Latest Posts from Nurhad ( မုဆိုး ) (@nurhad7) on Telegram

Nurhad ( မုဆိုး ) Telegram Posts

Nurhad ( မုဆိုး )
Nurhad ( မုဆိုး )Public Channel for News Update. It's verifed Channel. Please be aware of fake ones.
13,823 Subscribers
4,504 Photos
513 Videos
Last Updated 09.03.2025 11:44

Similar Channels

CJ Platform
6,102 Subscribers

The latest content shared by Nurhad ( မုဆိုး ) on Telegram

Nurhad ( မုဆိုး )

09 Mar, 02:50

594

ဆန်အိတ် ၃၀၀ စစ်ရှောင်နဲ့ ရဲဘော်တွေအတွက် အလှူခံထားတာ ၁၃အိတ်စာပဲ ရသေးတယ်။
မြေပြင်မှာ တိုက်ရိုက် ကူမှာမို့ မိမိနိုင်သလောက် ပါဝင်စေချင်သလို မိမိနံ့ နီးဆကိတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း နှိုးဆော်ပေးစေချင်ပါတယ်


မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

09 Mar, 00:40

707

မင်္ဂလာနံနက်ခင်းပါဗျာ
🌹🌹🌹

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ.
( မစ္ဆရိယ ) မနာလိုဝန်တိုစိတ် ကင်းဝေးကြပါစေ..

မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

07 Mar, 10:24

1,360

ဆန်အလှူတွက် ၁သိန်းကျပ် လက်ခံရရှိ။

ကျေးဇူးပါ
🙏🙏🙏

ရိက္ခာတွက် ဝန်းရံ‌ကြိုးစားပေးကြပါ။




မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

07 Mar, 04:49

1,303

ဆန်အလှူတွက် USD25 လက်ခံရရှိ။

ကျေးဇူးပါ
🙏🙏🙏

ရိက္ခာတွက် ဝန်းရံ‌ကြိုးစားပေးကြပါ။




မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

07 Mar, 04:47

1,272

ဆန်အလှူတွက် USD100 လက်ခံရရှိ။

ကျေးဇူးပါ
🙏🙏🙏

ရိက္ခာတွက် ဝန်းရံ‌ကြိုးစားပေးကြပါ။




မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

07 Mar, 02:16

1,382

စစ်တိုက်ဖို့ထက် စားဖို့တောင် ဆန်မလုံလောက်တဲ့ တပ်ရင်းတွေ အများကြီး။ စစ်ဘေးသင့်တွေလည်း ထုနဲ့ ဒေး...


ကျနော့ကိုမြင်တော့ အကူအညီများရမလားဆိုတဲ့ မျက်လုံးလေးတွေ မြင်ရတာ စိတ်မကောင်းဘူး။


ကျနော် အခု မြေပြင်မှာ ရှိနေချိန် ဆန်အိတ် ၃၀၀ လောက် မိတ်ဆွေတို့စီကနေ အလှူခံချင်တယ်။

မိမိနိုင်သလောက် ပါဝင်ပေးကြဖို့ တိုက်တွနိးပါရစေ..

NUg pay, SDB , စလုံးအကောင့် မလေးရှားအကောင့်ထ ထိုင်းအကောင့် အကုန်ရှိတယ်။ US အဆကာင့်လည်း ရှိတယ်။ တတ်နိုင်သမျှ ပါဝင်ပေးကြပါလို့ အထူးမေတ္တာရပ်ခံတယ်

ဘယ်သူမွေးမွေး ငါတို့ကလေးတွေဆိုတဲ့အတိုင်း ထမင်းတော့ ဝအောင်ကျွေးကြစေချင်တယိဗျာ...
🙏🙏🙏


မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

04 Mar, 09:24

2,491

ပူတင်နဲ့ တွေ့ဆုံခွင့်တွေရဖို့ ..

ဒီလိုဓာတ်ပုံနဲ့ မြဝတီရုပ်သံနဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဝါဒဖြန့်ဖို့

သူ့ခင်ဗျာ ငွေ ဘယ်လောက်တွေ အကုန်ခံပြီး
ဘော တွေ ဘယ်လောက်မခဲ့ရလည်း သင်သိပါသလား?

ရုရှားကို ယူသွားတဲ့ လက်ဆောင်ပစ္စည်းနဲ့တင်
ဒေါ်လာ သိန်းနဲ့ ချီ တန်မယ်။

ကျန်တဲ့ နိူင်ငံတွင်း လုပ်ပိုင်ခွင့် သဘောတူညီချက် စာချုပ်တွေ မပါသေးဘူး

ကမ္ဘာမှာ အခြားသော နိူင်ငံခေါင်းဆောင်တွေကို လဒ်ပေးပြီး အပေါင်းအသင်းလုပ်တာ မြန်မာစစ်တပ်ခေါင်းဆောင်တွေပဲ ရှိတယ်။

ပေးနိူင်ကမ်းနိုင်ရင် မည်သူမဆို အပေါင်းအသင်း မရှားပါဘူး

ဒါပေမယ့်..
ကိုယ့်အချင်းချင်းမှာတော့ ပေးမထွက် ကျွေးမထွက်ဘူးဗျ

မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

01 Mar, 09:17

3,243

AAc ရုံးက ဒုက္ခသည်တွေ

မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

01 Mar, 08:53

2,073

မြန်မာတွေ မဟုတ်တဲ့ နေရာမှာဆို အရမ်းပါတယ်ဆိုတာ ဗိုလ်ချုပ်ပြောတာ မှန်တယ်။
သူများစွန့်တဲ့ မစင်ကို ပါးစပ်အရသာခံပြီး မြိန်ရေရှက်ရေ စားသုံးတာ မြန်မာ။
လူဖြစ်ပြီး လူတော ခုထိ မတိုးသေးလည်း မြန်မာ။ အောက်တန်းအကျဆုံး မနာလိုဝန်တိုစိတ်အများဆုံးကလည်း မြန်မာ။ ‌ေ-စ-ာက်ရှက် အမဲ့ဆုံးကလည်း မြန်မာ။အခုထိ သူများယောင်တိုင်း လိုက်ယောင်နေတာလည်း မြန်မာ။ ပါးစပ်က အာချောင်မှ‌ု့ကြောင့် အများပြည်သူ နစ်နာဆုံးရှူံးသွားတာကို ငါ့ ကြောင့်ဖြစ်ရတာပါဆိုပြီး ဝန်မခံ တာဝန်မယူ ရူးချင်‌ဟန်ဆောငိပြီး ရှောင်ထွက်သွားတာလည်း မြန်မာ။ ဒီဟာကြီးက မှားနေတယိ အမှန်ကို သိဖို့ ငါတို့ ဝန်းရံရမယ် ရှင်းပြရမယ်ဆိုတဲ့ အသိ မရှိကြတာလည်း မြန်မာ။

ခင်ဗျားတို့တွေ အရမ်းရက်စက်ကြတယ်။ ကိုယ်တိုင်လည်း မလုပ်နိုင်..
အာချောင်မှု့ကြောင့် ရှေ့ဆက် ဒုက္ခရောက်ပြီး အကူအညီ မဲ့နေကြတဲ့ မြန်မာတွေအတွက် ဘယ်လို လုပ်ကြမလည်း? ဘယ်သူ တာဝန်ယူမလည်း?

မရှိခဏ
မုဆိုး
Nurhad ( မုဆိုး )

01 Mar, 08:53

1,726

အခုရက်ပိုင်း ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း အလုပ်သမားဒုက္ခသည်တွေအတွက် ကူညီပေးနေတဲ့ AAC ရုံး အပိတ်ခံရတယ် သတင်းဖတ်ရလို့ ဒီပိုစ်ကို ရေးရခြင်းဖြစ်တယ်။

အကြောင်းအရာကို မရေးခင် အသိပေးချင်တာက AACရုံးမှာ ရာပေါင်းများစွာရှိတဲ့ မြန်မာဒုက္ခသည်တွေကို ကျနော် ထမင်းကျွေးတာ ၃ကြိမ်လောက် ရှိမယ်။ တခါမှ ပိုစ်တင်ပြီး ဂုဏ်မဆာခဲ့ဘူး။ မသမာသူတွေ နားလည်မှု့ လွဲမှာလည်း စိုးရိမ်တာကြောင့်
ကိုယ့်ကြောင့် မထိခိုက်စေချင်လို့ တခါမှကို ပိုစ်မတင်တာ..။ အခု စကစ လော်ဘီတွေရဲ့ ဝါဒဖြန့်မှု့ကြောင့် အပိတ်ခံရတယ်သိရလို့ အကြောင်းအရာ မှန်တွေ သိစေချငိလို့ ဒီစာကို ရေးခြင်းဖြစ်တယ်။

စကစ လော်ဘီတွေ အဓိက ပြစ်မှတ်က ယခင် AAC မှာ အလုပ် လုပ်သွားတဲ့ ကိုရဲမင်းကိူ တိုက်ခိုက်တာ ဖြစ်တယ်။ လော်ဘီတွေ မသိတာက AAC ကနေ ရဲမင်း ထွက်ပြီး သီးသန့် ရပ်တည်နေတာ နှစ်နဲ့ ကြာပြီဆိုတာမသိကြဘူး။ အသိအကျမသိပဲ လှော်ရရင်ပြီးရောဆိုပြီး AACကို ခေါငိးစဉ်တပ်လိုက်တာ ရဲမင်း မထိခိုက်ပဲ AAC ဒုက္ခသည်ရုံးမှာ ခိုလုံနေတဲ့ မြန်မာ ဒုက္ခသည်တွေ ထိခိုက်ကုန်တယ်။ AAC ရုံးကို တိုက်ခိုက်နေတဲ့ လော်ဘီတွေ ရုံးကို ရောက်ဖူးလားဆို တစ်ယောက်မှ မရောက်ဖူးဘူး။ အတွင်းကျကျ သိလားဆို ဘာ မသိဘူး။ ပါးစပ်က စည်းမရှိ ရန်းကားမှု့ကြောင့် တကယ်ထိခိုက်သွားတာက ဒုက္ခသည်တွေ ဖြစ်တယ်။

ခင်ဗျားတို့တွေ ကျနော့အကြောင်းသိကြမှာပါ။ like ရရင်ပြီးရော လူစိတ်ဝင်စားရင် ပြီးရောဆိုပြီး ပေါကိပန်းလေးဆယ် ပိုစ်မတင်တတ် မရေးတတ်ဘူးဆိုတာ....။
အခု တိတိကျကျ ပြောမယ်။ AAC ရုံးခနိးကနေ တော်လှန်ရေးတွက် အလှူခံဖို့ နေနေသာသာ ရုံးခနိးမှာ ခိုလုံနေတဲ့ ဒုက္ခသည်တွေ စားဖို့ နေဖို့တွက်တောင် အလှူမခံပါဘူး။ ဒါဆို လူပေါင်း ရာနဲ့ချီ ကျွေးမွေးဖို့ နှစ်နံ့ ချီ ဘယ်က ငွေနဲ့ ရပ်တည်နေလည်းလို့ မေးခွန်းထုတ်စရာ ဖြစ်လာပြီ။ ဘယ်လို ရပ်တည်လည်းဆိုရင် တစ်ပတ် တစ်ရက် ကုမ်ဈေးတန်းကနေ အသီးအရွက် ရောင်းတဲ့ ဈေးသည်တွေ တချို့ အသီးအရွက်ကျန်တာတွေ ကားနဲ့ သွား သွားသယ်ပြီး အဲဒီအသီးအရွက်တွေကို ကောင်းတာတွေ ပြန်ရွေးပြီး ဒီဒုက္ခသည်တွေကို နေ့စဉ် စားဖို့ စီမံ ပေးတယ်။ ဆန် ဆီ အလှူရှင်တွေ ရှိတယိ။ ကျနော်တို့လိူ တခါတရံ အလှူရှင်တွေ ပေါ်လာရင် သား ငါး စားရတယ်။ မပေါ်လာရင် အဆင်ပြေတာနဲ့ ချက်ပြုတ်စားရတယ်။ အဲဒီထဲမှာမှ ဒီဒုက္ခသည်တွေ အမှု့ရင်ဆိုင်ရတာတွေ လျှော်ကြေးရတွေ တချို့အလုပ်သမားကိစ္စ ကူညီလို့ အဆင်ပြေသွားရင်
ငွေသားပြန်လှူတာတွေ ( ရာခိုင်နှုန်းအားဖြစ် အရမ်းနည်းပါတယ် ) အဲဒါတွေ လက်ခံပြီး ဒီရုံးကို လည်ပတ်စေတယ်။ မပြည့်မစုံနဲ့ လည်ပတ်နေရတဲ့ AAC ရုံးပါ။

ဒီရုံးထဲမှာ အလုပ်ရှင်တွေ လစာမပေးလို့ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေ၊ အလုပ်ထဲမှာ ထိခိုက်ဒါဏ်ရာရလို့ လျှော်ကြေးမရတဲ့ အလုပ်သမားတွေ လျှော်ကြေးရအောင် ဆိုပြီး ကူညီပေးရင်း AAC မှာ ဒုတ္ခိတဘဝနဲ့ ကိုယ်လက်အင်္ဂါမဆုံကြတော့တဲ့ ရွေ့ပြောင်းအလုပ်သမားတွေ၊ ကိုယ်ဝန်ရပြီး ကလေးမမွေးနိူင်တဲ့ မိခင်တွေ၊ ကျန်းမာရေးချို့တည့်နေတဲ့ နာသာရှည်ရောဂါသည်တွေ၊ မျက်မမြင်တွေ ၊ အောက်ပိုင်းသေနဲ့တဲ့ သူတွေ ခြေ ပြတ် လက် ပြတ်တွေ မိခင်မရှိတော့တဲ့ လူမမယ်ကလေးသူငယ်တွေ အများကြီး ရှိတယ်။ အဆိုးဆုံးက မြန်မာပြည်ကနေ ငွေတွေယူပြှီး ထိုင်းနိုင်ငံကို အလုပ်နဲ့ လွတ် ၊ ထိုင်းရောက်တော့ အလုပ်မပေးနိင်၊ ငွေဆုံး ဘဝ ဆုံး အေးဂျင်းတွေ ဒုက္ခပေးထားတဲ့ မြန်မာပြည်သူတွေ ပိုများတယ်။ ကျနော် ကိုယ်တွေ့ မြင်ခဲ့ရတာတွေနော်။ သူများစီက တဆင့်ကြားပြီး ရေးနေတာ မဟုတ်ဘူး။ (စကစ လော်ဘီတွေလို သူများ စွန့်ထားတဲ့ မစင်ကို မြိန်ရေရှက်ရေ စားသုံးနေတဲ့ အထဲ ကျနော် မပါဘူး။)

ဒီလို ရာပေါင်းများစွာ ဒုက္ခတွေကို နှစ်နဲ့ချီ ကူညီစောင့်လျှောက်မှု့ မြန်မာသံရုံးကတောင် အသေးစိတ် မလုပ်ပေးနိုင်ဘူး။။ လုပ်လည်း မလုပ်ပေးဘူး။ တိုင်းတပါးမှာ ကိုယ့်နိုင်ငံသားတွေ ဒုက္ခကြီးကြီးမားမားကို အသေးစိတ် ကူညီနေတဲ့ AAC ရုံးကြီး အပိတ်ခံလိုက်ရတာ ထိုင်းရောက် မြန်မာတွေတွက် အများကြီး နစ်နာ ဆုံးရှုံးသလို
လူလိမ်တွေအတွက် အားရစရာ အခွင့်အရေးကောင်း ဖြစ်သွားတာပေါ့။ ဒီလိုတွေ ဖြစ်လာရတဲ့ အကြောင်းအရင်းက ဘာကြောင့်လည်းဆိုရင် လိုင်းပေါ်မှာ အာချောင်မှု့ကြောင့်....။အခုလို နစ်နာဆုံးရှုံးသွားတာ အာချောင်နေတဲ့ သူတွေ တာဝန်ယူနိုင်လားဆိုတော့ ဘယ်သူမှ မယူနိုင်ကြဘူး။။ အဲဒီဒုက္ခသည်‌ရုံးမှာ စစ်တပ်ကိုထောက်ခံသူရော မထောက်ခံသူရော PDF ထောက်ခံသူရော မထောက်ခံသူရော ဖွတ်ပါတီကို ထောက်ခံသူရော မထောက်ခံသူရော အားလုံး နေကြ စားသွားကြ ခိုလုံသွားကြတယ်။ ဒုက္ခသည်နေနဲ့ လာရင် မြန်မာဆိုတဲ့ အသိနဲ့ပဲ ကူညီတယိ။။ ဒုက္ခရောက်လာတဲ့သူတွေ ၁၀၀မှာ ၉၉ % လက်ထဲမှာ ငွေ ဘတ် ၁၀၀ မရှိကြဘူး။ ဆေးကုဖို့ ပိုက်ဆံ မရှိကြဘူး။ ပြန်ဖို့ လမ်းစရိတ် မရှိကြဘူး။။ PDF ကို ထောက်ပံ့ဖို့ နေနေသာသာ လူပေါင်းရာနဲ့ချီ
ဘယ်လိူနေ ဘယ်လိုအိပ် ဘယ်လိုတွေ စားနေကြ အတွင်းကျကျ လေ့လာပြီးမှ ဝေဖန်စေချင်တယ်။။ ပိုက်ဆံရှိရင် ဘယ်သူမှ အဲ့လိုနေရာမှာ ဒုက္ခသည်မခဲဘူး။ စားစရာ နေစရာ မရှိလို့ အကူအညီမဲ့ပြီး ရောက်သွားတဲ့ နေရာ။