Pyae Phone - GYS 📚 @grabyoursuccess Channel on Telegram

Pyae Phone - GYS 📚

@grabyoursuccess


Personal development blog

Promotional Article for Pyae Phone - GYS (English)

Are you looking to grab success by the horns and take control of your personal development journey? Look no further than the Pyae Phone - GYS Telegram channel! With the username @grabyoursuccess, this channel serves as a personal development blog where you can find valuable insights, tips, and resources to help you reach your full potential. Whether you're looking to improve your mindset, set and achieve goals, or develop new skills, Pyae Phone - GYS has got you covered. Join our community of like-minded individuals who are committed to personal growth and success. Stay motivated and inspired with regular updates and engaging content that will empower you to become the best version of yourself. Start your journey to success today with Pyae Phone - GYS!

Pyae Phone - GYS 📚

12 Jan, 10:44


ကိုယ့်ရဲ့ အတွေးအခေါ် ပြောင်းဖို့၊ လူအသစ် တစ်ယောက် ဖြစ်ဖို့
ဘယ်အရာတွေ က မိတ်ဆွေအတွက် အခက်အခဲဆုံးဖြစ်မလဲ ❓


1️⃣ကိုယ့်ကိုယ်ကို သံသယ ဝင်တတ်တာ (Self-Doubt)
2️⃣အကျင့်ဆိုးတွေကို ဖျောက်ဖို့ ခက်တာ
3️⃣အသစ်အသစ်တွေကို လက်ခံဖို့ အားမရှိတာ
4️⃣အတွေးအခေါ်တွေကို မပြောင်းချင်တာ
5️⃣ပြောင်းလဲရမယ်ဆိုတာ သေချာမသိသေးတာ

Pyae Phone - GYS 📚

11 Jan, 16:19


အတွေးအခေါ် ပြောင်းမှ
အနာဂတ်ပြောင်းမယ် ဗျ
ဆိုတော့ ဒီ Mindset အကြောင်းကို
ဝေမျှဖို့အတွက် ဒီနေ့စပြီး
Presentation စ ပြင်ပါပြီဗျ 📌

Pyae Phone - GYS 📚

10 Jan, 14:04


မနေ့ ကပြောခဲ့တဲ့ အတွေးအခေါ် (Mindset) ကို

🧠 Business Mindset /Entrepreneurship Mindset

ဖြစ်အောင်ပြောင်းဖို့ စိတ်ဝင်စားတဲ့သူတွေရှိကြလားဗျ ❓...
ရှိကြတယ်ဆိုရင် ကျွန်တော် ဒါလေး
Training ပေးဖို့ စပြီးစီစဉ်မှာမို့ ပါ ...

အခု က စပြီး စီစဉ်မယ်ဆိုရင်
နောက် ၂ ပတ်လောက်ဆိုရင်တော့
Ready ဖြစ်ပါပြီဗျ 🏖️

Pyae Phone - GYS 📚

08 Jan, 13:40


အရင်တစ်ခေါက် Trainingတုန်းက
လုပ်ငန်းလုပ်ချင်တယ်
လုပ်ငန်း စချင်တယ် လို့
ပြောတဲ့သူတွေ ရှိကြတယ် ...
.
ဒါ့ကြောင့် ဒီလထဲမှာ 📈 Business တစ်ခု
စဖို့ဘာတွေလိုလဲ ဆိုတာကို ဝေမျှပေးဖို့ စဉ်းစားဖြစ်တယ်
ဒါပေမဲ့ အရင်ဆုံး စီးပွားရေးလုပ်နည်း လေ့လာပြီး
အတွေးအခေါ်တွေက စီးပွားရေး Mindset ဖြစ်အောင်
Update လုပ်ရသေးဘူးဆိုရင်

လုပ်နည်းသိပြီး လုပ်ဖြစ်ဖို့
အောင်မြင်ဖို့ % နည်းသွားမယ်ဗျ
ဆိုတော့ Mindset ပိုင်း
အတွေးအခေါ်ပိုင်းကိုအရင်ပြောပြဖို့
စဉ်းစားထားတယ် ... 😎

Pyae Phone - GYS 📚

07 Jan, 12:23


အတွေးအခေါ် ပြောင်းမှ
ခံစားချက်ပြောင်းမယ်
.
ခံစားချက်အပေါ်မူတည်ပြီး လုပ်ဆောင်မှုတွေက
ပြောင်းလာတယ် ...

လုပ်ဆောင်မှုတွေပြောင်းပြီဆို
အနာဂတ် ပြောင်းမယ် ...

ဒါ့ကြောင့် လက်ရှိအတွေးအခေါ်တွေကို
အတွေးအခေါ် အသစ်တွေ
ပိုကောင်းတဲ့ စဉ်းစားမှု တွေအဖြစ်
ပြောင်းဖို့ လိုတယ် ... အထူးသဖြင့်
ကိုယ်က လုပ်ငန်းလုပ်မဲ့သူ
တစ်ယောက်ဆိုရင်ပေါ့

Pyae Phone - GYS 📚

06 Jan, 12:48


💰 ငွေ ပြန်ရှာလို့ရတယ်
'အချိန်' ပြန်ရှာလို့မရဘူး
ဒါ​တောင်လူ​​တွေက
​​ငွေကုန်သွားမှာပဲ နှ​မြောတတ်တယ်
⏰ အချိန်ကုန်သွားမှာ
မနှမြောဘူး ...
.
​သတိထားရမယ်
ဘယ်​တော့မှ ပြန်မရနိုင်​တော့တဲ့
အချိန်​တွေကို နှ​မြောတတ်ဖို့ ...

Pyae Phone - GYS 📚

05 Jan, 11:48


1 ရက် 3000 စုယုံနဲ့သူဌေးဖြစ်ပြီလား .. ❓
=============================
ဟိုနေ့က စာလေးတစ်ပိုဒ်မြင်လိုက်ရတယ်
တစ်ရက် ၁၀၀၀ စုရင် ၅ နှစ် ၁၈ သိန်း
တစ်ရက် ၃၀၀၀ စုရင် ၅ နှစ် ၅၄ သိန်း
ဆိုပြီးတွက်ပြထားတာ..
တစ်ရက် သုံးထောင်စု
နောက်၅နှစ် ကိုယ်ပိုင်လုပ်ငန်းစနိုင်တယ်ဆိုပြီး
တွက်ပြထားတယ်။
မှားလားဆိုတော့ မမှားပါဘူး။
ဒါပေမဲ့ သေချာတွက်ကြည့်ပါ
.
၁။ ငွေ ကြေးပြောင်းလဲမှု 🙏
.
ပထမဆုံး သိရမှာက သိန်း ၅၀ ဆိုတာ
နောက် ၅နှစ် ဆိုရင်သိန်း ၅၀ မတန်တော့ ဘူး
ဆိုတာပဲ.။ အရာတိုင်း ဈေးတက်နေတဲ့ခေတ်မှာ
နောက် ၅ နစ်ဆိုရင် သိန်း ၅၀ ရဲ့တန်းဖိုးက
၁၅ သိန်းလောက်ပဲကျန်တော့မယ်ဆိုတာပဲ..
.
၂။ ပစ္စည်းတန်ဖိုး ▶️
.
၂၀၂၀ တုန်းက ကွန်ပြူတာတစ်လုံး တောင်
၅ သိန်းအောက်ထစ် ဖုန်းတစ်လုံး
၃ သိန်းလောက်မှ သေချာသုံးလို့ရတဲ့ခေတ်
၂၀၂၅ မှာ ကွန်ပြူတာက ၁၅ သိန်းအထက်ဖြစ်နေပြီ
နောက် ၅ နှစ်ဆိုရင်ဒီထက်တက်လာဖို့ပဲရှိတယ်
ဒီ၂ ခုမရှိရင် အလုပ်လုပ်လို့မရတဲ့ခေတ်မှာ
ကိုယ် ပိုင်သုံးဖို့အတွက်ပဲ
ကာလတန်ဖိုး သိန်း၂၀လောက် ကထွက်သွားပြီ
.
၃။ တကယ်ကောစုနိုင်ပါ့မလား ✍️
.
တစ်လ ၉၀၀၀၀ စုဖို့ဆိုတာ တစ်လ
၃ သိန်း ရတဲ့သူဆိုရင်တောင် အိမ်ကိုပြန်မအပ်မှဖြစ်မှာ။ ဒါတောင်
Entertainment အသုံးအစွဲတွေ မရှိမှဖြစ်ဦးမှာ။
Bubble Tea ဝယ်သောက်ရင်တောင် ၃၀၀၀ ကျော်တယ်လေ
.
၄။ Consistence ဖြစ်ဖို့ဆိုတာ 👀
.
လတိုင်း လခ စုဖို့မဖြစ်နိုင် ပါဘူး၊ အလုပ်အပြောင်းအလဲ၊
ငွေ မဝင်တဲ့အခိုက်အတန့်တွေရှိမယ်၊ တစ်ခုခု ကြောင့်
ဥပမာ ခရီးသွားတာမျိုး၊ ဖုန်းအသစ်ဝယ်တာမျိုး
လုပ်တဲ့အခါငွေကုန်တဲ့လတွေ ရှိမယ် ...
ဒါကြောင့် တကယ့် Reality မှာ အဲ့လို
စုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ...။
.
ဖြေရှင်းမဲ့နည်းလမ်းက တစ်ခုပဲရှိတယ်
အဲ့တာ ငွေ ပိုဝင်အောင်ရှာဖို့ပဲ...
ကျွန်တော်ဆိုရင် တစ်လ ၉ သောင်း
လောက်တော့စုပြီး ၅ နှစ် လောက် မနေဘူး။
တစ်လ ၉ သောင်းဖိုး ဦးနှောက်ထဲပဲ ရင်းနီးမြှုပ်နှံပြီး
တစ်လ ၃ သိန်း ကနေ ၅ သိန်း၊
၅ သိန်းက နေ ၁၀ သိန်း တိုးအောင်ရှာဖို့Skillတွေ ဖြည့်မယ်။
အတွေ့အကြုံတွေယူမယ်
စဉ်းစားကြည့် တစ်လ ၁၀ သိန်းလောက်
ဝင်တဲ့သူတစ်ယောက်က သိန်း ၅၀ စုဖို့
တစ်နှစ်တောင်မလိုဘူး။
.
အဲ့တော့ ခေတ် ပြောင်းတဲ့အချိန်မှာ
အတွေး ပြောင်းဖို့လိုတယ်...
ဒီခေတ်က ငွေ စုတဲ့ခေတ်မဟုတ်ဘူး
ပညာ အတွေ့အကြုံ
စုတဲ့ခေတ် ဖြစ်နေပါပြီ။ 😇
.
ပညာ စုချင်ရင်လဲ
အရင်ခေတ်ကလိုအချိန် တကူးတကပေးပြီး
သင်တန်းတက်စရာမလို တော့ဘူး
ကျွန်တော်တို့ဆီမှာပဲ ၂၀၀၀၀ ကျပ် ဝန်းကျင်နဲ့
Online ကနေပဲ
✔️ ဘာသာစကား
စီမံခန့်ခွဲမှုသင်တန်း
စီးပွားရေးနဲ့ Personal Development
သင်တန်းတွေ တက်လို့ရနေပြီ..။

အသေးစိတ်သိချင်ရင် အောက်က Link ကိုနှိပ် ...
👇👇
https://t.me/grabyoursuccess/298

Pyae Phone - GYS 📚

04 Jan, 14:16


ဒါနဲ့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က
promo တွေနဲ့ သင်တန်း အပ်ကြတဲ့ မိတ်ဆွေတွေ
အတန်းထဲ စာကောလုပ်ဖြစ်လားဗျ ???

Pyae Phone - GYS 📚

04 Jan, 11:43


ငယ်တဲ့အရွယ်မှာ အချိန်ကိုရင်းပြီး
အတွေ့ အကြုံယူရတယ်
.
ပြီးရင်
⏱ အချိန်ကိုရင်းပြီး ငွေရှာရမယ်
.
ကြိုးစားတဲ့သူက နောက်တစ်ဆင့် ဖြစ်တဲ့
ရလဒ်ကို ရင်းပြီး ငွေ ၀င်မယ် 🤑
.
ပိုကြိုးစားတဲ့သူ က သူများ အချိန် နဲ့ ကိုယ့်
အတွက် ငွေ၀င်တဲ့ အနေ အထားကိုရောက်လာမယ် ...
.
နောက် တစ်ဆင့်မှာ ငွေကိုရင်းပြီးငွေရှာမယ် ...
ပြီးရင် ငွေနဲ့ အချိန်ကိုပြန် ၀ယ်မယ် 🤑
...
လူငယ်တွေအနေနဲ့
အချိန်ကိုရင်းပြီး အတွေ့အကြုံယူရတယ်ဆိုတဲ့
အဆင့်ကိုဖြတ်ပြီး Get Rich Quick ဖြစ်ချင်တယ်
ငွေရှာဖို့ဦးတည်သွားတယ် တကယ်တော့ ဖြစ်နိုင်ရင်
အတွေ့အကြုံအရင်ရှာစေချင်တယ်
အခုအချိန်မှာ သိန်း ၅၀၀၀ ရှာနိုင်တဲ့သူဟာ
2020 မှာ သိန်း ၁၅၀၀ ရှာသလောက်ပဲရတာတော့တယ်
ဒါပေမဲ့ အခုအချိန်မှာ Skills/Experience မှာ
ရှာ ထားမယ်ဆို နောင်တစ်ချိန်မှာအဲ့တာတွေက
ငွေကြေးလို ဖောင်းပွမသွားနိုင်ဘူး ... 🤑

