Myanmar Police CDM Channel (@pcdmchannel) Kanalının Son Gönderileri

Myanmar Police CDM Channel Telegram Gönderileri

Myanmar Police CDM Channel
ပြည့်သူ့ရဲများ၏ CDM ၊
ပြည်သူတို့၏ အားမာန် ၊
မဝေးတော့သည့် ဒီမိုကရေစီနိုင်ငံ။

ခေတ်မှီ၍ တရားမျှတပြီး လွတ်လပ်ပွင့်လင်းသော ပြည်သူ့ရဲတပ်ဖွဲ့ဆီသို့။
1,997 Abone
4,821 Fotoğraf
98 Video
Son Güncelleme 01.03.2025 04:27

Myanmar Police CDM Channel tarafından Telegram'da paylaşılan en son içerikler


သရက်ချောင်းနှင့် တနင်္သာရီမြို့တို့တွင် စစ်တပ် စစ်ကြောင်း၊ ယာဉ်တန်းနှင့် ကင်းပုန်း တို့ကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ဖေဖော်ဝါရီလ ၃ ရက် ၂၀၂၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၃ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ဗျူဟာမှူးမှ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့မှစ၍ သရက်ချောင်းမြို့နယ် ဘက်သို့ စစ်ကြောင်းထိုးဆင်းလာသော အကြမ်း ဖက် စစ်ကောင်စီတပ်သားများကို‌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၃ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးကြောင်း၊ ထို့အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေအတွက်အတိ အကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် ထားဝယ်ခရိုင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထားဝယ်ခရိုင်တပ်ပေါင်းစုအနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် စည်းလုံး ညီညွတ်စွာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ပေါင်းစု ဗျူဟာမှူးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးတွင် အကြမ်းဖက်စစ် ယာဉ် တန်းကို ၂ ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ကပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီမြို့ မှ မြိတ်မြို့သို့ပြန်ဆင်းသည့် အကြမ်း ဖက် စစ်ကောင်စီယာဥ်တန်းကို ဘန်းလမွတ်ရွာနှင့်ညောင်ပင်ကုန်းရွာအရောက် မိုင်းဆွဲပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ အလားတူ ၃၀၆ အမြောက်တပ်ရင်းမှ ကြိုတင်လမ်းကင်းယူထားသည့် အကြမ်းဖက် စစ်သားများကို ထပ်မံ မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီပကဖ ဇုန် ၃၊တနင်္သာရီပကဖ ဇုန် ၅ နှင့် မြိတ်ပြည့်သူ့ကာကွယ်‌ ‌ရေး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိနာ၍ ရမ်းဖိုညောင်ပင် ကုန်းရွာကို ဖြတ်ကာ ဘန်လမွတ်ကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ဘန်းလမွတ်ရွာ သို့ ပြန်အရောက်တွင် ဘန်းလမွတ်ရွာ တောင်ကုန်းပိုင်းရပ်ကွက်မှ ပြည်သူ့နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ခရီးသွား ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းနှင့် အနီးကပ်လိုက်ပါခြင်း မပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ရခိုင်နှင့် ဧရာဝတီအစပ်တိုက်ပွဲများမှဒဏ်ရာရစစ်
ကောင်စီတပ်ဖွဲ့ဝင်များကို ​စစ်​ကောင်စီကဆေးကုပြီး​ရှေ့တန်းပြန်ပို့​နေ

ဖေဖော်ဝါရီလ ၃ ရက် ၂၀၂၅

ရခိုင် နှင့် ဧရာဝတီနယ်စပ်ဒေသမှတိုက်ပွဲများတွင် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် စစ်သားစုဆောင်းခံရသူများ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်နှင့်ပဲခူးတိုင်းနယ်စပ်သို့ ထပ်မံပို့ဆောင်ခံနေရ​ကြောင်းတပ်မိသားစုဝင်အချို့က​ပြောသည်။

ရခိုင်နှင့် ဧရာဝတီနယ်စပ်ဒေသ ဂွနှင့် ရေကြည်မြို့နယ်အနီး ပြီးခဲ့သည့်၂၀၂၄ခုနှစ် နိုဝင်ဘာလကတိုက်ပွဲများတွင် ဒဏ်ရာရသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေကြည် နှင့်ပုသိမ်မြို့ရှိ ဆေးရုံများတွင်ကုသ​ပေးခဲ့သည်။ထို​နောက် အနားယူခွင့်မ​ပေးပဲ ရခိုင်နှင့်ပဲခူးတိုင်းနယ်စပ်သို့ ပို့ဆောင်နေခြင်းဖြစ်သည်ဟုစုံစမ်းသိရသည်။

