Latest Posts from MMWeather (@mmweather) on Telegram

MMWeather Telegram Posts

MMWeather
မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကိုသာ မျှဝေတင်ပြပေးနေသည့် Channel ဖြစ်ပါသည်။
53,981 Subscribers
4,576 Photos
76 Videos
Last Updated 01.03.2025 00:56

Similar Channels

MPANews
22,791 Subscribers
Ooredoo Myanmar
19,286 Subscribers
NUG Myanmar
17,892 Subscribers

The latest content shared by MMWeather on Telegram


"ငအ"(IT)သမားဆိုတော့ ...
စာအုပ်မထုတ်ဘူး၊ Website ပေါ်မှာဘဲပေါ့ဗျာ -
အားလုံးလေ့လာနိုင်အောင် ပြန်ပြီး တင်ပေးထားပါတယ်။

သဘာဝဘေးအန္တရာယ်များနှင့် ကြိုတင်ခန့်မှန်းခြင်းနည်းပညာများ (Predictions over Natural Disasters by Meteorology and Climatology Forecasts)
https://www.mmweather.org/basic-trainings#h.v1bwmvdhwwuv

၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်း လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်စဉ်က မီးခိုးတွေဟာ အမြင့် မီတာ ၅၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လေတိုက်ရာဘက်ကို လွင့်ပါကာ ရန်ကုန်မြို့နယ်အချို့မှာ လေထုညစ်ညမ်းမှု ကြီးကြီးမားမားဖြစ်ခဲ့ပါတယ်။
လယ်ယာတွေ မီးရှို့တဲ့အခါမှာလဲ ဧရိယာကျယ်ပြန့်ရင် ကျယ်ပြန့်သလို မီးခိုးထွက်လာတာများပြီး နီးစပ်ရာ တိုင်းဒေသ/မြို့/ရွာတွေအထိ မီးခိုးတွေရောက်တယ်၊ လေထုညစ်ညမ်းမှုကိုမြင့်မားစေပါတယ်။

လေထုညစ်ညမ်းခြင်းသည် လူသားများနှင့် တိရိစ္ဆာန်တို့၏ ကျန်းမာရေးနှင့်အသက်ကိုခြိမ်းခြောက်နိုင်သော၊ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော၊ ဘေးအန္တရာယ်တခုဖြစ်တဲ့အတွက် အသေးစိတ်ပိုပြီးသိရှိလာကြစေရန် ဒီ post ထပ်တင်ပေးရတာဖြစ်ပါတယ်။

လေထုညစ်ညမ်းမှု သို့မဟုတ် လေထုအရည်အသွေးကိုတိုင်းတာတဲ့အခါ အောက်ဖေါ်ပြပါအချက်အလက်တွေပါဝင်ပါတယ် -
📌 AQI(Air Quality Index) လေထုအရည်အသွေးအညွှန်းကိန်း
📌 Ozone Concentration လေထုအတွင်းအိုဇုန်းဓါတ်ငွေ့ စုစည်းပါဝင်နှုန်း
📌 Pollen လေထုအတွင်းလွင့်မျောပျံ့နှံ့လျှက်ရှိသည့်ပန်းဝတ်မှုန်များ
📌 Desert Dust Concentration (ကန္တာရသဲမှုန်များ စုစည်းလွင့်မျောပါဝင်မှုအခြေအနေ)
📌 Atmospheric Particulate Matter (PM10 and PM2.5 လေထုအတွင်းအမှုန်အမွှားများပါဝင်မှုနှုန်း)
📌 Sulfur Dioxide (SO2 ဆာလ်ဖါဒိုင်အောက်ဆိုက်ပါဝင်မှုနှုန်း)
📌 Carbon Monoxide (CO ကာဗွန်မိုနောက်ဆိုက်ပါဝင်မှုနှုန်း)
📌 Nitrogen Dioxide (NO2 နိုက်တြိုဂျင်ဒိုင်အောက်ဆိုက်ပါဝင်မှုနှုန်း)
📌 Aerosol Optical Depth (AOD ပါဝင်မှုနှုန်း AOD ပါဝင်မှုအနည်းအများက နေရောင်ခြည်အပူဓါတ်ကိုစုပ်ယူခြင်းနှင့် နေရောင်ခြည်တိုက်ရိုက်ကျဆင်းနိုင်မှုကို တားဆီးခြင်း ၂ မျိုးအပေါ် သက်ရောက်မှုရှိသည်)
📌 Visibility - အဝေးမြင်နိုင်စွမ်း ... တွေဖြစ်ပါတယ်။
https://www.mmweather.org/special-weather-situation/air-pollution