Pyae Phone - GYS 📚

03 Jan, 10:39


လွယ်လွယ်နဲ့ လုပ်လို့ရပြီး
တော်တော်များများသိပ် "မလုပ်" ဖြစ်ကြတဲ့
💵 ငွေကြေး စီမံမှု အလေ့အထ ကောင်း တွေ
👇👇
၁။ နေ့စဉ် ကုန်ကျစရိတ်မှတ်တာ
၂။ လစဉ် Budget Plan ဆွဲတာ
၃။ သတ်မှတ်ချက်တစ်ခုထားပြီး ငွေစုတာ
၄။ လိုချင်ပေမဲ့ မလိုအပ်တာတွေ မဝယ်အောင် သတိထားတာ
၅။ အရေးပေါ် အရံငွေထားတာ
၆။ ပိုင်ဆိုင်မှုတွေကို မတူညီတဲ့ အမျိုးအစားတွေခွဲထားတာ
၇။ ငွေကြေး စနစ် အသစ်တွေကို လေ့လာတာ
၈။ လက်ရှိဝင်ငွေလမ်းကြောင်းကိုချဲ့ဖို့ (သို့) လမ်းသစ်ရှာဖို့ လေ့လာမှုပြုလုပ်တာ 🫰
.
စကားချပ်အနေနဲ့ပြောလိုတာက
ဝင်ငွေမရှိတဲ့လူနဲ့ ဝင်ငွေအရမ်းနည်းတဲ့သူတွေက
ဒီထဲက အချက်တစ်ချို့ကိုလုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး ... 🫰
ဒါပေမဲ့ Income အတိုင်းအတာတစ်ခု ရှိတဲ့
လူများစုအနေနဲ့ ဒါတွေကိုမလုပ်ဖြစ်ကြရင်
ရေရှည် အခက်အခဲတွေကြုံလာဖို့ များပါတယ် ...🪙

Pyae Phone - GYS 📚

02 Jan, 11:43


👇👇 Video Link

https://www.facebook.com/grabyoursuccess/videos/2738281093147132

Pyae Phone - GYS 📚

01 Jan, 01:24


အတိတ် က မပြင်ဆင်ခဲ့လို့
အခု အချိန် တိုင်ပတ်နေတယ်ဆိုရင်တောင်
အနာဂတ်အတွက်ပြင်ဆင်ဖို့
ပစ္စုပ္ပန် ရှိသေးတယ် ဗျ ... 😇

January 1 ရက်နေ့ ရောက်နေပြီ
ဒီနေ့ မှမစရင်ဘယ်နေ့ စမှာတုန်း ‼️

Pyae Phone - GYS 📚

31 Dec, 01:23


ဒီနှစ် 2024 မှာ ကိုယ့်ကိုယ်ကို ဂုဏ်အယူရဆုံး 💪

Achievement "3" ခု ကိုပြောပါဆိုရင်

👇👇👇

Pyae Phone - GYS 📚

30 Dec, 10:06


Tiktok ကနေ Photo Campaign လေး
Join ပြီး 10,000 Cashback ယူချင်တဲ့သူတွေအတွက်
အသေးစိတ် အောက် က Channel Join ပြီးဖတ်ပေးကြမယ်နော် !!

👇👇

https://t.me/GYS_OC/770

Pyae Phone - GYS 📚

30 Dec, 08:54


Personal Development Mastery Seminar
Certificate ထုတ်ဖို့
၁။ GYS ကျောင်း သားဖြစ်ရပါမယ်
၂။ App ထဲက PDM အတန်းမှာ အိမ်စာထပ်ပေးရပါမယ်
၃။ ၃ ရက်အတွင်း အိမ်စာစစ်ပြီး Certificate ထုတ်ပေးပါတယ်
လိုအပ်တာရှိရင် မေးဖို့
👇👇
https://t.me/GYS_App

Pyae Phone - GYS 📚

30 Dec, 01:08


Personal Development Mastery Seminar တက်ထားတဲ့သူတွေ
Certificate ထုတ်ပြီးကြပြီလားဗျ ✔️

Pyae Phone - GYS 📚

29 Dec, 12:32


ရည်မှန်းထားတဲ့အတိုင်း ဖြစ်အောင်ဘယ်လိုလုပ်မလဲ ❓❓

ကိုယ့်ရည်မှန်းချက်က SMART 🏖️ ဖြစ်ဖို့လိုပါတယ်

Specific - တိကျဖို့လိုပါတယ်
Measurable - တိုင်းတာလို့ရဖို့လိုပါတယ်
Attainable - ရနိုင်တဲ့ အနေအထားဖြစ်ရပါမယ်
Relevant - သက်ဆိုင် ရပါမယ်
Time Bound - အချိန်ကန့်သတ်ချက်ရှိရပါမယ်


ဥပမာ ကိုယ်က ၀ နေလို့ (ပေါင် ၂၀၀ ပဲထား)
Weight ချချင်တယ်ပဲထားပါတော့ ဘယ် နှစ်ပေါင် ချမလဲ
ဘယ် နေ့နောက်ဆုံးချမလဲ
ကိုလိုချင်တဲ့ပေါင်းရောက်အောင်
ဘယ်လိုတွေလုပ်ပြီးချမှာလဲ ဆိုတာမျိုးပေါ့။

“ငါဒီနှစ် နှစ်ကုန် ပေါင် ၂၀ ချချင်တယ်
- ၆ လအချိန်ရှိတာဖြစ်တဲ့အတွက်
တစ်လ ၃ ပေါင် - ၄ ပေါင်လောက်ချမယ်.
တစ်ပါတ် ၄ ရက် Gym ဆော့မယ် (တစ်ခါဆော့ ၂ နာရီ အချိန်ပေးပြီး)
ညစာ ကို ၆ နာရီနောက်ပိုင်းမစားတော့ဘူး”

ဆိုတာမျိုး တိတိကျကျ ရှိဖို့လိုပါတယ်။

Specific - ဝိတ်ချ (ပေါင် ၂၀)
Measurable - ပေါင်အတိအကျ ( ၂၀ ဆို ၂၀ ၊ ၃၀ ဆို ၃၀)
Attainable - ပေါင် ၂၀ ကို ၆ လနဲ့ချတာမျိုး က ဖြစ်နိုင်ပါတယ်
Relevant - ကိုက ဝတဲ့သူ ပိန်ချင်တာမျိုး
Time Bound - ၆လ အတွင်း
.
တိတိကျကျသတ်မှတ်ပြီးပြီဆိုမှ
တကယ်လုပ်နိုင်တဲ့ Action Plan ချဆွဲရမှာဖြစ်ပါတယ်။
Action Plan မှာ လစဉ် အပါတ်စဉ် နေ့စဉ် ဘာတွေ လုပ်ရမလဲ
ဆိုတာမျိုးတွေ ပါရမှာပါ။ ✔️

အသေးစိတ်ကို Personal Goal Setting
အတန်းမှာသင်ပေးပါတယ်ဗျ

Pyae Phone - GYS 📚

28 Dec, 12:34


ကျွန်တော့ကို ဒီနေ့ ဒီအချိန်
ဒီလိုတွေလုပ်နိုင်အောင် ဘာ Skills တွေလေ့လာဖို့
လိုခဲ့လဲလို့ AI ကိုမေးလိုက်တော့
အောက် က 7 ခုကိုထုတ်ပေးပါတယ် ...
.
1. Content Creation
2. Social Media Literacy
3. Leadership
4. Marketing (Advertising)
5. Productivity Management
6. Financial Literacy
7. Video Editing
.
အခုထိလဲ သုံးနေသေးတဲ့ Skills တွေဆိုမမှားပါဘူး ...

Pyae Phone - GYS 📚

28 Dec, 11:12


▶️ Promotion Package

B နဲ့ C ပြည့်ဖို့ 3 ရက်ပဲလိုတော့တယ်နော် ❗️

Pyae Phone - GYS 📚

27 Dec, 14:22


ကဲ့ Personal Development Seminar မှာတက်ခဲ့ပြီး
နောက်ထပ် Business ပိုင်းဆိုင်ရာ
Seminar တက်မယ်လို့ စဉ်းစားထားတဲ့သူတွေ
ဘယ် နယောက်လောက်ရှိသေးလဲဗျ ???
👇👇👇 ပြောပေးသွားပါဦး

Pyae Phone - GYS 📚

27 Dec, 12:19


အချိန်ကို တန်ဖိုးထားပြီး ပန်းတိုင်ဆီလျှောက်လှမ်း

"အလုပ်တွေတစ်ဖက်နဲ့ ကိုယ်ပိုင်တိုးတက်ဖို့ အချိန်ပေးရတာ ခက်ခဲတယ်ဆိုတာ သိပါတယ်။
ဒါပေမယ့် တစ်နေ့ကို မိနစ် (၃၀)လောက်ပဲဖြစ်ဖြစ် ကိုယ့်အတွက် အချိန်ပေးပါ။
ဥပမာ - စာအုပ်ဖတ်တာ၊ အွန်လိုင်းသင်တန်းတက်တာ၊ ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားတဲ့ အရာတစ်ခုခုကို လုပ်တာမျိုးပေါ့။
တစ်နေ့ကို ခြေလှမ်းနည်းနည်းစီ လှမ်းရင် မကြာခင်မှာ ပန်းတိုင်ကို ရောက်ပါလိမ့်မယ်။"

Actionable Step: ဒီနေ့အတွက် ကိုယ့်ရဲ့ ပန်းတိုင်သေးသေးလေးတစ်ခုကို ချရေးပါ။
ဥပမာ - စာမျက်နှာ (၁၀)မျက်နှာဖတ်မယ်၊ ဗီဒီယိုသင်ခန်းစာ တစ်ခုကြည့်မယ် စသဖြင့်ပေါ့။
ပြီးရင် အဲဒီပန်းတိုင်ကို ရောက်အောင် ကြိုးစားပါ။
ပြီးရင် နောက်တစ်ရက်အတွက် ပန်းတိုင်အသစ်တစ်ခုကို ထပ်ချမှတ်ပါ။
ဒီလိုလုပ်ခြင်းက မင်းရဲ့ တိုးတက်မှုကို အမြဲတမ်း မြင်နေရစေပါလိမ့်မယ်။
—————————————-
ဆိုတော့ ဒီ post က AI က ရေးထားတာပါ
မိတ်ဆွေတို့ဘယ်လို ခံစားရလဲ ပြောခဲ့ပါဦးဗျ ...
AI ပိုင်းလေ့လာချင်တဲ့သူတွေ ကောရှိကြလား ❓❓

Pyae Phone - GYS 📚

26 Dec, 12:32


တိုးတက်ချင်တယ်ဆိုရင်
အဓိက လိုအပ်တာကစိတ်ပဲ
ကျွန်တော့စာ ဖတ်နိုင်ပြီဆိုရင်ဗျာ
ဖုန်းရှိမယ် အင်တာနက် ရှိမယ် ဟုတ် !!
ဒါဆို ငွေကြေးနောက်ခံမရှိရင်တောင်
အခမဲ့သင်တန်းတွေ လိုက်ရှာပြီး ရသလောက်
Knowledge စုထားလို့ရတယ်။

ငွေပေးရတဲ့သင်တန်းတက်ဖို့အတွက်
အလုပ်မရှိဘူး အတွေ့အကြုံမရှိဘူးဆိုရင်
အလုပ်သင်တွေ လျှောက်လို့ရတယ် ...
အရင်ကလောက် အခွင့်အလမ်း
မများတော့ တာမှန်ပေမဲ့ လုပ်လို့ရသေးတယ်

ကျွန်တော်တို့မှာ ဘာမှမရှိတော့ တဲ့အခါ
လုပ်ချင်စိတ်က အခြေခံအကျဆုံး
အရင်းအနီးဖြစ်လာတယ်ဗျ .... 😇😇

Pyae Phone - GYS 📚

25 Dec, 14:37


မိတ်ဆွေတို့ အတွက်တော့ မသိဘူး
ကျွန်တော့အတွက်တော့ 2024 က
ခက်ခဲတဲ့ နှစ် တစ်နှစ်ဖြစ်တယ်ပြောရမယ် ... 🙄
Target ထားတဲ့ Project တွေထင်သလို
Progress မဖြစ်တာမျိုး ရှိလို
Target ပြောင်းလိုက်ရတာမျိုး တွေ ပေါ့ ...
ဒါပေမဲ့ Goal Setting Technique တွေနဲ့
တောက်လျောက် ပြန်တည့်မက်နေတော့
ဖြစ်အောင်လုပ်ရမဲ့ အရာတွေ တော့ ဖြစ်ခဲ့တယ်ပြောရမယ် 😎
.
ဆိုတော့ အခက်အခဲတွေကြုံလာတဲ့အခါ
ကိုယ့်ကိုယ်ကို ယုံကြည်ပြီး အမြဲလုပ်လေ့ရှိတဲ့အရာတစ်ခုရှိတယ်
အဲ့တာက
.
ကြုံနေရတဲ့ အခက်အခဲကို ချရေးပြီး ဒီအခက်အခဲကနေ
သင်ယူနိုင်တဲ့ အချက် (၃)ခုကို ထုတ်ရေး ဖြစ်တာပဲဖြစ်တယ်ဗျ။ ✔️

ဒီလိုလုပ်ခြင်းက မိတ်ဆွေကို ကို ပိုပြီး အားရှိစေပြီး အခက်အခဲတွေကို
အခွင့်အရေးအဖြစ် ပြောင်းလဲဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။
ရေရှည်အတွက် သိသာတဲ့ပြောင်းလဲမှုဖြစ်လာမယ်ဗျ ...

Pyae Phone - GYS 📚

25 Dec, 10:09


Promo A ဒီနေ့ ညနောက်ဆုံးနော်
မနက်ဖြန် ဆို မရတော့ပါဘူး ‼️‼️

Pyae Phone - GYS 📚

24 Dec, 15:09


Live stream finished (2 hours)

Pyae Phone - GYS 📚

24 Dec, 15:08


ဒီ page မှာ Review/Recommendation လေးပေးခဲ့လို့ရပါတယ်
💪💪
https://www.facebook.com/grabyoursuccess

Pyae Phone - GYS 📚

24 Dec, 14:36


မနေ့က Promo အစီအစဉ်တွေ

👇👇

https://t.me/grabyoursuccess/352

Pyae Phone - GYS 📚

24 Dec, 13:04


အားလုံးပဲစပြီနော် Live Join လိုရပါပြီ

Day 3 Live အတွက် Comment ဒီ အောက်မှာ ပေးပေးနော် 👇👇

Pyae Phone - GYS 📚

24 Dec, 13:02


Live stream started

Pyae Phone - GYS 📚

24 Dec, 04:08


အားလုံးပဲ ဒီနေ့ည ၇ ခွဲ
Day 3 (Final Day) မှာ တွေ့ကြမယ်နော် ‼️

Pyae Phone - GYS 📚

23 Dec, 14:44


✅ Personal Development အတန်းများ
.
Time Management
Marketing Management
Personal Goal Setting
Effective Communication
Money IQ
Master Online Selling
Content Marketing
Discover Your Passion
========

✅ Language အတန်းများ

English
Thai
Korea
Japan
Chinese
French
========

✅ Business အတန်းတွေ တက်ချင်ရင်
.
Business Model Canvas
Facebook Marketing
Business Essential
Life-Career & Business
========

✅ Management အတန်းမှာ
.
HR Management
HR Payroll
HR Labour Law
Admin & Office Management
Business Management
Sales Management
Customer Service
Customer Relationship Management
Project Management
General Management
Leadership
========
အတန်းအားလုံးကို
Video စနစ်ဖြင့်
Fb Group/Web/App တွေနဲ့သင်ကြားပေးပါတယ်
========
💵 သင်တန်းကြေး 24,000 Ks ဝန်းကျင်ကစတင်ပါတယ်
========
သင်တန်းအပ်ဖို စုံစမ်းရန် Link
👇👇
https://t.me/GYS_App

Pyae Phone - GYS 📚

23 Dec, 14:42


Promo A,B,C ပါ
ဒီနေ့ အပ်မယ်ဆိုရင်
Discover Your Passion (or)
Life Career Business Online Class တစ်ခု
လက်ဆောင်ရပါမယ်

သင်တန်းအပ်ဖို စုံစမ်းရန် Link
👇👇
https://t.me/GYS_App

Pyae Phone - GYS 📚

23 Dec, 14:41


Live stream finished (1 hour)

Pyae Phone - GYS 📚

23 Dec, 14:33


Pyae Phone - GYS 📚 pinned «သင်တန်းအပ်ဖို့ စုံစမ်းရန် Link 👇👇 https://t.me/GYS_App»

Pyae Phone - GYS 📚

02 Dec, 00:26


December လမှာ အရေးအကြီးဆုံး အလုပ်က !!!

