🍓 다니
လက်ရှိကာလ အတွေ့အကြုံ ၊ အမှန်တရားကိုပြောဆိုတဲ့အခါ ၊ ထိတ်လန့်အံ့သြတဲ့အခါ နှင့် တစ်ခြားလူရဲ့ အတွေ့အကြုံကို မေးမြန်းတဲ့အခါမှာ အသုံးပြုပါတယ်။
စကားလုံး အဆုံးသတ်အနေနဲ့လည်း အသုံးပြုပြီး စကားဆက်အနေနဲ့လည်း အသုံးပြုပါတယ်။
🍓 더니
အတိတ်ကာလက အတွေ့အကြုံ ၊ တစ်ခုခုက အတိတ်နဲ့ မတူဘဲ ပြောင်းလဲသွားသောအခါနှင့် အမှန်တရားတစ်ခုကို ပြောဆိုသောအခါနှင့် မေးမြန်းသောအခါ ၊ ပြောသူရဲ့ အတွေ့အကြုံနှင့် တစ်ခုခုကို စိတ်မကောင်းနှမြောတသ ဖြစ်သောအခါ၊ ဝေဖန်အပြစ်တင်တဲ့အခါမှာ အသုံးပြုပါတယ်။
စကားလုံး အဆုံးသတ်အနေနဲ့လည်း အသုံးပြုပြီး
စကားဆက်အနေနဲ့လည်း အသုံးပြုပါတယ်။
Example
👉 다니 ရဲ့ ဉပမာလေးတွေပါ။
(1) 여름에 눈이 오다니 믿을 수가 없어요.
နွေရာသီမှာ နှင်းကျတယ် ဆိုတော့ ယုံတောင်မယုံနိုင်ဘူး။
( ထိတ်လန့်အံသြခြင်းနှင့် လက်ရှိအတွေ့အကြုံ )
(2) 그 사람한테 돈을 빌려주다니 이해할 수가 없네.
အဲ့ဒီလူကို ပိုက်ဆံချေးပေးလိုက်တယ်ဆိုတော့ နားကို မလည်နိုင်ဘူး။
( ထိတ်လန့်အံ့သြခြင်းနှင့် လက်ရှိအတွေ့အကြုံ)
(3) 친구를 속이다니 , 어떻게 그럴 수 있어.
သူငယ်ချင်းကို လှည့်စားတယ်ဆိုတော့ ဘယ်လိုများ
ဒီလို လုပ်နိုင်ရတာလဲ
( ထိတ်လန့်အံ့သြခြင်းနှင့် လက်ရှိအတွေ့အကြုံ)
(4) 수미가 그렇게 많이 먹다니!
ဆူမီက ဒီလိုမျိုး အများကြီး စားတယ်ဆိုတော့!
(ထိတ်လန့်အံသြခြင်း၊လက်ရှိအတွေ့အကြုံနှင့် စကားလုံး အဆုံးသတ်ပုံစံ)
👉 더니 ရဲ့ ဉပမာလေးတွေပါ
(1) 수미가 그렇게 많이 먹더니!
ဆူမီက ဒီလိုမျိုး အများကြီးစားခဲ့တယ်ဆိုတော့!
(ဝေဖန်အပြစ်တင်ခြင်း၊ အတိတ်ကာလကအတွေ့အကြုံ နှင့် စကားလုံးအဆုံးသတ်ပုံစံ )
(2) 아침에는 춥더니 지금은 따뜻해요.
မနက်တုန်းက အေးနေပြီး အခုတော့ နွေးတယ်။
( အတိတ်ကာလနှင့်မတူဘဲ ပြောင်းလဲသွားခြင်း)
(3) 어제 면접 보러 가시더니 면접 잘 보셨어요?
မနေ့က အင်တာဗျူးဖြေဖို့ သွားခဲ့တယ်ဆိုတော့ အင်တာဗျူး ကောင်းကောင်း ဖြေနိုင်ခဲ့လား?
( အတိတ်ကာလက အတွေ့အကြုံကို ပြန်လည်မေးမြန်းခြင်း)
(4) 수미 씨가 열심히 공부하더니 한국어를 잘하게 됐어요.
ဆူမီက ကြိုးကြိုးစားစား စာ လေ့လာခဲ့တယ်ဆိုတော့ ကိုရီးယားစာ ကောင်းကောင်းကျွမ်းကျင်သွားပြီ။
(အတိတ်ကာလက ပြောသူရဲ့ အတွေ့အကြုံနှင့် ပြောင်းလဲသွားခြင်း )
ကျေးဇူးတင်ပါတယ်ရှင့် 🤗🤗🤗
သင်တန်းလေးလည်း စုံစမ်းနိုင်ပါတယ်ရှင်။
#MiSokoreanlanguageclass