School Library (YFHS) @schoollibraryyfhs Channel on Telegram

School Library (YFHS)

@schoollibraryyfhs


School Library (YFHS) (English)

Welcome to the School Library (YFHS) Telegram channel! Are you a student looking for valuable resources to enhance your learning experience? Look no further. This channel is dedicated to providing students with access to a wide range of educational materials, including e-books, journals, articles, and study guides. Whether you need help with a specific subject or are simply looking for some inspiration, the School Library (YFHS) has got you covered. Join our community of like-minded individuals who are passionate about learning and take advantage of the wealth of knowledge available at your fingertips. Stay updated on the latest academic trends, get study tips from experts, and connect with fellow students who share your interests. Don't miss out on this opportunity to expand your horizons and excel in your academic pursuits. Join the School Library (YFHS) Telegram channel today and start your journey towards academic success!

School Library (YFHS)

12 Feb, 14:10


၁၁။ "အတွင်းမှာရန်သူ"
(စပိုင် - ၇)
စာရေးသူ - ဗိုလ်မြင့်
စာဖတ်သူ - ဝေယံ
ကြာချိန် - ၁၄ : ၂၈ မိနစ်

*စာမြည်း*
စက်တင်ဘာလ ၁၈ရက်နေ့တွင် လျှို့ဝှက်ထောက်လှမ်းရေး အရာရှိများသည် “ဒီးဒိစ်" အား အင်ဒိုချိုင်းနားရေး ဆိုင်ရာ ဝန်ကြီးဌာနထွက်အလာတွင် ရုတ်တရက်တားကြသည်။ ပထမတွင် “ဒီဒီစ်’က ရုံးကန်သေးသည်။နောက်ဆုံးတွင် လက်လျော့ရပြီး အမျိုးသားလုံခြုံရေးရုံးသို့ လိုက်ရသည်။ ထိုရုံးတွင် သူ့အားရှာဖွေကြရာ သူ့လက်ဆွဲအိတ်မှ ဝန်ကြီး ဖူးချက်ထံတင်ပြသည့် အစည်းအဝေးမှတ်တမ်းကို တွေ့ကြရ၏။ သူပိုင်ခွင့်မရှိသည့် စာများဖြစ်သည်။
တညနေနှင့် တညလုံး ဆက်တိုက်စစ်ဆေးပြီးလျှင်“ဒီဒိစ်’ အားလွှတ်လိုက်ကြ၏။ သူ့အဖြေမှာ ရဲ၏သတင်းပေးလုပ်သော “ဘာရာနိစ်” တဲမှရသည်ဆိုသည်။ ထိုနောက်‘ဘာရာနိစ်’ကို ဖမ်းသည်၊ သူ၏ သက်သေခံချက်အရ အမျိုးသား ကာကွယ်ရေး ကောင်စီဝင် လူကြီးများဖြစ်ကြသော "ဂျိန်တာပင်”နှင့်“ရိုဂါလာ ဘရုစ်’အားဖမ်းပြန်သည်။

School Library (YFHS)

12 Feb, 14:10


၂။ "တောင်လေးလုံးမှကိုပညာနှင့် မော်စကိုမှမစိန်တင်"
(ရွာရိုးကိုးပေါက်)
စာရေးသူ - လင်းယုန်မောင်မောင်
စာဖတ်သူ - ခွန်းရှချို
ကြာချိန် - ၁၆ : ၁၄ မိနစ်

*စာမြည်း*
အဲဒီမတ်လ တစ်လလုံးလုံး အပြေးအလွှား သွားခဲ့လာခဲ့ရတာ တွေကို တစ်ခုချင်းတန်းစီပြီး ပြန်ပြောရမယ်ဆိုရင်. . . မတ်လ ၂ ရက်နေ့က ဂူသွင်းသဂြိုလ်လိုက်ကြတဲ့ 'လုံမလေး မဂ္ဂဇင်း'အယ့်ဒီတာချုပ်’ မလေးလုံရဲ့ ဈာပနကို မပို့လိုက်ရတဲ့အတွက် မန္တလေးက ရန်ကုန်ပြန်ရောက်ရောက်ချင်း သမိုင်းရပ်ကွက်က မလေးလုံတို့ မိသားစုနေထိုင်ရာ ‘နံ့သာမြိုင်ခြံကို အပြေးအလွှားသွားပြီး ဘယ်နည်းဘယ်ပုံ မလေးလုံတစ်ယောက် အခုလို ရုတ်တရက် မမျှော်လင့်ဘဲ ခရစ်တော်မှာ အိပ်ပျော်သွားခဲ့ရရှာတဲ့အကြောင်း စိတ်မကောင်းခြင်းများစွာနဲ့ သတင်းမေးရပါတယ်။ နောက်တစ်နေ့မနက်ကျတော့ အိပ်ရာက စောစောထပြီး နာနတ်တောသုဿန်မှာ ငြိမ်းချမ်းစွာ အနားယူနေရှာပြီဖြစ်တဲ့ မလေးလုံရဲ့ အုတ်ဂူကို အမှတ်တရ အလွမ်းပြေ သွားကြည့်ခဲ့ရပါတယ်။ မတ်လ ၉ ရက်(စနေနေ့)မနက်ကျတော့လည်း မလေးလုံကို ရည် ရွယ်ကျင်းပတဲ့ 'အောက်မေ့ဖွယ်ဆုတောင်းဝတ်ပြုပွဲအခမ်းအနား'ကို ကြိုးစားပြီး တက်ရောက်ခဲ့ရပြန်ပါတယ်။ ဒီကြားထဲမှာ မလေးလုံအတွက် အမှတ်တရ ဂုဏ်ပြုထုတ်ဝေမယ့် ဧပြီလလုံမလေး မဂ္ဂဇင်းကိုလည်း ‘ဂုဏ်ယူပါတယ်မလေးရယ်'ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်အောင် ရေးပေးခဲ့ရပါသေးတယ်...

School Library (YFHS)

12 Feb, 14:10


"မြှော်ရက်ခုတိုင်"
(မြဝတီမဂ္ဂဇင်း၊ ၁၉၅၃ အောက်တိုဘာလ)
စာရေးသူ - ထွဏ်းနေနွယ်
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၄၃ : ၃၁ မိနစ်

*စာမြည်း*
ကျောင်းနေစဉ်ကပင် ချစ်ဇွဲသန်သန်ဖြင့် သူ့အားချစ်ရေးဆိုခဲ့သော တမြို့တည်းသား ကိုဝေဇင်၏ “လက်ထပ်ယူပါရစေ” ဟူသည့် တောင်းခံချက်ကို တနှစ်, တနှစ်နှင့် အချိန် ဆွဲလာခဲ့သည်မှာ သုံးနှစ်ကျော်မျှရှိပြီဖြစ်ရကား ယခုတကြိမ်တွင်မူ နကိုယ် ချစ်ရင်းစွဲရှိပြီးဖြစ်သော သူ့အဖို့ ငြင်းပယ်ရန်ကိုပင် အားတုံ့အားနာ ဖြစ်မိတော့ သည်။ ကိုဝေဇင်ဆိုလျှင် ငြင်းစရာကလည်း ဘာမျှမလို။ အထူးသဖြင့် ကိုဝေဇင်မှာ “မိ” အကြိုက်ဆုံး ယောက်ျားပျို တယောက် ဖြစ်လေရာ တောင်းခံထားသည့် အချက်အလက်ကို အကူအထောက် ရစေအံ့သောငှာ
“မိ….ဝါကျွတ်အထိ စဉ်းစားပရစေလား.... ကိုကိုဇင်ရယ်…..” ဟု အဖြေပေးမိသည်။ ပြုံးပြုံးကြီး ဖြစ်သွားသော ကိုဝေဇင်သည် ချစ်လှစွာသော မိအား တချက်မျှ စိုက်ကြည့်လိုက်ပြီး ... “ဒါကတော့…မိ သဘော ပါဘဲလေ....” သူတို့ စကားကောင်းနေချိန်တွင် ကျောင်းမှ ပြန်လာသော မိ၏မောင်လေး မောင်သက်တင်က သူတို့ အား ကြည့်ယင်း အပြေးကလေး အိမ်ပေါ်သို့ တက်လာပြီး... “ကိုဇင်…ရောက်ထာ တော်တော်ကြာသွားပလား…၊ ဪဒါနဲ့ ...ခင်ဗျား....ခုထိအလုပ် မလုပ်သေး ဘူးလား….၊ ဒီမှာ...ကနေ့ သတင်းစာ ဖတ်လိုက်သေးလား...၊ ဗိုလ်သင်တန်းက ခေါ်နေဘီလေ.... "

School Library (YFHS)

12 Feb, 14:10


"လွတ်ပြီတဲ့ ကျွတ်ပြီ"
(ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၂ ဩဂုတ်လ )
စာရေးသူ - မောင်ထင်
စာဖတ်သူ - ယံဇငြိဏ်း
ကြာချိန် - ၁၄ : ၃၁ မိနစ်

