Neueste Beiträge von SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ် (@ssntimes1) auf Telegram

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ် Telegram-Beiträge

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်
ဖက်ဒရယ် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံ
9,089 Abonnenten
23,704 Fotos
554 Videos
Zuletzt aktualisiert 01.03.2025 06:54

Der neueste Inhalt, der von SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ် auf Telegram geteilt wurde.


Daily Highlight 2
February 23 (09:30 PM)

- ဖေဖော်ဝါရီ ၂၀ရက်နေ့ နေ့လယ်ပိုင်းက မြိုင်နယ်ရှိ ပခုက္ကူခရိုင် တပ်ရင်း ၁၅၊ တပ်ခွဲ ၃၏ စခန်းတစ်ခုကို စစ်တပ်က တိုက်လေယာဉ် ၂စီး Mi35 ရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်၊ ရဲဘော်များ ထိခိုက်မှုမရှိသော်လည်း ရဲဘော်များ၏ ပစ္စည်းများနှင့် အိပ်ဆောင် တစ်ဆောင် ထိခိုက်ပျက်စီးသွားကြောင်း တပ်ရင်း ၁၅မှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၁၈ရက်နေ့ မနက်ပိုင်းက ပုသိမ်ကြီးနယ် တဲကုန်းအုပ်ကြီးရုံးတွင်ရှိနေသော စခအောက်ဆွဲ ဖြိုးလေးဆိုသူနှင့် အပေါင်းအပါ ၂ယောက်ကို ပစ်ခတ်ရာ ဖြိုးလေးဆိုသူ ပါးတွင် ရှပ်ထိဒဏ်ရာရပြီး တစ်ကောင်ဒဏ်ရာရ၊ ရာအိမ်မှူးတစ်ကောင် ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မြို့သာကုန်းရပ်ကွက်ရှိ ဒုချုပ်စိုးဝင်း၏သားနှင့်အပေါင်းအပါများ ပိုင်ဆိုင်သော ရန်ကွန်း KTVကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပုသိမ်ကြီးပကဖမှ သတင်းထုတ်ပြန်။

- ယနေမနက်ပိုင်းက မိတ္ထီလာမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော စစ်တပ်သတင်းပေး ဒလံဇော်မင်းဦးဆိုသူက သေနတ်သမားများက ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ရာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရ။

- ယမန်နေ့မနက်ပိုင်းက KNU လယ်ဒိုနယ် ဝါးချဲရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်၊ ဓမ္မာရုံ သိမ်နှင့် ဘုရားစောင်းတန်းများ ထိခိုက်ပျက်စီးကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်။

- မိုးမြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် စစ်တပ်က ကြိုးပမ်းလျက်ရှိရာ တော်လှန်ရေးတပ်များက စုပေါင်းခုခံနေ၊ စစ်တပ်ဘက်မှ သေဆုံးသူများပြားနေပြီး လေကြောင်းတိုက်ခိုက်မှုများ အကြီးအကျယ်ပြုလုပ်နေရာ ယခုအခါ မီးလောင်ဗုံးနှင့် အဆိပ်ငွေ့ဗုံးများ အသုံးပြုလာ၊ နေအိမ်များ မီးလောင်ပျက်စီးပြီး အဆိပ်ငွေ့ဗုံးများကြောင့် မူးဝေအော့အန်ခြင်းများ ခံစားခဲ့ရကြောင်း KNDF မိုးဗြဲဇုံမှ တာဝန်ရှိသူတစ်ဦးပြော။

- စစ်တွေမြို့ အမြင့်ကျွန်း၊ ပါဒလိတ်၊ ရွှေမင်းဂံ စသည့်နေရာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားနေပြီး စစ်ဆေးရုံများတွင်သာမက အရပ်ဘက်ဆေးရုံများမှ ပြင်ပလူနာများကို မောင်းချပြီးပါ ဆေးရုံတင်ထား၊ ထို့ပြင် ကျောက်ဖြူနယ် သစ်ပုတ်တောင်ရွာအနီးရှိ ဓညဝတီရေတပ်စခန်းကိုလည်း AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထို့ပြင် အဆိုပါရေတပ်စခန်းနှင့် မနီးမဝေးတွင်လည်း စစ်တပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရ။

