Myanmar Police CDM Channel (@pcdmchannel) Kanalının Son Gönderileri

Myanmar Police CDM Channel Telegram Gönderileri

Myanmar Police CDM Channel
ပြည့်သူ့ရဲများ၏ CDM ၊
ပြည်သူတို့၏ အားမာန် ၊
မဝေးတော့သည့် ဒီမိုကရေစီနိုင်ငံ။

ခေတ်မှီ၍ တရားမျှတပြီး လွတ်လပ်ပွင့်လင်းသော ပြည်သူ့ရဲတပ်ဖွဲ့ဆီသို့။
1,997 Abone
4,821 Fotoğraf
98 Video
Son Güncelleme 01.03.2025 04:27

Myanmar Police CDM Channel tarafından Telegram'da paylaşılan en son içerikler


နေပြည်တော် စစ်ရုံးတွင် နေ့စဉ် ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ JOC အစည်းအဝေးများတွင် မင်းအောင်လှိုင်က စိုးဝင်းအပေါ် အော်ဟစ်ဆဲဆိုငေါက်ငမ်းမှုများ မကြာခဏ လုပ်ဆောင်ပြီး အခြားသော ထိပ်တန်းစစ်ဗိုလ်ချုပ်များပါ အပြောအဆိုခံနေရ

ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၂၅

နေပြည်တော်စစ်ရုံးတွင် နေ့စဉ် ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ JOC (Joint of Command) အစည်းအဝေးများတွင် မင်းအောင် လှိုင်က ဒုစစ်ခေါင်းဆောင် စိုးဝင်းအပေါ် အော်ဟစ်ငေါက်ငမ်းမှုများ မကြာခဏ လုပ်ဆောင်နေပြီး အခြားသော ထိပ်တန်း စစ် ဗိုလ်ချုပ်များပါ အပြောအဆိုခံနေရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

တစ်နိုင်ငံလုံး တော်လှန်ရေးတပ်များနှင့်ဖြစ်ပွားနေသော တိုက်ပွဲများ၊ စစ်ဆင် ရေးများ၊ စစ်ရေးအခြေအနေများကို အစီရင်ခံသော JOC အစည်းအဝေးများကို နေပြည်တော်၊စစ်ရုံးတွင် နံနက်ပိုင်း အမြဲ ပြုလုပ်ကြောင်း၊ အဆိုပါ အစည်း အဝေးတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ရေချုပ်၊ လေ ချုပ်နှင့် ကစထမှူးများ တက်ရောက်ရကြောင်း၊ ယင်းသို့ တက်ရောက်စဉ် စစ်ဆင် ရေးနှင့် တပ်မတော်၏ စီမံခန့်ခွဲမှု အပိုင်းကို အဓိက တာဝန်ခံရသော ဒုစစ်ခေါင်း ဆောင် စိုးဝင်းမှာ မင်းအောင်လှိုင်၏ အော်ဟစ် ငေါက်ငမ်းမှုကို အမြဲလိုလို ခံနေရကြောင်း သိရှိရသည်။

"JOC joint of command အစည်းအဝေး စစ်ရုံးမှာ မနက်တိုင်းလုပ်တယ်။ တပ်ချုပ်၊ ဒုတပ်ချုပ်၊ ညှိကွပ်၊ ရေချုပ်၊ လေချုပ်၊ ကစထမှူးတွေတက်ရတယ်။ အစည်းအဝေးလုပ်နေရင်းနဲ့ကို အားလုံး အရှေ့မှာ ဒုတပ်ချုပ်ကို တပ်ချုပ်က အော်အော်ဆဲတယ်။ ငေါက်တယ်။ စစ်ဆင်ရေးကိစ္စတွေနဲ့ပတ်သက်လို့။ အခြားထိပ်တန်းဗိုလ်ချုပ်တွေ အငေါက်ခံရတယ်။ စာရွက်တွေ လွှင့်ပစ်၊ ဖိုင်တွေ လွှင့် ပစ် ဒါမျိုးတွေလည်း လုပ်လေ့ရှိတယ်" ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။

