Learning Tree (Education Center) @learningtree1123 Channel on Telegram

Learning Tree (Education Center)

@learningtree1123


Learning Tree Education Center(LT Edu)

Learning Tree (Education Center) (English)

Are you looking to expand your knowledge and skills in a fun and interactive way? Look no further than Learning Tree Education Center (LT Edu)! Our Telegram channel, @learningtree1123, is dedicated to providing a platform for individuals of all ages to learn and grow in various subjects and fields. Who is Learning Tree Education Center? LT Edu is an online education center that offers a wide range of courses and resources to help individuals reach their full potential. Whether you are a student looking to enhance your academic performance, a professional aiming to upskill in your career, or simply someone who loves learning new things, LT Edu has something for everyone. What is Learning Tree Education Center? At LT Edu, we believe that learning is a lifelong journey, and we strive to make that journey as engaging and enjoyable as possible. Through our Telegram channel, we provide daily updates on educational content, study tips, interactive quizzes, and more. Our team of experienced educators and industry experts curate the material to ensure that it is relevant, informative, and beneficial to our audience. Join us at Learning Tree Education Center and embark on a learning experience like never before. Whether you want to improve your language skills, delve into the world of science, or explore the latest trends in technology, we have got you covered. Let us help you cultivate your passion for learning and unlock your full potential. Follow us on Telegram @learningtree1123 and start your educational journey with LT Edu today!

Learning Tree (Education Center)

20 Nov, 03:15


ဘောင်းဘီဇစ်ပွင့်တာကို ဘယ်လိုပြောကြမလဲ။ 😬🤔

"Your fly is down.'' လို့ ပြောလို့ရပါတယ်။ 😊

#learningtreeeducationcenter
#learningenglish
#အင်္ဂလိပ်စာလေ့လာရန်
#yourflyisdown

Learning Tree (Education Center)

19 Nov, 07:38


၃၀) ထမင်းကို သေချာခူးခပ်စားပါ။ပြီးပြီးရော ဇလုံနဲ့ထည့်မစားပါနဲ့။
Eat your meals properly at the dining table. Do not fill a bowl with food and eat out of it.

မြန်မာ စာသား - Credit to the original uploader
English Translation by Dr.Soe Than

With love,
Dr.Soe Than

Learning Tree (Education Center)

19 Nov, 07:38


" ကိုယ့်ကိုယ်ကိုယ်ချစ်ရင် "
“If you love yourself....”

၁) မနက်အိပ်ယာနိုးတိုင်း ငါအသက်ရှင်နေပါသေးလားလို့ ဘုရားကို ကျေးဇူးတင်ပါ။
When you wake up every morning, be grateful that you are alive.

၂) ရင်ထဲဘာတွေခံစားနေရပါစေ အိပ်ယာကထ
အ၀တ်အစားသပ်သပ်ရပ်ရပ်၀တ် သွားဖို့တာ၀န်ရှိတဲ့ နေရာကို ရောက်အောင်သွားပါ။
Regardless of how you’re feeling in your heart, get up, dress up, and show up.

၃) သူများနဲ့မနှိုင်းယှဉ်ဘဲ ကိုယ့်အားသာချက်ကို ကိုယ်ရှာဖွေပါ အသုံးချပါ။
Without comparing yourself with others, find out your trump card, and use it to your advantage.

၄) အားကစားကို ဆယ်မိနစ်ကနေ မိနစ်သုံးဆယ်လောက်လုပ်ပေးပါ။
Work out for about ten to thirty minutes a day.

၅) ရေ နှစ်လီတာတော့ သောက်ဖြစ်အောင်သောက်ပါ။
Make sure to drink about two liters of water per day.

၆) ဆယ်မိနစ်လောက် ငြိမ်သက်စွာ လေရှုသွင်း ရှုထုတ်လုပ်ပေးပါ။
Breathe quietly: inhale and exhale for about ten minutes a day.

