မြိတ်သတင်း @myeiknews Channel on Telegram

မြိတ်သတင်း

@myeiknews


ဒေသဆိုင်ရာသတင်းအချက်အလက်

မြိတ်သတင်း (Burmese)

မြိတ်သတင်း သည် ဒေသဆိုင်ရာသတင်းအချက်အလက်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ဆုံး စီးပွားမှုများကို ပြန်လည်လွယ်လွယ်ကူကူ ပေးနေပါသည်။ ဤစီးပွားမှုများကို အခြေခံပွဲများ၊ သတင်းများ၊ စီးပွားရေးများ နှင့် အထူးသတင်းတွေ ပြန်လည်လွယ်လွယ်ကူကူ ရယူပါသည်။ "myeiknews" ကို အချက်အလက်ရှင်မှ ရယူကြည့်ရေးရေးနိုင်ဆုံးရသည်။

မြိတ်သတင်း

08 Jan, 22:59


လူ ခေါ်နေတုန်း
လာရောက်လျှောက်ထားနိုင်ပါတယ်

အလုပ်ချိန် မနက် 8နာရီမှာ ညနေ 5နာရီ အထိ

မြိတ်သတင်း

04 Jan, 02:39


လွတ်လပ်ရေးနေ့
သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ရရှိတော်မူသောဆရာတော်များ
#အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့
ဘဒ္ဒန္တစန္ဒဝံသ၊ ကော့လိပ်ကုက္ကိုလ်စာသင်တိုက်၊ မြိတ်မြို့
#ဂန္ထဝါစကပဏ္ဍိတ ဘွဲ့
ဘဒ္ဒန္တတေဇောဘာသ၊ မစိုးရိမ်စာသင်တိုက်၊ မြိတ်မြို့

မြိတ်သတင်း

31 Dec, 14:13


ထားဝယ်မြို့နယ် မေတ္တာမြို့နှင့် ထိုင်း - မြန်မာနယ်စပ် ထီးခီးဒေသသို့ ဆက်သွယ်ထားသည့် မေတ္တာ - ထီးခီးလမ်းပိုင်းအား (KTLA) အဖွဲ့ မှ ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထား

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့နှင့် ထိုင်း - မြန်မာနယ်စပ် ထီးခီးဒေသသို့ ဆက်သွယ်ထားသည့် မေတ္တာ - ထီးခီးလမ်းပိုင်းအား (KTLA) အဖွဲ့မှ ဒီဇင်ဘာ ၂၇ ရက် မှ စတင်ကာ ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မြိတ်သတင်း

31 Dec, 04:55


အလုပ်လိုအပ်သူများလျှောက်ထားနိုင်သည်။
မြိတ်မြို့၊ ငွေပုလဲစက်မှုဇုန်
ကျား ၃၀ဦး။ မ၊ ၂၀၀ဦး

မြိတ်သတင်း

19 Dec, 04:02


အေးသာယာရွာတွင် ကားအစီးရေ (၁၀၀)ခန့်ပိတ်မိနေ
(၁၈-၁၂-၂၄)
နံနက်ပိုင်းမှစ၍ ကော့သောင်း ဘုတ်ပြင်း မှ မြိတ်သို့ တက်မည့်ကားများ တနင်္သာရီမြို့နယ်
အေးသာယာရွာတွင် ပိတ်မိနေလျှက်ရှိကြပါတယ်။
မြိတ်မှ ဘုတ်ပြင်း ကော့သောင်းသို့ ဆင်းမည့်ကားများ အဆင်းရ၍ အတက်မရကြောင်းသိရပါသည်။
"တားပလပ် KNU PDF ဂိတ်တိုက်ခိုက်ခံရသဖြင့်
လုံခြုံရေးအရ အေးသာယာဂိတ်တွင် ပိတ်ထားကြောင်း" သိရပါသည်။

မြိတ်သတင်း

18 Dec, 02:43


ဘိတ်သူ ဘိတ်သားအများအား ဖိတ်ကြားပါသည်။ လက်တို့ပေးကြစေလိုပါသည်။

မြိတ်သတင်း

17 Dec, 03:34


မြိတ်မြို့ မြို့သစ်ရပ် အ.ထ.က(၇ ) မြို့သစ်​ကျောင်း​ရှေ့ လူ​နေအိမ် (၅) အိမ်ခန့် မီး​လောင်မှုဖြစ်ပွား။

17.12.2024
နံက် = ၈ နာရီခန့် အချိန်

#​မောင်ကဝိ

မြိတ်သတင်း

13 Dec, 11:07


ကော့သောင်းမြို့ ရေလယ်တွင် ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား

တနသ်ာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်ဆိပ်ခံတံတားရှေ့ ရေလယ်တွင် ရပ်နားထားသည့် ယုဇနကုမ္ပဏီမှ MV ပြည့်ရတနာဝင်း ကုန်သင်္ဘောမှာ ဒီဇင်ဘာ ၁၃ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်အထိ မီးလောင်ခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ 

MV ပြည့်ရတနာဝင်း သင်္ဘောပိုင်ရှင် ဦးကျင်တိုး၊ ရေယာဉ်မှူး ဦးတင်ရွှေပါ လှေသား ၂၂ ဦးသည် ၂၀၂၄ ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ကုန်ပစ္စည်းများ ပြန်လည်တင်ဆောင်၍ ရေလယ်တွင်ရပ်နားထားစဉ် ဒီဇင်ဘာ ၁၃ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Eleven

မြိတ်သတင်း

22 Nov, 05:33


ရေး - ထားဝယ်လမ်းပိုင်းရှိ ကိုးမိုင်တံတားအား မိုင်းခွဲဖျက်ဆီး
…………………………………………
နေပြည်တော်၊ နိုဝင်ဘာ ၂၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းရှိ ကိုးမိုင်တံတားကို ယနေ့ နိုဝင်ဘာလ (၂၂)ရက် နံနက် (၆)နာရီခွဲအချိန်က ရေးမြို့နှင့် မလွဲတောင်ကြားရှိ ကိုးမိုင်တံတားအား မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ကိုးမိုင်တံတားတွင် တံတားလမ်းသားများ ပျက်စီးသွားသဖြင့် မော်တော်ယာဉ်သွားလာမှုကို ခေတ္တပိတ်ထားကြောင်းနှင့် မလွဲတောင်ဂိတ်မှ အဆင်းကားများကို ခွင့်ပြုနေပြီး အတက်ကားများကို ဆင်းခွင့်မပေးသေးဘဲခေတ္တပိတ်ထားကြောင်း သိရသည်။

မြိတ်သတင်း

22 Nov, 02:53


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန Polytechnic University(Myeik) ဖွင့်ပွဲအခမ်းအနားသို့ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်း တက်ရောက်
မြိတ် ၂၀၂၄ နို ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန Polytechnic University(Myeik)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာအခမ်းအနားသို့ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ပြည့်စုံလင်း၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
ဦးစွာတိုင်းမှူးနှင့်တာဝန်ရှိသူများက Polytechnic University(Myeik)ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပါသည်။ပြီးနောက်တိုင်းမှူးက Polytechnic University(Myeik)ဖွင့်ပွဲ အခမ်းအနားအားစက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးပါသည်။
ထိုနောက် Polytechnic University(Myeik)ခန်းမတွင်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက Polytechnic University(Myeik)ဖွင့်လှစ်ခြင်းနှင့်ပက်သက်၍အမှာစကား ပြောကြားခဲ့ပြီးနောက် ကျောင်းသား ကျောင်းသူများက အကအလှများဖြင့် ဂုဏ်ပြုကပြ ဖျော်ဖြေခဲ့ပါသည်။ပြီးနောက်တိုင်းမှူးနှင့်တာဝန်ရှိသူများကကပြဖျော်ဖြေသောအဖွဲ့များအားဂုဏ်ပြုဆုငွေ များချီးမြင့်ခဲ့ပါသည်။ ထိုနောက်တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကျောင်းသားကျောင်းသူ များ၏ Polytechnic University (Myeik) Project Showတွင် ခင်းကျင်းပြသထားရှိမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါသည်။

မြိတ်သတင်း

20 Nov, 11:16


ပုလောမြို့၊အထက -၁ ကျောင်းကို NUG PDF များက ယနေ့ မွန်းလွဲ ၂:၄၅ ၌ တစ်ကြိမ် ၊ ၃:၀၀ အချိန်၌ တစ်ကြိမ် ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်လိုက်သည်။


အဆိုပါ ကျောင်းသည် စစ်ကျွန် ပညာရေးကို သင်ယူနေသည်ဟုဆိုတာ တိုက်ခိုက်ကြောင်းသိရပါသည်။

မြိတ်သတင်း

16 Nov, 09:50


၉၄ ကြိမ်မြောက် မြိတ်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်

ဓာတ်ပုံ Ye Htun
Myo Thi Ha

မြိတ်သတင်း

05 Nov, 08:53


သကန်တောင်ပုဆရာတော်ကြီး
ဘဒ္ဒန္တဇဝနမဟာထေရ်၏ ဈာပန
၅-၁၁-၂၀၂၄

မြိတ်သတင်း

25 Oct, 05:28


ပုလောမြို့ ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု အလောင်း ၁၇ လောင်း တွေ့ရှိထားပြီး ရှစ်ဦးပျောက်ဆုံးနေ၊ ရှာဖွေရေးလုပ်ငန်းများ ရပ်တန့်ထားရ

ပုလောမြို့ ကျောက္ကာရွာ စက်လှေနစ် မြုပ်မှု အလောင်း ၁၇ လောင်း တွေ့ရှိထားကာ ရှစ်ဦးပျောက်ဆုံးနေပြီး ရှာဖွေရေးလုပ်ငန်း များကို ရပ်တန့်ထားရကြောင်း မြိတ်ဒေသခံ ချစ်ကြည်ရေးပရဟိတအသင်းမှ သိရသည်။

“နှစ်ရက်ကို ၁၇ လောင်းတွေ့ထားတယ်။ အခုတော့ ရှာဖွေမှုတွေကို ရပ်ထားရတယ်။ မုန်တိုင်းရှိနေတော့ ရှာဖို့လည်း မလွယ်တော့ မနေ့က ညနေပိုင်းကတည်းက ရပ်ထားတယ်။ ပျောက်တာကတော့ စာရင်းအရဆို ရှစ် ယောက်တော့ရှိတယ်။ ဒါကစာရင်းအရပေါ့။ လုံးဝကို ရှာမတွေ့တာ” ဟု ချစ်ကြည်ရေး ပရ ဟိတအသင်း (မြိတ်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လတ်တလောတွင် စက်လှေကိုလည်း ရှာဖွေမတွေ့ရှိသေးကြောင်း၊ ယင်းစက်လှေကို ရှာဖွေတွေ့ရှိမှသာ ပျောက်ဆုံးနေသူများ၏ အခြေအနေများကို သိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းင်းကဆက်လက်ပြောကြားသည်။

“ လှေကိုတော့ အခုထိရှာလို့မရသေးသ လို တွေ့လည်း မတွေ့သေးဘူး” ဟု ချစ်ကြည် ရေး ပရဟိတအသင်း (မြိတ်) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Eleven

မြိတ်သတင်း

22 Oct, 05:36


ယနေ့ကျောက်ကာလှေမြုပ်မှုမှပြန်လည်တွေ့ရှိသော ရုပ်အလောင်းများ
၁၊မောင်အောင်ဇွဲပြည့်အသက်(၆)နှစ်
၂၊မမေသဇင်ဖူး အသက်(၁၆)နှစ်
၃၊မသူသူစံ အသက်(၇)နှစ်
၄၊မောင်ကွန်းဆက်အောင် အသက်(၁၀)နှစ်
၅၊မဇူလိုင်လင်း အသက်(၁၆)နှစ်
G10ကန်စွန်းအင်း
၆၊မောင်စွဲမက်အောင် အသက်(၁၃)နှစ်မြစ်ငယ်
၇၊မမွှေးရတီမောင် အသက်(၄)နှစ်၊ကော့ဒွေး
၈၊မောင်ဘုန်းကိုကို အသက်(၅)နှစ်ကျောက်ကာ
Myeik Ambulance Group

22-10-2024

မြိတ်သတင်း

22 Oct, 04:23


ပုလောမြို့နယ် ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး၏ အလောင်းများထပ်မံတွေ့ရှိ

ပုလောမြို့နယ် ကျောက္ကာရွာစက်လှေနစ်မြုပ်မှု ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး၏အလောင်းများ ထပ်မံတွေ့ရှိခဲ့သည်ဟု မြိတ်ဒေသခံ ချစ်ကြည်ရေးပရဟိတအသင်းထံမှ သိရသည်။

အောက်တိုဘာ ၂၂ ရက် နံနက် ၉ နာရီတွင် အလောင်းများကို ထပ်မံဆယ်ယူရရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအသင်းထံမှ သိရသည်။ တွေ့ရှိရသည့်အလောင်းများမှာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ အလောင်းများဖြစ်သည်။

" ဒီမနက် ထပ်တွေ့တာပေါ့။ မနေ့က ရှစ်ယောက်နဲ့ဆို ၁၁ ယောက်ရှိပြီ။ ကျွန်တော်တို့ ရထားတဲ့စာရင်းအရဆို ၁၇ ယောက် ပျောက်နေသေးတယ်။ အခု သုံးယောက်ထပ်တွေ့တော့ ၁၄ ယောက်ကျန်နေတယ်။ အခုထပ်ရှာနေတယ်" ဟုမြိတ်ဒေသခံ ချစ်ကြည်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Eleven
ချစ်ကြည်ရေး

မြိတ်သတင်း

21 Oct, 10:01


တနင်္သာရီလမ်းပိုင်းမှာ KNU ကဘတ်ငွေထောင်ချီ အခွန်ကောက်ခံနေတယ်လို့ဆို

စစ်ကောင်စီထံအခွန်ပေးနေတဲ့ ကုန်သည်တွေကိုပစ်မှတ်ထား ကောက်တာလို့ KNU တုန့်ပြန်

အောက်တိုဘာ ၂၁

တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်က ချောင်းလမုရွာဂိတ်မှာ ကရင်အမျိုးသားအစည်းအရုံး KNU က ကုန်တင်ကားတွေကို ပို့ကုန်၊ သွင်းကုန် အမျိုးအစားပေါ်မူတည်ပြီး ထိုင်းဘတ်ငွေထောင်ချီ အခွန်ကောက်နေတယ်လို့ ကုန်တင်ကားသမားတွေ နဲ့ ကုန်သည်အသိုင်းဝိုင်းက စုံစမ်းသိရှိရပါတယ်။

အခုလိုကောက်ယူနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီထံအခွန်ပေးဆောင်နေတဲ့ ကုန်သည်တွေကို ပစ်မှတ်ထားပြီး အခွန်ကောက်ယူနေတာသာဖြစ်တယ်လို့ KNU တနင်္သာရီမြို့နယ်ဥက္ကဌ ပဒိုစောညာဝါးက ပြောပါတယ်။

အခုအောက်တိုဘာလကစလို့ ကုန်သည်တွေရဲ့ ပို့ကုန်၊ သွင်းကုန် အမျိုးအစား၊ ပမာဏနဲ့ တန်ဖိုးတွေအပေါ် မူတည်ပြီး အခွန်နှုန်းထားသတ်မှတ်ကောက်ခံနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။

ပြည်ပသို့တင်ပို့ကုန်၊ ပြည်ပမှတင်သွင်းကုန်၊ ဒေသတွင်းသုံးကုန်နဲ့ ပြည်တွင်းကုန်စည် စတဲ့ကုန်စည်အမျိုးအစား လေးမျိုးခွဲခြားထားပြီး ကုန်ပစ္စည်းသယ်ယူတဲ့ ကုန်ကားအမျိုးအစားပေါ်မူတည်ကာ အခွန်ကောက်တဲ့နှုန်းတွေ ကွာခြားသွားတာကို ချောင်းလမုရွာဂိတ်မှာ ကပ်ထားတဲ့ အခွန်သတ်မှတ်နှုန်းထား စာရွက်အရ သိရပါတယ်။

၂၂ ဘီးကားနဲ့ သယ်ယူလာတဲ့ ပြည်ပပို့ကုန်နဲ့ တင်သွင်းကုန်တွေကို အခွန်ခ ဘတ် ၂၀,၀၀၀၊ ဒေသတွင်းသုံးကုန်နဲ့ ပြည်တွင်းကုန်စည်ကို ဘတ် ၁၀,၀၀၀ နှုန်းနဲ့ သတ်မှတ်ထားတာတွေ့ရပါတယ်။

