Postagens do Canal MMWeather

မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကိုသာ မျှဝေတင်ပြပေးနေသည့် Channel ဖြစ်ပါသည်။
53,981 Inscritos
4,576 Fotos
76 Vídeos
Última Atualização 01.03.2025 00:56
Canais Semelhantes

11,585 Inscritos

6,150 Inscritos

3,835 Inscritos
O conteúdo mais recente compartilhado por MMWeather no Telegram
၂၀၂၅ ခုနှစ် - မတ်လ ၁ ရက် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်ယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နှင့် ချင်းပြည်နယ်/ရခိုင်ပြည်နယ်ဒေသအချို့တို့တွင် 9 to 10 အထိရှိပြီး မြင့်မားနိုင်သည်။ (Meteoblue)
Does getting a tan or having darker skin protect from UV rays?
Anyone who spends time outdoors in the sun is at risk for skin damage from UV radiation. People with light skin are much more likely to have their skin damaged by UV rays (and to get skin cancer), but darker-skinned people, including people of any ethnicity, can also be affected.
For some people with certain skin tones, their skin tans when it absorbs UV rays. The tan color is caused by an increase in the activity and number of melanocytes. Melanocytes are the cells that make a brown pigment called melanin. Melanin helps block out damaging UV rays up to a point, which is why people with naturally darker skin are less likely to get a sunburn.
People with lighter or more pale skin have less melanin. They are more likely to burn from UV rays rather than tan. How quickly a person’s skin can redden when exposed to UV rays can vary, but usually, the fairer or lighter the skin, the quicker it will burn.
Sunburns can greatly increase your risk of skin cancer, including basal and squamous cell cancers and melanoma. But even for people who don’t usually get sunburned, UV exposure increase the risk of skin cancer.

"များစွာအပူမပြင်းနိုင်သည့် ၂၀၂၅ ခုနှစ်၏ နွေရာသီ လာတော့မည်"
ဖေဖေါ်ဝါရီ ၂၆ ရက် - ည ၁၀ နာရီ ၁၅ မိနစ်
====
MMWeather Knowledge Site မှ တင်ပေးထားသော ပြည်နယ်တိုင်းမြို့များ၏ နောက်လာမည့် ၄ ရက်အတွက်ကြိုတင်ခန့်မှန်းချက် weather widget မျာအရ မတ်လ လဆန်းရက် များမှစတင်၍ ပြည်နယ်/တိုင်းများအတွင်း အမြင့်ဆုံးနေ့အပူချိန်များ အောက်ပါအတိုင်း ရှိလာနိုင်ပါမယ် -
ဧရာဝတီတိုင်း ၃၇°C ၊ ကချင်ပြည်နယ် ၃၁°C ၊ ကယားပြည်နယ် ၃၆°C ၊ ကရင်ပြည်နယ် ၃၈°C ၊ ချင်းပြည်နယ် ၂၅°C ၊ စစ်ကိုင်းတိုင်း ၃၅°C ၊ ပဲခူးတိုင်း ၃၈°C ၊ မကွေးတိုင်း ၃၇°C ၊ မန္တလေးတိုင်း ၃၆°C ၊ မွန်ပြည်နယ် ၃၅°C ၊ တနင်္သာရီတိုင်း ၃၃ °C ၊ နေပြည်တော် ၃၇°C ၊ ရန်ကုန်တိုင်း ၃၇°C ၊ ရခိုင်ပြည်နယ် ၃၄°C ၊ ရှမ်းပြည်နယ် ၃၄°C ။
မိုးရွာသွန်းနိုင်ချေနှင့် တိမ်ဖြစ်ပေါ်နိုင်သည့် အခြေအနေ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နန်းယွန်း၊ ပန်ဆောင်းတောင်ကြား၊ လဟယ်မြို့တွေနဲ့ ကချင်ပြည်နယ်အတွင်းက ပူတာအို၊ နောင်မွန်း၊ မချမ်းဘော၊ ချီဖွေ၊ ဆွန်ပရာဘုမ် စ တဲ့ မြို့တွေမှာ မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းမှအပ ကျန်ပြည်နယ်တိုင်းများမှာ များသောအားဖြင့် တိမ်ကင်းစင်နေနိုင်ပါမယ်။
✏️ နောက်လာမည့် ၄ ရက်အတွက် မိုးလေဝသအခြေအနေများလေ့လာကြည့်ရှုနိုင်ရန် Weather Widget များကို တင်ပေးထားပါတယ် - https://www.mmweather.org/divisional-cities-weather