*စာမြည်း*
“အို- ဘယ်လိုကြံသလဲဆိုတော့ ဒီလိုအေရဲ့၊ ကျုပ်ရဲ့ဝီရိယ အကျိုးပါဘဲ။ လွန်ခဲ့တဲ့ သုံးလလောက်ကစပြီး ကျုပ်လင်ဟာ မုန်းစရာကြီး ဖြစ်လာတယ်။ ကြမ်းလဲ ခပ်ကြမ်းကြမ်း၊ ရိုင်းလဲ ခပ်ရိုင်းရိုင်း ကျုပ်အပေါ် အနိုင်ကျင့်ချင်တယ်။တိုတို ပြောရရင် သူ့ကိုအမြင်ကပ်လာသတော့။ ဒါနဲ့ဘဲ ကျုပ်ကစဉ်းစားမိတယ်။ ငါတော့ဒီလိုနေလို့ မဖြစ်ချည်ဘူး။ သူနဲ့ကွဲအောင်ကြံမှဘဲ၊ ဒါပေမယ့် သူ့ကိုဘယ်လိုလုပ် ကွာရမလဲ၊ ဒါကမလွယ်ဘူး။ သူကျုပ်ကိုထရိုက်အောင် ကျုပ်အမျိုးမျိုး လုပ်ကြည့်တယ်၊ မရိုက်ဖူးတော့။ သူကသာမိုးလင်းကမိုးချုပ် ကျုပ်စိတ်ကို ညှဉ်းဆဲနေတာဘဲ။ ကျုပ် အပြင်မထွက်ချင်တဲ့အခါ အတင်းထွက်အောင်၊ ကျုပ်အပြင်ထွက် ထမင်းစားချင်ရင် အိမ်တွင်းက မထွက်နိုင်အောင် အဲသလို နေ့ရှိသမျှ ကျုပ်စိတ်ညစ်အောင်ချည်းလုပ်တယ်။ ဒါပေမယ့် ကျုပ်ကို သူက မရိုက်ဘူးတော့၊ ဒါနဲ့ဘဲ ကျုပ်က သူမယားငယ် ထားပလားဆိုတာကို စုံစမ်းကြည့်တယ်။ သူ့မှာ မယားငယ်ရှိတယ်တော့။ ဒါပေမယ့် သူ့မယားငယ်နဲ့ တွေ့ဘို့ဆိုရင် အင်မတန် သတိထားတာဘဲ။ ဒါကြောင့် ဒင်းတို့ နှစ်ယောက် အတူတူ လက်ပူးလက်ကြပ်မိအောင် ဖမ်းလို့ကိုမရဘူး။ ဒီတော့ ကျုပ်ကဘာလုပ်သလဲ သိလား” “သိနိုင်ပေါင် တော်”

School Library (YFHS)

12 Feb, 01:45


စာအုပ်အလှူရှင် = Hsu ShweYee Htet

School Library (YFHS)

10 Feb, 12:27


၉။ "ဒဏ္ဍာရီဝင် မာတာဟာရီ"
(စပိုင် - ၇)
စာရေးသူ - ဗိုလ်မြင့်
စာဖတ်သူ - ဝေယံ
ကြာချိန် - ၄၂ : ၃၅ မိနစ်

*စာမြည်း*
ထိုနေရာတွင် “မာတာဟာရီ”သည် ဗိုလ်ချုပ်ကြီးများ ညစာစားပွဲ၌ စာပွဲပေါ်တက်၍ ကိုယ်တုံးလုံး က,ပြသည်ဆို၏။ ဆွေတော်မျိုးတော်ထဲမှ အခြားချစ်သူမှာ ဂျာမန်မိဖုရား အလက်ဇန္ဒြာ၏ တူတော်မောင် ကွယ်လွန်သူ ‘ဘရန့်စ်ဝစ်' မြို့စား ကြီး(အင်္ဂလန်) ဖြစ်သည်ဆိုသည်။ အမှန်ဟုပြောရန် မဖြစ်နိုင်ပေ။ ၁၉၁၀-ခုနှစ်တွင် ဂျာမန်သည် ပြင်သစ်နှင့် စစ်ဖြစ်ရ တော့မည်ကို ယုံကြည်လာသည်။ “မာတာဟာရီ”အား ဆွစ်ဇာလန်နှင့် ဂျာမန်နယ်စပ် လော်ရက်မြို့ရှိ စပိုင်ကျောင်းသို့ပို့သည်ဟု အဆိုရှိပြန်သည်။
၁၉၁၃-ခုနှစ် မာတာဟာရီ အသက်သုံးဆယ် ခုနစ်နှစ်တွင် သူ၏ဝတ်လစ်စားလစ် အက,ကို အလိုမရှိကြတော့ပေ။ ဤ ချိန်တွင် သူသည် ဝေလအိမ်ရှေ့မင်းသား နောင်အခါ အက်ဖ်ဝပ်(ရ)နှင့် ဟိန္ဒူမင်းသမီးတို့မှ ပေါက်ဖွားသည့်သမီးဖြစ်သည်ဟု ကြီးကြီးကျယ်ကျယ် လိမ်ပြောပြန်၏။

School Library (YFHS)

10 Feb, 12:27


"ခွင့်လွှတ်ပါမေမေရယ်"
(မြဝတီမဂ္ဂဇင်း၊ ၁၉၇၀ ဇူလိုင်လ)
စာရေးသူ - ငြိမ်
စာဖတ်သူ - မေနှင်းစက်
ကြာချိန် - ၁၇ : ၅၀ မိနစ်

*စာမြည်း*
ဆေးရုံအုပ် ဆရာဝန်ကြီးထံ ခွင့်တောင်းကြ၏။ ရန်ကုန်ဆေးရုံကြီးတွင် ဆက်လက်ကုသလိုပါသည်။ ဆင်းခွင့်ပြုပါ-ဟူ၍။ ဆရာဝန်ကြီးကလည်း အကျိုးအကြောင်းဆီလျော်သည်နှင့် ဆင်းခွင့်ပြုလိုက်၏။ အိမ်မှ ဇနီးသည်နှင့် ဆွေမျိုးများ မလာခင် ကိုဘစိုးနှင့် ဆေးရုံမှဆင်းသွား၏။ ဧည့်သည်တွေ့ချိန်မှာလည်း အတော်လိုသေး၏။ “ဆရာမ- နံပါတ် ( ၁၄) ကလူနာ ကိုမောင်မောင် ကို ဘယ်နားပြောင်းထားပါသလဲရှင်” ကိုမောင်မောင်၏ ဇနီး အဝင်းက လာရောက်မေး၏။ မျက်မှန်းတန်းနေပြီဖြစ်၍ အဝင်းကို ဆရာမက သိနေ၏။ သို့သော် အဝင်းမေးလိုက်သော စကား၏ အဓိပ္ပာယ်ကို ဆရာမ တွေး၍မရပါ။ ယနေ့ နံနက်ပင် ကိုမောင်မောင် ဆေးရုံမှဆင်းသွားသည် မဟုတ်ပါလော။
“အို…ကိုမောင်မောင် ဒီနေ့ မနက်ကတည်းက ဆင်းသွားပြီလေ…၊ အိမ်မရောက်သေးဘူးလား”
“ဆရာမရယ်…ကျွန်မကို မနောက်ပါနဲ့ရှင်၊ ဘယ်အခန်းမှာ ရွှေ့ထားသလဲဟင်”
“ဪ…ကျွန်မ မနောက်ပါဘူးရှင်၊ အမှန်ကို ပြောနေတာပါ။ မနေ့ကတည်းက ဆရာဝန်ကြီးဆီမှာ ဆင်းခွင့်တောင်းတယ်၊ ခွင့်ပြုလိုက်ပြီလေ။ အဟုတ်ပါရှင်…မယုံရင် ဆရာဝန်ကြီးကို မေးကြည့်နိုင်ပါတယ်”

School Library (YFHS)

10 Feb, 04:09


ဆရာမစူးရှမေရဲ့ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ် စာအုပ်မှ

အသံအလှူရှင် - ကလောင်သွေးသစ္စာ

School Library (YFHS)

10 Feb, 04:08


စာအုပ်အလှူရှင် : Yi

School Library (YFHS)

09 Feb, 15:50


"နတ်ရေးငယ်ရွှေစာ"
(အစအဆုံး)
စာရေးသူ - ဂျာနယ်ကျော်မမလေး
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၄ :၂၄ : ၄၁ နာရီ