စစ်ဘက်ရာထူး အပြောင်းအလဲများ လုပ်ရာတွင် မင်းအောင်လှိုင်က ၎င်းစိတ် တိုင်းကျသူများကို အပြောင်းအရွှေ့ ပြုလုပ်ခြင်းဖြစ်ရာ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီးအဖြစ်သို့ ပြောင်းလဲခြင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်မှ နယ်စပ်ဝန်ကြီး အဖြစ်ပြောင်းလဲခြင်း၊ အခြားသော မြထွန်းဦး၊ မိုးအောင်၊ တင်အောင်စန်း စသည့် ထိပ်တန်းဗိုလ်ချုပ်များကို အရပ်ဘက်သို့ ပို့ဆောင်ခြင်းများမှာ မင်းအောင်လှိုင်က ၎င်းစိတ်တိုင်းကျ အပြောင်းအရွှေ့များ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နေ ပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

"တပ်ထဲမှာ ပုန်ကုန်ဖို့နေနေသာ သူ့ဒေါသကိုပဲ ကြည့်ရှောင်နေရတယ်။ ဒုတပ်ချုပ်ကတော့ ပြန်လည်း အာမခံရဲ။ စစ်ဆင်ရေးတွေမှာ ဦးဆောင်တာဝန်ပေးခံရတော့လည်း အဆူခံ၊ အဆဲခံရ။ အငယ်ဗိုလ်ချုပ်တွေရှေ့ မှာ အရှက်ကွဲတယ်။ ညှိကွပ် (ကျော်စွာလင်း)ကဆို ဒုတပ်ချုပ်(စိုးဝင်း)ကို လေးစားမှုတောင် သိပ်မပြတော့ဘူး။ ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို ပထရ၀က ကနေ ဖယ်တာလည်း တပ်ချုပ်သဘောပဲ။ တွဲဘက် အတွင်း ရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ညှိကွပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ခမည်းခမက်ဖြစ်တော့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီးပို့တယ်။ သူ့အပေါ် ပြန်မပြောပေမယ့် သိပ်ပြီးမနာခံတဲ့ ဗိုလ် ချုပ်ကြီးတွေ အရပ်ဘက်ပို့တာလည်း တပ်ချုပ်ပဲ" ဟု နေပြည် တော်တပ်သတင်း ရင်းမြစ်က ရှင်းပြသည်။

နေပြည်တော်ရှိ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ၏ အနီးကပ်လုံခြုံရေး လူဟောင်းများကို ဖယ်ရှားပြီး လူသစ်များဖြင့် အစား ထိုးခဲ့ခြင်းမှာလည်း မင်းအောင်လှိုင်က တစ်ဦးတည်းအဓိက ဆုံးဖြတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ရေးမြို့နယ်၊ အာယုတောင်ရွာထိပ်ရှိ ခမရ ၃၄၃ တပ်က တပ်စွဲထားသည့်နေရာကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက် စီးနင်းစဉ် စစ်သားများအားလုံး ထွက်ပြေး

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ရွာထိပ်ရှိ ခမရ ၃၄၃ က တပ်စွဲထားသည့်နေရာကို ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်းရန် ဝိုင်းထားစဉ်တွင်ပင် အကြမ်းဖက်စစ်သားများအားလုံး ထွက်ပြေးသွားကြကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အကြမ်းဖက်စစ်သား စုစုပေါင်း ၁၅ ဦးဝန်းကျင် တပ်စွဲထားသည့် အာယုတောင်ရွာထိပ်နေရာကို ဝင်ရောက်စီးနင်းရန် ဝိုင်းထားစဉ်တွင် ထွက်ပြေးတိမ်းရှောင်သွားကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

" တပ်က ထွက်ပြီးတော့ အဲဒီရော်ဘာခြံတည်နေရာတွေမှာ ကတုတ်ကျင်းလေးတွေ ပေါက်ပြီးတော့ ကင်းပုန်းဝပ်တယ်။ ဖြတ်သန်းသွားလာတာတွေကို စောင့်ပစ်တယ်။ စစ်ဆေးရေးထွက်စစ်လေ့ရှိတယ်။ ရွာသားတွေ သယ်ယူလာတဲ့ ဆေးပစ္စည်းတွေ ချခိုင်းတယ်။ အဲဒီနေရာကို ဝင်ရောက် ချေမှုန်းရေး ဝင်သွားချိန်မှာ တစ်ယောက်မှ မတွေ့တော့ဘူး သူတို့ဘက်က သတင်းရပြီး ထွက်ပြေးသွားတယ်"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

