Neueste Beiträge von Tint Swe (@tintswe_yamuna_oline_clinic) auf Telegram

Tint Swe Telegram-Beiträge

Tint Swe
မြန်မာနိုင်ငံသားများ ဘယ်မှာနေနေ ကျန်းမာစေရမည်။
မေးခွန်းစည်းကမ်းအရသာ မေးပါရန်။ စည်းကမ်းအတိုင်း မမေးလိုသူများ ဘလော့ခ်မှာ ဖတ်နိုင်ပါတယ်။
4,148 Abonnenten
12,052 Fotos
2 Videos
Zuletzt aktualisiert 12.03.2025 20:40

Ähnliche Kanäle

The Standard Time Daily
8,923 Abonnenten

Der neueste Inhalt, der von Tint Swe auf Telegram geteilt wurde.

Tint Swe

12 Mar, 17:49

11

တစ် နဲ့ တ တုတ်ထမ်းပြောခြင်း
ဆရာခင်ဗျ။ တစ်ခု တစ်ကောင် တစ်ယောက်လို့ မြန်မာလို ၁ဆိုပြီးကိုယ်စားပြုသလားလို့ပါ။ သေခြာမသိလို့မေးမိတာပါဗျ။ တစ်ခု၊ တစ်ကောင်၊ တစ်ယောက် အမှားနဲ့ အမှန် မသိလို့ပါဗျ။
1. ‘တစ်' နဲ့ 'တ' https://burmese-spelling.blogspot.com/2023/09/blog-post_34.html
2. “တ” နဲ့ “တစ်” https://dr-tint-swe.blogspot.com/2022/03/blog-post_18.html
3. “တစ်” နှင့် “တ” တို့၏ထူးခြားချက် https://burmese-spelling.blogspot.com/2024/05/blog-post_11.html
4. ChatGPT နှင့် အမေးအဖြေပြုလုပ်ခြင်း ၁၃-၁-၂၀၂၅ https://burmese-spelling.blogspot.com/2025/01/chatgpt.html
5. Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html
6. Numbers ဂဏန်းရေးနည်း https://dr-tint-swe.blogspot.com/2021/11/numbers.html
7. တ နဲ့ တစ် သာ မဟုတ်ပါခင်ဗျား https://burmese-spelling.blogspot.com/2025/01/blog-post_855.html
8. တချို့က တ နဲ့ တစ် လို့သာထင်နေကြတယ် https://burmese-spelling.blogspot.com/2024/08/blog-post_672.html
9. တခု တကောင် တယောက် https://dr-tint-swe.blogspot.com/2021/11/blog-post_65.html
10. တစ်' နဲ့ 'တ' https://burmese-spelling.blogspot.com/2023/09/blog-post_34.html
11. တစ် သမိုင်း သံခိပ် https://burmese-spelling.blogspot.com/2022/08/blog-post_31.html
12. တစ် အသုံးမှန်များ https://burmese-spelling.blogspot.com/2023/08/blog-post_18.html
13. တစ်အရေး တအရေး https://dr-tint-swe.blogspot.com/2022/04/blog-post_969.html
14. တဝမ်းပူစသတ် https://dr-tint-swe.blogspot.com/2021/11/blog-post_445.html
15. ရှေးမြန်မာ စာပေပညာရှင်ကြီးများ “တ” ကို ဘယ်လို ရေးခဲ့ပါသလဲ https://burmese-spelling.blogspot.com/2023/11/blog-post_195.html
16. အကြိမ်တရာလောက် တင်ပြထားပြီး https://burmese-spelling.blogspot.com/2023/11/blog-post_813.html
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 17:45

