Tamwe Nway Oo Channel @tamwenway0o Channel on Telegram

Tamwe Nway Oo Channel

@tamwenway0o


တာမွေမြို့နယ်အတွင်း အာဏာရူးခွေးသူခိုးများအား ဆန့်ကျင်တိုက်ထုတ်နိုင်ရန် မြေပြင် သတင်းမှန်များ စိစစ်သေချာနိုင်ရန် ခွေးမသား လမ်းကြောင်းများ၊ တပ်စွဲနေရာများ၊ CCTV တည်နေရာများ၊ ဒလန်သတင်းပေးများအကြောင်း သတင်းပေးပို့နိုင်ပါသည်။ @TM_Informer

Tamwe Nway Oo Channel (Burmese)

တာမွေမြို့နယ်အတွင်း အာဏာရူးခွေးသူခိုးများအား ဆန့်ကျင်တိုက်ထုတ်နိုင်ရန် မြေပြင် သတင်းမှန်များ စိစစ်သေချာနိုင်ရန် ခွေးမသား လမ်းကြောင်းများ၊ တပ်စွဲနေရာများ၊ CCTV တည်နေရာများ၊ ဒလန်သတင်းပေးများအကြောင်း သတင်းပေးပို့နိုင်ပါသည်။ @TM_InformernnTamwe Nway Oo Channel သည် တာမွေမြို့နယ်တြင် နေရာနှင့် ဒလန်များ အကြောင်းနိုင်မှုများကို စိစစ်ပြဲတင်ပါသည်။ ခွေးသားလမ်းကြောင်းများ၊ တပ်စွဲနေရာများ၊ CCTV တည်နေရာများ၊ ဒလန်သတင်းပေးများ အကြောင်းသတင်းပေးများ လိုက်နာရန် Tamwe Nway Oo Channel ကို အသုံးပြုပါသည။ အိုနေပြီး မြေပြင် သတင်းမှန်များ စိစစ်သေချာ၍ ခွေးမသား လမ်းကြောင်းများကို အသုံးပြုပါသည။ အကောင့်အရင်းအတင်းထုတ်နိုင်မှုများတွင် ဒလန်သတင်းပေးများကို အသုံးပြုပါသည။ ဤနေရာကို အသုံးပြုလိုသူများ TM_Informer အမည်ဖြင့် နွစ်ဆက်ခံပို့နိုင်ရန် လိုအပ်ပါသည။

Tamwe Nway Oo Channel

26 Jan, 02:33


🖥 DAILY HIGHLIGHTS (25 JAN 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ကချင်🔣ဗန်းမော်မြို့က စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA သိမ်းပိုက် – RFA

🟢 နိုင်ငံရေးထူးခြားသတင်းများ

နိုင်ငံရေးပါတီများ🔣PDF များလက်နက်ချရေးနှင့် စစ်မှုထမ်းတိုးခေါ်ရေး နိုင်ငံရေးပါတီများ အကြံပေး – TI

နိုင်ငံရေးပါတီများ🔣စစ်ကောင်စီကို စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူရန် ပြောဆိုခဲ့ခြင်းမရှိဟု ဒေါက်တာအေးမောင် ပြော – AT

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

တရုတ်🔣TNLA ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်တွေကို တရုတ် ဆက်လက်ပိတ်ထား – RFA

ရုရှား🔣ထားဝယ်စီမံကိန်းကို စိတ်ဝင်စားကြောင်း ရုရှား ထပ်မံအတည်ပြု – TI

UN🔣မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြေရှင်းရန် အရေးကြီးဟု ကုလဆိုင်ရာ ကန်သံအမတ်ပြော – DVB

GANHRI🔣စစ်ကောင်စီ၏ လူ့အခွင့်အရေးကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) က အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး အရည်အသွေးသတ်မှတ်ချက်များကိုပါ ဖယ်ရှား – KT

UNOCHA🔣မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို UNOCHA တိုးချဲ့မည် – AT

❗️ ကျားဖြန့်

တိုင်း+တရုတ်🔣ကျားဖြန့်ကွန်ရက်တွေကို တိုက်ဖျက်မယ့် ညှိနှိုင်းဆောင်ရွက်မှုစင်တာတွေ ထူထောင်ဖို့ ထိုင်းနဲ့တရုတ် သဘောတူ – AT

ထိုင်း🔣ကျားဖြန့်များ မီးဖြတ်ရန် အမိန့်လိုအပ်ဟု ထိုင်းလျှပ်စစ်အာဏာပိုင်အဖွဲ့ ထုတ်ပြော – TI

ထိုင်း🔣ထိုင်း-မြန်မာ နယ်စပ်မြို့တွေကို လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့ ထိုင်းပြော – BBC

အခြားထူးခြားသတင်းများ

စစ်မှုထမ်း🔣စစ်မှုထမ်းရမည့် လူငယ်များ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဟု စစ်မှုထမ်းနည်းဥပဒေဖြင့် ပြဋ္ဌာန်း ပိတ်ပင်လိုက်ပြီး စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ပေးပို့တော့မည် – KT

MNDAA🔣အပစ်ရပ်ပြီး လားရှိုး တရုတ်နှစ်ကူးပွဲ ရက်ရှည်ကျင်းပမည် – TI

#RangoonScoutNetwork

Tamwe Nway Oo Channel

25 Jan, 14:45


တာမွေ
*
ဒီနေ့ အာယုဆေးရုံ, ကျိုက္ကဆံလမ်း, တာမွေရဲ့ ခေါင်းမိုးထပ်မှာ စခတွေ တပ်စွဲထား။

အဆိုပါ စခများ ဆေးရုံ မြေညီထပ် ရွှေပုလ္လင်လက်ဖက်ရည်ဆိုင်မှာ ယူနီဖောင်းတွေနဲ့ အစာ ဆင်းဆင်းစားတယ်လို့ သိရ။
*
25 Jan 2025
📬 @Inform_RSN

Tamwe Nway Oo Channel

25 Jan, 09:58


သင်္ဃန်းကျွန်း
*
ရခ ၂ တန် Foton ၁ စီး
မတ်တပ်ရပ် ကင်း ၂ ကောင်ပါ
နောက်ခန်း ရခ အင်အား ၂၀ ခန့်
စံပြဈေးဘက်မှ လေးထောင့်ကန်လမ်းအတိုင်း တာမွေလေး သံလမ်းဘက် မောင်းသွား။
*
4:20 PM
📬 @Inform_RSN

Tamwe Nway Oo Channel

25 Jan, 09:13


🟨 တာမွေ
*
ခွေး ဆိုင်ကယ် ၁ စီး
ရခ DC ၃ စီး
စခ DC ၁၃ စီး
လန်ခရူဇာ အမဲ ၂ စီး
ဝေဇယန္တာလမ်းဘက်မှ လေးထောင့်ကန်လမ်းအတိုင်း အရှေ့မြင်းပြိုင်ကွင်းလမ်းဘက် မောင်းသွား။
*
3:25 PM
📬 @Inform_RSN

Tamwe Nway Oo Channel

25 Jan, 09:09


တာမွေ
*
ရခ DC ၁ စီး
ရခ ၃ ကောင် (အပြင်)
ရခ ၁ ကောင် (ယာဉ်မောင်း)
ရခ ၁ ကောင် (နောက်ခန်းထိုင်)
အရှေ့မြင်းပြိုင်ကွင်း လမ်း၊ Super One နား၊ Applo Hotel ရှေ့ ကားရပ်ထား။
*
3:35 PM
📬 @Inform_RSN

Tamwe Nway Oo Channel

25 Jan, 09:02


⚠️တက္ကသိုလ်ရိပ်သာလမ်း

တက္ကသိုလ်ရိပ်သာလမ်းသစ်ကနေ ဆရာစံလမ်းတလျောက် ဘဲဥအများကြီးရှိ ၊ စခ dc တွေ ပတ်ပတ်လည် ကင်းပတ်နေ။

⚠️ မအလရန်ကုန်ရောက်နေသောကြောင့် ခွေးတွေခြေရှုပ်နေသဖြင့် ပြည်သူတွေ သတိပြုသွားလာကြပါ )

3:24 PM
From - @BSNinformer

Tamwe Nway Oo Channel

25 Jan, 08:06


ရန်ကုန်
*
စခ + ရခ + ဘဲဥများ + အရပ်ဝတ်များ
ဘဲဥကား၊ ဆိုင်ကယ်၊ ရခကားများ၊ စခကားများ
တာမွေ ကြက်ဘဲဈေးမှ သင်္ဃန်းကျွန်း သုဝဏ္ဏလမ်းဆုံ သာကေတ မင်းနန္ဒလာလမ်းမှ သာတေအဝိုင်းတလျှောက် မှတ်တိုင်များနှင့် လမ်းသွယ်ထိပ်များတွင် ကင်းချထား။
*
2:24 PM
📬 @Inform_RSN

Tamwe Nway Oo Channel

25 Jan, 05:54


နတ်မောက်လမ်း

ကမ္ဘာအေးဘုရားလမ်းနဲ့ နတ်မောက်လမ်းထောင့် ဆင်ရုပ်တုနား ဘဲဥ ၂ ကောင် ကားအကောင်းစားတစ်စီးကို ထပ်တားနေ

12:13 PM
From - @BSNinformer

Tamwe Nway Oo Channel

25 Jan, 05:19


🚨  တာမွေ  🚨
စစ်ခွေး ၃ ကောင် ကျိုက္ကစံလမ်း နဲ့ လေးထောင့်ကန်လမ်းထောင့် မှာ ရှိ၊ ဘဲဥရုံမှာ ရဲခွေး ၂ ကောင်၊ သူ့ရှေ့နား ရဲခွေး ၁ ကောင် ကင်းရှိ။

⏱️11:29 am

@TM_Informer

Tamwe Nway Oo Channel

25 Jan, 04:51


တာမွေ
*
သုဝဏ္ဏ အားကစားကွင်းနှင့်နီးသည့် တာမွေမြို့နယ်၊ မေတ္တာညွန့်ဘက်ထဲလည်း စခအများအပြားရှိ။

စက်မူ ၂ လမ်းထိပ် dc 2 စီး ရှိ

မာလာနွယ်လမ်းထဲ စခ Dc ၁ စီးရှိ
*
9:14 AM
📬 @Inform_RSN

Tamwe Nway Oo Channel

24 Jan, 14:59


တာမွေမြို့နယ် ပုဏ္ဍာကုန်းရပ်ကွက်မှာ ထင်တိုင်းသောင်းကျန်း စစ်မှုထမ်းစုဆောင်းပေးနေတဲ့ ​မြို့နယ်ကြံ့ဖွတ်အတွင်းရေးမှူး အောင်ခင်တို့မိသားစု မနေ့က ခရမ်းမှအပြန် သုံးခွကားကြီးနှင့်တိုက်မိပြီး မိသားစုလိုက်ဆေးရုံရောက်ရှိ...

မိန်းမ ၅၀-၅၀ အခြေအနေမကောင်း 😂😂 သမီးကြီးသေဆုံး 😂😂
သားက ခါးကျိုး 😂😂
ချွေးမက မျက်နှာစုတ်ပြတ် 😂😂
ညီမဝမ်းကွဲသေဆုံး 😂😂

#HPC

Tamwe Nway Oo Channel

24 Jan, 05:57


ရန်ကုန်၊ မြို့နယ်အချို့တွင် စစ်မှုထမ်းအကျုံးဝင် အမျိုးသမီးစာရင်း လိုက်လံကောက်နေဟုဆို

24 Jan 2025 By Ko Paing / MPA

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးစာရင်းကို စစ်ကောင်စီက လိုက်လံ ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကျောက်တန်း၊ သန်လျင်၊ သာကေတနှင့် တာမွေမြို့နယ်တို့တွင် အသက်၁၈နှစ် နှင့် ၂၇နှစ်ကြား စစ်မှုထမ်းအကျုံးဝင် အမျိုးသမီးများစာရင်းကို စစ်ကောင်စီက ကောက်ခံနေကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်သည်။

“အမျိုးသမီးစစ်မှုထမ်းနဲ့ပတ်သက်ပြီး ရန်ကုန်မှာ အခုလောလောဆယ် ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုးတော့ မကြားရသေးဘူး။ဒါပေမဲ့၊စစ်တပ်က နေရာတိုင်းမှာ အသေများနေတယ်။ တိုက်ပွဲဧရိယာလည်း ပိုကျယ်လာတယ်ဆိုတော့ စစ်သားတော်တော်များများကို ရှေ့တန်းပို့ပြီး အမျိုး သမီးတွေ လုပ်နိုင်တဲ့အပိုင်းတွေမှာ ရဲမေတွေ အစားထိုးခိုင်းဖို့ သိပ်မကြာခင် အမျိုးသမီးစစ်မှုထမ်းကိ စ္စ စတင်နိုင်တယ်”ဟု ရန်ကုန်အခြေစိုက် ရဲသတင်းရင်းမြစ်က MPAသို့ ပြောသည်။

ဇန်နဝါရီ၂၃ရက်တွင် ကျောက်တန်းမြို့၊ ရွှေကုန်းရပ်ကွက်နှင့် သန်လျင်မြို့၊ဗိုလ်ချုပ်ဘက် တို့တွင် အမျိုးသမီးစာရင်းကောက်ယူခဲ့သလို သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်နှင့် တာမွေမြို့နယ်၊ မဂ္ဂင်လမ်းထဲတွင်လည်း စာရင်းကောက်သွားကြောင်း Rangoon Scout Network ကဆိုသည်။

၂၀၂၄ခုနှစ်၊ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း မွန်ပြည်နယ်၊သထုံမြို့ပေါ်၌ ဧည့်စာရင်းစစ်ရင်း ဖမ်းဆီး ခြင်းခံရသည့် အမျိုးသမီးငါးဦးကို စစ်မှုထမ်းသင်တန်းဖွင့်လှစ်ထားသည့် သထုံမြို့နယ်၊အမှတ်ကိုး လေ့ကျင့် ရေးတပ်ထဲသို့ ပို့ဆောင်ခဲ့ကြောင်း မွန်ပြည်နယ်ပကဖက ပြောကြားထားသည်။

Rangoon Scout Network သည် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ လှုပ်ရှားမှုနှင့် ပတ်သက်သည့် မြေပြင်သတင်းများနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းတင်ပြပေးနေသော နွေဦးတော်လှန်ရေးစာမျက်နှာ တစ်ခုဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/HAvIa
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

စာတည်း - ML
#ရန်ကုန် #စစ်မှုထမ်း #အမျိုးသမီး #စစ်ကောင်စီ #MPA #Ko_Paing

Tamwe Nway Oo Channel

24 Jan, 04:39


⬜️ တာမွေ
*
ကြက်ဘဲဈေး gasဆိုင်အကျော် မတရားရုံးအကွေ့ဘက် ၂ ကြောမှာ ဒုတိယအကြောကနေ တည့်လာတဲ့ကားတွေကို ခွေးဘဲဥ ၄ ကောင် အပေါ်ထိ တက်တားပြီး အစာကောက်နေ
*
11:01 AM
📬 @Inform_RSN

Tamwe Nway Oo Channel

24 Jan, 04:38


တာမွေ
*
စခ ခေါင်းတို ၁ စီး အင်အားအများအပြားပါ သဓိပဌာန်ဘက်ကနေ ကြက်ဘဲဈေးမီးပွိုင့်ဘက်ဆင်း
*
10:59 AM
📬 @Inform_RSN

Tamwe Nway Oo Channel

24 Jan, 04:37


🚨  တာမွေ  🚨.   (Delayed)

ဆိုင်ကယ်အမဲ1စိးအရပ်၀တ်ခွေးတစ်ကာင်၊ အက်ျီအမဲလက်ရှည် ဦးထုပ်အနီဆောင်းထား၊ တာမွေမလွကုန်းအောက်ဘက်မှလာပြီး မြို့ပတ်လမ်းအတိုင်းအောင်မဂ်လာလမ်းဘက်သွား
တော်လှန်ရဲဘော်များဂရုပြုပါ။

10:45 am

@TM_Informer

Tamwe Nway Oo Channel

24 Jan, 03:07


🖥 DAILY HIGHLIGHTS (23 JAN 2025)

🔴 စစ်ရေးထူးခြားသတင်းများ

ကချင်🔣ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် – DVB

ရှမ်း🔣ကိုးကန့် MNDAA နှင့် ယာယီအပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ရှမ်းမြောက် နှင့်ရှမ်းတောင်တွင် စစ်အင်အားများ အကြီးအကျယ် ဆက်လက် ချဲ့ထွင်ပြီး ရိက္ခာနှင့် လက်နက်ခဲယမ်းများကို အဆက်မပြတ် ဖြည့်တင်းနေ – KT

ရှမ်း🔣စစ်တပ်က မိုးဗြဲကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၊ တာဝေးပစ် လက်နက်များဖြင့် ပစ်ခတ် – DVB

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

အာဆီယံ🔣အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကုလအထူးကိုယ်စားလှယ်တို့ မြန်မာ့အရေး ဆွေးနွေး – DVB

မလေးရှား🔣မြန်မာ့အရေး သတိကြီးကြီးထားကိုင်တွယ်နေဟု မလေးရှားဝန်ကြီးချုပ်ပြော – DVB

ဗြိတိန်🔣ဧရာဝတီတိုင်းအတွင်း စစ်ရေးလှုပ်ခတ်မှုရှိနေ၍ ပုသိမ်မြို့ အပါအဝင် မြို့နယ် ၇ မြို့နယ်ကို ခရီး မသွားရန် ဗြိတိန်သတိပေး – AT

❗️ ကျားဖြန့်

BGF🔣ကျားဖြန့်နှိမ်နင်းရေး ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းမည်ဟု BGF ပြော – TI

BGF🔣ကျားဖြန့် ငွေလိမ်ဒုစရိုက်လုပ်ငန်းများ လုံးဝလက်မခံ၊ စိစစ်အရေးယူနေဟု ကရင်နယ်ခြားစောင့်တပ် (BGF) ပြော – DVB

ထိုင်း🔣ကျားဖြန့်နဲ့တရားမဝင်တွေကိုဖမ်းမယ့် ကွာလန်းစီမံချက် မဲဆောက်မှာစတင် – TI

ထိုင်း🔣ကျားဖြန့်လုပ်ငန်းတွေ အိမ်နီးချင်းနိုင်ငံက လာလုပ်နေတာဆိုတဲ့ စစ်ကောင်စီစွပ်စွဲချက် ထိုင်းကာကွယ်ရေးကြီးဌာန ငြင်း – MKN

တရုတ်/ထိုင်း🔣ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ဖြတ်နှိမ်နင်းဖို့ တရုတ်၊ မြန်မာနဲ့ ထိုင်း သဘောတူ – AT

အခြားထူးခြားသတင်းများ

မီဒီယာ🔣စစ်လော်ဘီများနှင့် လိုင်စင်ရ မီဒီယာများ စစ်တပ်ကို အပုတ်ချရေးသားပါက အရေးယူမည်ဟု စစ်ကောင်စီ သတိပေး – MPA