"တပ်ကိုပြန်မနားရဘဲ ရှေ့တန်းကို ထပ်လွှတ်တာ။ လူကို တွေ့ခွင့်ပေးတယ်။ ပြန်ခေါ်လာလို့မရဘူး။ ခေါ်သွားတုန်းက စစ်မှုထမ်းမဲပေါက်လို့ လိုက်သွားရတာ။ အခုတော့ ကိုယ့်သားကိုယ် ဝအောင်တောင်မကြည့်ခဲ့ရဘူး" ဟု ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နတ်မော် ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါနတ်မော်ကျေးရွာတွင် စစ်ကောင်စီ၏ အမှတ် ၁၈ ခြေလျင်တပ်ရင်း (ခလရ-၁၈)ရှိသည်။ ဒေသခံလူငယ်အများအပြားကို စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ခေါ်ဆောင်ပြီး စစ်သင်တန်းပေးကာ ရှေ့တန်းသို့ ပို့ဆောင်ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလက AA၏ဂွမြို့သိမ်းတိုက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြားသေဆုံးသလို ငါးသိုင်းချောင်း-ဂွလမ်းမှတဆင့် စစ်ကူပို့သည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း AAက ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်ရာ စစ်​ကြောင်းများပျက်ခဲ့သည်။

ဂွမြို့သို့ စစ်ကူပို့ခံရသည် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊အိမ်မဲမြို့အခြေစိုက်ခလရ (၆၃)၊ ခလရ (၅၁) နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂)မှ စစ်ကောင်စီအင်အား ၂၀၀ နီးပါးကို ဂွမြို့နယ်၊သံခဲချိုင်ကျေးရွာကမ်း
ခြေအနီး နှင့်ကင်းပုံကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂၀ကျော်သေဆုံးပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိသည်ဟု AAကဒီဇင်ဘာ ၆ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

ထိုတိုက်ပွဲများတွင် ဒဏ်ရာရပြီး လွတ်မြောက်လာသူများကို စစ်ကောင်စီက ရေကြည်နှင့်ပုသိမ်ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ဆေးရုံ၌ထပ်မံသေဆုံးသူများလည်းရှိပြီး အသေးစားဒဏ်ရသူများသည် ယခုရက်ပိုင်းအတွင်း ဆေးရုံမှဆင်းခွင့်ရခဲ့သည်။ သို့သော်အိမ်ပြန်ခွင့်မရဘဲ ရခိုင် နှင့် ပဲခူးတိုင်းနယ်စပ်ဖြစ်သည် ဥသျှစ်ပင်မြို့၊ ပန်းတောင်းမြို့များသို့ ပို့‌ဆောင်ခံနေရခြင်းဖြစ်သည်။

ဧရာဝတီတိုင်း၊ပဲခူးတိုင်းနှင့် မကွေးတိုင်းနယ်စပ်ဒေသများ၌ တိုက်ပွဲများဆက်လက်ဖြစ်နေကြောင်း AAက ဇန်နဝါရီလ ၂၇ရက်၌သတင်းထုတ်ပြန်ထားသည်။ရခိုင်-ဧရာဝတီနယ်စပ်မှ စစ်ကောင်စီပွိုင့် (၂၆၃) စခန်း ပွိုင့် (၃၆၉) စခန်းကို ဇန်နဝါရီလ (၂၆ ) ရက်နှင့် ဇန်နဝါရီလ (၂၁ ) ရက်
၌ သိမ်းယူခဲ့ကြောင်း လည်းအသိ​ပေးခဲ့သည်။

ထို့အပြင် တောင်ကုတ်မြို့နယ်နှင့်ထိစပ်နေသော ရခိုင်ရိုးမတောင်တန်း ပေါ်မှ စစ်တောင်စီ၏ မိုးထိတောင်စခန်းကို ဇန်နဝါရီလ (၂၆) ရက်​နေ့တွင် သိမ်းပိုက်နိုင်သည်။ ယင်းဒေသများတွင် တိုက်ပွဲများလည်း ဆက်ဖြစ်ပွားနေသည်။

