Latest Posts from Myanmar Now (@myanmarnownews) on Telegram

Myanmar Now Telegram Posts

Myanmar Now
Myanmar Now သည် မတရားမှုများကို စုံစမ်းဖော်ထုတ်သည့်သတင်းဌာနဖြစ်သည်။
56,058 Subscribers
786 Photos
17 Videos
Last Updated 09.03.2025 02:44

The latest content shared by Myanmar Now on Telegram

Myanmar Now

08 Mar, 09:55

5,079

“ပြည်သူကလည်း ကျွန်တော်တို့ကို ပြုပြင်ပေးရမယ်” အင်တာဗျူး
-----------------------------------
အရပ်သားများကို ခြိမ်းခြောက်၊ ရိုင်းစိုင်းစွာ ပြောဆိုပါက ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်ထားသော မကွေးတိုင်း လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ စုစည်းမှုအကြောင်း ဆက်သွယ် မေးမြန်းထားသည်။

ထိုတပ်ပေါင်းစုတွင် ပါဝင်သော ဒေါင်းစစ်အောင် (LPDF) အဖွဲ့၏ တာဝန်ခံဖြစ်သူ ကိုထူးလေးက မဟာမိတ်ဖွဲ့ခြင်း၊ ဒေသအခြေအနေတို့နှင့် ပတ်သက်ပြီး Myanmar Now ကို ပြောပြထားသည်။

ပုံစာ-NUG လက်အောက်ခံ မင်းဘူးခရိုင် PDF အမှတ် (၅) တပ်ရင်း တပ်ဖွဲ့ဝင်များ

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/61615/
Myanmar Now

07 Mar, 11:32

8,104

လူငယ်ဆရာဝန် ၈၀၀ ခန့် အမည်ပျက်စာရင်းသွင်းခံရ
-------------------------------
အာဏာမသိမ်းမီ အလုပ်သင်ဆရာဝန်ဖြစ်လာသူအများစုကို နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန်မယူမှု အကြောင်းပြချက်ဖြင့် စစ်တပ်က ဘွဲ့လက်မှတ်၊ ပြည်ပထွက်ခွင့်၊ ဆေးကုခွင့်များ ပိတ်ပင်လိုက်သည်။

ဆေးတက္ကသိုလ် ၄ ခုမှ နောက်ဆုံးနှစ် MBBS အပိုင်း(ခ) ၆/ ၂၀၁၈ အပတ်စဉ်မှ စားမေးပွဲအောင်မြင်ခဲ့သည့် ဆရာဝန် ၁၀၂၂ ဦးအနက် ၂၀၀ ခန့်ကိုသာ ဘွဲ့လက်မှတ်ထုတ်ပေးရန် စစ်ကောင်စီက ဆုံးဖြတ်ထားသည်။

ပုံစာ-၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကျန်းမာရေးဝန်ထမ်းများအပါအဝင် မန္တလေးဒေသခံ အများအပြား စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ - Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/61610/
Myanmar Now

07 Mar, 11:32

7,350

မုံရွာ-မန္တလေး လမ်းပေါ် တိုက်ပွဲတွင် ကလေးအပါအဝင် ခရီးသွား ၃ ဦးသေဆုံး
------------------------------------------
စစ်ဌာနချုပ်တစ်ခုအနီး တိုက်ပွဲဖြစ်ပွားခဲ့စဉ် အကာအကွယ်အဖြစ် အသုံးပြုခံရသည့် အမျိုးသမီး ၃ ဦး သေဆုံးရာ ထိုအထဲတွင် ၁ နှစ်ခွဲသမီးနှင့် သူ၏မိခင် ပါဝင်သွားသည်။

ပုံစာ-ပစ်ခတ်ခံရသော ခရီးသည်တင်ကား။ (ဓာတ်ပုံ- Kyaw Min Tun)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/61604/
Myanmar Now

07 Mar, 10:45

6,925

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များသို့ ရိက္ခာထောက်ပံ့ငွေ WFP ထက်ဝက်လျော့ချ
------------------------------------------
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှုကို လာမည့် ဧပြီလမှစ၍ ထက်ဝက်လျှော့မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ခဲ့သည်။ ယခင်က တစ်ဦးလျှင် ၁၂.၅ ဒေါ်လာဖြင့် ပေးဝေနေသည့် စားနပ်ရိက္ခာများကို ၆ ဒေါ်လာအထိ လျှော့မည်ဖြစ်ပြီး ဒုက္ခသည်များအတွက် အခက်အခဲများ ဖြစ်ပေါ်စေမည်ဟု ဆိုသည်။

WFP ၏ ရိက္ခာငွေလျှော့ချမှုကြောင့် ဒုက္ခသည်စခန်းများတွင် ရာဇဝတ်မှုများနှင့် ငတ်မွတ်မှုများ ဖြစ်ပေါ်နိုင်သည်ဟု ရိုဟင်ဂျာကျောင်းသားကွန်ရက် (RSN) က ပြောသည်။

ပုံစာ- ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင်နေထိုင်ကြရသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဇွန်လအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/61598/
Myanmar Now

07 Mar, 10:11

6,272

စစ်တွေ၊ ကျောက်ဖြူတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီး
--------------------------------------------------
ကျေးရွာ ၂ ရွာ ဒရုန်းဖြင့် ဗုံးကြဲခံရာ မီးလောင်ပျက်စီးသောနေအိမ် ၁၀၀ ကျော်ရှိမည်ဟု ယူဆရပြီး ဒေသခံအများအပြားမှာ ဘေးလွတ်ရာ ကြိုတင်တိမ်းရှောင်နေသောကြောင့် လူထိခိုက်မှုမရှိခဲ့ပေ။