Pyae Phone - GYS 📚

29 Nov, 12:37


နောင်တစ်ချိန် အသီးကောင်း စားရဖို့
အခုအချိန် အပင်ကို ဘယ်လိုပြုစုနေလဲဆိုတဲ့အပေါ်
မူတည်ပါတယ်။
ကျွန်တော် တို့ရဲ့ Brain က ကျွန်တော်တို့ရဲ့ အပင်ပါပဲ ....

Pyae Phone - GYS 📚

29 Nov, 06:13


Personal Development လုပ်ရင်းနဲ့ အခက်အခဲဆုံးအရာက ဘယ်က စလို့ စလုပ်ရမှန်းမသိ တာလို့ ရွေးကြတာများတယ်ဗျ ...

ဘယ်လို လုပ်ရမလဲဆိုတာ ကျွန်တော်
လိုတိုရှင်းပြောပြမယ်

၁။ Personal Development မှာပါတွေပါလဲသိအောင်လိုက်ဖတ်မယ် ( ဥပမာ Self-awareness, Goals Setting, Soft-skills အစရှိတာတွေပေါ့)

၂။ တိကျတဲ့ ရည်ရွယ်ချက်သတ်မှတ်မယ်
ဒီလမှာ ဘယ် ဟာကို နားလည်အောင်လုပ်မလဲ၊ နောက် လမှာ ဘယ် အပိုင်းကို လက်တွေအသုံးချကြည့်မလဲ စသဖြင့်ပေါ့။ ဒီမှာ နေ့စဉ် Diary ရေးသွားဖို့ လိုတယ်

၃။ တိုင်းတာမယ်
၃ လလောက် ကြာတဲ့အခါ ကိုယ့်ကိုယ်ကို ဘာတွေ
ပြောင်းလဲလာပြီလဲဆိုတာ Dairy ဖတ်ကြည့်မယ်
သေချာပြန်တွေးကြည့်မယ်။
သူငယ်ချင်းတွေကိုမေးကြည့်တိုင်ပင်ကြည့်မယ်

ဒီလောက်ဆိုရင် အကြမ်းဖျဉ်းသိပါပြီ ... အသေးစိတ်ကိုတော့ နောက်လ ထဲမှာ လုပ်မဲ့ Program မှာ ပြောပြပေးပါမယ်ဗျ ....

Pyae Phone - GYS 📚

28 Nov, 12:33


လူတိုင်းမှာ မျက်နှာသုံးမျိုးရှိတယ်
- သူစိမ်းမိတ်ဆွေတွေကို ဆက်ဆံတဲ့ မျက်နှာ၊
- အရင်းနီးဆုံးသူတွေ မိသားစုဝင်တွေကိုဆက်ဆံတဲ့မျက်နှာ၊
- သူ့ကိုယ်သူဆက်ဆံတဲ့ မျက်နှာ ....
လူတစ်ယောက်က အရမ်းလာရောပြီဆိုရင်
သူ့ကောင်းကြောင်းတွေ ပြောလာပြီ
ကိုယ့်အတွက်စဉ်းစားပေးတာဆိုပြီး ပြောလာပြီဆို
သတိထား သင့်တယ်။ ဒီကောင် ကိုယ့်ဆီက တစ်ခုခု
လိုချင်နေလို့ ဖြစ်ဖို့များတယ်

Pyae Phone - GYS 📚

27 Nov, 12:33


အရမ်းပင်ပန်းလို့ လက်လျော့လိုက်မယ် လို့
စဉ်းစားတိုင်း
"ဘာကြောင့်စခဲ့တာလဲ" ဆိုတာ ပြန်တွေးပေးပါ ....

Pyae Phone - GYS 📚

26 Nov, 12:21


ဒါနဲ့ စကားမစပ် English Speaking ကို
တစ်ယောက်ထဲလေ့လာနေပြီး တိုင်ပတ်နေတဲ့သူတွေရှိကြလား ??
.
Idea ်လေးတစ်ခုဝေမျှပေးမလို့ 👇👇👇

Pyae Phone - GYS 📚

25 Nov, 14:47


ကျွန်တော် ပြောခဲ့တဲ့ ဒီနှစ်ကုန် မှာ
2025 အတွက် Personal Development ပိုင်း
တိုးတက်အောင် လုပ်ပေးမဲ့ အစီအစဉ်အတွက်
အခု Telegram မှာ ကျွန်တော်
မေးမဲ့ဟာလေးတွေကို
ဖြေပေးသွားကြပါဦးဗျ ...

Pyae Phone - GYS 📚

25 Nov, 14:42


လုပ်ငန်း တစ်ခု စတင်ဖို့ အတွက် က
စာမျက်နှာ ၃၀၀ ကျော် စာအုပ်ကြီးတွေ
ထိုင်ဖတ်နေဖို့ ထက်
လက်တွေ့အသုံးချ လို့ရမဲ့ နည်းတွေ AI မှာသွားမေးတာ
ပိုမြန်တယ် ...
ခက်တာက မေးနေမကျရင်လဲ
မမေးတတ်ပြန်ဘူး ...
ဆိုတော့ မိတ်ဆွေတို့ ထဲမှာ
ChatGPT, Claude, Gemini တို့
ပုံမှန်အသုံးပြုနေကြတဲ့သူတွေ ရှိကြပြီလား ဗျ ?

Pyae Phone - GYS 📚

21 Nov, 11:35


2024 အတွက် ၁ လ စွန်း စွန်း ပဲကျန်တော့တယ်
တစ်နှစ်လုံးလဲ မယ်မယ်ရရ ထူးခြားခဲ့တာ
ပြောင်းလဲခဲ့တာ မရှိဘူး
2025 အတွက် ဘာတွေ စဉ်းစားလို့ ရနိင်မလဲ ???
--------------------------
ကျွန်တော်တို့တစ်နှစ် တစ်နှစ်
ရည်မှန်းချက်တွေ ထားတယ်
ဖြစ်ချင်တာတွေ ဘယ်လိုဖြစ်အောင်
လုပ်ရမလဲဆိုတာ plan ချတယ်
ကြိုးစားကြတယ်၊ အောင်မြင်တာလဲ
ရှိသလိုမအောင်မြင်တာတွေ လဲရှိတယ်
ဒီနှစ်ပိုင်းတွေက ပိုခက်မယ် လက်ရှိ ဖြစ်နေတဲ့
စီးပွားရေး၊ နိုင်ငံရေး၊ သဘာ၀ဘေး
အခက်အခဲတွေအားလုံးက ရှောင်လွှဲလို့မှမရတာ ....
.
ရည်မှန်းချက်တွေ ဆိုတာ အမြဲရှိနေရမယ်
ဖြစ်နိုင်ချေရှိတာတွေ
အကုန်ဖြစ်အောင် ကြိုးစားနေရမှာပဲ
ဒီလိုကြိုးစားနေတဲ့ကြားထဲ
ဒါမှမဟုတ် မကြိုးစားခဲ့တာပဲဖြစ်ဖြစ်ပေါ့ဗျာ
လိုချင်တာတွေ ဖြစ်မလာဘူးဆိုရင်
ဒီတစ်ခု သိထားဖို့လိုမယ်
.
ရည်မှန်းချက်တွေထားတဲ့နေရာမှာ
ကျွန်တော်တို့ "မလုပ်ဘဲ ရပ်လိုက်မယ်"
ဆိုတဲ့ ရည်ရွယ်ချက်တွေ ကိုထားဖို့ ပဲဖြစ်တယ်။
.
ဥပမာ ဒီနှစ် လုံး၀
1 လ 3 သိန်းထက် ပို
မသုံးဘူးဆိုတာမျိုး ...
ဒီနှစ် Tiktok တစ်ရက်
၁ နာရီထက်ပိုမကြည့်ဘူး ဆိုတာမျိုး..
ဒီနှစ် ကျန်းမာရေးအတွက်
ဆေးလိပ် ဖြတ်မယ်ဆိုတာမျိုး....
.
မလုပ်တော့ဘူးဆိုတဲ့ရည်ရွယ်ချက်
တွေ ထားထားဖို့လိုပါမယ်။
.
တစ်ကယ်တော့လေ
ဘာတွေ လုပ်မလဲဆိုတာထက်
ဘာတွေ လုပ်တာ ရပ်မလဲဆိုတာ
အရမ်းအရေးကြီးပါတယ်။
.
အတွေးလေးတစ်ခု
ဝင်သွား မယ် ထင်ပါတယ်...
မိတ်ဆွေတို့ ၂၀၂၅ မှာ ဘာလုပ်တာရပ်မလဲ
ပြော ပေးခဲ့ပါဦး ... ။

Pyae Phone - GYS 📚

18 Nov, 02:25


10 ရက် နဲ့ Management & Business ဘာသာရပ်တွေကို
ကျွမ်းကျင်တတ်မြောက်အောင်
ဘယ်လိုလုပ်လို့ရမလဲ ??
.
.
.
.
.
.
.
.
ဘယ်လိုမှလုပ်မရပါဘူးဗျ 🤣🤣
ရူးသွားမှာပေါ့ဗျ ဒီပညာရပ်တွေကဒီလောက်
ခက်တာကို ၁၀ ရက် မပြောနဲ့
ရက် ၁၀၀ နဲ့တောင်မရဘူး ...
.
ဒါပေမဲ့ တစ်ခုတော့ရှိတယ်
၁၀ ရက်လောက် အချိန်ပေးရင်
Business Management ပဲဖြစ်ဖြစ်
HR Management ပဲဖြစ်ဖြစ်
Admin & Office Management ပဲဖြစ်ဖြစ်ပေါ့
ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အရေးကြီးတဲ့
ပညာရပ်တွေရဲ့ အခြေခံကို စနစ် တကျ တော့
လေ့လာလို့ရမယ်ဗျ
ဒါဆိုရင် အခု လူငယ်တွေ တက်နေကြတဲ့
Diploma တန်းတွေ Degree တွေ ယူသင့်မယူသင့်
ဆုံးဖြစ်ဖို့အတွက် အထောက်အကူလဲဖြစ်မယ်
တစ်ကယ်လဲလက်တွေ့ရုံးမှာအသုံးချလို့ရမယ် ....
.
ဆိုတော့ GYS မှာ Business ပိုင်း
Management ပိုင်းဆိုင်ရာအတန်းတွေ အများကြီးရှိပါတယ်
စီမံခန့်ခွဲမှုပညာ ထဲကမှ
Sales & Marketing လေ့လာရမလား
Business Management က စရမလား
Human Resource Management တို့
Financial Accounting တို့ကော လိုအပ်လား
Leadership ကော လေ့လာချင်လား
Online Class တွေရှိပါတယ်
သင်တန်းကြေးက 19,000 Kyats ပဲရှိပါတယ်။
.
“သင်ကြားပုံ”📚
Fb group (or) Website/App နဲ့သင်ကြားပေးမှာပါ
သင်တန်းကြေးသွင်းပြီးတာနဲ့
သင်တန်းတက်လို့ရပါပြီ...။
.
Certificate လိုအပ်ရင်စီစဉ်ပေးပါတယ်။
.
Bank/Wave/Kpay အဆင်ပြေတာနဲ့
သွင်းလို့ရပါတယ်။
"တက်ရောက်ဖို့ အတွက်" ကွန်မန့်မှာ
Business လို့ မန့်ခဲ့ပြီး Page ရဲ့ Messenger
ကနေ ဆက်သွယ်လို့ရပါတယ်ဗျ။
Phone- 09 255 483 028

Pyae Phone - GYS 📚

17 Nov, 12:29


ဖတ်ထားတဲ့စာတွေ မမေ့အောင် ဘယ်လိုလုပ်မလဲ
.
ဒါကတော့ အဓိက စာတွေတော့ ဖတ်တယ်
ဒါပေမဲ့ အမြဲတမ်းမှတ်မိနေချင်တဲ့သူတွေအတွက်
ကျွန်တော်သုံးနေတဲ့ နည်းလမ်းလေး တွေကိုလိုတိုရှင်း ပြောပြပေးပါမယ်။

၁။ ဖတ်ထားသမျှ အကုန် Note မှတ်ပါ
စာအုပ်ဖတ်ဖတ်၊ YouTube ကြည့်ကြည့်
Google Keep လောက်ပဲဖြစ်ဖြစ် သုံးပြီး
Short Note လေးတွေ Summary သဘောမျိုးတွေမှတ်ထားရပါမယ်။

၂။ Note တွေကို Category ခွဲပြီး Reviewလုပ်ပါ
ကိုယ်ဖတ်ထားတဲ့အရာတွေထဲမှာမှ
Career အတွက်၊ Financial အတွက်၊ Soft-skill အတွက်
အဲ့လိုမျိုးခွဲပြီး မှတ်ထားလိုက်ရင် ပြန် Access လုပ်ရတာလွယ်ပါတယ်။

၃။ Category တွေကို Project တွေ၊ Deadline တွေ
Execution Plan တွေပြန်ချပါ
ဖတ်ထားပြီး မသုံးရင် ဘယ်လောက်ဖတ်ဖတ်မေ့မှာပဲ
စာအုပ် ၁၀၀ ဖတ်ပြီး တစ်အုပ်မှ မသုံးတဲ့သူက
စာအုပ် ၅ အုပ်ဖတ်ပြီး ၅ အုပ် သုံးတဲ့သူကိုလုံး၀ မမှီပါဘူး
ဒါ့ကြောင့် ဖတ်တဲ့ထဲကမှ ဘယ်အရာတွေကို ဘယ်နေ့
ဘယ်လ ဘယ် နစ်တွေ မှာအသုံးချသွားမလဲ
ဘယ်လိုတွေ အသုံးချသွားမလဲဆိုတာ စီစဉ်ဖို့လိုတယ်။

၄။ ရသမျှအတွေ့အကြုံတွေကို ပြန်ဝေမျှ
ကျွန်တော်ဆို သိတာတတ် တာအကုန်နီးပါးပြန်
ပြောပြလေ့ရှိတယ်။ Seminar တွေမှာပဲဖြစ်ဖြစ်
Training တွေမှာပဲဖြစ်ဖြစ်၊ တစ်ခုမှမလုပ်ဖြစ်ရင်တောင်
စာရေးတာပဲဖြစ်ဖြစ်၊ Video ဖန်တီးရင်းပဲဖြစ်ဖြစ်ပေါ့
ပြန် ဝေမျှခြင်းအားဖြင့် ပိုမှတ်မိ စေပါတယ် ...