(ရခိုင် နှင့် ပဲခူးတိုင်းအစပ် ရခိုင်ရိုးမ​ပေါ်မှ မိုးထိ​တောင်စခန်းကို အာရက္ခတပ်ဖွဲ့ဝင်များက သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။
ဓါတ်ပုံ-AA Info Desk)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ကရင်နီပြည် နှင့် ကရင်နီ-ရှမ်းတောင် အစပ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံး၊ မိုးဗြဲမြို့ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ် ဆင်တိုက်ခိုက်နေမှုကြောင့် နေ့စဉ် တိုက်ပွဲ ပြင်းထန်နေ

ဖေဖော်ဝါရီလ ၂ ရက် ၂၀၂၅

ကရင်နီပြည် နှင့် ကရင်နီ -ရှမ်းတောင်အစပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးခဲ့ပြီး မိုးဗြဲမြို့ကိုလည်း စစ်တပ်က အင်အားအလုံးအရင်းဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေမှု ကြောင့် နေ့စဉ်တိုက်ပွဲ ပြင်းထန်နေကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်မှ မိုးဗြဲမြို့တွင်းသို့ ဦးတည်၍ စစ်ကောင်စီဘက်မှ အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သဖြင့် တစ်နေကုန် နီးပါး တိုက်ပွဲပြင်း ထန် ခဲ့ကာ ကရင်နီပူးပေါင်းတော်လှန်ရေးတပ်များမှ ကောင်းမွန်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ယနေ့ချိန် ထိ မိုးဗြဲမြို့အား ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း၊ ထို့အတူ တိုက်ပွဲများဆက်လက်၍ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကရင်နီ-ရှမ်းတောင် အစပ်ရှိ မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေး အတွက် စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသောကြောင့် နေ့စဉ် ထိတွေ့မှုများရှိနေခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ ဒရုန်း၊ လက်နက်ကြီးများကို အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ကရင်နီ - ရှမ်းတောင် အစပ်ရှိ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်၌ တပ်စွဲထားသော စစ်ကောင် စီနှင့် PNO တို့ ပူးပေါင်း စခန်းကုန်းကို KNDF အပါအဝင်တော်လှန်ရေး တပ်များ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ လက်နက် ကြီး ငယ်အစုံ ၂၈ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်းကျေးရွာ ကြားသို့ စစ် ကြောင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို KNDF အပါအဝင် ကရင်နီ တော် လှန်ရေး တပ် ဖွဲ့များပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ လတာအတွင်း စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်များကို ရဲရင့်စွာတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၆ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ ၁ လတာအတွင်း ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းတောင် နယ်စပ်တို့တွင် စစ်ကောင်စီ မှ အကြောင်းမဲ့ လေ ကြောင်း တိုက်ခိုက်မှု ၃၁ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သလို လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်မှု ၃၀ ကြိမ်နှင့်အထက် ပြု လုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂ ဦးအပါ အဝင် စုစုပေါင်းအရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၃ ဦး၊ ကိုယ် ဝန်ဆောင်မိခင် ၁ ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီး ၊ဒရုန်းများဖြင့် အပြင်း အထန်တိုက်ခိုက်ခဲ့ မှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၃၀ နီးပါးနှင့် ဘာသာရေးအဆောက်အအုံးများ ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ကရင်နီပြည်နယ်တွင်းနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်တို့တွင် စစ်ကောင်စီ၏ လေ ကြောင်း ၊ လက်နက်ကြီး ၊ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေ အိမ် ၃၈ လုံး နှင့်အထက် ထိခိုက်ပျက်ဆီးခဲ့ပြီး စာသင်ကျောင်း ၂ ကျောင်း ၊ ဘုန်ကြီးကျောင်း ၅ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ လတာအတွင်း စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ် ၁ ဦး ၊ တပ်သား ၉ ဦး စုစုပေါင်း တပ် ဖွဲ့ဝင် ၁၀ ဦးသည် သေ နတ် ၇ လက်နှင့်အတူ KNDF သို့ ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ရေးမြို့နယ်၊ မြို့မရဲစခန်းတွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသော အချုပ်သားများက လက်နက်လုယူ တိုက်ခိုက်ထွက်ပြေးမှု ဒုရဲအုပ် ၁ ဦး နှင့် တပ်သား ၂ ဦး သေဆုံးပြီး အချုပ်သား ၁ ဦးကို ရေးဘီလူးအဖွဲ့က ကယ်တင်ထားနိုင်