*စာမြည်း*
မြတို့နေသော ခြေတိုင်ရှည်အိမ်မှာ ယခင်က မြအဘွား၏အိမ်ပိုင်၊ ယခုသော် ချစ်တီးထံ၌ အပေါင်ဆုံးသွားကာ လခပေး၍ ပြန်ငှားနေ ကြရသည်။ မြတို့အိမ်ရှေ့တွင် စက်ဘီးအသစ်တစ်စီး ထောင်ထားသည်။ ကိုသန်းမောင် စက်ဘီးအသစ်တစ်စီး ထုတ်လာသလား ထင်မှတ်ကာ ကိုသန်းမောင်နှင့် … မျက်နှာချင်းဆိုင်ရမည့်အရေးကို တွေးပြီး ပြုံးမိသည်။ အိမ်နားသို့ မရောက်ခင် အသက်ငါးဆယ်ခန့်ရှိမည့် လူပုပုတစ်ယောက် အိမ်ထဲမှထွက်လာသည်။ ဦးထုပ်အဖြူ၊ ရှပ်ဖြူလက်တို၊ ဘောင်းဘီတိုအဖြူ၊ ဖိနပ်လည်း အဖြူ၊ သက္ကလတ်ခြေအိတ် အဝါနု ရောင်ကို ဒူးဆစ်အထိစွပ်၍ နားပတ်ခေါက်ချထားသည်။ လှမ်းလှမ်းမှ ကြည့်လျှင် နေရောင်ထဲတွင် ဖြူဆွတ်လျက် သန့်ရှင်းနူးညံ့သော အတွေ့သည် အနီးကပ်မိသည်နှင့် တစ်ချက်တည်း ကြမ်းထော်သွားသည်။ ကျွန်မတစ်သက်တွင် သည်လူကြီးလောက် အရုပ်ဆိုးပုံမျိုး မမြင် ဖူးသေးပေ။ သူ့အဝတ်အစားနှင့် သူ့ရုပ်မှာ တခြားစီမှ တခြားစီဖြစ်သည်။ အသားက နက်ချိပ်ရသည့်အထဲ ချိုင့်နက်နက် ကျောက်ပေါက် မာများ ပျစ်ထူနေသည့်မျက်နှာသည် ခွက်ဝင်နေကာ သွားလေးချောင်းသည် -

School Library (YFHS)

09 Feb, 15:29


"မွေးမိလွမ်းချင်း"
(မြဝတီမဂ္ဂဇင်း၊ ၁၉၇၀ ဇူလိုင်လ)
စာရေးသူ - ခင်ဆွေဦး
စာဖတ်သူ - မေနှင်းစက်
ကြာချိန် - ၂၉ : ၀၃ မိနစ်

*စာမြည်း*
“တနေ့တနေ့ မင်းကိုမြှော်ရတာနဲ့ဘဲ အမေ့မှာ မောနေတာဘဲ၊ ပီးတော့ စိတ်လဲသိပ်ပူတယ်၊ အချိန်တန်လို့ ပြန်မလာရင် ဘယ်လိုပူမှန်းမသိဘူး၊ မြှော်ရတာထက် စိတ်ပူတာက ပိုဆိုးတယ်” အမေက ပြောရင်းဆိုရင်း မျက်နှာကို တဖက်သို့ လှည့်လိုက်လေသည်။ ကိုဖေဆင့်က ရယ်ကာမောကာနှင့် အမေ့ကို လှမ်းကြည့်ပြီး...
“မပူပါနဲ့ အမေရယ် … ကျွန်တော် ခလေးမှ မဟုတ်ဘဲ” “…ပူတာ မပူပါနဲ့ပြောလို့မရဘူး၊ မင်း အိမ်က ထွက်ထွက်ပြီး ပေါ်မလာတိုင်း အမေတော့ ပူတာဘဲ၊ မင်းပြန်လာမှဘဲ အမေရင်အေးတယ်” “ဪ… ခက်တော့တာဘဲအမေရယ်”
သည်တော့ အမေက သားဖြစ်သူအား လက်ညှိုး တငေါက်ငေါက်ထိုးရင်း--
“အမေက မခက်ပါဘူး၊ မင်းခက်နေတာ ခွေးလေးရဲ့၊ ဒီကောင်လေးဟာ ဘာတွေလုပ်လို့ ဘာတွေကိုင်နေမှန်းမသိပါဘူး” ဟု ညည်းညည်းညူညူ ပြောလိုက်လေသည်။ ထို့နောက် သူ၏ကရမက်နံ့သင်းနေသောလက်နှင့် ကိုဖေဆင့်၏ လက်မောင်းအိုးကို ဆုပ်ကိုင်ကာ… “လာ…ထမင်းစားရအောင်၊ `ထမင်းလဲ မင်း အတွက် ပိုပိုချက်ထားရတာ ဘယ်နှစ်နပ်ရှိပြီလဲ မသိဘူး၊ သိပ်ဒုက္ခပေးတဲ့ကောင်လေး”

School Library (YFHS)

03 Jan, 12:53


၁၅။ "ပန်းရိုင်းလေးတွေ ပွင့်မြဲကြွေမြဲ"
(ချစ်လက်စမကုန်ချင်ဘူးကွယ်)
စာရေးသူ - စမ်းစမ်းနွဲ့ (သာယာဝတီ)
စာဖတ်သူ - မေနှင်းစက်
ကြာချိန် - ၁၅ : ၂၀ မိနစ်

*စာမြည်း*
လွယ်ဆမ်ဆစ်တောင် အတက်ခရီး၊ ကွေ့တကွေ့မှာ သူတို့အုပ်စုနှင့် ပြန်တွေ့သည်။ စက်ဘီးတွေကို လမ်းဘေးမှာ ရပ်ကာ စုစုထားတို့ကားကို ဖမ်းတားနေ ကြလေသည်။
“တခု ကူညီကြပါခင်ဗျာ။ မိန်းကလေး တယောက်ကို သန္နီမြို့အဝင်ထိ တင်ခေါ်သွားပေးပါ။ လမ်းမှာ ရုတ်တရက် မူးသွားလို့ စက်ဘီး ဆက်မစီးနိုင်တော့လို့ပါ ခင်ဗျာ"
“အို... ဟုတ်လား၊ ရပါတယ်။ လိုက်ခဲ့ပါ။ လာ... လာ... တက်" ထိခိုက်ခံစားလွယ်သူ ကိုစောချစ်က အဦးဆုံး တုံ့ပြန်သည်။ နွမ်းနယ် ဖျော့တော့စွာ ကားဆီလျှောက်လာနေသော မိန်းကလေးကို မမအေးက လက်ကမ်း၍ ဖေးကူမည် ပြုလေသည်။ “လာ လာ သမီး၊ တက်နိုင်ရဲ့လား”
“ရပါတယ် ရှင်” မိန်းကလေးက ပန်းလျနွမ်းဟိုက်သော လေသံတိုးတိုးဖြင့်ဆိုရင်း ပတ်ဘလစ်ကာ နောက်ပိုင်းသို့ အားပြုတက်လာ၏။ “မြို့အဝင် ကပ်စတန်ဂိတ် မရောက်ခင်၊ သစ်ပင်ရိပ်ကောင်းကောင်းက စောင့်နော်။ ရဲဂိတ်နဲ့ လှမ်းမြင်ရတဲ့ နေရာလောက်က စောင့်၊ ကြားလား နန်းနွမ်း။ အစ်မကြီးတို့ကိုလည်း အပ်ပါတယ်နော”
“စိတ်ချပါကွယ်” “စက်ဘီးကော တင်ဦးမှာလား” ကားဆရာက တံခါးပေါက်မှ ခေါင်းပြူရင်း လှမ်းမေးသည်။ “စက်ဘီး မတင်ပါဘူး ခင်ဗျာ၊ ကျွန်တော် ဆွဲလာနိုင်ပါတယ်”

School Library (YFHS)

03 Jan, 12:53


"ရေချိုတွင်း" (အခန်း - ၁၄ မှ ၁၈ ထိ)
စာရေးသူ - ခင်နှင်းယု
စာဖတ်သူ - ခွန်းရှချို
ကြာချိန် - ၅၆ : ၃၃ မိနစ်

*စာမြည်း*
“ဘာဖြစ်လာရမလဲ၊ ဒီပြဿနာကို ညည်းကိုယ်တိုင်ရှင်းမလား၊ မေမေရှင်းရမလား၊ ညည်း ဆုံးဖြတ်။ မေမေကတော့ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး။ ဗိုင်းဒါမ ခုတောင်လူတောထဲမို့ ငါအောင့်လာတာ။ အေး.. ထွက်ခဲ့။ ကိုဖြူး ကြက်မွေးယူခဲ့စမ်း"
"အဖြစ်ကို ပြောပါဦး မေမေ"
“ကျုပ်က စက်ကစောစော ပြန်လာတယ်။ ငါးသံချိတ်တွေ ညနေဈေးရတယ်ဆိုလို့ ဈေးဘက်ကလှည့်ပြန်ပြီး ဝယ်မယ်ဆို ပြန်လာရော။ ဆယ်လမ်းကျတော့ အေးရီသတိရလို့ဝင်ကြိုတော့ မစောက ဒီနေ့ကျောင်းမရှိပါဘူးတဲ့။ ငါက ဘာမှမပြောဘဲ စိတ်ထဲကတော့ စနိုးစနောင့်နဲ့ ကားကို ကမ်းနားလမ်းက မောင်းလာမိတယ်။ တကတဲ ... မိအေးရီက ဘိုင်စကုတ်ရုံက ထွက်လာတယ်။ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ခိုးကြည့်တယ်ဆိုရင် ငါဒါလောက် စိတ်မဆိုးဘူး။ ခု... ဘယ်သူနဲ့ ထင်သလဲ”
ကြည်ကြည့်မျက်နှာကို စေ့စေ့ကြည့်၍ ဒေါသနှင့် အော်လိုက်၏။
“ဖိုးတုတ်နဲ့ သိလား၊ ဖိုးတုတ်နဲ့" “အမယ်လေး”
ကြည်ကြည်သည် မိုးကြိုးပစ်ခံရသလိုပင် ထိတ်လန့်သွား၏။