အခုပြောတာတွေအားလုံးကလက်တွေ့အသုံးဝင်တာတွေ
ဖြစ်လို့ စမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ဗျ ...

Pyae Phone - GYS 📚

17 Nov, 01:59


GYS ရဲ့ Website နဲ့ Application
တွေအတွက် Server အဆင့်မြှင့်တင်မှု နဲ့
Maintenance တွေ ပြုလုပ်နေတဲ့အတွက်
လက်ရှိ Website မှာ သင်ခန်းစာကြည့်မရတာ
App ထဲဝင်ရခက်တာတွေ ရံဖန်ရံခါ ဖြစ်နေပါမယ်ဗျ။

GYS ဖက်မှဆရာ ဆရာများကလဲ
အိမ်စာစစ်ဆေး ဖို့အခက်အခဲတွေရှိနေတာဖြစ်တဲ့အတွက်
နှောင့်နှေးကြန့်ကြာမှုများရှိနိုင်ပါတယ်။

ဒါ့ကြောင့် လတ်တလောအချိန်အတွင်း
Website နှင့် App များမှ အိမ်စာထပ်သည့်အခါ
ဝင်မရ ဖြစ်လျှင် နာရီဝက်/တစ်နာရီလောက်
စောင့်ပြီးမှ ပြန်ဝင်တာမျိုး လုပ်ပေးပါ။

အကယ်၍ Website နှင့် App များမှ အိမ်စာထပ်ဖို့အဆင်မပြေပါက
Fb Group တွင် လေ့လာပေးပြီး Messenger ကနေလည်း
အိမ်စာထပ်ထားပေးနိုင်ပါတယ်ဗျ

ဝန်ဆောင်မူများ အမြန်ဆုံးအဆင်ပြေအောင်
ဒီရက်ပိုင်းအတွင်း ဆောင်ရွက်ပေးနေပါတယ်ဗျ။

အဆင်မပြေမူများ ဖြစ်သွားခဲ့ရင်
အနူးညွတ်တောင်းပန်အပ်ပါတယ်ဗျ။

Pyae Phone - GYS 📚

16 Nov, 13:49


ဘာကြောင့် ကိုယ်လိုချင်တဲ့အရာတွေ ရဖို့
ကိုယ်ဖြစ်ချင်တဲ့အရာတွေ ဖြစ်ဖို့ ခက်နေတာလဲ ???
--------------------------
တစ်ကယ်က ဗျ
A) Life Goals ရှိတဲ့ သူနဲ့ မရှိတဲ့သူဆိုပြီး ၂ မျိုးရှိတယ်
.
B) ရည်ရွယ်ချက် ရှိတဲ့သူထဲက မှ
ရောက်ဖို့ သွားဖို့ Planning ရှိတဲ့သူနဲ့ မရှိတဲ့သူကလဲရှိတယ်
.
C) Planning ရှိတဲ့သူ ထဲကမှ
Plan ကို သေချာ Detail Oriented နဲ့ Timeline နဲ့သေသေချာချာ
ဆွဲနိုင်တဲ့သူနဲ့ မဆွဲနိုင်တဲ့သူနဲ့ ဆိုတာ ရှိသေးတယ်
.
D) သေချာ ဆွဲထားရဲ့သားနဲ့ Daily Action Plan တွေ
To-do-list တွေ Breakdown လုပ်ထားတဲ့သူနဲ့
ဘယ်လိုလုပ်ရမှန်းမသိ တဲ့သူ ဆိုတာရှိသေးတယ်
.
E) To-do-list တွေ Action Plan တွေလုပ်ထားပြီး
တစ်ကယ် အမှန်အကန်လုပ်ဖြစ်တဲ့သူက 10% လောက်ပဲရှိပြီး
မလုပ်ဖြစ်တဲ့သူက 90% လောက်ရှိသေး
.
F) တစ်ကယ်တော့လုပ်ဖြစ်ပါရဲ့
Urgent, Importance မခွဲတတ်တာတွေ
Future Potential တွေကို မတွက်တတ်တာတွေ
ရွေးချယ်လိုက်တဲ့ Task တွေရဲ့ Consequences တွေ
Result တွေကို သေချာ မတွက်တတ်တဲ့သူတွေကလဲ မနဲဘူး
.
ဒါ့ကြောင့် လောကကြီးမှာ
အောင်မြင်မဲ့သူက 0.1% တောင်မရှိပါ။
.
ဒါတောင်ပုံမှန်အခြေအနေမှာပြောတာနော်
အခုလိုအခြေအနေမှာဆို ပိုတောင် မလွယ်ဘူး ...
.
ဆိုတော့မိတ်ဆွေက ဘယ်အဆင့်မှာ ရပ်နေကြပြီလဲ
C မှာ ရပ်နေရင်တော့ Personal Goal Setting ပိုင်း
မလေ့လာရသေးလို့ ပဲ ...
E မှာ ရပ်နေရင်တော့ Time Management မထိတွေ့ဖူးလို့ပဲဗျ
F ကိုတိုင်ပတ်နေရင်တော့
ကျွန်တော့ Live တွေမှာ မေးခွန်းမမေးဖူးလို့ ပဲ ဗျ ...
.
၂ လပဲကျန်တော့ တယ်‌နော် ၂၀၂၅ ရောက်ဖို့ ...

Pyae Phone - GYS 📚

16 Nov, 12:29


အလုပ်ကိုင် အခွင့်လမ်း များပြားအောင်
လမ်းကြောင်းဖွင့်ချင်ပါသလား 🧭

လုပ်ငန်းခွင်နဲ့ ဘဝတက်လမ်းအတွက်
တစ်နေရာထဲမှာ ပြင်ဆင်လိုပါသလား 🪄

တစ်နေ့ကို ၁၇မိနစ်လောက်ပေးပြီး
စာလုပ်လိုက်ရုံပါပဲ။ 💻

=======

✅ Personal Development အတန်းများ
.
Time Management
Marketing Management
Personal Goal Setting
Effective Communication
Money IQ
Master Online Selling
Content Marketing
Discover Your Passion
Computer Basic
========

✅ Business အတန်းတွေ တက်ချင်ရင်
.
Business Model Canvas
Facebook Marketing
Business Essential
Life-Career & Business
========

✅ Management အတန်းမှာ
.
HR Management
HR Payroll
HR Labour Law
Admin & Office Management
Business Management
Sales Management
Customer Service
Customer Relationship Management
Project Management
General Management
Leadership
========

အသေးစိတ် သိချင်တယ်ဆိုရင်
ကောမန့်မှာ "GYS Class" လို့မန့်ပေးပါ
Page Messenger မှာလဲ စုံစမ်းနိုင်ပါတယ်
Telegram - https://t.me/GYS_App
Call Center - 09 255 483 028 (Viber),
09 7786 210 70 (Myanmar), 099 247 8931 (Thai)

Pyae Phone - GYS 📚

15 Nov, 16:39


​​ငွေရှာဖို့ Skills ​တွေလိုတယ်

ရှာထားတဲ့​ငွေ​တွေ လွယ်လွယ် ကုန်မသွားဖ်ို့ စည်းကမ်း လိုတယ်

ရှိတဲ့​ငွေ​တွေပွားဖို့ ကျ​တော့
ပညာ ... အ​တွေ့အကြုံအပြင်
Business Network ​တွေပါ
လိုလာပါတယ် ✔️

Pyae Phone - GYS 📚

14 Nov, 16:23


လုပ်ငန်း စတင်တဲ့အခါမှာ
အခက် ခဲ ဆုံး က
ဘယ်အရာဖြစ်မလဲ
ဘာ​ကြောင့်လဲ ဗျ ❗️

Pyae Phone - GYS 📚

13 Nov, 17:41


😇😇

Pyae Phone - GYS 📚

13 Nov, 05:53


ဘာလုပ်ငန်းလုပ်ရင်ချမ်းသာမလဲတဲ့ ??
------------
တစ်ကယ်တော့လေ
ဘာလုပ်ငန်းလုပ်တာထက်
ဘယ်သူက လုပ်ပြီး
ဘယ်လိုနည်းလမ်းနဲ့ လုပ်သွားလဲဆိုတာက
လုပ်ငန်းတစ်ခု အောင်မြင်မှုအတွက်
အဆုံးအဖြတ်ပေးတာပဲ ...

Pyae Phone - GYS 📚

12 Nov, 13:04


Remote Work တွေ Freelance လုပ်တဲ့သူတွေ အတွက်
အိမ်ကပဲအလုပ်လုပ်တဲ့အခါ အလုပ်ပိုပြီးမြောက်စေမဲ့
နည်းလမ်းကောင်းတွေ
----------------------
ကျွန်တော့်အနေနဲ့ Grab Your Success (GYS)
ကိုစတင်ခဲ့တုန်းကလဲ Side Project အနေနဲ့ပဲ
စတင်ခဲ့တာဖြစ်တဲ့အတွက်
Work from home ပုံစံမျိုးနဲ့သွားခဲ့တာပါ။
တကယ်က ရုံးခန်း မရှိတာလဲပါတာပေါ့။
Team ၄ ယောက်နဲ့စတင်ခဲ့တဲ့အချိန်မှာ
Meeting တွေအတွက် စားသောက်ဆိုင်တွေမှာ
လုပ်ခဲ့ရတယ်။
သင်တန်းကျောင်းတွေမှာ လုပ်ခဲ့ရပါတယ်။
ဒါကြောင့် အိမ်ကနေ ဒါမှမဟုတ် Co-working Space တစ်နေရာရာကနေ
အလုပ်လုပ်တဲ့အခါ
အလုပ်ပြီးအောင် နည်းလမ်း (၄) မျိုးကိုဝေမျှပေးလိုက်ပါတယ်။
.
၁။ အလုပ်နေရာ
ကိုယ့်အိမ်မှာဆို ကိုယ်ကြိုက်တဲ့ နေရာနေလို့ရပေမဲ့
အလုပ်နေရာဆိုပြီး သီးသန့် စားပွဲနဲ့ ထားတာဟာ
အလုပ်ပိုပြီးမြောက်စေနိုင်ပါတယ်။ အိပ်ယာပေါ်မှာလုပ်တာ၊ Sofa
ပေါ်မှာလုပ်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။
Office တစ်ခုဖန်တီးလို့မရပေမဲ့ စားပွဲတစ်လုံး တော့
ထားလို့ရတာဖြစ်တဲ့အတွက်သီးသန့်ထားထားဖို့
တိုက်တွန်းလို ပါတယ်။ Comfortable အရမ်းဖြစ်ရင်
တစ်ချို့အလုပ်တွေအတွက်ကျတော့ Product မဖြစ်လို့ပါ။
.
၂။ အလုပ် Plan
ရုံးမှာဆိုရင် ဘာပြီးဘာလုပ်က အလိုလိုပေါ်
လာပေမဲ့အိမ်မှာဆို ကိုယ်လုပ်ရမဲ့အလုပ်တစ်ခုပြီးရင်
ဘာဆက်လုပ်ရမှန်းမသိဖြစ်တတ်တာမို့လို့
To-do-list လိုမျိုး အလုပ် Plan လေး တွေ ဆွဲထားဖို့ တိုက်တွန်းလိုပါတယ်။
တိကျတဲ့အချိန် တစ်ခုထားပြီး- ဥပမာ - မနက် ၉ ည ၅ လိုမျိုးပေါ့
လုပ်သင့်ပါတယ်။ တစ်နေ့ကို ဘယ်အလုပ်တွေ ပြီးအောင်လုပ်မယ်ဆိုတဲ့ List ပေါ့။
Google Calendar တို့ Trello တို့ သုံးလို့ရပါတယ်။
.
၃။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတတ်နိုင်ဆုံးအဆက်အသွယ် များများလုပ်ပါ
အပြင်မှာမတွေ့ရတဲ့အခါ အလုပ်တစ်ခုပြီးမြောက်ဖို့
အတွက် Online Meeting တွေ လုပ်ဆောင်ကြပါတယ်။
ဒီနေရာမှာ Communicate များများလုပ်ဖို့လိုပါတယ်။
ဘာလို့ဆို အပြင်မှာ ၁၀ မိနစ်ပြောမဲ့စကားကို
Online မှာဆို ၁၅ မိနစ်လောက် ပြောရတာမျိုးဖြစ်တတ်ပါတယ်။
ဒါကြောင့် ဖြစ်နိုင်ရင် အချင်းချင်း အဆက်အသွယ်များများလုပ်ဖို့ လိုအပ်ပါတယ်။
.
၄။ အိမ်ကိစ္စအတွက်ကြိုတင်စီစဉ်ပါ
Remote ကြတဲ့အချိန်မှာ
အများစု အလုပ်မပြီးကြတာက အိမ်က ကိစ္စ
တစ်ချို့ အနှောက်အယှက် ဝင်လာတာကြောင့်ပါ။
ကိုယ်က ကလေးတွေ ရှိမယ်ဆို ပိုခက်ခဲတာတွေဖြစ်
တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အိမ်ကလူတွေနဲ့
သေချာ ညှိနှိုင်းထားပြီး လိုအပ်တဲ့အချက်လေးတွေ
တောင်းဆိုတာမျိုး၊ အနှောက်အယှက်နည်းနိုင်သမျှနည်းအောင်
စီစဉ်တာမျိုးလုပ်သင့်ပါတယ်။
.
၅။ ဒါကအရေးအကြီးဆုံးပါ
Co-working space မှာဆိုရင်တော့ ဖွလို့မရပေမဲ့
ကိုယ့်အိမ်မှာကိုယ်အလုပ်လုပ်တဲ့အခါ Work Desk က
ရှုပ်ပွနေတာမျိုးဖြစ်တတ်ပါတယ်။
Organize ဖြစ်မှုက Productive ဖြစ်မှုနဲ့
အချိုးကျတယ်ဆိုတာ Research တွေအများကြီးမှာ
ဖော်ပြထားတဲ့အတွက် Neat & Tidy ဖြစ်တဲ့
Organize ဖြစ်နေတဲ့ Work Desk တစ်ခု ဖြစ်အောင်
နေ့စဉ်ရှင်းလင်းပြင်ဆင်ဖို့လိုပါတယ်ဗျ ...

