Latest Posts from Khin-U Local News (@kulocalnews) on Telegram

Khin-U Local News Telegram Posts

Khin-U Local News
ခင်ဦးဒေသတွင်း
သတင်းများကို ဖော်ပြပေးမည်။

ဒေသတွင်းသတင်းများကိုဆွေးနွေးရန်
Group - https://t.me/+FqZv1MiKFfpkMmU1

#KU_L_N
2,106 Subscribers
621 Photos
42 Videos
Last Updated 01.03.2025 16:34

The latest content shared by Khin-U Local News on Telegram


၄ နှစ်ပြည့်ကာတွန်း
ကာတွန်း - ဘီရုမာ

ကိုယ်ချင်းစာတရားလေးရှိပါစေ....

ယခုလိုကာလကြီးမှာ
ပွဲလေးတွေ လုပ်တာ ​လျှော့ပါ
တက်နိုင်သမျှ အကျဥ်းချုံ့ပြီး လုပ်ပါ
တစ်ဖက်မှာ
ထမင်းနပ်မှန်အောင်မစားရဘူး
နေရပ်မပြန်နိုင်ကြရသေးဘူး
ဆောင်းတွင်းမှာခြုံစရာစောင်မရှိဘူး
တစ်ချို့တွေ ပြန်မလာတော့ဘူး
ကိုယ်ချင်းစာကြည့်ပါ...

ယခုလိုကာလကြီးမှာ
ပွဲတစ်ခုလုပ်ဖို့ပျော်ပါးဖို့
ကုန်ကျမဲ့ပိုက်ဆံတွေကို
နေရပ်မပြန်နိုင်သူတွေ
ခြုံစရာစောင်မရှိတဲ့သူတွေ
ထမင်းနပ်မှန်အောင်မစားရတဲ့သူတွေ
ကျန်ရစ်သူမိသားစု တွေ
တိုက်ပွဲဝင် ရဲဘော်တွေကို လှူဖို့
မေ့လျော့နေကြ အဓီကနှင့်သာမည ကိုမခွဲခြားနိုင်ကြ...

ယခုလိုကာလကြီးမှာ
ကထိန်ခင်းရေးကအရေးမကြီးဘူး
ဘုန်းကြီးကျောင်းဆောင်ကြီး နှစ်ထပ်ဖြစ်ရေးကအရေးမကြီးဘူး
အလှူ အကြီးအကျယ် ပေးရေးက အရေးမကြီးဘူး...

ယခုလိုကာလကြီးမှာ
လုပ်ချင်တာထက်
လုပ်သင့်တာကို လုပ်ဖို့
ကိုယ်ချင်းစာတရားလေးရှိပါစေ...

-လားကူ

မူရင်း post -
https://www.facebook.com/share/19oppxwAKR/

ခင်ဦးနယ် ရွှေကူတဲစုကျေးရွာအား စကစတပ်သားနှင့် ပျူစောထီးများ ဝင်ရောက်မီးရှို့မှု နေအိမ်(၈)လုံး ပြာကျ ပျက်စီး၊
============
ခင်ဦး၊ဇန်နဝါရီ၁၆၊၂၀၂၅ခုနှစ်

ခင်ဦးမြို့နယ် အနောက်ခြမ်း ပျဉ်ထောင်ပျူစောထီးရွာအခြေချ စကစတပ်သားနှင့် ပျူစောထီး ပူးပေါင်း အင်အား၅၀ဝန်းကျင်ဟာ ယနေ့မနက် ၅နာရီဝန်းကျင် ပျဉ်ထောင်ပျူရွာ အရှေ့ဘက်ရှိ ရွှေကူတဲစုကျေးရွာအတွင်း လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး လူနေအိမ်(၈)လုံးကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ပျဉ်ထောင်ပျူများနှင့်စကစ တပ်သားများဟာ ရွှေကူတဲစုကျေးရွာမှ ပြည်သူတစ်ဦး ၏ အလှုမင်္ဂလာရှင်ပြုပွဲအား လာရောက်ဖျက်ဆီးပြီး ရိက္ခာယူလာရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ အလှုပွဲအားဖျက်ဆီးသွားသည့်အပြင် အလှူအိမ်အနီးဝန်ကျင်ရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်-၈လုံးအပြင် မကြာသေးမီက ရိတ်သိမ်းထားသော စပါးအတင်းရေ ရာချီလည်း ပျက်စီးခဲ့ရကြောင်း အတည်ပြုသိရှိရပါတယ်။