ပုံစာ- ကျောက်ဖြူမြို့နယ်၊ ဦးကင်းရွာကို ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် မီးလောင်နေစဉ်။ (ဓာတ်ပုံ- ပေးပို့)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/61594/
Myanmar Now

07 Mar, 09:41

6,613

ဘုရားသုံးဆူမြို့မှ ကျားဖြန့်သမားများ လူမြင်ကွင်းမှ ပျောက်ကွယ်
---------------------------------------------------
တရုတ်ငွေလိမ်လုပ်ငန်းများကို တိုက်ဖျက်မှု အရှိန်ကောင်းနေချိန်တွင် နယ်စပ်ဒေသ ဘုရားသုံးဆူမြို့ အခြေစိုက် တရုတ်နိုင်ငံသား ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများ ခြေရာဖျောက်သွားကြသည်။

မြို့ပေါ်တွင် အပြောင်းအလဲတချို့ ဖြစ်ပေါ်နေသော်လည်း လောင်းကစားလုပ်ငန်းများ ရှိနေသေးသည်ဟု သိရသည်။

ပုံစာ-၂၀၂၄ ခုနှစ်က ဘုရားသုံးဆူမြို့အတွင်း တွေ့ရသည့် တရုတ်နိုင်ငံသားတချို့။ (ဓာတ်ပုံ-Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/61587/
Myanmar Now

06 Mar, 13:54

8,267

မကွေးတိုင်းတွင် လေတပ်တိုက်ခိုက်မှုကြောင့် တစ်လကျော်အတွင်း ၄၀ သေဆုံး
-----------------------------------------

ရက်ပေါင်း ၃၀ ကျော်အတွင်း မကွေးတိုင်းမှ ကလေးနှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၄၀ ကျော်မှာ စစ်တပ်၏ လေယာဉ်၊ အင်ဂျင်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည်။

စေတုတ္တရာမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့ အင်ဂျင်တပ်လေထီးသုံးပြီး ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ် ကလေး အပါအဝင် ၈ ဦး သေဆုံးသည်။

ပုံစာ-စစ်ကောင်စီတပ်အသုံးပြုလေ့ရှိသည့် တိုက်ခိုက်ရေး လေယာဉ်တစ်စီးကို ရှမ်းပြည်နယ် နမ့်ခမ်းမြို့ ကောင်းကင်ယံတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ် (ဓာတ်ပုံ - မြတ်ပန်း/Myanmar Now)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/61573/
Myanmar Now

06 Mar, 12:36

8,444

ကျားဖြန့်လုပ်သားများ သောင်တင်နေခြင်းအတွက် စစ်ကောင်စီကို DKBA အပြစ်တင်
--------------------------------------------
၂၂ နိုင်ငံမှ လူကုန်ကူးခံရသူ ၄၀၀ ကျော် နေရပ်ပြန်ရေး စီစဉ်ရသည်မှာ စိတ်ပင်ပန်းလှသည်၊ စစ်ကောင်စီကလည်း အချိန်ဆွဲနေသည်ဟု DKBA က ဆိုသည်။ စစ်ကောင်စီက အသင့်ဖြစ်နေပြီဟု သတင်းထုတ်ပြန်သည်။

ပုံစာ-ကရင်ပြည်နယ်၊ မြဝတီမြို့ ကျားဖြန့်လုပ်ငန်းများတွင် ခိုင်းစေခံရပြီး ကယ်ဆယ်ရရှိသူများ ထိုင်းနယ်စပ်သို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က ပြန်လည်ရောက်ရှိလာသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ − AFP)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/61569/
Myanmar Now

06 Mar, 12:20

7,552

ကွတ်ခိုင်မှ ဆန္ဒပြသူတို့ကို MNDAA ပစ်ခတ်၊ ၆ ဦးသေဆုံး
-------------------------------------
ဒေသခံတို့ကို ထိခိုက်စေသည့် အကြီးစားရွှေတူးဖော်မှုလုပ်ငန်းကို ကန့်ကွက်စဉ် ပစ်ခတ်ခံရသဖြင့် မြန်မာတရုတ်နယ်စပ် ကွတ်ခိုင်မြို့ ဒေသခံ အများအပြား သေဆုံး၊ ဒဏ်ရာရသွားကြသည်။

ဒေသခံတို့က ၎င်းတို့နယ်မြေအတွင်း လှုပ်ရှားသည့် လက်နက်ကိုင်အဖွဲ့များကို ထိုလုပ်ငန်း လုပ်ကိုင်ခြင်း မပြုရန် တောင်းဆိုခဲ့ဖူးသည်ဟု သိရသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/61564/
Myanmar Now

06 Mar, 11:16

7,551

သာပေါင်းအခြေစိုက်တပ်၏ ကာကင်းစခန်း ၂ ခုကို AA သိမ်းပိုက်
----------------------------------
AA ထိုးစစ် ဧရာဝတီတိုင်းအတွင်း ရွေ့လျားလာချိန်တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူ သုံးပြီး ခုခံသော်လည်း ခမရ ၃၀၈ ၏ ကာကင်းစခန်း ၂ ခုကို လက်လွှတ် လိုက်ရသည်။

ရခိုင်ရိုးမနှင့်ထိစပ်နေသော ဒေသတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA နှင့် မဟာမိတ်များ က ထိုးစစ်ဆင်နေရာ မကွေး၊ ပဲခူးတိုင်းတို့တွင်ပါ တိုက်ပွဲများ ဖြစ်ပွားလာသည်။

ပုံစာ-၂၀၂၄ မေလအတွင်းက တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AA Info Desk)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/61560/