🔸 အဲ့ဒီအချက်တွေထဲကမှ လေထုညစ်ညမ်းမှုမှာ တွေ့မြင်ရအများဆုံးနဲ့ အန္တရာယ်အရှိဆုံးက PM2.5 နဲ့ PM10 အမှုန်အမွှားလေးတွေပါဘဲ။
PM2.5 နဲ့ PM10 အရွယ်အစားရှိတဲ့ လေထုထဲက အမှုန်အမွှားတွေသည် WHO ရဲ့ စံနှုန်းသတ်မှတ်ချက်အရ တနှစ်လုံးပျမ်းမျှ 10 μg/m³ (annual mean) နဲ့ နေ့စဉ်ပါဝင်မှု 25 μg/m³ (daily mean)ဖြစ်တာကြောင့် ၃၀ μg/m³ ကျော်ရင် အသက်ရှုသွင်းလိုက်တိုင်း ကျနော်တို့ရဲ့အဆုတ်ထဲကို အမှုန်အမွှားရောက်ရှိနေတာ နှစ်နဲ့ချီပြီးအချိန်တွေကြာလေ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ဘို့များလေပါဘဲ။

🔸 နောက်တခုက ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့ပါဝင်မှုပါဘဲ။ Carbon Monoxide - CO ကာဗွန်မိုနောက်ဆိုက်ပါဝင်မှုနှုန်းကတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ မီးစက်များ၊ ဆေးလိပ်ငွေ့များ စတဲ့အရင်းအမြစ်များစွာမှ ထွက်လာတဲ့ ဓါတ်ငွေ့ဖြစ်ပြီး လေထုအတွင်းပါဝင်မှု အပုံသန်းပေါင်း ၁၀၀၀ ပုံ မှာ အပုံ ၅၀(50 ppb) ရှိနေရင် အန္တရာယ်ရှိတဲ့ level ဖြစ်ပါတယ်။ လူနေထူထပ်တဲ့ ရန်ကုန်နဲ့ မန္တလေးတိုင်းထဲမှာ အများဆုံးဖြစ်တာတွေ့ရပါမယ်။

ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့ အဆိပ်သင့်ခြင်း(CO poisoning)ကတော့ ကြောက်စရာအကောင်းဆုံးပါဘဲ။ CO Poisoning အဆိပ်သင့်တဲ့အခါ တုပ်ကွေးလက္ခဏာနဲ့ဆင်တူတာကြောင့် ချက်ချင်း သတိမထားမိတာ အစောပိုင်းလက္ခဏာတွေကို လျစ်လျူရှုမိတာဖြစ်တတ်ပြီး သတိလစ်မေ့မျောတဲ့အခါကျမှ ဘေးကင်းရာကိုသယ်ပို့ပေးမဲ့အကူအညီမရှိရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။

🔸 လေထုညစ်ညမ်းမှုအဆိုးဆုံးကာလဖြစ်တဲ့ ဆောင်းရာသီနဲ့ နွေရာသီအတွင်း မြန်မာနိုင်ငံပေါ်က လေထုညစ်ညမ်းမှုအခြေအနေကို ဒေသအလိုက်ကြည့်တဲ့အခါ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာ အများဆုံးဖြစ်တာတွေ့ရပါတယ်။

