Latest Posts from Thae Thae🇲🇲🇲🇲🇲🇲 (@thaethae96969) on Telegram

Thae Thae🇲🇲🇲🇲🇲🇲 Telegram Posts

Thae Thae🇲🇲🇲🇲🇲🇲
Music
7,426 Subscribers
10,601 Photos
2,852 Videos
Last Updated 12.03.2025 17:49

The latest content shared by Thae Thae🇲🇲🇲🇲🇲🇲 on Telegram

Thae Thae🇲🇲🇲🇲🇲🇲

12 Mar, 15:59

428

မန္တလေးသတင်း
==============

မန္တလေးတိုင်း
ပြည်ကြီးတံခွန်မြို့နယ်၊(က)ရပ် ကွက်မှ အကြမ်းဖက် PDF သင် တန်းတက်ရောက်ပြီးသူ အာကာကျော်အား ဖမ်းမိ။
Thae Thae🇲🇲🇲🇲🇲🇲

12 Mar, 15:21

456

လုပ်ပြန်ပြီ
===========

GEOMKLY. ဆိုတဲ့ ရုရှား စစ်သဘော်ကြီး သီလဝါဆိပ်ကမ်းကို 12 - 3 - 2025 မှာ ရောက်ပြန်ပြီတဲ့ ။ လေယာဥ်နဲ့ ပစ္စည်း သယ်ရတာ နည်းလို့တဲ့ ။

ကဲ ဘာလက်ဆောင်တွေ ပါလာမယ် မသိဘူး ။ ပါလာတဲ့ ပစ္စည်းတွေကလည်း ကိုယ်တွေနဲ့တော့ မဆိုင်ပါဘူး အကြမ်းဖက်အုပ်စုအတွက် လက်ဆောင်ပြန်ပေးဖို့လို့ ကြားတာပါပဲ ။

ကိုရွှေမျိုးဝင်း

( page အသစ်လေး ထပ်ဖွင့်ထားပါတယ် fb မှာ fri ၅၀၀၀ ကျော်နေလို့ လက်ခံမရသေးတဲ့ မိတ်ဆွေတွေ အတွက်ပါဗျာ ။ )

https://www.facebook.com/profile.php?id=61574191580305&mibextid=ZbWKwL
Thae Thae🇲🇲🇲🇲🇲🇲

12 Mar, 14:53

641

အိန္ဒိယနှင့် မြန်မာနယ်စပ်မဏိပူရဒေသအကြောင်းနှင့် ကဘော်ချိုင့်ဝှမ်းကိစ္စ၊ မီဇိုရမ်လွှတ်တော်အမတ်များ ပြောကြားချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

#PeopleMedia
Thae Thae🇲🇲🇲🇲🇲🇲

12 Mar, 14:42

785

အိမ်နီးချင်းတွေရဲ့အန္တရာယ်

တိုင်းပြည်စည်းလုံးညီညွတ်မှု
ပျက်ပြားနေတာကို အခွင့်ကောင်း
ယူပြီး အိမ်နီးချင်းနိုင်ငံတွေကလည်း
ရသလောက် အမြတ်ထုတ်ဖို့ လုပ်လာ
ကြတယ်။

အိမ်နီးချင်းထဲမှာ တရုတ် ၊ ထိုင်း ၊
ဘင်္ဂလားဒေ့ရှ် တို့အကြောင်းကို
အားလုံးကသိပြီးသားမို့ ထွေထွေ
ထူထူ ပြောနေစရာ လိုမယ် မထင်
ပါဘူး။

၁၀၂၇ မှာ တရုတ် ဒရုန်းတွေ
စမ်းသပ်လိုက်တာ မြန်မာပြည်
ဘယ်လောက်နစ်နာသွားသလဲ
ဆိုတာကို နိုင်ငံချစ်သူတိုင်း သမိုင်း
မှာ မမေ့နိုင်တဲ့ မှတ်တမ်းကြီး
တစ်ခု အဖြစ် ရှိနေကြအုံးမှာပါ။

၁၀၂၇ မှာ တရုတ်က မပတ်သက်
ဘူးလို့ ငြင်းနေပေမယ့် တရုတ်ဒရုန်း
တွေကတော့ အဓိက ဇာတ်ကောင်
အဖြစ်နဲ့ တိုက်ပွဲ ကို အဆုံးအဖြတ်
ပေးခဲ့တာက အထင်ရှားဆုံး
သက်သေပါ။

ထားပါတော့။

အခုတော့ တရုတ်က ကျားဖြန့်နဲ့
ဒရုန်း ပေါင်းပြီး မြန်မာ့အရေးကို
ဝင်ရှုပ်လိုက်တာ သူကိုယ်တိုင်လည်း
BRI စီမံကိန်းရပ်တန့်ထားရမလို
ဖြစ်သွားရပြီမို့ သူအမှားကို သိသင့်
သလောက်တော့ သိသွားပါပြီ။

ဒါကြောင့် လည်း မြန်မာနဲ့ ကောင်းမွန်
တဲ့ ဆက်ဆံရေး ကို ပြန်လည်ထူထောင်
လာလို့ အပြစ်မပြောချင်တော့ပါဘူး။

အခုအပြစ်ပြောရတော့မယ့် အိမ်နီးချင်း
အိန္ဒိယနိုင်ငံ ပါ။

သမိုင်းမှာ ကိုယ့်အပေါ်ကို
ကောင်းမလိုလိုနဲ့ အခုတော့ ကိုယ့်ပြည်တွင်း
ရေးကို ကြည့်ပြီး သူလည်း အမြတ်ထုတ်
ဖို့ လုပ်လာနေပါပြီ။