ဖေဖော်ဝါရီလ ၂ ရက် ၂၀၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့မရဲစခန်းတွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသော အချုပ်သားများက လက်နက်လုယူ တိုက်ခိုက်ထွက်ပြေးမှုများ လုပ်ဆောင်ခဲ့ရာ အဆိုပါ တိုက်ခိုက်မှုအတွင်း ဒုရဲအုပ် ၁ ဦး နှင့် တပ်သား ၂ ဦး သေဆုံးပြီး အချုပ် သား ၁ ဦးကို ရေးဘီလူးအဖွဲ့က ကယ်တင်ထားနိုင်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီ ထမင်းပုံးပို့ချိန် ရေးမြို့နယ်၊ မြို့ မရဲစခန်း အချုပ်ခန်းအတွင်းမှ အချုပ်သား ၇ ဦးသည် လက်နက်များ လုယူ၍ အစောင့်ရဲများကို ပြန်လည် တိုက်ခိုက်ကာ ထွက်ပြေးခဲ့ကြကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဘက်မှ ဒုရဲအုပ် ၁ ဦး ဦးခေါင်းပွင့်၍ သေဆုံးခဲ့ပြီး ရဲတပ်သား ၂ ဦးလည်း သေဆုံးခဲ့ကြောင်း၊ အချုပ်သား ၇ ဦးအနက်မှ ၁ ဦးကို ရေးဘီလူးတပ်ဖွဲ့က ကယ်တင်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။

"အားလုံး အချုပ်ခန်းကနေ ထွက်ပြေးတာက ၇ ဦးရှိတယ်။ အဲဒီမှာ ပြန်မိတဲ့လူတွေလည်း ပြန်မိတယ်။ သူ့လမ်းနဲ့သူ ပြေးကြတော့ လူစုကွဲသွားတယ်။ ကျနော်တို့ ကယ်တင်ထားနိုင်တဲ့သူကို ကျနော်တို့ ကယ်တင်ပါတယ်" ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

ယမန်နေ့ နံနက်ပိုင်း ရေးမြို့မရဲစခန်းတွင် အချုပ်ခန်း ဖောက်ပြေးမှု ဖြစ်ပွားပြီးနောက် စစ်တပ်က ရေးမြို့ အဝင်အထွက်ကို ပိတ်ဆို့ကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း လုံခြုံရေးများ တင်းကျပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရေးဘီလူးတပ်ဖွဲ့က ကယ်တင်ထားနိုင်သော နိုင်ငံရေးပုဒ်မဖြင့် တရားစွဲခံခဲ့ရသည့် အချုပ်သားတစ်ဦး။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

ရွှေပြည်သာရှိ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက် စက်ရုံကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၅

ရန်ကုန်တိုင်း၊ ရွှေပြည်သာရှိ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက် စက်ရုံကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) အဖွဲ့က ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၀ နာရီ ၅ မိနစ်အချိန် ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်ရှိ မင်းအောင်လှိုင်လက်အောက်ခံ
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ပိုင် Army Rum အရက်စက်ရုံကိုု ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဦးဆောင်မှုဖြင့် အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ)တိုက်ခိုက်ရေးတပ်ဖွဲ့က အဝေးပစ်လောင်ချာ(79) ဖြင့် 40မမ ၃ လုံးထိထိရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့အာဏာကို အကြမ်းဖက်သိမ်းယူခြင်း ၄ နှစ်ပြည့်အကြွေးအားထိုက်ထိုက်တန်တန်တောင်းယူခြင်းဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ စစ်အာဏာသိမ်း ၄ နှစ်ပြည့်သည့်နေ့ နံနက်အစောပိုင်း ရန်ကုန်မြို့နေရာတချို့တွင် စစ်တပ်က လုံခြုံရေး တင်းကျပ်ထားပြီး မြေနီကုန်း၊ လှည်းတန်း၊ ရန်ကုန်မြို့လယ်ခေါင်တို့တွင် လုံထိန်းရဲကားတချို့ လှည့်လည်နေသည်ကို မြင်တွေ့ရသည်ဟု ရန်ကုန်မြို့ခံတချို့က ပြောဆိုကြသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