၂၀၂၅ ခုနှစ်၏ အစွန်းရောက်ရာသီဥတုဖြစ်စဉ် - "လာနီညာ" အခြေအနေ
====
ဖေဖေါ်ဝါရီ(၃)ရက် ညနေ ၃ နာရီ ၁၅ မိနစ်
ကိုးကား - NOAA Climate Prediction Center/NCEP issue Meteoblue SA Ensemble Global forecast
====

ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုပြောင်းလဲခြင်းတွေပြင်းထန်လာချိန်မှာ အယ်လ်နီညို/လာနီညာ ဆိုတဲ့အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေက အရင်လို ၆ နှစ် ၇ နှစ်မှာ တကြိမ်ဖြစ်တာမျိုးမဟုတ်တော့ပဲ အများဆုံး ၂ နှစ် ၃ နှစ် တကြိမ်၊ အနီးဆုံး ၁ နှစ်တကြိမ်လောက်အထိ ဖြစ်တာတွေစိပ်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁-၂၀၂၃ ခုနှစ်တွေမှာ လာနီညာနှစ်ရှည်ဖြစ်ပေါ်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်မှာ ဆက်လိုက်လာတဲ့ အယ်လ်နီညိုရဲ့ အစွန်းရောက်ဖြစ်စဉ်ကြောင့် အပူလွန်ကဲမှုဒဏ်ကို ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာလည်းကောင်းကောင်းခံစားလိုက်ကြရပါတယ်။ အပူလွန်ကဲမှုရဲ့နောက်ဆက်တွဲအနေနဲ့ တောင်တရုတ်ပင်လယ်ဘက်က တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်မှတဆင့် ဆိုးရွားတဲ့ ရေကြီးခြင်းဖြစ်စဉ်ကိုပါ မြန်မာနိုင်ငံမှာ ကြုံတွေ့လိုက်ကြရပါတယ်။

၂၀၂၅ ခုနှစ်မှာတော့ အားပျော့တဲ့ လာနီညာဖြစ်စဉ်က -
အီကွေတာတလျှောက် အရှေ့လေစီးကြောင်းအားကောင်းလာခြင်း၊
အရှေ့မြောက်မုတ်သုံလေအားကောင်းလာခြင်းနဲ့
အိန္ဒိယနိုင်ငံအနောက်မြောက်ဘက် အေးမြတဲ့ဒေသတွေကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေအေးစီးကြောင်းအားကောင်းလာခြင်း .. စတဲ့ လေစီးကြောင်းအခြေအနေတွေကြောင့် ဆောင်းရာသီရက်ရှည်ကြာပြီး လေထုအထက်လွှာအတွင်းအထိ လေထုအပူချိန်များကျဆင်းနေဆဲ ဖြစ်ပါတယ်။