- ယမန်နေ့ မနက်ပိုင်းက နတ်မောက်နယ် ကုလားရှင်ရွာကို မီးရှို့ဖျက်စီးပြီး ထွက်လာသော စစ်ခွေးစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စခ ၈ကောင်သေ၊ အများအပြားဒဏ်ရာရ၊ အဆိုပါစစ်ကြောင်းမှာ မြို့သစ်နယ် ပုလင်းရွာကို ထပ်မံဝင်ရောက်ပြီး နေအိမ် ၄လုံးကို ထပ်မံမီးရှို့သွား​ကြောင်း၊ ထို့ပြင် ယနေ့ညနေပိုင်းက ပျော်ဘွယ်ဘက်မှ နတ်မောက်ဘက်သို့ ဦးတည်မောင်းနှင်လာသော စခကား ၄စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကား ၂စီး ထိမှန်ရပ်တန့်သွားကြောင်း၊ စခ ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်း နတ်မောက် ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၁ရက်နေ့ ညပိုင်းက မုံရွာနယ်ရှိ စွမ်းရည်ထက်ဂိတ်၊ မအူဂိတ်နှင့် သာစည်ထောင်ဂိတ်တို့ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စခ ၃ကောင်ထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း Sun King Envoy တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့က တောင်သာနယ် ရုံးစည်ကြီးတိုက်ပွဲတွင် မြင်းခြံခရိုင် တပ်ရင်း ၃မှ တပ်ရင်းမှူး ဆရာကျောင်း ကျဆုံးသွားကြောင်း၊ တိုက်ပွဲအတွင်း ဒဏ်ရာရ ရဲဘော်ကို တက်ဆွဲရာမှ ၎င်းကိုယ်တိုင် ကျည်ထိမှန်ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရ။(RIP ပါ ဆရာကျောင်း 😢)

- ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် တိုက်ပဲပြင်းထန်၊ PDF ဇိုးလန်းနှင့် CDF မင်းတပ်မှ ရဲဘော် တစ်ဦးစီကျဆုံးကြောင်း သိရ။(RIP ပါ ရဲဘော်တို့)

#Thadinsubue
Crd to original uploader with respect

Daily Highlight 1
February 23 (09:30 PM)

- ဖေဖော်ဝါရီ ၁၄ရက်နေ့ မနက်ပိုင်းက ကလေးနယ်တောင်ပိုင်းရှိ People's Healthcare Network ၏ တောင်ပိုင်းတိုက်နယ်ဆေးရုံကို လေကြောင်းတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း ဆေးရုံအဆောက်အဦများ ပျက်စီး၊ ယင်းနေ့ ညနေပိုင်းတွင်လည်း ကလေးနယ်တောင်ပိုင်းရှိ PHN ၏ Medical Center 4 ကို ထပ်မံလေကြောင်းတိုက်ခိုက်၊ ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း PHN မှ တာဝန်ရှိသူတစ်ဦးပြော။

- ထားဝယ်နယ်နှင့် လောင်းလုံနယ်တို့တွင် စကစ၏ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူပေးခြင်း၊ ပေါ်တာဆွဲခြင်းများတွင် ပါဝင်လှုပ်ရှားခဲ့သူ ထွေအုပ်ဝန်ထမ်း အောင်ဌေးဆိုသူကို တော်လှန်ရေးအဖွဲ့များက အရှင်ဖမ်းဆီးပြီး ထိန်းသိမ်းထား၊ ဥပဒေအရ အရေးယူသွားမည်ဟု လောင်းလုံပကဖမှ တာဝန်ရှိသူတစ်ဦးပြော။

- ပြည်ခရိုင်အတွင်း စစ်တပ်ကို ထိုးစစ်ဆင်တော့မည်ဖြစ်၍ ဒေသတွင်းအရေးပေါ်ကာလသတ်မှတ်ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၂ သတင်းထုတ်ပြန်သတိပေး၊ ပြည်သူများအနေဖြင့် စစ်ရေးပစ်မှတ်များနှင့် ယှဉ်တွဲနေထိုင်ခြင်း၊ စစ်တပ်ကို ရိက္ခာ ငွေကြေး သတင်းများ ထောက်ပံ့ခြင်း မပြုရန်၊ စစ်ခွေးများက လူသားဒိုင်းအဖြစ် ပြည်သူများကို ဖမ်းဆီးအသုံးချလေ့ရှိသဖြင့် လုံခြုံရေးသတိပြုကြရန်၊ ဗုံးခိုကျင်း ရိက္ခာ ဆေးဝါးနှင့် အရေးကြီးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးထား

- ယမန်နေ့ မနက်အစောပိုင်းက မင်းကင်းနယ် သင်တောရွာဘက်သို့ စစ်ကြောင်းထိုးလာသော စခ ပျူခွေးများကို တော်လှန်ရေးအဖွဲ့များက ဖြတ်တောက်တိုက်ခိုက်၊ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကြောင်းပျက်ကာ ကစဉ့်ကလျား ထွက်ပြေး၊ စစ်အုပ်စုဘက်မှ ၄ကောင်သေ၊ ၁ကောင် အရှင်ဖမ်းမိ၊ ညနေပိုင်းတွင် အထိနာနေသဖြင့် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်း နွေဦးတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက မလှိုင်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်၊ ထွေအုပ်ရုံးမှ ထွေအုပ် ဒုဦးစီးတစ်ကောင် ဒဏ်ရာအပြင်းအထန်ရ၊ ရဲစခန်းမှ စခ ၆ကောင်ထက်မနည်း ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသူများလည်း ရှိနိုင်ကြောင်း ကျောက်ဆည်ခရိုင် ဒရုန်းတပ်ရင်း ၁၈၄၄မှ တာဝန်ရှိသူတစ်ဦးပြော။

- ယမန်နေ့ နေ့လယ်ပိုင်းက ငဖဲနယ် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဆုတ်ခွာလာသော စခယာဉ်တန်းကို ဖြတ်တောက်တိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး တစ်စီး မီးလောင်၊ စခ ၇ကောင်သေဆုံးပြီး အများအပြားဒဏ်ရာရ၊ လက်နက်ငယ် ၄လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး၊ တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း CDF Asho မှ တာဝန်ရှိသူတစ်ဦးပြော။

- နိုင်ငံတကာရှိ စကစ လက်အောက်ခံ သံအမတ်၊ ကောင်စစ်ဝန်ချုပ်နှင့် သံရုံးဝန်ထမ်း စုစုပေါင်း အကောင် ၃၀ကို နာမည်ပျက်စာရင်း (Blacklist) သွင်းကြောင်း NUG အစိုးရ ကြေငြာ။

- ယနေ့မနက်အစောပိုင်းက စေတုတ္တရာနယ်မုံညှင်းရွာအနီးရှိ တောတဲတိုက်များကို စစ်တပ်က စက်တပ်လေထီးများဖြင့် လေကြောင်းတိုက်ခိုက်၊ ၃နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၈ဦး သေဆုံး၊ ၅ဦးဒဏ်ရာရ၊ တဲအိမ် ၁၀လုံးခန် ထိခိုက်ပျက်စီးပြီး အိမ်မွေးနွား ၂၄ကောင်လည်း သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရ။

- ဖေဖော်ဝါရီ ၂၀ ရက်နေ့က အင်္ဂပူနယ် ကွင်းကောက်တိုက်နယ်အုပ်ကြီး စိုးသိန်းဆိုသူကို တော်လှန်ရေးအဖွဲ့များက လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ၎င်းစီးနင်းသည့်ကား ထိခိုက်ပျက်စီး၊ အဆိုပါ စိုးသိန်းမှ စစ်တပ်အလိုကျ စစ်မှုထမ်းတပ်သားသစ် စုဆောင်းပေးနေပြီး ရပ်တန်းကရပ်ရန် သတိပေးလိုက်ကြောင်း R-14 UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။

- ဖေဖော်ဝါရီ ၂၁ရက်နေ့ မနက်အစောပိုင်းက ရွှေဘိုနယ်ရှိ ညောင်ကိုင်းရွာနှင့် တည်သီးတောရွာတို့မှ စခ ပျူခွေးများ တော်လှန်ရေးတပ်များ၏ ပိတ်ဆို့မှုကြောင့် ရိက္ခာပြတ်တောက်မှုကို မခံနိုင်တော့ဘဲ စခန်းစွန့်ခွာထွက်ပြေး၊ အဆိုပါရွာများကို တော်လှန်ရေးတပ်များက ၂နှစ်ကျော်ကြာ ပိတ်ဆို့ထားသဖြင့် အစာရေစာ ငတ်ပြတ်ပြီး ထွက်ပြေးခြင်းဖြစ်၊ တော်လှန်ရေးအဖွဲ့များက ဝင်ရောက်နယ်မြေရှင်းလင်းစဉ် သက်ကြီးရွယ်အို ၁၁ဦးကို တွေ့ရှိရ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကြောင်း ပကဖအသံမှ သတင်းထုတ်ပြန်။

- ကန့်ဘလူခရိုင် တပ်ရင်း ၄၏ "ခွေးရူးမောင်းမယ့် ၅/" ကန်ပိန်းတွင် ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံထား။
ပါဝင်ရန်။ ။ https://www.facebook.com/share/p/1Az4m9MAGH/

#Thadinsubue
Crd to original uploader with respect

ယင်းမာပင်ခရိုင်တပ်ရင်း ၃၉ မှ ရဲဘော်များက စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ဆားလင်းကြိးမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင်တပ်ရင်း ၃၉ မှ ရဲဘော်များက စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

KhitThitMedia
SSNTIMES

ရွှေဘို တည်သီးတောရွာ စစ်စခန်းမှ စစ်တပ်နှင့်ပျူစောထီးများ ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းကာ သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်ပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘို တည်သီးတောရွာ တပ်စခန်းမှ စစ်တပ်နှင့်ပျူစောထီးများ ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းပြီး ရွာတွင် ကျန်ရစ်သော သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်ပေးကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ပကဖများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရွှေဘို မြို့နယ်၊ တည်သီးတော (ပျူ) ရွာ တပ်စခန်းမှ စစ်သားနှင့် ပျူစောထီးများက စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီး ရွာ တွင်းကျန်ရှိသည့် သက်ကြီးရွယ်အို ၁၁ ဦး ကို ပကဖ တပ်ဖွဲ့က စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း၊ ညောင်ကိုင်း (ပျူ) ကျေးရွာရှိ တပ် စခန်းစွန့်ခွာထွက်ပြေးပြီးသည့်နောက် အဆိုပါရွာနှင့်ကပ်လျက် တည်သီးတော (ပျူ) ရွာမှလည်း စစ်သားနှင့်ပျူစောထီးများ စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပကဖအသံ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းတွေကို ရွှေဘိုမြို့နယ် ပကဖ၊ တိုက်နယ် ၂ တောင်သူကြီး ပကဖ၊ တိုက်နယ် ၃ ပကဖ၊ တည်သီးတော ပကဖ နှင့် ရွှေဘို ခရိုင် တပ်ရင်း ၄တို့က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်းများမှ စစ်သားများနှင့် ပျူစောထီးများမှာ တော်လှန်ရေးတပ်များ၏ ပိတ်ဆို့မှုဒဏ်ကို ၂၀၂၂ ခုနှစ်ကတည်းက ခံခဲ့ရပြီး ရိက္ခာပြတ်လပ်၍ စခန်း စွန့်ခွာထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်း၏ စားနပ်ရိက္ခာပို့လမ်းကြောင်းများကို တော်လှန်ရေးတပ်များက ၂၀၂၂ ခုနှစ်ကတည်းက ပိတ်ဆို့ခဲ့ကြောင်း၊ အချိန်များစွာ ကြာမြင့်သည့်အခါ စားနပ်ရိက္ခာပြတ်တောက်၍ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်တပ်အထိုင်စခန်းများ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် ထွက်ပြေးသွားသော စစ်သားများနှင့်ပျူစောထီးများမှာ ဇီးဖြူကုန်းရွာရှိ စစ်တပ်အထိုင်စခန်းသို့ ပြောင်းရွှေ့ ပူးပေါင်းသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာများမှ အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ ထွက်ပြေးသွားချိန် ကျေးရွာထဲတွင် နှိပ်စက်ညှဉ်းပန်းခံထားရသည့် ပြည်သူအချို့ ကျန်ခဲ့ကြောင်း၊ ကျန်ခဲ့သည့် ပြည်သူများမှာ စာနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေကြောင်း ကျေးရွာသို့ ဝင်ရောက်ခဲ့သူများက ပြောဆိုသည်။

" အဲဒီ ပျူနှစ်ရွာက ရိက္ခာပြတ်နေတာကြာပြီ။ မွေးထားတဲ့ ကျွဲ နွား ဝက် ကြက်နဲ့ဆိတ်တွေလည်း ကုန်ပြီ။ ဆန်မရှိလို့ စပါးတွေကို မောင်းနဲ့ထောင်းပြီးစားနေရတာ"ဟု ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စားနပ်ရိက္ခာဆေးဝါးပြတ်လပ်မှုကြောင့် တည်သီးတောရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးဦးကဝိသည် အစားအစာ ဆေးဝါးပြတ်လပ်ပြီး ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ပျံလွန်သွားကြောင်း၊ အကြမ်းဖက်စစ်တပ်က ရွှေဘိုမြို့နယ်ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတို့တွင် ၂၀၂၂ ခုနှစ်ကတည်းက အထိုင်ချတပ်စွဲထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

KhitThitMedia
SSNTIMES

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြည့်အဝ လည်ပတ်နိုင်ဖို့ တရုတ်နဲ့ စစ်အုပ်စု အကြီးအကျယ် ပြင်ဆင်နေ၊

MN/MFP ၊ ဖေဖော်ဝါရီ - ၂၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းတွေ အပြည့်အဝ ပြန်လည်ပတ်နိုင်ဖို့ မြန်မာဝမ်ပေါင် ကုမ္ပဏီဘက် က အပြင်းအထန် ပြင်ဆင်နေပြီး ဝန်ထမ်းအသစ်တွေပါ ထပ်မံ ခေါ်ယူနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။


#Mandalay_Free_Press_MFP
SSNTIMES

ကောလင်းအနောက်ခြမ်းက စစ်ရှောင်အိမ်ထောင်စု ၁၂၀ ကို အခြေခံစားသောက်ကုန်များလှူဒါန်း

ကောလင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းက စစ်ရှောင်အိမ်ထောင်စု ၁၂၀ ကို ဖေဖော်ဝါရီ ၇ ရက်မှာ အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့တယ်လို့ ကောလင်း ပြည်သူမှပြည်သူသို့ ဆီက သိရပါတယ်။

“ကောလင်းအနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်အိမ်ထောင်စု ၁၂၀ စုကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့တာ။ ဆန် ၂ ပြည်၊ မြေပဲ ၂ ဗူး၊ အာလူး ၂၅ ကျပ်သားပါတယ်။ ကာလပေါက်ဈေး ၃ မျိုးပေါင်းကို ၁ အိမ်ထောင်ကို ၁ သောင်းကျပ်နှုန်းကျတယ်။” လို့ ကောလင်း ပြည်သူမှပြည်သူသို့ တာဝန်ခံ ကိုသဲကြီးကပြောပါတယ်။

စစ်ရှောင်ကာလကြာမြင့်လာပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ အလုပ်အကိုင်ရှားပါးလာတာတွေကြောင့် စစ်ရှောင်တွေအတွက် အတော်လေးခက်ခဲနေပါတယ်။ ကူညီပေးနေတဲ့အဖွဲ့တွေမှာလည်း ရန်ပုံငွေအားလျော့နည်းလာပြီး ထိရောက်တဲ့အကူအညီတွေ မပေးနိုင်တာကြောင့် --

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကောလင်းအနောက်ခြမ်းက_စစ်ရှောင်အိမ်ထောင်စု၁၂၀ကို_အခြေခံစားသောက်ကုန်များလှူဒါန်း

မြေလတ်အသံ
SSNTIMES

ရေဦးမြို့မရဲစခန်းက ရဲတပ်သား လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံ

ရေဦး၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး လက်နက်တွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ဖေဖော်ဝါရီ ၇ ရက်မှာ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဘက်ပြောင်းခိုလှုံလာသူက ရေဦးမြို့မရဲစခန်းမှာ လုပ်သက် ၅ နှစ်ရှိ အသက် ၂၃ နှစ်အရွယ် ရဲတပ်သား အောင်သျှိုင်းကျော်ဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်မှာ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဆီ ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။

"စကစရဲ့ လုပ်ရပ်ကိုလက်မခံနိုင်တော့လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းချင်တယ်ဆိုလို့ထွက်လာတာ။ သူရဲ့အတွင်းကကိစ္စတွေ၊ မိသားစုလုံခြုံရေးအခြေနေတွေကြောင့် အခုမှ ထုတ်ပြန်ရတာပါ။ ကျနော်တို့ဘက်က မြောက်ပိုင်းပကဖကို ဖုန်းနဲ့ချိတ်ဆက်ပြီး အလင်းဝင်လာတာပါ။"လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ရေဦးမြို့မရဲစခန်းကရဲတပ်သား_လက်နက်နဲ့အတူ_ဘက်ပြောင်းခိုလှုံ

မြေလတ်အသံ
SSNTIMES

နမခမှ ဘုတလင်သို့အင်အားလာဖြည့်သောစစ်ကြောင်းကို တော်လှန်ရေးတပ်များတိုက်ခိုက်

အိမ်သွင်/People's Spring

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီစစစ်ကြောင်းကို ဘုတလင်မြို့နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ဆယ်ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။