အကြမ်းဖက်စစ်သားများ ကင်းပုန်းဝပ်သည့်နေရာသည် အာယုတောင်ရွာထိပ်ရှိ ၃၄၃ စစ်တပ်၏ အနောက်ဘက်ဖြစ်ပြီး တပ်ထဲမှ ထွက်ကာ ကင်းပုန်းဝပ်ခြင်း ဖြတ်သန်းသွားသူများကို ပစ်ခတ်ခြင်း ၊ စစ်ဆေးခြင်းများ လုပ်ဆောင်လေ့ရှိသည့် နေရာဖြစ်ကြောင်း သိရှိရသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ပေါက်ခေါင်းတွင် ပျူစောထီးများဦးဆောင်ဖွင့်ထားသည့် လောင်းကစားဝိုင်းကို PDFက ဝင်ရောက်ဖမ်းဆီး

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၂၅

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်၊ကြူဝတ်ကျေးရွာတွင် စစ်ကောင်စီ၏ ထောက်တိုင်များက လောင်းကစားဝိုင်းများပြုလုပ်နေစဥ် PDF ရဲဘော်များက ဝင်ရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားပစ္စည်းများနှင့် ငွေကျပ် ၇ သိန်းတို့ကို သိမ်းဆည်းရမခဲ့ကြောင်း ပြည်ခရိုင် ၃၆၀၂ တပ်ရင်းမှထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်တွင် ပေါက်ခေါင်းမြို့နယ်၊ကြူဝတ်ကျေးရွာ၌ ပြည်မြို့နယ်၊ဝက်ထီးကန်တိုက်နယ်မှ စစ်တပ်ထောက်တိုက် ဇေယျာဦးနှင့်ဆီဆုံကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် ငထွန်း၏ တူတူးကိုတို့ ဦးဆောင်သည့် လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“စစ်ကောင်စီကို ဆပ်ကြေးပေးပြီး လုပ်နေတဲ့ လောင်းကစားသမားတွေကိုတော့ မမိပါဘူး။သူတို့ကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်”ဟု ပြည်ခရိုင်-၃၆၀၂ တပ်ရင်းမှ သတင်းပြန်ကြားရေး တာဝန်ခံရဲဘော် Red Star မှ ပြောသည်။

ယင်းဖမ်းဆီးမှုတွင် လောင်းကစားဒိုင်အချို့၊ လောင်းကစားသူများ ၊ကျပ်ငွေ ၇ သိန်းအပါအဝင် လောင်းကစားပစ္စည်းကို သိမ်းဆည်းရမိကြောင်းသိရသည်။

လောင်းကစားဝိုင်းအတွင်း ဖမ်းဆီးရမိသည့် လောင်းကစားဒိုင်နှင့် လာရောက်စော့ကစားသည့် ပြည်သူများအား နောက်နောင်တွင် လောင်းကစားဝိုင်းများတွင် ပါဝင်ခြင်းမပြုလုပ်ရန် ပြောဆိုပြီး ပြန်လည်လွှတ်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-ပြည်ခရိုင်-၃၆၀၂ တပ်ရင်း

#ပဲခူးတိုင်း #ပေါက်ခေါင်း #ပျူစောထီး #လောင်းကစားဝိုင်း #ဖမ်းဆီး

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ကော့သောင်း၊ ပုလုံးတုံတုံးရွာတွင် အုပ်ချုပ်ရေးမှူး ထွန်းထွန်း၊ နယ်ထိန်းရဲ၊ မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် စစ်ဆေးရေးအဖွဲ့ဝင် ၆ ဦးက ဧည့်စာရင်းစစ်မည်ဟုဆိုကာ အမျိုးသမီး ၂ ဦးကို ခေါ်ဆောင် မုဒိမ်းကျင့်၊ ရဲစခန်းက အမှုလက်မခံဘဲ အမျိုးသမီး ၂ ဦးကို ပြန်လည် ခြိမ်းခြောက်