မြောက်ဦးရှိ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ စစ်သုံ့ပန်းများ သေဆုံး

ဇန်နဝါရီလ ၁၉ ရက် ၂၀၂၅

ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အာရက္ခတပ်တော်(AA)က ဖမ်းမိထိန်းသိမ်းထားသော စစ်သုံ့ပန်းများထားရှိသည့် မြောက်ဦးမြို့နယ်ရှိ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးငါးလုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းအချ်ို့ သေဆုံးခဲ့သည်။

ယမန်နေ့( ဇန်နဝါရီ ၁၈ ရက်)ည ၉ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

"ငါးလုံးတောင်ကြဲသွားတာ။ အဲ့နေရာက တပ်တော်က ယာယီအကျဉ်းစခန်ုလုပ်ထားတာ။ သေတာက သုံ့ပန်းတွေလို့ သိရပြီး။ အသေးစိတ် တော့ မေးလို့မရဘူး။ ကျနော်တို့မေးလည်းမမေးချင်ဘူးလေ"ဟု ဒေသခံတစ်ဦးက ပြောသည်။

မြောက်ဦးမြို့ကို AAက ၁၀၂၇ စစ်ဆင်ရေးနှင့် အတူ ၂၀၂၄ဖေဖော်ဝါရီ ၈ရက်တွင် သိမ်းယူထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၄ စက်တင်ဘာ ၉ရက်နှင့် စက်တင်ဘာ ၁၀ရက်ကလည်း ပေါက်တောမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ စစ်သုံ့ပန်းများထားရှိသည့်အကျဥ်းစခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဖူးသည်။

အထက်ပါတိုက်ခိုက်မှုတွင် စစ်သုံ့ပန်းအများအပြားသေဆုံးခဲ့ကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။ မြောက်ဦးမြို့ရှိ ယာယီအကျဥ်းစခန်း လေကြောင်းတိုက်ခိုက်မှုကို AAက သတင်းမထုတ်ပြန်သေးပေ။

AAသည် တိုက်ပွဲများအတွင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခ (၉)စကခမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အပြင် စစ်ကောင်စီတပ်ဖွဲ့မှအရာရှိများနှင့် တပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် AAသည် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့အနီးနှင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်စပ်ရှိ ဂွ-ရွှေသောင်ယံမြို့အနီး၊ တောင်ကုတ်နှင့် ဥသျှစ်ပင်လမ်းကြောနေရာအချို့၌ စစ်ရေးတင်းမာနေသည်။

(AAက ဖမ်းဆီးထားသော အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - AA)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၁၆ဦးထိ ဖမ်းမိထားဟု ယောဗျူဟာ ပြော

ဇန်နဝါရီလ ၁၉ ရက် ၂၀၂၅

ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ(၂၇၄)တပ်ရင်းမှ စစ်ရှုံး၍ စခန်းစွန့်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို မကွေးတိုင်း ယောဒေသ အခြေပြု ဗျူဟာအမှတ်(၈၁) ယောဗျူဟာက သုံးကြိမ်ဖမ်းဆီးရမိခဲ့ရာ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၁၆ဦးအထိရှိသည်ဟု ယောဗျူဟာ တာဝန်ရှိသူ ကိုပုဂံက ပြောသည်။

ချင်းညီနောင်မဟာမိတ်များက ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်တွင် ခလရ(၂၇၄)တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ အဆိုပါတပ်စခန်းမှ စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်ရောက်မှုရှိသလို မကွေးတိုင်းဘက်သို့ ထွက်ပြေးသွားမှုများလည်းရှိခဲ့သည်။

ထိုသို့ထွက်ပြေးသူများအနက် ယောဗျူဟာက ဒီဇင်ဘာ ၂၇ရက်တွင် စစ်ကောင်စီတပ်သား ၈ဦးနှင့် မိသားစုဝင် ၄ဦး စုစုပေါင်း ၁၂ဦးကို ပထမအကြိမ်ဖမ်းမိခဲ့ပြီး ဒီဇင်ဘာ ၃၁ရက်တွင် စစ်ကောင်စီတပ်သား ၃ဦးကို ထပ်မံဖမ်းမိခဲ့သည်။

ထို့နောက် ဇန်နဝါရီ ၁၅ရက်တွင် မင်းတပ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ကြပ် တစ်ဦးအား ထပ်မံဖမ်းဆီးရရှိခဲ့သည်ဟု ကိုပုဂံကပြောသည်။