10

အမေး အဖြေတခု
မင်္ဂလာပါဆရာ ငယ်ငယ်က ခြေသန်းအဆစ်လွဲဖူးပါတယ် သူ့ဘာသာပြန်ကောင်းသွားခဲ့ပါတယ် ဒါမဲ့ အခုအချိန်ထိ ခြေသန်းက ညှစ်လိုက်အညောင်းပြေသလိုလို ခံစားချက်မျိုးရပါတယ် ရေရှည်ဖြစ်လာတဲ့ ဒဏ်မျိုးဖြစ်နေပါတယ် တခါတလေ ခြေသန်းက စောင်းနေသလိုမျိုး မြင်မိပါတယ် အသက်ကြီးလားရင်ပိုပြီး ထိခိုက်နိုင်ပါသလားဆရာ နောက်တခုပါ သတိရလာလို့ပါဆရာ မျက်ခုံးမွှေးက ဗောက်ထသလိုဖြစ်ပြီး နောက်ပိုင်း ကုပ်ရင်း ယားနာလိုဖြစ်လာပါတယ် ခုသူ့အခြေအနေက ဝက်ခြံလိုမျိုး အဖုပိန့်လေး ဖြစ်နေပါတယ် အစပိုင်းတော့ ယာပြီး ခု ဖဲ့လိုက်တဲ့ချိန်မှာ ထိတိုင်းနာနေပါတယ် ပျောက်ကင်းအောင် ကုသနိုင်မဲ့နည်းလေး လမ်းညွှန်ပေးပါဆရာ မြင်သာအောင် ပုံလေးပါ ပြပေးတာမို့ အမြင်မတော်ရင် ခွင့်လွတ်ပါ ဆရာ
အရိုးအဆစ်ဆိုတာ ထိခိုက်မိရင် လွဲစောင်းကျိုးပဲ့တတ်တယ်။ သူ့အလိုလိုပြန်ဆက်တယ်။ လွဲစောင်းနေတာကို တည့်မတ်အောင်ပြင်ပေးပြီး အနားပေးထားရတယ်။ အလိုလိုပြန်ဆက်ပေမဲ့ လွဲတာစောင်းတာရှိနေခဲ့ရင် ပြန်ပြင်ဘို့ ခက်တယ်။ နာရင် အနာသက်သာဆေးတခုခု သောက်နိုင် လိမ်းနိုင်တယ်။
မျက်ခုံးမွေး (မွှေး မဟုတ်)နေရာကို Cortisone cream လိမ်းရင် ယားတာ သက်သာစေမယ်။
ပိုးဝင်ရင်တော့ ပိုသေဆေး လိုမယ်။
မှတ်ချက် - အမျိုးသားတဦးကမေးတာ ကျေးဇူး။ တချို့က အမျိုးသမီးတွေ မေးမှသာ ဖြေတယ်လို့ စွပ်စွဲနေကြတယ်။ ၇-၈ ယောက်ရှိပြီ။ အဲလိုလူတွေက ဒီလိုစာကို မဖတ်ကြပါ။
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 17:11

