Bibeop Notes (비법 노트) @bibeopnotesbyfang Channel on Telegram

Bibeop Notes (비법 노트)

@bibeopnotesbyfang


🍀Share about Korean Learning & Teaching Resources🍀

Bibeop Notes (비법 노트) (English)

Are you looking to enhance your Korean language skills? Look no further than Bibeop Notes (비법 노트) on Telegram! This channel, managed by user @bibeopnotesbyfang, is dedicated to sharing valuable Korean learning and teaching resources. Whether you are a beginner looking to start your Korean language journey or an advanced learner seeking to refine your skills, Bibeop Notes has something for everyone. From grammar tips to vocabulary lessons, cultural insights to language practice exercises, this channel covers it all. Join us today and take your Korean language proficiency to the next level with Bibeop Notes (비법 노트)!

Bibeop Notes (비법 노트)

17 Nov, 14:03


✌️King Sejong က App လေးတွေနဲ့ ကိုရီးယားစာ လေ့လာမယ်✌️

ဒီတခါ ပို့စ်မှာတော့ ကိီုရးယားစာ လေ့လာနေသူများအတွက် အထောက်အကူ ဖြစ်စေမယ့် Mobile App လေးတွေ အကြောင်းကို ဝေမျှပေးချင်ပါတယ်။ ပုံမှန် ဖတ်စာအုပ်ကြီးတွေနဲ့ လေ့လာနေတဲ့ သမားရိုးကျ ပုံစံတွေကနေ ခွဲပြီးတော့ ကိုရီးယားဘာသာစကားကို self-study လုပ်နေသူတွေအတွက် fun ဖြစ်ဖြစ် လေ့လာလို့ ရမယ့် King Sejong Foundation တွေကနေ ထုတ်လုပ်တဲ့ App လေးတွေကို အသုံးပြုရင်းနဲ့ မိမိရဲ့ ကိုရီးယားစာကို Level up လုပ်ကြည့်ပါနော်။

Bibeop Notes (비법 노트)

11 Nov, 12:31


🤵‍♂️👰‍♀️ကိုရီးယားလို Wedding Invitation Letter လေးတွေ ရေးကြည့်မယ်🤵‍♂️👰‍♀️

💕ကိုရီးယားမှာတော့ မိမိရဲ့ အသိမိတ်ဆွေ အပေါင်းအသင်းတို့ကို နှစ်ဉီးသား လက်ထပ်တော့မယ်ဆိုတာကို အသိပေးတဲ့ အကြောင်းအရာကို မင်္ဂလာဖိတ်စာမှာ ကိုရီးယားလို စီကာပတ်ကုံးလေးနဲ့ ရေးတတ်ကြပါတယ်။

💕ဖေ့ဘုတ်မှာ တော်တော်များများ I said YES ဆိုပြီး trend ဖြစ်ခဲ့တာကြောင့် ဒီတခါမှာတော့ သူများထက်စာရင် ကိုရီးယားဆန်ချင်သူတွေအတွက် ကိုရီးယားလိုမျိုး မင်္ဂလာဆောင် ဖိတ်စာ ဖိတ်တဲ့အခါ ဘယ်လိုမျိုးတွေ ရေးသားကြသလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

ယောရောဘွန်းတို့အလှည့်ကြရင်လဲ ဘယ်လို ရေးကြမလဲ တခါတည်း ကြိုစဉ်းစားထားကြနော်😉

Bibeop Notes (비법 노트)

31 Oct, 13:59


ဒီမှာပါတဲ့ တချို့ မီးနင်း အသုံးအနှုန်းလေးတွေက 한자, 사자성어 စတဲ့ စာလုံးတွေ ပါပေမယ့်လဲ အကြောင်းအရာပိုင်းကို ခြုံငုံပြီး ဖတ်ကြည့်ရင်တော့ 중급 (4급) အဆင့်လောက်ရှိတဲ့ သူတွေအနေနဲ့ ဖတ်နိုင်လိမ့်မယ် ထင်တယ်။

Bibeop Notes (비법 노트)

10 Oct, 14:00


👉TOPIK အဖြေလွှာရေးနည်း👈

အားလုံးပဲ မကြာခင် ဖြေဆိုရတော့မယ့် TOPIK စာမေးပွဲ အဖြေလွှာ ဖြည့်ရာမှာ သိထားသင့်တဲ့ အချက်တွေ အကြောင်းကို ဝေမျှပေးလိုက်ပါတယ်။ စာမေးပွဲခန်းထဲမှာလဲ ဆရာ၊ဆရာမတွေက ရှင်းပြပေးပါတယ်။ ဒါပေမယ့် ကြိုတင်ပြီး လေ့လာထားချင်သူများအတွက် 답안지 လို့ခေါ်တဲ့ အဖြေလွှာ စာရွက်ပေါ်မှာ ဘယ်လို အချက်အလက်လေးတွေ ဖြည့်စွက်ရမလဲဆိုတာကို အောက်က ပုံလေးတွေမှာ လေ့လာကြည့်ပေးပါဉိးနော်။ ဗီဒီယို သဘောမျိုး လေ့လာချင်တဲ့ သူများအနေနဲ့ ဒီအောက်က လင့်ဒ်လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/qbeXD3TFy80?si=FL7QlXq51MZ0VNZv