#RangoonScoutNetwork

Tamwe Nway Oo Channel

23 Jan, 02:09


ရန်ကုန်
*
မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ သန်လျင်
ပါရမီလမ်းမှစပြီး ဝေဇယန္တာလမ်းတလျှောက်နှင့် ဧရာဝဏ်လမ်း၊ ကျိုက်ခေါက်ဘုရားလမ်းတလျှောက် အဓိကမိန်းလမ်းများ၏ လမ်းသွယ်ထိပ်များတွင် စခ၊ ရခ၊ စည်ပင်၊ ဘဲဥများ လမ်းကြောင်းရှိသဖြင့် ကင်းချထား။
*
8:26 AM
📬 @Inform_RSN

Tamwe Nway Oo Channel

23 Jan, 02:08


🖥 DAILY HIGHLIGHTS (22 JAN 2025)

🌎 နိုင်ငံခြားရေးထူးခြားသတင်းများ

ရုရှား🔣တနင်္သာရီဝန်ကြီးချုပ် ရုရှားသံအမတ်နှင့်တွေ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စ ဆွေးနွေး – MN

❗️ ကျားဖြန့်

ထိုင်း🔣ကျားဖြန့်အရေး နှစ်နိုင်ငံစစ်တပ် ဆွေးနွေး – TI

တရုတ်🔣ကျားဖြန့်နှိမ်နင်းရေး ဇင်ယော်လှုပ်ရှားမှု ဒုတိယပိုင်း စတင် – TI

စစ်ကောင်စီ🔣ကျားဖြန့် ၅၀,၀၀၀ ကျော် ပြန်ပို့ခဲ့ဟု စစ်ကောင်စီပြော၊ ဇင်ယော် စစ်ဆင်ရေး၌ လူ ၇၀,၀၀၀ ကျော် ဖမ်းမိဟု တရုတ်သံရုံး ထုတ်ပြန် – DVB

လာအို🔣လာအိုတို့လည်း တရုတ်ကျားဖြန့်ဂိုဏ်းများကို ဖမ်းဆီး – TI

#RangoonScoutNetwork

Tamwe Nway Oo Channel

22 Jan, 13:57


🔴 ဗိုလ်စိန်မှန်

ယနေ့ ညအချိန် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဘောလုံးကွင်းထဲ အရက်ထိုင်သောက်နေသူ ၆ ဦးကို စခရခများ လက်ထိပ်ခတ်ဖမ်းဆီးသွားတယ်လို့ သိရ

From - @BSNinformer

Tamwe Nway Oo Channel

22 Jan, 04:58


⬜️ မင်္ဂလာတောင်ညွှန့်
*
ယုဇနပလာဇာရှေ့ ဘဲဥ အထီး ၁၊ အမ ၂ ကားဖမ်းနေ
*
11:17 AM
📬 @Inform_RSN

Tamwe Nway Oo Channel

22 Jan, 03:27


🟥 တာမွေ
*
ကြက်ဘဲစျေးကုန်းတက်မှာ စခ၂ ကောင်နလပါ ခွေးဘဲဥ ၂ ကောင် ကားစစ်နေ
*
9:30 AM
📬 @Inform_RSN

Tamwe Nway Oo Channel

21 Jan, 13:50


⚫️ တာမွေ အရိုးကုန်းထဲ လူဝင်ဖမ်း

ယနေ့ နေ့ခင်း ၃ နာရီခွဲခန့်မှစ၍ လက်ရှိ ည ၈ နာရီခန့်ထိ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်ရုံးထဲ အကြမ်းဖက်စစ်သားများ ရောက်နေပြီး ရပ်ကွက်ထဲမှ လူ ၁၀ ဦးခန့်ကို ဖမ်းခေါ်ထားကြောင်း သိရသည်။ အဆိုပါ ၁၀ ဦးကို မူးယစ်ဆေးဝါးမှုဟုဆိုကာ လမ်း ၁၄၀ ဘက်မှ ဖမ်းခေါ်လာခြင်းဖြစ်ကြောင်း ကနဦးသိရသည်။ ရပ်ကွက်ရုံးသို့ အပြင်လူ ပေးမဝင်တော့ပဲ ဖမ်းခေါ်ထားသူများကို ရုံးထဲတွင်ထားကာ အော်ဟစ်ရိုက်နှက်နေကြကြောင်းလည်း သိရသည်။

21 Jan 2025
#RangoonScoutNetwork

Tamwe Nway Oo Channel

21 Jan, 13:08


ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးရှိ ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်လာပြီး စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ချောင်းသာမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များကလည်း စိုးရိမ်စိတ်ဖြစ်ကာ ဟိုတယ်များကို ပိတ်သိမ်းပြီး ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ချောင်းသာကမ်းခြေကို အလည်အပတ်ဝင်ရောက်မှုများလည်း သိသိသာသာ လျော့နည်းသွားပြီး ရွှေသောင်ယံမြို့အတွင်း တိုက်ပွဲများသည်လည်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မြေပြင်တွင်လည်း ချောင်းသာကမ်းခြေ အနီးအနားရှိ ကျေးရွာများထိ ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရွှေသောင်းယံ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော စစ်သား အများအပြားကို ချောင်းသာကမ်းခြေဘက်မှ သယ်ယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ချောင်းသာကမ်းခြေသို့ လာရောက်သည့် Express ကားလည်း ဝင်ရောက်ခြင်းမရှိတော့ဘဲ ပုသိမ် -ချောင်းသာလမ်းပိုင်းတွင်လည်း စစ်ဘေးရှောင်ကားများသာ တွေ့ရှိရပြီး ချောင်းသာမြို့မှ ထွက်လာသည့် ဖောကားများပေါ်တွင် အိပ်ယာလိပ်၊ ဘီဒို၊ အဝတ်ပုံး၊ မွေ့ယာစသည့် ပစ္စည်း များတင်ဆောင် ထားသည်ကို တွေ့ရှိရကာ လမ်းပိုင်းတစ်လျှောက်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“လူကတော့ အရမ်းပါးသွားတယ်။ လူအလာမရှိတော့ဘူး။ ဟိုတယ်တွေလည်း ပိတ်တဲ့ ဟိုတယ်က တော့ ပိတ်နေကြပြီ ဘာသံညာသံတွေတော့ ဘာမှ မကြားသေးဘူး။ အေးတော့ အေးဆေးပဲရှိပါသေးတယ်။ စိတ်ပူလို့သာ ပြောင်းရွှေ့နေကြတာပါ။ ကားကြီး ကားငယ်တွေနဲ့ ပြောင်းကြတာ ပြောင်းတာ ကတော့ Save ဖြစ်အောင်လို့ ပြောင်းကြတာပါ။ အခုလက်ရှိတော့ ဘာသံညာသံတော့ ဘာမှ မကြား ရသေးဘူး။ လမ်းပေါ်မှာတော့ စစ်သားတွေ ဘယ်ကလာလဲ၊ ဘယ်သွားမလို့လဲ စစ်ဆေးတာတွေ လည်းရှိတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

Tamwe Nway Oo Channel

21 Jan, 12:59


တချိန်ကရန်ကုန်မြို့တွင် လျှပ်စစ်မီးထိန်ထိန်သာခဲ့ဖူး၏ 💡

မူရင်းရိုက်ကူးသူထံမှတဆင့် ကူးယူဖော်ပြသည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#လျှပ်စစ်မီး #ရန်ကုန်
#OCTOPUS #ရေဘဝဲ

Tamwe Nway Oo Channel

21 Jan, 12:14


🚨  တာမွေ  🚨 (Delayed)

🔍ရှောင်တခင် စစ် ဆေးခြင်း သတိ 🟡

ယနေ့ ညနေ ၃ နာရီ မှစပြီး တာမွေအရိုးကုန်းရပ်ကွက်နှင့် မအူကုန်းပတ်၀န်းကျင် သို့ စစ်ခွေးကားပတ်နေ၊
လမ်းတွေထဲလမ်းလျောက်၀င်ရင်း
လှည့်နေကြောင်းသိရှိရပါ၍
တော်လှန်ပြည်သူများ သတိထား၊ဂရုစိုက်သွားလာကြပါရန် အသိပေးပါသည်။

⏱️ 5:30  pm

@TM_Informer

Tamwe Nway Oo Channel

10 Jan, 03:06


🖥 DAILY HIGHLIGHTS (09 JAN 2025)

1️⃣ စစ်ရေးထူးခြားသတင်းများ

⬜️ ရခိုင်
အမ်း-ပဒါန်းလမ်းပေါ်ရှိ အမ်း ရိုးမဘက်ခြမ်းမှ စစ်ကောင်စီစခန်းအားလုံးကို AA သိမ်းပိုက်ထိန်းချုပ် – AT

⬜️ မကွေး
ချင်း-မကွေးနယ်စပ်မှ ထီးလင်းမြိုကို NUG တပ်များ ထိုးစစ်ဆင်နေ – MN

⬜️ ချင်း
မြိုသိမ်းတိုက်ပွဲပြင်းထန်နေ၍ ဖလမ်းမြိုအဝင်လမ်းများကိုချင်းတပ်ဖွဲယာယီပိတ် – MZM


2️⃣ နိုင်ငံခြားရေးထူးခြားသတင်းများ

⬜️ အမေရိကန်
MyTel ကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့ – TI

⬜️ ဂျပန်ယာကူဇာ
မြန်မာမှ နျူကလီးယားပစ္စည်းများကို လက်နက်ဝယ်ယူပေးရန် မှောင်ခိုကူးခဲ့ဟု ဂျပန် ယာကူဇာ ဝန်ခံထွက်ဆို – DVB

3️⃣စီးပွားရေးထူးခြားသတင်းများ

⬜️ ဒေါ်လာဈေး
ဒေါ်လာနှင့်ရွှေဈေး တက်ရိပ်ပြ – DVB

4️⃣ ကျားဖြန့်

⬜️ တရုတ်မော်ဒယ်
တရုတ်မော်ဒယ် ထပ်မံပျောက်ဆုံးမှု ထိုင်းရဲ အပူတပြင်းစုံစမ်း – TI

5️⃣ စစ်ကောင်စီ ရာထူးအပြောင်းအရွှေ့

⬜️ ဗဟိုအကြံပေး
စစ်ကောင်စီ ဗဟိုအကြံပေး အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်ကို အနားပေး – BBC

6️⃣ အခြားထူးခြားသတင်းများ

⬜️ စစ်သုံ့ပန်းမိသားစု
ရခိုင်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် ဗိုလ်မှူးချုပ် ၃ ဦး၏ မိသားစုဝင်များ စစ်တပ်ထံမှ လစာထုတ်ယူခွင့်မရရှိတော့သည့်အပြင် စစ်တပ်က ပေးထားသည့် အရာရှိအိမ်ရာများမှလည်း ဖယ်ရှားပေးရတော့မည် – KT

⬜️ တစ်သက်တစ်ကျွန်း
ထောင်တစ်သက်ကနေ ၁၅ နှစ်လျှော့လိုက်တဲ့သူတွေထဲ ဒါရိုက်တာရှင်ဒေဝီ ပါဝင် – RFA

#RangoonScoutNetwork

Tamwe Nway Oo Channel

10 Jan, 01:03


တာမွေ
*
တာ‌မွေ‌ဈေး မီးပွိုင့် ထောင့် ခွေးအိမ်အပေါ်ထပ် စခ ၄ ကောင်ရှိ
*
7:07 AM
📬 @Inform_RSN

Tamwe Nway Oo Channel

09 Jan, 08:45


ရန်ကုန်မြို့လယ်ရှိ ရွှေချစ်သူရွှေဆိုင် ဓားပြတိုက်ခံရ

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ လမ်း ၃ဝ အလယ်ဘလောက် အမှတ်(၁၁၀) ပထမထပ်တွင် ဖွင့်ထားသည့် ရွှေချစ်သူ စိန်ရွှေရတနာဆိုင်ကို ဇန်နဝါရီ ၈ ရက်၌ အမျိုးသား ၃ ဦးက ဓားပြတိုက်ခဲ့မှုအတွင်း စိန်ရွှေရတနာမျိုးစုံနှင့် ကျပ်သိန်း ၅၀၀ ပါသွားကြောင်း သိရသည်။

ရွှေချစ်သူ စိန်ရွှေရတနာဆိုင်သည် ရွှေအတုံးအခဲများ အဓိက ရောင်းချသည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ရွှေဆိုင်တခုဖြစ်ပြီး အနီးဝန်းကျင်၌ ပန်းဘဲတန်းမြို့နယ်ရဲစခန်းရှိကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူတဦးက “မနေ့မနက်ပိုင်း ၉ နာရီကျော်လောက်ကဖြစ်တာ။ ရွှေချောင်းတွေ ရောင်းချင်တယ်ဆိုလို့ တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ ကောင်တာထဲထည့်ထားတဲ့ အထည်မျိုးစုံနဲ့ ပိုက်ဆံတွေ ပါသွားတယ်လို့ သိရတယ်။ ရွှေထည်တွေ ပါသွားတာက သိန်းပေါင်း ၁ သောင်းကျော်လောက် ရှိနိုင်တယ်လို့တော့ ပြောနေကြတာပဲ” ဟု ပြောသည်။ ... – The Irrawaddy

09 Jan 2025
#RangoonScoutNetwork

Tamwe Nway Oo Channel

09 Jan, 04:32


🖥 DAILY HIGHLIGHTS (01 JAN 2025)

1️⃣ စစ်ရေးထူးခြားသတင်းများ

⬜️ ကချင်
▫️မံစီမြို့ကို KIA အပြီးသတ် သိမ်းပိုက် – TI
▫️မံစီကျပြီး ဗန်းမော်တပ်ရင်းများအနီး KIA တို ပိုမိုချဉ်းကပ်လာ – TI

⬜️ တိုက်လေယာဉ်
▫️ရုရှားလုပ် Su-30SME နှစ်စီး ထပ်မံရောက် – TI
▫️ရုရှားမှ ဝယ်ယူထားသော Su-30 တိုက်လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ရောက်ရှိနေပြီး ဆက်စပ်ပစ္စည်းများကို ကပစ တွင် ထုတ်လုပ်နေ – AT


2️⃣ နိုင်ငံရေးထူးခြားသတင်းများ

⬜️ ရွေးကောက်ပွဲ
ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ မထုတ်ပြန်သဖြင့် နိုင်ငံရေးပါတီများ အခက်ကြုံ – DVB

3️⃣ နိုင်ငံခြားရေးထူးခြားသတင်းများ

⬜️ အိန္ဒိယ
ရိခေါဒါရ်ဂိတ်တွင် လူအဝင်/အထွက်ကို အိန္ဒိယအစိုးရက ကန့်သတ်ပိတ်ပင် – AT

4️⃣ စီးပွားရေးထူးခြားသတင်းများ

⬜️ ဆန်
၉ လအတွင်း ဆန်တန်ချိန် ၂ သန်း‌ကျော် တင်ပို့ထား၊ ယမန်နှစ်ထက် ၂ ဆကျော်များပြား – DVB

⬜️ ဒေါ်လာ
ဗဟိုဘဏ်က ဇန်နဝါရီ ပထမအပတ်အတွင်း ကန်ဒေါ်လာ သန်း ၅၀ ထုတ်ရောင်း – DVB

5️⃣ ကျားဖြန့်

⬜️ တရုတ်မင်းသား
မြဝတီ ကျားဖြန့်ဂိုဏ်းရောက် တရုတ်မင်းသား ငွေလိမ်ရန်လေ့ကျင့်ပေးခံရ – TI

6️⃣ အခြားထူးခြားသတင်းများ

⬜️ လျှပ်စစ်မီး
▫️LNG သုံး စက်ရုံများမှ လျှပ်စစ်ထုတ်မည်ဟု စစ်ကောင်စီဆို – TI
▫️လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း၏ ထက်ဝက်ခန့်သာထုတ်လုပ်နိုင်ဟု စစ်ကောင်စီလျှပ်စစ်ဌာန ထုတ်ပြန် – DVB
▫️အဆောက်အအုံသစ်ဆောက်လျှင် ဆိုလာစနစ်ပါတပ်ဆင်နိုင်ရေးလုပ်မည်ဟု စစ်ကောင်စီပြော – DVB

#RangoonScoutNetwork

Tamwe Nway Oo Channel

08 Jan, 16:38


🟠 တာမွေ ဧည့်စစ်သတိ

ယနေ့ည တာမွေမြို့နယ်၊ ၁၅၅၊ ၁၅၆၊ ၁၅၇ လမ်း တဝိုက် ဧည့်စစ်ဝင်ဖို့ရှိနိုင်ကြောင်း သတင်းရရှိသည်။

08 Jan 2025
#RangoonScoutNetwork

Tamwe Nway Oo Channel

08 Jan, 12:32


တာမွေ
*
DC 1 စီး နောက်ခန်း စခ 1 ကောင်ပါ ၁၄၆လမ်း က ထွက်လာပြီ ဗညားဒလလမ်းအတိုင်း လမ်းပြောင်းပြန်မောင်းပြီး ကျောက်မြောင်းစျေးဘက်သွား
*
6:10 PM
📬 @Inform_RSN

Tamwe Nway Oo Channel

08 Jan, 02:58


🖥 DAILY HIGHLIGHTS (07 JAN 2025)

1️⃣နိုင်ငံခြားရေးထူးခြားသတင်းများ

⬜️ အမေရိကန်နှင့် မဟာမိတ်များ
မြန်မာစစ်တပ်၏ ရက်စက်စွာဖိနှိပ်မှုများ လက်မခံဟု အမေရိကန်နှင့်မဟာမိတ်များ ထုတ်ပြန် – TI

⬜️ တရုတ်
ထိုင်း-မြန်မာနယ်စပ်၌ ပျောက်ဆုံးသွားသည့် တရုတ်မင်းသား ပြန်တွေ့ – TI

2️⃣ စီးပွားရေးထူးခြားသတင်းများ

⬜️ ရခိုင်
ကျောက်ဖြူမှလွဲပြီး ရခိုင်ပြည်နယ်ထဲမှ တရုတ်ရေနံနှင်ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုလုံး AA ထိန်းချုပ်မှုအောက်ကျရောက် – MN

3️⃣အခြားထူးခြားသတင်းများ

⬜️ NUG
အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ပြုပြင်ပြောင်းလဲရေး စတင်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ အခိုင်အမာ ထပ်ပြော – KT

#RangoonScoutNetwork

Tamwe Nway Oo Channel

07 Jan, 04:13


🖥 DAILY HIGHLIGHTS (06 JAN 2025)

1️⃣ စစ်ရေးထူးခြားသတင်းများ

⬜️ စစ်ကောင်စီ
အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပိုမို တွေ့လာရ – MN

2️⃣ နိုင်ငံခြားရေးထူးခြားသတင်းများ

⬜️ တရုတ်
▫️စစ်ကောင်စီ၏လွတ်လပ်ရေးနေ့ တရုတ် သဝဏ်လွှာပို့သည်ကို မတွေ့ရ – TI
▫️တရုတ်မင်းသား Xingxing မြန်မာ-ထိုင်းနယ်စပ်၌ ပျောက်ဆုံးနေ – TI