11

ချင်း နဲ့ ခြင်း
သေဆုံးခြင်း လွတ်မြောက်ခြင်းလို့ ရေးရ။
ချင်း ဆိုတာ ချင်းလူမျိုး၊ သူငယ်ချင်း၊ အချင်းချင်း၊ သားအိမ်အချင်း၊ အိမ်နီးချင်း စသည်။
ချင်း
ကိုယ်ချင်းစာပါ
ချက်ချင်းလုပ်ပါ
ချင်းစိမ်း
ချင်းတွင်းမြစ်
ချင်းနင်းဝင်ရောက်
ချင်းပြည်နယ်
ချင်းယားပင်
ချင်းသုပ် (ဂျင်းသုပ်)
ခြေချင်းလိမ်
ခြေချင်းဝတ်
ငါးမြစ်ချင်း
ငိုချင်းချသည်
စက်ဝိုင်းအချင်း
စုံတွဲသီချင်း
ဆွေမျိုးသားချင်း
ညတွင်းချင်းအရောက်လာပါ
တခဏချင်းသွားပါ
တခုချင်းစားပါ
တနေ့ချင်းပြီးအောင်လုပ်ပါ
တမုဟုတ်ချင်း
တယောက်ချင်း
တအုပ်ချင်းဖတ်ပါ
တေးသီချင်း
ထုတ်ချင်းခတ် (ထုတ်ချင်းခပ်)
ထုတ်ချင်းပေါက်
ဒုံးချင်း
နှစ်ချင်းပေါက်
နိုင်းချင်း
နေ့ချင်းညချင်း
ပွဲချင်းပြီး
ပိတ်ချင်း
ဗြုန်းချင်းဒိုင်းချင်း
ဘေးချင်းတိုက်
မကုန်မချင်း
မင်းချင်းတယောက်
မျက်နှာချင်းဆိုင်
မရမချင်းကြိုးစားပါ
မွေးချင်းပေါက်ဖော်
မွေးချင်းသားချင်း
ရေချင်းယားပင်
ရောက်လျှင်ရောက်ချင်း
လွှာချင်းစောင်
လုံးချင်းဝတ္ထု
သံခြေချင်းခတ်
သွေးချင်းသားချင်း
သားချင်းသမီးချင်းစာနာပါ
သီချင်း
သူငယ်ချင်း
အကြောင်းချင်းတ
အချင်းခပ်သိမ်း
အချင်းချင်း သင့်အောင်နေ
အချင်းများ
အချင်းမြှုပ်ရာအရပ်
အချင်းဝက်
အချင်းအတ
အရည်အချင်း
အိမ်နီးချင်း သင့်အောင်နေ
အိုင်ချင်း။
အေးချင်းဆိုသည်
အောက်ချင်းငှက်
အဲချင်း
ချင်းခါး - အသံထွက် ဂျင်းဂါး။
ချင်းတက် - အသံထွက် ဂျင်းဒက်။
ချင်းဖော - အသံထွက် ဂျင်းဖော
ချင်းယား - အသံထွက် ချင်းယား။
ချင်း နဲ့ ခြင်း https://burmese-spelling.blogspot.com/2024/11/blog-post_118.html
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 16:39

10

ပဌမတန်း မြန်မာဖတ်စာ
၁၉၈၇ မွေး။ သမီးတို့ ငယ်ငယ်ကအတန်းစာမှာ မသင်ခဲ့ရဘူး။ ဒါ ဟိုးအရင်က စာအုပ်ထဲကလားဆရာရှင့်။
၁၉၆၀ ပဌမတန်း မြန်မာဖတ်စာ
https://drive.google.com/file/d/1VRp8phG6YyNFkB7img8Jzv_GN4QgPG3D/view?usp=sharing
https://www.mediafire.com/file/zgn2l6fvab1065x/G1_Myanmar_1960_S.pdf/file
တအုပ်ကို ၁ိ ၂၅ ပြားပေးရတယ်။ ၅ မတ်လို့လည်း ခေါ်တယ်။
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 16:31