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၂၅

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးရွာမှ အိမ်ထောင်သည် အမျိုးသမီး ၂ ဦးကို အုပ်ချုပ်ရေးမှူး ထွန်းထွန်း ဦးဆောင်သော အဖွဲ့က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးမည်ဟု အကြောင်းပြ၍ မုဒိမ်းပြုကျင့်ခဲ့ကြောင်း ပြုကျင့်ခံရသော အမျိုးသမီး ၂ ဦး၏ ဆွေမျိုးနှင့်မိတ်ဆွေများက ပြောဆိုသည်။

ပုလုံးတုံတုံးရွာ ပသျှူးပိုင်းဘက်ရှိ ၃ မိုင်တွင် အိမ်ခန်းငှားနေသော အိမ်ထောင်သည် အမျိုးသမီး ၂ ဦး၏ အမျိုးသားများ ငါးဖမ်းထွက်နေစဉ် အုပ်ချုပ်ရေးမှူး ထွန်းထွန်း ဦးဆောင်သော အဖွဲ့က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပြီး ဧည့်စာရင်း တိုင်ကြားထားခြင်းမရှိဟုဆိုကာ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် အိမ်ထောင်သည် အမျိုးသမီး ၂ ဦးကို ပုလုံးတုံတုံးကမ်းခြေ ရွှေကျွန်းသာဘက်ကို ခေါ်ဆောင်သွားပြီး အုပ်ချုပ်ရေးမှူး ထွန်းထွန်း၊ အုပ်ချုပ်ရေးမှူး တပည့်ဖြစ်သူ မီးလောင်၊ မီးသတ်တပ်ဖွဲ့ဝင် စိုးနိုင်၊ နယ်ထိန်း ပြည့်ဖြိုးအောင်၊ ၃မိုင်စာရေး ဟင်သူဖြိုးနှင့် အမည်မသိသူ ၁ ဦးက တစ်လှည့်စီ မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ မုဒိမ်းပြုကျင့်ပြီးနောက် အမျိုး သမီး ၂ ဦးကို ၎င်းတို့ နေထိုင်သော အခန်းသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကာယကံရှင်များက ကော့သောင်း ရဲစခန်းတွင် သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ရာတွင် ရဲများက အုပ်ချုပ်ရေးမှူး ထွန်းထွန်းကို စခန်းသို့ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ သို့ရာတွင် ယင်းသို့ ပြုကျင့်မှုမှာ အမျိုးသမီးများက အခငွေကြေးယူ ပြည့်တန်ဆာလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဖြေကြား၍ တိုင်ကြားသူ အမျိုးသမီးများကို ပြန်လည် အရေးယူမည်ဟု ခြိမ်းခြောက်လာကြောင်း သိရှိရသည်။

ထိုသို့ တိုင်ကြားခံရခြင်းကြောင့် အုပ်ချုပ်ရေးမှူး ထွန်းထွန်းက ကျေးရွာအတွင်းရှိ ပြည်သူများကို အစည်းအဝေးခေါ်၍ ခြိမ်းခြောက်ခဲ့ကြောင်း ၊ မုဒိမ်းပြုကျင့်ခံရသော အမျိုးသမီး ၂ ဦးကိုလည်း အုပ်ချုပ်ရေးမှူး ထွန်းထွန်းက ခြိမ်းခြောက်ခဲ့သဖြင့် ရဲများက လာရောက် စစ်ဆေးစဉ်တွင် အုပ်ချုပ်ရေးမှူး ထွန်းထွန်းပြောဆိုခိုင်းသည့်အတိုင်း အခကြေးငွေ ယူဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့ရကြောင်း သိရှိရသည်။

