ငါ ဒုက္ခရောက်နေတာ သိရဲ့နဲ့တောင်
ဘယ်သူမှ လာမကူညီကြဘူးဆိုပြီး
အသိတွေအပေါ် စိတ်ဆိုးခဲ့မိဖူးတယ်။
ဖြေရှင်းရင်းနဲ့ ပြန်အဆင်ပြေသွားတဲ့
အချိန် သူ့ဘက် ကိုယ့်ဘက်
ပြန်တွေးကြည့်မိတော့ မှ ရှက်မိတာ။
တကယ်ကလေ ..
" ကိုယ် ဒုက္ခရောက်တာကို
လာကူညီဖို့ ဘယ်သူ့မှာမှကို
တာဝန်မရှိတာပါ။ "
ကိုယ်လုပ်ရပ်တွေကြောင့်ပဲ
ဒုက္ခ တွေ့တွေ့ ၊
သူများ လာဒုက္ခပေးလို့ပဲ
ဒုက္ခ တွေ့တွေ့၊
ကံဆိုးလို့ပဲ ဒုက္ခတွေ့တွေ့၊
ဘာအကြောင်းကြောင့် ဒုက္ခတွေ့တွေ့
ကိုယ့်ရဲ့ဒုက္ခတွေက ကိုယ်နဲ့ပဲဆိုင်ပြီး
ကိုယ့်မှာပဲ တာဝန်ရှိတာပါ။
ကိုယ့်ဒုက္ခတွေကို လာကူညီဖို့ကလည်း
ဘယ်သူ့မှာမှ တာဝန်ရှိမနေပါဘူး။
ကိုယ့်မှာပဲ တာဝန်အပြည့်ရှိတာမလို့
ဒုက္ခရောက်နေရင် ဟိုလူ၊ ဒီလူ
လာကယ်တာကို မစောင့်ပါနဲ့။
အဲဒီ ဟိုလူ၊ ဒီလူတွေမှာလည်း
သူ့ဒုက္ခနဲ့ သူ ရှိနေကြတာပါ။
ဒုက္ခသေးတာ၊ ကြီးတာ၊
နည်းတာ ၊ များတာပဲကွာသွားတာပါ။
ဒီတော့ " ငါ ဒုက္ခရောက်တဲ့အချိန်
လာမကူရကောင်းလား " ဆိုပြီး
ဘယ်သူ့ကိုမှ စိတ်မဆိုးမိပါစေနဲ့။
ဘယ်သူ့ဆီကမှ ဘာမှမမျှော်လင့်ပဲ
ကိုယ့်ပြဿနာတွေ ကို
ကိုယ်တိုင် ပြေလည်အောင်ဖြေရှင်းပါ။
ကိုယ့်တာဝန် ကိုယ်ယူပါ။
ကိုယ့်အား ကိုယ်ကိုးပါ။
ဒါကိုမှ ကိုယ်ချင်းစာလို့
လာပြီး ကူပေးတဲ့ သူရှိတော့လည်း
Bonus လို့မှတ်လိုက်ပေါ့။
မျှော်လင့်ထားပြီး မရရင်
စိတ်ပင်ပန်း ရသလို
မမျှော်လင့်ပဲ ရပြန်ရင်လည်း
ပျော်ရတာမလို့
ဘယ်သူ့ဆီကမှ ဘာမှမမျှော်ပါနဲ့။
မမျှော်လင့်ဘဲနဲ့ ရလာတော့လည်း
ပိုပျော်ရတာပေါ့။
အခုကြုံနေရတဲ့ ဒုက္ခတွေ
ပြဿနာတွေအားလုံးရဲ့ အဖြေက
ဘယ်သူ့ဆီမှာမှ မရှိဘူး။
သင့်ဆီမှာ ပဲရှိတယ်။
အခုကြုံနေရတဲ့ ပြဿနာတွေကို
ဖြေရှင်းနိုင်မယ့်သူကလည်း
တခြားလူမဟုတ်ဘူး။
သင်ကိုယ်တိုင်ပဲ။
လက်ရှိဒုက္ခတွေ၊ ပြဿနာတွေ
အားလုံးကို ကိုယ့်အားကိုယ်ကိုးပြီး
အမြန်ဆုံး ဖြေရှင်း ပြေလည်နိုင်ကြပါစေဗျာ။
Sint Nyi
201.25