank

25 Dec, 02:33


🎄 Merry Christmas! 🎄

ခရစ္စမတ်မှာ ချစ်ရသူတွေနဲ့အတူ နွေးထွေးတဲ့ အခိုက်အတန့်တွေ ဖန်တီးနိုင်ကြပါစေ..ပျော်ရွှင်ကြည်နူးဖွယ် ခရစ္စမတ်နဲ့ ကြွယ်ဝချမ်းသာခြင်းတို့နဲ့ ပြည့်စုံတဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ uab bank မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

၂၀၂၄ တစ်နှစ်တာလုံး uab bank နဲ့အတူ ယုံယုံကြည်ကြည် လက်တွဲလာပေးတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို uab bank မှ အစဥ်အမြဲ ကျေးဇူးတင်ရှိလျက်…

uab bank

24 Dec, 14:21


🧑‍🎄🎄 Christmas Carol သီချင်းသံ ချိုချိုလေးတွေနဲ့ ကြည်နူးဖွယ်နေ့လေးတစ်နေ့ 

uab bank မှာ ခရစ္စမတ်ကာလ ရောက်ရှိလာပြီဆိုတာနဲ့ နှစ်စဉ်နှစ်တိုင်း ပြုလုပ်‌နေကျဖြစ်တဲ့ ခဝဲခြံမျက်မမြင်ကျောင်းမှ ကလေးငယ်တွေက Christmas Carol သီချင်းလေးတွေ ပျော်ပျော်ပါးပါး သီဆိုဖျော်ဖြေတဲ့ ပွဲလေးကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက်၊ uab bank head office မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

ဒီပွဲလေးကို လာရောက်သူတွေအားလုံးလည်း သီချင်းသံလေးတွေကို နားဆင်ရတာနဲ့ ခရစ္စမတ် ပွဲတော်ကာလ အငွေ့အသက်လေးတွေနဲ့အတူ နွေးထွေးပြီး ပျော်ရွှင်မှု၊ ပေါင်းစည်းမှုနဲ့ ပေးကမ်းမှုတို့ရဲ့ ခွန်အားကို ခံစားမိစေမှာ အသေအချာပါပဲ။

Christmas Carol သီချင်းသံချိုချိုလေးတွေ လွှမ်းခြုံနေတဲ့ ဒီနေ့ပွဲလေးရဲ့ အမှတ်တရပုံရိပ်လေးတွေကို အားလုံးကြည်နူးရစေဖို့ မျှဝေပေးလိုက်ပါတယ်နော်။ 

uab bank

04 Dec, 12:00


အသေးစား၊ အငယ်စားနဲ့ အလတ်စား လုပ်ငန်းရှင်တို့အတွက် အခွင့်အလမ်းအသစ်တစ်ခု

ကိုယ့်ရဲ့ လုပ်ငန်းကို အခုထက် ပိုပြီး တိုးချဲ့ချင်လား?

uab bank မှ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များအတွက် “အသက်သာဆုံးအတိုးနှုန်း” နဲ့ uab MSME Development Financing အစီအစဉ်အသစ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။

uab MSME Development Financing ကို…
MSME Member Card ရှိတဲ့ လုပ်ငန်းရှင်တိုင်း
အသက်သာဆုံးအတိုးနှုန်း ၃% မှ ၅% နဲ့
ကာလရှည်ချေးငွေ ၃ နှစ်အထိ လျှောက်ထားရယူနိုင်မှာဖြစ်လို့ လက်လွှတ်မခံဘဲ အခုပဲ နီးစပ်ရာ uab ဘဏ်ခွဲတွေကို လာရောက်ပြီး လုပ်ငန်းချဲ့ထွင်နိုင်မယ့် အခွင့်အရေး ရယူလိုက်တော့နော်။

အသေးစိတ်သိရှိလိုပါက uab bank ရဲ့ 📞 Contact Center : 099 4000 5000 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

uab bank

02 Dec, 05:08


Channel photo updated

uab bank

02 Dec, 04:12


၂၉-၁၁-၂၀၂၄ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၅၉၅ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၂၉-၁၁-၂၀၂၄ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On November 29, 2024, the Central Bank recorded the average selling price of USD for trade-related activities at 3,595 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates.

uab bank

01 Dec, 15:54


တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုရဖို့ လုပ်ယူလို့မရပေမယ့် အလေ့အကျင့်ကောင်းတစ်ခုရဖို့ကတော့ ကိုယ်တိုင် ပျိုးထောင်လို့ရပါတယ်။ 💯

လူတစ်ယောက်မှာ မဖြစ်မနေရှိသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုကတော့ ငွေစုတတ်တဲ့ အလေ့အကျင့်ပါ။ ဒါဆိုရင် ငွေစုအလေ့အကျင့်ရအောင် ဘယ်လိုလုပ်ရမလဲ? 

အလွယ်တကူ စုနိုင်လောက်မယ့် ပမာဏဖြစ်တဲ့ လစာရဲ့  ၅% (သို့) ၁၀% လောက်ကနေ စစုပါ။
တစ်ခုခု ဝယ်တော့မယ်ဆို ကိုယ့်အတွက် တကယ်လိုအပ်တာဟုတ်မဟုတ် အရင်ခွဲခြားပါ။
ခရီးထွက်မယ်၊ အိမ်/ ကားဝယ်မယ်စသဖြင့် ရည်မှန်းချက်သတ်မှတ်ထားပါ။ 
လစာရတာနဲ့ အရင်မသုံးဘဲ စုဖို့ဖယ်ပြီးမှသုံးပါ။ 
တစ်လနဲ့တစ်လ ဘယ်လောက်ပိုပြီးစုမိလာလဲဆိုတာ မှတ်သားထားပါ။ 

ကဲ…ဒါဆို ဒီနေ့ကစပြီး ငွေစုအလေ့အကျင့်ရအောင် စလုပ်လိုက်ရအောင် !!!

uab bank

29 Nov, 14:21


အနီးဆုံး uab ဘဏ်ခွဲနေရာကို ဒီလို အလွယ်တကူ ရှာလိုက်ပါ !