"အုပ်ချုပ်ရေးမှူး ထွန်းထွန်း ဦးဆောင်တဲ့ အဖွဲ့က ရွာထဲမှာဧည့်စာရင်းလိုက်စစ်ပြီး ပုလုံးတုံတုံးရွာ ပသျှူးပိုင်းဘက်ရှိတဲ့ ၃မိုင်က အိမ်ခန်းငှားနေတဲ့ လင်မယား ၂ တွဲအခန်းကိုပါ သွားစစ်တာ သူတို့အမျိုးသားတွေက ငါးဖမ်းလှေ ထွက်နေတဲ့ အချိန်ဆိုတော့ အိမ်မှာမရှိဘူး။ အဲတာကို အခွင့်အရေးယူပြီး ဧည့်စာရင်း မတိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မုဒိမ်းပြုကျင့်ကျတာ မုဒိမ်းမှုဖြစ်ပြီးတော့ အမှုကို ငွေနဲ့ ဖုံးပြီး ပိတ်လိုက်တာ ကာယကံရှင် အမျိုးသမီး ၂ ဦးလည်း အုပ်ချုပ်ရေးမှူး ထွန်းထွန်းက ခြိမ်းခြောက်ထားလို့ ကြောက်ပြီး မပြောရဲကျဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ယင်းကိစ္စအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ထွန်းထွန်းကို ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ်မရရှိပေ။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

စစ်မှုထမ်းခိုင်းရန် လူငယ်များကို ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေသည့် ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၂၅

ရန်ကုန်အတိုင်း စစ်မှုထမ်းခိုင်းရန် လူငယ်များကို ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်နေသည့် ဒဂုံမြို့သစ်တောင်ပိုင်းရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါန်က ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၇ နာရီ ၂၈ မိနစ်အချိန် ဒဂုံမြို့သစ်တောင်ပိုင်း ၊တောင်မြောက်လမ်းဆုံအနီးရှိ ဒဂုံမြိုသစ်(တောင်ပိုင်း) မြို့မရဲတပ်ဖွဲ့စခန်း ကို Dark Shadow တပ်ဖွဲ့က အဝေးထိန်းမိုင်း ၂ လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ ရန်ကုန်နှင့် အခြားနေရာအနှံအပြားတွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို နေ့စဉ်ဒုက္ခပေးနေပြီး မတရား စစ်မှုထမ်း ဥပဒေကို အသုံးပြုကာ လူငယ်များကို ဖမ်းဆီးမှု၊ မိသားစုဝင်များကို ငွေညှစ်မှု များ လုပ်ဆောင်နေခြင်းကြောင့် ဖောက်ခွဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

"အဓိကစစ်မှုထမ်းဥပဒေ တင်းကျပ်တာရယ်၊ မြို့နယ်ရဲစခန်းတွေကနေတစ်ဆင့် စစ်တပ်ဆီကို ပို့နေတာရယ်ကြောင့်" ဟု ရဲဘော်ပန်ဒါက ရှင်းပြသည်။

Dark Shadow တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရရာနေရာမှ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ စစ်ရေးပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်သား၊ရဲ ပျူစောထီးများနှင့် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာနေရာများသို့ မသွားကြရန် ၊ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံထားသည်

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ရွှေပြည်သာမြို့ နယ်၊ ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ အထိအခိုက်ရှိနိုင်

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၂၅

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ရွှေပြည်သာမြို့ အခြေစိုက် ခလရ ၆ အောက်မင်္ဂလာဒုံ စစ်တပ်ဝင်းကို ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်(ပကဖ)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ဖောက်ခွဲ တိုက်ခိုက်မှု အတွင်း ပေါက်ကွဲအား ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊မရှိကို အတည်ပြု စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် (ပကဖ) ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ခလရ ၆ အောက်မင်္ဂလာဒုံ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက် ခိုက်ခဲ့ပါတယ်။ ပေါက်ကွဲမှုပြင်းထန်တယ်လို့ သိရတယ်။ အကြမ်းဖက် စစ်ခွေးတွေ ထိခိုက်မှုကို ဆက်လက်စုံစမ်းနေပါတယ်" ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ထားဝယ်မြို့၊ ကြက်စားပြင်ဆိပ်ကမ်းဘောတံတားတွင် ဆိုက်ကပ်ထားသော စစ်တပ် စက်လှေတစ်စီးကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်းသေဆုံးဟုဆို

ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၂၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘောတံတား၌ ဆိုက်ကပ်ထားသော စစ် တပ်စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်အချိန် ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ရှိ ဆိပ်ကမ်းဘော တံတား၌ စစ်ကောင်စီတပ်သားတင်ဆောင်ကာ ကမ်းကပ်ထားသည့် လှေအား ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၊ အထူးပြောက်ကျားတပ်ဖွဲ့မှ RPG ဖြင့် စတင်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