15

ဂါထာခြောက်ဆယ်ပျို့
ရှင်အုန်းညို ရေးဖွဲ့ခဲ့သည်။ ကာဠုဒါယီမဟာထေရ်အရှင် လျှောက်တင်သော ဂါထာခြောက်ဆယ်ကို စီရင်ရေးဖွဲ့ထားခြင်း ဖြစ်သည်။
၉။ မျှော်ရှုမျှော်ရှု၊ မျိုးတစုတွင်၊ ရာဟုအမိ၊ တစိဘွားတော်၊ မြောက်သားတော်နှင့်၊ သုဒ္ဓေါ်မွေးဘ၊ ရူတတင်းမေး၊ မိထွေးဂေါတမီ၊ ကလျာဏီတို့၊ ညီကားမင်းနန်၊ မကျန်လုံးခြုံ၊ ဇာတိဘုံဝယ်၊ အပုံမျိုးပေါင်း၊ ဆွေရှစ်သောင်းတို့၊ လွမ်းဟောင်းမပြေ၊ လွမ်းထွေကဲဆင့်၊ ကွာသည်မြင့်ဟု၊ ယခင့်ရှေးသော်၊ ရွှေနန်းတော်နှိုက်၊ နှစ်ဘော်မောင်နှံ၊ ဗိုလ်ရှုခံလျက်၊ နတ်စံအလား၊ မိထွတ်ဖျားနှင့်၊ သိကြားသူဇာ၊ သက်ကျလှာသို့၊ မတ်ရာများဘောင်၊ လူ့တန်ဆောင်ကို၊ ယခေါင်ထက်တိုက်၊ ချစ်ဝမ်းပိုက်လျက်၊ ခေါ်စိုက်မေးစမ်း၊ ပြည်လုံးလွှမ်း၍၊ ဆိုတမ်းအသံ၊ နှုတ်မညံ့တည့်၊ ကျံကျံသီးသီး၊ ပူပန်ကြီးသော်၊ ညီးညီးဝင်းဝင်း၊ တရားမင်းကြောင့်၊ သတင်းကြားကာ၊ မနေသာခဲ့၊ သွားခါတန်စွ၊ ဤကာလက၊ ချမ်းမြမသန်၊ ပြင်းထန်မပူ၊ လွင့်မြူမထောင်း၊ ညွန်ပျောင်းမချဉ်း၊ လေပြင်းမလာ၊ သည်းစွာထစ်ကြိုး၊ အုံ့မိုးဃ်းမစွေ၊ ရေလည်းမကြီး၊ ခရီးဓွန့်ရှည်၊ နှစ်သောင်းထေရ်နှင့်၊ ရောင်ခြည်ပြိုးပြက်၊ အောက်ထက်မညံ၊ ထွန်းရိပ်လျှံမျှ၊ မဆံတူရိုး၊ သကျမျိုးကို၊ မြတ်နိုးလွန်ကျူး၊ အံ့မိန်းမူးလျက်၊ နဖူးထိပ်ပြင်၊ ရှိပန်ဆင်လျက်၊ ထိုတွင်ပြသူ၊ ဆုယူဆုတောင်း၊ မျှော်လင့်ရှောင်းသည်။ ။ ချမ်းဆောင်းဟေမန် − လွန်ပြီတည်း။
ဂါထာခြောက်ဆယ်ပျို့ https://dr-tint-swe.blogspot.com/2021/05/blog-post_114.html
ဟံသာဝတီတိုင်ထုတ်စာအုပ်မှာ အပိုဒ် ၈၄ အထိပါတယ်။ မြန်မာစာသတ်ပုံတွေ အကုန်မှန်တယ်။
မျိုးတစုတွင်၊ တစိဘွားတော်ကို စသတ်နေကြပြီ။
တရားကို လည်း စသတ်နေကြပြီ။
မကြာခင်မှာ "တစ်ပေါင်းလပြည့်နေ့" "မိထွေးဂေါတစ်မီ" လို့ ရေးလာကြတော့မလား မပြောနိုင်။
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 16:01

12

ပဌမတန်း မြန်မာဖတ်စာ
တို့လယ်တော
တဆောင်တွင် လူနေ၍၊ တဆောင်တွင် နွားများကိုထားပါသည်။
တို့တော
တခါတလေ ညောင်စေးနှင့် ငှက်ခါး ထောင်ကြသည်။
မှတ်ရန်
ယခုအခါ ‘ပဌမ’ လို့ရေးသော် တရားမမှု၊ ‘တခါတလေ’ နှင့် ‘တဆောင်’ လို့ရေးသော် ရာဇဝတ်မှု ဖြစ်နိုင်ပါသည်။
နိုင်ငံတော်မူကို လိုက်နာသော် ဘေးကင်း၏။
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 15:43