၁၄ ဘီး၊ ၁၂ ဘီး၊ ၁၀ ဘီးကားတွေနဲ့ သယ်လာတဲ့ ပြည်ပပို့ကုန်နဲ့ တင်သွင်းကုန်ကို အခွန်ခ ဘတ် ၁၀,၀၀၀၊ ဒေသတွင်းသုံးကုန်နဲ့ ပြည်တွင်းကုန်စည်ကို ဘတ် ၅,၀၀၀ နှုန်းသတ်မှတ်ထားပါတယ်။

၆ ဘီး ကားတွေမှာ ပြည်ပပို့ကုန်နဲ့ တင်သွင်းကုန်ကို အခွန်ခ ဘတ် ၇,၀၀၀ ၊ ဒေသတွင်း သုံးကုန်နဲ့ ပြည်တွင်းကုန်စည်ကို ဘတ် ၃,၀၀၀ နှုန်း သတ်မှတ်ထားပြီး ၄ ဘီးကားတွေမှာတော့ ပြည်ပပို့ကုန်နဲ့ တင်သွင်းကုန်ကို အခွန်ခ ဘတ် ၅၀၀ ၊ ဒေသတွင်းသုံးကုန်နဲ့ ပြည်တွင်းကုန်စည်ကို ကျပ် ၅၀,၀၀၀ နှုန်းနဲ့ သတ်မှတ်ထားတာတွေ့ရပါတယ်။

KNU တနင်္သာရီမြို့နယ်ဥက္ကဌ ပဒိုစောညာဝါးကတော့ “နိုင်ငံခြားကသွင်းကုန်နဲ့ နိုင်ငံခြားကို တင်ပို့တဲ့ ကုန်တွေကို အဓိကထားကောက်ခံတာပါ။ ဘာလို့လဲဆိုတော့ ပို့ကုန်သွင်းကုန်လုပ်နေတဲ့ ကုန်သည်တွေက စစ်ကောင်စီကနေ တင်သွင်းခွင့်ပါမစ်တွေယူထားရတာဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့ပတ်သက်မှုရှိတယ်။ သူတို့ကို အဓိက ပစ်မှတ်ထားပြီး အခွန်ကောက်ခံတာပါ” လို့ ဆိုပါတယ်။

KNU ရဲ့ ရှိနှင့်ပြီးသား အခွန်စည်းကြပ်မှုကို ပြန်လည်ဖော်ဆောင်တာဖြစ်ပေမဲ့ ညှိနှိုင်းကောက်ခံမှုသဘောဖြင့်သာ ကောက်ခံနေပြီး သတ်မှတ်ထားတဲ့ ဇယားထဲကအတိုင်း အတိအကျကောက်ခံရရှိမှု မရှိသေးဘူးလို့လည်း ပြောပါတယ်။

“ ချောင်းလမုဂိတ်မှာ ဘတ် ၃၀၀၀ တောင်းတာ မြန်မာငွေနဲ့ပေးမယ်ဆိုပြီး ညှိလိုက်တာ တစ်သိန်းခွဲနဲ့ ရတယ်ဗျ။ တွဲကားဆိုရင် ဆယ်သိန်းအထိပေးရတာတွေရှိတယ်” လို့ မြိတ်-ကော့သောင်း ကုန်တင်ကား ( ၆ ဘီးကား) မောင်းတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အခွန်ပမာဏနှုန်းထားသတ်မှတ်ကောက်ခံလာတာဟာ တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာက ဂိတ်တစ်ခုသာရှိသေးပေမဲ့ မြိတ်-ဘုတ်ပြင်း-ကော့သောင်းကားလမ်းတောက်လျှောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ စစ်ဆေးနေတဲ့ ဂိတ်ပေါင်း ၇ ခုထက်မနည်းရှိနေပြီး အဲ့ဒီဂိတ်တွေမှာလည်း ကျပ် ၅၀,၀၀၀ ကနေစပြီး ကျပ် ၂၀၀,၀၀၀ အထိ ပေးနေရတာတွေရှိတယ်လို့ ဒေသတွင်း ကုန်တင်ယာဥ်မောင်းတွေရဲ့ ပြောပြချက်အရသိရပါတယ်။

“ ချောင်းလမုဂိတ်မှာကောက်တာကြတော့ ပမာဏအရမ်းများတော့ ကုန်သည်တွေဆီက ပြန်တောင်းလိုက်တယ်။ ကျန်တဲ့ ဂိတ်တွေကြတော့ ငါးသောင်း၊ တစ်သိန်းနဲ့ ကိုယ်စိုက်ရတာများတယ်” လို့ နောက်ထပ် ဒေသတွင်း ကုန်တင်ယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။