“အဲဒီစခလှေက အမြဲတမ်းကပ်ထားတာတော့မဟုတ်ဘူးဗျ။ စစ်ကူ ဒါမှမဟုတ် တစ်ခုခုကြောင့် ထွက် ဖို့ကပ်ထားတာပါ၊ ထားဝယ်မြို့ပေါ်က စခတွေပါပဲ။ အရေအတွက်ဘယ်လောက်ရှိလဲတော့ အတိအ ကျ မသိရဘူး။ ကျနော်တို့ဘက်က RPG စပစ်ပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အမှောင် ထဲကနေ အခွင့်ယူပြီးတိုက်ခိုက်ခဲ့တာမို့ အချိန်သိပ်မကြာလိုက်ပါဘူး” ဟု ထားဝယ် ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလျင်အမြန်ဆုတ်ခွာခဲ့ရပြီး မည်သူ တစ်ဦးတစ်ယောက်မျှ အထိအခိုက်မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိ ခိုက်သေဆုံးမှု အတိအကျ ရရှိရန် စုံစမ်းနေသဖြင့် ထုတ်ပြန်ချက်နောက်ကျခဲ့ရခြင်းဖြစ်ကြောင်း အသိ ပေးထားသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အခြေအနေအရ ထိတွေ့ဆက်ဆံရမှု များရှိနိုင်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရှိရာနေရာများမှ အတတ်နိုင်ဆုံး ကြိုး စားကာ ရှောင်ရှားနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ဓာတ်ပုံ- မန္တလေးအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၏ အသုဘနာရေး။ (ပုံအဟောင်းဖြစ်ပါသည်။)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

အိုးဘိုထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း ဆေးကုသခွင့်မရဘဲ သေဆုံး

ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၂၅

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် အကျဥ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းမှာ အနာများပေါက်၍ ပိုးဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့ဘဲ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အိုဘိုးထောင်တွင် ကိုအောင်ထွန်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုအောင်ထွန်း သည် စတင်ဖမ်းဆီခံရစဉ်က ကျန်းမာရေးကောင်းမွန်သူ ဖြစ်ပြီး မည်သည့်ရောဂါမှ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း၊ အိုးဘိုအကျဉ်းထောင်သို့ ရောက်ရှိချိန်မှ ခန္ဓာကိုယ်တွင် အနာများပေါက်လာပြီး အနာပိုးဝင်ကာ ထောင်ဆေးရုံတွင်လည်း တက်‌ရောက်ဆေးကုသမှုခံနေစဉ်တွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း၏ ရုပ်အလောင်း(Dead Body )ကို မိသားစုထံသို့ ပြန်မပေးကြောင်း သိရှိရသည်။

"အိုးဘို အကျဉ်းထောင်ဟာ ဖေဖော်ဝါရီလ ၁ လတည်းမှာတင် အနည်းဆုံး အကျဉ်းသား အကျဉ်းသူ ၂ ဦး သေဆုံးခဲ့တယ်။ ရှေ့ဖြစ်စဉ်မှာ ဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူရဲ့ သေဆုံးမှုကို အကျဉ်းဦးစီးဌာနကရော စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းဌာနတွေကရော မသေဆုံးဘူးဆိုပြီး လိမ်လည်တဲ့ ဖြစ်စဉ်တွေလည်း ဖြစ် ပေါ်နေပါတယ်။ လက်ရှိအခြေအနေက ဘယ်လောက်အထိဆိုးဝါးလာနေလဲဆိုရင် ထောင်တွင်းသေဆုံးမှုတွေကို သတင်းအမှောင်ချဖို့ ကြိုးစားလာသလို ထောင်တွင်း ဖိနှိပ်မှုတွေကို ထောင်ပြင်ပကို မထွက်ဖို့ ထောင်အာဏာပိုင်တွေက သတင်းပိတ် ဆို့မှုတွေ ပိုပြီးမှ များလာတယ်။ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကိုလည်း ခြိမ်းခြောက်ပြောဆိုမှုတွေ ပိုပြီး လုပ်ဆောင်လာတာကို ထောင်အာဏာပိုင်ရဲ့ နီးစပ်ရာအရင်းအမြစ်တွေကနေ အတည်ပြုထားနိုင်ပါတယ်"ဟု ကိုသိုက်ထွန်းဦးက ပြောကြားသည်။