ရ) မနက်စာကို ဘုရင်လို အားရပါးရ စားပါ။ နေ့လည်စာကို လျှော့စားပါ။ ညစာကို နည်းနည်းလေးပဲစားပါ။
Have a hearty breakfast early in the morning. Have a light lunch. Eat very little for dinner.
(Eat breakfast like a King, lunch like a prince, and dinner like a pauper. မနက်စာကို ဘုရင်ကြီးလိုစား၊ နေ့လည်စာကို မင်းသားလိုစားပြီး ညစာကိုတော့ လူမွဲလိုစားပါဆိုတဲ့ အဂ်လိပ် ဆိုရိုးစကားရှိပါတယ်။)

၈) အားအင်အပြည့်ထည့်ပြီး စိတ်ပါလက်ပါနဲ့ သူတပါးကို စာနာတဲ့စိတ်နဲ့တကိုယ်ကောင်းမဆန်ပဲ အလုပ်လုပ်ပါ။
Do your work energetically, willingly, sympathetically and selflessly.

၉) အားပါးတရ ပြုံးပါ ရယ်လိုက်ပါ။
Smile broadly. Laugh heartily.

၁၀) အသစ်အဆန်းတွေကို အမြဲလေ့လာနေပါ။
Always try to learn something new.

၁၁) အသက်အရွယ်က အရေးမကြီးပါဘူး။ပျော်ပျော်ပါးပါးနေပါ။
Age is just a number. Enjoy your life.

၁၂) ကိုယ့် ပျော်ရွှင်မှုကို ကိုယ်ပဲပိုင်ပါတယ်။
သူများ နှောက်ယှက်လည်း ကိုယ့်ခံယူမှုသာအဓိကပါ။
You own your life and your happiness.
Even if someone disturbs you, your conviction is what matters.

၁၃) နေ့စဉ် အနည်းဆုံး တွေ့တဲ့ လူသုံးယောက်ကို ပြုံးပြီး ချီးကျူးစကားပြောပေးပါ။
Every day, smile and say a few words of praise to at least three people you meet.

၁၄) မလိုတော့တဲ့ ပိုလျံနေတဲ့ ပစ္စည်းတခုခုကို နေ့စဉ် လှူပေးပါ။
Give away some extra stuff every day.

၁၅) ဒဏ်ရာဟောင်းတွေကို မစဉ်းစားဘဲ လက်ရှိဘ၀ကို ပျော်အောင်နေပါ။
Live in the moment without dwelling on the old wounds.

၁၆) ဖြစ်လာတဲ့ပြဿနာတွေကို သေချာစဉ်းစားပြီးဖြေရှင်းပါ။ ၀မ်းနည်းအားငယ်ရှက်ရွံ့မနေပါနဲ့။
Solve any problem that arises carefully. Don’t feel sad or depressed.

၁၇) အတင်းအဖျင်းပြောတဲ့သူတွေနဲ့ပေါင်းပြီးအချိန်ကုန်မခံပါနဲ့။
Don’t waste your time with gossip-mongers.

၁၈) အလုပ်နဲ့သူငယ်ချင်းကြား အလုပ်နဲ့ကျန်းမာရေးကြားမျှတအောင်နေပါ။
Maintain a good balance between work and friends, work and health.

၁၉) အလုပ်ဘယ်လောက်များများ မိဘမောင်နှမတွေကို
မကြာခဏ ဆက်သွယ်ပေးပါ။
No matter how busy you are, keep in touch with your parents and siblings.

၂၀) အသက် ၇၀ ကျော်တွေ အသက် ၆ နှစ်အောက်တွေနဲ့ အချိန်ပေး စကားပြောပေးပါ။
Spend some time talking with those who are above 70 years and below 6 years old.