" တောထဲပုန်းအောင်းပြီးမှ လွတ်မယ်ထင်ပြီး ပေါ်လာကြတာနေမှာ။ လက်နက်တွေမပါလာဘူး။ လမ်းမှာ ဖွက်ထားခဲ့ကြတယ်"ဟု ကိုပုဂံက ပြောကြားသည်။

အဆိုပါ ဖမ်းမိထားသည့် စစ်ကောင်စီတပ်သား ၁၂ဦးနှင့် မိသားစုဝင် ၄ဦး စုစုပေါင်း ၁၆ဦးကို ယောနယ်တနေရာတွင် စစ်ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း ယောဗျူဟာက အသိပေးထားသည်။

ယောဗျူဟာသည် ဂန့်ဂေါခရိုင် အမှတ်(၁၃၊ ၁၅၊ ၁၆၊ ၁၇၊၁၈) စသည့် တပ်ရင်း ၅ခုကို စုဖွဲ့ထားခြင်းဖြစ်ပြီး ယောဒေသအတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိသည်။

ချင်းညီနောင် မဟာမိတ်တပ်များ၏ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ရဲအများအပြားကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

မင်းတပ်မြို့သိမ်းပိုက်ပြီးနောက် နယ်မြေခြင်းဆက်စပ်နေသည့် ကန်ပက်လက်မြို့မှ စစ်ကောင်စီတပ်သားများနှင့် ရဲများလည်း မြို့ကို စွန့်ခွာသွားရာ ချင်းညီနောင်က ဒီဇင်ဘာ ၂၂ရက်တွင် ကန်ပက်လက်ကို သိမ်းနိုင်ခဲ့သည်။

အဆိုပါ ကန်ပက်လက်မြို့မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ယောဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခြင်း၊ အရှင်ဖမ်းမိခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။

(ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို မကွေးတိုင်း ယောဒေသ အခြေပြု ဗျူဟာအမှတ်(၈၁) ယောဗျူဟာက ဖမ်းမိထားစဉ်။ ဓာတ်ပုံ - ယောဗျူဟာ)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

လွိုင်ကော်တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

၂၀၂၅၊ ဇန်နဝါရီလ ၁၅ ရက်

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီအချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နှင့် (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့ပူးပေါင်း၍ ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုးဝင်းရောက်ရှိပြီး ညစာစားပွဲကျင်းပနေသည့် ကယားပြည်နယ် ခန်းမအတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံး ၅ လုံးကိုလည်းကောင်း၊ တပြိင်နက်တည်းတွင် ကရင်နီပြည်အတွင်းစစ်ရှုံးကောင်စီ၏ တပ်ဖွဲ့ဝင်များ ခြေကုပ်တပ်စွဲထားသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် - ဒကစ (လွိုင်ကော်)အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးကိုလည်းကောင်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သော ရှော့တိုက်ဒုံး ၇ လုံးတွင် ၆ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး မစ်ရှင်ကိုခက်ခဲစွာဖော်ဆောင်ခဲ့ရသော ရဲဘော်များအားလုံးလည်း အချိန်ယူ၍ခက်ခဲစွာပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယခုအခါ ဘေး ကင်းလုံခြုံရာနေရာအသီးသီးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

"ပြည်သူ့အပေါ်ယုတ်မာတဲ့စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး စိုးဝင်းလိုခေါင်းဆောင်မျိုးတောင် အမြဲမလုံခြုံတော့ဘူးဆိုတာ အသိပေးလိုပါတယ်" ဟု Brave Warriors for Myanmar (BWM) အဖွဲ့ မှ တာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် စစ်တပ်၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှု အခြေ အနေ မသိရှိရသေးပေ။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရ

၂၀၂၅၊ ဇန်နဝါရီလ ၁၅ ရက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းကို Operation Flame အဖွဲ့မှ မြို့ပြ UG ရဲဘော်များက အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်းအတွင်း ထိခိုက် ပျက်စီးမှု အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြို့ပြ UG ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"ထောက်ကြန့် နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ ရဲခွေး ၂ ကောင် ထိခိုက်မှု ရှိတယ်လို့ သိရပေမယ့် မြေပြင် အတည်ပြု စုံစမ်းနေဆဲပါပဲ" ဟု Operation Flame သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