ကိုအောင်ထွန်းသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅- က ဖြင့် အမရပူရတရားရုံးက ၂၀၂၂ ခုနှစ် စက်တင်လ ၆ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရကာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ရန်ကုန် လှော်ကား ရဲအကြပ်အတတ်သင်ကျောင်းကို ဗုံးပစ်လောင်ချာဖြင့် ပစ် ခတ် တိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိ

ဖေဖော်ဝါရီလ ၈ ရက် ၂၀၂၅

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ ရဲအကြပ်အတတ်သင်ကျောင်း (လှော်ကား)ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ရဲများထိခိုက်မှုရှိကြောင်း Rangoon Urban Column (RUC) စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင် က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီ ၂ မိနစ်ခန့်အချိန် ထောက်ကြန့်၊ ရဲအကြပ်အတတ်သင်ကျောင်း(လှော်ကား)ရှိ ဝန်ထမ်း တန်းလျားကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် RUC စစ်ကြောင်းမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း သင်တန်းကျောင်းဝင်းအတွင်းရှိ ရဲဝန်ထမ်းများ နေထိုင်လျက်ရှိသော တန်းလျားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

" ထောက်ကြန့်မြို့နယ်က ရဲအကြပ်အတတ်သင်ကျောင်းရဲ့ ဝန်ထမ်းတန်းလျားကို ၇၉ မမ ဗုံးပစ်လောင်ချာနဲ့ RUC စစ်ကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အတတ်သင်ကျောင်းရဲ့ ရဲဝန်ထမ်းတွေနေတဲ့ တန်းလျာကို ထိမှန်ခဲ့လို့ ရဲတွေ ထိခိုက်မှုရှိတယ်။ အရေအတွက်ကိုတော့ အတည်ပြုနေတုန်းပဲ" ဟု Rangoon Urban Column (RUC) စစ်ကြောင်း တာဝန်ခံ ကိုရဲခေါင် က ပြောဆိုသည်။

RUC စစ်ကြောင်း၏ ရဲဘော်များ အနေဖြင့် မြို့ပြအတွင်း ခက်ခဲစွာ ရှင်သန်၍ ထိရောက်စွာ ဆက်လက် တိုက်ခိုက်နိုင်ရန်နှင့် ဝပ်ကျင်း၊ ရိက္ခာ၊ စစ်အသုံးစရိတ် စသည့် လိုအပ်ချက်များကို ဖြည့်တင်းနိုင်ရန်အတွက် တော်လှန် ပြည်သူများအနေဖြင့်လည်း ပါဝင် အားဖြည့်ပေးကြရန် မေတ္တာရပ်ခံကြောင်း ကိုရဲခေါင်က ဆက်လက်ပြောဆိုသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

စလင်းနှင့် ချောက်မြို့နယ်တို့တွင် ပြည်သူကို ခြိမ်းခြောက်ဆက်ကြေးကောက် ဖမ်းဆီးနေ သည့် ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မ နှင့် စစ်တပ်ဒေါက်တိုင် ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံး

ဖေဖော်ဝါရီလ ၄ ရက် ၂၀၂၅

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ဈေးအတွင်း ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မက ဆက်ကြေး ဝင်ကောက်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ရာ‌ ပွဲချင်းပြီး သေဆုံးသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီ ၁၃ မိနစ်က စလင်းမြို့နယ်၊ တညောင်တိုက်နယ် ရဲစခန်း မှ ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ သည် တညောင်ဈေးထဲ ပိုက်ဆံလိုက်ကောက်နေစဉ် ပြည်သူ့ကာကွယ် ရေး အဖွဲ့-စလင်းမှ လှည့်ကင်းရဲဘော်များက‌ တွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာနေရာတွင် ပွဲချင်းပြီးသေ ဆုံးသွားကြောင်း သိရသည်။