Pyae Phone - GYS 📚

11 Nov, 02:32


Tiktok က​နေ ကျွန်​တော့
Video ​တွေ့ပြီး ​ရောက်လာကြတဲ့
မိတ်​ဆွေ​တွေ ရှိကြလားဗျ ??

Pyae Phone - GYS 📚

09 Nov, 13:04


အင်မတန် ရိုးရှင်းတဲ့မေးခွန်းနဲ့
အဖြေ ရှိတယ်ဗျ ...
မေး - ဘာစီးပွားရေးလုပ်ရင်ကောင်းမလဲ ???
​ဖြေ - ဘာစီးပွားရေးမှမလုပ်သင့်ဘူးဗျ
ဘာလို့ဆို ဘာလုပ်ရမှန်းတောင် မဆုံးဖြတ်တတ်ရင်
အဲ့နောက်မှာ ဖြစ်လာမဲ့အလုပ်တွေက ပိုခက်လို့
.
မေး - ဘယ်အချိန်စီးပွားရေးလုပ်ဖို့ Ready ဖြစ်ပြီလဲ
​ဖြေ - ဒီလိုမေးခွန်းတွေ မမေးတော့တဲ့အချိန်ပေါ့ ...

Pyae Phone - GYS 📚

09 Nov, 10:40


Pyae Phone - GYS 📚 pinned «အားလုံးပဲမင်္ဂလာပါ ဗျ ကျွန်တော် ၂၀၂၄ နှစ်ကုန်မှာ နှစ်သစ်အတွက် Personal Development ပိုင်း တိုးတက်အောင် လုပ်ပေးမဲ့ အစီအစဉ်တစ်ခုရှိပါတယ်ဗျ ... အသေးစိတ် ကိုတော့ နောက်လထဲပြောပြပေးသွားမှာပါ အစီအစဉ်အသေးစိတ်ကို Telegram ကပဲကြေငြာမှာဆိုတော့လေ အခု Telegram ကို …»

Pyae Phone - GYS 📚

09 Nov, 10:40


အားလုံးပဲမင်္ဂလာပါ ဗျ
ကျွန်တော် ၂၀၂၄ နှစ်ကုန်မှာ
နှစ်သစ်အတွက် Personal Development ပိုင်း
တိုးတက်အောင် လုပ်ပေးမဲ့ အစီအစဉ်တစ်ခုရှိပါတယ်ဗျ ...
အသေးစိတ် ကိုတော့ နောက်လထဲပြောပြပေးသွားမှာပါ

အစီအစဉ်အသေးစိတ်ကို Telegram ကပဲကြေငြာမှာဆိုတော့လေ
အခု Telegram ကို ဝင်ဖတ်နေတဲ့သူတွေ ဘယ်လောက်ရှိလဲ
တစ်ချက်ပြော ပေးကြပါဦးဗျ ...

Pyae Phone - GYS 📚

08 Nov, 02:03


အောင်မြင်ဖို့ စာ တွေ 📖အများကြီးဖတ်ပြီး
ဘာဖြစ်လဲလာလဲ မေးရင် လခစားဝန်ထမ်းပဲ
ဘာမှ ဖြစ်မလာ ဘူးဆို ဘာလို့လဲ ?? 😅
--------------------------------------
"အောင်မြင်ရေး" ဆိုတဲ့ Keyword ကိုပဲသုံးပြီး
ဖတ်နေရင်တော့ အောင်မြင်မှာမဟုတ်ပါဘူး
နောက်တစ်ခု က အောင်မြင်ရေး ခေတ်မဟုတ်တော့ပါဘူး
"Freedom" ခေတ် ရောက်သွားပြီဗျ
အလုပ်နဲ့ပတ်သတ်ပြီး အချိန် လွတ်လပ်မှု (Freelance) ၊
ငွေကြေး လွတ်လပ်မှု (Financial Freedom)
စတာတွေကို လူတွေက ပိုပြီး တန်ဖိုးထားတဲ့ခေတ်
ရောက်လာပြီ ဗျ ...
တိုက်ကြီးတွေ ကားကြီးတွေ နဲ့ ဘယ်လောက်ချမ်းသာကြောင်း
ဂုဏ်ဒြပ်တွေကို ပြတဲ့ခေတ်ထက်
၁ လလောက် ဘာမှမလုပ်ပဲ ဘာလီတို့ ဖူးခက်တို့က
က လူသူအလာနည်းတဲ့ ကျွန်း/ကမ်းခြေ တွေမှာ
Backpack လေးတစ်လုံးနဲ့ Chill နေတဲ့ Lifestyle က
ပိုအဓိပ္ပါယ်ရှိတယ်လို့ ခံစားရတဲ့ အနေအထားမှာ
တစ်ကယ်တော့ အောင်မြင်ဖို့အတွက် စာဖတ်တာထက်
Personal Development ပိုင်းထဲက လိုအပ်တဲ့ Skills တွေကို
ကိုယ့်ဖာ့သာ Self-Train သွားဖို့လိုတယ် လို့ယူဆတယ် ။
ဒါ့ကြောင့် စာဖတ်တဲ့ နေရာမှာ အကြောင်း အရာ ၃ ခုက
အရေးကြီးလာတယ်
.
၁။ ဘာ စာဖတ်လဲ
၂။ ဖတ်ထားတာတွေထဲက ဘာတွေ အသုံးချနေလဲ
၃။ စာဖတ်တာ တစ်မျိုးထဲနဲ့ ဦးနှောက်အစာ ဖြည့်မိနေလား
.
ဆိုတာပဲ။
ပွင့်၂ လင်း၂ ပြောရမယ်ဆို AI ခေတ်မှာ တစ်ချို့အကြောင်းအရာတွေက
စာအုပ်ထွက်လာတဲ့အထိ စောင့်နေမယ်ဆို
စာအုပ်တစ်အုပ်လုံးကို စာမျက်နှာ အကုန် စာလုံးအကုန် လိုက်ဖတ်နေမယ်ဆို
အကုန်နောက်ကျ ကုန်လိမ့်မယ် ...
ဒါက စာဖတ်နေကျသူတွေအတွက်နော်
စာမဖတ်တဲ့ သူဆို စဉ်းပါမစဉ်းစားနဲ့တော့ ..

Pyae Phone - GYS 📚

04 Nov, 13:04


အပြောင်းအလဲ အရမ်းများတဲ့ကာလမှ စိတ်ပိုင်းဆိုင်ရာ Ready ဖြစ်ဖို့
ဘယ်လိုတွေး ပြီး ဘယ်လိုရင်ဆိုင်ကြမလဲ
-------------------------------
၁။ အများကြီးကြိုတွေးပြီး အတွေးမလွန်ဖို့ လိုတယ်
အခက်အခဲတွေကို မရင်ဆိုင်ရသေးခင် မှာ
အတွေးတွေ ကြောင့် အခက်အခဲရင်ဆိုင်ဖို့အင်အားတွေ
နည်းသွားနိုင်ပါတယ် လက်ရှိ အနေအထားအရ
ဘာပဲဖြစ်ဖြစ် ဖြစ်လာခါနီးမှ ဖြေရှင်းတာက
ကြိုလုပ်တာထက် ပို ထိရောက်တာမျိုးရှိတဲ့အတွက်
Problem Solving Skill သာကောင်းအောင်လုပ်ထားဖို့
လိုတယ်ဗျ
.
၂။ ပြောင်းလဲမှုကိုကြောက်လို့မရတော့ပါဘူး
ပြောင်းလဲလို့အဆင်မပြေခဲ့ရင်တောင် အတွေ့အကြုံ
တစ်ခုရမှာပဲ။ အတွေ့အကြုံကကောင်းတာဖြစ်သလို
မကောင်းတာလဲဖြစ်မှာဗျ။ ဒါပေမဲ့ သင်ခန်းစာယူလို့ရတယ်
နောက်တစ်ခါဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုအတွက် ပြင်ဆင်လို့
ရတာပေါ့။
.
၃။ အတိတ်တွေကိုတွေးပြီးစိတ်ညစ်နေလို့မရတော့ပါဘူး
၊ အတိတ်ကိုသင်ခန်းစာ ဒါမှမဟုတ် ခွန်အားယူဖို့
အတွက်ပဲခန ကြည့်လို့ရပါတယ်။ တစ်ခါတစ်လေအနာဂတ်မှာ
လာမဲ့ ကံကောင်းခြင်းတွေကို ကြိုဆိုဖို့ အတိတ်ကိုမေ့ဖို့ဆိုတာမျိုးရှိတယ်ဗျ။
.
၄။ကိုယ့်ကိုယ်ကို မတော်ဘူးလို့ထင်တာမျိုး တစ်ခုခုဆို မလုပ်နိုင်ခဲ့ဖူးလို့
တွေးတာမျိုး လျော့ဖို့လိုပါတယ်
ကိုယ့်ရဲ့အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့
အခြေအနေတစ်ခုအထိ မရောက်သေး ပဲနဲ့
ကိုယ်မလုပ်နိုင်ဘူးလို့မ တွေးပါနဲ့။ အခွင့်အရေးကြောင့်
ကိုယ်လိုချင်တဲ့ရလဒ် ထွက်မလာတာမျိုးဆိုရင် လက်လျော့လိုက်ရင်
နှမြောစရာကောင်းလို့ပါ။
.
၅။ ခံစားချက်ကို ရှေ့တန်းတင်တာ လျော့ရပါမယ် ...
ဘာအလုပ်ပဲဖြစ်ဖြစ် ကိုယ့် စိတ်ခံစားချက်ကို
ရှေ့တန်းတင်ပြီးလုပ်ရင် အမှားအမှန်ခွဲခြားတဲ့
အခါ အားနည်းတတ်ပါတယ်။
ဒါကြောင့် ခံစားချက်ကို ရှေ့တန်းမတင်မိဖို့လိုပါတယ် ...
.
ဒါလေးတွေ သတိကပ်ရင်တော့ စိတ်ပိုင်းဆိုင်ရာ Ready ဖြစ်ဖို့
အများကြီး အထောက်အကူပြုမှာပါဗျ ...

Pyae Phone - GYS 📚

03 Nov, 04:01


လမ်းပျောက်နေ တယ်ထိုင်အော်မဲ့ အစား 😅
ဒါတွေ လုပ်ကြပါလား
--------------------------
အသက် ၂၀ ဝန်းကျင် ကလေ တော်တော် တိုင်ပတ်တာဗျ
လက်ရှိအခြေအနေတွေကြောင့်
ကျောင်းပြီးဖို့လဲခက် ... လုပ်ငန်းခွင်ဝင်ဖို့ကျတော့ လဲ
မပြည့်မစုံ .. ကြားထဲက အလုပ်တွေကလဲ အခြေအနေမဟန်တော့
Exp မရှိတဲ့ ဝန်ထမ်းခေါ်မခေါ်နဲ့ လုံးချာပတ်ချာလိုက်ပြီး
အဆင်မပြေကြ ... ကိုယ်ပိုင်လုပ်ငန်းစဖို့ကျတော့လဲ
အခုအခြေအနေက တော်တော် ကြီးကို တိုင်ပတ်နေတဲ့အချိန်ဆိုတော့ လေ ...
ဒါပေမဲ့လဲ လေ ထိုင်နေလို့မှမရတာ ...
လမ်းပျောက်နေတယ်ထိုင်အော်နေမဲ့ အစား
အခုပြောမဲ့ ၂ ချက်ကို တွေးကြည့်ကြည့်ကြပါဗျ …
.
၁။ ငယ်ငယ်တုန်းက "ကြီးလာရင်ဘာဖြစ်ချင်တာလဲ" 😇
ကိုယ်တွေဆိုရင် ကြီးလာရင် Engineer ဖြစ်ချင်တာ တစ်ကယ်ကလေ
သိတာလဲ ဆရာဝန် Engineer နဲ့ သင်္ဘောသားပဲရှိတာကို ...
Content Creation လုပ်လို့ရတယ်ဆိုတာ ဘယ်သိမလဲလေ ၊ ဟုတ်လား
ဆိုတော့ ကိုယ်တစ်ကယ်လုပ်ငန်းခွင်ထဲဝင်မှ ပေါ်လာမဲ့ အလုပ်မျိုးတွေ
အသစ်အဆန်းတွေက အမြဲတမ်းရှိနေဦးမှာ 🤓
လမ်းပျောက်နေတာထက် လမ်း တစ်ခုခုကိုရွေးပြီးလျောက်နေရင်းနဲ့မှ
မြင်လာတဲ့လမ်းတွေကို ကောင်းရာကောင်းနိုးရွေးလျောက်တာပိုအဆင်ပြေမဲ့
ကာလမျိုးဖြစ်နေတယ်ဗျ။ လက်ရှိ Instability တွေကြားထဲ
Adaptability များတဲ့သူက ရှေ့ရောက်သွားမှာပါ...
ကျွန်တော့အသိထဲမှာလဲ Adapt လုပ်နိုင်တဲ့သူတွေပဲ
အဆင်ပြေနေပြီး တစ်ခုထဲ တစ်စိုက်မက်မက်လုပ်တဲ့သူတွေက
လက်ရှိအခြေအနေတွေကြောင့် ပိုရုန်းကန်နေရတယ် ....
.
၂။ ကိုယ်ထိန်းချုပ်လို့ရတဲ့ အရာတွေကိုပဲ အာရုံစိုက်
လက်ရှိဖြစ်နေတဲ့အခြေအနေတွေကို ကျွန်တော်တို့ ပြောင်းလဲလို့မရဘူး
ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်ဘာလုပ်လို့ရလဲ တော့အာရုံစိုက်လို့ရတယ် ဗျ
ဥပမာ ကျွန်တော်က Tech ပိုင်းစိတ်ဝင်စားတယ် ငယ်ငယ်တုန်းက
Engineer ဖြစ်ချင်တယ်ပဲထား … ကျောင်းက တစ်ဝက် တပျက်နဲ့
ဆက်တက်မရဘူးဆိုရင် Engineering ဒါမှမဟုတ် Tech ပိုင်းမှာပဲ
Remote Job ရနိုင်တဲ့ ၊ International Market မှာ Demanding ကောင်းကောင်းရှိနိုင်မဲ့
Job Role တွေနဲ့ပတ်သတ်တဲ့ Education တွေကို
Online Study တစ်ဖက်မှာလုပ်ထားလို့ရတယ်။
International Job Market ကိုမှီအောင် တော့
အင်္ဂလိပ်လိုကောင်းကောင်း
ရအောင်လုပ်ရမှာက First Step ပေါ့။
ရပြီဆိုရင် အခြေခံ Computer Science ပိုင်းကို Local
သင်တန်းကောင်းကောင်းတစ်ခုမှာတက်ပြီး
Coding Skill တွေ Machine Learning ပိုင်းတွေ အခု
လူပြောများနေတဲ့ Prompt Engineering ပိုင်း တွေက
အစလေ့လာထားတာမမှားဘူးဗျ။
.
တစ်သုည မှာ Computer Science
လေ့လာလို့ရပါတယ် GYS Partner မို့ညွှန်းပေးတာ
.
တစ်ချို့ကျတော့ AI ပိုင်းလို့သာပြောကြတာ
AI software လေးနဲ့ ပုံတွေထုတ် စာတွေထုတ် နဲ့
က လူတိုင်းလက်လှမ်းမှီတယ်။
.
တစ်ကယ်က AI Tools တွေကို ဘယ်လို
Integrate လုပ်မလဲ ဒါတွေက ဘယ်လို အလုပ်လုပ်တာလဲ
ဘယ်လို Develop လုပ်လို့ရတာလဲဆိုတာတွေ
နှစ်ရှည်အချိန်ပေးပြီး လေ့လာတာမျိုး ကပိုအဆင်ပြေတယ်ဗျ။
ဒါတွေက ကျွန်တော်တို့လုပ်လို့ရတာတွေပေါ့ ။
.
ပြောသလောက် တစ်ကယ်လုပ်ရင်‌တော့မလွယ်ဘူးဒါပေမဲ့
ကျွန်တော်ပြောချင်တဲ့ Point ကိုတော့ မြင်မယ်ထင်ပါတယ်ဗျ။
ခါတိုင်းပြောသလိုပဲပေါ့ … နောက် ၅ နှစ် ၁၀ နှစ်အတွက်
ပြင်ဆင်ရတာဖြစ်တဲ့အတွက်
.
ရေတို ချမ်းသာနည်းတွေလောက်တော့ လူတွေ
စိတ်ဝင်စားမှာမဟုတ်ဘူးဗျ ….