17

၁ သည် သုည ထက် တန်ဖိုးရှိ၏
၁။ ဆရာရေ မတတ်နိုင်တော့ဖူး (မတတ်နိုင်တော့ဘူး) အစစအရာရာကယိုယွင်းနေချိန်မှာ ဆရာကပြင်လည်းအနည်းငယ်သာသိနိုင်မှာပါ
ဟုတ်။
၁ သည် သုည ထက် တန်ဖိုး (တန်ဘိုး) ရှိ၏။
၂။ တစ်သုည / သုညေ အသုံးပြုပုံ နားမလည်လို့ပါဆရာ ကျေးဇူးပြု၍ ရှင်းပြပါအုန်းဆရာ။ လေးစားစွာဖြင့် မြင်နိုင်လင်း (မင်းတိုင်ပင်)
အခွက်တဆယ်၊ ရေးခါဝယ်၊ မှတ်ဘွယ် တစ်သုည။ တဆယ်မှာ သုည ၁ လုံး။
သုညေဆိုတာ သုညကို ကာရန်ယူရေးတာဖြစ်နိုင်။ ၁ ကုဋေမှာ သုည ၇ လုံးပါတယ်။
၁ သန်း = ၁၀၀၀၀၀၀ သုည ၆ လုံး။
၁ ကုဋေ = ၁၀၀၀၀၀၀၀ သုည ၇ လုံး။
တစ်အသုံးမှန်က ဂဏန်းမှာဖြစ်တယ်။ ရေတွက်ရရင် တစ်လို့ပြောတာ မမှန်နိုင်။
ဂဏန်းသင်္ချာသံပေါက် https://burmese-spelling.blogspot.com/2023/07/blog-post_521.html
တန်ဖိုး နှင့် တန်ဘိုး https://burmese-spelling.blogspot.com/2025/02/blog-post_887.html
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 15:34

19

ဖရင်းစာရင်း
၂၀၁၉ ခုနှစ် ဒီလိုနေ့က -
- ထရမ့်ကို အသေအလဲ ထောက်ခံသူ၊ ကြည့်မရသူ၊ ဖရင်းစာရင်းထဲကချည်းပဲ။
- ရခိုင်သတင်း ဟိုအစွန်းကလူ၊ ဒီအစွန်းကလူ၊ ဖရင်းစာရင်းထဲကချည်းပဲ။
- သတ်ပုံမှန်နဲ့ရေးထားတဲ့စာတွေကို လိုသလိုပြင်တာ မလုပ်ကောင်းပါလို့ရေးတာကို အယူသီးတာလို့ ရေးတဲ့သူကိုတော့ ဘလော့စာရင်းထဲထည့်လိုက်တယ်။
- ဘလော့စာရင်းမှာ ၅၀၀ ကျော်ပြီ။ အဲဒီပုဂ္ဂိုလ်တွေက တခြားနေရာတွေမှာ ဆဲလီတွေ ဖြစ်ကောင်းဖြေနေကြမယ်။
- ၂၀၂၅ ခုနှစ် ဒီနေ့မှာလည်း အထက်ပါအတိုင်း အပြောင်းအလဲ မရှိ။
- ဘလော့စာရင်းကတော့ ၁၀၀၀ ကျော်ပြီ။
- likes နဲ့ followers အပြောင်းအလဲရှိပါသည်။
3/17/2024
Tint Swe
• 61K likes • 65K followers
Doctor Tint Swe
• 9.7K likes • 10K followers ရှိခဲ့တယ်။
3/11/2025
Tint Swe
• 73K likes • 101K followers
Doctor Tint Swe
• 14K likes • 36K followers ရှိလာတယ်။
- အမြင် အလွန်တူကြသူတွေ စုပေါင်းရေးသားသောနေရာကို မြန်မာ့ဖေ့စ်ဘွတ်ဟုခေါ်သည်။
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 14:57

28

'တ' နဲ့ 'တစ်' သာလို့ ထင်နေကြတာ မမှန်ပါ
ကွန်မင့်တခု = မြန်​မာတချို့ဟာ ပေါ်ပင်တွေလိုက်လုပ်ရတာ ဝါသနာပါတယ်လို့မြင်တယ်ခင်ဗျ။ မြန်မာစာပေအရေးအသား၊ အပြောအဆို အသံထွက်ကိုလဲ ပေါ်ပင်လိုက်လုပ်ပြောင်းလဲပြောဆို ရေးသားကြတယ်ဆရာ။ အဲ့ဒါကို ကျွန်တော်ပါတ်ဝန်းကျင်ကိုသတိထားမိတဲ့ ၁၉၈၀ လောက်ကတည်းကပါပဲ။ နမူနာပြောရရင် ပြင်ဦးလွင်က ဒေသအစားအစာ ပဲစိမ်းကြော်ကို လွန်ခဲ့တဲ့ ၁၅ နှစ်အထိ ဆိုင်တိုင်းရဲ့ ဆိုင်းဘုတ်မှာ ပဲစိမ်းကြော်ဆိုပီး အမှန်အတိုင်းရေးတယ်။ အခုဆိုင်တချို့မှာ ပဲစိမ့်ကြော်ဆိုပီး ပြင်ရေးနေကြတယ်။ စကားအသံထွက်တချို့ကိုလည်း မပီကလာပြောရတာကိုသဘောကျပီး မပီမသပြောလာကြတယ်။ လူငယ်အများစုသုံးတဲ့ ဘန်းစကားတချို့တောင် အရင်နှစ်က အသံထွက်အရေးအသားတမျိုး ဒီနှစ်အရေးအသားတမျိုးဖြစ်နေတာ သတိထားမိလာတယ်ခင်ဗျ။
အဲလိုတွေ ဖြစ်နေပြီ။
မြန်မာစာကို မှန်အောင်မရေးတတ်သူတွေ အလွန်မတန်များတယ်။
တဝမ်းပူတွေကို မလိုအပ်ဘဲ စသတ်ခိုင်းထားတဲ့အမိန့်ကြောင့် မှားနေကြတာက တဝက်လောက်သာရှိပြီး
တ နဲ့ တစ် မဟုတ်တဲ့အမှားတွေက တဝက်။
အမှားခေတ်ကတော့ တူတယ်။ အလွဲအမှား အားလုံးဟာ ၁၉၈၆-၈၈ လောက်စနေ စပါတယ်။
ဆိမ့် နဲ့ စိမ့် ကလည်း အတော်မှားကြတယ်။
စိမ့် နဲ့ ဆိမ့် https://burmese-spelling.blogspot.com/2023/09/blog-post_48.html
စိမ့် နဲ့ ဆိမ့် (၂) https://burmese-spelling.blogspot.com/2025/01/blog-post_338.html
'တ' နဲ့ 'တစ်' သာလို့ ထင်နေကြတာ မမှန်ပါ https://burmese-spelling.blogspot.com/2024/05/blog-post_168.html
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 14:45

26

ဉာဏ်
မင်္ဂလာပါရှင် ဆရာရေ ကျွန်မတူလေးနာမည်ပေးချင်လို့ပါရှင် အင်္ဂါသားမိုလို့ ညဏ်လင်းအောင်လို့ပေးချင်တာပါ အဲ့ဒါကို ဉာဏ် လို့ပေါင်းရမလား ညဏ် လို့ ပေါင်းရမလား စဉ်းစားရခက်နေလို့ပါရှင် နာမည်ဆိုတော့ မွေးစားရင်းထည့်ပြီးရင်ပြင်ရခက်မှာစိုးလို့ ဘယ်လိုရေးသင့်လဲ ရှင်းပြပေးပါဦးရှင်
ဉာဏ်
လေးအက္ခရာ
ဉာ
ဉာတကာ(ဆွေမျိုး...)
ဉာတိ(ဆွေမျိုး...)
ဉာဉ်
ဉာဉ်(...ဆိုး၊ ...ကောင်း)
ဉာဏ်
ဉာဏ်စဉ်
ဉာဏ်တော်(ဆင်းတု...၊ စေတီ...)
ဉာဏ်တိမ်
ဉာဏ်တုံး
ဉာဏ်ထုံ
ဉာဏ်နုံ့
ဉာဏ်ပညာ
ဉာဏ်မီ
ရှေ့နောက် စဉ်းစား၊ သတိထား၊ ဉာဏ်အားအမှန်ကြည့်။ (သီလရှင် ဥပဒေ ကျင့်ခဏ်း - မဟာဂန္ဓာရုံဆရာတော်)
ဉ နဲ့ ဥ မတူပါ https://burmese-spelling.blogspot.com/2023/07/blog-post_638.html
ဉ ည https://burmese-spelling.blogspot.com/2022/08/blog-post_15.html
ဒေါက်တာတင့်ဆွေ