ချင်း ပြည် နယ် မှာ တပ် ကဆုတ် ခွါ
နေ ပြီ ဖြစ် လို့ ချင်း ပြည် နယ်
ကို အိ န္ဒိ ယ နိုင် ငံ နဲ့ ပူး ပေါင်း ဖို့ မီ ဇို ရမ်
ပြည် နယ် လွှတ် တော် ကိုယ် စား လှယ်
ကေ ဗန် လားလ် ဗင် နာ က ဖေ ဖ ဝါ ရီ လ
၂၇ ရက် နေ့ က ချင်း ပြည် နယ် ထဲ ထိ
ရောက် လာ ပြီး ဖိတ် ခေါ် ခဲ့ တယ် လို့
အိ န္ဒိ ယ သ တင်း စာ ‘ စန် ဂိုင်း ‘ က
ဖော် ပြ တယ် လို့ မိ ဇ္စျိ မ သ တင်း ဌာ န
က ဖော် ပြ လာ တယ် ။

ဒီအရေးမှာ ဒီမှာတင် အိန္ဒိယ က
ရပ်မသွားသေးဘူး ။

တစ်ခါ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းထဲမှာ
ရှိတဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည်
တောင်းဆိုပြီး မဏိပူရပြည်နယ်ထဲ
ထည့်သွင်း ပေးဖို့ မဏိပူရပြည်နယ်
လွှတ်တော်အမတ် လိမ်ရှမ်းဘားဆာနာ
ဂျေအိုဘာက မတ်လ ၁၀ ရက်နေ့က
အိန္ဒိယ အထက် လွှတ်တော်မှာ
တင်ပြခဲ့ပါတယ်။

သဘောကတော့ အိန္ဒိယ ဟာ
ချင်းပြည်နယ်ကို လည်း လိုချင်တယ် ။
စစ်ကိုင်းတိုင်းထဲ က ကဘော်ချိုင့်ဝှမ်း
လည်း လို ချင်တယ် ဆိုပြီး လေသံ
ပစ်ရုံမကတော့ဘူး ။ တိုင်းသိ ပြည်သိ
နိုင်ငံတကာသိ ထုတ်ဖော်ပြသလာတာ
မို့ အလွန်အန္တရာယ်ကြီးလာပါတယ် ။

တစ်ဖက်ကလည်း စ ဥ်းစားကြည့်ရင်
လည်း ကိုယ့်အချုပ်အခြာအာဏာကို
စော်ကားတာ ဖြစ်လို့ သံတမန်နည်းလမ်း
နဲ့ ကန့်ကွက်ရမှာပါ ။

ခက်တာက ဆန့်ကျင့်ဖက် အုပ်စုတွေ
ရဲ့ ရပ်တည်မှု သဘောထားက စိတ်ပျက်
စရာ ကောင်းပါတယ် ။

တိုင်းပြည်ကို ချစ်ရမှန်း​လည်းမသိ ၊
နာရမှန်းလည်း မသိဘူး ဖြစ်နေကြ
တာပဲ ။

တော်လှန်ရေး ကို ဗန်းပြပြီး အိန္ဒိယ
ဘက် ကနေ ဝင်တိုက်ပေးချင်နေကြ
လား မသိဘူး ။

အခုချိန်ထိတော့ ညီညွတ်ဖို့ နေနေသာ
ဟိုလူကြောင့် ဒီလူကြောင့် ဟိုစနစ်
ကြောင့် ဒီစနစ် ကြောင့် ဆိုပြီး အပစ်ပုံချ
ကောင်းတုန်းပဲ။

ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်ဖျက်လို့
မဝသေးဘူး ။အိမ်နီးချင်း နိုင်ငံတွေနဲ့
ပေါင်းပြီး ဖျက်ချင်ကြတဲ့ အုပ်စုကလည်း
ရှိချင် ရှိနေအုံးမှာမို့ ဒီတိုင်းပြည်အရေး
ကို တွေးရင် ရင်လေးရပါတယ် ။

အကောင်းဆုံးကတော့ တော်လှန်ရေး
ဆိုတဲ့ အိမ်မက်ဆိုးက ရုန်းထွက်ပြီး
အမျိုးသားစည်းလုံးညီညွတ်ရေး ကို
အမြန်ဆုံးတည်ဆောက်နိုင်မှသာ
အိမ်နီးချင်းနိုင်ငံ တွေရဲ့ စော်ကားနေမှု
အန္တရာယ် ကနေ ကာကွယ်နိုင်မှာ
ဖြစ်ပါတယ် ။

အောင်နိုင်သူ ( ဇွဲကပင် )

https://t.me/AungNaingThu60945/1032
Thae Thae🇲🇲🇲🇲🇲🇲

12 Mar, 14:00

885

ကိုဝင်းမော်လည်း တော်တော်တော့ စိတ်ညစ်သွားမှာအမှန်ပဲ။ သို့သော် ကိုယ်တို့ကံလေးကောင်းချင်တော့ ရက်ပိုင်းအကြာမှာ စစ်ကူစစ်ကြောင်းရောက်လာတယ်။
စခန်းလုံခြုံရေးအတွက် ပူစရာမလိုတော့သလို
ပိုအဆင်ပြေသွားတာက အင်တာနက်သုံးလို့ရတဲ့စနစ်
တစ်ခုပါလာတာပဲ။
ဒီတော့ ပိုပြီးအဆင်ပြေသွားတာပေါ့လေ။

နောက်ဆုံးပို့ရမဲ့ရက်ကလည်း ကပ်နေပြီဆိုတော့
ကိုဝင်းမော်ကို အခုတီး၊အခုဆို၊ ခဏနေပြန်ဖွင့်ပြပါ လို့
ဖိအားပေးဂျီကျတာ တော်တော်လုပ်ရတယ်။
အဆင်တော့ ပြေသွားတယ်ဆိုရမယ်။
နောက်ဆုံးပို့ရမဲ့ရက်မှာ ကွက်တိပို့လိုက်နိုင်တယ်မဟုတ်လား။

ဆုရစာရင်းတွေ ထုတ်ပြန်ကြေညာတော့ အခက်အခဲ
ကြားကနေ ပြိုင်ခဲ့ရတယ်ဆိုပေမဲ့ ညီငယ်ရဲ့သီချင်းက
ပထမဆု ရတယ်။
ကိုယ်ရေးတဲ့ ဝတ္ထုတိုလေးကလည်း ပထမဆု ပဲ။

ဘာမြင်မိကြသလဲ။
စွန်ရဲစစ်ကြောင်းရဲ့ ဘယ်လောက်ခက်ခက် ရအောင်
လုပ်မယ် ဆိုတဲ့ သံဓိဌာန်စိတ်ကို သတိထားမိလား။
စစ်တိုက်ချိန်မှာ စစ်တိုက်မယ်။
မရ၊ ရတဲ့အချိန်မှာ ငါတို့လုပ်နိုင်တယ် ဆိုတာပြဖို့အတွက်
ပြိုင်ပွဲဝင်နိုင်အောင် နည်းမျိုးစုံနဲ့ကြိုးစားတယ်။
အခက်အခဲမှန်သမျှကို ရတဲ့နည်းနဲ့ကျော်ဖြတ်မယ်ဆိုတဲ့
စိတ်ဓါတ်ကို သတိထားမိမှာပေါ့။

အနုပညာလို နုနုရွရွ လုပ်ရတဲ့ကိစ္စကိုတောင်
ဒီလောက်အလေးအနက်ထားတဲ့စခန်း။
စစ်တိုက်တဲ့နေရာမှာတော့ ပြောကုန်ဖွယ်မရှိဘူးလို့
ဖြစ်အောင်ကြိုးစားခဲ့ကြတာပေါ့လေ။
စွန်ရဲစစ်ကြောင်းဆိုတဲ့ အနန်းကွင်းစခန်းက
စစ်သည်တွေဟာ ဒီလိုရပ်တည်ခဲ့တာပါ။
ကျွန်တော်လည်း စွန်ရဲစစ်ကြောင်းမှာ ပါဝင်ခဲ့ရတာ
အတွက် သိပ်ကျေနပ်ပါတယ်။

(သီချင်းနောက်ခံမှာထည့်ထားတဲ့ပုံတွေက တိုက်ပွဲအပြီးမှာ
ပျက်စီးသွားတဲ့အနန်းကွင်းရွာရဲ့ပုံတွေပါ။
ညီညွတ်ငြိမ်းချမ်းနေရင် တွေ့စရာမလိုတဲ့မြင်ကွင်းတွေ
ဆိုပါတော့။
ငြိမ်းချမ်းစေချင်ပါပြီ။
ဆက်ချမယ်ဆိုရင်လည်း တီးယုံပေါ့လေ။
စွန်ရဲစစ်ကြောင်းဟာ အမြဲအသင့်ပါပဲ)

ကူးယူဖော်ပြနိုင်ပါသည်။
ဆက်လက်ဖော်ပြပါမည်။
#Myo Myint Yan Naung
Thae Thae🇲🇲🇲🇲🇲🇲

12 Mar, 14:00

813

သမိုင်းမဝင်ပေမဲ့ သမိုင်းတွင်စေမဲ့ အနန်းကွင်း(၁၃)

ညီစေ
V1; သွေးသားချင်းတော့တူလည်း
ယုံကြည်ရာတွေ လွဲမှားဆဲ
အရာရာ အစွန်းရောက်ခြင်းမှာ ဘဝတွေ ဖြေစရာမဲ့
သေချာပြန်စဥ်းစား ဒါအမှန်တရားလား။

V2; အရင်းအနှီခြင်းတော့တူလည်း
တယူသန်အမြင် ဝေဝါးနေဆဲ
ငါတို့သမိုင်းအသစ်လှဖို့ အမှားတွေပြင်ဆင်မယ်
ဒီနိုင်ငံကြီးအတွက် ဒို့တွဲလက် ညီစေမယ်။

Cho1; သွေး၊ချွေးများစွာမြေကျ
နွေးထွေးဖူးတဲ့လက်များက
အေးချမ်းမှုတွေ ဖျက်ဆီးသွား

Cho2; မမေ့နဲ့ ဒို့ညီအကိုများ
ထင်းစည်းတစ်ခုရဲ့ သာဓကအား
စည်းလုံးခြင်းသည်တကယ်စွမ်းအား
တွဲလက်မြဲစေ တို့သွေးသား -- ညီအကိုတွေ။

သီချင်းနာမည်က ညီစေ တဲ့။
ဒီနှစ်တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တေး
ပြိုင်ပွဲမှာ ပထမ ရခဲ့တဲ့သီချင်းလေးပဲ။
နားလည်မှုနည်းနည်းလွဲသွားလေတော့ ဆုရစာရင်း
ထုတ်ပြန်ချိန်မှာ တွဲလက်မြဲစေ ညီအကိုတွေ လို့
ပြောင်းသွားတယ်။
ဆက်သွယ်မှုခက်ခဲချိန်ဆိုတော့ နားလည်မှုလွဲနေတာ
သတိမထားမိလိုက်ဘူးပေါ့လေ။
ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။
ဘယ်ခေါင်းစဥ်ပဲဖြစ်ဖြစ် ညီညွတ်စေချင်တဲ့ စိတ်အခံကို ပေါ်လွင်စေတာပဲမဟုတ်လား။

ဒီသီချင်းရေးတဲ့သူက ကိုယ့်စခန်းက ကယားလူမျိုး
ဗိုလ်မှူးထားရု။
မူလကတည်းက အနုပညာအခံအားကောင်းပြီးသား၊
တူရိယာတီးခတ်တာလည်း ဆရာကျ၊ သီချင်းတွေ၊
ဘာတွေလည်း ရေးတယ်ဆိုတော့ ကိုယ်နဲ့အစပ်၊အဟပ်
တည့်တယ်ဆိုရမှာပေါ့လေ။
ဟာသဥာဏ်လည်းရွှင်သူဆိုတော့ ပိုအလျဥ်းသင့်
တယ်လို့ ပြောရမယ်။

ဒီနှစ်အတွက် တပ်မတော်နေ့အထိမ်းအမှတ်ပြိုင်ပွဲတွေ
ခေါ်စာထုတ်တော့ ကိုယ်တို့စခန်းမှာ ပွဲအကြမ်းဆုံးလို့
တောင်ပြောရမဲ့အချိန်။
သတင်းစာမရှိသလို၊ အင်တာနက်လည်းမရှိ။
ဖုန်းကိုအချိန်ပိုင်းအကန့်အသတ်နဲ့ဖွင့်သုံးနေရချိန်မှာ
တိုက်ပွဲကလည်း နေ့စဥ်ရက်ဆက်ဆိုပါတော့လေ။

နှစ်စဥ်ပြိုင်နေကျဖြစ်တဲ့ကိုယ်ကတော့ ဒီအချိန်မှာ
ဒီလိုခေါ်တယ်ဆိုတာကို သိနေတာပေါ့။
ပြိုင်လည်းပြိုင်ချင်၊ ပြိုင်ဖို့အတွက် ရေးဖို့အချိန်က
တိုက်ပွဲကြားကာလ။
ညီတွေ၊ ရဲဘော်၊ရဲဘက်တွေကို ကွပ်ကဲရတာ၊ တိုက်ပွဲဝင်
ရတာတွေနဲ့ဆိုတော့ တော်တော်ခက်ခက်ပဲ။

ဒီကြားထဲ အတွေးဆိုးဆိုးတစ်ခုလည်း ရှိသေးတာက နားလည်မှုဆိုတာပဲ။
ဒီကောင်ကွာ။
ဒီလောက်တောင်တိုက်ပွဲဖြစ်နေတာကို ရေးချိန်
ရှိသေးသလားတို့၊ ဒီကောင်သေချာကွပ်ကဲနေတာမှ ဟုတ်ရဲ့လားတို့ တွေးထင်သုံးသပ်တာကိုလည်း
ခံရနိုင်တယ်မဟုတ်လား။
အခြားဆိုးဆိုးရွားရွားသုံးသပ်တာတွေလည်း ရှိကောင်း
ရှိနေနိုင်တာပေါ့လေ။
ဒီတော့ရေးရန်မသင့်လို့ ဆုံးဖြတ်ရမလိုဖြစ်ပြန်ရော။

ဒါပေမဲ့ စွန်ရဲစစ်ကြောင်းစစ်သည်ဆိုတဲ့ ကိုယ့်ညီငယ်တွေ
ကို ဂုဏ်ပြုချင်တဲ့စိတ်ကလည်းရှိနေ။
ဘယ်လောက်အခက်အခဲရှိရှိ ရအောင်လုပ်နိုင်တယ်ဆိုတဲ့
ဂုဏ်ကို လိုချင်တဲ့စိတ်ကလည်းပေါ်လာပြန်တော့
ရေးမယ်ဖြစ်ပြန်တာပါပဲ။

ဒီတော့ အချိန်လေးရလိုက်၊ ချရေးလိုက်။
drone လာချရင်ဘန်ကာထဲဝင်၊ လာတိုက်ချိန်မှာ ထ တီး။
ဒီလိုနဲ့အပိုင်းအစလေးတွေအနေနဲ့ စ ရေးဖြစ်တယ်။
ဒီကြားထဲ ဝတ္ထုရေးထားတဲ့ စာတွေတော့
drone ထိသွားပြီဆရာ ဆိုတဲ့စကားနဲ့ ကိုယ်ရေးထားတဲ့
ဝတ္ထုအပိုင်းအစ စာရွက်လေးတွေကို လာပြတာကလည်း အကြိမ်ကြိမ်ဆိုသလိုပါပဲ။
ခက်ခက်ခဲခဲလို့ ဆိုရမှာပေါ့လေ။

ဒီလိုနဲ့ တစ်ရက်ထမင်းစားပြီးချိန်မှာ ညီငယ်ထားရု
ဆီက စကားထွက်လာတယ်။
ဆရာ၊ ကျွန်တော်လည်း သီချင်းဝင်ပြိုင်မယ် တဲ့။
ရေးထားသလားဆိုတော့ ရေးပြီးပြီ၊ ကျွန်တော်
ဆိုပြရမလားတဲ့။
ချကွာ။ ဆိုပြကြည့်ဆိုတော့ အသင့်ပြင်ထားတဲ့ ဂစ်တာနဲ့
တီး/ဆို ပြတယ်။

ကောင်းလိုက်တာပေါ့။
အလွန်အမင်းကြီးကျွမ်းကျင်တာမဟုတ်သည့်တိုင်
ကိုယ်လည်း အနုပညာနဲ့ သိပ်မှမလှမ်းတာ။
ကိုယ်တိုင်တောင် စစ်ချီတေးနဲ့တစ်ခါ၊ စစ်သည်တေးနဲ့
တစ်ခါ ဆုရဖူးတာပဲ။
ကောင်းတယ်ကွဆိုတဲ့အဖြေလောက်တော့ သေချာ
ပေးနိုင်တာပေါ့လေ။

သီချင်းလေးရဲ့ရည်ရွယ်ချက်က ညီညွတ်ကြစေချင်တာ။ စည်းလုံးကြစေချင်တာကို ဦးတည်တယ်။
ရာ်ရွယ်ချက်ရော၊ အဓိပ္ပါယ်ရောက လေးလေးနက်နက်ပဲ။
ကိုယ်ဖြစ်စေချင်တဲ့ အကြောင်းအရာပဲလေ။
သဘောကျတယ်ဆိုတာထက် ပိုလေးနက်တယ်ပေါ့။

ဆုံးဖြတ်ချက်ချပြီး ပြိုင်ကွာ လို့ကိုယ်ပြောပြီးချိန်မှာ
အခက်အခဲတွေက ပေါ်လာပြန်ပြီ။
ဘယ်မတုန်းတီးဝိုင်း၊ အဆိုတော်နဲ့ အသံသွင်းမဲ့စတူဒီယို။
မြို့ပေါ်မှာဆိုရင်တော့ ပြောစရာမရှိပေမဲ့
လက်ရှိအခြေအနေက တောထဲမှာလေ။
ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ။
သိပ်ခက်ခဲတာပေါ့လေ။

သို့သော်လည်းပဲ ကိုယ်တို့ စွန်ရဲစစ်ကြောင်းရဲ့
ခံယူချက်ကိုက ရအောင်လုပ်မယ် ပဲလေ။
တစ်ခါတည်းဆိုသလို ဖြတ်ကနဲမျက်လုံးထဲမြင်တာက
ရွှေသံစဥ်ကိုဝင်းမော်။
အကိုတစ်ယောက်လို ဖြစ်နေသူဆိုတော့ သူ့ဆီဖုန်းဆက်၊မေးမြန်းစူးစမ်း၊ ဂျီကျ ရတာပေါ့။
အဲဒီအချိန်အထိ ကိုယ်တို့စခန်းမှာ အင်တာနက်လိုင်းကမရှိတော့ သီချင်းကို ဖုန်းနဲ့ဆိုပြမယ်။
နုတ်စ်တွေ၊ ကီးတွေကို ပါးစပ်ကခေါ်ပေးမယ် ရသလား။
ချစ်ဖို့ကောင်းတဲ့ကိုဝင်းမော် ကတော့ ရအောင်
လုပ်ပေးရမှာပေါ့လို့ လေသံခပ်နွဲ့နွဲ့နဲ့ဖြေရှာတာ။

ရတယ် ဆိုတဲ့အဖြေတော့ထွက်တယ်။
လွယ်တော့မလွယ်ဘူးပေါ့လေ။
Thae Thae🇲🇲🇲🇲🇲🇲

12 Mar, 13:50

379

လေကြောင်းထိရောက်မှု
======================

တပ်ချုပ်ကြီးရဲ့ ရုရှားခရီးစဥ်နဲ့ ပက်သက်ပြီး SU 47. ၆ စင်း လက်ဆောင်ရလာသလိုလို သတင်းတွေ ထွက်ပေါ်လာပါတယ် ။ သိရသလောက်ကတော့ SU 47 က ရုရှားလေတပ်မှာ မသုံးကြပါဘူး ။ စမ်းသပ်ဆဲအဆင့်မှာပဲ အဆင်မပြေလို့ မသုံးကြတော့တာလို့ ကြားရပါတယ် ။

နောက် ရုရှားကနေ တပ်ချုပ်ကြီးကို ပြခဲ့တဲ့ လေယာဥ်က SU 34 ပါ ။ ဒီလေယာဥ်က တကဲ့အပျံစား နည်းဗျူဟာမြောက် ဗုံးကြဲလေယာဥ် ဖြစ်ပါတယ် ။ ပြည်ပကို လုံးဝ ရောင်းချခြင်း မရှိသေးပါဘူး ။

နောက်ပြီး ရုရှားရဲ့ နာမည်ကျော် Guided Bomb Kit စနစ်အကြောင်း လေ့လာကြည့်ပါ ။ သူက GPS စနစ်မဟုတ်ပါဘူး ။ GPS စနစ်က အမေရိကန်ပိုင်မို့ ရုရှားက CAS ဆိုတဲ့ သူတို့ရဲ့ စနစ်နဲ့ ချိတိဆက်သုံးတာပါ ။

ရုရှားတိုက်လေယာဥ် အများစုမှာ KAB ( တိကျပဲ့ထိမ်းစနစ်) နဲ့ FAB သမရိုးကျဗုံးတွေကို ပဲ့ထိမ်းဗုံးကဲ့သို့ သုံးလို့ရအောင် ထောက်ပံ့သော ဗုံးချိန်စက် ဆော့ဖ်ဝဲ စနစ်တွေ တပ်ဆင်ထားပါတယ် ။ တိကျပဲ့ထိမ်း စနစ်တပ် ဗုံးတွေဟာ စျေးကြီးပါတယ် ။

အဲလို ရိုးရိုး FAB ဗုံးကို ပဲ့ထိမ်းနီးပါး သုံးလို့ရအောင် ဗုံးချိန်စက်နဲ့ ချိတ်ဆက်ပြီးရင် လေယာဥ်မှာ တပ်ထားတဲ့ ကွန်ပြူတာတွေက ပစ်မှတ်နားရောက်တာနဲ့ လေတိုက်နှုံး ၊ လေယာဥ်ရဲ့ အရှိန် ၊ အကွာအဝေး အနိမ့်အမြင့် တွက်ချက်ပြီး ပိုင်းလော့ကို ဗုံးချရမယ့်နေရာအား ညွှန်ပြအချက်ပေးပါတယ် ။

ဗုံးဖြုတ်ချဖို့ အချက်ပေးတာနဲ့ ချပြီး ပြန်လာရုံပါပဲ ။ တိကျမှုက CEP 3-5 m မို့ အလွန်တိကျပြီး ကုန်ကျစရိတ်နည်းပါတယ် ။ ဒီစနစ်မှာ အားနည်းချက် တခုရှိပါတယ် ။ အဲလို ဗုံးကြဲတဲ့နေရာမှာ လေကာစနစ်တွေ လက်လှမ်းမမှီတဲ့ နေရာက ပစ်ချခဲ့လို့မရတဲ့ အားနည်းချက်ပါ ။

ယူကရိန်းစစ်ပွဲမှာ အဆိုပါအားနည်းချက်ကြောင့် တိုက်လေယာဥ်တွေ အပစ်ခံရလို့ ရုရှားက တမျိုးကြံပါတယ် ။ လွယ်လွယ်ပြောရရင် ဗုံးတွေကို တောင်ပံတပ်ပေးလိုက်ပါတယ် ။ ဒီတော့ တောင်ပံနဲ့ လေဟုန်စီး သွားနိုင်တဲ့ ကီလိုမီတာ 60 - 80 ပေါင်းလိုက်တာ တာလတ်ပစ် လေကာတွေ အလှမ်းမမှီတော့ပါဘူး ။

အဲလိုနဲ့ ရုရှားတွေဟာ ယူကရိန်းကို စျေးပေါတဲ့ ဗုံးတွေနဲ့ တိတိကျကျ တိုက်ခိုက်နိုင်ခဲ့ပါပြီ ။ အဲဒီ စနစ်ကို UMPK လို့ ခေါ်ပါတယ် ။ လွယ်လွယ်တော့ လုပ်နိုင်ခဲ့တာမဟုတ်ပါဘူး ။

Software နဲ့ Hardpoint တွေ ပြန်လဲရပါတယ် ။ အမျိုးမျိုး ငွေကုန်ကြေးကျခံပြီး လုပ်ကြရာမှာ ပထမဆုံးအဆင့် SU 34 လို ပေါင် 1000 ဗုံးသီး ၈ လုံး မှ ၁၂ လုံး ထိ သယ်နိုင်တဲ့ တိုက်လေယာဥ်မှာ UMPK Kit စနစ် တပ်ထားတဲ့ ဗုံး ၂ လုံးပဲ သယ်နိုင်တာ နည်းလွန်းနေပါတယ် ။ ( ဆော့ကတ်ပေါက်တွေ ကွန်ပြူတာ ချိတ်ဆက်မှု ပြဿနာတွေကြောင့်)

နောက်မှ ပြုပြင်ရင်း S 34 မှာ ဗုံး ၄ လုံး ချိတ်လာနိုင်ခဲ့ပါတယ် ။ အဲဒီနောက်မှ S 24 ကိုလည်း ပြုပြင်ပေးခဲ့ပါတယ် ။ ရုရှားမှာတောင် UMPK Kit စနစ်သုံး ပြုပြင်ထားတဲ့ ဗုံးကြဲလေယာဥ် SU 34 အစင်းရေ ၄၀ လောက်ပဲ ရှိသေးတယ်လို့ သိရပါတယ် ။

ဒီစနစ်သည် လေကာလက်နက်တွေ ရှိနေတဲ့ ရန်သူအား တန်ဖိုးနည်း သမရိုးကျဗုံးနဲ့ တိုက်ခိုက်ရန် တီထွင်ထားတာပါ ။ လေကာမရှိတဲ့ ရန်သူအတွက် CAS စနစ်နဲ့ ဗုံးချိန်စက် သုံးပြီး တိတိကျကျ ဗုံးကြဲနိုင်ပါတယ် ။

မြန်မာ့တပ်မတော်သုံးနေတဲ့ MIG 29 ၊ SU 30 SME တို့မှာလည်း CAS ဗုံးချိန်စက် တပ်ဆင်ပြီးသားပါ ။ အဲဒီ စနစ် နဲ့ လားရှိုး အပါအဝင် ရှမ်းမြောက်က ရန်သူအခြေပြု အဆောက်အဦးတွေကို တိတိကျကျ ဗုံးကြဲခဲ့ကြတာပါ ။

တပ်ချုပ်ကြီး လက်ထဲ ကိုင်ကြည့်နေတဲ့ SU 34 ရဲ့ အားသာချက်ကတော့ ပေါင် 1000 ဗုံး ၈ လုံး မှ ၁၂ လုံး ထိ သယ်နိုင်အောင် ကြီးမားတဲ့ စွမ်းအားဖြစ်ပါတယ် ။ ပေါင် ၅၀၀ ဆိုရင် ပျဥ်းမျှ အလုံး ၂၀ နီးပါး သယ်နိုင်ပါလိမ့်မယ် ။

ဒါကြောင့် SU 34 များ ရလာခဲ့ရင်ဖြင့် လေယာဥ် တခေါက်တည်းနဲ့ ရန်သူအခြေပြု နေရာတွေကို ပတ်ကြဲလို့ ရပြီပေါ့ ။ လေယာဥ်ဆီ ချွေတာရာရောက်သလို နေရာအနှံ့က စစ်မျက်နှာပြင် အသီးသီးကို တချီထဲနဲ့ လှည့်ပတ်ဗုံးကြဲလို့ ရမှာပါ ။ လေယာဥ်မှုးတွေ များများနားရတာပေါ့ဗျာ ။

ကဲ SU 34 ပဲ ရရ ၊ ဘယ်လေယာဥ်ပဲ ဖြစိနေပါစေ ရန်သူကို သွေးလေခြောက်ခြားအောင် လုပ်နိုင်ကြတာချည်းပါပဲ ။ ဖြစ်နိုင်တာကတော့ SU 34 ဖြစ်ဖို့ များပါတယ် ။ ဂြိုလ်တု နဲ့ အသေးစားနျူကလီးယား စက်ရုံတောင် သဘောတူထားမှတော့ သူတို့ပေးချင်ရင် SU 34 ဆိုတာ အလွယ်လေးပေါ့ဗျာ ။

ကဲ ရှာဖွေ စုဆောင်းလို့ ရခဲ့တဲ့ လေယာဥ်စနစ် ဗုံးစနစ်အကြောင်းကို နားလည်သလောက် ပြန်လည် မျှဝေလိုက်ရပါတယ် ။ ရှေ့က ရေးခဲ့သော ဆရာသမားများအားလုံး ခရက်ဒစ်ပါဗျာ ။

ကိုရွှေမျိုးဝင်း
Thae Thae🇲🇲🇲🇲🇲🇲

12 Mar, 13:50

348

ညံ့တာထက် ဆိုးနေပြီလား....?
===========================

လတ်တလော စစ်မျက်နှာ အသီးသီးမှာ အပေါင်းလက္ခဏာတွေ အင်မတန် များနေရတာ တွေ့ရပါတယ် ။ သို့သော် အားမနာတမ်း ဝန်ခံရရင်တော့ အညံ့ဆုံး စစ်တိုင်းက လပခ ဖြစ်နေတာလည်း တွေ့ရပါတယ် ။

မတ္တရာ ထိုးစစ်ကြည့်လိုက် ရွာတရွာသိမ်းပြီး တပတ် ဆယ်ရက် ရှေ့မတိုးတော့ဘူး ။ ဒီစကေးနဲ့ မတ္တရာတနယ်လုံးကို နောက်ဘုရားပွင့်မှ ပြန်ထိမ်းချုပ်နိုင်ပါလိမ့်မယ် ။

တခါ နောင်ချိုဘက်ကို ထိုးဖောက်နေတဲ့ စစ်ကြောင်းက အုမ္မတီး အုမ္မခါးက ရှေ့ဆက်မတက်နိုင်တာ လေး လ လောက်ရှိပြီ ။ တဖက်စစ်မျက်နှာက တောင်ခမ်းသူရဲကောင်းများ ခဲရာခဲဆစ် တောင်ကုန်း တကုန်းပြီးတကုန်း တိုက်ယူလာတာ နောင်ချိုအစပ်ရောက်လာပြီ ။ မြေပြန့်က စစ်ကြောင်း ဒီအတိုင်းပဲ ။


လိုင်းပေါ်မှာတော့ အော်နေတာပဲ ဗျူဟာမှူးကြီး သူရဲကောင်းဘွဲ့ရ သီဟသူရ ဘယ်သူဆိုလား.... ? လက်တွေ့ စွမ်းဆောင်ရည် အရတော့ အဲဒီဘွဲ့ ဘယ်လိုရထားသလဲ ပြန်မေးရတော့မှာပဲ ။

ဖယောင်းတောင် ၊ အယ်လ်ဖာဘိလပ်မြေစက်ရုံ ထိုးစစ်ဆင်ဖို့ လပခ တိုင်းမှူးကြီး စစ်သုံးမြေပုံ ပျောက်နေပုံပဲ ၊ မန္တလေးနဲ့ နီးလွန်းလို့ မျက်စိလျှမ်းနေပုံပဲ ။

ရွှေတွင်းတွေရှိတဲ့ သပိတ်ကျင်းစစ်ကြောင်း တွင်းငယ်ကနေ အပေါ်တက်မလားသတင်းနားထောင်နေတာ ဘာသံမှ မကြားရသလိုပဲ ။ ရွှေတွင်းတွေဆို ဘေးမသီ ရန်မခ တူးမြဲ ခိုးမြဲပေါ့ဗျာ ။ မိုးကုတ်ဆို ပိုဆိုးပြီပေါ့ တခါတခါ ဗုံးကြဲပြတာလောက် မစို့မပို့ လုပ်နေတာ မြင်ရတယ် ။

ကဲ ဘာ သယံဇာတမှ မထွက်တဲ့ မြင်းခြံ တောင်သာ နွားထိုးကြီး ကြည့်လိုက် ။ စနစ်ကျတဲ့ ပူးပေါင်းထိုးစစ် တကြိမ်မှ မလုပ်ဘူး ။ ပြည်သူ့စစ်အင်အားတောင့်တဲ့ မြင်းခြံက ထိုးစစ်ဆင်တယ် ။ ကျည်ဆံ လက်နက် လုံလောက်ပြည့်စုံအောင် ဘယ်တော့မှ ထောက်ပံ့မပေးဘူး ။

မြင်းခြံထိုးစစ်နားရပြီဆိုမှ နွားထိုးကြီးကို ထိုးစစ်ဆင်သတဲ့ ။ ဒရုန်းလည်းမတွေ့ရ ၊ နယ်ခံပသစရော ပါလားတောင် မသိဘူး ( မြင်းခြံပသစ တော့ မပါဘူး) ရမ်းသမ်း ထိုးစစ်ဆင်သတဲ့ ။

DSA သင်တန်း ၄ နှစ်ကြီးများတောင် ပင်ပင်ပန်းပန်း တက်လာပြီး မွမ်းမံသင်တန်းပေါင်းစုံ ဆက်တက်လာရတဲ့ တက်မတော် စစ်ကြောင်းမှူးအဆင့်က ထန်းရည်သောက် မြက်ခြောက်စားပြီး မနေ့တနေ့ကမှ သေနတ်မြင်ဖူးတဲ့ စောကျပိနျးတှကျေို ဖင်ခံရသတဲ့ ။

တကြိမ် မဟုတ်ဖူး နွားထိုးကြီးမှာ ၂ ကြိမ် ရှိပြီ ။ သီတာယုမွန်ရဲ့ ကွပ်ကဲမှုအောက်က ပသစ တောင် ခြုံခိုအပစ်ခံလို့ ကားပေါ်က ၄ ဦးပဲ အများဆုံးကျဖူးတယ် ။ အဆင့်မြင့်တိုက်ခိုက်ရေးကျောင်း သင်တန်းဆင်း DSA တွေက အစုလိုက် အပြုံလိုက် ဒီလိုချည်းဆိုတော့ ဘယ်နဲ့လုပ်ကြမလဲ ။

တပ်က ဘယ်ကလဲဆိုတော့ ပခုက္ကူ တပ်မ ၁၀၁ တဲ့ ။ သူ့နားက PDF တောင် ထွက်မတိုက်ရဲတဲ့ ၁၀၁ ကို နယ်စိမ်းဖြစ်တဲ့ နွားထိုးကြီးလာတိုက်ခိုင်းတဲ့ ဗျူဟာကလည်း ချီးကျူးစရာပါပဲ ။

တခြား စစ်မျက်နှာတွေမှာ ဒရုန်းတွေ ဖောခြင်း သောခြင်း သုံးနေတာ မမြင်ချင် အဆုံးပဲ ။ မြန်မာပြည်အလယ်ပိုင်း မြေပြန်မှာတော့ ဒရုန်းလည်း မမြင်ရ ၊ စက်တပ်လေထီးလည်း မတွေ့ရနဲ့ လပခ တိုင်းမှူးရဲ့ စီမံခန့်ခွဲမှုကတော့ သံသယဖြစ်စရာ ရှိနေပြီ ။

ကဲ ပရိတ်သပ်ကြီးကော မညာတမ်း ပြောကြည့်စမ်းပါ လပခ ရဲ့ ထိုးစစ်တွေကို ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့ ချင့်ချိန်ပြီး အောင်မြင်နေပါတယ်လို့ ယူဆပါသလား ။ မလုပ် မရှုပ် မပြုတ် ရန်သူတွေနဲ့ လက်ဝါးခြင်းရိုက်ပြီး သံယံဇာတ ဝေစု ရယူနေတယ်လို့ ယူဆပါသလား ။

ယခုနောက်ဆုံး နွားထိုးကြီး ဖြစ်စဥ်အရဆိုရင် သယံဇာတ မထွက်လို့ ရန်သူ့အတွက် လက်နက် ခဲယမ်း အစုံအလင် ထောက်ပံ့နေသလားတောင် တွေးလို့ရနေပါတယ် ။ နွားထိုးကြီးမှာ ၂ ကြိမ်ထိ ခံခဲ့ရတာ တိုင်းမှူးမှာ တာဝန်ရှိပါတယ် ။ သာမန်ညံ့ရုံဆို တော်သေးတယ် ညံ့တာထက် ဆိုးနေရင်မှဖြင့်....ပေးဆပ်လို့ကို ဆုံးမှာ မဟုတ်တော့ဘူး ။

ကိုရွှေမျိုးဝင်း
Thae Thae🇲🇲🇲🇲🇲🇲

12 Mar, 04:25

1,475

အမေရိကန်အစိုးရက ယူကရိန်းကို
စစ်ရေးအကူအညီတွေနဲ့ စစ်ထောက်လှမ်းရေး
အချက်အလက်တွေ မျှဝေမှု ရပ်ဆိုင်းထားခြင်းကို
အလျင်အမြန်ချက်ချင်း ဖယ်ရှားပေးမယ်လို့
ကြေညာတယ်။ အဓိပ္ပါယ်က ဘိုင်ဒင်လက်ထက်က
အနေအထားအတိုင်း ယူကရိန်းဟာ ရုရှားကို
ရင်ဆိုင်တိုက်ခိုက်ဖို့ အမေရိကန် အကူအညီတွေ
ပြန်လည်ရရှိမယ်လို့ ဆိုတဲ့သဘောပါဘဲ။

ဒီတော့ အမေရိကန်လိုချင်နေတဲ့ အီရန်နဲ့
နျူကလီယာလက်နက် သဘောတူညီမှု ရရှိရေး
ရုရှားက ကူညီပေးမယ် ဆိုတာက နှောင့်နှေးသွား
လိမ့်မယ်လို့ ယူဆရတယ်။ ဒီကနေ့ အီရန်က
အမေရိကန်နဲ့ နျူကလီယာလက်နက်ကိစ္စ
ဆွေးနွေးပွဲအတွက် စိတ်အားထက်သန်ပုံ မပြဘူး။

ယူကရိန်းကို အမေရိကန်က ဆက်လက်ကူညီ
နေဦးမယ် ဆိုရင် အီရန်-မြောက်ကိုးရီးယား-ယီမင်
စတဲ့ နိုင်ငံတွေကို ရုရှားက ထပ်မံ ကူညီရေး
လက်နှေးနေမှာ မဟုတ်ဘူး။ PROXY တွေနဲ့
ဆက်ပြီး ကစားနေဦးမှာပဲ။ နိုင်ငံကြီးတွေရဲ့
ကစားကွက်တွေ ကြားမှာ ဘယ်နိုင်ငံတွေ
ဖွတ်ဖွတ်ညက်ညက်ကြေမလဲ စိတ်ဝင်စားစွာ
စောင့်ကြည့်ကြရမှာပါခင်ဗျ။

The United States will "immediately lift" its pause on intelligence sharing and military aid to Ukraine cnn.it/3Fn9HWE
#Yang Aung
Thae Thae🇲🇲🇲🇲🇲🇲

12 Mar, 03:21

1,041

မနေ့ညက
မတ္တရာမြို့နယ်
မိုးကုတ်-မန္တလေး ကားလမ်းဘေးမှာရှိတဲ့ ဝသုန္ဒရရွာထဲကို TNLA/PDFတွေ ရည်ရွယ်ချက်ရှိရှိ နဲ့ ရှော့တိုက်ဒုန်းပစ်ထဲ့မူကြောင့် အပစ်မဲ့ပြည်သူ ၄ယောက်ပွချင်းပြီးသေဆုံးပြီး ၁၀ယောက်ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။