“သူက ဈေးထဲမှာ ဆက်ကြေးကောက်နေတုန်း လှည့်ကင်းရဲဘော်တွေက တွေ့ပြီး ရှင်းခဲ့တာ၊ ပစ်ခတ် ရှင်းလင်းပြီးတဲ့အခါ တညောင်ခွဲရုံရှိတယ်၊ ဈေးနားဝန်းကျင်တွေရော အဆက်မပြတ် ဂန်းတွေဖောက် တယ်။ ဂန်းတွေဖောက်ပြီးတော့ လမ်းပိုင်းကို ခဏပိတ်ထားတယ်။ အခုတော့ ပြန်ဖွင့်လိုက်ပေးပြီ။ ရဲဘော်တွေအားလုံးဘေးကင်းစွာ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု စလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူ ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ အပါအဝင် ရဲများအားလုံးကို အလင်းဝင်ရောက်ကြရန် ၃ ကြိမ် တိတိ ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း အလင်းဝင်ရောက်လာခြင်းမပြုသည့်အပြင်၊ ပြည်သူ များ အပေါ် ခြိမ်းခြောက်ငွေတောင်းရမ်းမှုနှင့် စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း သတင်းအတိ အကျရရှိထားသဖြင့် ပစ်ခတ်ရှင်းလင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ စစ်ရေးကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် ၃ ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လတ်တလောတွင် တညောင်ရဲစခန်းနှင့် တညောင်- မြို့လှလျှပ်စစ်ဓာတ်အားပေးရုံမှ စစ်သား များက သေနတ်များပစ်ဖောက်ကာ တညောင်လမ်းပိုင်းများအား ပိတ်ထားကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၁၅ နယ်မြေ ၊တိုးချဲ့ရပ်ကွက်တွင် နေထိုင်သူ အကြမ်းဖက်စစ်တပ် ထောက်တိုင် တင်လှ (ခ) ဒေါင်းတင်အား ပစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာပင် သေဆုံးသွားကြောင်း Chauk Guerrilla Force - C.C.F တာဝန်ခံကို Ko Paing က ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နေ့လည်ပိုင်းက ချောက်မြို့နယ် ၊ အမှတ် ၁၅ နယ်မြေ၊ တိုးချဲ့ရပ် ကွက်တွင်နေထိုင်သူ အကြမ်း ဖက်စစ်တပ်ထောက်တိုင် တင်လှ (ခ)ဒေါင်းတင်အား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးပြီး မြို့ပြင်သို့ခေါ်ထုတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း သိရသည်။

“မြို့ထဲအထိဝင်ဖမ်းခဲ့တာ၊ စခတွေမသိလိုက်ဘူး။ သူလာမယ်ဆိုတာ သတင်းကြိုရလို့ လူပြတ်တဲ့ လမ်းနေရာကနေ စောင့်ဖမ်းပြီးခေါ်ထုတ်လာခဲ့တာပါ။ မှတ်ပုံတင်တစ်ခုနဲ့ ဖုန်းတစ်လုံးတော့ သိမ်း ဆည်းရရှိခဲ့တယ်။ မြို့ပြင်တနေရာမှာ ခေါ်ထုတ်ရှင်းခဲ့တာဆိုတော့ အလောင်းလည်း လာမကောက် နိုင်လောက်ဆိုပြီး ကောင်းကောင်းမွန်မွန်နဲ့ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပါတယ်” ဟု Chauk Guerrilla Force - C.C.F တာဝန်ခံကို Ko Paing က ပြောကြားသည်။

သေဆုံးသူ တင်လှ (ခ) ဒေါင်းတင်သည် အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်း သည့် ကိစ္စများကို ဦးဆောင်ကာ လုပ်ဆောင်ပေးနေသူဖြစ်သည့်အပြင် ၂၀၂၃ ခု နှစ်ကလည်း UG တပ်ဖွဲ့ဝင်များကို လိုက်လံစုံစမ်းကာ အကြမ်းဖက်စစ်တပ်ထံ တိုင်ကြားပြီး ဖမ်းဆီးခိုင်းမှုများရှိခဲ့ သ ဖြင့် ပြည်သူ့အကျိုးစီးပွားကို နှောက်ယှက် ဖျက်ဆီးနေသူ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ မြို့တွင်း အထိဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Chauk Guerrilla Force - C.G.F နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter