Последние посты Nurhad ( မုဆိုး ) (@nurhad7) в Telegram

Посты канала Nurhad ( မုဆိုး )

Nurhad ( မုဆိုး )
Nurhad ( မုဆိုး )Public Channel for News Update. It's verifed Channel. Please be aware of fake ones.
13,823 подписчиков
4,504 фото
513 видео
Последнее обновление 09.03.2025 11:44

Похожие каналы

Trash Bin
1,441 подписчиков

Последний контент, опубликованный в Nurhad ( မုဆိုး ) на Telegram

Nurhad ( မုဆိုး )

19 Feb, 09:30

3,899

၂သောင်း ၅ထောင်ကျပ် လက်ခံရရှိ။


ကျေးဇူး
🙏🙏🙏

အတိုတလက် ရဖို့ ဆက်ကြိုးစား အားထုတ်ပေးကြပါလို့
မေတ္တာရပ်ခံပါတယ်


မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

19 Feb, 07:32

3,506

ရန်ကုန် UGတွက် အတိုတလက် ဝယ်ဖို့
ရသလောက် ဝန်းရံ ကြစေချင်ပါတယ်။

စုပေါင်းအင်အားနဲ့ ...


မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

13 Feb, 03:43

5,790

နတ်မောက်...မင်းဘာမှထပ်မလုပ်နဲ့


နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာ၀န်ကျေပြီ။

ခင်ကြည်...
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။

နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်၀င်၀င်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။

မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။

ညိုညိုစိန်....
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ.....
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသားမရှိတာမဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

ပြည်ထဲရေး၀န်ကြီးဦးမြ...
ခင်ဗျား...မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး။

မေမြို့....
၀မ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။

ဟိန်း
Nurhad ( မုဆိုး )

13 Feb, 02:05

3,658

ဗိုလ်ချုပ်က ပဲပြုတ်နဲ့ နံပြား အပြင်..
ချဉ်ပေါင်ဟင်း၊ ရှောက်သီးသုတ်၊ မန်ကျည်းသီးသုပ်၊ မျှင်ငါးပိနဲ့ မန်ကျည်းဟင်းချိုလည်း ကြိုက်တယ်။

ချက်စားကြပေါ့...

ဗိုလ်ချုပ် မကြိုက်တာက..
ဖားတာ..မျက်နှာချိုသွေးတာ၊ မျက်နှာလို မျက်နှာရ လုပ်တာ၊ နိုင်ငံရေးမှာ လူကုကို အသုံးချပြီး ကိုယ်ရည်ကိုယ်သွေး မြှင့်တင်တာ၊ ပြည်သူအပေါ် မရိုးသားတာ၊။ လိမ်တာ၊ အာဏာကို အလွဲသုံးစား လုပ်တာ၊ အာဏာရှင်ဆန်တာ..

အဲဒါတွေ ဗိုလ်ချုပ် မကြိုက်ဘုး။

ဗိုလ်ချုပ်ကြိုက်တာ လူသိရှင်ကြား စားပြ တင်ပြပြီး
ဗိုလ်ချုပ်မကြိုက်တာကြ ခိုးလုပ်နေရင် အဆင်မပြေဘုးလေနော်...

ဗိုလ်ချုပ်က လိုရင်းပဲ ပြတ်ပြတ်သားသား ပြောခဲ့တယ်။

‌ေ-စ-ာက်ကျင့်‌တွေ ပြင်ကြ

Happy birthday ပါ
ဗိုလ်ချုပ်

မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

09 Feb, 05:57

4,146

https://www.facebook.com/share/p/1DqfGEGTfd/

လိမ်စားနေတာမို့ အကောင့်ကို report ထုစေချင်တယ်။

မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

31 Jan, 12:07

6,796

၆လခံ
Nurhad ( မုဆိုး )

30 Jan, 08:26

7,003

Fbမှာ ဘာမှ ပိုစ်တင်မရဘူး..

မိဇူက တချိန်လုံး ပိတ်နေ။

မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

29 Jan, 10:38

5,806

ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး
ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို ကိုယ်လွမ်းလှ။

▪️အောင်ချိမ့်
(ငါ့ကဗျာဟာငါရေးတာ စာအုပ်မှ...)

❗️ဆရာအောင်ချိမ့်၏ မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါသည်။

#Amigosbookshop
#အောင်ချိမ့်
Nurhad ( မုဆိုး )

25 Jan, 07:37

6,413

နိုင်ငံရေးသမားတွေ ယ-ု-တ်ရင် သိပ်ကြောက်ဖို့ ကောင်းတယ်

လူသားမျိုးနွယ်ပါ မျိုးတုန်းတယ်

ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံရေး ခေါင်းဆောင်တွေအကြောင်း လက်လှန်းမှီသလောက် လေ့လာဖြစ်တယ်

လူထုအကြိုက် စကားလုံးကိုသာ ရွေးချယ်ပြောဆိုပြီး
အဲဒီနောက် အဲဒီလူသားတွေကို ကောင်းကောင်း အသုံးချပြီး
နိူင်ငံရေး ဩဇာ တည်ဆောက်ကြတယ်

အချိန်ကြာလာရင် အာဏာရှင်ဆန်ဆန် ဖြစ်လာတယ်
အချိန်ကြာလာလေ အတ္တကြီးလာလေ လူသားတွေရဲ့ ဝိဉာဉ်ကို စားသုံးပြီ
အာဏာကို အချိန်ကြာကြာ ယူထားကြတယ်

မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

25 Jan, 06:43

5,857

စကစ မင်းအောင်လှိုင် ထုတ်ပြန်သမျှ အမိန့်တွေ ဥကဒေတွေ အွန်လိုင်းမှာ ရယ်စရာ လှောင်စရာ လုပ်နေကြပေမယ့်....

မြေပြင်မှာတော့ ပြညိသူတွေ အလူးအလဲ ခံစ။းနေရတယ်

လွတ်လပ်ခြင်းကအစ ‌ေ-သ-ဆုံး ကုန်ပြီ
( လူတစ်စုက လွဲရင်ပေါ့ )

မရှိခဏ
မုဆိုး