Bibeop Notes (비법 노트)

10 Oct, 14:00


👉စာမေးပွဲခန်းထဲရောက်ရင် ဆရာမတွေက TOPIK 1 (듣기+읽기) အတွက် အဖြေလွှာ ၁ ရွက် , TOPIK 2 (듣기+쓰기, 읽기) အတွက် အဖြေလွှာ ၃ ရွက် ပေးပါလိမ့်မယ်။
👉စာမေးပွဲခန်းထဲမှာတော့ အဖြေလွှာဖြည့်စွက် ရေးသားတဲ့အခါဖြစ်စေ၊ အဖြေမှန် ရွေးချယ်တဲ့အခါ ဖြစ်စေ သူတို့ ပေးထားတဲ့ ဘောပင်ကိုသာ အသုံးပြုပြီး ဖြည့်စွက် ရေးသားရမှာ ဖြစ်ပါတယ်။
👉စာရွက်ရလာခဲ့ရင် ပုံပါအတိုင်း နာမည်ကို (အင်္ဂလိပ်လို၊ ကိုရီးယားလို) ရေးရမှာပါ။ ထို နာမည် စာလုံးပေါင်းတွေသည် ကျွန်မတို့ စာမေးပွဲမှာ တင်ထားခဲ့တဲ့ နာမည်ကိုသာ အသုံးပြု ရေးသားရမှာ ဖြစ်ပါတယ်။
👉ပြီးရင် 수험번호 ဆိုတဲ့ နေရာမှာ စာမေးပွဲဖောင်မှာ ပါတဲ့ ခုံနံပါတ်များကို အကွက်ထဲမှာ တကွက်ချင်း ရေးသားပြီး ထို အောက်က လိုင်းနေရာတွေမှာ သက်ဆိုင်ရာ နံပါတ်အလိုက် အမဲခြစ်လေးတွေ ခြယ်ပေးရမှာ ဖြစ်ပါတယ်။
👉ကျန်တဲ့ အောက် အကွက်လေးတွေကတော့ အခန်းစောင့် ဆရာ၊ဆရာမတွေက စစ်ဆေးပေးပြီး လက်မှတ်ထိုးပေးပါလိမ့်မယ်။
👉အမဲခြစ် ပြုလုပ်တဲ့ အခါမှာလဲ ပေးထားတဲ့ နံပါတ်ကို တိတိကျကျ သေချာလေး ခြယ်ပေးပါ။ ဒီ ပုံစံအတိုင်းကိုပဲ စာရွက် သုံးရွက်လုံးမှာ အချက်အလက် ဖြည့်၊ ရေးသား၊ အမဲခြယ်တာတွေ လုပ်ရပါမယ်။
👉ဒီ ပုံစံအတိုင်းပဲ အဖြေ ၄ ခုကို ရွေးတဲ့အခါမှာလဲ မိမိ ဖြေဆိုလိုတဲ့ နံပါတ်မှာ အမဲခြစ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ အမဲခြစ်ကို မှားပြီး လုပ်မိတဲ့အခါ correction tape ကို အသုံးပြုပြီး တဖန် မိမိ အလိုရှိတဲ့ အဖြေကို ပြန်ပြီး အမဲခြစ် လုပ်နိုင်ပါတယ်။

Bibeop Notes (비법 노트)

07 Oct, 14:01


😱TOPIK စာမေးပွဲ မဖြေခင် တပတ်အလို😱

အားလုံးပဲ နောက်အပတ်ဆို စာမေးပွဲ ဖြေရပါတော့မယ်။ အဆင့်သင့်ဖြစ်ကြပြီလား? ခုထိ ရသလိုလို မရသလိုလိုနဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေသူများ အတွက် ဒီ ပို့စ်လေးကို ရေးလိုက်ပါတယ်။ အထူးသဖြင့် self-study သမားများအတွက် ကိုယ့်ကိုယ်ကို ခရီးမရောက်ဘူးလို့ ထင်တဲ့အခါ ခု ဖော်ပြထားတဲ့ အချက်အလက်လေးတွေကို ဉီးစားပေးပြီး ဒီ တစ်ပတ်အတွင်းမှာ အချိန်ပေးပြီး လုပ်ကြည့်ပါ။