Operation Flame အဖွဲ့အနေဖြင့် ဆက်လက်ပြီး ရန်ကုန် တော်လှန်ရေး မဟာမိတ်များ အားလုံးနှင့်အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင် ပြန်ကြားရေး တာဝန်ခံက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူ စစ်ဆေးမှုများလုပ်နေသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ်က ဖော်ထုတ်လိုက်သော အကြမ်းဖက်စစ်တပ်အတွင်းမှ လိင်စိတ်ပြင်းထန် လွန်ကဲနေသော စစ်အရာရှိ၊ တပ်သားများ၏ စရိုက်များ

By ရန်ကုန်ခေတ်သစ်

လူမှုကွန်ရက်တစ်ခွင်မှာ "အိပ်ယာဝင်ပုံပြင်" ဆိုတဲ့ စကားလုံးက ဒီရက်ပိုင်းအတွင်း အလွန်ကို ရေးသားကြတဲ့ စကားစု တစ်ခုဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ အမျိုးသမီးတစ်ဦးက အကောင့်တုနဲ့ အကြမ်းဖက်စစ်တပ်အတွင်းမှ အရာရှိ၊ စစ်သည်တွေနဲ့ ငွေကြေးရယူ Sex Chat (လိင်အင်္ဂါများ  ပြသ အာသာဖြေခြင်း) ထားတဲ့ Video ဖိုင်တွေကို အိပ်ယာဝင် ပုံပြင် ဆိုတဲ့ တယ်လီဂရမ် ချန်နယ်ကနေ တစ်ခုပြီး တစ်ခု တင်ပြခဲ့ရာက အဲဒီ အိပ်ယာဝင်ပုံပြင် ဆိုတဲ့ ချန်နယ်က အလွန်ပေါက် သွားပါတယ်။

အကောင့်အတုနဲ့ အမျိုးသမီးတချို့က နာမည်အတု မေမီ၊ ရတနာ စတဲ့ နာမည်တွေနဲ့ ငွေကြေးရယူပြီး Sex Chat  လုပ်ကြပါတယ်။ အဲဒီအကောင့်ကိုပဲ စစ်ကောင်စီတပ်က အရာရှိကြီးတွေ၊ အရာရှိလေးတွေနဲ့ စစ်သည်တွေက ဆက်သွယ် ငွေကြေးပေးပြီး Sex Chat ခဲ့ကြတာလည်းဖြစ်ပါတယ်။

အဲဒီလို Sex Chat ခဲ့ကြသူတွေမှာ ဒုတိယဗိုလ်မှူးကြီး အဆင့်တွေ ပါဝင်သလို ရေတပ် ဗိုလ်ကြီးတွေ၊ ကြည်းတပ်ဗိုလ်ကြီးတွေ လည်းပါဝင်ပါတယ်။ ရှေ့တန်းရောက် အိမ်ထောင်သည် စစ်အရာရှိတွေက သူတို့ နောက်တန်း မပြန်ရလို့ လိင်ကိစ္စ အလွန်လိုအပ်နေတယ်၊ ဒါကြောင့် သူတို့အနေနဲ့ ဒီ Sex Chat တွေ လုပ်ခဲ့ကြတာရှိသလို သူတို့ရဲ့ လိင်အင်္ဂါတွေကိုလည်း တစ်ဖက်က လက်ခံ စကားပြောပေးတဲ့ အမျိုးသမီးကို ဗီဒီယိုနဲ့ ပြသခဲ့ကြပါတယ်။

အဲဒီလို Sex Chat ကြတဲ့အထဲမှာ လူပျို စစ်အရာရှိတွေလည်း ပါဝင်နေပါတယ်။ အိပ်ယာဝင်ပုံပြင်ဆိုတဲ့ တယ်လီဂရမ် ချန်နယ်က ရက်ပိုင်းလောက်သာ ဖွင့်လှစ်ခဲ့ပြီး Follower ၁ သောင်းနီးပါးရှိခဲ့ပြီး စစ်အရာရှိတွေ ကိုယ်တိုင် သူတို့ရဲ့ လိင်စိတ် လွန်ကဲမှု အခြေအနေတွေကို ပြသနေတဲ့ ဗီဒီယိုတချို့ကိုလည်း တင်ခဲ့ပါတယ်။

အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ် ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း စစ်တပ်ထဲမှာ အရမ်းကို ရိုက်ခတ်မှု ပြင်းထန်ခဲ့ပြီး နောက်ဆုံး ဧပြီလ ၂၉ ရက်နေ့မှာ အဲဒီ တယ်လီဂရမ်ချန်နယ်နဲ့ စစ်အရာရှိတွေနဲ့ Sex Chat လုပ်ခဲ့တဲ့ အမျိုးသမီးတွေကို ဖမ်းဆီးဖို့ အရေးပေါ် ကြေးနန်းကို စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

ဒါပေမယ့် အကောင့်အတုနဲ့ အမျိုးသမီးကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပေမယ့်လည်း အဲဒီအမျိုးသမီးနဲ့ လိင်စိတ်လွန်ကဲစွာ လိင်အင်္ဂါတွေ ပြသ Sex Chat ခဲ့ကြတဲ့ စစ်အရာရှိတွေကိုတော့ အရေးယူတာမျိုးမရှိပါဘူး။

စစ်တပ်အသိုင်းအ၀ိုင်းမှာတော့ ဒါဟာ စစ်တပ်ကို လူမှုရေးနဲ့ တိုက်ခိုက်တဲ့ တစ်ဖက်က လုပ်ရပ်လို့ ဆိုကြပေမယ့် အိပ်ယာဝင်ပုံပြင် ဗီဒီယိုတွေမှာ မြင်ရတာကတော့ အကြမ်းဖက်စစ်တပ်မှာ တာဝန်ထမ်းဆောင်တဲ့ စစ်အရာရှိတွေရဲ့ အလွန်ဆိုးရွားနေတဲ့ လိင်စိတ် လွန်ကဲမှုတွေ မြင်ရပါတယ်။

ရှေ့တန်းရောက်ရှိနေတဲ့ မြန်မာစစ်တပ်က ကျေးရွာတွေမှာ အမျိုးသမီးတွေ ကလေးတွေကို မုဒိမ်းကျင့်နေတဲ့ ဖြစ်စဉ် တောက်လျှောက်သလို ဖြစ်ပေါ်နေပြီး ဒီမုဒိမ်းကျင့်တဲ့ ဖြစ်စဉ်တွေက တကယ်ဖြစ်ပွားခဲ့ဖြစ်ရပ်တွေဆိုတာ အိပ်ယာဝင် ပုံပြင် တယ်လီဂရမ် ချန်နယ်မှာ Sex Chat ခဲ့ကြတဲ့ စစ်အရာရှိတွေရဲ့ လွန်ကဲတဲ့ လိင်စိတ်တောင့်တမှုတွေက သက်သေခံနေပါတယ်။

လူမှုကွန်ရက် နည်းပညာကျွမ်းကျင်သူတစ်ဦးကတော့ ရှေ့တန်းရောက် စစ်ကောင်စီအရာရှိတွေနဲ့ စစ်သားတွေက လူမှုကွန်ရက်မှာ အဲဒီလို Sex Chat နဲ့ လိင်အာသာဖြေဖို့အဓိက ဦးစားပေးသုံးကြလို့ အခုလို ဖြစ်စဉ်မျိုး ဖြစ်လာတာလို့ ဆိုပါတယ်။

အိပ်ယာဝင်ပုံပြင် တယ်လီဂရမ်ချန်နယ်နဲ့ အကောင့်အတု နဲ့ Sex Chat သူ အမျိုးသမီးဆိုသူကို ဖမ်းဖို့ အမိန့်ထုတ်ရတဲ့ အထိ စစ်တပ်ထဲမှာ ထိန်းမနိုင် သိမ်းမရ လိင်စိတ်လွန်ကဲမှုတွေနဲ့ စည်းကမ်း ကျင့်ဝတ်ဖောက်ပြားမှုတွေ ရှိနေတယ်ဆိုတာတော့ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။

အိပ်ယာဝင်ပုံပြင် ဆိုတဲ့ စကားစုက အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးဝါးတဲ့ အခြေအနေ တစ်နည်းအားဖြင့် တပ်ပျက်နေတဲ့ အနေအထားတစ်ခုကို ပေါ်လွင်စေခဲ့တဲ့ စကားရပ်ဆိုရင်လည်း မမှားနိုင်ပါဘူး။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter