أحدث المنشورات من Tech World MM (@techworldmm) على Telegram

منشورات Tech World MM على Telegram

Tech World MM
Tech သတင်းတွေ Up to Date သိနိုင်ဖို့
2,186 مشترك
322 صورة
6 فيديو
آخر تحديث 09.03.2025 05:29

قنوات مشابهة

Z Fighter News [⌨︎]
19,203 مشترك
Sint Nyi
3,342 مشترك

أحدث المحتوى الذي تم مشاركته بواسطة Tech World MM على Telegram

Tech World MM

16 Feb, 16:11

275

Xiaomi Ultra ဖုန်းတွေက ကင်မရာအဝိုင်းကြီးကြီး နဲ့ပဲ ထွက်ခဲ့လေတော့ Xiaomi 15 Ultra ရဲ့ ဒီဇိုင်းကတော့ အားရချက်ပဲ
Xiaomi က ဒီဖုန်းရဲ့ Design Language မှာ ကင်မရာအဝိုင်းက ကြီးနေမှတော့ မထူးဘူးဆိုပြီး တကယ့် LEICA Camera လို Style ဖြစ်သွားအောင် နည်းနည်းထပ်ထည့်ထားတာလေးတွေတွေ့ရတယ်
ကျောဘက်က Dual Tone ပုံစံဆိုရင် LEICA ရဲ့ ကင်မရာတွေမှာ အတွေ့များရတဲ့ Signature Look ပေါ့ဗျာ
နောက်တခုက ဖုန်းရဲ့ အပေါ်ဘက် ထောင့်မှာ Ultra ဆိုတဲ့စာသားကို သီးသန့်ထည့်ပေးထားတာက အတော်လေး အထာကျတယ်
တခြား Spec တွေတော့ သိပ်မတွေ့ရသေးပေမဲ့ Camera ပိုင်းမှာ 200MP အထိ ပါလာမယ်လို့ သတင်းတွေထွက်နေပါတယ်
Tech World MM

15 Feb, 14:49

292

မသေချာတဲ့ iPhone Air လောက်စာရင်းထဲထည့်မနေနဲ့ ခေါက်လို့လဲရတယ် ၊ ပါးလဲပါးရမယ် ဆိုတဲ့ဖုန်း OPPO က တကယ် ထုတ်တော့မယ်

နာမည်က Find N5 တဲ့ ဖုန်းကဖြန့်ထားရင် ဘယ်လောက်ပါးလဲဆိုရင် USB ပေါက် တစ်ခုစာပဲ အထူရှိတယ် 4.2mm ပါတဲ့ ဒါတောင် Battery က 5600 mAh ပါဦးမယ်

အခု လက်ရှိ အပါးဆုံး Honor Magic V3 က 4.35mm ဆိုတော့ 0.15mm ပိုပါးမယ်ပေါ့

ဒီဖုန်းမှာ ဘာထူးခြားလဲဆိုရင်တော့ ပါးတာပဲ ၊ နောက်တစ်ခုကတော့ ဖုန်းက ခေါက်ဖုန်းဖြစ်ပေမဲ့ Display မှာ ခေါက်ရာ မရှိသလောက် နည်းမယ်ပြောတယ်

တကယ်ဟုတ်မဟုတ်ကတော့ ထွက်လာမှပဲသိရမယ်ပေါ့ Visually မြင်ရတာ ပါးတဲ့တချက်ကတော့ တကယ်ပါ
Tech World MM

14 Feb, 19:46

266

iPhone 15 က 2024 ရဲ့ရောင်းအကောင်းဆုံးဖုန်းတဲ့

iPhone ဆိုရင် ဟိုဟာမကောင်းတာ ၊ ဒီဟာမကောင်းတာနဲ့ ဝေဖန်တာတွေပဲ တွေ့ကြရတဲ့အချိန်မှာ

Counterpoint Research ရဲ့ စစ်တမ်းထွက်လာတော့ လူတစ်စုပြောကြသလို လူတိုင်းက ဂျင်းဖုန်းပဲဝယ်နေကြတာလား? ဒါမှမဟုတ် တကယ်ကောင်းလို့ဝယ်နေကြတာလား?

