A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်း ကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုး အစားဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ် သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာ ကတော့ 28 Days Later တို့ Ex Machina ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ် တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက် တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲ အတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုး ကိုလည်း ပြထားပါတယ်။
ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ် တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန် မှာ စစ်သတင်းထောက် တစ်စုက သမ္မတရဲ့ နောက်ဆုံး အချိန်ကို အမိအရ သတင်းယူဖို့ ကားတစ်စီးနဲ့ ထွက်လာ ကြတာပါ။
ကြတာပါ။
တစ်လမ်းလုံးမှာ စစ်ရဲ့ အနိဌာရုံတွေတွေ့၊ တိုက်ပွဲတွေ ကြားထဲရောက်၊ နှစ်ဘက်တပ်တွေ စည်းမရှိကမ်းမရှိ ရက်စက်နေတာတွေကို ကျော်ဖြတ်ပြီး ဝါရှင်တန်ဒီစီကို အရောက်နှင်ကြရမှာပါ။ ငွေဈေးတွေထိုးကြပြီး ဒေါ်လာ ၃ဝဝ ပေးမှ ဆန်းဝှစ်တစ်လုံးပဲ ရတာတွေ၊ ကနေဒါ ဒေါ်လာဆိုမှ တန်ဖိုးရှိတာမျိုးတွေလည်း သဘာဝကျကျ တွေ့ရပါလိမ့်မယ်။ ကျန်တာတွေကတော့ စွန့်စားခန်းတွေ တစ်ခုပြီးတစ်ခု ဖြတ်လာရတာနဲ့တူပြီး တစ်ခန်းပြီးတိုင်း တွေးစရာတစ်ခုရတာမျိုးဖြစ်အောင်လည်း ပြထားပါ တယ်။ ကြည့်ဖြစ်အောင်ကြည့်ရမဲ့ ရုပ်ရှင်ထဲမှာ ပါပါ တယ်။
https://t.me/c/2069157466/2034
https://t.me/+u44Y4dmuAjwyY2I1