အဆိုပါ ပျဉ်ထောင်စောထီးများနှင့်စကစတပ်သားများဟာ နံနက်-၇နာရီဝန်းကျင်အချိန်၌ ပျဉ်ထောင်ပျူရွာအတွင်းပြန်လည်ဝင်ရောက်ခဲ့ကြပြီး ရွှေကူတဲစုကျေးရွာမှ ဒေသခံများအနေဖြင့်လည်း ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ဖို့ကြိုးစားနေကြတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

မိမိတို့ ဝေဟင် ချန်နယ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် SSNSpace အဖြစ်စတင်ပေါ်ပေါက်လာကာ နောက်ပိုင်းတွင် တတိုင်းပြည်လုံး လေကြောင်းသတင်းများ ထောက်လှမ်း တင် ပြပေး နိုင်ရန် ရည်ရွယ်လျက် ဝေဟင် (WaiHin) အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ‌Telegram, Facebook နှင့် မြေပြင် ဖြန့်ဖြူးရေးများကို တတပ်တအား အားဖြည့် ကူညီတော်လှန်ပေး‌နေသော အဖွဲ့အစည်းငယ် တခုဖြစ်ပါသည်။


မိမိတို့ ဝေဟင် ချန်နယ် အနေဖြင့် ကိုယ်ပိုင်ထောက်လှမ်းသတင်းများကို တင်ပေးယုံသာမက ပြည်သူများ အဆင်ပြေချောမွေ့စွာ သတင်း ရယူကြည့်ရူနိုင်ရန် ရည်ရွယ်ချက်ဖြင့် အခြားသတင်းဌာနများမှ သတင်းများကိုလည်း မူရင်းအာဘော်မပျက် ဒီမိုကရေစီစံနှုန်းတခုဖြစ်သော Intellectual Property Right (ဉာဏမူပိုင်ခွင့်) အား လေးစားသောအားဖြင့် Source Credit ပေး တင်ပြပေးလျက်ရှိပါသည်။


မိမိ‌တို့ ဝေဟင် အနေဖြင့် လေကြောင်းသတင်းများကို ပိုမို ထောက်လှမ်းတင်ဆက်ပေးနိုင်အောင် အမြဲကြိုးစားလျှက်ရှိပြီး သတင်းပေးသူများ၊ သတင်းယူသူများ၊ သတင်းဖြန့်ဝေပေးသူများကို အမြဲကျေးဇူးတင်ရှိ‌လျက်ရှိနေပါကြောင်းနှင့် လေကြောင်းသတင်းများအတွက် T.me/WaiHin (WaiHin ) ချန်နယ် တခုသာ ရှိပြီး အခြား ဝေဟင် အမည်ဖြင့် ထပ်မံဖွင့်လှစ်တည်ထောင်ထားခြင်း မရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

မိဘ ပြည်သူများ၊ တော်လှန်ရေး ညီအကို မောင်နှမများ အနေဖြင့် တော်လှန်ရေး မြန်မြန်အောင်နိုင်ဖို့ လေကြောင်းသတင်းများကို ဝေဟင် ချန်နယ်တွင်ကြည့်ရှူပြီး မူရင်းအာဘော်မပျက် ဖြန့်ဝေပေးနိုင်ပါကြောင်းနှင့် @WaiHinScout_Bot သို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း အသိပေး အပ်ပါသည်။


အောင်နိမိတ်တွေ မြင်နေရပီ
WaiHin (ဝေဟင်)