Pyae Phone - GYS 📚

29 Oct, 02:31


Fashion နဲ့ ဖုန်း ဆိုင် ဘယ်လို​ရွေးချယ်... 🤔🤔
.
https://www.facebook.com/grabyoursuccess/videos/1074910860477557

Pyae Phone - GYS 📚

28 Oct, 13:32


မိတ်ဆွေကောင်း အပေါင်းအသင်း
ဆက်ဆံရေးကောင်း
တွေကို အဆင်ပြေနေချိန်မှာ ထက်၊
အခက်အခဲတွေကို
အတူရင်ဆိုင်ဖြေရှင်းရင်းနဲ့
တည်ဆောက်ရတာပါ ...

Pyae Phone - GYS 📚

28 Oct, 05:32


စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု လို့ ခေါ်တဲ့
Mental fitness ဆိုတာဟာ
မကောင်းတဲ့နေ့တွေကို လူ့သဘာဝတစ်ခုအနေနဲ့
လက်ခံတတ်ဖို့ပဲ ...
နေ့ရက်တွေက
အမြဲတမ်းလဲ ကောင်းမနေသလို
အမြဲတမ်းလဲ ဆိုးမနေဘူး လေ ...

Pyae Phone - GYS 📚

28 Oct, 03:15


စာဖတ် စာဖတ်လို့ သာ ပြောနေကြတာ
ဘာစာအုပ်တွေ ဖတ်ရမလဲ တဲ့ ?? 📖📖
-------------------
ကျွန်တော်တို့ ကိုယ်တိုင်လဲ စာဖတ်ဖို့ သာ
တိုက်တွန်းတာ ဘယ်စာအုပ်ဖတ်ရမလဲဆိုတာ
တိုက်ရိုက်ညွှန်းကြတာသိပ်မရှိကြဘူးရယ်
ညွှန်းရင်လဲ ဖတ်တဲ့သူတွေက Post တွေ
Link တွေ သာ save လုပ်ထားပြီး
မဖတ်ဖြစ်ကြတာများတယ် 😅
ဆိုတော့ ကျွန်တော် လိုတိုရှင်းလေး ညွှန်းပေးမယ်
.
၁။ စာအုပ်တစ်ခါမှ မယ်မယ်ရရ မဖတ်ရသေးဘူးဆိုရင်
စာအုပ်ဖတ်ဖြစ်ဖို့ ဦးစားပေးရမယ် ဘယ်စာအုပ်ပဲဖြစ်ဖြစ်
တစ်ခုခုကို အစကနေအဆုံးထိ ဖတ်ဖို့လိုမယ်။
.
၂။ စာဖတ်ကျင့်လေ့ နည်းနည်းရှိတယ်ဆိုရင်
ကိုယ်ဖြစ် ချင်တဲ့ရည်ရွယ်ချက် နဲ့ သက်ဆိုင်တာမျိုးဖတ်လို့ရတယ်
ကိုယ်က နည်းပညာကိုစိတ်ဝင်စားရင် နည်းပညာနဲ့သက်ဆိုင်ရာစာအုပ်ပေါ့
.
၃။ စာဖတ်နေကျ ရှိတယ်၊ ကိုယ်စိတ် ဝင်စားတာလဲဖတ်တတ်တယ်ဆိုရင်
Personal Development နဲ့ Business/Finance စာအုပ်တွေထဲက ရွေးဖတ်
မြန်မာလိုဖတ်ဖတ် English လိုဖတ်ဖတ် စာအုပ်မရွေးခင်
အွန်လိုင်းကနေ Review ရှာကြည့် တစ်ကယ်ကိုယ့်အတွက်အကျိုးရှိတယ်သေချာမှဖတ်
" ကိုယ့် အတိတ်ကိုပြန်ကြည့်ကြည့်...
ကျောင်းစာကလွွဲပြီး အပြင်ဗဟုသုတနဲ့ဆိုင်တဲ့စာအုပ်
တစ် နှစ်ကို ပျမ်းမျှ ဘယ်လောက်ဖတ်ဖူးလဲ ...
တစ်နှစ်ကို ၁ - ၃ အုပ်လောက် ပဲ ပျမ်းမျှဖတ်တယ်ဆိုရင်
တစ်သက်လုံးဖတ်နိုင်မှာ အုပ် ၅၀ - ၁၀၀ ပဲဗျ ...
ဒါကြောင့်ကိုယ်ဖတ်မဲ့စာအုပ်သေချာရွေးဖို့လိုမယ်"
.
၄။ စာဂျပိုး တွေအတွက် ကတော့ထွေထွေ ထူးထူး
ပြောဖို့မလိုပေမဲ့ သူတို့အတွက်ကျတော့ ဖတ်ထားတာတွေကို
ဘယ်လောက် အသုံးချဖြစ်ပြီးပြီလဲဆိုတာကို သုံးသပ်ဖို့အတွက်
တော့ တိုက်တွန်းပါတယ်။
သိထားပြီး အသုံးမချလဲ အဆင်မပြေဘူးလေ ....
.....
တစ်ကယ်ကလေ စာအုပ်တွေဖတ်တယ်ဆိုတာ
ရည်ရွယ်ချက်က အသိ၊ ပညာ၊ ဗဟုသုတ
တွေ တိုးဖို့ပဲမှတ်လား ...
အဲ့တာတွေက စာဖတ်မှမဟုတ် ပဲ တခြားတိုးလို့ရတဲ့
နည်းလမ်းတွေ အများကြီးရှိတယ်ဗျ
ဒါ့ကြောင့် စာမဖတ်ဖြစ်ပဲ အခြားဟာတွေနဲ့ တိုးနေတဲ့
သူတွေအနေနဲ့လဲ ပြဿနာမရှိပါဘူး ...

Pyae Phone - GYS 📚

24 Oct, 13:32


အားနည်းချက်တွေကို ဖွင့်ဟပြောဆိုခြင်းက
လူသားချင်း နားလည်မှုရဲ့ အစပါပဲ
ဒါပေမဲ့ တစ်ခါတစ်လေ ကျရင်
ကျွန်တော်တို့ ပတ်ဝန်းကျင်က
အားနည်းချက်တွေ မြင်တာနဲ့
အထင်သေးတာမျိုးတွေ ရှိတတ်တော့
လူတွေက မဖွင့်ဟဖြစ်တော့ဘူး ပေါ့ ...

Pyae Phone - GYS 📚

24 Oct, 06:03


ကိုယ်လိုချင်တဲ့အရာကို မြင်တတ်တဲ့သူတွေရှိသလို
ကိုယ်လိုချင်တဲ့အရာကို တားစီးနေတဲ့ အရာတွေကို ပဲ မြင်တတ်တဲ့သူရှိတယ် ...
ရည်ရွယ်ချက်က ပြတ်သားတယ်ဆိုရင်
အမြင်တွေကလဲ ပြတ်သားဖို့လိုမယ် ...

Pyae Phone - GYS 📚

24 Oct, 03:19


AI ကိုရေးခိုင်းထားတဲ့
ရည်မှန်းချက် နဲ့ပတ်သတ်တဲ့ စာတစ်ပုဒ်ကို
ဖတ်ကြည့်ကြပါဦးဗျ ...
----------------
စာမေးပွဲအောင်တာနဲ့ ဘဝအောင်မြင်ပြီလို့
ထင်ခဲ့တယ်... တက္ကသိုလ်ရောက်တော့
အောင်မြင်မှုအစစ်က ဘာလဲ တွေးမိတယ်
ရည်မှန်းချက်ဆိုတဲ့ စကားလုံးကြီးကိုက
သိပ်ကြောက်စရာကောင်းတာပဲ 😖
မနေ့တင် သူငယ်ချင်းတစ်ယောက်က
"မင်း ဘာဖြစ်ချင်လဲ... ဘာလုပ်မှာလဲ"လို့ မေးတယ်
ခေါင်းထဲက အလွတ်ပဲ... ဘာမှမရှိဘူး
ညဘက်တွေ အိပ်ရာထဲလှဲပြီး
Facebook ထဲက motivation post တွေဖတ်တယ်
ဟိုလူက CEO... ဒီလူက business owner တဲ့
အခုဆို Page ထဲမှာ အဲ့လိုစာတွေကို hide ပစ်လိုက်ပြီ
ကြည့်လေ စိတ်ညစ်လေပဲ...
ဒီနေ့ ဘဏ်က အဒေါ်နဲ့တွေ့တယ်
၅နှစ်လောက် အလုပ်လုပ်ပြီးမှ
အောက်ခြေကနေ Manager ဖြစ်လာတာတဲ့
ငါတို့လို လူငယ်တွေကို ပြုံးပြီးပြောတယ်
"တစ်ခါတည်း အကုန်လုပ်လို့မရပါဘူး... တစ်ဆင့်ချင်းပေါ့" 🪜
မင်းတို့ရှိမလား... တစ်ခါတလေ ရည်မှန်းချက်ကြီးလွန်းလို့
ဘာမှမလုပ်ဖြစ်တာ...
ကိုယ့်ဘာသာ pressure တွေပေးပြီး
စိတ်ဓာတ်ကျသွားတာမျိုး...
အရင်တုန်းက ကွန်ပြူတာဖွင့်တိုင်း
desktop background မှာ "ငါ ၂၅နှစ်ဆို Mercedes စီးရမယ်"
ဆိုပြီး စာလေးရိုက်ထားခဲ့တယ်
အခု... အသက် ၂၇ ရှိပြီ
YBS ပေါ်မှာ တစ်နေ့ ၃ကြိမ် ထိုင်ခုံရဖို့တောင်
ကံကောင်းမှ... 🚌
တစ်ခါတလေ ကိုယ့်ဘဝကို ရေကန်ကြီးလိုမြင်မိတယ်
ရည်မှန်းချက်တွေက Fountain တွေလိုပဲ...
တစ်ချိန်လုံး မဖြစ်မနေ အမြင့်ကိုပဲရောက်နေစရာလား
တောက်လျှောက် အပေါ်ကိုပဲ ဦးတည်နေဖို့လိုသလား...
အမေတစ်ယောက်ရဲ့ ရည်မှန်းချက်က သားသမီးတွေ
ကျောင်းပြီးအောင် စာသင်ပေးနိုင်ဖို့
Delivery သမားတစ်ယောက်ရဲ့ ရည်မှန်းချက်က
မနက်ဖြန် order တွေ အချိန်မီပို့နိုင်ဖို့...
ဒါလည်း ရည်မှန်းချက်တွေပဲလေ 💫
----------------
ဘယ်လိုခံစားရလဲ ??
ကျွန်တော့အနေနဲ့ ကျတော့ တစ်ခုခုလိုနေသလိုပဲ 😅

Pyae Phone - GYS 📚

22 Oct, 13:33


ဒီမှာပဲ ဆက်နေကြမလား နိုင်ငံခြား ပဲ သွားရမလား 🤔🤔🤔
ဝေခွဲရခက်နေပြီဆိုရင်တော့
ဘာတွေသိထားသင့်မလဲဆိုတာကို ပြောပေးထားပါတယ်
အောက်က Link ထဲကိုဝင်ပြီးကြည့်ကြည့်ပါဗျ..
.
https://www.facebook.com/grabyoursuccess/videos/1085142756472529