၂၁) စိတ်ရှုပ်စေမဲ့ ပစ္စည်းတွေ မလှတော့တဲ့ ကွဲသွားပဲ့သွားတဲ့ အသုံးအဆောင်တွေ ကို ရှင်းပေးပါ။
Declutter your home and your life.

၂၂) ကျက်သရေမရှိတဲ့အတွေးအခေါ်တွေ ကို ချက်ခြင်းထုတ်လိုက်ပါ။ ကောင်းတာပဲ စဉ်းစားပါ။
Banish those negative thoughts at once, and keep your mind busy with positive thoughts.

၂၃) လူမှုကွန်ယက်မှာကျက်သရေ ရှိတာပဲ Share ပါ။
Share only what is pleasant on social networking sites.

၂၄) သူများတွေ ငါ့ဘာထင်မလဲ ဆိုတာ အရေးမကြီးဘူး။ မထိခိုက်သမျှ လုပ်စရာရှိတာလုပ်ပါ။
It doesn’t matter what others think of you.
Do what you’ve got to do as long as it doesn’t harm anyone.

၂၅) အနိုင်ဆိုတာ အမြဲမရဘူး။ ညှိနှိုင်းယူတတ်အောင်လေ့ကျင့်ပါ။
You don’t always win. Learn to negotiate.

၂၆) မရှိတာအတွက် စိတ်ဆင်းရဲမနေပါနဲ့။ ရှိနေတာကိုပဲ တန်ဖိုးထားပါ။
Don’t feel despair for the thing you don’t have. Try to appreciate what you do have.

၂၇) ည ၁၁ နာရီနောက်ဆုံးထားအိပ်ပေးပါ။
Go to bed by 11 p.m. at the latest.

၂၈) ဘုရားရှိခိုးပါ။ ဘုရားက ခွန်အားကိုပေးပါတယ်။
Say your prayers. Prayers bring you strength.

၂၉) အိမ်ကို ရှင်းနေအောင်ထားပါ။ အိမ်အလုပ်ကူလုပ်ပေးပါ။
Keep your house clean. Help with household chores.

Learning Tree (Education Center)

15 Nov, 04:33


၁၅.၁၁.၂၀၂၄ (တန်ဆောင်မုန်းလပြည့်နေ့)
နှင့် ၁၆.၁၁.၂၀၂၄ (လပြည့်ကျော် တစ်ရက်နေ့) များကို အတန်းပိတ်ရက်များအဖြစ် ကြေညာအပ်ပါသည်။ 🌷

မြန်မာပြည်သူ၊ပြည်သားများ စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာပြီး ရန်သူမျိုးငါးပါးမှ ကင်းဝေးကြပါစေကြောင်း Learning Tree မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🌷

Learning Tree (Education Center)

11 Nov, 16:31


အဘိုးအိုတစ်ယောက်နဲ့ လူငယ်တစ်ယောက် လမ်းမှာ ဆုံကြတော့
လူငယ်က အဘိုးအိုကို မေးတယ်။

"ကျွန်တော့်ကို မှတ်မိလား ဆရာ..?"

အဘိုးအိုက ခေါင်းခါတယ်။

"ကျွန်တော် ဆရာ့တပည့်ပါဆရာ"
"ဟေ - ဟုတ်လားကွ”
“ဟုတ်ပါတယ်ဆရာ"
"အခုငါ့တပည့် ဘာအလုပ်လုပ်နေလဲ"

“အခု ကျောင်းဆရာ တစ်ဦးအနေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတယ်ဆရာ"

လူငယ်က ဂုဏ်ယူစွာဖြေတယ်။

အဘိုးအိုက ပျော်ရွှင်နေတဲ့ မျက်နှာထားနဲ့
“ကောင်းတယ်ဟေ့ .. ငါ့လိုပါပဲလားကွ"

“ဟုတ်ပါတယ်ဆရာ။ တကယ်တော့ ကျွန်တော်ဆရာဖြစ်ခဲ့တာက ဆရာ့ကြောင့်လို့ပြောလို့ရပါတယ်။
ဆရာလှုံ့ဆော်မှုကြောင့် သာ ကျွန်တော်ဆရာတစ်ယောက်ဖြစ်လာတာပါ"

စူးစမ်းချင်စိတ်ပြင်းပြနေတဲ့ မျက်နှာထားနဲ့ အဘိုးအိုက မေးတယ်။

"ဟေ ဘယ်လိုအရာက မင်းကို ဆရာလုပ်ဖို့
လှုံ့ဆော်ခဲ့လဲ ငါတောင် မမှတ်မိတော့ဘူးကွ”

လူငယ်က အတိတ်ကာလက အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့တယ်။

“တစ်နေ့မှာ ကျွန်တော့်သူငယ်ချင်းက ကျောင်းလာတဲ့အခါ သိပ်မိုက်တဲ့ နာရီအသစ်တစ်လုံးပတ်လာတယ်ဆရာ။ နာရီကို မြင်မြင်ချင်း ကျွန်တော်အရမ်းကြိုက်သွား ပြီး လိုချင်ခဲ့တယ်။ ဒါနဲ့ ခိုးယူဖို့ ဆုံးဖြတ်လိုက်တယ်။သူငယ်ချင်းက နာရီကို အိတ်ထဲ ထည့်ထားချိန် ကျွန်တော် ခိုးလိုက်တယ်"

လူငယ်က ဆရာ့ကို ကြည့်တော့ ဆရာက ဆက်ပြောပါဦးလို့ ခေါင်းညိတ်ပြတယ်။

"ခဏကြာတော့ သူငယ်ချင်းက သူ့နာရီပျောက်နေတာ သတိထားမိပြီး အတန်းပိုင်ဆရာကို ချက်ချင်းတိုင်တယ်။အဲဒီဆရာက ဆရာပါဆရာ"

ဆရာဖြစ်သူက ခေါင်းညိတ်ပြတယ်။

ဆရာက 'ဒီကျောင်းသားရဲ့ နာရီက ဒီနေ့ စာသင်ချိန် မှာ ပျောက်သွားတယ်လို့ ပြောတယ်။ ကောက်ရထားသူရှိလား။ ကောက်ရထားရင် ပြန်ပေးပါ'လို့အော်ခဲ့တယ်။
"ကျွန်တော် လိုချင်လို့ ခိုးထားတာမို့ ပြန်မပေးခဲ့ဘူးဆရာ"

ဆရာက တံခါးပိတ်ပြီး ကျွန်တော်တို့အားလုံးကို စက်ဝိုင်းပုံ ဝိုင်းပြီး မတ်တပ်ရပ်ခိုင်းခဲ့တယ်။ကျွန်တော်တို့အားလုံး ကို မျက်လုံးမှိတ်ထားခိုင်းတယ်။ကျွန်တော်တို့အားလုံးလည်း ဆရာ
ညွှန်ကြားတဲ့အတိုင်း လုပ်ခဲ့ကြတယ်။
ကျွန်တော်တို့ ရဲ့အိတ်ကပ်တွေထဲကို ဆရာ လိုက်ရှာခဲ့တယ်"

ဆရာက ကျောင်းသားတစ်ဦးချင်းရဲ့ အိတ်ကပ်တွေကို ရှာခဲ့တယ်။ကျွန်တော့်အိတ်ကပ်ထဲကနေ နာရီတွေ့သွားပေမယ့် ကျန်တဲ့ကျောင်းသားတိုင်းရဲ့ အိတ်ကပ်တွေကို ဆရာ ဆက်ရှာခဲ့တယ်။ အကုန်လုံး ရှာပြီး မှ ဆရာကပြောခဲ့တယ်။
"အားလုံး မျက်စိဖွင့်လို့ ရပြီဟေ့။ နာရီ တွေ့ပြီ"