Counterpoint Research ရဲ့စစ်တမ်းကိုရှင်းပြရရင်

iPhone 15 က နံပါတ် ၁
iPhone 15 Pro Max က နံပါတ် ၂
iPhone 15 Pro က နံပါတ် ၃ ပါတဲ့

Samsung ကတော့ နံပါတ် ၄ မှာ Galaxy A15 5G က နေရာယူထားပြီး ကျန်တဲ့ နံပါတ် ၁၀ အထိ နောက်ထပ် Samsung ဖုန်း ၃ လုံးထပ်ပါဝင်ပါတယ်

ရှင်းအောင်ပြောရရင် ရောင်းအားအကောင်းဆုံး ဖုန်းတွေရဲ့ Top-Ten Chart မှာ
Apple က နေရာ ၆ ခု
Samsung က နေရာ ၄ ခု ယူထားနိုင်တာပါ

ကဲပါ ဒါက 2024 ရဲ့စစ်တမ်းကိုဖော်ပြတာပါ 2023 စစ်တမ်းမှာလဲ မထူးရှာပါဘူး

Apple က နံပါတ် ၁ ကနေ နံပါတ် ၇ အထိ ဖုန်း ၇ လုံးနဲ့
Samsung က နံပါတ် ၈ ကနေ နံပါတ် ၁၀ အထိ ဖုန်း ၃ လုံးနဲ့ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဖုန်းစာရင်းမှာနေရာယူထားပါတယ်

ဆိုတော့ဗျာ ကျနော်တို့ပြောနေကြတဲ့ P2P ကောင်းတဲ့ Xiaomi Phone တွေဘာလို့ Global Top 10 Best Selling Phone စာရင်းထဲ တလုံးတလေတောင်ပါမလာလဲ စာရင်းကောက်တဲ့သူပဲကျန်ခဲ့လားတော့ စဉ်းစားရင် သတင်းလေးဖော်ပြလိုက်ရပါတယ်

ကျနော့်အမြင်မှာဆိုရင် ဖုန်းကို ဖုန်းလို သုံးဖို့ရွေးကြတဲ့အခါ Samsung နဲ့ Apple ဖုန်းလောက်ပဲ ရွေးကြတဲ့ပုံပါပဲ

ဒီလိုပါ ဖုန်းတလုံးလိုပဲအသုံးချဖို့လိုတဲ့အခါ P2P လောက်သွားကြည့်ဖို့မလိုတော့ပါဘူး ဒီစျေးမှာ ဒီ Performance ရမှ ဆိုတာထက် ဒီစျေးတန်းမှာ ဒီ Brand က ဘာဖုန်းထုတ်ထားလဲ ကိုယ့်နဲ့ကိုက်ရင် ဝယ်ကြတဲ့ပုံဖြစ်နိုင်ပါတယ်

ဒါပေမဲ့ ဖုန်းကို ဖုန်းတလုံးလိုအသုံးမချပဲ ကိုယ်က ဘက်စုံသုံးချင်တာမျိုး၊ စျေးလဲသက်သာဦးမှဆိုရင်တော့ Xiaomi လို P2P ကောင်းတဲ့ ဖုန်းတွေကို ရွေးနေရဦးမှာပါပဲ ဒါကလဲ Performance ကို ပိုအသားပေးတာက လူနည်းစုမလို့ Top-Ten Chart ပေါ်တောင်တက်မလာတာလဲဖြစ်နိုင်ပါတယ်
Tech World MM

14 Feb, 14:52

215

အခုသိရတဲ့အချက်တွေအရဆိုရင် S25 Edge က 162g ပဲလေးမယ် 6mm ဝန်းကျင် ပဲ ထူမယ်လို့ဆိုပါတယ်

ကင်မရာတွေ ပြုံထည့် ၊ Size တွေကြီး ပြီးတဲ့အချိန် ဖုန်းတွေက ထူပြီး လေးလာကြပါတယ်

အခုနှစ်စမှာတော့ ဖုန်းတွေ ပေါ့ဖို့ ၊ ပါးဖို့ Trend ကိုရောက်သွားကြပြန်ပါပြီ

နှစ်စပိုင်းရဲ့ Flagship အပါးဆုံးဖုန်းဆိုရင် S25 Edge ပဲ ထွက်တော့မထွက်သေးပေမဲ့ပေါ့

စိတ်မကောင်းစရာသတင်းက 3900 mAh Battery ပဲပါမယ်လို့ သတင်းထွက်နေတယ် Silicon-Carbon Battery ဆိုတဲ့ အဖြေရှိနေတာကို Samsung သုံးမယ့်ပုံမရှိပါဘူး

April 2025 မှာ မိတ်ဆက်မယ်လို့သတင်းကြားနေရပါတယ်
Tech World MM

14 Feb, 13:19

205

Luxury ဆန်တဲ့ Ancora Red ဆိုတဲ့ ကာလာနဲ့ vivo V50 ပါတဲ့ ဖက်ရှင်ကျတဲ့အရောင်ကိုနှစ်သက်တဲ့ သူတွေအတွက်တော့ မြင်တာနဲ့လိုချင်စရာဖြစ်နေမှာပါ