➡️ uab bank Website ထဲဝင်
➡️ Branch ကို ရွေး
➡️ Search bar မှာ မြို့နယ်ရိုက်ထည့်ရုံနဲ့ ကိုယ်နဲ့အနီးဆုံး uab ဘဏ်ခွဲနေရာ ပေါ်လာမှာနော်။

အားလုံးရဲ့အနားမှာ uab ဘဏ်ခွဲတွေရှိနေတာမို့ အကောင်းဆုံးဘဏ်ဝန်ဆောင်မှုတွေ ရယူဖို့ဆို နီးစပ်ရာ ဘဏ်ခွဲကို လာခဲ့လိုက်တော့ !

uab bank

27 Nov, 13:31


အခုချိန်ထိ အငြင်းခံနေရတုန်းလား 🥺

uab bank

26 Nov, 04:39


၂၂-၁၁-၂၀၂၄ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၅၉၃ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၂၂-၁၁-၂၀၂၄ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On November 22, 2024, the Central Bank recorded the average selling price of USD for trade-related activities at 3,593 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates.

uab bank

22 Nov, 14:16


Zodiac Sign တွေ ဘယ်လိုပိုက်ဆံစုလဲ 🤔
 
သူငယ်ချင်းတို့ရော...?
 
(English Content) 
 
Curious how your Zodiac Sign saves money? 
 
Find out your sign’s unique saving style! 
 
#uabbank #uab #ZodiacSigns #SavingStyle

uab bank

21 Nov, 09:32


အမျိုးသားနေ့ ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း

နိုဝင်ဘာလ (၂၅) ရက်နေ့၊ တနင်္လာနေ့သည် အများပြည်သူဆိုင်ရာ အမျိုးသားနေ့ ရုံးပိတ်ရက် ဖြစ်ပါသဖြင့် uab bank ၏ ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအကြောင်းကြားအပ်ပါတယ်။

ပိတ်ရက်အတွင်း 24/7 digital ဘဏ်ဝန်ဆောင်မှုများဖြစ်သော uab online, uabpay နှင့် uabpay+ များကို ပုံမှန်အတိုင်းအသုံးပြုနိုင်ပါတယ်။

သိရှိလိုသည်များရှိပါက uab bank ၏ Facebook Messenger (သို့) Contact Center 099 4000 5000 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

uab bank

19 Nov, 10:38


“စာရွက်မလို၊ အချိန်မကုန်”
မြန်မာနိုင်ငံရဲ့ ပထမဆုံး Paperless Banking စနစ်

လူသားတို့ နေထိုင်ရာ ကမ္ဘာကြီး ပိုမိုစိမ်းလန်း ကျန်းမာနေဖို့ uab bank ရုံးချုပ်နဲ့ ဘဏ်ခွဲတွေမှာ စာရွက်ကင်းစင်တဲ့ လုပ်ငန်းခွင်ဖြစ်အောင် ဖန်တီးထားသလို Digital Banking စနစ်အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိနေပါတယ်။

ယခုဆိုရင်လည်း မြန်မာနိုင်ငံရဲ့ ပထမဆုံးအနေနဲ့ စာရွက်မလို၊ အချိန်မကုန်တဲ့ “Paperless Banking” စနစ်ကို စတင် မိတ်ဆက်ပေးလိုက်ပါပြီ‌နော်။

Paperless Banking စနစ်နဲ့ဆို Customer တို့ ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှုတွေယူတဲ့အခါ ဘဏ်မှာ အလှည့်ကျ စောင့်ရင်း စာရွက်မှာ အချက်အလက်တွေဖြည့်စရာမလိုဘဲ uabpay ကနေတစ်ဆင့် လိုအပ်တဲ့ အချက်တွေ ကြိုတင်ဖြည့်ပြီး Booking ယူထားနိုင်မှာဖြစ်ပါတယ်။

ကြိုတင် Booking လုပ်ဖို့…
uabpay ➡️ More ➡️ uab self-service ➡️ Bank Services ➡️ New Request ကနေ အလွယ်တကူ အချက်အလက်ဖြည့်နိုင်ပါတယ်နော်။

ကဲ…ဒါဆို စာရွက်မလို၊ အချိန်မကုန်တဲ့ Digital Banking စနစ်နဲ့ ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှုတွေ ရယူလိုက်ရအောင်!

uab bank

18 Nov, 04:30


၁၄-၁၁-၂၀၂၄ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၅၉၃ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၁၄-၁၁-၂၀၂၄ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On November 14, 2024, the Central Bank recorded the average selling price of USD for trade-related activities at 3,593 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates

uab bank

15 Nov, 16:00


uab ပံ့သကူလေး ကောက်သွားပါဦး 🥳

uab bank

15 Nov, 04:09


တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) လေးမှာဆိုရင် ဗုဒ္ဓဘာသာဝင်တွေက သံဃာတော်များကို ကထိန်သင်္ကန်းများ ကပ်လှူခြင်း၊ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းခြင်း၊ မြတ်စွာဘုရားရှင်ကို ဆီမီးများထွန်းညှိပူဇော်ခြင်းစသဖြင့် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်တဲ့ နေ့ထူးနေ့မြတ်တစ်ရက်ပဲဖြစ်ပါတယ်။

ဒါ့အပြင် တန်ဆောင်မုန်းလပြည့်ညကို ကျီးမနိုးပွဲတော်ည (ဆေးပေါင်းခတဲ့ည) လို့လည်းခေါ်ကြပြီး မဲဇလီဖူးသုပ်ကို မြန်မာတို့ရဲ့ဆေးဝါးအဖြစ် မိသားစုအတူ စားသုံးခြင်း၊ အိမ်နီးနားချင်းတွေကို ဝေငှခြင်း၊ နိဗ္ဗာန်ဈေးပွဲများပြုလုပ်ခြင်း၊ ပံ့သကူပစ်ခြင်းစတဲ့ မြန်မာ့ရိုးရာ ချစ်စရာဓလေ့လေးတွေနဲ့ ပြည့်နှက်နေတဲ့ နေ့လေးတစ်နေ့လည်း ဖြစ်ပါတယ်။

ဒီလို မင်္ဂလာရှိတဲ့ တန်ဆောင်မုန်းလပြည့်နေ့လေးမှာ ချစ်ခင်ရသူတွေနဲ့အတူတူ ကိုယ်ရောစိတ်ပါ ကြည်နူးချမ်းမြေ့စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေကြောင်း uab bank မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

uab bank

14 Nov, 05:01


“ဒီနေ့အတွက် လုပ်စရာများ”

ကော်ဖီသောက်ဖို့ မမေ့သလို စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ uab ရဲ့ အမြင့်မားဆုံးအတိုးနှုန်းတွေနဲ့ ငွေစုထားဖို့လည်း မမေ့နဲ့နော်…🤩

uab ရဲ့ ရွေးချယ်စရာ Deposit အစီအစဉ်တွေကို ဒီ Link ကနေ https://shorturl.at/zCegh ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

နိုဝင်ဘာလကုန်အထိ ရရှိနိုင်မယ့် Fixed Deposit
ပရိုမိုးရှင်း အစီအစဉ်တွေကိုတော့ https://shorturl.at/6Cb0J ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

uab bank

13 Nov, 13:02


ရည်းစားရှိမှ အောက်ကို ဆက်ဖတ်ပါရန် !!! 🤗

တစ်ယောက်တည်းဆို ပိုက်ဆံမစုဖြစ်ဘူးဆိုတဲ့သူတွေအတွက် ကိုယ့်ရဲ့ ချစ်သူလေးနဲ့အတူ ငွေစုနည်းတွေ ပြောပြပေးမယ်နော်…

နှစ်ယောက်တူတူပုံဖော်ရမယ့် အနာဂတ်အတွက် အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့၊ လက်ထပ်ဖို့စသဖြင့် Financial Goal တစ်ခုခု သတ်မှတ်ပါ။
ဘဏ်အကောင့်တစ်ခုထဲမှာ နှစ်ယောက်တူတူငွေစုလို့ရဖို့ Joint ဘဏ်အကောင့်ဖွင့်ပါ။
ဘယ်နေရာမှာ ပိုက်ဆံအသုံးများနေလဲဆိုတာ သိရဖို့ နေ့စဥ်အသုံးစရိတ်တွေကို မှတ်သားပေးမယ့် Budget App တစ်ခုခု အသုံးပြုပါ။
ဟော့ပေါ့ဒိတ်တွေ ခဏခဏလုပ်မယ့်အစား Budget နည်းနည်းနဲ့ ပျော်လို့ရမယ့်ဒိတ်လေးတွေ ဖန်တီးပါ။
Savings Goal တွေ ပြည့်မြောက်တဲ့အခါ နှစ်ယောက်တူတူ Celebrate လုပ်ပါ။

ချစ်သူလေးနဲ့ နှစ်ယောက်တူတူ uab’s Savings Joint Account ဖွင့်ငွေစုချင်ရင်တော့ နီးစပ်ရာ uab ဘဏ်ခွဲတွေမှာ ဖွင့်လှစ်နိုင်ပါတယ်နော်။

uab bank

13 Nov, 05:54


၁၂-၁၁-၂၀၂၄ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၅၉၃ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၃၁-၁၀-၂၀၂၄ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On November 12, 2024, the Central Bank recorded the average selling price of USD for trade-related activities at 3,593 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates.

uab bank

11 Nov, 03:00


ကိုယ့်ရဲ့ ဝင်ငွေထဲက အရေးပေါ်အသုံးစရိတ်အတွက် ပုံမှန်ဖယ်ထားမယ်ဆိုရင်…

အရေးတကြီး ပိုက်ဆံသုံးဖို့လိုလာတဲ့အခါတွေမှာ စိုးရိမ်စရာမလိုဘဲ စိတ်အေးသက်သာစွာနေနိုင်မယ်။

မမျှော်လင့်ထားတဲ့ ကျန်းမာရေးနဲ့ ငွေကြေးပြဿနာများ၊ အိမ်/ ကားပြင်ဆင်စရိတ်များစတဲ့ အရေးပေါ်ကိစ္စတွေမှာ အလွယ်တကူ ဖြေရှင်းနိုင်မယ်။

ရေတို အရေးပေါ်ကိစ္စတွေကိုသာမက ရေရှည် အနာဂတ်အိပ်မက်တွေကိုပါ အကောင်အထည် ဖော်နိုင်မယ်။

အ‌ရေးပေါ်သုံးစရာပေါ်လာတဲ့အခါ ပိုက်ဆံချေးယူစရာမလိုတဲ့အတွက် အကြွေးကင်းကင်းနဲ့ နေထိုင်နိုင်မယ်။

ဝင်ငွေထဲကမှ အိမ်စရိတ်အပြင် စုဖို့၊ အရေးပေါ်သုံးဖို့ ဖယ်ရတာဖြစ်တဲ့အတွက် ငွေကြေး စနစ်တကျ စီမံခန့်ခွဲတတ်လာမယ်။