ကုန်တင်ယာဥ်မောင်းသမားတွေအနေနဲ့ လမ်းတလျှောက်က စစ်ကောင်စီဂိတ်တွေမှာလည်း ဂိတ်ကြေးပေးရတာတွေရှိတယ်လို့ သိရပါတယ်။



ပုံစာ - တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာ၊ KNU ဂိတ်က အခွန်သတ်မှတ်နှုန်းထားစာရွက် (ဓါတ်ပုံ - စီဂျေ)

မြိတ်သတင်း

21 Oct, 09:44


■ ကျောက်ကာ စက်လှေမှောက်မှုနှင့် ပတ်သက်ပြီး ဒေသခံပရဟိတအသင်းအချို့နှင့် တွေ့ဆုံမေးမြန်းခြင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်တွင် ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ပြေးဆွဲနေသည့် စက်လှေတစ်စင်းမှာ အောက်တိုဘာ ၂၀ ရက်ညပိုင်းက ကျောက္ကာရွာမှ မြိတ်မြို့သို့ ထွက်ခွာစဉ် တိမ်းမှောက်ခဲ့သည်။

အဆိုပါစက်လှေတွင် ကျောင်းတက်မည့် ကျောင်းသားကျောင်းသူများအပါအဝင် လူ ၈၀ ကျော်ပါဝင်ခဲ့ပြီး ၆၀ ကျော်ကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်။ အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီအထိ အမျိုးသမီး အလောင်း ခုနစ်လောင်းနှင့် သုံးလအရွယ် ကလေးငယ်တစ်ဦး၏ အလောင်း စုစုပေါင်း ရှစ်ဦးကို ရှာဖွေတွေ့ရှိထားပြီး ကျန်ရှိသူများမှာ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ကာ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြိတ်မြို့ရှိ ပရဟိတအသင်းအချို့မှ တာဝန်ရှိသူအချို့ကို မေးမြန်းထားချက်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

■ ရွှေရောင်နေ့သစ်ပရဟိတအသင်းဥက္ကဌ ကိုအောင်သော်စံ

“လှေက ရွာကနေထွက်ပြီး ၁၅ မီနစ်ပဲ ကြာပါသေးတယ်၊ အိုဗာဝိတ်ဖြစ်နေတာရယ်၊ လေပြင်းတွေတိုက်၊ လျှပ်စီးလက်ပြီး ရာသီဥတုအနေထားတွေကြောင့် နစ်မြုပ်သွားတာလို့သိရတယ်၊ အခု ၉ တန်းကျောင်းသူနှင့် ၃ တန်းကျောင်းသူနှစ်ဦးပျောက်ဆုံးတဲ့ အထဲပါနေတယ်၊ လိုက်ရှာဖွေနေပါတယ်၊ ကုန်းလမ်းကနေကူညီ ဆောင်ရွက်ပေးဖို့ ပရဟိတ အသင်းတွေသွားဖို့ ကြိုးစားနေတယ်၊ ဒါပေမယ့် တိုက်ပွဲအနေထားကြောင့် ဘယ်လိုမှတိုးမပေါက်ဘူးဖြစ်နေတယ်၊ သေဆုံးတာက အမျိုးသမီးတွေချည်းဖြစ်နေတယ်၊ ၃ လအရွယ်ကလေးတစ်ဦးပါတယ်”

■ ချမ်းမြေ့နာရေးကူညီမှုအသင်းဥက္ကဌ ဦးအင်စွမ်

“ကျွန်တော်တို့အခု မြိတ်ပြန်ရောက်ပါတယ်၊ အလောင်း ၈ လောင်းရှာဖွေတွေ့ရှိထားတယ်၊ လှေမှာကခရီးသည် ၈၅ ဦးလိုက်ပါသွားတယ်လို့ သိရတယ်၊ အခု ၆၀ ကျော် အသက်ရှင်ပြန်တွေ့ထားတယ်၊ ၁၀ ကျော်ပျောက်နေတဲ့အနေထားပါ၊ ဒေသခံတွေပဲအဓိကရှာဖွေကယ်ဆယ်ပေးနေကြတယ်”
Eleven

1,930

subscribers

1,992

photos

15

videos