⬜️ အိန္ဒိယ
မဏိပူရ်ထောင်မှ မြန်မာနိုင်ငံသား ၂၆ ဦး ပြန်လွတ် – TI

⬜️ ထိုင်း
ငါးဖမ်းလှေလုပ်သား ၄ ဦး ပြန်မလွတ်သေးသည့်အပေါ်ထိုင်းစိတ်ပျက် – DVB

3️⃣ အခြားထူးခြားသတင်းများ

⬜️ နိုင်/ကျဉ်း
လွတ်လပ်ရေးနေ့ နိုင်/ကျဥ်း လွတ်မြောက်မှု စစ်ကောင်စီ ပြောဆိုချက်နှင့် ကွဲလွဲနေ – TI

⬜️ လျှပ်စစ်မီး
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် တစ်ရက်လျှင် ၄ နာရီအောက်သာ လျှပ်စစ်မီးပေးနိုင်တော့သဖြင့် ရေနှင့် လျှပ်စစ်မီး ချွေတာကြရန် စစ်ကောင်စီက စတင် နှိုးဆော် – KT

⬜️ ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်အနီး တာဝန်ချထားသည့် အကျဉ်းဦးစီးဝန်ထမ်းများ အပြောင်းအလဲလုပ် – DVB

#RangoonScoutNetwork

Tamwe Nway Oo Channel

06 Jan, 12:31


၉။ လွတ်ငြိမ်းချမ်းသာခွင့် (ဒီဇင်ဘာ ၃၀၊ ၂၀၂၄ - ဇန်နဝါရီ ၅၊ ၂၀၂၅)

ဇန်နဝါရီလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်း အကျဉ်းစခန်းအသီးသီးမှ အကျဉ်းသား/သူ စုစုပေါင်း ၁၂၆၀ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီမှ ကြေညာခဲ့သည်။ အင်းစိန် အကျဉ်းထောင်မှ လူ ၁၀၀၉ ဦး ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ ပြန်လွတ်လာကြသူများထဲတွင် နာမည်ကျော် သရုပ်ဆောင် သင်ဇာဝင့်ကျော်ပါဝင်လာသော်လည်း သူနှင့် အမှုဆင်တူ ဖမ်းဆီးခံထားရသူ နာမည်ကျော်မော်ဒယ် နန်းမွေးစံ မပါလာခဲ့ကြောင်း သိရသည်။ နိုင်ငံတဝှမ်း အကျဉ်းထောင်များမှ နိုင်ကျဉ်း ၆၀၀ ပါဝင်မည်ဟု စစ်ကောင်စီက ဆိုထားသော်လည်း လက်ရှိချိန်ထိ ၂၀၀ ခန့်သာ အတည်ပြုသိရသေးကြောင်း PPNM မှ ဆိုသည်။

ရန်ကုန်မှတ်တမ်း
#RangoonScoutNetwork

Tamwe Nway Oo Channel

06 Jan, 12:30


ရန်ကုန်မှာ လျှပ်စစ်မီး လေးနာရီပေး ရှစ်နာရီ ဖြတ်စနစ် ပြောင်းလဲပေမဲ့ လာချိန် အပြည့်အဝမရတဲ့ ဒုက္ခကြုံနေရ

CJ Platform

ရန်ကုန်တိုင်းအတွင်း ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီလ ၅ ရက်နေ့ကစတင်ပြီး လျှပ်စစ်မီးကို လေးနာရီပေး၊ ရှစ်နာရီဖြတ်စနစ်ကို ပြောင်းလဲပေးနေတယ်လို့ထုတ်ပြန်ထားပေမဲ့ လာချိန်လည်း အပြည့်အဝမရတဲ့ဒုက္ခကို ဆင့်ကဲကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ရက် ဒီဇင်ဘာလ ၃၁ ရက်ကစပြီး လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားရွားပြန်ဖြစ်လာအပြီး အခုလို မီးပေးချိန် အချိန်ဇယားအသစ် ထွက်ပေါ်လာတာပါ။

ဒီလို မီးပြတ်တောက်ချိန် ကြာမြင့်တဲ့အတွက် ရပ်ကွက်တွင်းနေအိမ်တွေမှာ ထမင်းဟင်းချက်ပြုတ်တာအပါအဝင် ရေတင်မရတာတွေနဲ့ အသေးစားလုပ်ငန်းတွေ ပိတ်သိမ်းရတာတွေအထိ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

"အစက လေးနာရီပေး၊ လေးနာရီပြတ်တာလေ။ အဲဒီအချိန်ကိုတောင် မှန်အောင်မပေးနိုင်တာ။ မီတာခကျ နှစ်ဆကနေ သုံးဆ။ ငါးသောင်းလောက်ဆောင်နေရာကနေ တစ်သိန်းခွဲ၊ နှစ်သိန်းတွေဖြစ်လို့ဖြစ်နဲ့။ အခုလည်း တစ်နေ့လုံးနေမှ ရှစ်နာရီပဲမီးရမှာ" လို့ ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့အထိ ရန်ကုန်မြို့တွင်း လူနေရပ်ကွက်တွေကို အုပ်စုနှစ်စုခွဲပြီး လျှပ်စစ်မီးပေးနေရာကနေ အခုအခါ အုပ်စုသုံးစုခွဲပြီး တစ်အုပ်စုကို လေးနာရီပေး ရှစ်နာရီဖြတ်စနစ်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

"သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ပြင်ဆင်နေတာတွေရှိတော့ ရန်ကုန်ရဲ့ဓာတ်အားလိုအပ်ချက်အောက် အများကြီးလျော့ပြီး ရနေတော့ အခုလိုပုံစံအသစ်နဲ့ပြောင်းပေးတာပါ။ ဒီတစ်လလုံးတော့ အခုလိုပဲဖြစ်ဖို့ရှိပါတယ်။ ပိုက်လိုင်းတွေပြင်တာပြီးရင်တော့ မီးပိုရရင်ရသလို ပေးဖို့ရှိပါတယ်" လို့ ရန်ကုန်မြို့ရဲ့ ဓာတ်အားခွဲရုံတစ်ခုက တာဝန်ကျ လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အခုလို လျှပ်စစ်မီးပြတ်တောက်ချိန် ကြာမြင့်တာတွေကြောင့် ရန်ကုန်မြို့က လျှပ်စစ်မီးအသုံးပြုလုပ်ကိုင်ရတဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းတချို့ ထိခိုက်လာပြီး ပိတ်သိမ်း၊ ရပ်နားရတဲ့အခြေ‌အနေတွေ ရှိလာနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

"မနေ့ကစပြီး အလုပ်ချိန်တစ်နေကုန်နီးပါး မီးစက်နဲ့ နှိုးလုပ်နေရတာ။ ကုန်ကြမ်းဈေးကလည်းကြီး၊ အလုပ်သမားစရိတ်နဲ့ဆိုတော့ ဈေးတက်မှပဲရမယ်။ ဈေးမတက်ဘူးဆို ကျွန်မတို့လည်း ရေရှည်မကိုက်ဘူး။ ကိုယ့်အသိတွေဆို လုံးဝကို ရပ်ပစ်လိုက်ကြပြီ။ မလုပ်ကြတော့ဘူး" လို့ အသေးစားစားသောက်ကုန်ထုတ်လုပ်ရောင်းချတဲ့ ပိုင်ရှင်အမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ရှိ စာအုပ်တိုက်ပိုင်ရှင်တစ်ဦးကလည်း “စောစောစီးစီး မင်္ဂလာသတင်းလေး စကြားရတယ်။ ပုံနှိပ်တိုက်က တကူးတကလှမ်းအကြောင်းကြားရှာတယ်။ အစ်ကိုရေ မီးတွေတအားမှန်လာလို့ ပုံနှိပ်စရိတ်တွေတက်မလား။ ပုံနှိပ်တဲ့ရက် ပိုကြာမလား တစ်ခုခုပဲတဲ့” လို့ ပြောပါတယ်။

ဒါ့အပြင် မီးလာချိန် တပြိုင်နက်သုံးစွဲမှုကြောင့် မီးအားလျော့တာ၊ မပြည့်ဝတာတွေအပြင် ပြတ်တောက်သွားတာမျိုးတွေလည်း ဖြစ်ပေါ်နေတဲ့အတွက် လေးနာရီအပြည့်အဝမရဘဲဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီကနေ သိရပါတယ်။

“၉ နာရီ မီးပျက်သွားတယ်။ ၈ နာရီခြားဆိုတော့ ညနေ ၅ နာရီလာတယ်။ တစ်နေကုန်ပျက်နေတော့ မီးလာတာနဲ့ ဝိုင်းဆွဲလိုက်ကြတာ မီးအားက ၁၃၀/၁၄၀ ပဲ ရှိတယ်။ ခဏနေတော့ ဖုတ်ကနဲ ဘရေကာ ပြုတ်ကျသွားတယ်။ ခဏ ၁၀ မိနစ်နေတော့ ပြန်တက်လာတယ်။ ၅ မိနစ်နေတော့ ဖုတ်ကနဲ ပြုတ်ကျသွားတယ်။ ဒီလိုနဲ့ သံသရာလည်နေတာ ည ၉ နာရီကျရင် ပြန်ပျက်မယ်။ ကောင်းကောင်း မသုံးလိုက်ရဘူး။ ကံကောင်းရင် ည ၁ နာရီ ပြန်လာမယ်။ မကောင်းရင်တော့ မနက် ၅ နာရီမှ လာတော့မယ်” လို့ ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ နိုဝင်ဘာလကစလို့ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွာလာလို့ သုံးရေပြတ်တောက်တာတွေပါ အခုရက်ပိုင်းတွေအတွင်း ကြုံနေရကြရတာပါ။

ဒါ့အပြင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဓာတ်အားထုတ်လုပ်နိုင်မှု များစွာလျော့ကြနေတဲ့အတွက် လာမယ့်လတွေမှာလည်း မီးပြတ်ချိန်ပိုများလာမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ မီတာခတွေကို နှစ်ဆကျော်တိုးမြှင့်ကောက်ခံနေပြီး ရန်ကုန်မြို့ခံလူထုအနေနဲ့ မီတာခတိုးဆောင်နေရပေမဲ့ မီးလာချိန်က နည်းလို့ နေ့စဉ်လူနေမှုဘဝအခက်အခဲတွေ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ကိုထက်

ဓာတ်ပုံ - ကိုထက်/လူမှုကွန်ရက်

#CJPlatform #ရန်ကုန် #ဓာတ်အားခွဲရုံ #YESC #လျှပ်စစ်မီးပြတ်တောက်မှု

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/6-1-2025-7/

Tamwe Nway Oo Channel

06 Jan, 04:52


🖥 DAILY HIGHLIGHTS (05 JAN 2025)

1️⃣နိုင်ငံခြားရေးထူးခြားသတင်းများ

အမေရိကန်
မတရားဖမ်းဆီးခံရသူအားလုံး ပြန်လွှတ်ဖို့ အမေရိကန် တိုက်တွန်း – RFA

2️⃣ ကျားဖြန့်

ထိုင်း
အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်ပါသည့် ထိုင်းနိုင်ငံသား ၁၅၁ ဦး စစ်ကောင်စီ ပြန်လွှဲ – TI

3️⃣ အခြားထူးခြားသတင်းများ

လွတ်ငြိမ်းချမ်းသာခွင့်
စစ်ပြေးမှုဖြင့် ထောင်ကျနေသူ ၂၀၀ ကျော်ကို စစ်ကောင်စီ ပြန်လွှတ်ပေး – DVB
နိုင်ကျဉ်း ၆၀၀ လွှတ်ပေးတယ်ဆိုတာ စစ်ကောင်စီရဲ့ ပြန်ကြားရေးက ပြည်သူကို လိမ်လည်တာသာဖြစ် – MKN

#RangoonScoutNetwork

Tamwe Nway Oo Channel

06 Jan, 03:08


တာမွေ
*
စခ DC ၁ စီး
စခ Fawကား ၁ စီး အင်အားအပြည့် ပင်ရွှေညောင်မီးပွိုင့်ကနေ ဝေဇယန္တာဘက် ရှေ့ရှု
*
9:34 AM
📬 @Inform_RSN

Tamwe Nway Oo Channel

05 Jan, 17:54


ကျမတို့ ပညာရေးစနစ်မှာ အစုအဖွဲ့နဲ့ အတူတူ လုပ်တတ်ဖို့၊ လုပ်ဆောင်ဖို့ မသင်ပေးတာကြောင့်မို့လို့ ကိုယ်တစ်ယောက်တည်း အမှတ်အများဆုံးရအောင် လုပ်တဲ့စနစ်ကနေပြီးတော့ ထွက်ပေါ်လာတဲ့ စိတ်ဓာတ်တွေဟာ ကျမတို့နိုင်ငံရဲ့ ညီညွတ်ရေးအတွက်၊ စုပေါင်းလုပ်ဆောင်ရေးအတွက် အထောက်အကူမဖြစ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်
(လူငယ်မူဝါဒရေးရာ မိတ်ဆက်ခြင်း အခမ်းအနားမိန့်ခွန်း)

Tamwe Nway Oo Channel

05 Jan, 12:05


“NUG ဝန်ကြီးဌာနတွေနဲ့ ပသုံးလုံးပြုပြင်ပြောင်းလဲတော့မယ်”

၂၀၂၅ နှစ်သစ်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ NUG ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့က နှစ်သစ်ကူးမိန့်ခွန်းတွေအသီးသီးပြောကြားခဲ့ကြပါတယ်။
အဲဒီထဲ နွေဦးတော်လှန်ရေးအတွက် အထူးခြားဆုံးအနေနဲ့ ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေ ပြန်လည်ဖွဲ့စည်းမယ်လို့ ပြောကြားလိုက်ပါတယ်။

CJ Platform #NUG #ယာယီသမ္မတ #ဝန်ကြီးချုပ် #ဝန်ကြီးဌာန #ပ,သုံးလုံး

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/1KFvBOL7v1Y

Tamwe Nway Oo Channel

05 Jan, 07:22


အကြမ်းဖက်စစ်​ကောင်စီ၏ တပ်ချုပ် မင်း​အောင်လှိင် ​ရန်ကုန်မြိုသိုရောက်ရှိ​နေစဥ်ကာလအတွင်း လုံခြုံ​ရေးထူထပ်စွာချထား​သော ရန်ကုန်မြို၏ပြယုဂ်အထင်ကရ​နေရာများ၌ " Road To Rangoon " ကမ်ပိန်းမှထုတ်လုပ်ထား​သည့် အထိမ်းအမှတ်အင်္ကျီများဆင်တူဝတ်ဆင်ကာ ​တော်လှန်ပြည်သူများမှ Road To Rangoon အားကြိုဆိုခြင်းအစီအစဥ်များကို ပြုလုပ်ခဲ့ကြသည်။

#roadtorangoon
#ရနကုန်တိုင်းစစ်ဌာန
#တပရင်း၅၁၀၁
#တပရင်း၅၁၀၂
#ရနကုန်တိုင်းပကဖ
#YSD

Tamwe Nway Oo Channel

05 Jan, 07:22


အကြမ်းဖက်စစ်​ကောင်စီ၏ တပ်ချုပ် မင်း​အောင်လှိင် ​ရန်ကုန်မြိုသိုရောက်ရှိ​နေစဥ်ကာလအတွင်း လုံခြုံ​ရေးထူထပ်စွာချထား​သော ရန်ကုန်မြို၏ပြယုဂ်အထင်ကရ​နေရာများ၌ " Road To Rangoon " ကမ်ပိန်းမှထုတ်လုပ်ထား​သည့် အထိမ်းအမှတ်အင်္ကျီများဆင်တူဝတ်ဆင်ကာ ​တော်လှန်ပြည်သူများမှ Road To Rangoon အားကြိုဆိုခြင်းအစီအစဥ်များကို ပြုလုပ်ခဲ့ကြသည်။

#roadtorangoon
#ရနကုန်တိုင်းစစ်ဌာန
#တပရင်း၅၁၀၁
#တပရင်း၅၁၀၂
#ရနကုန်တိုင်းပကဖ
#YSD

Tamwe Nway Oo Channel

05 Jan, 05:21


🖥 DAILY HIGHLIGHTS (04 JAN 2025)

1️⃣ စစ်ရေးထူးခြားသတင်းများ

⬜️ AA
▫️ဧရာဝတီတိုင်းက မိတ်သလင်စခန်းကို AA နှင့်မဟာမိတ်များ တိုက်ခိုက်နေ – DVB

⬜️ NUG
▫️နိုင်ငံ၏ ၃၂ ရာခိုင်နှုန်းသာ စစ်ကောင်စီထိန်းချုပ်နိုင်ဟု NUG ထုတ်ပြန် – TI

2️⃣ နိုင်ငံရေးထူးခြားသတင်းများ

⬜️ စစ်ကောင်စီ
▫️တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ NCA ချိုးဖောက်ပြီး ကတိကဝတ်များ လိုက်နာမှုမရှိဘဲ အတ္တကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်နေဟု မင်းအောင်လှိုင် ပြောပြန် – KT
▫️ရွေးကောက်ပွဲနိုင်သည့်အစိုးရကို အာဏာလွှဲပေးမည်ဟု စစ်ခေါင်းဆောင်ပြော – DVB

3️⃣ နိုင်ငံခြားရေးထူးခြားသတင်းများ

⬜️ အိန္ဒိယ
▫️မြန်မာ - အိန္ဒိယ နယ်စပ်တံတား ဖြတ်ကျော်ခွင့်ကို အိန္ဒိယဘက်မှ တင်းကျပ်ထား – AT

4️⃣ စီးပွားရေးထူးခြားသတင်းများ

⬜️ ဗဟိုဘဏ်
▫️ဗဟိုဘဏ်က ဒေါ်လာ ၂၅ သန်းနှင့် ဘတ် ၂ သန်းခွဲနီးပါး ထပ်မံ ထုတ်ရောင်း – DVB

5️⃣အခြားထူးခြားသတင်းများ

⬜️ ဘွဲ/ဆုပေး
▫️ရခိုင်တိုက်ပွဲတွင်သေဆုံးခဲ့သည့် စစ်တပ်အရာရှိ ၂ ဦးကို ရာထူးတိုးပြီး သူရဲကောင်းဘွဲ့ပေး – DVB
▫️SNLD ပါတီခေါင်းဆောင် ၂ ဦးကို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ပေး – DVB
▫️တိုင်းရင်းသားခေါင်းဆောင်များနှင့် အခြေခံဥပဒေ ရေးဆွဲရာတွင် ပါဝင်သူအပါ ၂၄၉ ဦးအား လူမှုထူးချွန်ဆု ပေး – TI

⬜️ လွတ်ငြိမ်းချမ်းသာခွင့်
▫️နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ပါဝင်မည်ဟု စစ်ကောင်စီပြောခွင့်ရ ဆို – TI
▫️နိုင်ငံတစ်ဝန်းမှ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ထောင်ဒဏ် တစ်သက်ကျခံနေရသူ ၁၄၄ ဦးကို ၁၅ နှစ် ထောင်ဒဏ်သို့ ပြောင်းလဲ၊ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၈၀ ဦးကို ပြည်နှင်ဒဏ်ပေး – KT
▫️လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေး အကျဉ်းသား ၆၀၀ ဦး ပါဝင်မည်ဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၁၅၀ ဝန်းကျင်သာ အတည်ပြုနိုင်သေးဟု PPNM ပြောဆို – KT

#RangoonScoutNetwork

Tamwe Nway Oo Channel

04 Jan, 12:20


ရန်ကုန်တွင် လျှပ်စစ်မီး ဖြတ်တောက်ချိန် ထပ်တိုးလာ

ရန်ကုန်တွင် ဇန်နဝါရီလ ၃ ရက်နေ့မှ စ၍ လျှပ်စစ်မီးဖြတ်တောက်ချိန် တစ်ချိန်ထပ်တိုးလာကြောင်း သိရသည်။

ယခင်က မနက် ၁ နာရီနောက်ပိုင်း လျှပ်စစ်မီးမဖြတ်ဟု ကြေညာထားရာမှ ယခု မနက် ၁ နာရီမှ မနက် ၅ နာရီထိကိုပါ တစ်ချိန်တိုး၍ မီးဖြတ်လာခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ကပင် ည ၉ နာရီမှ မနက် ၁ နာရီအထိ လျှပ်စစ်မီးဖြတ်ချိန် တစ်ချိန် တိုးကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ယခု ၁၅ ရက်ခန့်အကြာတွင် နောက်တစ်ချိန်ထပ်တိုး ဖြတ်တောက်ကြောင်း မြို့နယ်တချို့မှ ကြေညာလာခြင်းဖြစ်သည်။

လျှပ်စစ်မီးကို ၄ နာရီပေး၊ ၄ နာရီဖြတ် ပုံစံဖြင့် ပေးနေခြင်းဖြစ်ကြောင်း စစ်ကောင်စီ YESC က ဆိုထားသော်လည်း မြို့နယ်အများစု၌ ထိုလာရမည့်အချိန်ထဲကမှ အကြောင်းပြချက်မျိုးစုံဖြင့် ထပ်မံဖြတ်တောက်သည်။ မီးလာရမည့်အလှည့်တွင် ၁ နာရီပင် ပြည့်အောင် မလာသည်က များသည်။

နောက်ပိုင်းတွင် လျှပ်စစ်မီး ဖြတ်တောက်ချိန် ပိုတိုးလာဖို့သာ ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

04 Jan 2024
#RangoonScoutNetwork

Tamwe Nway Oo Channel

26 Dec, 10:57


⬜️ တာမွေ
*
တာမွေအဝိုင်းထိပ် ဂုံးတံတားနား ရခ ၀တ်စုံ၀တ် ၁ ကောင် လနမပါ ဘဲဥ အမ ၂ ကောင် ကားတားစစ်
*
4:52 PM
📬 @Inform_RSN

Tamwe Nway Oo Channel

24 Dec, 03:01


DAILY HIGHLIGHTS (23 Dec 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

#️⃣ ချင်း
▫️ချင်းပြည်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွတ်မြောက်၊ မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား – KT
▫️ချင်းပြည်နယ်ရဲ့ ၈၅ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ကြောင်း ချင်းညီနောင်အဖွဲ့ ပြော – RFA
•••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

#️⃣ ဘင်္ဂလားဒေ့ရှ်
နယ်စပ်အရေးမှာ AA လိုမျိုး အစိုးရမဟုတ်တဲ့အဖွဲ့အစည်းနဲ့ မဆွေးနွေးနိုင်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ပြော – AT

#️⃣ ထိုင်း
ထိုင်းနိုင်ငံ ချွန်ပူလီ အထပ်သားစက်ရုံတွင် အလုပ်ပိတ်ရက်ရရှိရေး ၊ အချိန်ပိုကြေး ရရှိရေးနှင့် အလုပ်လုပ်ခွင့် သက်တမ်းတိုးကုန်ကျစရိတ် လူတစ်ဦးလျှင် ထိုင်းဘတ် ၁၄၄၀၀ ကျော် တောင်းခံမှု လျှော့ချရေး မြန်မာအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ – KT
•••
🖥 အခြားထူးခြားသတင်းများ

#️⃣ ရုံးပိတ်ရက်
စစ်ကောင်စီက ရုံးပိတ်ရက်ရှည် ဖြစ်စေရန်အတွက် ရုံးဖွင့်ရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ရုံးပိတ်ရက် စနေ တွင် အစားထိုးရုံးပြန်တက်ရမည်ဟုကြေညာ – AT

#RangoonScoutNetwork

Tamwe Nway Oo Channel

23 Dec, 11:07


🚨  တာမွေ  🚨

ဆိုင်ကယ်1စိးအရပ်၀တ်ခွေးတကောင်အက်ျအဖြူလက်ရှည်ဦးထုပ်အမဲဆောင်း၊တာမွေမလွကုန်းအောက်ဘက်ကလာမြို့ပတ်လမ်းအတိုင်းအောင်မဂ်လာလမ်းဘက်တက်သွား။

⏱️ 5:32     pm

@TM_Informer

Tamwe Nway Oo Channel

23 Dec, 10:37


⬜️ တာမွေ
*
အဝိုင်းထိပ် နာနတ်သီးကျွေးထားတဲ့နား ဘဲဥမ ၂ကောင်၊ အထီး ၁ ကောင် ကားဖမ်းဖို့စောင့်နေ
*
4:55 PM
📬 @Inform_RSN

Tamwe Nway Oo Channel

23 Dec, 07:40


🔴 အဖမ်းအဆီး ဧည့်စစ် လူရှာ (ဒီဇင်ဘာ ၁၆ - ၂၂၊ ၂၀၂၄)

ယခုရက်သတ္တပတ်အတွင်း ရန်ကုန်တွင် အဖမ်းအဆီးဖြစ်စဉ် ၁၀၄ ခု သတင်းရရှိခဲ့သည်။ ၎င်းတို့အနက် ဖြစ်စဉ်အခု ၄၀ ကို အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။ လမ်းမပေါ် တွေ့ရာလူ လိုက်ဆွဲသည့်ဖြစ်စဉ် အလွန်များပြားခဲ့သည်။
ဧည့်စစ်လူဝင်ရှာသည့်ဖြစ်စဉ် ၂၈ ခုကိုလည်း သိရှိခဲ့ရသည်။

ရန်ကုန်မှတ်တမ်း
#RangoonScoutNetwork

Tamwe Nway Oo Channel

23 Dec, 07:40


🟢 စစ်မှုထမ်း အမှတ်စဉ် ၈ လူပို့ (ဒီဇင်ဘာ ၁၆ - ၂၂၊ ၂၀၂၄)

လှိုင်မြို့နယ်၊ ဘုရင့်နောင် စစ်ကြောရေးဝန်းတွင် စစ်မှုထမ်းသင်တန်းအတွက် ဖမ်းချုပ်ထားသည့် လူသစ်များကို ဒီဇင်ဘာလ ၂၀ ရက်နေ့က တိုက်ကြီးမြို့နယ်၊ အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ် သို့ ပို့လိုက်သည်။ စစ်မှုထမ်း အမှတ်စဉ် ၈ အတွက်ဟု သိရသည်။ နောက်နေ့များတွင် တခြားဒေသရှိ စစ်သင်တန်းကျောင်းများသို့ ထပ်ပို့လေ့ရှိကြောင်းလည်း သိရသည်။

ရန်ကုန်မှတ်တမ်း
#RangoonScoutNetwork

Tamwe Nway Oo Channel

23 Dec, 07:40


ℹ️ ခြံအမှတ် ၅၄ လေလံထပ်တင်ဖို့လုပ် (ဒီဇင်ဘာ ၁၆ - ၂၂၊ ၂၀၂၄)

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ နှင့် နေအိမ်ကို ကြမ်းခင်းဈေး ၂၉၇ ဘီလီယံနှင့် ထပ်မံလေလံတင်ရောင်းချဖို့ ကမာရွတ် ခရိုင်တရားရုံးက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် အမိန့်ချခဲ့သည်။
အဆိုပါအိမ်နှင့်ခြံကို ယခင် ကျပ်ငွေ ၃၁၅ ဘီလီယံနှင့် တစ်ကြိမ်၊ သုံးရာဘီလီယံနှင့် တစ်ကြိမ် လေလံ တင်ရောင်းချခဲ့သော်လည်း လေလံဆွဲ ဝယ်ယူသူ မရှိ၍ ယခု ဈေးထပ်လျှော့၍ ရောင်းဖို့ အမိန့်ချလိုက်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ အဆိုပါခြံရှေ့တွင် လေလံတင်ရောင်းချပွဲ လုပ်မည်ဟု သိရသည်။

ရန်ကုန်မှတ်တမ်း
#RangoonScoutNetwork

Tamwe Nway Oo Channel

23 Dec, 07:12


ရန်ကုန်နှင့် ဧရာဝတီမှ ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးမှု အလွန်များပြားလာ၊ ပဲခူးတွင် လူငယ် ၁ ဦးကို စစ်တပ်က စစ်မှုထမ်းရမည်ဟုဆိုကာ နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲ ဖမ်းဆီး

Tamwe Nway Oo Channel

23 Dec, 05:27


DAILY HIGHLIGHTS (22 Dec 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

#️⃣ ချင်း
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ကြေညာ – KT
ကန်ပက်လက်မြို့ကို ချင်းညီနောင်တို့ သိမ်းပိုက် – TI
မင်းတပ်မြို့ကိုသိမ်းပြီး နိုင်ငံရေးအကျဥ်းသားများ ကယ်ထုတ်နိုင် – TI

#️⃣ ရခိုင်
ဂွမြို့ထိုးစစ်အရှိန်မြှင့်၊ စစ်သားများ ဧရာဝတီတိုင်းသို့ ထွက်ပြေးနေဟု AA ဆို – TI
တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများက AA က ထုတ်ပြန် – KT

#️⃣ ကရင်နီ
လွိုင်ကော်မြို့အနီးရှိ တပ်စခန်းတခု KNDF ပူးပေါင်းအဖွဲ့ သိမ်းပိုက် – TI

#RangoonScoutNetwork

Tamwe Nway Oo Channel

22 Dec, 13:28


တာ‌မွေ ဩဘာလမ်းဘက် လူဆွဲ

ယခုည ၇:၀၀ ဝန်းကျင်ခန့်တွင် တာမွေမြို့နယ်၊ ဩဘာလမ်းထဲတွင် အကြမ်းဖက်စစ်ကောင်စီ ရဲများမှာ ရဲ DC 1 စီး၊ အိမ်စီးကားများဖြင့် ပြည်သူယောကျာ်းလေးများအား လိုက်ဆွဲနေကြောင်း သတင်းရရှိသည်။

22 Dec 2024
#RangoonScoutNetwork

Tamwe Nway Oo Channel

22 Dec, 13:21


🚨  တာမွေ  🚨   (Delayed)
🟡သီတာလမ်း🟡
ကျောက်မြောင်း ၊သီတာလမ်း ပွဲဈေးတန်းတွင် စခ၊ရခ၊များ လခရ အကြောင်းပြကာ လူငယ်လူရွယ်များအခြေနေလာကြည့်သွားကြောင်း
ကနဦးသိရှိရပါ၍ သတိရှိကြပါရန်။


  7:00   pm

@TM_Informer

Tamwe Nway Oo Channel

22 Dec, 13:00


စစ်တပ် စရဖဗိုလ်မှူး သူ့အမျိုးမင်္ဂလာဆောင်တွင် လုပ်ကြံခံရ

ယနေ့ နေ့ခင်း ၂ နာရီကျော်က မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ အထက်ဗဟိုလမ်းပေါ်ရှိ Apollo Hotel ရှေ့တွင် အကြမ်းဖက် စစ်တပ်၏ စရဖဗိုလ်မှူး ဇေယျာမင်း ပစ်ခတ်ခံရကြောင်း သိရသည်။

အဆိုပါ ဗိုလ်မှူးဇေယျာမင်းသည် ၎င်း၏ ညီဖြစ်သူ (တူ ဟုလည်း သိရ) မင်္ဂလာဆောင်သို့ သူ့ညီမနှင့်အတူ ပွဲလာတက်ခြင်းဖြစ်ပြီး ပွဲပြီး၍ Hotel မှ ထွက်ခွာစဉ် အထက်ဗဟိုလမ်းပေါ်တွင် သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခံရသည်ဟု စစ်ကောင်စီလက်အောက်ခံ မီဒီယာများမှ သိရသည်။

စရဖဗိုလ်မှူးထံတွင် သေနတ်ကျည် ၃ ချက်ထိမှန်ပြီး ၎င်းညီမဖြစ်သူ၏ ခါးကို ၁ ချက် ရှပ်ထိ၍ မင်္ဂလာဒုံ စစ်တပ်အရိုးဆေးရုံသို့ ပို့ထားကြောင်းလည်း အဆိုပါမီဒီယာများတွင် ဆိုကြသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Yangon Phoenix နှင့် Together Urban Force မြို့ပြပြောက်ကျားတပ်ဖွဲ့တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

22 Dec 2024
#RangoonScoutNetwork

Tamwe Nway Oo Channel

22 Dec, 12:59


ကိုယ့်အဘကို ကိုယ်တိုင်ပြန်ပြီး
ပစ်သတ်မယ့်အကြောင်း ပြောလာကြပြီ

ဂျပုရေ မင်းတော့ ကြည့်နေ၊
ကြည့်စားတော့ကွာ ... 🤣

#GenZPhoeMaung

Tamwe Nway Oo Channel

21 Dec, 13:16


အခုကာလ အပန်းဖြေခရီး မထွက်ပါနဲ့ အိမ်က မိသားစုနဲ့အတူ အေးအတူပူအမျှ ပျော်ရွှင်ပါ။
အခုကာလ ဘုရားဖူး မထွက်ပါနဲ့ အိမ်ဦးဘုရားကိုပဲ ဆွမ်း၊ ရေချမ်း၊ ဆီမီး ကပ်ပြီး ကုသိုလ်ယူပါ။
အခုကာလ အသုံးအဖြုန်း မကြမ်းပါနဲ့ မီးဖိုချောင်မှာ စားရေးရိက္ခာ ဖြည့်တင်းထားပါ။
အခုကာလ ညဉ့်မနက်ပါစေနဲ့ အိမ်ကို စောစောပြန်ပြီး လုံခြုံစွာအနားယူပါ။
အခုကာလ အနေအထိုင် မပေါ့ဆပါနဲ့ အချိန်တိုင်း သတိထားပြင်ဆင်ပါ။
#RN
#KyimyindaingScoutChannel

Tamwe Nway Oo Channel

21 Dec, 05:22


⬜️ တာမွေ
*
ကျောက်မြောင်းဈေးဘက်ကအလာ ကျိုက္ကဆံလမ်းအတိုင်း တာမွေဈေးမရောက်ခင် ၁၅၃ လမ်းထိပ်မျက်နှာချင်းဆိုင်ဘက်အခြမ်း ခွေးဘဲဥ အထီး ၁၊ အမ ၁ အစာကောက်
*
11:06 AM (Delayed)
📬 @Inform_RSN

Tamwe Nway Oo Channel

09 Dec, 14:55


နိုင်ငံထဲက ကမ္ဘာ့အဆင့်မီဝရမ်းပြေးဟာဘယ်သူလဲ
ရေဘဝဲတို့၏ နှိုးဆော်သံ (ရုပ်၊ သံ)

ကမ္ဘာ့အဆင့်မီဝရမ်းပြေးတယောက် နိုင်ငံထဲတွင်ရောက်ရှိနေကြောင်းအစချီကာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ရန်ကုန်မြို့၏ လူစည်ကားရာနေရာတခုတွင် ပြည်သူလူထုအား Bluetooth Speaker ဖြင့်အသိပေးနှိုးဆော်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) ကဖမ်းဝရမ်းထုတ်ဖို့ကြိုးစားနေတဲ့ အခြေအနေဟာ ပြည်သူလူထုအတွက် ဝမ်းသာကြိုစရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ ခေတ္တနားချိန်မဟုတ်သေးပါဘူး။အခုလို လက်နက်မဲ့နိုင်ငံရေးအန်တုလှုပ်ရှားမှုတွေလုပ်နေကြတာတွေဟာ ဘဘဟံသာဝတီိီီီဦးဝင်းတင်ပြောခဲ့သလို "အရေးတော်ပုံကြီးခရီးမဆုံးသေး၊ ကြိုးတန်းလမ်းလျှောက်ပြနေတာမဟုတ်" ပါဘူး။

အရေးတော်ပုံကြီး ဘယ်တော့ခရီးဆုံးမှာလဲ၊ဒါကြီး ဘယ်တော့ပြီးမှာလဲလို့ ပြည်သူလူထုအများစုက အမြဲမေးခွန်းထုတ်တတ်ပါတယ်။အရေးတော်ပုံကြီးဟာ ဘယ်နှစ်၊ ဘယ်လ၊ ဘယ်ရက်ပြီးမယ်လို့ အချိန်ကာလတွေအပေါ်သုံးသပ်အဖြေရှာတာထက် ဘယ်လောက်လုပ်နေနိုင်ပြီလဲ၊ ဘယ်လိုအခြေအနေတွေကိုပုံဖော်နိုင်ပြီလဲ ဘာတွေဆက်လုပ်ရမလဲဆိုတဲ့ လုပ်ရပ်တွေအပေါ် ချဥ်းကပ်သုံးသပ်တာကပိုလက်တွေ့ဆန်တဲ့ ပကတိအရှိတရားကိုမြင်နိုင်ပါလိမ့်မယ်။စိတ်ဓာတ်၊ ကျန်းမာရေး၊ စုဖွဲ့မှု နဲ့ လုံခြုံရေးမကျိုးပဲ့စေပဲ အားလုံးအတူတူ ကြိုးစားကြပါစို့။

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

သတင်းထုတ်ပြန်သည့်ရက်စွဲ
ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၄ ခုနှစ်၊ ရန်ကုန်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#ICC #ရန်ကုန်
#OCTOPUS #ရေဘဝဲ

Tamwe Nway Oo Channel

09 Dec, 10:31


🚨  တာမွေ  🚨
တာမွေအဝိုင်းထိပ် တွင် ဘဲဥထီး ၂ ကောင်၊ အမ ၂ ကောင်အိမ်စိးကားအမဲ ၁စီး၊ အဖြူ ၁ စိး အားဖမ်းပြီး စရိတ်ရှာနေကြောင်း၊

4:56 pm
@TM_Informer

Tamwe Nway Oo Channel

09 Dec, 07:05


ရန်ကုန်မှတ်တမ်း (ဒီဇင်ဘာ ၂ - ဒီဇင်ဘာ ၈၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
⚠️ မြို့ပြစစ်ဆင်ရေး

ယခုရက်သတ္တပတ် ရန်ကုန်တွင် စစ်ရေးလှုပ်ရှားမှုဖြစ်စဉ် ၆ ခု ရှိခဲ့သည်။ တာဝေးပစ်မစ်ဇိုင်းဖြင့် ၁ ကြိမ်၊ ၄၀ မမဖြင့် ၁ ကြိမ်၊ သေနတ်ဖြင့် ၁ ကြိမ်နှင့် အဝေးထိန်းမိုင်းဖြင့် ၃ ကြိမ်တို့ ဖြစ်သည်။

တာဝေးပစ်မစ်ဇိုင်းဒုံးဖြင့် တိုက်ခိုက်မှုမှာ ဒီဇင်ဘာ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မှော်ဘီလေတပ်စခန်းကို ပစ်မှတ်ထား၍ Shadow (S.A.F) နှင့် Brave Warriors For Myanmar (B.M.W) တို့မှ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ Y -12 စစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံ (Hangar) ကို အဓိကပစ်မှတ်ထား၍ မစ်ဇိုင်းဒုံး ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Y-8 ထောက်ပို့စစ်လေယာဥ်တစ်စင်း နှင့် Y-12 တိုက်ခိုက်ရေး စစ်လေယာဥ် တစ်စင်းထိခိုက်ပျက်စီးခဲ့သည့် အပြင် ဂိုဒေါင်၊ပြေးလမ်း နှင့် စီမံခန့်ခွဲသော ရုံးတို့လည်း မီးလောင်ပျက် စီးသွားကြောင်း၊ လေတပ်အရာရှိ ၃ ဦးနှင့် စစ်သည် ၁၂ ဦး စုစုပေါင်း ၁၅ ဦး‌ သေဆုံးပြီး လေတပ် စီမံ ခန့်ခွဲရေး လေအုပ်မှူးကြီး အပါအဝင် အရာရှိ ၂ ဦး နှင့် အခြား အဆင့်စစ်သည် ၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

၄၀ မမ ဗုံးသီးတပ် M79 လက်နက်ဖြင့် တိုက်ခိုက်မှုက ဒီဇင်ဘာ ၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ ထောက်ကြန့် လှော်ကားလမ်းဆုံးအနီးရှိ ခမရ ၁၀၆ တပ်ရင်း အဝင်ဂိတ်ကို ပစ်မှတ်ထား၍ Rangoon Urban Column (RUC) စစ်ကြောင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် တိုက်ခိုက်သည့်ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက်နေ့တွင် လှိုင်သာယာမြို့နယ်တွင်း ဖြစ်ပွားခဲ့သည်။ လှိုင်သာယာမြို့နယ် ၁၁ ရပ်ကွက်အုပ်ကြီးတင့်ဇော် ဆိုင်ကယ်ဖြင့်သွားလာနေစဉ် ရန်ကုန် မြောက်ပိုင်းခရိုင်ပကဖ အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းအုပ်ကြီး ထိခိုက်ခဲ့ကာ စစ်ဆေးရုံသို့ တင်ထားကြောင်း သိရသည်။

အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုများမှာ ရွှေပြည်သာမြို့နယ်တွင် ၂ ကြိမ်နှင့် လှိုင်သာယာမြို့နယ်တွင် ၁ ကြိမ် ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၂ ရက်နေ့ မနက်အစောပိုင်း ၆ နာရီခွဲခန့်တွင် ရွှေပြည်သာမြို့နယ်၊ ၓ ၁၃ ရပ်ကွက်ရှိ စကစ ရဲမှူး မိုးညှိ၏ အိမ်ကို ပစ်မှတ်ထား၍ The Grand Unsung (TGU) နှင့် Black Tiger UG Team တို့မှ တိုက်ခိုက်ခဲ့ပြီး အဆိုပါ ရဲမှူး၏ကား မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၂ ရက်နေ့တွင်ပင် ညနေ ၇ နာရီခန့်၌ လှိုင်သာယာမြို့နယ်ရှိ တရုတ်ပိုင် Thun Than Win ဖိနှပ်စက်ရုံနှင့် ရွှေပြည်သာမြို့နယ်၊သာဓုကံစက်မှုဇုံရှိ တရုတ်ပိုင် ပေါင်ချိန်စက်ရုံတို့အား သတိပေးသည့်အနေဖြင့် လူထိခိုက်မှုနည်းသောဗုံးအမျိုးအစားကို အသုံးပြုရ၍ The Grand Unsung အဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အခြား သေနတ်သံကြားရသည့် ဖြစ်စဉ် ၂ ခုနှင့် ဗုံးပေါက်ကွဲသံဟုယူဆရသည့်ဖြစ်စဉ် ၂ ခုတို့ ရှိသေးပြီး အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။
••••
🔴 အဖမ်းအဆီး ဧည့်စစ် လူရှာ

ယခု သီတင်းပတ် ရန်ကုန်တွင် အဖမ်းအဆီးဖြစ်စဉ် ၂၃ ခုနှင့် လူရှာဧည့်စစ်ဖြစ်စဉ် ၃၄ ကြိမ် သတင်းရရှိခဲ့သည်။
••••
🔖 စစ်မှုထမ်း

ယခုရက်သတ္တပတ် ဆင်ခြေဖုံးမြို့နယ်များတွင် စစ်မှုထမ်းလူသစ်အတွက် လူလိုက်လံဖမ်းဆီးမှု များပြားခဲ့သည်။ လမ်းမပေါ် သွားလာနေသူဖြစ်စေ၊ ဧည့်စာရင်းကျော်နေသူဖြစ်စေ ရပ်ကွက်ရုံးသို့ ဖမ်းခေါ်သွားပြီး စစ်မှုထမ်းဖို့ အကြပ်ကိုင်ကာ သက်ဆိုင်ရာမြို့နယ် စုရပ်အသီးသီးသို့ ပို့လိုက်လေ့ရှိသည်။ ထို့နောက် လူအရေအတွက် တစ်ခုရှိလာပါက ဘုရင့်နောင်စစ်ကြောရေးသို့ ရွှေ့ပြောင်းသည်။
••••
💒 ရုရှားဘုရားကျောင်း

မြောက်ဒဂုံမြို့နယ်တွင် ရုရှားအောက်သိုဒေါက်ဘုရားကျောင်းတစ်ခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှစ၍ တည်ဆောက်ဖို့ ရှိကြောင်း သိရသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှား Orthodox ဂိုဏ်းချုပ် ဓမ္မဆရာ ဆာဂေးသို့ ညှိနှိုင်းပြီးနောက် စီစဉ်လိုက်ခြင်းဖြစ်သည်။
••••
🇮🇳 အိန္ဒိယစစ်တပ် ကျောင်းအုပ်အဖွဲ့

အိန္ဒိယနိုင်ငံ၊ Naval War College (NWC) မှ အရာရှိများပါသည့် အဖွဲ ဒီဇင်ဘာ ၃ ရက်နေ့၊ ၆ ရက်နေ့၊ ၇ ရက်နေ့တို့တွင် ရန်ကုန်တွင်ရှိနေခဲ့ပြီး India Centre၊ ရွှေတိဂုံစေတီတော်၊ စစ်ရေယာဉ် (မေယု) စသည့်နေရာများကို လည်ပတ်ခဲ့ပြီး ၈ ရက်နေ့တွင် ပြန်သွားခဲ့ကြကြောင်း သိရသည်။
••••
🌆 ရန်ကုန်မြို့သစ် စီမံကိန်း

ရန်ကုန်မြို့တဖက်ကမ်းရှိ ကြည့်မြင်တိုင်၊ ဆိတ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်ထဲမှ လယ်ယာမြေအများစု၌ လုပ်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို စတင်အကောင်အထည်ဖော်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ တရုတ်နိုင်ငံသို့ သွားရောက်စဉ် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ .ဦးသိန်းစိန်အစိုးရလက်ထက်က အဆိုပြုခဲ့သော စီမံကိန်းဖြစ်ပြီး စင်ကာပူနိုင်ငံအရွယ်အစားထက် ၂ ဆခန့်ပိုကျယ်သည်ဟု ဆိုသည်။
••••

Tamwe Nway Oo Channel

09 Dec, 07:05


⚡️ လျှပ်စစ်မီး ပိုမိုပြတ်တောက်လာ

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၃၅ ရာခိုင်နှုန်းဝန်းကျင်သာ ဓာတ်အား ထုတ်နိုင်တော့သဖြင့် မီးပြတ်တောက်ချိန် ပိုကြာမြင့်လာကြောင်း သိရသည်။ တစ်နေ့လျှင် ၄ နာရီခြား ၁ ခါ မီးဖြတ်ရာမှ ယခု ည ၉ နာရီမှ ည ၁၁ နာရီအထိပါ ၁ ကြိမ် ထပ်မံ တိုးမြှင့် မီးဖြတ်ထားသည်။ မီးလာရမည့် ၄ နာရီအလှည့်တွင်လည်း အမှန်တကယ်လာချိန်မှာ ၁ နာရီပင်မပြည့်သည့်နေ့က ပိုများကြောင်း သိရသည်။

#RangoonScoutNetwork

Tamwe Nway Oo Channel

09 Dec, 06:41


စခကားအကြီး ၁ စီး၊ စခ ၁၂ ကောင်ခန့်ပါ

သိမ်ဖြူလမ်းဘက်မှ ဗညားဒလလမ်း မင်္ဂလာစျေးဘက်သို့သွား

12:57 PM
@MGTN_Scout_News

Tamwe Nway Oo Channel

09 Dec, 05:08


မင်္ဂလာဈေးဘန်ကာ

စခ SC ၁ စီး
ဘန်ကာထောင့်နားရပ်ထားပြီး ပျောက်ကျား ၇ ကောင်ခန့်ရှိနေ

11:14 AM
@MGTN_Scout_News

Tamwe Nway Oo Channel

09 Dec, 03:59


DAILY HIGHLIGHTS (08 Dec 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

#️⃣ ရခိုင်
မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်သားများ လွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှု AA က ပိတ်ပင် ၊ မောင်တောမြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက် ထိန်းချုပ်ပြီ – KT
•••
⁉️ အိမ်နီးချင်းနိုင်ငံနှင့် စစ်ရေးပဋိပက္ခ

#️⃣ ထိုင်း
ထိုင်းစစ်တပ်၏ ရန်သူမဟုတ်ဟု "ဝ" ပြော – TI
•••
💬 နိုင်ငံရေးထူးခြားသတင်းများ

#️⃣ ရွေးကောက်ပွဲ
၂၀၂၅ ရွေးကောက်ပွဲကို နိုင်ငံတကာကို စောင့်ကြည့်လေ့လာခွင့်ပေးမယ်လို့ ရွေးကော်ဥက္ကဋ္ဌပြော – BBC

#️⃣ တအာင်း
တွေ့ဆုံဆွေးနွေးရေး TNLA ကမ်းလှမ်းချက် စစ်ကောင်စီဘက်က တုံ့ပြန်ခြင်းမရှိသေး – DVB
•••
📊 စီးပွားရေးထူးခြားသတင်းများ

#️⃣ ရွှေ
ရွှေစံချိန်စံညွှန်းဓာတ်ခွဲခန်း ရန်ကုန်တိုင်းရွှေအသင်း ဖွင့်လှစ်မည် – BBC

#RangoonScoutNetwork

Tamwe Nway Oo Channel

08 Dec, 15:06


အပြည်ပြည်ဆိုင်ရာ လေကြောင်းနေ့ ၂၀၂၄ (International Civil Aviation Day 2024)
ကလေးငယ်တွေ သေကြေနေရတာကို ကျတော်တို့ ရပ်ကြည့်မှာလား။ ကျတော်တို့ ဘာလုပ်ကြမလဲ။ (အပိုင်း ၄)

လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနေတဲ့ အရပ်ဘက် လေကြောင်းသုံး လေယာဉ်ဆီတွေကို နိုင်ငံတကာကနေ
ရေကြောင်း အာမခံပေးခြင်း၊ သိုလှောင်ခြင်း၊ တင်ပို့ ရောင်းချခြင်း၊ သယ်ယူပို့ဆောင် ဖြန့်ဖြူးခြင်း နည်းလမ်းမျိုးစုံဖြင့် စစ်ရာဇဝတ်မှုများကို ဆက်လက် ပံ့ပိုးနေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် ကမ္ဘာတဝှမ်းမှ အစိုးရများသည်လည်း နိုင်ငံတကာကနေ ရရှိနေတဲ့ လေယာဉ်ဆီ လမ်းကြောင်းတွေကို ထိရောက်စွာ အရေးယူပိတ်ဆို့ပေးဖို့ တာဝန်မဲ့စွာ ပျက်ကွက်နေဆဲပါ။ အကြင်နာကင်းမဲ့စွာ လူသားမဆန်စွာ မျက်ကွယ်ပြုလျက်ရှိပါတယ်။

အင်အားကြီးနိုင်ငံတွေနဲ့ ကော်ပိုရိတ်တွေရဲ့ စစ်ရာဇဝတ်မှုတွေအပေါ် အကျိုးအမြတ်ရယူနေမှုနဲ့ ထောက်ပံ့နေမှုတွေကို ကျတော်တို့ ဘယ်လို အတူတူပူးပေါင်း တားဆီးကြမလဲ။ ပြည်သူတွေနဲ့ ကလေးငယ်တွေ သေနေတာကို ရပ်ကြည့်နေကြမှာလား။ ဆက်ကြည့်နေကြရမှာလား။

တဦးချင်း စုပြီး အင်အားကြီးမာအောင် လုပ်နိုင်ပါတယ်။ ဒီစစ်ရာဇဝတ်မှုတွေကို တားဆီးနိုင်တဲ့ အားအင်တွေ ကျတော်တို့မှာ ရှိပါတယ်။ ပြည်သူ့အင်အားဟာ ဒီမိုကရေစီစနစ်မှာ အာဏာပါဝါ ပဲ။ ဒီလက်နက်ကို မိမိတို့အားလုံး မဖြစ်မနေ သုံးပြီး ကလေးငယ်တွေ၊ လူ့အသက်တွေကို ကာကွယ်ရပါမယ်။

မိမိတို့ တဦးချင်း အနေနဲ့ အရပ်ဘက် လေကြောင်းမှာ သုံးတဲ့ လေယာဉ်ဆီတွေကြောင့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ ဖြစ်နေတာကို ကမ္ဘာတဝှမ်းရှိ ခေါင်းဆောင်များနှင့် ကုမ္ပဏီများကို လှုံဆော်ရေးနဲ့ ရပ်တန့်ရန် အတွက် ဆိုရှယ်မီဒီယာများမှ တဆင့် လက်မှတ်ထိုးပါဝင်တာ၊ ကော့်မန့် ကမ်ပိန်း၊ ဓါတ်ပုံကမ်ပိန်း စတဲ့ ကိုယ်တက်နိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ ပြောဆိုဖို့ တိုက်တွန်းဖို့ ပါဝင်ဖို့ အထူးလိုအပ်ပါတယ်။

နှစ် ၆၀ ကျော် တိုင်းပြည်ကို ဖျက်ဆီးနေပြီး ပြည်သူများနှင့် တိုင်းပြည်အပေါ်မှ ဂုတ်သွေးစုတ် အမြတ်ထုတ်နေတဲ့ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုကို ဆက်ပြီး ဆန့်ကျင် တိုက်ပွဲဝင်ရန် နှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိကာ မလျော့သော ဇွဲ၊ ကြိုးစား အားထုတ်မှုများဖြင့် တော်လှန်ရေး အမြန်ဆုံး နိုင်ရန် နေရာ အသီးသီး၊ ကဏ္ဏ အသီးသီးမှ တိုက်ပွဲဝင်သွားရမှာ ဖြစ်ကြောင်း ထပ်မံနှိုးဆော် တိုက်တွန်းရင်း နိုင်ငံတကာ လေကြောင်းနေ့ အကြောင်းအရာများနှင့် ဆက်စပ်နေသော လေကြောင်း လူသတ်မှုများအကြောင်းကို တင်ပြလိုက်ရပါတယ်။

Blood Money Campaign ( သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့)

#InternationalCivilAviatonFuelDay #7Dec24
#Airbusted #AirBus2AirStrikes
#WhatsHappeningInMyanmar
#BloodMoneyCampaignMM

Tamwe Nway Oo Channel

08 Dec, 11:42


လာမည့် ဒီဇင်ဘာ (၁၀) ရက်နေ့ “လူ့အခွင့်အရေးနေ့” မှာ AIRBUS, AVIC တို့လို အကျိုးအမြတ်သာ ကြည့်တဲ့ ကုမ္ပဏီတွေကြောင့် မြန်မာနိုင်ငံမှာ နေ့စဉ် အကြမ်းဖက်သတ်ဖြတ်ခံရမှုများနဲ့ လူ့အခွင့်အရေး များစွာ ချိုးဖောက်ခံနေရကြောင်းကို comment campaign ပြုလုပ်သွားဖို့ရှိပါတယ်။

AIRBUS ကုမ္ပဏီဟာ ၎င်းတို့ကိုယ်တိုင် လူ့အခွင့်အရေး လေးစားလိုက်နာပါမယ်၊ OECD, UNGP လို စီးပွါရရေးဆိုင်ရာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာချုပ်တွေကို လိုက်နာပါမယ် ပြောနေပေမဲ့ တကယ့်လက်တွေ့မှာတော့ မြန်မာပြည်က စစ်အုပ်စုရဲ့ ပြည်သူအပေါ် လေကြောင်းဗုံးကြဲနိုင်အောင် အထောက်အပံ့ ပြုနေတာပါ။

ဒါကြောင့် AIRBUS ကုမ္ပဏီကို ပစ်မှတ်ထားပြီး online လှုပ်ရှားမှုတွေထဲက ထိရောက်မှုရှိတဲ့ နည်းလမ်း (comment campaign) နဲ့ ကုမ္ပဏီရော ၎င်းကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေ၊ customer တွေပါ သိနိုင်မြင်နိုင်အောင် လာမည့် ဒီဇင်ဘာ (၁၀) ရက် “လူ့အခွင့်အရေးနေ့” မှာ ပြည်သူအားလုံး အတူတကွ comment မန့်ကြဖို့ တိုက်တွန်းပါတယ်။

📍အသေးစိတ်အချက်အလက်များကို Blood Money - သွေးစွန်းငွေ Facebook page မှာ ဆက်လက်ဖော်ပြသွားပါမည်။

#CommentCampaign
#AirBus2AirStrikes #Airbusted #BusinessAndHumanRights #WarCrimes
#WhatsHappeninglnMyanmar #BloodMoneyCampaignMM

Tamwe Nway Oo Channel

08 Dec, 05:17


DAILY HIGHLIGHTS (07 Dec 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

#️⃣ ရခိုင်
➡️ အမ်းတွင် နပခ ဌာနချုပ်တခုသာ သိမ်းရန်ကျန်ဟု AA ပြော – TI
➡️ မောင်တော လက်ကျန် နခခ(၅) အလုံးစုံ သိမ်းပိုက်ဟု သတင်း ထွက်ပေါ် – TI

#️⃣ ကချင်
➡️ ဗန်းမော်နှင့် မံစီမြို့တို့တွင် ၄ ရက်မြောက် တိုက်ပွဲပြင်းထန်နေပြီး KIA က စစ်တပ် တပ်ရင်းများနှင့်ရဲစခန်းများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့် – KT
➡️ ဗန်းမော် အကျဉ်းထောင်ပွင့်ပြီး နိုင်ငံရေးအကျဉ်းသားများပါ လွတ်မြောက် – AT
•••
💬 နိုင်ငံရေးထူးခြားသတင်းများ

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်ပြီးနောက် ရွေးကောက်ပွဲ လုံခြုံရေးကိစ္စ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေး၊ စစ်ကောင်စီရွေးကောက်ပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာတွင်ပြုလုပ်ရန်လျာထား – AT
•••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

#️⃣ ထိုင်း
ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ကျန်းမာရေးဆိုင်ရာညီလာခံကို CRPH တက်ရောက် – DVB

#️⃣ ကုလသမဂ္ဂ
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂတွင် ဆက်လက် ရပ်တည်ခွင့်ရရှိ – KT
•••
🖥 အခြားထူးခြားသတင်းများ

စစ်ကောင်စီက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေဖြင့် ရဲစခန်းများတည်ဆောက်မည် – AT

ဖုန်းအင်တာနက်အသုံးပြုခ တိုးမြှင့်ကောက်ခံသည့်အပြင် အကန့်အသတ်မရှိ Data Package ရောင်းချမှုများကိုပါ ရပ်တန့် – MPA

#RangoonScoutNetwork

Tamwe Nway Oo Channel

07 Dec, 14:48


မှော်ဘီလေတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ကျေးရွာများ ဆက်တိုက် စီးနင်းနေပြီး လေတပ်အနီး ညအချိန် ဖြတ်သွားသည့် ကားများကို ပစ်မိန့်ပေးထား

... အကြမ်းဖက် စစ်တပ်က ဒညင်းကုန်းနှင့် ထောက်ကြန့်ဘက်ကို ဈေးတက်ရောင်းမည့် ကားများကိုလည်း ညဘက် ဖြတ်သန်းခွင့် မပေးတော့ဘဲ ဖြတ်သန်းသည့်ကားများကို ပစ်မိန့်ပေးထားကြောင်း၊ ယနေ့ ညပိုင်းတွင်လည်း လေတပ် အနီးရှိ ကျေးရွာများကို ဧည့်စာရင်း စစ်ဆေးရန် လုပ်ဆောင်နေကြောင်း သိရသည်။

"ညက ပစ်ခတ်မှုကြောင့် ဒီမနက်ပိုင်း တပ်ရင်းမှူးဆိုတဲ့ လူက ဒီည‌ ဒညင်းကုန်း-ထောက်ကြန့်ဘက်တွေကို ဈေးတက်ရောင်းမယ့် ကားတွေကို ညမထွက်ရ အမိန့်ထုတ်တဲ့အပြင် အသေပစ်ခတ်မိန့်ပါ ထုတ်ထားတယ်။ ညောင်နှစ်ပင်ရွာမှာလည်း မြေလှန်ပြီးကို ရှာဖွေရေး လုပ်နေတယ်။ အခုဧည့်စာရင်းစစ်မယ်လို့ ကြားတယ် ရွာထဲကို ညကမှော်ဘီက တပ်ရင်းမှူးပါလာပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ ကြားတယ်။ ဒီည အချိန်မတော် ထွက်မယ့်ကားတွေကိုလည်း အဲ့တပ်ရင်းမှူးကပစ်မိန့်ပေးထားတယ်" ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ – Khit Thit

07 Dec 2024
#RangoonScoutNetwork

Tamwe Nway Oo Channel

07 Dec, 07:03


တာမွေ
*
စခ DC 1 စီး
အရှေ့မြင်းပြိုင်ကွင်းအတိုင်း မိုးကောင်းလမ်းဘက်မှလာ ကွင်းထဲဝင်

စခ Sinotruck 1 စီး, စခ ပါ
မြင်းပြိုင်ကွင်းထဲမှ
မိုးကောင်းလမ်းအတိုင်း ကန်ဘဲ့လမ်းဘက်သွား
*
12:15 PM
📬 @Inform_RSN

Tamwe Nway Oo Channel

07 Dec, 04:47


DAILY HIGHLIGHTS (06 Dec 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

#️⃣ ရခိုင်
အမ်းလေဆိပ်၊ စစ်ကောင်စီ တပ်ရင်းများအားလုံး၊ ဌာနဆိုင်ရာရုံးများအားလုံး အပါအဝင် အမ်းမြို့နယ်တစ်ခုလုံးကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုတည်းသာ သိမ်းပိုက်ရန် ကျန်တော့ – KT

#️⃣ ကချင်
ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ၏ ရုံးဌာနများကို KIA က ထိန်းချုပ်၊ စစ်တပ်၏ ပစ်ခတ်မှုများကြောင့်ပြည်သူ အနည်းဆုံး ၇ ဦးသေဆုံးပြီး မံစီမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေ – KT

#️⃣ မန္တလေး
သပိတ်ကျင်းရှိ PLA သိမ်းထားသော စခန်းများကို စစ်ကောင်စီ ပြန်တိုက်ယူ – MN
•••
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

#️⃣ ထိုင်း
ထိုင်းနိုင်ငံမှာပြုလုပ်မယ့် အစည်းအဝေးမှာ မြန်မာ့အရေးကို အာဆီယံဝန်ကြီးတွေ ဆွေးနွေးမယ် – AT

#️⃣ ရုရှား
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုဥက္ကဋ္ဌတို့ တွေ့ဆုံ – TI

#️⃣ ဆလိုဗေးနီးယား
မြန်မာကို ICJ မှာ တရားစွဲထားတဲ့အမှုမှာ ဆလိုဗေးနီးယားပါဝင်လာ – RFA
•••
🗑 ကျားဖြန့်

တရုတ်နိုင်ငံသား ၁၈ ဦး အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၄၅ ဦးကို အရေးယူထားကြောင်း စစ်ကောင်စီပြော – RFA
•••
🖥 အခြားထူးခြားသတင်းများ

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၃၅ ရာခိုင်နှုန်းဝန်းကျင်သာ ဓာတ် အား ထုတ်နိုင်တော့သဖြင့် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် မီးပြတ်တောက်ချိန် အလွန်ကြာမြင့်လာ – KT

ကျောင်းသုံးဖတ်စာအုပ်တွေ ပြန်အပ်ရမယ်လို့ဆို – MKM

#RangoonScoutNetwork

Tamwe Nway Oo Channel

07 Dec, 04:44


🚨  တာမွေ  🚨
ဆိုင်ကယ်အမဲ 1 စိး အရပ်၀တ်ခွေး 2 ကောင် တာမွေမလွကုန်းအောက်ဘက်မှလာ ၊မြို့ပတ်လမ်းအတိုင်းအောင်မဂ်လာလမ်းဘက်တက်။
သတိထားရန်။

11:10 am
@TM_Informer

Tamwe Nway Oo Channel

07 Dec, 04:40


စစ်ဆင်ရေးသတင်း ထုတ်ပြန်ခြင်း

Mission - 15

* Target - အကြမ်းဖက်စစ်တပ်၏ လေတပ်စခန်း။

* Location - ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်။

* Item - တာဝေးပစ် မစ်ဇိုင်းဒုံး ( ၅ ) လုံး။

* B.W.M ၏ Mission 25 အနေဖြင့်လည်ကောင်း U.S.O ၊ Shadow (S.A.F)နှင့် Brave Warriors For Myanmar (B.W.M) မဟာမိတ်တို့မှ ပူးပေါင်းဆောင်ရွက်သည်။

☝️ အသေးစိတ် ဖတ်ရှု့နိုင်ပါရန် ☝️

မှတ်ချက် - ( 🛑🫡 ပြည်သူများသတိပြုရန် U.S.O စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်သော မဟာမိတ်အဖွဲ့များအား နာမည်နဲ့တကွ ထည့်သွင်းထုတ်ပြန်ပါသည်။ လုံခြုံရေးအရ ထည့်သွင်းရန် အဆင်မပြေသော အဖွဲ့စည်းများအား စစ်ဆင်ရေး ဂုဏ်ပြုလွှာပေးအပ်ပါသည်။ ယခု ကြားသိရသော သတင်းများအရ ဘယ်သူဘယ်ဝါ လုပ်သလိုလို ၊ ပါဝင်ပက်သက်သလိုလို နဲ့ ပြည်သူများအမြင်ဝေဝါးစေနိုင်သော တင်ပြမှုများရှိနေပါသောကြောင့် သတိထားကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။ အကြောင်းကိစ္စတိုင်းအား U.S.O Admin Team ထံတွင် အတည်ပြုစုံစမ်းရန် တိုက်တွန်းအပ်ပါသည်။🫡🛑)

#သတင်းနှင့်ပြန်ကြားရေးဌာန

#USO Admin Team

#မြို့ပြအထူးစစ်ဆင်ရေး

#Urban Special Operation (USO)

Tamwe Nway Oo Channel

23 Nov, 15:23


တာမွေ
*
နောက်လ နှစ်သစ်ကူးည၊ တာမွေ ကျိုက္ကဆံကွင်းမှာ New Year Countdown ပွဲလုပ်ဖို့ စီစဉ်နေကြတယ်လို့ သိရ
*
23 Nov 2024
📬 @Inform_RSN

Tamwe Nway Oo Channel

23 Nov, 14:02


တာမွေ
*
ဖိုးစိန်လမ်းနဲ့ ဉီထွန်းမြတ်လမ်းလဲ ပြန်ဖွင့်ပေးလိုက်ပြီး လမ်းတွေအားလုံးပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရ
*
8:28 PM
📬 @Inform_RSN

Tamwe Nway Oo Channel

23 Nov, 13:53


တာမွေ
*
ဗညားဒလလမ်း လမ်းပြန်ဖွင့်ပေးလိုက်ကြောင်း သိရ
*
8:21 PM
📬 @Inform_RSN

Tamwe Nway Oo Channel

23 Nov, 13:48


သတင်းထုတ်ပြန် ကြေညာခြင်း

၂၀၂၄ ၊ နိုဝင်ဘာ ၂၃ ရက်၊ ဒီကနေ့ည ၆နာရီ မိနစ် ၃၀ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အကြမ်းဖက် စစ်ကောင်စီ၏ထောက်တိုင် လျှပ်စစ်ဝန်ကြီးဌာန၊ တာမွေ EPC ဝန်းထဲရှိ စစ်တပ်လုံခြုံရေး နှစ်ထပ် ဘန်ကာအား မိမိတို့ Freeland Attack Force (FLA )နှင့် Anonymous Fighters Force ( AFF ) မှ ဗုံးအသုံးပြု၍ နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ၏ EPC ရုံးသည် နယ်ခံ အများပြည်သူအပေါ် နည်းမျိုးစုံဖြင့်ဗိုလ်ကျ အနိုင်ကျင့်ပြုမှုနေကြောင်းလဲ စုံစမ်းသိရှိရသည်။

Tamwe Nway Oo Channel

23 Nov, 13:41


🚫 တာမွေ
*
ဖိုးစိန် ထိပ်ကနေ သျင်ပါကူ တကျော ကား ကန့်လန့်ပိတ်
စခ၊ ရခ ဘဲဉများရှိနေ
*
8:09 PM
📬 @Inform_RSN

Tamwe Nway Oo Channel

23 Nov, 13:28


🚫တာမွေ
*
ဖိုးစိန်လမ်းဘက်လဲ လမ်းပိတ်ထားကြောင်း သိရ
*
7:56 PM
📬 @Inform_RSN

Tamwe Nway Oo Channel

23 Nov, 13:26


🚫 တာ‌မွေ
*
ဦးထွန်းမြတ်လမ်းထိပ် ရခ SC ၁ စီး ကျောက်မြောင်းဘက် ခေါင်းတည်ရပ်ထား၊ နောက်ထပ် ကားအမဲ ၁ စီး ကန့်လန့်ဖြတ်ပိတ်ရပ်ထား
*
7:49 AM
📬 @Inform_RSN

Tamwe Nway Oo Channel

23 Nov, 13:26


🚨  တာမွေ  🚨

ထပ်မံပေါက်ကွဲသံ 💥💥
ပေါက်ကွဲသံကြီးထပ်မံကြားသိရ၊
ခွေးများတွေ့ရှိ၍ ခွဲလိုက်ခြင်းဖြစ်ကြောင်းကနဦးသိရှိရပါသည်။

7:50 pm

@TM_Informer

Tamwe Nway Oo Channel

23 Nov, 12:56


🚫 တာမွေ
*
EPCရုံးဘက်အခြမ်း မီးသတ်ရှေ့ကို ပွိုင့်ထိပ်ကနေ ကန့်လန့်ဖြတ်ပိတ်ထားပြီး စခတွေ အများအပြားရောက်ရှိနေ

သျှင်ပါဂူရှေ့ ဗျိုင်းရေအိုးစင်ဘက်အခြမ်းအထိတော့ လမ်းဖွင့်ပေးထား

ဖိုးစိန်လမ်းဘက်လဲ လမ်းဖွင့်ပေးထား
*
7:07 PM
📬 @Inform_RSN

Tamwe Nway Oo Channel

23 Nov, 12:43


🚨  တာမွေ  🚨

ပေါက်ကွဲသံ💥💥💥အဆက်

ကျောက်မြောင်းမီးပွိုင့်မှစပြီး သျှင်ပါကူနားထိ လမ်းပိတ်ထားပြီးခွေးများရောက်ရှိကာ စတင်စစ်ဆေး  ရှာဖွေနေကြောင်း သတင်းသိရှိရပါသည်။

7:05 pm

@TM_Informer

Tamwe Nway Oo Channel

23 Nov, 12:03


🚨  တာမွေ  🚨

ပေါက်ကွဲသံ💥
တာမွေမြို့နယ်တနေရာ ၌ ပေါက်ကွဲသံ ကဲ့သို့ အသံတစ်သံ ကြားလိုက်ရကြောင်းကနဦးသိရှိရပါသည်။

6:25 pm

@TM_Informer

Tamwe Nway Oo Channel

23 Nov, 11:59


🚨  တာမွေ  🚨

ဆိုင်ကယ် 1 စိးအရပ်၀တ်ခွေးတကောင် ဦးထုပ်အဖြူဆောင်း တာမွေမလွကုန်းအောက်ဘက်ကလာမြို့ပတ်လမ်းအတိုင်းအောင်မဂ်လာလမ်းဘက်တက်

6:26 pm

@TM_Informer

Tamwe Nway Oo Channel

23 Nov, 08:54


တော်လှန်ရေးကို hack နေပြီ

တော်လှန်ရေးနှင့်ပတ်သက်ပြီး အရေးကြီး သတိပေးစရာလေးပါ။

http://data.nugmyamnar.org ဆိုပြီး hacker site အသစ်ထွက်နေပါတယ်။

သေချာကြည့်ရင် nugmyamnar ဆိုပြီး ထင်‌‌‌ယောင်ထင်မှား စာလုံးပေါင်းအမှား ကို သက်သက်သုံးထားတဲ့ site ပါ။ သေချာ သတိထားပြီး မကြည့်မိရင် အစစ်လို့ ထင်သွားနိုင်ပါတယ်။

Nov 6 က မှ အသစ်ထွက်လာတဲ့ site ပါ။ ကျွမ်းကျင်သူများ သုံးသပ်ချက်အရ က Systematically targeted attack ဖြစ်နိုင်ပါတယ်။ NUG ဝန်ထမ်းများ ၏ username/password ယူတာမျိုးကနေ တော်လှန်ပြည်သူတွေရဲ့ data ကောက်တာမျိုးအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

အချင်းချင်း သတိပေးကြပါတော့

https://www.facebook.com/share/p/15EdbAu5Wt/?mibextid=WC7FNe

Tamwe Nway Oo Channel

23 Nov, 00:44


တာမွေ
*
တာ‌မွေ‌ဈေး မီးပွိုင့်ထောင့် ခွေးအိမ်အပေါ်ထပ် စခ ၂ကောင်ရှိ
*
7:03 AM
📬 @Inform_RSN

Tamwe Nway Oo Channel

22 Nov, 10:02


ယုဇနပလာဇာရှေ့ ကားဖမ်း

Yuzana plaza ရှေ့ ဘဲဥ အထီး အမ တသိုက်ရှိ ကားစစ်ရှိနေ

3:57 PM
@MGTN_Scout_News

Tamwe Nway Oo Channel

22 Nov, 09:59


🟣 တောင်ဥက္ကလာမြို့နယ်

နိုဝင်ဘာ ၂၁ ရက်နေ့ ည ၉ နာရီခန့်က တောင်ဥက္ကလာမြို့နယ်၊ ငွေတောင်စားသောက်ဆိုင်ဘေးရှိ ၁၄ ရပ်ကွက်ရုံးကို ပစ်မှတ်ထား၍ မြောက်ဥက္ကလာမြို့နယ် ပကဖ အဖွဲ့မှ လက်ပစ်ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်တွင် မစ်ရှင်းလုပ်ဆောင်ရင်း ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ၏ ဖမ်းဆီးသတ် ဖြတ်ခြင်း ခံလိုက်ရသော ရဲဘော် ချောကလက် (ခ) သာဒင်အတွက် လက်စားချေတုန့်ပြန်သည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ – Khit Thit

22 Nov 2024
#RangoonScoutNetwork

Tamwe Nway Oo Channel

22 Nov, 04:09


DAILY HIGHLIGHTS (21 Nov 2024) - 1
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ရခိုင်၊ တောင်ကုတ်မြို့ပေါ်ကို အေအေထိန်းချုပ် – BBC

လေကြောင်းမှ အပြင်းအထန်ခုခံခဲ့သော်လည်း အမ်းရှိ ခမရ ၃၇၁ကို စစ်ကောင်စီ လက်လွှတ်လိုက်ရ – AT

ကန်ပိုက်တီမြို့နှင့် တရုတ်-မြန်မာ နယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်းတွင် ကချင်အမျိုးသားအလံတော်ကို KIA က လွှင့်တင်လိုက်ပြီး ထွက်ပြေးနေသော စစ်ကောင်စီဘက်တော်သားများကို ဖမ်းဆီးရှင်းလင်းနေ – KT

စစ်ကောင်စီက ဆုံးရှုံးသွားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် ဒကစနှင့် ဗျူဟာဌာနများ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်း၊ နယ်မြေများ ပြန်သိမ်းပိုက်ပြီးပါက ချက်ချင်းအစားထိုးနိုင်ရေး အသင့်ပြင် – KT
•••
📊 စီးပွားရေးထူးခြားသတင်းများ

စည်းကမ်းတင်းကျပ် အခွန်ကောက်မှုများကြောင့် အွန်လိုင်းဈေးရောင်းလုပ်ငန်းများ အခက်ကြုံ – DVB

ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် ပေးသွင်းနေရသဖြင့် ကုန်သည်များ အရှုံးပေါ် – DVB

တရုတ်စီမံကိန်း တည်ရှိသည့် ကျောက်ဖြူတွင် ဘဏ်စနစ်အားလုံးရပ်ဆိုင်း – DVB

ရွှေရည်ညွှန်းဈေး ကျပ်၂သိန်းနီးပါး ပြန်မြင့်တက် – DVB

ဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀ နှင့် ဘတ် သန်း ၁၀၀ ထုတ်ရောင်း – DVB
•••
🖥 အခြားထူးခြားသတင်းများ

ခြံအမှတ် ၅၄ ကို လေလံကြမ်းခင်းဈေး ထပ်မံလျှော့ချရန် တရားရုံးဆုံးဖြတ် – DVB

ခြံအမှတ် ၅၄ ကို ဈေးလျှော့ပြီး ရောင်းချမဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအဖွဲ့ ကန့်ကွက် – RFA

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဝန်ကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများနှင့် စစ်အရာရှိဟောင်းများ၏ နေအိမ်များကို စည်ပင်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ စစ်တပ်၊ရဲနှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီး – KT

လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းကျော်ကို သန်းခေါင်စာရင်း ကောက်ယူ နိုင်ခဲ့ – BBC

သန်းခေါင်စာရင်း ရှေ့ပြေးအစီရင်ခံစာကို ဒီဇင်ဘာလဆန်း စစ်ကောင်စီ ထုတ်ပြန်မည် – DVB
•••
နိုဝင်ဘာ ၂၁ ရက်နေ့တွင် 🌐 နိုင်ငံခြားရေးထူးခြားသတင်း များပြားသဖြင့် သပ်သပ်ခွဲ၍ နိုင်ငံအလိုက် ဖော်ပြထားသည်။

DAILY HIGHLIGHTS (21 Nov 2024) - 2

#RangoonScoutNetwork

Tamwe Nway Oo Channel

16 Nov, 11:16


'ပြည်ပရောက် မြန်မာများကို စစ်မှုထမ်းဥပဒေဖြင့် အကြပ်ကိုင်ခြိမ်းခြောက်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ'

အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် ပြည်ပရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက်မှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်နေသော မြန်မာနိုင်ငံသားများ၏ စာရင်းကို ပြုစုလျက်ရှိကြောင်း၊ ယင်းစာရင်းကို စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြုစုနေခြင်းဖြစ်ပြီး ယင်းပြည်ပရောက် မြန်မာများစာရင်းတွင် အလုပ်သမားများ၊ ကျောင်းသားများ၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပရောက်ရှိနေသူများ အားလုံး အကျုံးဝင်ကြောင်း သိရှိရသည်။

ပြည်ပရောက် မြန်မာများကို စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် သက်ဆိုင်ရာနိုင်ငံများမှ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးများက စာရင်းနှင့်တကွ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဆင့်ခေါ်ချိန်တွင် မလာရောက်သော ပြည်ပရောက် မြန်မာများကို သံရုံးများက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် စစ်မှုထမ်းရန် တိမ်းရှောင်သော ပြည်ပရောက် မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါကလည်း စစ်မှုထမ်းဥပဒေအရ ထောင်ဒဏ်ချမှတ်အရေးယူမည်ဖြစ်ကြောင်း၊ ထောင်ဒဏ်ချမှတ်ပြီးနောက်လည်း ပြည်ပထွက် ခွင့် ရာသက်ပန် ပိတ်ပင်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနက်မှ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော အရေအတွက် သန်းနှင့်ချီရှိနိုင်ပြီး စာရင်းအတိအကျ ရရှိစေရန် ပြုစုလျက်ရှိကြောင်း... – Khit Thit

16 Nov 2024
#rangoonscoutnetwork

Tamwe Nway Oo Channel

16 Nov, 08:16


ကမ္ဘာ့စောက်ရှက်မရှိဆုံး မအေလိုး 🤬🤬🤬

#KyimyindaingNetworks

Tamwe Nway Oo Channel

16 Nov, 07:57


◾️တန်ဆောင်မုန်းလပြည့်နေ့ ပံ့သကူအလှူနှင့် တော်လှန်ရေးသတင်းစကားများဖြန့်ဝေသည့်လှုပ်ရှားမှုကို ရန်ကုန်၊ မန္တလေးမြို့များအပါအဝင် မြို့အများအပြားတွင်လှုပ်ရှားဖြန့်ဝေ

ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ည၌ ကိုတေဇာစန်း နှင့် ကိုနန်းလင်း တို့၏ ပြည်သူလူထုထံပေးပို့သည့် သတင်းစကားများကို ပံ့သကူအလှူနှင့် အတူပူးတွဲ‌ဖြန့်ဝေသည့် လှုပ်ရှားမှုကို
ရန်ကုန်နှင့် မန္တလေးမြို့တို့ အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ရာ မြို့များတွင် တက်ကြွလှုပ်ရှားသည့် ပြည်သူများနှင့်တူ လူထုသပိတ်အင်အားစု အသီးသီးက လှုပ်ရှားဖြန့်ဝေခဲ့သည်။

ရန်ကုန်မြို့တွင် စမ်းချောင်း၊အလုံကြည့်မြင်တိုင်၊ တာမွေ၊ သဃ်န်းကျွန်းမြို့နယ်များအပါအ၀င် မြို့နယ် ၁၀ မြို့နယ်ကျော် နှင့် မန္တလေးမြို့တို့တွင် အရေအတွက်သောင်းနဲ့ချီ၍ ပံ့သကူပစ် လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။

"ငုံ့မခံနဲ့ တုန့်ပြန်ကြ"

#ပံ့သကူ
#ငုံ့မခံနဲ့တုန့်ပြန်ကြ

Tamwe Nway Oo Channel

16 Nov, 04:25


DAILY HIGHLIGHTS (15 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ကျည်မလောက်၍ ပုလဲမှ တော်လှန်ရေးပူးပေါင်းတပ်များ ပြန်ဆုတ် – TI

ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရန် ဆင့်ခေါ်ပါက မိခင်နိုင်ငံသို့ အချိန်မီ ပြန်လာရန် စစ်ကောင်စီက တရားဝင်ညွှန်ကြားစာ ထုတ်ပြန် – KT

📊 စီးပွားရေးထူးခြားသတင်းများ

ရွှေရည်ညွှန်းဈေး တကျပ်သားကို ကျပ် ၅၀၀,၀၀၀ ကျော် ကျဆင်း – DVB

🗑 ကျားဖြန့်

မြ၀တီတွင် အိန္ဒိယနိုင်ငံသား Shaik Ashraf လူကုန်ကူးခံရပြီး အွန်လိုင်းငွေလိမ်သည့် ကျားဖြန့် အလုပ် လုပ်ကိုင်ရန် ငြင်းဆန်မှုဖြင့် ညှဉ်းပန်းနှိပ်စက်ခံနေရ၊ အိန္ဒိယနိုင်ငံသား ၇၀ ဦးခန့် မြ၀တီတွင် လှောင်ပိတ်ခံထားရ – KT

#rangoonscoutnetwork

Tamwe Nway Oo Channel

15 Nov, 12:36


🟡တန်ဆောင်တိုင် ဆုတောင်း🟡

ယနေ့ကျရောက်သော တန်ဆောင်တိုင် အချိန်အခါသမယမှစ၍  မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူအပေါင်း ဘေးရန်ကင်းဝေးပြီး ကြောက်ရွံ့ထိတ်လန့်မှုများမှ လွတ်မြောက်၍ ငြိမ်းချမ်းမှု အမြန်ဆုံးရရှိနိုင်ပါစေကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ 🙏🙏🙏

#AirBus2AirStrikes #Airbusted 
#BusinessAndHumanRights #WarCrimes 
#WhatsHappeninglnMyanmar #AVIC
#BloodMoneyCampaignMM

Tamwe Nway Oo Channel

15 Nov, 12:30


ပံ့သကူ ပစ်လို့ရပါတယ်ဗျ 🙏🙏🙏

Tamwe Nway Oo Channel

15 Nov, 07:23


"မြန်မာပြည်သူတွေရဲ့ သဘောထားကို တရုတ်အစိုးရသိစေရန်"

ကုန်သွယ်ရေးကို နိုင်ငံရေး/စစ်ရေး လက်နက်အဖြစ် အသုံးပြုတဲ့ တရုတ်အစိုးရ အကျင့်ဆိုးကို မြန်မာပြည်သူများမှ အလိုမရှိပါ။

RCS Please 🔔🔔🔔

ပြည်သူနှင့်အတူ
ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့
#LinnYaungNiYouthOrganization_LYNYO
#MayangoneDemocraticFront_MDF
#OwlCommunity
#KyimyidaingNetworks_KMD18
#PeoplesVoices
#ပြည်သူ့အသံ
#Yangon

Tamwe Nway Oo Channel

15 Nov, 04:07


DAILY HIGHLIGHTS (14 Nov 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

ပုလဲမြို့ တမြို့လုံးနီးပါး ဗိုလ်နဂါးဦးဆောင်သည့် တပ်များသိမ်းပိုက်၊ မြို့မရဲစခန်းတခုသာကျန် – DVB

အမ်းမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်း တပ်ခွဲ ၈ ခုကို သိမ်းပိုက်ထားဟု AA ထုတ်ပြန် – DVB

ရခိုင်ပြည်တွင် "စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားလုံး အလုံးစုံချုပ်ငြိမ်းစေရေး" AA က ဆက်လက်ဆောင်ရွက်မည်ဟု ကြေညာ – KT

နောင်ချိုမြိုနယ်တွင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ အဖြစ် တိုက်ပွဲဆက်လက်ပြင်းထန်နေ – AT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ကောင်စီကို ပိတ်ဆို့ဒဏ်ခတ်အရေးယူနိုင်မည့် ILO ဆုံးဖြတ်ချက် လာမည့်နှစ် ချမှတ်မည် – DVB

မြန်မာတွင် အရပ်သားများအပေါ် အကြမ်းဖက်မှု အမေရိကန်နှင့် အင်ဒို ပြင်းထန်စွာ ရှုတ်ချ – DVB

ထိုင်းက ပြန်ပို့တဲ့ မြန်မာ ၁၈၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ – RFA

📊 စီးပွားရေးထူးခြားသတင်းများ

မြန်မာမှထွက်သည့် သဘာဝဓာတ်ငွေ့ရည် တရုတ်နှင့် မျှဝေသုံးမည်ဟု စစ်ကောင်စီပြော – TI

တရုတ် BYD လျှပ်စစ်ကားရုံးချုပ်သို မင်းအောင်လှိင် သွားပြီး မိသားစုစီးပွားရေး ခိုင်မာအောင် လုပ် – TI

ပန်ဝါဒေသ မြေရှားသတ္တုလုပ်ငန်း ပြန်စဖို KIA ပြင်ဆင် – TI

#rangoonscoutnetwork

Tamwe Nway Oo Channel

15 Nov, 04:06


"တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ ဆုမွန်လွှာ"
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်တခုဖြစ်သော တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့တွင် ပြည်တွင်းပြည်ပရှိ ဗုဒ္ဓဘာသာဝင်အပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်ဝနိုင်ကြပါစေကြောင်း ဆုမွန် ကောင်းတောင်းပါသည်။

မြတ်ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်း ပူဇော်ကြသည့် ဤ မွန်မြတ်လှသော အခါသမယကို လွတ်လပ် ပျော်ရွှင် ငြိမ်းချမ်းစွာ ဆင်နွှဲခွင့်မရကြသည့် နိုင်ငံတဝန်းရှိ ဗုဒ္ဓဘာသာဝင် ညီအကိုမောင်နှမများကိုလည်း မမေ့မလျော့ ရှိနေပါကြောင်း လေးနက်စွာ ဖော်ပြလိုပါသည်။

ယခုကဲ့သို့သော နေ့ထူးနေ့မြတ် အခါသမယများကို နိုင်ငံတဝန်း မိသားစုအပေါင်း မကြာခင်ကာလတွင် သာယာ အေးချမ်းစွာ ဆင်နွှဲခွင့် ရနိုင်ပါစေကြောင်းလည်း အထူးပင် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဒူဝါလရှီးလ
နိုင်ငံတော် ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ

Tamwe Nway Oo Channel

28 Oct, 04:41


ရန်ကုန်မှတ်တမ်း (အောက်တိုဘာ ၂၁ - ၂၇၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
⚠️ မြို့ပြစစ်ဆင်ရေး

ယခု ရက်သတ္တပတ်တွင် ရန်ကုန်တိုင်းအတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်စဉ် ၄ ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်ရုံးနှင့် ၂၁ ရပ်ကွက်ရုံးတို့ကို အောက်တိုဘာ ၂၃ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်တွင် Yangon Army (YA) ၊ အနောက်ပိုင်းခရိုင် ပကဖ အဖွဲတိုမှ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့... – RSN

(ယခုသီတင်းပတ် ရန်ကုန်မှတ်တမ်းတွင် 'မြိုပြစစ်ဆင်ရေး၊ သပိတ်၊ အဖမ်းအဆီး၊ ဧည့်စစ်လူရှာ၊ လက်နက်ကိုင် အနုကြမ်းစီး၊ မဘသ ဆန္ဒပြပွဲ ပြဿနာ၊ စကစ နောက်လိုက်ပြဿနာ၊ ပြည်သူ့စစ်၊ အကြမ်းဖက်စစ်တပ် ယာဉ်တန်းများ၊ ရေကြီးရေလျှံနှင့် ရုရှားရေတပ်' ဆိုသည့် ခေါင်းစဉ်ငယ်များပါပြီး အောက်ပါ Comment Box တွင် အပြည့်အစုံဖော်ပြထားသည် ⬇️)

Tamwe Nway Oo Channel

27 Oct, 14:13


သတင်းထုတ်ပြန်ချက်
ယနေ့တွင်ကျရောက်သော၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည်ကို ဂုဏ်ပြုသော်အားဖြင့် ယမန်နေ့ည၂၇.၁၀.၂၀၂၄ ရက် ည ၇ နာရီ ၃၀ မိနစ် တွင် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းစုံအနီးရှိ ခရေပင်လမ်း အမှတ် (၉၈၁) ခွေးတပ်ဂိတ်ကို ကျွန်ုပ်တို့ Dark Shadow တပ်ဖွဲ့မှ အဝေးထိန်းမိုင်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုမရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။ ပြည်သူများအားနေ့စဉ် ဒုက္ခပေးနေသော် စစ်ကောင်စီ၏ စစ်ခွေးမိစ္စာများကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းအကြောင်းပြ၍ မသက်ဆိုင်သော်ပြည်သူများ/ရဲဘော်များ မတရားသဖြင့်ဖမ်းစီးခံရမှုများကိုလဲ နေ့စဉ်ကြားသိနေရသည့်အပြင် မကြာသေးမှီက ငရဲခန်းကိုဖြတ်သန်းခဲ့ရသော ဘုတလင်ဖြစ်စဉ်မှ ပြည်သူများ/ရဲဘော်များကိုယ်စား ကျွန်ုပ်တို့ Dark Shadow အဖွဲ့မှလက်တုန့်ပြန်သွားမည်ဟု ဂတိသစ္စာပြုပါသည်။နောက်ပစ်မှတ်များကိုလဲ ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်ကောင်စီ မှ ရဲခွေး၊ စစ်ခွေးနှင့် ပျူစောထီးများ၊ အရပ်ဝတ်စစ်ခွေးများ စုဝေးရာနေရာများသို့ မသွားကြရန် နှင့်ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#darkshadow

Tamwe Nway Oo Channel

27 Oct, 12:13


၁၀၂၇ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှု ဂျပန်နိုင်ငံတွင်ပြုလုပ်

ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စ-စ်-ကောင်-စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ် နှင့် အထင်ကရနေရာများတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) နှင့် Revolution Tokyo Myanmar - R.T.M တို့ပူးပေါင်းကာ "ရန်ကုန်မှာပြန်ဆုံမယ်" စာတန်းပါအင်္ကျီများဝတ်ဆင်၍ စ-စ်-အာ-ဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

စ-စ်-တပ်မှကျူးလွန်နေသည့် အကြမ်းဖ-က်စ-စ်ရာဇဝတ်မှုမှတ်တမ်းများအား အထူးအလေးအနက်ထားအရေးယူရန်၊ လွတ်မြောက်ဒေသ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဆန့်ကျင်တိမ်းရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားများ၊ မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုများနှင့် ရန်ကုန်ရှိမိဘပြည်သူများအားလုံး ရန်ကုန်တွင်ပြန်ဆုံကြစေရန်၊ ရေဘဝဲ၏ ဆောင်ပုဒ်တခုဖြစ်သော ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူကြရန် ရည်ရွယ်၍ "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှုအား ရန်ကုန်မှ တိုကျိုသို့ဆောင်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှုအား ရေဘဝဲမှ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ခြေရင်းတွင် စတင်ခဲ့ပြီး မြို့လယ်ရှိအထင်ကရနေရာများ၌ လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။ထိုလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားခဲ့ကြသော ရေဘဝဲရဲဘော် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂) ဦးနှင့် ဆက်စပ် (၂) ဦးအား စ-စ်-တပ်မှ အကျဥ်းထောင်များတွင်ဖမ်းဆီးချုပ်နှောင်ထားသည်။

အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#Tokyo #GOAT
#ရန်ကုန်မှာပြန်ဆုံမယ်
#RTM #OCTOPUS
#RevolutionTokyoMyanmar #ရေဘဝဲ

Tamwe Nway Oo Channel

27 Oct, 10:17


DAILY HIGHLIGHTS (26 Oct 2024)
•••••••••••••••®•••••••••••••••
💬 နိုင်ငံရေးထူးခြားသတင်းများ

မြန်မာနိုင်ငံတွင် မည်သည့်အာဏာရှင်မှ ထပ်မံအုပ်စိုးခွင့် မရစေရေး ကြိုးစားနေဟု SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် ပြောဆို – KT

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

တိုက်ပွဲများရပ်ရန် ဖိအားပေးကာ နယ်စပ်ဂိတ်များပိတ်ပြီးနောက် တရုတ်သံအမတ်နှင့် ဒုစစ်ခေါင်းဆောင်တို့ တွေ့ – TI

မြန်မာရေဘေးအတွက် အမေရိကန်က ဒေါ်လာ သုံးသန်း ထပ်မံကူညီမည် – RFA

📊 စီးပွားရေးထူးခြားသတင်းများ

စစ်ကောင်စီက ရွှေရောင်းဝယ်ရေးစျေးကွက်ကို အရေးကြီးဝန်ဆောင်မှုအဖြစ် ကြေညာပြီး ဒုဝန်ကြီး ဦးဆောင်သော ရွှေစျေး သတ် မှတ်ရေး ကော်မတီဖွဲ့စည်းကာ နေ့စဉ် ရွှေစျေး သတ်မှတ်မည် – KT

🖥 အခြားထူးခြားသတင်းများ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမက်ကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့် – DVB

2nd Runner upနှင့် ပြီးဆုံးခဲ့သည့် Miss Grand Myanmar – TI

#rangoonscoutnetwork

Tamwe Nway Oo Channel

27 Oct, 09:42


Public Letter Writing ( ပြည်သူ ပေးပို့စာ) လှုပ်ရှားမှု လမ်းညွှန်ချက်။

Email the Airbus Company calling on it to stop airstrikes in Myanmar.
now! မြန်မာပြည် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန်အတွက် Airbus ကုမ္ပဏီကို ယခုပဲ စာပို့ပါ။

ပြည်သူတဦးချင်းမှ Airbus SE ကုမ္ပဏီ CEO (Guillaume Faury, CEO of AIrbus SE)ထံ ပေးပို့သောစာ ဖြစ်ပါသည်။

အဆင့် (၁)
To တွင် ယခု အီးမေးလ် လိပ်စာထည့်ပါ။ [email protected], [email protected]
CC တွင် ယခု အီးမေးလ် လိပ်စာထည့်ပါ။ [email protected], [email protected],
[email protected]

အဆင့် (၂)
Subject : နေရာတွင် ရေးရန် -
Airbus’ must use its leverage to halt Aviation Industry Corporation of China’s business with the Myanmar military, or divest

အဆင့် ( ၃)
Body စာနေရာမှာ ယခု post comment တွင် ပေးထားသော စာကို ကူးယူပါ။

အဆင့် (၄)
ပေးပို့သူ Your Name နေရာတွင် မိမိနှစ်သက်သော အမည်ကို ရေးပါ။ Send နှိပ်ပါ။

အဆင့် (၅)
လေးထောင့် box ကို ဖုန်းတွင် အမှန်ခြစ်ပါ (သို့) ကွန်ပျူတာတွင် လက်ထောက်ပြီးအမှန်လေး ခြစ်ပါ။ ထို့နောက်
- အပေါ်ဘားတန်းတွင် အမှိုက်ပုံး ပုံလေးကိုနှိပ်ပါ။
- ဘယ်ဘက် ဘားကိုနှိပ်ပါ။
- Trash ကိုရွေးပါ။
- Empty trash now ကိုရွေးပါ။
- Empty ကိုနှိပ်ပါ။

အဆင့် ( ၆)
ပြည်တွင်းမှ ပြည်သူများ ပေးပို့ရာတွင် မဖြစ်မနေလုပ်ဆောင်ပေးဖို့ နှိုးဆော်ပါသည်။

မိမိအနေဖြင့် စာပို့ရန် မလုံခြုံဟုခံစားရပါက photo campaign တွင် ဆက်လက်ပါဝင်ပေးဖို့ နှိုးဆော်ပါသည်။

ပြည်ပမှ တော်လှန်ပြည်သူများနှင့် ပြည်တွင်း မှ စာပို့ရန် မိမိအနေဖြင့် အဆင်ပြေသည်ဟု ကိုယ်တိုင် သတ်မှတ်နိုင်သူများသာ ပေးပို့ပါရန်။ လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#AirBus2AirStrikes #Airbusted
#BusinessAndHumanRights #WarCrimes
#WhatsHappeninglnMyanmar
#BloodMoneyCampaignMM

Tamwe Nway Oo Channel

25 Oct, 11:59


🚨  တာမွေ  🚨 (Delayed)

ယနေ့ညနေပိုင်း ၅:၀၀ ခန့်က ရွာသွန်းခဲ့သောမိုးကြောင့် မအူကုန်း လမ်းလျှောက်နေသူကျယ်၊ယုဇနပလာဇာ ဧရိယာ၌ရေကြီး‌ေရလျှံ မှုများဖြစ်ခဲ့ပါသည်။
crd photo.
5:30 pm

@TM_Informer

Tamwe Nway Oo Channel

25 Oct, 09:52


တော်လှန်ပြည်သူများထံသို့ အသ်ိပေးခြင်း ❗️

အောက်ဖော်ပြပါ channel မှာ တပ်ရင်းတစ်ခုတွင် အလှူငွေလိုအပ်သည်ဟုဆိုကာ အလှူငွေလိုက်လံလိမ်လည်ကောက်ခံနေသောကြောင့် တော်လှန်ပြည်သူများအနေဖြင့် အလှူငွေများ သွားရောက်မလှူဒါန်းကြပါရန် သတိပေးအပ်ပါသည်။

https://t.me/THAU7766/1193

Tamwe Nway Oo Channel

25 Oct, 09:31


X (Twitter) အသုံးပြုတဲ့ တော်လှန်မိတ်ဆွေတို့ရေ

အောက်တိုဘာ ၂၅ မှ ၃၁ ထိ ဒီ Hashtag # တွေကို Tweet ပါ
👇👇
#Airbusted
#AirBus2AirStrikes
#WhatsHappeninglnMyanmar

မြန်မာစံတော်ချိန် ည ၈ ခွဲ အားလုံးအတူတူ Tweet ကြမယ်။ ပြင်သစ် location ရွေးချယ်ပေးကြပါနော်။

#AirBus2AirStrikes #Airbusted #BusinessAndHumanRights #WarCrimes #WhatsHappeninglnMyanmar #BloodMoneyCampaignMM

Tamwe Nway Oo Channel

25 Oct, 07:42


NLD ရုံးချုပ်အနီး

စစ်ခွေး FAW ခေါင်းရှည် 1စီး (★၂၇၈၃(မ))
လစ်လမ်းမှတ်တိုင်နား ရွှေဂုံတိုင်ဘက်ရှေးရှုတဲ့နားမှာရပ်ထားပြီး ခွေးတွေက သန့်ရှင်းရေးလုပ်နေ

NLD ရုံးရှေ့က စစ်တန်းလျားအပေါ်ထပ်ကို ကားတက်လို့ရအောင် လမ်းလုပ်နေတယ်လို့ သိရ

1:44 PM
From - @BSNinformer

Tamwe Nway Oo Channel

25 Oct, 05:29


အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး The Edward Barsky Award ချီးမြှင့်ခံရ
အောက်တိုဘာ ၂၄၊ ၂၀၂၄
အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို လူ့အခွင့် အရေးနဲ့ လူမှုတရားမျှတမှုဆိုင်ရာ ကျန်းမာရေးဆိုင်ရာလုပ်ဆောင်ချက်တွေအတွက် ပေးအပ်တဲ့ The Edward Barsky Award ကိုချီးမြှင့်လိုက်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်တပ်က နေ ပြည်သူတွေကို အကြမ်းဖက် ဖိနှိပ်မှုတွေပြုလုပ်နေတဲ့ကြားက ပြည်သူတွေကျန်းမာရေးဝန်ဆောင်မှုတွေ ပေးခဲ့တာကြောင့် ခုလို ဆုချီးမြှင့်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ CDM ကျန်းမာရေးလုပ်သားတွေအပေါ် အကြမ်းဖက် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လုပ်နေပေမယ့်လည်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနဟာ အရေးကြီးတဲ့ ဆေးဝါးဝန်ဆောင်မှုပေးတာ၊ ကျန်းမာရေးဝန်ထမ်းတွေကု ကာကွယ်ပေးပြီး မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးစောင့်လျောက်မှုခံစားခွင့်တွေကို ဆောင်ရွက်ပေးခဲ့တယ်လို့ The Edward Barsky Award ဆုချီးမြှင့်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလုပ်သားတွေရဲ့ ကြံံကြံခံပြီး ပြည်သူတွေကိုကျန်းမာရေး စောင့်လျောက်မှုတွေ ပေးနေတာဟာ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရဲ့ မျှော်လင့်ချက်မီးရှူးတန်ဆောင်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီဆုဟာ ကျန်းမာရေးနဲ့ တရားမျှတမှု မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နယ်လ်ဆင်မင်ဒဲလား ဦးဆောင်တဲ့ အာဖရိက အမျိုးသားကွန်ဂရက်လို အဖွဲ့အစည်းတွေကို ဆုချီးမြှင့်ခဲ့သလို နှစ်ရှည်လများ ဂုဏ်ပြုရတဲ့ သမိုင်းကြောင်းရှိတဲ့ ဆုတခုဖြစ်ပါတယ်။
ဒါ့အပြင် တကမ္ဘာလုံးမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခေါင်ဆောင်တွေ၊ကျန်းမာရေးဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ နဲ့ ပညာရပ်ဆိုင်ရာ ကျွန်းကျင်သူစုပေါင်းပြီး နှစ်စဉ်ကျင်းပတဲ့ ကျန်းမာရေးဆိုင်ရာတက်ကြွလှုပ်ရှားသူများ ညစာ စားပွဲကို လည်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

Tamwe Nway Oo Channel

25 Oct, 04:15


DAILY HIGHLIGHTS (24 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

အမ်း တိုင်းစစ်ဌာနချုပ်အနီး AA တပ်များရောက်လာ ညလုံးပေါက်တိုက်ပွဲ ပြင်းထန် – TI

KNLA ဌာနချုပ် ဗုံးကြဲခံရမှု PDF လက်ချက်ဟု စစ်ကောင်စီထိုးချ – TI

💬 နိုင်ငံရေးထူးခြားသတင်းများ

NLD ပါတီ မှတ်ပုံတင်ရင် ခွင့်ပြုပေးဖို့ စစ်ကောင်စီ လျှို့ဝှက် ညွှန်ကြား – BBC

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အပေါ် နာဂအဖွဲ့အစည်းများ ကန့်ကွက် – DVB

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများအတွက် CI စာအုပ် ထုတ်ပေးရေးစင်တာ ဖွင့်မည် – DVB

📊 စီးပွားရေးထူးခြားသတင်းများ

ဒေါ်လာဈေး ပြန်တက် – TI

ဗဟိုဘဏ်က ဒေါ်လာ ၁၀ သန်းခန့် ထုတ်ရောင်းသော်လည်း ဒေါ်လာဈေး တက်ရိပ်ပြ – DVB

ဆီဆိုင်များအားလုံး ငွေသိန်း ၁၀၀၀ နီးပါး အနည်းဆုံး ကုန်ကျမည့် Smart Card ဆီအရောင်းစနစ်နှင့် ဆီပမာဏကို တိုက်ရိုက်စစ်နိုင်သော Real Time စနစ် တပ်ဆင်ရန် ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖိအားပေး – KT

“၀”ဒေသမှာ စက်သုံးဆီပြတ်လပ်မဲ့ သတင်းကြောင့် အလုအယက်ဝယ်ယူနေရကြောင်း ဒေသခံတွေပြော – RFA

🔴 သဘာဝဘေး

ဘင်္ဂလားပင်လယ်ပြင်တွင် DANA ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာ – TI

🖥 အခြားထူးခြားသတင်းများ

KIA ထိန်းသိမ်းထားသည့် သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆို – DVB

အိမ်လေလံတန်ဖိုး ၁၀ ဘီလီယံလျှော့ချရန် ဦးအောင်ဆန်းဦး တင်ပြ – TI

#rangoonscoutnetwork

Tamwe Nway Oo Channel

25 Oct, 04:12


🛑 မင်္ဂလာဈေးမီးပွိုင့်နား ကားဖမ်း

ဘဲဥ ၂ ကောင်
စက်ရုံလမ်းကနေ ဗညားဒလလမ်း (ယုဇနပလာဇာဘက်)ကွေ့တဲ့ နေရိပ်ထဲမှာ တောင်းစားနေ

9:58 AM
@MGTN_Scout_News

Tamwe Nway Oo Channel

24 Oct, 15:14


😐 အနုပညာဆိုတာ နိုင်ငံတနိုင်ငံရဲ့အဆင့်အတန်း 🚫
နှုတ်ဆိတ်မနေနဲ့အသံထွက် စနစ်ဆိုးကိုဖျက် !!!

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#Boycott
#OCTOPUS #ရေဘဝဲ

Tamwe Nway Oo Channel

24 Oct, 14:08


🟠 တာမွေမြို့နယ်

ယနေ့ည တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။

24 Oct 2024
#rangoonscoutnetwork

Tamwe Nway Oo Channel

24 Oct, 13:34


မုန်တိုင်းဒါနာအရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ မိုးကြီး/လေပြင်းတိုက်ခတ်နိုင်

CJ Platform

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း ဒါနာ(DANA)ရဲ့အရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ စစ်ကောင်စီ မိုးဇလရဲ့ ဒီကနေ့ နေ့လယ်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းကနေ မနက်ဖြန် အောက်တိုဘာ ၂၅ ရက် နေ့လယ် ၂ နာရီအထိ တနင်္သာရီ၊ ကရင်၊ ကရင်နီ(ကယား)ပြည်နဲ့ မွန်ပြည်တို့ကလွဲပြီး ကျန်ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာအပြင် လေပြင်းတိုက်ခတ်တာတွေပါဖြစ်ပေါ်နိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/24-10-2024-9/

Tamwe Nway Oo Channel

24 Oct, 09:52


ဘုရားဖူးထွက်တဲ့အဖွဲ့ကသတ်သတ်
ရွာမီးအရှို့ခံရသူတွေကသတ်သတ်။

အပန်းဖြေကမ်းခြေသွားတဲ့သူတွေကသတ်သတ်
ကမ်းပျောက်လမ်းပျောက်နေသူတွေကသတ်သတ်။

ပြည်ပမှာကျောင်းသွားတက်နေသူတွေကသတ်သတ်
ရွာကစာသင်ကျောင်းပေါ်
လက်နက်ကြီးပြုတ်ကျခံရသူတွေကသတ်သတ်။

မင်္ဂလာ လက်ထပ်ပွဲကျင်းပ,နေသူများကသတ်သတ်
သားတကွဲမယားတကွဲ မိတကွဲဘတကွဲတွေကသတ်သတ်။

ဘုရားတည်ကျောင်းဆောက်နေသူများကသတ်သတ်
စားရမဲ့မဲ့သောက်ရမဲ့မဲ့တွေကသတ်သတ်။

သီဆိုက,ခုန်
ပျော်ပါးသောက်စားနိုင်သူများကသတ်သတ်
သောက,ဗျာပါရကိုယ်စီဖြင့်,
ငိုကြွေးပူဆွေးနေသူများက သတ်သတ်။

မွေးနေ့ပွဲကျင်းပ,နေသူများသတ်သတ်
သေသူကို တမ်းတ,ပူဆွေး ကြေကွဲ,ခံစားနေကြရသူများကသတ်သတ်။

ရန်သူချကျွေးသောထန်းလျက်ခဲငယ်မျှကို
လျှာဖြင့်တမက်တမော
လျက်နေကြသော ခွေးဝဲစားများကသတ်သတ်၊
လျှာပေါ်မြက်ခြောက်ပေါက်သည်အထိ
အငတ်ခံ အသတ်ခံလျက်,
ရန်သူနှင့်ပွဲတော်မတည်သူများကသတ်သတ်။

ပွဲလန့်လို့ပွဲအက,ပျက်ရသူများကသတ်သတ်
ပွဲအပျက်ထဲနေရာဝင်ယူပြီး
အစားထိုးပွဲတိုးချင်သူများကသတ်သတ်။

အားလုံးသည်ကား
တစ်မြေတည်းနေ တစ်ရေတည်းသောက်၊
''ဇာတိ''တူ
''ဇရာ''တူ
''မရဏ''တူသူများဖြစ်ကြသကဲ့သို့၊
တချို့တစ်ဝက်သည်
ရန်သူနှင့်ပင် ခပ်ဆင်ဆင် ။

မောင်လှမျိုး(ချင်းချောင်းခြံ)

🌈YNO🌈

Tamwe Nway Oo Channel

24 Oct, 05:47


NLD ပါတီ မှတ်ပုံတင်ရင် ခွင့်ပြုပေးဖို့ စစ်ကောင်စီ လျှို့ဝှက် ညွှန်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှတ်ပုံတင်လာရင် ခွင့်ပြုပေးဖို့ စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားထားတယ်လို့ ဘီဘီစီရဲ့ နေပြည်‌တော် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ NLD ပါတီက မှတ်ပုံပြန်မတင်ခဲ့လို့ အလိုအလျောက်ပယ်ဖျက်ခံထားရတာဖြစ်ပါတယ်။

အမိန့်စာမထုတ်တဲ့ ဒီညွှန်ကြားချက်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မတိုင်ခင်မှာထွက်ပေါ်လာခဲ့တာဖြစ်ပြီး လက်တွေ့ဖြစ်လာဖို့က ခက်ခဲဖွယ်ရှိတယ်လို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။

NLD ပါတီ မှတ်ပုံတင်ရေး၊ အဆုံးအဖြတ် ဘယ်သူ့ပေါ်မှာ မူတည်နေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါသလဲ။

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်တပ် #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #NLD #ပါတီ #မှတ်ပုံတင်မှု #‌ဒေါ်အောင်ဆန်းစုကြည်

Tamwe Nway Oo Channel

24 Oct, 04:41


DAILY HIGHLIGHTS (23 Oct 2024)
•••••••••••••••®•••••••••••••••
⚠️ စစ်ရေးထူးခြားသတင်းများ

စစ်ကောင်စီ နှင့်အတူ စစ်ရေး လှုပ်ရှားနေသော ARSA ၊ RSO ၊ ARA လက်နက်ကိုင်တပ်များမှာ ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှု အသစ်ဟု AA ပြော – KT

ARSA စခန်း ၄ ခုကို AA သိမ်းပိုက်၊ စစ်ကောင်စီ ထောက်ပံ့သည့် စစ်အသုံးအဆောင်များတွေ့ရှိ – DVB

အမ်းလေဆိပ် ထိန်းချုပ်နိုင်မှုကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီး AA က စောင့်ကြည့်ပစ်ခတ်မှုများရှိ – AT

KNU တပ်မဟာ ၆ နယ်မြေတွင် စစ်တပ်၏ နောက်ဆုံး အင်အားအကြီးဆုံး တပ်စခန်း ဖြစ်သော အနန်းကွင်းတပ်စခန်းမှ စစ်သား ၃၀ ကျော် လက်နက်ချ အလင်းဝင်၊ ဗျူဟာစခန်းသိမ်းနိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား – KT

ထန်တလန်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ – DVB

ရှမ်းနယ်စပ်၌ စစ်တပ်နှင့် ကရင်နီတော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲပြင်းထန် – TI

ပြင်ဦးလွင် မြို့တွင်းတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု စစ်တပ်က တရားဝင်အသိပေးလာပြီး နောက် ဆုံး လက်ကျန် တပ်မိသားစုဝင်များကို ပြောင်းရွှေ့ပေးနေ၊ ပြင်ဦးလွင်မှ လက်နက်ကြီးပစ်ကူမှုများ ဆက်တိုက် လုပ်ဆောင်လာ – KT

⚠️ မိတ်ဖက်ပြဿနာ

CDF (မတူပီ) တပ်မဟာအချင်းချင်း ကွဲလွဲမှုများ ပြေလည်နိုင်ရေး တတိယအဖွဲ့အစည်းနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည် – MPA

💬 နိုင်ငံရေးထူးခြားသတင်းများ

လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် NLD ပါတီ၏ သုံးသပ်ချက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီးမှ ထုတ်ပြန်နိုင်မည် – DVB

🌐 နိုင်ငံခြားရေးထူးခြားသတင်းများ

အာဆီယံ ရဲညီလာခံ၌ နိုင်ငံဖြတ်ကျော်မှုခင်းများ ဆွေးနွေး – TI

မြန်မာဘက်သို့ အီလက်ထရောနစ်ပစ္စည်းများ၊ လူသုံးကုန်နှင့် အိမ်သုံးကုန်များ၊ စက်ကိရိယာနှင့် စက်ယန္တရားများ နယ်စပ်ဂိတ်ပေါက်များမှ တင်ပို့မှု တရုတ်အာဏာပိုင်များက အကြောင်းပြချက်မရှိ ပိတ်ပင် – KT

KIA ပန်ဝါမြို့ သိမ်းယူပြီး​နောက် တရုတ်ကမီးဖြတ်ပြီး ​မြေရှားတူး​ဖော်မှု ရပ်တန့် – PS

မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေမှု ရပ်တန့်ရန် အီးယူ တောင်းဆို – DVB

မြန်မာနှင့် လာအိုနိုင်ငံတို့ အလုပ်သမားကိစ္စပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ထိုး – TI

ဘန်ကောက်ရှိ စစ်ကောင်စီ မြန်မာသံရုံးက CI စာအုပ်များအသစ် လဲလှယ်ပေးမည်ဆိုသော ကြေညာချက် ယုံကြည်စရာမရှိဟုဆို – KT

📊 စီးပွားရေးထူးခြားသတင်းများ

၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၆ လ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သန်း ၂၀၀ ကျော်သာရှိ – DVB

လာအိုရောက်မြန်မာများ တရားဝင်ငွေပြန်လွှဲရန် စစ်ကောင်စီဝန်ကြီး ဖိအားပေး – DVB

#rangoonscoutnetwork