"အဲဒီနေ့က ဆရာက ကျွန်တော့်ကို နာရီသူခိုးလို့ အများရှေ့မှာ မပြောခဲ့သလို ကျွန်တော်တို့ နောက်တစ်တန်းတက်သွားတဲ့အထိ ဒီအကြောင်းကို မပြောခဲ့ဘူး
နာရီ ဘယ်သူခိုးယူထားတယ်ဆိုတာကိုလည်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။
အဲဒီနေ့က ဆရာက ကျွန်တော့် ဂုဏ်သိက္ခာကို ကယ်တင်ခဲ့တယ်။ တစ်ဘဝစာကယ်တင်လိုက်တာပါ။ အဲဒီနေ့က ကျွန်တော့်ဘဝရဲ့ အရှက်ရဆုံးနေ့ပါပဲဆရာရယ်။
ဒါပေမယ့် အဲဒီနေ့ကပဲ ကျွန်တော်ဟာ သူခိုး၊ လူဆိုးမဖြစ်စေရဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ နေ့ပါပဲ၊
ဆရာက ဘာမှ မပြောခဲ့၊မကြိမ်းမောင်းခဲ့ပေမယ့် လူ့ကျင့်ဝတ်ဆိုင်ရာ သင်ခန်းစာကို ပြသပေးခဲ့တာပါပဲဆရာ။
ဆရာ့ပေးခဲ့တဲ့ ဘဝသင်ခန်းစာကို ကျွန်တော် ရှင်းရှင်းလင်းလင်း ရရှိခဲ့ရပါတယ်။
ကျေးဇူးတင်ပါတယ်၊ တကယ့်ဆရာစစ်စစ်တစ်ယောက်ဖြစ်ဖို့ အတွက် လိုအပ်တာကို နားလည်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို မှတ်မိလားဆရာ"

အဘိုးအိုက ခေါင်းညိတ်တယ်။
"အဲဒီနေ့က အဖြစ်အပျက်ကို ဆရာ မှတ်မိပါတယ်။
ကျောင်းသားတိုင်းရဲ့အိတ်ကပ်ထဲမှာ နာရီလိုက်ရှာတဲ့
အခြေအနေကိုလည်းမှတ်မိပါတယ်။
မင်းမျက်နှာကိုတော့ မမှတ်မိဘူးကွ။”
“ဗျာ—-“
“ဘာ လို့လဲဆိုတော့ အဲဒီအချိန်က ကျောင်းသားတွေနည်းတူ ဆရာလည်း မျက်လုံးမှိတ်ထားခဲ့တယ်ကွ"

ဒါဟာ သင်ကြားခြင်းရဲ့ အနှစ်သာရပါပဲ။

အရှက်ခွဲပြီး တည့်မတ်ပေးခဲ့ရင် ဘဝသင်ခန်းစာကို
အမှန်တကယ် တတ်မြောက်ခဲ့မှာ မဟုတ်ဘူး။

ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်

ပြန်လည်၍ ဝေမျှပေးပါသည်။

Learning Tree (Education Center)

07 Nov, 12:00


Grammar Friends 5 အတွက်
ကျောင်းသားအသစ် ၂ဦးသာ ထပ်မံလက်ခံပါတော့မယ်ရှင့် 🦋

စနေနေ့မှာ အတန်းစပါတော့မယ် 🌷

အတန်းလေးအပ်လိုပါက 👇
@LTEdu1123 မှာ လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်။

Learning Tree (Education Center)

07 Nov, 11:39


ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဝေါဟာရ ၄၀ 🙏🌷

#သာသနာနှင့်ဆိုင်သောစကားလုံးများ
#ဘာသာရေးဆိုင်ရာဝေါဟာရများ
#learningtreeeducationcenter
#religiouswords

Learning Tree (Education Center)