School Library (YFHS)

03 Jan, 12:53


၅။ ဘီတွတ်ရွာသို့ရောက်ပြီ
(ပြန်မလော့မြစ်မှ နာဂစ်ပုံပြင်များ)
စာ‌ရေးသူ - လယ်တွင်းသားစောချစ်
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၃: ၃၆ မိနစ်

*ကြာချိန်*
ဘီတွတ်မြစ်ကမ်းဘေးမှ ဈေးတန်းကို မူလအတိုင်း ပုံမပျက်တွေ့ရ၍ ဝမ်းသာကြောင်းပြောမိသည်။ အမှန်ကတော့ ဤဆိုင်တန်းများလည်း လေဘေးရေဘေးကြောင့် ပျက်စီးခဲ့ပါသည်။ သို့သော် ဘီတွတ်ရွာသားတို့ အပျက်အတိုင်း ထိုင်ကြည့်မနေကြ။ ကိုယ့်အားကိုယ်ကိုး ဝိုင်းဝန်းပြင်ဆင်ကြသည်။ အချို့သော လေဘေးရေဘေး ကူညီရန်လာကြသော စက်လှေကြီးများသည် ဘီတွတ်ကမ်းနားမှာ အခြေအနေမပျက် ကောင်းမွန်သည်ကို တွေ့သောအခါ “ဒီရွာဘာမျှမဖြစ်' ဟု ကူညီရန် ယူလာသောပစ္စည်းများကို မပေးတော့ဘဲ အခြားသောရွာများကို သွားရောက် ကူညီကြသည်ဟု ပြောပြကြသည်။ ရှေ့မှာ ပြင်ထားကြသော်လည်း နောက်ဘက်ကွင်းထဲမှာ မပြင်နိုင်၍ မပြင်ရသေးသော အပျက်အစီးများစွာ ရှိနေပါသည်။ ဈေးဆိုင်တန်းကို လွန်သောအခါ ကျွန်တော်တို့ စာပေဟောပြောပွဲ ကျင်းပသော သာသနာဇေယျုံ ကျောင်း တိုက် ကြီးမှာ မမှတ်မိနိုင်အောင် ဖြစ်ရသည်။
'အို … အပျက်အစီးက တော်တော် ကြီးတာပါလား” ဟု အံသြစိတ်မကောင်း ဖြစ်ရသည်။

School Library (YFHS)

03 Jan, 12:53


၄။ အကြီးလေးနှင့်အငယ်လေး
ပြန်မလော့မြစ်မှ နာဂစ်ပုံပြင်များ
စာ‌ရေးသူ - လယ်တွင်းသားစောချစ်
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၃ : ၁၀ မိနစ်

*စာမြည်း*
ကြားရသည့်သတင်းများအရ ကန်ဘက်ရွာကြီး နာဂစ်မုန်တိုင်း အထိနာပြီလား။ အကြီးလေးနဲ့ အငယ်လေးရော သေကြပြီလားဟု စိုးရိမ်ခဲ့ရသည်။ ခု မသေမပျောက် သူတို့ကိုယ်တိုင် လာကြိုနေကြသည်။
သင်္ဘောက ကန်ဘက်ရွာကို ဆိုက်မှာဖြစ်သော်လည်း ကကရံသို့ စက်‌လှေဖြင့် လာကြိုပြီး ဆရာတော်ကို ဆွမ်းကပ်၊ ကျွန်တော်တို့ကို မနက်စာကျွေးရန် ကြိုခေါ်ခြင်းဖြစ်သည်။ နာရီဝက်ခန့် အချိန်ပိုရအောင် စီစဉ်ခြင်းဖြစ်၏။
သူတို့ညီအစ်ကို သင်္ဘောပေါ် တက်လာကြသည်နှင့် ...
“ငါ . . . မင်းတို့ညီအစ်ကို… သေလောက်ပြီ ထင်နေတာ ...” ဟု ပြောရင်း ဝမ်းသာအားရ ဖက်ထားမိသည်။ ဆရာတော်နှင့်အတူ သူတို့လာခေါ်သော စက်လှေပြောင်းစီးပြီး ကန်ဘက်သို့ သွားကြသည်။ အလွန်ကျယ်သော ပြန်မလော့မြစ်ကို စက်လှေငယ်ဖြင့် ဖြတ်ကူးရခြင်းဖြစ်သည်။

School Library (YFHS)

03 Jan, 12:53


၂၄။ မိခင်မေတ္တာ
(ပြန်မလော့မြစ်မှ နာဂစ်ပုံပြင်များ)
စာ‌ရေးသူ - လယ်တွင်းသားစောချစ်
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၅ : ၀၆ မိနစ်

မြန်မာ မိဘ​တွေ က သားသမီး​တွေ ကို ချစ်တာ မပြ တတ်ဘူး။
ဒါ​ပေမယ့် အခက် အခဲရှိလာတဲ့ အခါ မှာ မိဘ​မေတ္တာ ကို ပြကြတယ်။
ဒီဝတ္ထု ကိုဖတ် ကြည့်ရင် ကြီးမားတဲ့ မိဘ​မေတ္တာ ဟာ တန်ဘိုး မဖြတ် နိုင်တာ​ ကို​တွေ့ ရမှာပါ။
Admin
LH

*စာမြည်း*
“သေတော့မှာပဲ… ကျုပ်သားလေးသေပါပြီ’
မိခင်ဖြစ်သူ ပူလောင်နေပြီ။ ယောက်ျားက ဆွဲထုတ်သည်မရ။ ဘယ်အချင်ဝါးမှာ ဘယ်လိုညပ်နေသည်မသိ။ ရေအောက်မှာမို့ မမြင်နိုင်။ မိခင်မှာ ငိုကြွေးနေသည်။ နောက်ဆုံးမှာ ဖခင်၏ ကြိုးစားမှုနှင့် ကလေး အိမ်ခေါင်မိုးပေါ် ရောက်လာသည်။ လက်မောင်းမှာ မြင်မကောင်းအောင် အပေါက်အပြဲဖြစ်နေ၏။ ကလေး၏ ရင်ဘတ်ကို ဘခင်စမ်းကြည့်တော့ အသက်မရှူတော့ပါ။ နှလုံးသွေးကလည်း ခုန်ခြင်းမရှိ။ ကလေးမှာ လုံးဝ လှုပ်ရှားခြင်း မရှိတော့ပါ။ နှုတ်ခမ်းများလည်း ပြာနေပြီ။ သားလေး သေရှာပြီဟုသိ၍ ဖခင် မျက်ရည်ကျနေသည်။
“ကျွန်မသား၊ ကျွန်မကိုပေးပါ မြန်မြန်ပေးပါ”
မိခင်မှာ သားဇောနှင့် ပူလောင်နေသည်။ ဖခင်က လှမ်းပေးသည်။ မိုးထဲလေထဲမှာ ကိုယ်တိုင် ရေလှိုင်းနှင့် မျောပါမသွားအောင် အိမ်ခေါင်မှ ဝါးလုံးကို ဆွဲထားရသေးသည်။
လက်တစ်ဖက်ဖြင့်သာ လှမ်းပေးနိုင်သည်။ အမေက လှမ်းဆွဲသည်။ လှိုင်းလုံးကြီး ဝင်ရောက်လာ၏။ အိမ်ခေါင်မိုးပေါ် ကျော်တက်လာသည်။ ကလေးပါသွားပြီ။
“သားလေး”
မိခင်က အိမ်ခေါင်မိုးပေါ်မှ သားနောက်ကို ထိုးဆင်း လိုက်သွားသည်။ ယောက်ျား လှမ်းအော်တားမြစ်သည်။ မိအောင်ဖမ်းဆွဲဖို့လည်း ကြိုးစားသည်မရ။ မိခင်ပါ မျောပါသွားသည်။

School Library (YFHS)

03 Jan, 12:53


၂။ "ကြိုးသမားတစ်ဦး၏ဖွင့်ဟဝန်ခံချက်"
(ဣတ္ထိရူပံဗာလံနှင့်ထောင်တွင်းဝတ္ထုတိုများ)
စာရေးသူ - ထောင်မှုးကြီးသိန်းဝင်း
စာဖတ်သူ - နန်းသိင်္ဂီ
ကြာချိန် - ၅၀ : ၃၇ မိနစ်

*စာမြည်း*
“အဖေကြီး ဦးထွန်းလွင်က အဂ္ဂိရတ် ဖိုထိုးတာ ဝါသနာပါတယ် ဆရာ ... သူဖိုရုံထဲမှာလည်း ဆေးမြစ်၊ ဆေးဝါးမျိုးစုံရှိတယ်။ အဲဒါ တစ်နေ့ ဖိုထိုးရင်း လုံပေါက်ပြီး မီးလောင်သေဆုံးရတာပါ”
“အမေကြီး ဒေါ်စောတင်ကတော့ ရောဂါသည်ဆိုတော့ မြန်မာဆေး၊ အင်္ဂလိပ်ဆေးမျိုးစုံ သောက်ရတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ အစာအိမ်၊ အသဲရောဂါမျိုးစုံရှိတယ်။ အဲဒါဆေးသောက်မှားပြီးဆုံးတာပါ”
“အစ်ကိုကြီး ကိုတင်ထွန်းကတော့ အမဲလိုက်ဝါသနာပါတယ်၊ အရက်လည်း အရမ်းသောက်တတ်တယ်၊ နယ်ဘက်တောဘက်ကိုလည်း ဂျစ်ကားတစ်စီးနဲ့ အမြဲတမ်းခရီးထွက်နေတယ်၊ အဖေကြီး ဦးထွန်းလွင်နဲ့တော့ မတဲ့ကြဘူး၊ မျက်နှာချင်း ဆိုင်တာနဲ့ စကားများတော့တာဘဲ၊ အစ်ကိုကြီးကလည်း အလွန်ဆိုးတယ်လေ၊ အဲဒါတိုက်ကြီးဘက် တောပစ်ထွက်ရင်း ချိုးဖြူကန်လမ်းမှာ ကားမှောက်၊ ချောက်ထဲကျပြီး ဆုံးရှာတာပါ။” “နောက်တစ်ဦးကရောကွယ်”
“နောက်တစ်ဦးက အစ်မကြီး ဒေါ်တင်ရွှေပါ၊ သူကတော့ အစားအလွန်မက်တယ်၊ သူကလည်း ပေါင် (၂၀၀) လောက်ရှိမယ်ထင်တယ်။ အလွန်ဝတယ်၊ အဲဒါ မှိုတောက်ပြီး ဆေးရုံအပို့မှာ ဆုံးရှာတာပါ။”
“အကိုလေး ကိုတင်မြင့်ကတော့ ဆေးသမားပါ၊ ဘိန်းဖြူထိုးရင်း ဆေးလွန်ပြီး ဆုံးရှာတာပါရှင်”

School Library (YFHS)

03 Jan, 12:53


၁။ "ဆိုးပေ"
(ဝတ္ထုတို - ၁၀၀)
စာရေးသူ - ပီမိုးနင်း
စာဖတ်သူ - နန်းသိင်္ဂီ
ကြာချိန် - ၄၂ : ၃၇ မိနစ်

*စာမြည်း*
နက်ဖြန်မိုးသောက်သောအခါ ရွာတစ်ရွာလုံး၌ တီးတိုးစကား ပြောကြလေ၏။ မုဆိုးမ တစ်ခုလပ်တို့သည် အမယ်ကြီး များနှင့် ဝိုင်းဖွဲ့ကာ မဥနှင့် ဆိုးပေအကြောင်းကို ပြောကြလေ၏။ အပျိုကလေးများသည် တစ်အိမ်တက်ဆင်း ကိုဆိုးပေကြီးနဲ့မဥ ထွက်ပြေးသည့်အကြောင်းကိုပင် ပြောကြလေ၏။ မဥ၏ မိခင်သည်ကား ဆန့်ငင်ဆန့်ငင်နှင့် တက်၍နေလေ၏။ အိမ်နီးပါးချင်းတို့သည် ကွမ်းရွက်များနှင့် နှာနှပ်ကြလေရာ သတိရလတ်သော် ကြမ်းခင်း၍ထားသည့်ပမာ။ ရင်ပတ်၌ ကျိုးတိုးကျဲတဲ ရှိသော နံရိုးများကို ပိန်ကြုံသောလက်ချောင်းများနှင့် တဖျောင်း ဖျောင်း တီးခတ်လေ၏။
ထိုအကြောင်းကို ဆိုးပေ၏မိဘ စပါးကုန်သည် လင်မယားတို့ကြားကြသောအခါ မိခင်က
“သယ် ငါ့သားကို သူတို့က မရာမတန် ထင်ရတန်သလား”ဟု ဒေါသအမျက် ချောင်းချောင်းထွက်ပြီးလျှင် သားဂုဏ်ရောက်ကာ ထဘီကို စွန်တောင်ဆွဲပြီး ဝဲပျံ၍သွားလေ၏။ သူကြီးအိမ်ရှေ့သို့ ရောက်သောအခါ သားဂုဏ်ကိုဖော်ကာ ရန်တွေ့လေရာ နှစ်ဖက်စလုံး ဆူပွက်၍ထကြလေ၏။ ရွာတစ်ရွာလုံးမှာလည်း ဆပ်ကပ်ပွဲ ရောက်သည်ထက် ပျော်စရာကောင်းသောရန်ပွဲကို ကြည့်ကြရသောကြောင့် စိုစိုပြည်ပြည်ဖြစ်ကာ တပျော်တပါးကြီး နေကြလေ၏။

School Library (YFHS)

03 Jan, 12:53


၂၅။ ခုမှရယ်နိုင်တော့တယ်
(ပြန်မလော့မြစ်မှ နာဂစ်ပုံပြင်များ)
စာ‌ရေးသူ - လယ်တွင်းသားစောချစ်
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၄ : ၅၅ မိနစ်

ဒီဝတ္ထု ထဲ က ဦးထွန်း​အောင် နင့် ​ဒေါ်ခင်​ဌေးဝင်း၊ ကျ​နော်​တော့ အခု ဝတ္ထု ဖတ် ရင်း သာဓု ​ခေါ် မိတယ်။
Admin
LH

*စာမြည်း*
စာချုပ်များကို ကိုင်ပြီး ဝမ်းသာအားတက် ဖြစ်နေသည်။ နောက်နှစ်ရက်ခန့် ကြာသောအခါ အိမ်ပျက်လယ်ပျက် ဒုက္ခရောက်ကြသော ရွာများမှ လူများ ဘီတွတ်ရွာသို့ ရောက်လာကြသည်။
“ဟာ . . . ရွာတွေက လာကြပြီဟေ့ ...”
ကိုထွန်းအောင်ကြီး ဝမ်းသာအားရ ဆီးကြိုသည်။ သူ့အကြွေးပေးထားသူများကို မေးသည်။ မရှိတော့ဘူး သေသွားပြီဆိုသူကို စာရင်းမှ ဖျက်သည်။ နောက်တစ်ယောက် ရှာမတွေ့သေးကြောင်းသိရ၍ စာရင်းမှ ဖျက်သည်။
“သူတို့ခမျာ . . . အသက်တောင်ဆုံးရသေးတာ ... ငါ့ငွေကို ဘာနှမျောနေရမှာလဲ ... သွားကွာ ..”
နောက်တစ်ရွာမှ လာပြန်ပြီ။ အကြွေးယူထားသူများ၏ အခြေအနေကို မေးသည်။ အိမ်မရှိ ရေမျောသွားပြီ ရှိသမျှကုန်ပြီ။ လယ်ပြန်စိုက်ဖို့ပင်မလွယ်’
“အို .. သွားကွာ ”
စာရင်းဖျက်ရပြန်သည်။ နောက်တစ်ရွာ လယ်သမားရှိ အိမ်ပျက် ဇနီးနှင့် သမီးရေထဲပါသွား။
“အို .. သွားကွာ ...” စာရင်းကိုဖျက်ရပြန်ပြီ။

School Library (YFHS)

03 Jan, 02:12


"ကျောက်ရိုင်းလေးများ"
(ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၃ မတ်လ)
စာရေးသူ - ခင်ဆွေဦး
စာဖတ်သူ - မေနှင်းစက်
ကြာချိန် - ၂၁ : ၅၆ မိနစ်