ကားသုံးစီးဖြင့်လာရောက်သည့် အင်အား၈၀ကျော်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါ
ရီလ ၆ရက် နေ့လယ်ပိုင်းတွင်တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

"ဘုတလင်ရဲ့တောင်ဘက်မှာဖြစ်တာ။သေတာက မျက်မြင်တင် ၈ယောက်။ အကုန် ထမ်းတင်သွားတယ်။ ကားနဲ့ဝင်လုံးပြီးပစ်တာ"ဟုပြည်သူ့ကာ
ကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တော်လှန်ရေးတပ်များက ဗျူဟာကျကျတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး လက်မောင်းအားသေနတ်ကျည်ဖောက်ထွက်ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း တိုက်ပွဲဝင်ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကားတစီးသည် စစ်ကောင်စီစစ်ကြောင်းအနီးကျန်ခဲ့ပြီး စစ်ကောင်စီကမောင်းနှင်ယူဆောင်သွားကြောင်း လည်း၎င်းကပြောသည်။

ယခုတိုက်ခိုက်ခံရသောစစ်ကြောင်းသည် ဘုတလင်မြို့ပေါ်သို့ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းထံ လူသစ်၊ လက်နက်နှင့်ရိက္ခာလာပို့ခြင်းဖြစ်သည်။ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီစခန်းမရှိတော့ဘဲ မြို့ပေါ်တွင် လှုပ်ရှားစစ်ကြောင်းသာ ရှိတော့သည်။

ဘုတလင်မြို့နှင့် ဆယ်မိုင်ခန့်အကွာ၌ရှိပြီး သုံးနှစ်ကျော် တပ်စွဲထားသော ကူတော်ရဲစခန်းကို ဇန်နဝါ
ရီလ ၁ရက်နေ့တွင် စစ်ကောင်စီက အပြီးသတ်စွန့်ခွာသွားသည်။

ပြီးခဲ့သည့်စက်တင်ဘာလ၃၁ရက်နေ့က ကူတော်
ရဲစခန်းမှ အင်အား ၈၅ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်
ကြောင်းတခုလုံးပျက်စီးသွားခဲ့သည်။စစ်သုံ့ပန်း
အများအပြားဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်။

ထိုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့ပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်း ဘုတလင်မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးကာ ဒေသခံ၂၄ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်း မုံရွာနမခ မှဘုတလင်သို့ ထွက်လာသော ထပရ(၉၂၉) နှင့် တပ်မ (၇၇) လက်အောက်ခံ စစ်သားများလိုက်ပါလာသော ကား (၃) စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇) စီးအား တော်လှန်ရေးတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့သည်။ကြားဖြတ်တိုက်
ခိုက်ရာစစ်သား ၁၅ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းအမှတ်(၁) စစ်ဒေသက ထုတ်ပြန်ခဲ့သည်။

People's Spring
SSNTIMES

ဖျော်ဖြေရေး ရန်ပုံငွေဖြင့် ပြည်တော်ဝင်အောင်ပွဲ အဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းခဲ့

Feb 8, 2025

ပြည်တော်ဝင်အောင်ပွဲ အဖွဲ့မှ စစ်ဘေးရှောင် အိမ်ထောင်စု (၉) စုအတွက်
ဆန်( ၅)ပြည်၊ ဆားတထုပ်၊ မုန့်များနှင့် အလှူငွေ (၅၀,၀၀၀) ကျပ်တို့ဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၇၅၀,၀၀၀) ကျပ်
လှူဒါန်းခဲ့ကြောင်း သိရသည် ။


#ပြည်တော်ဝင်အောင်ပွဲ
SSNTIMES

👉 ကြာလာရင်တော့ စားဝတ်နေရေးအတွက် အခက်အခဲတွေ့လာနိုင်တယ်လို့ မြို့ခံတွေက ရင်ဖွင့်ပါတယ်။

"အလုပ်ကဘယ်လိုမှလုပ်မရတော့ဘူး။ ရပ်ကုန်ပြီ။ဘာလုပ်ရမှန်းကို မသိတော့ဘူး။"လို့ မုံရွာမြို့ခံကိုမင်းက စိတ်ရှုပ်ထွေးစွာ ပြောလိုက်ပါတယ်။

People's Spring
SSNTIMES