၁။ အရင်ဆုံး တော့ပစ်နဲ့ ပတ်သက်ပြီး ဟိုစာအုပ်၊ ဒီစာအုပ်တွေ အများကြီး လိုက်ဖတ်မယ့်အစား မေးခွန်းဟောင်းတွေကိုသာ ဒေါင်းလော့ဒ်လုပ်ပြီး လေ့လာပါ။ 회 အလိုက် မေးခွန်းဟောင်း၊ အဖြေ၊ အသံဖိုင်၊ listening script အကုန်ဒေါင်းလော့ဒ်လုပ်ပါ။ ခုထိ မေးခွန်းဟောင်းတွေ ဘယ်က ရှာရမှန်း မသိရင် ဒီမှာ ကြည့်ပါ။
https://youtu.be/66KJvfY2y2A?si=skvyXl8cI9qQ1y6x

၂။ နောက် မိမိရဲ့ target level ကို သိပါ။
လူတိုင်းကတော့ အမြင့်ဆုံး ဖြစ်တဲ့ level 6 ကို လိုချင်ကြတာချည်းပါပဲ။ ဒါပေမယ့် မိမိရဲ့ လေ့လာမှုနှုန်းနဲ့ ဖြစ်နိုင်တဲ့ level က ဘယ်အဆင့်မှာ ရှိလဲနဲ့ အဲ့ level လောက်ထိက ဖြေနိုင်မယ့် မေးခွန်းပုံစံတွေက ဘာလဲဆိုတာ သေချာသိအောင်လုပ်ပါ။ တော့ပစ် ၂ မေးခွန်းသည် level ၃,၄,၅,၆ ကို တခါတည်း ပေါင်းစစ်တာ ဖြစ်တာကြောင့် မိမိရဲ့ level အနေအထားနဲ့ လိုက်နိုင်တာမျိုး ရှိသလို မလိုက်နိုင်တာမျိုးလဲ ရှိမှာပါ။ အချိန်လဲ မကျန်တော့တာကြောင့် မိမိရဲ့ ဖြစ်နိုင်တဲ့ နှုန်းနဲ့ ရနိုင်တဲ့ level အလိုက် မေးခွန်းပုံစံတွေကို သေချာသိအောင်လုပ်ပြီး အမှားအယွင်းမရှိအောင် အပြန်ပြန် အလှန်လှန် လေ့ကျင့်ပါ။

၃။ အချိန်ပေးပါ။
အချိန်လဲ တပတ်ပဲ ကျန်တော့တာကြောင့် မဖြစ်မနေ လုပ်သင့်တဲ့ အချက်ကတော့ စာမေးပွဲအတွက် လေ့လာဖို့ကို ခုချိန်ကစ အချိန်ပေးပါ။ တနေ့ကို အနည်းဆုံး ၁း၃၀ လောက်တော့ အချိန်ပေးပြီး လေ့လာသင့်ပါပြီ။ လေ့လာတဲ့ အပိုင်းကလဲ အပြင်စာအုပ်တွေကို လေ့လာတာထက် မေးခွန်းဟောင်းတွေကိုသာ အချိန်ပေးပြီး လေ့လာသင့်ပါတယ်။

၄။ မဖြစ်မနေ Mock Test ဖြေကြည့်ပါ။
နောက်ထပ်ကတော့ မေးခွန်းဟောင်းတွေထဲက ၂စုံ, ၃စုံလောက်ကို ချန်ထားပြီး အဲ့မေးခွန်းဟောင်းတွေကိုပဲ တကယ့် စာမေးပွဲ ဖြေနေတဲ့ ပုံစံအတိုင်း အချိန်အကန့်အသတ်နဲ့ တစ်ထိုင်တည်း ဖြေကြည့်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလိုပဲ စာမေးပွဲ အထာမသိရင် စာမေးပွဲခန်းထဲ ရောက်မှ ဟိုယောင်ယောင် ဒီယောင်ယောင်တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ မေးခွန်းဟောင်းတွေကိုပဲ Mock Test သဘောမျိုး ဖြေကြည့်ပြီး မိမိရဲ့ လယ်ဗယ်ကို ဆန်းစစ်ပါ။