ဒီလို ဘဝရဲ့ Life Challenge တွေတိုင်းမှာ Financial Safety ဖြစ်စေမယ့်အတွက် လူတိုင်း အရေးပေါ်အသုံးစရိတ်ဖယ်ထားနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

uab bank မှာလည်း အရေးပေါ်အသုံးစရိတ်အတွက် စုငွေအပ်ဖို့ ရွေးချယ်နိုင်မယ့် Savings Plan တွေရှိတာမို့ နီးစပ် uab ဘဏ်ခွဲ (သို့) မြန်မာနိုင်ငံရဲ့ပထမဆုံး uab STM machine မှာ လာရောက်စုဆောင်းနိုင်ပါတယ်နော်။

uab bank

09 Nov, 14:09


uab STM Machine နဲ့ ကော်ဖီမှာသလောက်တောင် မကြာတဲ့ မိနစ်ပိုင်းလေးအတွင်း ကိုယ်တိုင် ဘဏ်၀န်ဆောင်မှုတွေရယူနိုင်ပြီနော်။

uab bank

09 Nov, 11:55


အားလုံးအကြိုက် ပရိုမိုးရှင်းတွေ အမှီယူလိုက် !!! 🥳

ချစ်ရတဲ့ Customer တွေရဲ့ တစ်ခဲနက် တောင်းဆိုချက်ကြောင့် Step-up နဲ့ Upfront Fixed Deposit ပရိုမိုးရှင်းကာလကို နိုဝင်ဘာလ လကုန်ထိ ထပ်တိုးပေးလိုက်ပါပြီ။

လက်လွှတ်မခံသင့်တဲ့ ပရိုမိုးရှင်းလေးတွေဖြစ်လို့ အခုပဲ နီးစပ်ရာ uab ဘဏ်ခွဲတွေကို လာခဲ့လိုက်တော့နော်။

ပရိုမိုးရှင်းအကြောင်း အသေးစိတ်ကိုတော့ ဒီ Link ကနေ https://shorturl.at/6Cb0J ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

uab bank

08 Nov, 13:50


uab’s Savings Account နဲ့ ငွေစုပါ
ဒီလို ဒီလို အကျိုးခံစားခွင့်တွေရှိနေတာ… 😎

uab’s Savings Account (ငွေစုဘဏ်အပ်ငွေစာရင်း) နဲ့ ငွေစုမယ်ဆိုရင်

မြင့်မားတဲ့အတိုးနှုန်း ၁၀.၅% p.a. အထိ ရရှိနိုင်မယ့်အပြင်…
တခြား အကျိုးခံစားခွင့်တွေအနေနဲ့…
Current Account နဲ့ ချိတ်ဆက် အသုံးပြုနိုင်ခြင်း
uabpay ကနေတစ်ဆင့် ဘဏ်အကောင့်တွေကို ငွေလွှဲနိုင်ခြင်း
MPU-UPI ကတ် လျှောက်ထားရယူနိုင်ခြင်း
မည်သည့် ATM စက်မှာမဆို ငွေသားထုတ်ယူနိုင်ခြင်း
ဘဏ်အကောင့်ထဲမှာရှိတဲ့ ငွေလက်ကျန်ပမာဏကို uabpay ကနေ စစ်ဆေးနိုင်ခြင်း စသဖြင့် အကျိုးခံစားရယူနိုင်ဦးမှာနော်။

uab’s Savings Account ဖွင့်ချင်ရင်တော့ နီးစပ်ရာ uab ဘဏ်ခွဲ (သို့မဟုတ်) မြန်မာနိုင်ငံရဲ့ ပထမဆုံး uab STM Machine နဲ့လည်း ကိုယ်တိုင် အလွယ်တကူ ဖွင့်လှစ်နိုင်ပါတယ်။

uab bank

06 Nov, 13:02


ဘာလုပ်လုပ် ကိုယ်တိုင်လုပ်ရမှ စိတ်တိုင်းကျတယ်ဆိုတဲ့ Customer တွေအတွက်…

မြန်မာနိုင်ငံရဲ့ ပထမဆုံး uab STM Machine နဲ့ဆို Banking နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကိုပါ ကိုယ်တိုင်လုပ်ဆောင်နိုင်ပြီနော်။ 😎

uab STM Machine မှာ ကိုယ်တိုင် Banking ကိစ္စရပ်တွေဖြစ်တဲ့…
uab bank အကောင့်အသစ်ဖွင့်ခြင်း
uab bank အကောင့်များချိတ်ဆက်ခြင်း
Debit Card နဲ့ Prepaid Card များ ထုတ်ယူခြင်း
ဘဏ်အကောင့်ထဲသို့ ငွေသွင်း၊ ‌‌ငွေလွှဲပြုလုပ်ခြင်း
Bank Account Statement များ ထုတ်ယူခြင်းနဲ့
ATM ဝန်ဆောင်မှုများ ရယူခြင်း စတဲ့ Banking ဝန်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စွာ ရယူနိုင်မှာ ဖြစ်ပါတယ်။

uab Smart Teller Machine (STM) တွေကို လက်ရှိမှာ ပါရမီလမ်းနဲ့ ဝေဇယန္တာလမ်းထောင့် Inno Capital Microfinance အဆောက်အဦးရှိ Gate (3) ဝင်ပေါက်နဲ့ uabpay store (Room-408, Building (4), Times City) တို့မှာ စတင်အသုံးပြုလို့ရနေပြီနော်။

uab bank

06 Nov, 08:02


စက္ကူအသုံးပြုမှုကို လျှော့ချရန်နှင့် ဒစ်ဂျစ်တယ်နည်းလမ်းများဆီသို့ ကူးပြောင်းရန် တွန်းအားပေးသည့်အနေဖြင့် နှစ်စဥ် ပြုလုပ်ကျင်းပတဲ့ “World Paper Free Day” ကတော့ ယနေ့ နိုဝင်ဘာလ (၆) ရက်နေ့မှာ ကျရောက်လို့လာပါပြီ ...

သစ်တောများ ထိန်းသိမ်းရေးအတွက် စာရွက်သုံးတဲ့စနစ်မှ Digital စနစ်သို့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို ကမ္ဘာ့နိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းတွေနဲ့အတူ uab bank မှလည်း ပါဝင်အားစိုက် ဆောင်ရွက်လျက်ရှိနေပါတယ်။

uab bank ရဲ့ “Leading Change & Humanising Banking” ဆိုတဲ့ ကတိကဝတ်အရ
ရုံးချုပ်နဲ့ ဘဏ်ခွဲတွေမှာ Digital စနစ်နဲ့ လုပ်ငန်း လည်ပတ်စေခြင်း
ဘဏ်ခွဲတွေတိုင်းမှာ Customer များကို Banking Service တွေပေးတဲ့အခါ Paperless Banking စနစ်ကို အသုံးပြုစေခြင်း
၂၀၂၄ ခုနှစ်အတွင်း ဝန်ထမ်းတစ်ဦးလျှင် Carbon Footprint ၀.၉၀၂ မက်ထရစ်တန်အထိ လျှော့ချပေးခဲ့ခြင်းစတဲ့ လုပ်ဆောင်ချက်တွေနဲ့ သစ်တောများ ထိန်းသိမ်းရေးအတွက် ပါဝင်လျက်ရှိနေပါတယ်။

အားလုံးလည်း ကမ္ဘာကြီး ကျန်းမာပြီး ပိုမို စိမ်းလန်းတဲ့ မနက်ဖြန်တွေ ပိုင်ဆိုင်ဖို့ uab bank နဲ့အတူ လက်တွဲပါဝင်ထိန်းသိမ်းလိုက်ကြပါစို့နော်။

uab bank

05 Nov, 11:30


uab bank အနေနဲ့ American Chamber of Commerce (AMCHAM) မှ ချီးမြှင့်တဲ့ “CSR Excellence Award (ACE)” ကို ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

uab bank ရဲ့ “Leading Change And Humanising Banking” ကတိကဝတ်အရ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင်
လူ့အဖွဲ့အစည်းအတွက် အပြုသဘောဆောင်သော လုပ်ငန်းများဖြစ်တဲ့ မြန်မာနိုင်ငံအနှံ့ ဆန်လှူပွဲများကျင်းပခြင်း၊ ရေဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ပေးခြင်း၊ အခြားသော လူငယ်၊ အမျိုးသမီးနဲ့ ကလေးများကို ဗဟိုပြုသည့် လုပ်ငန်းများနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို ဦးတည်ဆောင်ရွက်နေတဲ့အတွက် အခုလို ဂုဏ်ယူစွာဖြင့် ဆုချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။

ကျွန်ုပ်တို့ uab bank နဲ့ ရည်ရွယ်ချက်ချင်းတူညီစွာ လျှောက်လှမ်းပြီး ဆုရရှိခဲ့တဲ့ အခြားသော ကုမ္ပဏီများကိုလည်း uab bank မှ လေးစားဂုဏ်ပြုလိုက်ပါတယ်။

အခုလို အသိအမှတ်ပြုမှုအတွက် AMCHAM MYANMAR အား အထူးပင်ကျေးဇူးတင်ရှိပြီး နောင်အနာဂတ်တွင်လည်း လူသားများနဲ့ “ချိတ်ဆက်” ဆောင်ရွက်ဖို့၊ အခွင့်အလမ်းများ “ဖန်တီး” ပေးဖို့နဲ့ ဘဝတွေများစွာကို “ပြောင်းလဲ”ပေးဖို့ uab bank မှ ဆက်လက်ဆောင်ရွက်သွားဦးမှာဖြစ်ပါတယ်။

uab bank

04 Nov, 07:20


၃၁-၁၀-၂၀၂၄ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၅၈၅ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၃၁-၁၀-၂၀၂၄ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On October 31, 2024, the Central Bank recorded the average selling price of USD for trade-related activities at 3,585 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates

uab bank

03 Nov, 13:14


မသမာသူတွေကြောင့် ငွေကြေးတွေ မဆုံးရှုံးဖို့ သတိပြုကာကွယ်ကြရအောင်…ချစ်လို့ပြောတာနော်

OTP Code (တစ်ကြိမ်သုံး လျှို့ဝှက်ကုဒ်နံပါတ်) ကို တခြားသူကို မျှဝေလိုက်တာက ကိုယ့်ရဲ့ ဘဏ်အကောင့် Transaction တွေကို ဝင်ရောက် ပြုလုပ်ခွင့်ပေးလိုက်တာနဲ့ အတူတူပဲဖြစ်တဲ့အတွက် ဘယ်သူပဲတောင်းတောင်းမပေးမိဖို့ သတိပြုပါ။
ကိုယ်မသိတဲ့ အီးမေးလ်လိပ်စာနဲ့ မက်ဆေ့ချ်တွေကနေတစ်ဆင့် Website Link အတုများပေးပို့ပြီး လျှို့ဝှက်နံပါတ်၊ မွေးနေ့၊ နိုင်ငံသားမှတ်ပုံတင်နံပါတ်နဲ့ Credit Card အချက်အလက်တွေ‌ ဖြည့်ခိုင်းတဲ့အခါ အလွယ်တကူ မဖြည့်လိုက်ဘဲ သတိပြုပါ။
ဘဏ်အကောင့် Transaction တွေကို Public Wifi သုံးပြီး မပြုလုပ်ပါနဲ့။
ကံစမ်းမဲနဲ့ တန်ဖိုးကြီးပစ္စည်းတွေပေါက်တယ်ဆိုပြီး မက်လုံးပေးလိမ်ညာကာ ကိုယ်ရေးအချက်အလက်နဲ့ ဘဏ်အကောင့်အချက်အလက်တွေတောင်းလာတဲ့အခါ သတိပြုပါ။
ကိုယ့်ရဲ့ အလိုလိုသိစိတ်ကို ယုံကြည်ပြီး မသင်္ကာတဲ့အခါ ချက်ချင်းမတုံ့ပြန်ဘဲ သေချာ အချိန်ပေးစဥ်းစားပါ။ အပြာ‌ရောင်အမှန်ခြစ်အမှတ်အသားပါ uab bank Facebook Page (သို့) Contact Center 099 4000 5000 ကို တိုက်ရိုက် ဆက်သွယ်မေးမြန်းပါ။

uab bank

02 Nov, 13:46


“တစ်နေ့တာ အသုံးစရိတ်ချွေတာနည်း”

🗓️ နေ့စဥ် အသုံးစရိတ်သတ်မှတ်ထားပြီး တတ်နိုင်သလောက် သတ်မှတ် ပမာဏထက် မကျော်လွန်အောင်သုံးပါ။

🗓️ ကိုယ့်အတွက် တကယ်အသုံးမလိုတဲ့အရာတွေကို မဝယ်မိဖို့ မုန့်ဆိုင်နဲ့ Convenience Store တွေကို မလိုအပ်ရင် မသွားပါနဲ့။

🗓️ ကော်ဖီဖိုး၊ မုန့်ဖိုး၊ တက္ကစီခစတဲ့ အသေးသုံးစရိတ်တွေကလည်း ကြာလာတဲ့အခါ ပမာဏတစ်ခုအထိ ရှိလာနိုင်တဲ့အတွက် အမှတ်တမဲ့ သုံးမိနေတာတွေကို သတိပြုဆင်ခြင်ပါ။

🗓️ အပြင်ဆိုင်တွေမှာ မကြာခဏထွက်စားတာက ကုန်ကျစရိတ် သိသိသာသာ ပိုများတဲ့အတွက် တတ်နိုင်ရင် တစ်လမှာတစ်ကြိမ် ဥပမာ - လစာထုတ်ရက်၊ မွေးနေ့လို ရက်မျိုးတွေမှာသာ ထွက်စားတာမျိုးပြုလုပ်ပါ။

🗓️ တစ်ရက် ဘယ်လောက်စုဖြစ်အောင်စုမယ်လို့ ကိုယ့်ကိုယ်ကို Challenge လုပ်ထားပြီး ပိုက်ဆံစုတဲ့အလေ့အကျင့်ရအောင်ပြုလုပ်ပါ။


နေ့တိုင်း ပိုက်ဆံအသုံးများနေပြီး မစုဖြစ်ဘူးဆိုတဲ့ သူလေးတွေရှိရင် ဒီနည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်နော်…

uab bank

01 Nov, 04:57


🪔 ဒီပါဝလီပွဲတော်ရဲ့ ဆီမီးရောင်စုံအလင်းရောင်နဲ့အတူ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ ကြွယ်ဝချမ်းသာခြင်းတို့နဲ့ပြည့်စုံကြပါစေကြောင်း uab bank မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

uab bank

31 Oct, 16:10


နေ့ရက်တိုင်း အတိုးရပြီး အပိုဝင်ငွေတိုးလာဖို့ဆို ! 🤔

uab ဇီးကွက်အကောင့်နဲ့ ငွေစုလိုက်ရုံပါပဲ…

uab ဇီးကွက်နဲ့ဆို အတိုးနှုန်း 9% နဲ့ နေ့စဥ်လက်ကျန်ငွေအပေါ် တွက်ချက်ပေးလို့
နေ့စဥ်အတိုးရရှိနိုင်မယ့်အပြင် နဂါးကတ် (သို့) ယုန်ကတ် (Debit Card) လှလှလေးလည်း လက်ဆောင်ရဦးမှာတဲ့ !

နေ့စဥ်အတိုးတွေနဲ့ ကတ်လက်ဆောင်ရယူဖို့ uab ဇီးကွက်အကောင့် ဖွင့်ချင်တယ်ဆိုရင်တော့…
မြန်မာနိုင်ငံရဲ့ ပထမဆုံး uab STM Machine နဲ့ ကိုယ်တိုင်ဖွင့်လှစ်နိုင်သလို နီးစပ်ရာ uab ဘဏ်ခွဲတွေမှာလည်း လာရောက်ဖွင့်လှစ်နိုင်ပါတယ်။

uab bank

30 Oct, 13:30


ပြည်ပမှ သင်္ဘောသားလစာငွေများကို uabpay နဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်ပြောင်းလဲလိုက်ပါ

သင်္ဘောသားများရဲ့ လုပ်ခလစာငွေများကို
အချိန်မရွေး၊ နေရာမရွေး
uabpay Application ကို အသုံးပြုပြီး
Update ငွေလဲနှုန်းနဲ့အတူ မြန်မာကျပ်ငွေသို့ တိုက်ရိုက် အလွယ်တကူ ပြောင်းလဲနိုင်ပါပြီနော်။

သင်္ဘောသားများလစာ ငွေလဲနှုန်း Update တွေကို‌တော့ အချိန်နဲ့တပြေးညီ https://www.uab.com.mm/deposit-rate/ ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

uab bank

28 Oct, 09:44


၂၅-၁၀-၂၀၂၄ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၅၇၈ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၂၅-၁၀-၂၀၂၄ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On October 25, 2024, the Central Bank recorded the average selling price of USD for trade-related activities at 3,578 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates.

uab bank

26 Oct, 13:29


အိပ်မက်တွေတကယ်ဖြစ်ဖို့ အဆင့် (၃) ဆင့်ပဲ လိုပါတယ် !!!

uab ရဲ့ Deposit အကောင့်တွေနဲ့ဆို အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ မခက်ခဲတော့ပါဘူး…

ချွေတာ ၊ စုဆောင်း ၊ သူဋ္ဌေးလောင်း ဖြစ်ပြီး အနာဂတ်စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့

uab ရဲ့ Deposit အကောင့်တွေနဲ့ ငွေစုချင်ရင်တော့
https://bitlyv.com/IrzxW ကနေ ဝင်ရောက်ကြည့်ရှုငွေစုနိုင်ပါတယ်။

အောက်တိုဘာလကုန်အထိ ရရှိနိုင်မယ့် uab ရဲ့ သီတင်းကျွတ်အထူးပရိုမိုးရှင်းတွေနဲ့ ငွေစုချင်ရင်တော့
https://bitlyv.com/ad3ew ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

uab bank

25 Oct, 10:36


uab bank နှင့် ATOM တို့ကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

uab bank နှင့် ATOM တို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်‌ရေးထိုးခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ Governor’s Residence မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

နောက်ပိုင်းတွင် uab ဘဏ်ရဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ATOM Store App မှတစ်ဆင့် ချိတ်ဆက်သုံးစွဲနိုင်ရန်၊ ဒစ်ဂျစ်တယ် အသုံးပြုမှု ပိုမိုတွင်ကျယ်လာရန်နဲ့ စီးပွားရေးလုပ်ငန်း အသစ်များကို အတူလက်တွဲ ပူးပေါင်း လုပ်ဆောင်သွားဖို့ ရည်ရွယ်၍ နားလည်မှုစာချွန်လွှာကို လက်မှတ်‌ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားတွင် uab ဘဏ်ရဲ့ ဘုတ်အဖွဲ့ဝင် ဦးသန့်ဇင် မှလည်း နောက်ပိုင်းမှာ ATOM နဲ့ ပိုမို ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်ရင်း Customer တွေကို ခေတ်မီဆန်းသစ်တဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်အသစ်တွေပေးသွားမှာဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါတယ်။

uab bank

25 Oct, 02:29


သီတင်းကျွတ်အထူးပရိုမိုးရှင်းတွေက အောက်တိုဘာလကုန်အထိပဲနော် !!!

✔️ အနည်းဆုံး ၁၀ ရက်ကနေ စာရင်းသေစစုနိုင်ပြီး ငွေစုကာလအလိုက် မြင့်မားတဲ့အတိုးနှုန်း “၁၁.၇၀%” ထိ ရရှိနိုင်မယ့် Upfront Fixed Deposit နဲ့

✔️ အနည်းဆုံး ၁၀ ရက်ကနေ စာရင်းသေစစုပြီး ၁၀ ရက်စီ (၅) ကြိမ်အထိ သက်တမ်းတိုးတိုင်းမှာ အမြင့်ဆုံးအတိုးနှုန်း “၁၁.၈၈%” အထိရရှိနိုင်မယ့်အပြင် Bonus အနေနဲ့ “၀.၀၅%” cash back ပြန်ပေးဦးမယ့် Step-up Fixed Deposit

ဒီလို လုံးဝလက်လွှတ်မခံသင့်တဲ့ ပရိုမိုးရှင်းတွေကို ရယူဖို့ သတ်မှတ်ရက်မတိုင်ခင် မြန်မြန်လေး နီးစပ်ရာ uab ဘဏ်ခွဲတွေမှာ လာစုလိုက်တော့…

uab bank

22 Oct, 07:01


ခေတ်မီခမ်းနားတဲ့ အပြင်အဆင်၊ အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေနဲ့ uab ဘဏ်ခွဲတွေကို ရောက်ဖူးပြီလား

uab ဘဏ်ခွဲတွေမှာဆိုရင် ချစ်ရတဲ့ Customer တွေ စိတ်အေးချမ်း သက်သာစွာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုရယူနိုင်ဖို့ Banking Service တွေကို အကောင်းမွန်ဆုံးဆောင်ရွက်ပေးနေရုံသာမက Decoration ပိုင်းကိုပါ ခေတ်မီခမ်းနားစွာ ပြင်ဆင်ပေးထားပါတယ်။

ကိုယ်နဲ့ အနီးဆုံး ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေရယူဖူးတဲ့ uab ဘဏ်ခွဲကို မျှဝေပေးသွားပါဦး။ 🏦

uab bank

22 Oct, 04:31


၂၁-၁၀-၂၀၂၄ နေ့တွင် ဗဟိုဘဏ်မှ Trade နှင့် သက်ဆိုင်သောလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ပျမ်းမျှ ရောင်းချစျေးနှုန်းမှာ ၃,၅၆၆ ဖြစ်ပါသည်။

အသေးစိတ်အား ကြည့်ရန် : https://www.cbm.gov.mm/

အလားတူပင် uab bank နှင့် ဆက်သွယ်ဆောင်ရွက်နေသော မိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ဖော်ပြပါနိုင်ငံခြားငွေစျေးနှုန်းများဖြင့် ၂၁-၁၀-၂၀၂၄ နေ့တွင် အရောင်းအဝယ်ပြုလုပ်ပါသည်။

Exchange Rate Update

On October 21, 2024, the Central Bank recorded the average selling price of USD for trade-related activities at 3,566 MMK.

For more details, visit the Central Bank's website: https://www.cbm.gov.mm/ 🔗

Additionally, our business partners are conducting transactions today using the following foreign currency exchange rates.

uab bank

21 Oct, 11:30


နိုင်ငံတကာကုန်သွယ်မှု (ပင်လယ်ရေကြောင်း၊ လေကြောင်းကုန်သွယ်မှု) နဲ့ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများအတွက် ပို့ကုန်ရငွေ ဝန်ဆောင်မှုများကို uab bank တွင် USD, EUR, SGD, CNY, THB & INR (Rupee) အစရှိတဲ့ နိုင်ငံခြားငွေကြေးများဖြင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

📌 ရရှိနိုင်မည့် Export Trade Services များ
Export TT (Normal/Advance)
Export Advising LC
Export Bill Collections

အသေးစိတ် သိရှိလိုပါက uab bank ၏ 📞 Contact Center : 099 4000 5000 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

uab bank

20 Oct, 05:45


uab bank မှ Global Finance ကနေ ချီးမြှင့်တဲ့ “အကောင်းဆုံးဘဏ်” ဆုကို ၂၀၂၁ နဲ့ ၂၀၂၃ ခုနှစ်များမှာရရှိခဲ့သလို ယခု ၂၀၂၄ ခုနှစ်မှာလည်း တတိယအကြိမ်‌မြောက်အနေနဲ့ ထပ်မံဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

အခြားသော အာရှ-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများတွင်လည်း အကောင်းဆုံးဘဏ်အဖြစ် ဂုဏ်ပြုသတ်မှတ်ခံရသည့် ဘဏ်အသီးသီးထွက်ပေါ်ခဲ့သလို uab bank မှလည်း မြန်မာနိုင်ငံအတွက် “အကောင်းဆုံးဘဏ်” အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တွင် ROE Ratio (ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်အချိုး) ၁၇% အထိ ရရှိခဲ့ခြင်း
NPLs (ပြန်ဆပ်ရန်ပျက်ကွက်သောချေးငွေ) ကို ၆% အထိ စီမံထိန်းချုပ်နိုင်ခြင်း
ESG (ပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်ရေးစနစ်) တွင်ပါဝင်သော “လူမှုရေး” အပိုင်းတွင် ပါဝင်အားထုတ်ဆောင်ရွက်ခဲ့ခြင်း
ဆန်လှူပွဲကမ်ပိန်းများ ကျင်းပပြုလုပ်ခဲ့ခြင်း
မိဘမဲ့ကလေးကျောင်းများနှင့် ဘုန်းကြီးကျောင်းများသို့ လှူဒါန်းမှုများပြုလုပ်ခဲ့ခြင်း
ကျောင်းသားလူငယ်များကို ပညာသင်ဆု အခွင့်အလမ်းများ ဖန်တီးပေးခဲ့ခြင်း
အားကစားနှင့် အနုပညာအရည်အသွေးရှိ လူငယ်များကို မြေ‌တောင်မြှောက် ထောက်ပံ့အားပေးခဲ့ခြင်းစတာတွေကြောင့် ချီးမြှင့်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

uab bank

19 Oct, 11:31


စိတ်ကြိုက် ရွေးစုလိုက်ပါ
uab မှာ အားလုံးအကြိုက် သီတင်းကျွတ်အထူးပရိုမိုးရှင်းတွေရှိနေတာ…😎

အားလုံးအတွက် သီတင်းကျွတ်ကာလ အထူးပရိုမိုးရှင်းအနေနဲ့…
📌 Step-up Fixed Deposit ပရိုမိုးရှင်း
အနည်းဆုံး ၁၀ ရက်ကနေ စာရင်းသေစစုပြီး နောက်ထပ် ၁၀ ရက်စီ သက်တမ်းတိုးတိုင်း
အမြင့်ဆုံးအတိုးနှုန်း Up to 11.88% + Bonus 0.05 % အထိ ငွေသား cash back ရယူနိုင်မယ့်
Step-up Fixed Deposit ပရိုမိုးရှင်း

📌 Upfront Fixed Deposit ပရိုမိုးရှင်း
အနည်းဆုံး စာရင်းသေ ငွေစုကာလ ၁၀ ရက်ကနေစစုရုံနဲ့ အတိုးပါကြိုယူနိုင်ပြီး
အမြင့်ဆုံးအတိုးနှုန်း Up to 11.70% အထိ ရယူနိုင်မယ့် Upfront Fixed Deposit ပရိုမိုးရှင်း

ပရိုမိုးရှင်းကာလက အောက်တိုဘာလ ၁ ရက်ကနေ ၃၁ ရက်နေ့အထိပဲမို့လို့ သီတင်းကျွတ်မှာ ကိုယ့်စိတ်ကြိုက် ပရိုမိုးရှင်း အစီအစဥ်တွေနဲ့အတူငွေစုဖို့ အခုပဲ နီးစပ်ရာ uab ဘဏ်ခွဲတွေကို လာခဲ့လိုက်တော့နော်။

uab bank

18 Oct, 11:31


မင်းမကြည့်လို့မသိတာပါ
uabpay+ Agent တွေက မင်းအနားမှာပါ…😍

ဘယ်နေရာပဲရောက်ရောက် Financial Service တွေကို အလွယ်တကူ ရယူနိုင်တဲ့ uabpay အသုံးပြုသူ Customer တို့ စိတ်ကြိုက် ငွေသွင်း၊ ငွေလွှဲ၊ ငွေထုတ်နိုင်ဖို့ uabpay+ Agent ဆိုင်တွေ အားလုံးရဲ့ အနီးအနားမှာ ရှိနေပါတယ်နော်။

📌 နီးစပ်ရာ uabpay+ Agent Location တွေကိုတော့ ဒီ Link ကနေ https://www.uab.com.mm/agent-info/ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

uab bank

17 Oct, 03:31


သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) လေးမှာ ချစ်ရသူတွေနဲ့အတူ ပျော်ရွှင်စွာ အချိန်တူတူကုန်ဆုံးရင်း၊ ကောင်းမှုကုသိုလ်များပြုလုပ်ရင်းနဲ့ ကိုယ်စိတ်နှလုံး ကြည်လင်အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။

သီတင်းကျွတ်လလေးရဲ့ တောက်ပနေတဲ့ အလင်းရောင်နဲ့အတူ ချမ်းသာခြင်း၊ ကြွယ်ဝခြင်း၊ ပျော်ရွှင်ခြင်းတို့နဲ့ ပြည့်စုံတဲ့ အနာဂတ်ဆီကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်‌နော်။