လာနီညာဖြစ်စဉ်က ၂၀၂၅ ခုနှစ် မတ်/ဧပြီလတွေအထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ပြီး အဲ့ဒီကာလကိုကျော်လွန်တဲ့အခါ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များကင်းလွတ်တဲ့ NEUTRAL ရာသီဥတုဖြစ်လာနိုင်မယ်လို့ NOAA ရဲ့ ဖေဖေါ်ဝါရီ ၃ ရက် ထုတ်ပြန်ချက်မှာ ထပ်မံအတည်ပြုထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဒီလိုပုံမှန်ဖြစ်လာမဲ့ ရာသီဥတုအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ မိုးကာလသည်လည်း မိုးကြိုကာလ(ဧပြီ ၁၆ ရက်မှ မေလ ၁၅ ရက်အတွင်း)မှာ မိုးဦး စ ကျနိုင်ကြောင်းခန့်မှန်းချက် ရှိနေတာ ဖြစ်ပါတယ်။ မိုးဦးကာလ(မေ ၁၆ ရက်မှ ဇွန် ၃၀ ရက်အတွင်း) မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအပါအဝင်၊ မြန်မာနိုင်ငံတောင်ပိုင်းဒေသအားလုံးမှာ နှစ်စဉ်ရွာသွန်းမြဲအထက် မိုးရေချိန် ၁၀ မီလီမီတာမှ ၆၀ မီလီမီတာအထိ မိုးပိုမိုရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။ မိုးရေချိန်အနည်းအများကြိုတင်ခန့်မှန်းချက်တွေက ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေမှာ မိုးကြိုကာလနဲ့ မိုးဦးကျကာလအတွင်းဖြစ်လာနိုင်တဲ့ ထူးခြားမိုးလေဝသဖြစ်စဉ်တွေပေါ် မူတည်ပြီး ပြောင်းလဲမှုရှိလာနိုင်တာကြောင့် အဲ့ဒီကာလအတွင်းဖြစ်လာနိုင်မဲ့ မိုးလေဝသအခြေအနေများကို မျက်ခြည်မပြတ်ဆက်လက်စောင့်ကြည့်နေကြဘို့တော့လိုအပ်ပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်။

Windy ICON model(Germany)ရဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ -

ဖေဖေါ်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေထဲမှာ မြူဆိုင်းတဲ့ရာသီဥတုအခြေအနေ(Foggy Weather Condition or Mist) ဖြစ်နိုင်မယ်လို့ တွေ့ရပါတယ်။ အထက်မြန်မာပြည်လေဆိပ်(မန္တလေး လေဆိပ်)မှာတော့ မြူဆိုင်းနိုင်မဲ့အခြေအနေ မတွေ့ရသေးပါ။

ဒီလိုဖြစ်တတ်တာဟာ နှစ်စဉ်ဆောင်းအကုန်-နွေအကူး ဖေဖေါ်ဝါရီလအတွင်း တွေ့ရတတ်တဲ့ ပုံမှန်ရာသီဥတုအခြေအနေပါဘဲ။ မနက်အစောပိုင်း ၉ နာရီလောက်အထိ အမြင်တာ(Visibility)လျော့ကျပြီး လေယာဉ်တွေတက်ရင် အန္တရာယ်ရှိနိုင်တာကြောင့်လေယာဉ်ကွင်းပိတ်ရတဲ့အထိ လေဆိပ်တာဝန်ရှိသူများက ဆောင်ရွက်ကြရပါတယ်။

လက်ရှိအချိန်အထိ ကြိုတင်ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၂၀၂၅ ခုနှစ် Fog ကျတာ(မြူဆိုင်းတာ)က အနည်းငယ်စောနိုင်ကြောင်းလဲ တွေ့ရပါတယ်။

လေယာဉ်တွေအပြင်၊ သင်္ဘောတွေနဲ့ အမြန်လမ်းပေါ်က ခရီးသွားတွေပါ မနက်စောစောအချိန်မှာ သတိထားရမဲ့ ရာသီဥတုအခြေအနေဖြစ်တာကြောင့် အသိပေး/သတိပေးလိုက်ပါတယ်။

(ဖေဖေါ်ဝါရီ ၃ ရက် နေ့လည် ၁ နာရီခွဲ)

လေထုညစ်ညမ်းမှုအခြေအနေများ
ဇန်နဝါရီ ၃၁ ရက် - နေ့လည် ၁ နာရီ
GSM 3 Weather Station Data + IQAir

"လေရူး" နှင့် "မီးဘေးအန္တရာယ်" အထူးသတိပြုကြပါရန်
=====
ဖေဖေါ်ဝါရီလ လဆန်းပိုင်းအတွင်း နေ့အပူချိန်များ ၃၅ °C အထိမြင့်တက်လာနိုင်ကာ လားရာအစုံမှလေရူးတိုက်ခတ်ခြင်း တနာရီ ၁၅ မိုင်အထက်ရှိနေနိုင်၍ မီးသတိပြုကြပါရန်။