*စာမြည်း*
မေးခွန်းများထုတ်ကာ ၎င်းတို့၏ အရည်အချင်းကို စမ်းလိုသဖြင့် ချက်ခြင်းပြန်ရေးခိုင်းရာ အေးကျော်၏ ဖြေကြားပုံမှာ စံမတူပင်တည်း။
“သမိုင်းဆိုသည်မှာ ရန်ကုန်မြို့ အနီးမှာ ရှိပါသည်။ သမိုင်းတွင် ချည်စက်ရှိပါသည်။ သမိုင်းများအနက် သိုက်သမိုင်းများမှာ ပေါ် ပြူလာအဖြစ်ဆုံးပင်။ အစိုးရက ပိတ်တော့မည်ဆို၍ ဝမ်းနည်းစရာပင်ကောင်းနေသည် ၊ သိုက်သမိုင်းကားများတွင် အထင်ရှားဆုံး ဇာတ်လိုက်ကြီးမှာ တာတေပင် ဖြစ်ပါသည်။
တောင်ငူခေတ်ကို ထူထောင်သူမှာ “မင်းချီးယို” ဖြစ်ပါသည်။ ၎င်းမှာ ဝမ်းမကောင်းသဖြင့် မကြာခဏ ဝမ်းသွားသူ ဖြစ်သောကြောင့် မောင်းမများက တီးတိုးပေးထားသော အမည်ဖြစ်ပါသည်။ ထိုပြင် ၎င်း၏ “ချီး” မှာ ညိုနေတတ်သောကြောင့် “မင်းချီးညို”ဟုလည်း ခေါ်ကြသည်။ နောင်တွင် ကာလရွေ့လျော၍ “မင်းကြီးညို” ဖြစ်လာလေသည်။
ရှုလော့….။ အေးကျော်သည် အဘယ်မျှ ရဲတင်း၍ သောင်းကျန်းသောသူငယ် ဖြစ်လိုက်ပါသနည်း။
အေးကျော်အား တချီထဲ ရိုက်သတ်ချင်လောက်အောင် စိတ်တိုသွားမိလေသည်။ အတန်းထဲတွင် တအေးကျော်ချည်း အေးကျော်နေရသည်။ သူ့အတွက် ရတက်မအေးနိုင်သဖြင့် ဂဏန်းသင်္ချာသင်သူ ဆရာခက သူ့ အား 'ပူကျော်'ဟု ကင်ပွန်းတပ်သတည်း။

School Library (YFHS)

02 Jan, 12:48


၁။"ခါးပိုက်နှိုက်အောင်ဘု"
(ဣတ္ထိရူပံဗာလံနှင့်ထောင်တွင်းဝတ္ထုတိုများ)
စာရေးသူ-ထောင်မှုးကြီးသိန်းဝင်း
စာဖတ်သူ - နန်းသိင်္ဂီ
ကြာချိန် - ၄၂ : ၂၉ မိနစ်

*စာမြည်း*
“အောင်ဘု၊ မင်းရဲစခန်းမှာ ဝန်ခံပြီးပြီးလား" “ဝန်မခံရသေးဘူးဆရာ”
“မင်းဝန်ခံမှာလား၊ ငြင်းမှာလား” “အဲဒီညက ဆရာကျွန်တော်ကို မြင်သွားပြီဆိုတော့ ဝန်ခံရတော့ မှာပေါ့ဆရာရယ်၊ ရဲတွေကတော့ ကျွန်တော်ကျက်စားတဲ့ လမ်းကြောင်းဖြစ်လို့ ကျွန်တော်တို့ကို ဖမ်းတာပါ။ သူတို့မှာ မျက်မြင်သက်သေမရှိ ဘူးဆရာ” “စပယ်ယာကရော၊ မင်းတို့ကို မသိဘူးလား” “ စပယ်ယာက အသစ်ဆရာ၊ ကျွန်တော်တို့နဲ့ မရင်းနှီးဘူး” “တခြားခရီးသည်ထဲကရော သက်သေမလိုက်ဘူးလား” “သက်သေနှစ်ယောက်တော့ရှိတယ်ဆရာ၊ ဒါပေမယ့် ရဲကတန်းစီ ပြီးဆွဲပြခိုင်းတော့ ဇဝေဇဝါဖြစ်နေတယ်၊ မပြနိုင်ဘူးဆရာ”
“ဟ-အဲဒါဆို မျက်မြင်သက်သေက ငါပဲရှိတာပေါ့၊ နောက်ပြီး ငါကဥပဒေဝန်ထမ်း၊ မင်းဘယ်လိုလုပ်မလဲ”
“အဲဒီနေ့က ဆရာ့ကိုကားပေါ်မှာမြင်လို့ ကျွန်တော်တို့ မီးပွိုင့်မှာ ဆင်းပြေးတာ၊ ရဲစခန်းထဲ ကားမောင်းဝင်သွားတာနဲ့ ဆရာက ကျွန်တော်တို့ကို လက်ညှိုးထိုးတော့မှာဘဲမဟုတ်လားဆရာ”
“သေချာတာပေါ့ကွာ၊ မင်းတို့က ရက်စက်လွန်းပါတယ်၊ ခါးပိုက်နှိုက်ရုံတင်မက၊ လူပါသတ်တာတော့ လွန်လွန်းတယ်ကွာ” “လက်လွန်သွားတာပါဆရာ၊ ကျွန်တော်တို့အဖွဲ့ လူသတ်ရိုးထုံးစံ မရှိပါဘူး၊ ကျောင်းသားလေးက သိသွားပြီး၊ ပြန်ခုခံလို့ ဟိုကောင်မောင်နီ ဓါးနဲ့တွတ်လိုက်တာ လက်လွန်သွားတာပါ”

School Library (YFHS)

02 Jan, 12:48


"ရေချိုတွင်း" (အခန်း - ၉ မှ ၁၃ ထိ)
စာရေးသူ - ခင်နှင်းယု
စာဖတ်သူ - ခွန်းရှချို
ကြာချိန် - ၅၁ : ၃၂ မိနစ်

*စာမြည်း*
“ဘာပဲရရ….. ကြည်ကြည်ရယ်။ ပြီးတော့လည်း... ကြည်ကြည့် ယောက္ခမကိုပြောပါ။ ငွေထက် အေးရီလုပ်ခကိုလေ တတ်နိုင်ရင် ကိုရေအေးထွက်လာရင်ဝတ်ဖို့ ပုဆိုးလေး၊ အငယ်ကောင်တွေဖို့ ဘောင်းဘီဖျင်ထူထူလေးတွေ ပေးပါလို့။ စဉ်းစားကြည့်လေ၊ စပါးရောင်းနိုင်တဲ့ လယ်သမားကြီးတွေဖို့သာ ဝယ်ရချမ်းရ လွယ်ကူတာ။ ကျုပ်တို့က ကျုပ်တို့ရတဲ့စပါး ကျုပ်တို့မိသားစု ဝမ်းစာနဲ့ လောက်ရုံပဲ။ စားအိမ်ကသာ ကြီးလာတာ”
ကြည်ကြည်သည် သက်ပြင်းလေးချကာ ခေါင်းညိတ်ပြ၏။ သူ့ ယောက္ခမသည် နောက်ဖေးမှထွက်လာကာ ရေဒီယိုကို ကောက်ကာ ဖွင့်လိုက်၏။
“ကဲ.. ပြန်မယ်” ပွေးလှက နှုတ်ဆက်၍ အထလိုက်၊ ရေဒီယိုမှ သီချင်းသံက 'စပါး တောင်လိုပုံ' ဆို၍ ထွက်လာ၏။ ပွေးလှကို သောသလို ဖြစ်နေသည်။ ကြည်ကြည်ကတော့ ဒီသီချင်းဆို၍ အသံလွှင့်ရသူလေးကို သနား၍နေသည်။
"ကြီးကြီး ဒေါ်မြေရွှေ၊ ပွေးလှ ပြန်ဦးမယ်"

School Library (YFHS)

02 Jan, 12:48


၂။ နာဂစ်နှင့်ဧရာဝတီတိုင်း
(ပြန်မလော့မြစ်မှ နာဂစ်ပုံပြင်များ)
စာ‌ရေးသူ - လယ်တွင်းသားစောချစ်
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၄ : ၂၄ မိနစ်

*စာမြည်း*
နာဂစ်မုန်တိုင်းသည် ဧရာဝတီတိုင်းကို ပိုအထိနာစေသည်။ အသေအပျောက်များသည် ဟုသိရ၍ စိုးရိမ်စိတ်များဖြစ်ရသည်။ ဘိုကလေးမြို့သို့ အကြိမ်ကြိမ်သွား၍ စာပေဟောပြောပွဲ လုပ်ခဲ့သည်။ ခင်မင်သူများစွာ ရှိသည်။ မကြာမီကမှ ဘိုကလေးမြို့တွင် ဘိုကလေးတင့်အောင် စာကြည့်တိုက်ဖွင့်ပွဲ သွားရောက်ဟောပြောခဲ့သည်။ မိန်းမလှကျွန်းကိုလည်း ရောက်ခဲ့သည်။ ထိုနေရာများ အထိအခိုက် အပျက်အစီးများသည်။ အသေအပျောက်များ ရှိသည် ဟုသိရသည်။ သွားချင်သည်။ ကူညီချင်သည်။ ဒေးဒရဲမြို့ကိုလည်း (၄) ခါ ဟောဘူးသည်။ တော်ကနိရွာအထိ သွားဟောဘူးသည်။ သွားချင်သည်။ ကူညီချင်သည်။