#vivoV50
#ZEISSPortraitSoPro
#AncoraRed
#ComingSoon
Tech World MM

13 Feb, 16:08

209

OLED Display , FaceID, Apple Intelligence တွေပါတဲ့ iPhone ကို $500 ဝန်းကျင်နဲ့ဖြစ်လာနိုင််မယ်ဆိုပြီး သတင်းထွက်နေတယ်
ပိုထူးတာက Design အသစ်နဲ့လဲဖြစ်ဦးမယ်ပေါ့ SE ထဲမှာ ပထမဆုံးပဲ အရင်ဖုန်းတွေက Chipset ပြောင်းပြီး Design အဟောင်းပဲသုံးတာပါ
လက်ရှိ Apple ရောင်းနေတဲ့ iPhone တွေကို တချက်ကြည့်ရင်
$429 iPhone SE ကိုဖယ်လိုက် ၊ အသစ်က သူ့နေရာကိုဝင်မှာ
$599 iPhone 14 ရှိမယ်
$699 iPhone 15 ရှိမယ်
$599 နဲ့ $699 နဲ့ရောင်းနေတဲ့ iPhone 14 နဲ့ 15 က တစ်ခုကထွက်ထားတာကြာပြီ ၊ Apple Intelligence လဲမရဘူး
iPhone 14 ဆိုရင် Notch နဲ့ပဲဆိုတော့ iPhone SE 4 ရဲ့ သတင်းအတိုင်းသာဆိုရင် ပိုသာတာ Dual Camera ပဲရှိတော့မယ် iPhone 15 ကတော့ Dynamic Island ပါတာ ပိုသာမယ်ပေါ့
ဆိုတော့ဗျာ ကျနော်တို့တွေ့နေရတဲ့ iPhone SE သတင်းက တကယ်ရော ဟုတ်ရဲ့လား $600 အောက်နဲ့ရောင်းလာရင်တောင် iPhone 14 ကို Apple က အနားပေးမှဖြစ်တော့မှာပါ
စကားမစပ် iPhone SE မှာသုံးလာနိုင်တယ်လို့ သတင်းထွက်နေတာ A18 Chipset ပါ
နောက်တစ်ပတ်ထဲ မိတ်ဆက်လာနိုင်တယ်ဆိုတော့ စောင့်ပဲကြည့်ကြတာပေါ့
Tech World MM

13 Feb, 14:49

194

AirPods တွေမှာ နှလုံးခုန်နှုန်းတိုင်းနိုင်တဲ့ Sensor ပါလာဖို့က သေချာသလောက်ရှိပြီ

PowerBeats Pro 2 က အားကစားသမားတွေအကြိုက်ပဲနေမှာပါ

အဓိက အချက်က Heart Rate Monitoring လုပ်လို့ရမယ်

အရင်ကထက် ပိုပါး ၊ ပိုပေါ့မယ် ၊ ကြိုးမဲ့အားသွင်းစနစ်ရမယ့် အားသွင်းဘူးပါလာမယ်

နောက်ပြီး နားထဲမှာ အံဝင်ခွင်ကျဖြစ်စေဖို့ရယ် အားကစားလုပ်တဲ့အချိန် ကျွတ်မကျဖို့ ရယ်ကို သေချာလုပ်ထားတယ် ပြောတယ်

Active Noise Cancellation, Transparency Mode နဲ့ Adaptive EQ တွေလဲရဦးမယ်

Powerbeats တွေက အမြဲထုတ်တဲ့ Product တော့မဟုတ်ဘူးဗျ Pro ဆိုရင် 2019 က နောက်ဆုံးထုတ်ထားတာဆိုတော့ အခုမှဆိုအတော်ကြာနေပြီ

2010 က စပြီးထုတ်တယ် 2014, 2016, 2019 မှာပဲ အသစ်တွေမိတ်ဆက်ခဲ့တော့ Product Lineup က ဆယ်စုနှစ် တခုကျော်အကြာမှာတောင် အမျိုးအစား ၅ ခုပဲရှိသေးသဗျ Pro Model ဆိုရင် အခုမှ ၂ မျိုးပဲရှိသေးတယ် သုံးတဲ့သူတွေကတော့ တကယ်တန်ချက်ပဲ
Tech World MM

13 Feb, 04:47

203

https://telegra.ph/ColorOS-%E1%80%80-iOS-%E1%80%94%E1%80%95%E1%80%80%E1%80%99%E1%80%9C%E1%80%95-02-11
Tech World MM

12 Feb, 09:49

221

https://telegra.ph/%E1%80%80%E1%80%99%E1%80%98%E1%80%A1%E1%80%95%E1%80%9C%E1%80%86-3D-%E1%80%99%E1%80%94%E1%80%A1%E1%80%81-Budget-Gaming-%E1%80%96%E1%80%94-02-11
Tech World MM

12 Feb, 04:42

239

https://telegra.ph/ColorOS-15-%E1%80%99-%E1%80%98%E1%80%90%E1%80%80%E1%80%99%E1%80%9C-02-11