ဖေဖေါ်ဝါရီလဆန်းပိုင်းမှာ ကချင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာသာ မိုးရွာနိုင်ချေကိုတွေ့မြင်ရပြီး ကျန်ပြည်နယ်တိုင်းဒေသတွေအားလုံးမှာ မိုးရွာနိုင်မဲ့ အခြေအနေမတွေ့ရပါ။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၃ °C မှ ၃၅ °C အထိမြင့်တက်လာနိုင်ကြောင်းတွေ့ရပြီး အနိမ့်ဆုံးအပူချိန်တွေကတော့ ၂၀ °Cအောက်မှာ ဆက်ရှိနေနိုင်သေးကြောင်းတွေ့ရပါတယ်။

အလယ်ပိုင်းဒေသတွေ ဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်တိုင်းတွေမှာတော့ နေ့အပူချိန်တွေ ၃၀ °C ကျော်ရုံသာမြင့်တက်ပြီး အနိမ့်ဆုံးအပူချိန်တွေကတော့ ဆက်လက်ကျဆင်းကာ အအေးပိုနေဦးမှာဖြစ်ကြောင်းတွေ့ရပါတယ်။

Screen-shot အချို့ကို တွဲတင်ပေးထားပြီး ကိုယ့်မြို့နယ်တွေအတွက် ကိုယ်တိုင်ကြည့်နိုင်အောင်လဲ စီစဉ်ပေးထားပါတယ်။
https://www.mmweather.org/divisional-cities-weather

ဇန်နဝါရီလ ၃၀ ရက်၊ ညနေ ၄ နာရီ ၁၅ မိနစ်

ဖေဖေါ်ဝါရီလ ၃ ရက် - အမြင့်ဆုံးအပူချိန်ဖြစ်နိုင်ချေ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေထဲက ဒေသတချို့ရဲ့ နေ့အပူချိန်တွေ မြင့်တက်လာနိုင်ပြီး ညနဲ့ နံနက်အစောပိုင်းအပူချိန်တွေကတော့ ဆက်လက်ကျဆင်းနေနိုင်ပါဦးမယ်။

ဇန်နဝါရီလကုန်ပိုင်းမှာ တိမ်ပါးပါးဖြစ်ထွန်းလာပြီး မိုးအုံ့လာတာကြောင့် နေ့အပူချိန်တွေနည်းနည်းကျလာပေမဲ့ ညအပူချိန်တွေကပြန်တက်ပြီးအအေးပေါ့လာပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့နဲ့ ဖေဖေါ်ဝါရီလဆန်းပိုင်းရက်တွေမှာ တိမ်ဖြစ်ထွန်းမှုပြန်လည်လျော့ကျပြီး နေ့အပူချိန်တွေပြန်တက်လာမယ်၊ ညအပူချိန်တွေလျော့ကျပြီး ပြန်အေးလာပါဦးမယ်။

ဖေဖေါ်ဝါရီလကုန် မတ်လဆန်းအထိ အထက်လေထုအလွှာအတွင်းက အပူချိန်တွေကျဆင်းနေချိန်မှာ လေထုညစ်ညမ်းမှုအခြေအနေတွေကတော့ ဆက်ပြီးမြင့်တက်နေနိုင်ပါဦးမယ်။ မူလအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါအခံရှိနေသူတွေကတော့ နံနက်အစောပိုင်းအချိန်တွေမှာ အသက်ရှုကြပ်တာ/အသက်ရှုရခက်ခဲလာတာမျိုး ပိုဖြစ်လာနိုင်ကြောင့် ရောဂါအခံရှိရှိ-မရှိရှိ အပြင်ထွက်တဲ့အခါ Mask တပ်ပြီးထွက်တာကတော့ အကောင်းဆုံးပါဘဲ။