School Library (YFHS)

02 Jan, 12:48


၃။ သွားချင်ရောက်ချင်သောရွာများ
(ပြန်မလော့မြစ်မှ နာဂစ်ပုံပြင်များ)
စာ‌ရေးသူ - လယ်တွင်းသားစောချစ်
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၆ : ၁၄ မိနစ်

*စာမြည်း*
နာဂစ်မုန်တိုင်း တိုက်ခတ်သောအခါ ပြန်မလော့မြစ်မှ ရေလှိုင်းကြီးများ (၁၂) ပေခန့်အထိ မြင့်တက်လွှမ်းမိုး၍ လပွတ္တာမြို့နယ်အတွင်းမှာ ထိခိုက်ပျက်စီးမှုများပြားကြောင်း၊ သေဆုံးမှုများကြောင်း ကြားသိရသည်။
သွားချင်သော်လည်း မုန်တိုင်းပြီးစမှာ သွားလာရန်ခက်ခဲ၍ သွားရောက်နိုင်ခြင်းမရှိ။ ဖုန်းလည်းဆက်၍မရ။ ရွာတွေအိမ်တွေ လုံးဝ ပျက်ကုန်ပြီလား ရောက်ခဲ့မြင်ခဲ့ဘူးသော ကမ်းနားမှ ဈေးဆိုင်တန်းများ အားလုံးပျောက်ကွယ်ကြပြီလား ခင်မင်ရင်းနှီးသူတွေ မရှိကြတော့ဘူးလား စိတ်ထဲမှာ စိုရိမ်ပူပန်မိသည်။ ဘယ်တော့မှ မတွေ့ရတော့ဘူးလား လွမ်းလွမ်းဆွေးဆွေး ခံစားရသည်။

School Library (YFHS)

02 Jan, 12:48


"ပဲခူးသို့_" (ဟာသ)
(ရှုမဝမဂ္ဂဇင်း၊ ၁၉၅၅ ဖေဖော်ဝါရီလ)
စာရေးသူ - သာကဒိုး
စာဖတ်သူ - ခွန်းရှချို
ကြာချိန် - ၅၅ : ၃၀ မိနစ်

*စာမြည်း*
အမိန့်ရရခြင်း ကသော ကမျော ထွက်ခဲ့ရပြီး တညလုံး မအိပ်ခဲ့ရ၍ ခေါင်းကလည်း နောက်ကျိကျိ ဖြစ်နေလေသည်။ အိမ်မှာအဝတ်အစားပြင်ရ၊ လမ်းမှာ မိုင်းဗုံး ဆုတောင်းရနှင့်ဘဲ၊ ဟောစရာ အချက်အလက်ကလည်း မစီစဉ်ရသေး။ ဘာတွေဟောရမှန်းလဲမသိ။ ဆိုပါတော့ဗျာ၊ “ ဟော”တယ်ဆိုတာ ကြီးကျယ်လှပါတယ်။ ရှင်းရှင်းဆိုတော့....ဘာတွေ“ဖြီး”ရမှန်းကို မသိချေ။
ကျွန်တော်သည် ဥက္ကဋ္ဌကြီးက တာဝန်ပေးလွှတ်စဉ်က၊ဟုတ်တိပတ်တိနဲ့ဲ့ခပ်တည်တည်ခေါင်းညိတ်ကာ၊ လိုက်ပါလာခဲ့ သော်လည်း ပဲခူးရောက်သောအခါမှ နောင်တအကြီးအကျယ် ရလေတော့သည်။“ ငါလိုက်လာမိတာ ငါတာဝန် ယူမိတာ မှားပြီ ... မှားပြီ”ဟု အထိတ်တလန့်ကြီး ဖြစ်နေ၏။ လူရှေ့သူရှေ့ရပ်ပြီး စင်ပေါ်တွင်တရားဟောနေကျမဟုတ်သဖြင့်၊ အကယ်ဟောရတော့မည် ဆိုသောအခါ’ဘာဖြစ်မှန်းမသိ၊ဟောချိန်နီးလာလေ ဒူးတွေက ဝက်အူတွေ ချောင်လာလေနဲ.၊ ရင်ထဲမှာလဲ တဒိန်းဒိန်းနဲ့ အသဲနှလုံးတွေ ဘင်တီးနေကြသလား
သံပုံးတီးနေကြသလားဘဲ မသိချေ။ အဲဒီပရိသတ် ထိတ်လန့်ပုံဝေဒနာမှာ ရည်းစားနဲ့တွေ့ကာနီး

School Library (YFHS)

02 Jan, 12:48


"နှမငံ့လင့် ကြိုနှင့်မည်"
စာရေးသူ - နန္ဒသူ
စာဖတ်သူ - ခွန်းရှချို
ကြာချိန် - ၃၁ : ၁၇ မိနစ်

*စာမြည်း*
"ငထွေးသင် ဒီကိုမလာခဲ့ပြီကော" ဟုကျွန်ုပ်ကပြောသည်။
"ဟုတ်ပ၊ ငါတို့သိတယ်ပ။ ငါတို့ဟာ အိမ်တံခါးကို မပုတ်မီမြင်းစောင်းကို စိတ်ဆေးပြီးလတ်ပြီ။"
ငကိသွာသည် ထင်းတုံးတစ်တုံးကို အင့်တုံထဲပစ်သွင်း၏။ ငပြသုတ် ခပ်အေးအေး နေတတ်သလောက် သူသည်ပျော်ပျော်နေတတ်သူဖြစ်သည်၊ သို့သော် ယနေ့ညအဖို့တော့ ငကိသွာသည်ပျော်ရွှင်နေပုံမရချေ။ မီးတောက်သည် ဝင်းကနဲ တက်လာ၏။ လုလင်ကျော်နှစ်ယောက်တို့သည် ဦးပေါင်းသင်နှင့် ကျွန်ုပ်တို့ကို တလှည့်စီကြည့်နေကြသည်ကို မြင်ရသည်။ ကျွန်ုပ်နှင့် အကြည့်ချင်းဆုံသွားသည်တွင် သူတို့ကသိကအောက်ဖြစ်ကာ မျက်နှာလွှဲလိုက်ကြပြီး တစ်ယောက်က ရင်ဘတ်ဟကာ အပူရှိန်ခံယူသည်။ တစ်ယောက် မတ်တပ်ထ၍ ဝါးတန်းပေါ်က ခြုံစောင်တွေကိုရေညှစ်သည်။ ဦးပေါင်းသင်ကမူ လက်ျာလက်ဖမိုးဖြင့် နှုတ်ခမ်းမွှေးကိုပွတ်နေသည်။
"ရော.. ငထွေးသင်ပါပဲကလား၊ မောင်မင်း သူ့ကိုမုချလိုချင်ပါအံ့"
"လိုချင်ပြီကော၊ သည်တစ်ကြိမ်တော့တရားစီရင်ရတော့အံ့"
"မည်သည့်အမှုကိစ္စ ဖြစ်ပါစို့"
"သင်းဟာလူကိုသုတ်သင်ခဲ့လတ်ပြီ"
ဟုပြောရင်း ဦးပေါင်းသင်သည် ငထွေးသင်တရားခံဖြစ်ရသည်ကိုစိတ်မကောင်းသလိုဖြစ်သွားဟန်ရှိ၏။

School Library (YFHS)

02 Jan, 12:48


၁၄။ "ဖြေဆေးမလိုပါ"
(ချစ်လက်စမကုန်ချင်ဘူးကွယ်)
စာရေးသူ - စမ်းစမ်းနွဲ့ (သာယာဝတီ)
စာဖတ်သူ - မေနှင်းစက်
ကြာချိန် - ၂၁ : ၁၉ မိနစ်