၅။ 원고지 အကွက်တွေမှာ ချရေးကြည့်ပါ။
쓰기 အတွက်ကတော့ မဖြစ်မနေ ၅၃ အပုဒ်သည် Level 3,4,5,6 သမားများက ဖြေရမှာ ဖြစ်တဲ့အတွက် အကွက်ထဲမှာ စာလုံးရေ ၂၀၀-၃၀၀ ဝင်ဆံ့အောင် ရေးဖို့က အရေးကြီးပါတယ်။ အကွက်ထဲမှာ ရေးကျင့်တာမျိုး မလုပ်ထားရင် စာမေးပွဲခန်းထဲရောက်မှ ကို့ရိုးကိုယားဖြစ်နိုင်တာမို့ 쓰기 အတွက်ကိုလဲ ဒီအတိုင်းကြီး ဖတ်နေတာထက် 원고지 အကွက်တွေမှာ ရေးကျင့်တာမျိုး လုပ်သင့်ပါတယ်။ ရေးနည်းမသိသေးရင် ဒီ ဗီဒီယိုမှာ လေ့လာပါ။
https://youtu.be/EfZ5XWGWdMo?si=W6TvROiiqqM8e1ZW

အားလုံးပဲ ခုထိ အချိန်လေး ကျန်သေးတာမို့ အာားတင်းထားကြနော်။ ဒီပို့စ်လေးကလဲ အားလုံးအတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်ရှင့်💕

#bibeopnotesbyfang #비법노트 #TOPIK #TOPIK2 # 토픽 #토픽2

Bibeop Notes (비법 노트)

04 Oct, 16:45


Q:စာရေးကျင့် မရှိတော့ လက်ရေးမလှဘူး။ အဲ့လိုဆိုရင်ရော အမှတ်လျော့လား?

A: အမှတ်ပေးစည်းမျဉ်းမှာတော့ လက်ရေးမလှလို့ အမှတ်လျော့ထားမျိုးတော့ မရှိပေမယ့် လုံးဝကြီး လက်ရေးက ဖတ်မရအောင် ဖြစ်နေရင်တော့ အမှတ်ခြစ်တဲ့ ဆရာက ကိုယ်ရေးချင်တဲ့ ဆိုလိုချင်တဲ့ အကြောင်းအရာကို သေချာ မဖတ်လိုက်နိုင်လို့ အမှတ်ပေးရ ခက်ခဲတာမျိုးတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် စာလုံးပေါင်းမှားတာ၊ အပြောစကားနဲ့ ရေးထားတာမျိုး ဆိုရင်တော့ အမှတ်လျော့ပါတယ်။

Bibeop Notes (비법 노트)

04 Oct, 16:45


A:မေးခွန်း ၅၃,၅၄ သည် 원고지 အကွက်လေးတွေထဲမှာ ရေးသားရတဲ့ မေးခွန်းပုံစံ ဖြစ်ပါတယ်။ မေးခွန်း ၅၃ အတွက်ဆို 원고지 စာလုံးရေ ၂၀၀-၃၀၀ ကြား၊ မေးခွန်း ၅၄ အတွက်ဆို 원고지 စာလုံးရေ ၆၀၀-၇၀၀ ကြား ရေးသားရပါတယ်။ ၅၃ အတွက်ဆိုရင် ပေးထားတဲ့ အကွက်ထက် ပိုရေးတတ်ကြပြီး ၅၄မှာတော့ အချိန်မလောက်တော့တာသော်လည်းကောင်း၊ ဘာရေးရမှန်း မသိတော့တာသော် လည်းကောင်း သတ်မှတ် စာလုံးထက် လျော့ပြီး ရေးတတ်ကြတာမျိုးတွေ ရှိပါတယ်။ ၅၃သည် ပေးထားသော ဇယားကို အခြေခံပြီး စာပိုဒ် ပြန်ရေး ရတာ ဖြစ်ပြီး ဇယားပုံစံအလိုက် ရေးသားရမယ့် expression လေးတွေ ရှိတာကြောင့် အဲ့ဘောင်ထဲကပဲ ရေးတာ ပိုကောင်းပါတယ်။ မေးခွန်းနံပါတ် ၅၄ကတော့ ပေးထားသော မေးခွန်းလေးတွေအပေါ်မှာ အချက်၂ချက်လောက်စီ စဉ်းစားပြီး ရေးကျင့်ကြည့်ပါ။ အမှတ် မရတော့ဘူးလားဆိုတော့ တစ်ပုဒ်လုံးကြီး အမှားတော့ မဟုတ်တဲ့အတွက်ကြောင့် လုံးဝကြီး တစ်မှတ်မှ မရတာမျိုးတော့ မဟုတ်ပါဘူး။ ပေးထားတဲ့ စာလုံးအတိုင်း ဝင်အောင် မရေးနိုင်တဲ့ အပိုင်းလောက်တော့ အမှတ်အနည်းငယ်လောက်သာ လျော့နိုင်ပါတယ်။ ဒါပေမယ့်လဲ ကိုယ်ရေးတဲ့ထဲမှာ မသက်ဆိုင်တဲ့ အကြောင်းတွေကို အများကြီး ရေးသားထားပြီဆိုရင်တော့ အမှတ်လျော့နိုင်ပါပြီ။

2,907

subscribers

112

photos

51

videos