31 Oct, 16:28


🪔 ͏‌͏‌ ͏‌ယနေ့ကျရောက်တဲ့ နေ့ထူးနေ့မြတ်
“ဒီပါဝလီနေ့ (Deepavali)”မှာ ဟိန္ဒူဘာသာဝင် ညီအစ်ကိုမောင်နှမများနှင့်အတူ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား​မောင်နှမများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေကြောင်း Learning Tree Education Center မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။ 🙏

#ဒီပါဝလီနေ့
#deepavali2024
#learningtreeeducationcenter

Learning Tree (Education Center)

30 Oct, 06:11


သားတို့သမီးတို့အားလုံး မင်္ဂလာပါ 🌷

Grammar Friends (Level- 4) အတန်းလေးကတော့ အောင်မြင်စွာပြီးဆုံးသွားပါပြီ။
Level- 5 အတွက် စတင် စာရင်းပေးသွင်းနိုင်ပါပြီရှင့်။

📌 Level 4 မှ ကျောင်းသား၊ ကျောင်းသူဟောင်းများကို level up တဲ့ အတန်း​ဖြစ်တဲ့အတွက် သင်တန်းသားအသစ် ၅ဦးသာ ထပ်မံလက်ခံတော့မှာဖြစ်ပါတယ်။

🤔 ဘယ်သူတွေတက်ရောက်နိုင်လဲ - Grammar Friends 4 ပြီးမြောက်ထားသူများ၊ အလယ်တန်းဆင့် ကျောင်းသူ၊ကျောင်းသားများ ၊ Movers အတန်းပြီးမြောက်ထားသူများ ၊ ယခင် 4 Skills အတန်းမတက်ရောက်လိုက်ရသော အထက်တန်းဆင့်ကျောင်းသား၊ကျောင်းသူများ ပြန်လည်တက်ရောက်နိုင်ပါသည်။

🌷 သင်တန်းစတင်မည့်ရက် - 9.11.2024 (Saturday)

🌷 သင်တန်းအချိန် နှင့်​ နေ့ရက် - 5:00PM to 6:30PM (Every Saturdays and Sundays)

🌷 သင်တန်းကာလ ၅လ ကျော်ကြာမြင့်မှာဖြစ်ပါတယ်။

🌷 သင်တန်းကြေး - တစ်လလျှင် 20000 ကျပ်

သင်တန်းအတွက် စာရင်းပေးသွင်းရန် ယခု Telegram account အား ဆက်သွယ်နိုင်ပါတယ်။👇👇👇
@LTEdu1123

8.11.2023 ရက်နေ့အထိသာ သင်တန်းသား လက်ခံမှာဖြစ်လို့ အမြန်ဆုံးစာရင်းပေးသွင်းဖို့လိုပါတယ်ကလေးတို့ရေ.....

#LearningTree
learning tree education center

Learning Tree (Education Center)

20 Oct, 14:05


အကြမ်းစား motivation လေးပါ 😂

Learning Tree (Education Center)

17 Oct, 15:25


The meaning of Thadingyut

It is a traditional belief that Buddha returned to earth on the night of the Thadingyut full moon, which also marks the conclusion of the Buddhist fasting period.

Thadingyut is also known as the Festival of Lights because Buddhists light candles in their homes and temples to commemorate the anniversary of Buddha’s return.

In the honor of this joyous occasion, towns and villages located throughout Myanmar keep their lights turned on.

Learning Tree (Education Center)

12 Oct, 10:58


🙏 သီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူ၊ပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပြီး ရန်သူမျိုး(၅)ပါး၏အန္တရာယ်မှ လွတ်ကင်းနိုင်ပါစေကြောင်း Learning Tree Education Center မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ 🙏

October 16,17,18,19 ရက်များကိုလည်း အတန်းပိတ်ရက်များအဖြစ် ကြေညာအပ်ပါတယ်။

ပျော်ရွှင်စရာ သီတင်းကျွတ်ကာလလေး ဖြစ်ပါစေ။ 🌷