လာနီညာ update
ဖေဖေါ်ဝါရီ ၂၅ ရက် - နေ့လည် ၂ နာရီ ၁၅ မိနစ်
====
✏️ ၂၀၂၅ ခုနှစ်၊ လာနီညာအခြေအနေအတွက် ထုတ်ပြန်ချက်အသစ်(၂၄ ဖေဖေါ်ဝါရီ)မှာ NOAA-CPC ကထုတ်ပြန်ထားပါတယ်။
✏️ ဖေဖေါ်ဝါရီ ၂၄ ရက် ထုတ်ပြန်ချက်အရ အားပျော့တဲ့ လာနီညာ ဆက်လက်တည်ရှိနေပြီး ၂၀၂၅ ခုနှစ် မတ်လမှ မေလအတွင်း ENSO ပုံမှန်ရာသီဥတုအခြေအနေကို ကူးပြောင်းနိုင်ချေ ၆၆% ရှိကြောင်းပါဝင်တာကြောင့် ၂၀၂၅ ခုနှစ် မေ လ ဆိုရင်တော့ လာနီညာမဟုတ်-အယ်လ်နီညိုမဟုတ် - တနည်းပြောရရင် အစွန်းရောက်ရာသီဥတုမရှိတဲ့ ပုံမှန်ရာသီဥတုအခြေအနေကို ရောက်ရှိလာမယ်လို့ ခန့်မှန်းနိုင်ပါတယ်။
✏️ ပြီးခဲ့တဲ့ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့များမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းတိုင်းတိုက်ခတ်လာတဲ့ အေးမြခြောက်သွေ့သော လေအေးစီးကြောင်းက တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းပြီး ကပ္ပလီပင်လယ်အထိ ဝင်ရောက်လာတဲ့ ပူနွေးစိုစွတ်သော အရှေ့မြောက်လေနွေးစီးကြောင်းနဲ့တွေ့ဆုံကာ မိုးတိမ်များဖြစ်ပေါ်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသအချို့မှာ အချိန်အခါမဟုတ်မိုး အနည်းငယ်မှ အသင့်အတင့်ရွာသွန်းခဲ့ပါတယ်။
✏️ ၂၅ ရက်နေ့ပြီးရင် နေ့အပူချိန်များပြန်လည်မြင့်တက်လာပြီး အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းရပ်တန့်သွားမှာဖြစ်ပါတယ်။ အားပျော့တဲ့ လာနီညာ က ဆက်ရှိနေသေးတာကြောင့် နေ့အပူချိန်များလွန်ကဲစွာမြင့်တက်ခြင်းမရှိပဲ ညဘက်နဲ့ နံနက်အစောပိုင်းအပူချိန်များလည်း ပုံမှန်ဆောင်းရာသီကဲ့သို့ ဆက်လက်ကျဆင်းပြီး အေးနေဦးမှာပါဘဲ။
✏️ ၂၀၂၅ ခုနှစ်ရဲ့ မိုးကြိုနဲ့ မိုးဦးကာလများ(ဧပြီ ၁၆ ရက်မှ - ဇွန်လ ၃၀ ရက်)အတွင်း မိုးဦးကျချိန် စောနိုင်ပါတယ်၊ "မိုးဦးကျမိုး"အနည်းအများ ခန့်မှန်းချေအတွက်ကိုတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေမှာ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာနိုင်ချေကို စောင့်ကြည့်ပြီးမှ တင်ပြပေးသွားပါမယ်။

ဖေဖေါ်ဝါရီ ၂၄ ရက်နေ့မှာ အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့ပြီး ခေတ္တမိုးသည်းထန်ခဲ့တဲ့ Weather Station များရဲ့ မှတ်တမ်းဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ မနက် ၆ နာရီ ၄၀ မှ ည ၆ နာရီ ၄၀ အထိ တိမ်များရွေ့လျားဖြစ်ပေါ်သည့်အခြေအနေ ဂြိုဟ်တုပုံ - WINDY။
"အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း ဖေဖေါ်ဝါရီ ၂၅ ရက်နေ့နောက်ပိုင်းတွင် လျော့ကျပြီးဆုံးသွားနိုင်မည်"
(ဖေဖေါ်ဝါရီလ ၂၄ ရက် ၊ ညနေ ၅ နာရီ ၄၀ မိနစ်)
=====
နောက်နေ့တွေမှာတော့ တနင်္သာရီတိုင်းကလွဲရင် ကျန်ပြည်နယ်တိုင်းဒေသအားလုံးမှာ အချိန်အခါမဟုတ်မိုးရွာခြင်းလျော့နည်းသွားပါမယ်။
၂၀၂၅ ခုနှစ်ရဲ့ တတိယလ(မတ်လ)အတွင်း၊ တနင်္သာရီတိုင်းမှာ မိုး ပုံမှန် စ ကျနိုင်ပြီး၊ ဧပြီလထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေကလွဲရင် တနိုင်ငံလုံးမှာ မိုးရွာတာ ဆက်လာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။ (ပုံ)
ဒါက ကြိုတင်ခန့်မှန်းချက်ဖြစ်တာကြောင့် .. လက်တွေ့ဖြစ်လာမဲ့ မိုးလေဝသအခြေအနေတွေကိုလဲ ဆက်လက်တင်ပြပေးသွားပါဦးမယ်။

ရန်ကုန် "လှိုင်သာယာ" မှာ မိုးရွာသည့်နှုန်း 108mm/hr = တနာရီ ၄.၂၅ လက်မနှုန်း(မိုးသည်းထန်) ရွာသွန်းခဲ့တာတွေ့ရပါတယ်။
ဒီနေ့ဖေဖေါ်ဝါရီ ၂၄ ရက် အတွက်
စုစုပေါင်း မိုးရေချိန် ၁ လက်မအတိ(25.4 mm)ရှိခဲ့ကြောင်း ... တပ်ဆင်ပြီး လှိုင်သာယာ weather station record အရ သိရပါတယ်။
ကျန် station တွေမှာ မိုးရွာနှုန်း များပေမဲ့ မိုးရေချိန် လက်မဝက်ခန့် အများဆုံး ရှိခဲ့ကြောင်းတွေ့ရပါတယ်။

All heavy clouds heading towards Thailand.
ကပ္ပလီပင်လယ်ထဲကတဆင့် ဖြစ်လာတဲ့ တိမ်တွေအားလုံး ထိုင်း ဘက်ကိုသွားနေတာတွေ့ရပါမယ်။
(ဖေဖေါ်ဝါရီ ၂၄ ရက် နံနက် ၈ နာရီ ၁၁ မိနစ်မှ နေ့လည် ၂ နာရီ ၁၁ မိနစ်အထိ ဂြိုဟ်တုတိမ်ပုံ)