Pyae Phone - GYS 📚

22 Oct, 11:04


အခုက တော်တော် လွယ်သွားပြီ ...
တစ်ခုခုလိုချင်ရင် အရင်တုန်းက လို
စာတွေအများကြီးရှာဖတ်ပြီးစဉ်းစားစရာသိပ်မလိုတော့ဘူး
Generative AI တစ်ခုခုကိုမေးပြီး Up-to-date
Data Confirm လုပ်လိုက်ရင် ကိုရနေပြီ
ဆိုတော့နေ့စဉ်အလုပ်တွေမှာဒီလို သေးသေးလေးတွေကအစ
ထည့်သုံးမနေဘူးဆိုရင်‌ နောက်ကျကျန်ခဲ့လိမ့်မယ် ...
နေ့တိုင်း AI နဲ့ပတ်သတ်တာ တစ်ခုခုလေ့လာဖြစ်နေပြီလား
ကိုယ့်ကိုယ်ကိုပြန်မေးဖို့လိုမယ်

Pyae Phone - GYS 📚

21 Oct, 13:32


Leader တစ်ယောက်အတွက် အရေးကြီးတဲ့
Soft skill တွေအကြောင်းကို ဝေမျှပေးဖို့ရှိပါတယ်
.
NextGen Impact မှာ ပြုလုပ်ပေးနေတဲ့
Empowerment Exchange Episode - 4 မှာ
ဒီအပတ်အတွက် Guest Speaker
အနေနဲ့ ပါဝင်သွားမှာပါ 🥳

====
Event date - Oct 22
Time - 7:30 pm to 9pm
Event လေးကို တက်ဖို့အတွက် ဒီ link လေးကို join ထားဖို့လိုတယ်နော်
https://t.me/empowermentexchangengi

Pyae Phone - GYS 📚

20 Oct, 12:07


AI က ခိုင်းစားလို့ရပြီလား ... 💻
<><><><><><><><>
ဆိုတော့က မနေ့က အကြံပေါ်တယ်
ပုံမှန် စာရေးမယ်ဆို နှေးလို့ များများနဲ့
မြန်မြန်ရေးဖို့ AI သုံးမယ်ပေါ့ ဆိုပြီး
AI မျိုးစုံနဲ့ စမ်းကြည့်တယ် ...
တော်တော် နီးစပ်နေပြီပြောရမယ် ဒါပေမဲ့လေ
ပြဿနာလေးတွေ ရှိနေသေးတယ်....
ဒါကြောင့် ကိုယ်တွေ ကိုယ်တိုင်ပဲ
ဆက်ရေးဖြစ်နေဦးမယ်ထင်တယ်ဗျ
ဒါပေမဲ့အခုပြောတဲ့ ပြဿနာလေးတွေ
ရှင်းနိုင်ပြီဆိုရင်တော့ တော်တော် အဆင်ပြေလာမယ်

၁။ သဘာ၀ မကျ ဘူး
စာဆန် တာနဲ့ စကားပြောဆန်တာနဲ့ တစ်ခုဆိုတစ်ခုထဲ
ဖြစ်မနေပဲနဲ့ရောနေတာမျိုး၊ စာလုံးတွေက တစ်ခါတစ်လေ
အဓိပ္ပါယ်မရှိတာမျိုး ဖြစ်နေသေးတယ်

၂။ Voice/ Tone မတူသေးဘူး
AI ကို လေ့ကျင့်ပေးတယ် ဒါပေမဲ့
ထင်သလောက် ကိုယ်တွေ Tone မပေါက် ဘူး
ကိုယ်တွေ ရေးတဲ့ စာလုံးတွေ သူမသုံးနိင်သေးဘူးဆိုရမယ်

၃။ Emoji တွေထည့် သုံးတယ် ဒါပေမဲ့
ဘာတွေ သုံးနေမှန်းမသိဘူး၊ အပ်စပ်မှုမရှိဘူးပြောရမယ်

၄။ Authenticity မရှိဘူး ကိုယ်တွေက real experience တွေကိုရေးတယ်
AI ကတော့ လုပ်ကြံဖန်တီးမှုတွေပေါ့ဗျာ ။ အဆိုးစုံက
အဲ့တာကြီးကဖတ်လိုက်ရင် သိသာနေတာပဲ 🤣

၅။ မြန်မာစာကို နားမလည်အောင် ရေးမိနေတာတွေရှိတယ်
ဥပမာ "တော်ကြောတာ များနေတယ်" ဆိုတာမျိုးပါတယ်
ဘာရေးထားမှန်းမသိဘူး 😅

ဒါပေမဲ့ Life အကြောင်း သူရေးထားတာလေးတစ်ခု
သဘောကျတာရှိလို့
ဘာမှမပြင်ပဲ ပြန်ရေးပေးထားလိုက်မယ်
------------------------
" ကြာလာတော့ သဘောပေါက်လာတယ်
ဘဝဆိုတာ မြစ်ကြီးတစ်စင်းလိုပဲ
ရေစီးကြောင်းက ဘယ်ရောက်မယ်မှန်း မသိဘူး
ဒါပေမယ့် စီးနေရုံပဲရှိတယ်...
နောက်ဆုံး ပင်လယ်ကိုတော့ ရောက်မှာပဲ 🌊"

Pyae Phone - GYS 📚

10 Oct, 13:32


English Basic Speaking
3 ရက် Free Training
ရှိတယ်...
စိတ်၀င်စားတဲ့သူ​တွေရှိကြလား ??

Pyae Phone - GYS 📚

09 Oct, 13:33


ပစ္စည်းတစ်ခုမဝယ်ခင် ဘာစဥ်းစားရမလဲဆိုတာ
သိချင်ရင်တော့ အောက်က link ကတစ်ဆင့်ဝင်ကြည့်ကြည့်ဗျာ..
.
https://www.facebook.com/reel/504766639037169

Pyae Phone - GYS 📚

09 Oct, 03:19


စာ​​တွေပြန်​ရေးဖြစ် မယ် ကြံတုန်း
ခရီးထွက်ဖြစ်သွားတာနဲ့
​ရေးဖို့ ပြန်ကြာဦးမယ် 😅😅

Pyae Phone - GYS 📚

08 Oct, 13:33


ငယ်ငယ်တုန်းက စိတ်ထဲ အခက်ခဲဆုံးက 😖
စာမေးပွဲပဲ ... အခုထိ အိပ်မက်ထဲ
စာမေးပွဲဖြေရတော့မယ်ဆိုတာမက်ပြီး မဖြေနိုင်ရင်
လန့်တောင်နိုးတယ် ...
၁၀ တန်း ပြီးသွား တော့ တက္ကသိုလ်မှာ
Roll-Call မပြည့်တဲ့အခါ စိတ်ရှုပ်ရတယ် 😞
သူငယ်ချင်းတွေ နဲ့ အဆင်မပြေရင် အာရုံနောက်ရတယ်
ကျောင်းစာ ထက်ကို အပြင် Activity တွေ
ပါဝင်လို့ မရတာမျိုးဆို ခေါင်းခဲရတယ်
တက္ကသိုလ်ပြီးခါနီး ကျတော့ အလုပ်အတွက်
တစ်ခါ တွေးပူရပြန်တယ် ။ လိုအပ်တဲ့သင်တန်းတွေ
တက်ဖို့ တွေ။ မဆိုင်တွေတွေတက်မိမှာတွေ
လမ်း အလွဲတွေ လျောက်မိမှာတွေ။ 🫠
အလုပ် လျောက်တဲ့အခါ မရတာတွေ
အင်တာဗျူးအဆင်မပြေတာတွေ အကုန်ပေါ့ဗျ
လုပ်ငန်းခွင်ထဲရောက် ပြန်တဲ့အခါကျရင်လဲ
ကိုယ်တာဝန်ယူတာတွေ မလုပ်နိုင်မှာတွေ
ပတ်ဝန်းကျင်နဲ့ အဆင်မပြေဖြစ်မှာတွေ
Task တွေ Project တွေ အလွဲအလွဲအမှားမှားတွေနဲ့
နေ့တိုင်းလိုလို ရင်ပူရပြန်တယ်
ဒါတင် မပြီးသေးဘူး လူမှုရေးကိစ္စတွေ ကလဲရှိသေး
ကိုယ့် အပေါင်းအသင်းတွေ Partner အပြင်
မိဘ အသိုင်းအ၀ိုင်းတွေ ကနေ ထားထားတဲ့ မျှော်လင့်ချက်
တွေ ကိုယ်ကိုတိုင် ရည်မှန်းထားတာတွေ ရဖို့
မသေချာ တဲ့ အနာဂတ်တွေ နဲ့ တိုင်ပတ်ရပြန်ကော 🫥
.
ကျွန်တော့ page က မိတ်ဆွေတွေအနေနဲ့
အခုပြောတဲ့အထိတော့ကြုံဖူး ဒါမှမဟုတ် ကြုံနေပြီထင်တယ်...
စိတ်မကောင်းစွာနဲ့ ပြောရမှာကလေ
ဒါတွေနဲ့မပြီးဘူးသိလား ... 😅😅
ကိုယ်က လုပ်ငန်းခွင်ထဲမှာ Senior/Management ဖြစ်သွားရင်
ထမ်းရမဲ့ ပြဿနာတွေက ပိုကြီးလာသလို
အိမ်ထောင်သည်တစ်ယောက် ဖြစ်သွားရင် ယူရမဲ့ တာဝန်တွေကလဲ
ပိုကြီးလာတယ် ဗျ 😳
ဒါ့အပြင် မိဘတွေက အသက်ကြီးလာလို့ ကျန်းမာရေးကိစ္စတွေ
ရှိလာပြီဆိုရင်လဲ စိုးရိမ်မှုတွေက အခုထက်ပိုနေဥိးမှာပဲ ....
.......
အနှစ်ချုပ်ပြောချင်တာက
ကျွန်တော်တို့ဘာကို အာရုံစိုက်ပြီး
စိတ်ထဲမှာထားမလဲဆိုတာပဲ
- စာမေးပွဲတွေအစား
ဘောဒါတွေနဲ့ ပျော်ခဲ့တာတွေလဲရှိတာပဲ
- တက္ကသိုလ်မှာ ခြံခွကျော်ပြီး ကျောင်းလစ်ခဲ့
တာတွေ ကမှ တစ်ကယ်မေ့မရနိုင်တာပဲ
- သင်တန်းတွေ တက်ပြီး သူငယ်ချင်းအသစ်တွေနဲ့
ခရီးသွားခဲ့ရတာတွေက လဲဖျောက် မရတဲ့ အမှတ်တရတွေပဲ
- အလုပ်ကသင်ပေးလိုက်လို့ အခုအချိန်ထိ
ဘ၀အတွက်လိုအပ်တဲ့ Skills တွေနဲ့အဆင်ပြေနေတာလဲ
ကျေးဇူးတင်စရာတွေပဲ
.
Positive အနေနဲ့ ပြောစရာတွေအများကြီးမှ အများကြီးပဲ
ကျွန်တော်တို့ မြင်တဲ့ ရှုထောင့်ကြောင့်
ကျွန်တော်တို့စိတ်ခံစားချက်တွေက
အများကြီး ပြောင်းလဲသွားနိုင်တယ်လေ 😇

Pyae Phone - GYS 📚

06 Oct, 01:00


Live တွေ Seminar တွေ မလုပ်တာကြာပြီ ...
တစ်ခါတစ်လေလဲ လုပ်ချင်တယ်
Sharing တွေမလုပ်တာ ကြာပြီ ကိုယ့်ဖာသာပဲ
Learning တွေလုပ်နေတာနဲ့ Operation ထဲမျောနေတာနဲ့
အဓိက ကတော့ အင်တာနက် ကအဆင်မပြေတာနဲ့
Fb ကလဲ Reach သိပ်မရောက်တော့ တာနဲ့ ရှေ့မရောက်တော့ဘူး 😆😆
Fb သုံးပြီး ကျွန်တော့ page ကို မြင်နေသေးတဲ့သူ
ဘယ်သူတွေရှိသေးလဲဗျ. ..

Pyae Phone - GYS 📚

05 Oct, 13:32


မိတ်​ဆွေတို့ အ​နေ နဲ့ လက်ရှိ
ထိုင်းနိုင်ငံ Bangkok မြို့ကို
​ရောက်​နေတဲ့ သူ​တွေ ရှိကြလား
ဒီလထဲ Event တစ်ခု လုပ်ဖို့ စီစဥ်ထားလို့ 😇😇

Pyae Phone - GYS 📚

03 Oct, 03:04


ကိုယ်စိတ်ညစ်နေတာ ကိုယ့်ရဲ့
အတွေးတွေကြောင့်ပဲဗျ ...
----------------------------
ဒီလိုပဲ တွေးကြည့်ဗျာ
ကျောင်း အသစ်တစ်ခုတက်ရတော့မယ်
လူသစ်တွေနဲ့တွေ့တော့မယ် ...
ငါကစကားပြောသိပ်အဆင်မပြေဘူး
လူတွေက ငါ့ကိုတစ်မျိုးထင်ရင်ဘယ်လိုလုပ်မလဲ
တစ်ကယ်လို့သာ တစ်မျိုးထင်ရင်
ငါ Semester တစ်ခုလုံး တိုင်ပတ်တော့ မှာ
ဆိုပြီးတွေးတာမျိုးပေါ့ ...။
တစ်ကယ်တော့ ဗျာ ကျောင်းတောင်မရောက်သေးဘူး
ကျွန်တော်တို့ ရဲ့ Anxiety Level က So High နေပြီ ။
.
ဒါတွေက အတွေးတွေကြောင့်ပဲစိတ်ညစ်ရတာ ...။
အနာဂတ်အတွက် တွေးပူတယ်ဆိုတာက တော်သေးဗျ
မဖြစ်လာသေးတော့ ကြိုပြင်ဆင်မှုဆိုတာအတွက် အကျိုးရှိတယ်
ပိုဆိုးတာက အတိတ် ကို တွေးပြီး စိတ်ညစ်တတ်တာပဲ ...
.
ကျွန်တော်လဲ အရင်တုန်းက ဆို ဖြစ်ပြီးတာတွေ ကို
စဉ်းစားပြီး ဘာမှဆက်မလုပ်ချင်တော့ဘူး
ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီးတွေးဖူးတယ်...
တစ်ကယ်ကလေ အတိတ် မှာဖြစ်ခဲ့တဲ့အရာတွေဆိုတာ
အိတ်မှာကျန်ခဲ့ပြီ ဘာမှလဲပြောင်းလဲလိုမှမရတော့တာ လေ ...
တစ်ကယ်တော့ Rumination (အတိတ်အကြောင်းပြန်တွေးနေခြင်း) ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာဟာ အတိတ်ထဲမှာ စွဲကပ်ပြီး ဘာမှမပြောင်းလဲနိုင်တဲ့ အခြေအနေကို စဉ်းစားလေ့ရှိတဲ့အခြေအနေ မျိုးဗျ။ အတိတ်ကို ထပ်တွေးနေရင် စိတ်ဖိစီးမှု၊ စိတ်ပျက်မှုများ ပိုမိုတိုးပွားပြီး အသက်အရွယ် ကြီးလာတာနဲ့အမျှ စိတ်ကျရောဂါဖြစ်နိုင်ခြေ များလာရော။
.
အထူးသဖြင့် အခုအချိန်က လူတိုင်း Sensitive ဖြစ်လွယ်တဲ့ အချိန်ဆိုတော့
ကိုယ့်ကိုယ် ကို ပိုပြီး ဂရုစိုက်ဖို့လိုတယ် အနှစ်ချုပ်ကတော့ ဗျာ
အနာဂတ်မှာ အာရုံစားဖို့ တွေ အများကြီးလာဦးမှာဖြစ်တဲ့အတွက်
အတိတ် ကို အတတ်နိုင်ဆုံး လျော့တွေးဖို့ပါပဲ ။
ဒါနဲ့ပတ်သတ်ပြီး Neuroplasticity
အကြောင်းလေ့လာဖို့ လဲတိုက်တွန်းပါတယ်

Pyae Phone - GYS 📚

30 Sep, 08:41


တစ်ချို့ အရာတွေ ကအပေါ်ယံကြည့်ရင်
လွယ်လွယ်လေးဆိုပြီး
လူတွေကို မကဲ့ရဲ့မိဖို့လိုတယ် ..
---------------
ငယ်ငယ်တုန်းက စာမတော်တဲ့သူဆို
အထင်သေးခဲ့တာမျိုးရှိတယ်
ကိုယ်တွေက ကလေးဆိုတော့ နားမလည်သေးလို့
ဆိုပေမဲ့ တစ်ချို့မိဘ တွေကိုယ်တိုင်က အစ
ဆရာမတွေ ပါတစ်ခါတစ်လေပါတယ်
စာမရတဲ့ ကလေးဆိုရင် သိပ်နေရာမပေးတာမျိုးပေါ့
ဆူတာဆဲတာတွေ ပါလာတော့ ကလေးက
သိပ်မျက်နှာငယ်ရတာ
တစ်ကယ်က စာမတော်တဲ့ကလေးဟာ
သူ မနက် ကျောင်းမလာခင် သူ့အမေ စျေးထွက်လို့
လိုက်ကူပေးရတာမျိုး သူကျောင်းပြန်သွားရင်
သူ့ညီလေးညီမလေးတွေကို ထိန်းကျောင်းပေးရတာမျိုး
သူ့အိမ်မှာ မီးမလာ၊ အင်ဗာတာ လဲ မတတ်နိုင်လို့
တစ်အိမ်လုံး ဖယောင်းတိုင်လေးတစ်တိုင်နဲ့ စာလုပ်ရခက်လို့
စာမလိုက် နိုင် တာမျိုး ကျောင်းစာကို အာရုံ စိုက်လို့
မရတာမျိုးတွေကြောင့် ကျောင်းမှာ စာမတော်တာမျိုး
ဖြစ်နိုင်တာပဲလေ။
သူဉာဏ်မကောင်းလို့မှမဟုတ်တာ။
အဲလိုဖြစ်တဲ့ လူတွေထဲက ကြီးလာတော့
မခံနိုင်တဲ့စိတ်တွေနဲ့ကြိုးစားပြီးပြောင်းလဲ
သွားတာတွေလဲအများကြီး။
Life is a long Game ပဲ လူတစ်ယောက်က
တစ် ခဏတာမှာ အသုံးမကျတာကြောင့်
သူ့ကို ကဲ့ရဲ့လို့မရဘူး သူ့ကြောင့်မဟုတ်ပဲ
သူ့အခြေအနေကြောင့် အသုံးမကျတာလဲဖြစ်နိုင်တယ်
ဒီနေရာမှာ ကိုယ်က စာမလိုက်နိုင်တဲ့ ကလေး ပုံမျိုးဖြစ်နေရင်
စိတ်ဓာတ်မကျမိဖို့လိုတယ်။
ကိုယ်အခက်ဖြစ်နေတဲ့အချိန် ကာလတစ်ခု
( ၁ လ လဲဖြစ်မယ် ၊ ၁ နှစ်လဲဖြစ်မယ်)
ထဲမှာကဲ့ရဲ့တဲ့လူတွေရှိနေရင်လဲ သိပ်ဖီးလ်မနေနဲ့
Long Term မှာ ဒီ Game ကို ကောင်း ကောင်းကစားသွားနိုင်ဖို့ပဲစိတ်ထဲထား။

Pyae Phone - GYS 📚

30 Sep, 02:32


တစ်ခါတစ်​လေ
ကိုယ်လုပ်ချင်​ပေမဲ့ ဘာလုပ်လို့
လုပ်ရမှန်းမသိ ဆက်လို့မရ
Stuck ဖြစ်သွားတာမျိုး ရှိတယ်
အဓိကပြသနာ ၂ ခု​​ပေါ့
၁. က အာရုံစိုက်မရတာ
၂. က Mood မပါ​တော့တာ
ဥပမာ စာကျက်​နေရင်း မကျက်ချင်​တော့တာမျိုး
အလုပ်လုပ်​နေရင် ဘာမှ
မလုပ်ချင်တော့ပဲ လူက
စိတ် မပါ ​တော့တာ
ဒါမှမဟုတ် စာ​ရေးရင်း တန်းလန်းကြီး
Idea မထွက်​တော့တာ... အမျိုးမျိုး​ပေါ့
.
ဆို​တော့ အဲ့လိုဖြစ် တဲ့ အခါ ပြုပြင်​ပြောင်းလဲ လို့ရတဲ့နည်း အမျိုး အမျိုး ရှိတယ်...
ပထမ ဆုံးတစ်ခုက Short Physical Exercise
​ပေါ့ ​ကောက်ထပြီး ကိုယ်လက်လုပ်ရှား လိုက်
၁၀ မိနစ်​လောက် ​ပေါ့
အဲ့ခါကျရင် စိတ်နဲ နဲ ​ပေါ့ သွားပြီး
အာရုံပြန်စိုက် လာနိုင်မယ်
​နောက်တစ်ခု က ရည်ရွယ်ချက်တူ ပြီး လုပ်​ဆောင်မှု ​ပြောင်းတာ တစ်ခုခု လုပ်လိုက်လို့ရတယ်
ငယ်ငယ်တုန်းက စာကျက်ရင်းပျင်းလာရင်
သချ်ာတွက်လိုက် တာမျိုး​ပေါ့
အခုဆို Content ​ရေးရ ပျင်းရင်
Design Creation ဖက် ကူးလိုက်တယ်
​အ​ပြောင်းအလဲ ​လေးဆို​တော့
လူက မအီ​တော့ဘူး​ပေါ့ ....
​နောက်ဆုံးတစ်ခုက Intrinsic motivation
ထုတ် ဖို့ လုပ်တာ ​ပေါ့
ကိုယ့်ရဲ့ Ambition ကိုပြန်​တွေးတာ
Goals ​တွေကို ပြန်စဥ်းစားတာ
Achievement ​တွေရဖို့
Desire ​တွေကို အသက်သွင်းဖို့
Target ​တွေပြန်သတ်မှတ်တာ
တစ်ခုခု​ပေါ့ဗျ...
ဒီ သုံးခု ကိုလုပ်ဖြစ်​အောင် လုပ်ပြီး
စမ်းကြည့် ပါ...
အခုအချိန်က​လေ ဘာမှ မလုပ်ချင်ဘူးဆိုပြီး
ထိုင်​နေရင် ပိုပို တိုင်ပတ်လာမယ်...
တစ်ကယ်တန်း Problem အကြီးကြီး​တွေ
ရင်ဆိုင်လာရရင်
ကိုယ့် မှာ ကိုယ်ပဲ ရှိတာ​လေ 😅😅

Pyae Phone - GYS 📚

29 Sep, 13:31


ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်
ကိုယ့်ရဲ့ Passion ကိုလုပ်ဆိုတာ
တစ်ကယ်ဗျ
ကျွန်တော့ အတွက်က ကြာလေမှန်လေပဲ ...
------------------------
တစ်ခုတော့ရှိတာပေါ့ လုပ်ငန်းလုပ်တာရည်ရွယ်ချက်က
ငွေရှာဖို့ ဆိုရင်တော့ တမျိုးတစ်ဖုံပြောင်းသွားနိုင်တယ်
မဟုတ်ပဲ Life ကို Fulfil ဖြစ်ဖို့အတွက်
လူတွေ အကျိုးပြုဖို့အတွက်
ပြဿနာတွေ ဖြေရှင်းဖို့ အတွက်ဆိုရင်တော့
Passion ရှိတာကိုလုပ်တာ ပိုအလုပ်ဖြစ်တယ်ဗျ
.
တစ်ကယ်တော့ ကျွန်တော် စာမရေးတာ
၃ လလောက်ရှိပြီ ... မရေးချင်တာထက်
ရေးဖို့ ဦးစားမပေးဖြစ်တာ
အလုပ်တွေပဲ ဇွတ်လုပ်ဖြစ်နေတာပေါ့။
ဒါပေမဲ့ မရေးပဲ နေမယ်ဆုံးဖြတ်ထားသော်လဲ
မရေးပဲမနေနိုင် အခုထရေးပြီ ...
.
ဒါဟာ အပေါ်မှာပြောခဲ့သလို
ကျွန်တော်က Knowledge Sharing ကို
အင်မတန် လုပ်ချင်နေလို့ကိုလုပ်တာ
ဘယ်သူမှမဖတ်လဲ ဆက်ရေးနေလိမ့်မယ် 🤣🤣
ခုလောလောဆယ် ရေးချင်နေတဲ့အကြောင်းက
စီးပွားရေး ... အခုအချိန် စလို့ကောင်းတဲ့အတွက်
မဟုတ်ပေမဲ့ စပြီးရပ်မရတဲ့သူတွေနဲ့
နောက် နောင် စဖို့ ရည်ရွယ်ချက်ရှိတဲ့သူတွေအတွက်
ရေးသွားဖို့တွေရှိတယ် ...
ဆိုတော့ ပြောချင်တာ အဲ့တာပဲ ....
စီးပွားရေးတွေ လုပ်ပြီး ကိုယ်တစ်ယောက်ထဲကြိတ်သိနေလဲ
လူတွေအတွက် အကျိူးမရှိဘူးလေ ဟုတ်တယ်မှတ်လား ...

Pyae Phone - GYS 📚

26 Sep, 13:04


ကျွန်တော်တို့ GYS မှာ
ထိုင်းစာ Freelance Teacher အပါအဝင်
Part-time Teacher အလုပ်တွေခေါ်နေပါတယ်ဗျ ... Link မှာကြည့်ပေးနော် ..
.
https://www.facebook.com/share/p/k9az5Ya427vSh1q2/

Pyae Phone - GYS 📚

21 Sep, 12:32


ဒီစာအုပ် ၃ အုပ်ကနေစကြမယ်..
.
https://www.facebook.com/reel/877229934337476

Pyae Phone - GYS 📚

11 Sep, 08:40


ဘာသာစကားအများကြီး လေ့လာသင့်လား ?
.
https://www.facebook.com/reel/541943725169624

Pyae Phone - GYS 📚

10 Sep, 03:46


Language တစ်ခုထဲကို မမှီခိုဖို့လိုတယ်
အသေးစိတ်သိချင်ရင်‌အောက်က Link ထဲကိုဝင်ကြည့်ပေးနော်။
.
https://www.facebook.com/reel/1700937904004433

Pyae Phone - GYS 📚

06 Sep, 13:03


GYS ကကျောင်းသားတွေအနေနဲ့
ကိုယ့် profile အကောင့်မှာ Studied at GYS ထည့်ချင်တယ်ဆိုရင်
ဘယ်လိုထည့်ရမလဲဆိုတာ သိပြီးကြပြီလား ❓

Pyae Phone - GYS 📚

05 Sep, 03:55


ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့တွေးနေတဲ့လူတစ်ယောက်လား
ဒါဆိုရင်တော့ အောက်က Link ထဲက Video ကိုကြည့်သင့်ပြီနော်
.
https://www.facebook.com/reel/868380441896864

Pyae Phone - GYS 📚

03 Sep, 13:03


GYS ကတင်နေတဲ့ အလုပ်ခေါ်စာတွေကိုတွေ့ပြီးကြပြီဟုတ်
လျှောက်တဲ့သူတွေကိုလည်းတွေ့နေပြီနော်..
.
အခွင့်အလမ်းတွေမသိသေးတဲ့သူတွေအတွက်
အောက်က Link ထဲအသေးစိတ်ဝင်ကြည့်ပေးနော်။
.
https://www.facebook.com/GYS.OC/posts/pfbid02qKXmvhC1uPiBsHwvVVFjFTqfX6ZZ1C427df4EPYUjTsea4gqLg3D8z95GNQ89Kjul

Pyae Phone - GYS 📚

02 Sep, 12:32


အလုပ်အကိုင်ရှာနေတဲ့သူတွေအတွက်
GYS ကနေအခွင့်အလမ်းတွေပေးနေပြီမလို့
အသေးစိတ်သိချင်ရင် အောက်က Link ထဲဝင်ကြည့်ပေးနော်။

.
https://www.facebook.com/GYS.OC/posts/pfbid06SALLFKyGjnnHgoDD8Xihsk7bk4S4WJXrzPZNmvVYYbzArAkaMQiDjUaXaPaf47yl

Pyae Phone - GYS 📚

01 Sep, 12:32


GYS မှာ အလုပ်ခေါ်နေတာလေးရှိပါတယ်
Administrative Assistant
Korean Assistant Teacher
Social Media Marketing Intern
C#.Net Developer စတာတွေကိုခေါ်နေပါပြီ
အသေးစိတ်ကို link ထဲဝင်ကြည့်နိုင်ပါတယ်
.
https://www.facebook.com/GYS.OC/posts/pfbid06SALLFKyGjnnHgoDD8Xihsk7bk4S4WJXrzPZNmvVYYbzArAkaMQiDjUaXaPaf47yl