*စာမြည်း*
“မင်း ဘာဖြစ်လို့ စကားတွေ ပရမ်းပတာ လျှောက်ပြောနေတာလဲ စုစုထား"
“ရှင်...” ဘာကို ဆိုလိုသလဲဟု တကျော့ပြန် စဉ်းစားရသည်။ ဟောပြောပွဲမှာ စုစုထားသည် စကားကို လက်လွတ်စပယ် ပြောလေ့မရှိ။ ဟာသသဘောဖြင့် ပြက်လုံးထုတ်မိသည့်တိုင် ထိုပြက်လုံးကြောင့် ဟောပြောသည့် အကြောင်းအရာ ဦးတည်ချက်ကို အငြိအစွန်း မရှိရအောင် သတိပြုမြဲ ဖြစ်သည်။
"အချစ်ဝတ္ထုရေးဆရာတွေက ရှာရှာဖွေဖွေ ပေးရမယ့် အကြောင်းပြချက်မျိုးကို မင်း ပါးစပ်က ဘာဖြစ်လို့ အငှားရှေ့နေ လိုက်ရတာလဲ။ ဟုတ်တာ မဟုတ်တာ အပထား၊ သူတို့ပါးစပ်က ပြောပါစေပေါ့။ မင်းနဲ့ ဘာဆိုင်သလဲ။ မင်းနဲ့ဆိုင်တာ မင်း ပြောဖို့ကောင်းတယ်”
ရုတ်ခြည်း စောဒက မတက်ဖြစ်ခဲ့ချေ။ အပြုံးသည် လျော့ရိလျော့ရဲ ရှိနေမည်ထင်၏။ မိမိ ပြောခဲ့တာတွေ လွဲနေပြီလား ပြန်လည် သုံးသပ်ကြည့်သည်။ အချစ်၊ လျှို့ဝှက်၊ ဘဝသရုပ်ဖော် စသည်ဖြင့် ခွဲခြား၍ တန်ဖိုး သတ်မှတ်နေသည် များကို စုစုထားက ဆွေးနွေးပြောဆိုမိသည်။ အကျိုးပြုစာပေ’ ဆိုသော ဂုဏ်သိက္ခာသည် ဘဝသရုပ်ဖော် ပုံသဏ္ဌာန်မှာချည်း တရားသေ ကိန်းဝပ်မနေ။ အချစ်ဝတ္ထု ပုံသဏ္ဌာန်ဖြင့် လည်းကောင်း၊ လျှို့ဝှက်သည်းဖို ပုံသဏ္ဌာန်ဖြင့် လည်းကောင်း ဖန်တီး၍ ရသည်ဟု...။

School Library (YFHS)

02 Jan, 01:02


"ပဲခူးသို့_" (ဟာသ)
(ရှုမဝမဂ္ဂဇင်း၊ ၁၉၅၅ ဖေဖော်ဝါရီလ)
စာရေးသူ - သာကဒိုး
စာဖတ်သူ - ခွန်းရှချို
ကြာချိန် - ၅၅ : ၃၀ မိနစ်

*စာမြည်း*
အမိန့်ရရခြင်း ကသော ကမျော ထွက်ခဲ့ရပြီး တညလုံး မအိပ်ခဲ့ရ၍ ခေါင်းကလည်း နောက်ကျိကျိ ဖြစ်နေလေသည်။ အိမ်မှာအဝတ်အစားပြင်ရ၊ လမ်းမှာ မိုင်းဗုံး ဆုတောင်းရနှင့်ဘဲ၊ ဟောစရာ အချက်အလက်ကလည်း မစီစဉ်ရသေး။ ဘာတွေဟောရမှန်းလဲမသိ။ ဆိုပါတော့ဗျာ၊ “ ဟော”တယ်ဆိုတာ ကြီးကျယ်လှပါတယ်။ ရှင်းရှင်းဆိုတော့....ဘာတွေ“ဖြီး”ရမှန်းကို မသိချေ။
ကျွန်တော်သည် ဥက္ကဋ္ဌကြီးက တာဝန်ပေးလွှတ်စဉ်က၊ဟုတ်တိပတ်တိနဲ့ဲ့ခပ်တည်တည်ခေါင်းညိတ်ကာ၊ လိုက်ပါလာခဲ့ သော်လည်း ပဲခူးရောက်သောအခါမှ နောင်တအကြီးအကျယ် ရလေတော့သည်။“ ငါလိုက်လာမိတာ ငါတာဝန် ယူမိတာ မှားပြီ ... မှားပြီ”ဟု အထိတ်တလန့်ကြီး ဖြစ်နေ၏။ လူရှေ့သူရှေ့ရပ်ပြီး စင်ပေါ်တွင်တရားဟောနေကျမဟုတ်သဖြင့်၊ အကယ်ဟောရတော့မည် ဆိုသောအခါ’ဘာဖြစ်မှန်းမသိ၊ဟောချိန်နီးလာလေ ဒူးတွေက ဝက်အူတွေ ချောင်လာလေနဲ.၊ ရင်ထဲမှာလဲ တဒိန်းဒိန်းနဲ့ အသဲနှလုံးတွေ ဘင်တီးနေကြသလား
သံပုံးတီးနေကြသလားဘဲ မသိချေ။ အဲဒီပရိသတ် ထိတ်လန့်ပုံဝေဒနာမှာ ရည်းစားနဲ့တွေ့ကာနီး

School Library (YFHS)

01 Jan, 12:44


၁။ နာဂစ်မုန်တိုင်းတဲ့
(ပြန်မလော့မြစ်မှ နာဂစ်ပုံပြင်များ)
စာ‌ရေးသူ - လယ်တွင်းသားစောချစ်
စာဖတ်သူ - မြတ်လေးငုံ
ကြာချိန် - ၄ : ၀၆ မိနစ်

*စာမြည်း*
၃ . ၅. ၂ဝဝ၈ နေ့ ညပိုင်းကျမှ ရေဒီယိုသတင်းအရ မုန်တိုင်းကြီးစွာ တိုက်သွားကြောင်းသိရသည်။ ရန်ကုန်ကို ဖုန်းဆက်သွယ်သည် မရ။ မန္တလေးမြို့မှ ညီနှင့်နှမ မောင်မျိုး၊ မြင့်မြင့်သိန်းတို့ကို ဖုန်းဆက်မေးသည်။ မောင်မျိုးက သူလည်း တစ်ချိန်လုံး ကြိုးစားဆက်နေတာ ဘာသတင်းမျှမရကြောင်း၊ ကြားရတဲ့ စကားတွေအရတော့ ရန်ကုန်မြို့ကြီးက မြို့ပျက်ကြီးလို ဖြစ်သွားတာပဲ ဟုပြောသည်။သူပြောမှပို၍ စိတ်ပူရသည်။ တိုက်တွေ အိမ်တွေ ပြိုကုန်ပြီလား၊ သားသမီး မြေးတွေ ရှိသေးရဲ့လားဟု စိုးရိမ်မိသည်။ အမျိုးမျိုး ဆက်သွယ် မေးမြန်းသော်လည်း ဘာမျှမသိရ။ ပို၍ပူပင်ရသည်။
မန္တလေးသို့ ဖုန်းဆက်ပြီး မော်တော်ကားလက်မှတ်မှာသည်။ မေလ (၅) ရက်နေ့မှ ရသည်။ ရန်ကုန်မြို့သို့ မေလ(၆) ရက်နေ့မှ ပြန်လာသည်။ ပဲခူးမြို့နားရောက်ကတည်းက သစ်ပင်များ ဓာတ်တိုင်များ အလဲလဲ အပြိုပြို။
“အို . . . တော်တော်ဆိုးတာပါလား .."

School Library (YFHS)

01 Jan, 12:44


ရေချိုတွင်း (အခန်း - ၇/၈)
စာရေးသူ - ခင်နှင်းယု
စာဖတ်သူ - ခွန်းရှချို
ကြာချိန် - ၁ : ၀၃ : ၀၄ နာရီ

*စာမြည်း*
ပွေးလှသည် ထပ်၍ရိုက်မည်လုပ်တော့ အေးကြည်သည် ကြောင်ငေးငေးဟန်နှင့်နေရာမှ ရှိုက်ကြီးတငင်ငိုလိုက်၏။ ကလေးမွေးရတော့ မည်ဆိုသည်ကို ဘယ်လိုအဓိပ္ပာယ် ယူဆလိုက်သည်မသိပေ။ တုန်တုန်ယင်ယင်နှင့် စကားလုံးထွက်လာ၏။
"ဦးလေး ဦးလေး… ဘထွေးရယ်၊ ညညကျရင် နင်ငါနဲ့ လာအိပ်တဲ့။ ညတိုင်း မဟုတ်ဘူးတဲ့။ ဒါနဲ့… ဒါနဲ့….ကျွန်မ သွား.. သွား... အိပ်တာ”
"ဟဲ့...ယောက်ျားနဲ့အတူအိပ်ရင် ဗိုက်ကြီးတတ်တယ်ဆိုတာ နင် မသိဘူးလား"
"မသိဘူး" အေးကြည်က ပြတ်ပြတ်ဖြေ၏။
“သေပါတော့.. သေပါတော့၊ ဒါကြောင့် ငါနင်တို့ကို သတ်ချင်တာ" ပွေးလှက ရိုးရိုးလက်နှင့်ပင် အေးကြည်ခေါင်းကို စုံခေါက်လိုက်၏။
“ပွေးလှ… ရိုက်မနေနဲ့တော့လို့ ငါပြောရင် ညည်းနားထောင်။ ညည်းလည်း အမေတစ်ယောက်အနေနဲ့ လိုတာပဲ။ ပြီးတော့ အေးကြည်ဟာ ညည်းသိထားဖို့က အေးရီလို အလည်မဟုတ်ဘူး။"

1,385

subscribers

499

photos

3

videos