Xiaomi က ဒီဖုန်းရဲ့ Design Language မှာ ကင်မရာအဝိုင်းက ကြီးနေမှတော့ မထူးဘူးဆိုပြီး တကယ့် LEICA Camera လို Style ဖြစ်သွားအောင် နည်းနည်းထပ်ထည့်ထားတာလေးတွေတွေ့ရတယ်
ကျောဘက်က Dual Tone ပုံစံဆိုရင် LEICA ရဲ့ ကင်မရာတွေမှာ အတွေ့များရတဲ့ Signature Look ပေါ့ဗျာ
နောက်တခုက ဖုန်းရဲ့ အပေါ်ဘက် ထောင့်မှာ Ultra ဆိုတဲ့စာသားကို သီးသန့်ထည့်ပေးထားတာက အတော်လေး အထာကျတယ်
တခြား Spec တွေတော့ သိပ်မတွေ့ရသေးပေမဲ့ Camera ပိုင်းမှာ 200MP အထိ ပါလာမယ်လို့ သတင်းတွေထွက်နေပါတယ်