ရွှေဘို စခတ-၈ စစ်ကြောင်းမှ လက်နက် (၄၄) လက် သိမ်းဆည်းရ
ဇန်နဝါရီလ (၆) ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော ဗက မျိုးမင်းသူ ဦးစီး စခတ-၈ အင်အား (၇၇) ဦးပါ စစ်ကြောင်းအား ဇန်နဝါရီလ (၅) ရက်တွင် ပစ်ခတ် တိုက်ခိုက်ရာ လက်နက် (၄၄) လက် သိမ်းဆည်းရမိသည်။
၎င်းစစ်ကောင်စီအဖွဲ့အား အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၅၊ ၁၅၊ ၂၃)၊ ဝက်လက်မြို့နယ် ပကဖ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ရန်သူ့ထံမှ ၆၀ မမ ပြောင်းတို (၁) လက်၊ RPG-7 (၁) လက်၊ MA-15 (ငါးကြင်းမြီး) (၁) လက်၊ MA-4 (၂) လက်၊ MA-3 (၄) လက်၊ MA-1 (၁၀) လက်၊ G-3 (၁၇) လက်၊ M-79 (၁) လက်၊ MA-13 (၅) လက်၊ MA-11 (၁) လက်၊ BA-93 (၁) လက်၊ 5.56 ကျည် (၁၁၆၄) တောင့်၊ G-3 ကျည် (၁၆၇၈) တောင့်၊ ၉မမ ကျည် (၃၆၅) တောင့်၊ ကာဘိုင်ကျည် (၃၉၇) တောင့်၊ အီနာဂါပို့ကျည် (၁၄) တောင့်၊ ငါးကြင်းမြီး ကျည်ကပ် (၁) ခု၊ နာနတ်သီးဗုံး (၃) လုံး၊ သံပုရာသီး ဗုံး (၁) လုံး၊ အီနာဂါ ဗုံးသီး (၁၀) လုံး၊ ၆၀ မမ ဗုံးသီး (၆) လုံး၊ RPG-7 ဒုံးသီး (၇) လုံး၊ RPG ပို့ကျည် (၇) ခု၊ နင်းမိုင်း (၅) လုံး၊ MA ကျည်အိမ် (၄၂) ခု၊ G-3 ကျည်အိမ် (၃၈) ခု၊ MA-13 ကျည်အိမ် (၁၁) ခု၊ Jammer အကြီး (၁) ခု၊ ကျည်ကာဦးထုပ် (၁၀) လုံး သိမ်းဆည်းရမိသည်။
စစ်ကောင်စီဘက်မှ ဇန်နဝါရီလ (၅) ရက် နေ့လည် (၁၂) နာရီခွဲခန့်တွင် ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာသို့ တံတားဦးမှ တက်လာသော Yak-130 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညနေ (၃) နာရီခွဲခန့်တွင် မိတ္ထီလာ(ရှမ်းတဲ)မှ တက်လာသော MiG-29 (၁) စီးဖြင့် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့သည်။
၎င်းစစ်ကြောင်းသည် ဇန်နဝါရီလ (၃) ရက်တွင် ရွှေဘိုမြို့နယ်ရှိ စခတ-၈ အတွင်းမှ စစ်ကြောင်း စတင်ထွက်လာသဖြင့် ရွှေဘိုမြို့နယ်ရှိ ချောင်းဆုံရွာ၊ ပေါက်တုံရွာအနီး ပြွန်ကြီးသံလမ်းဆုံနှင့် ဝက်လက်မြို့နယ်ရှိ လယ်ကိုင်းရွာတို့၌ မိမိတို့ဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဇန်နဝါရီလ (၅) ရက်တွင်ပင် ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာမှ ထွက်လာသော ဗက အေးမျိုးထွန်း ဦးစီး တပ်မ-၃၃ လက်အောက်ခံ စကစ (တပ်စိစစ်ဆဲ) အင်အား (၈၃) ဦးပါ စစ်ကြောင်းအား ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။
အမှတ် (၁) စစ်ဒေသ

ဗမာလူမျိုးကြီးဝါဒဆိုတာ ဘာလဲ ဆိုတာကို အခြေခံအားဖြင့် ရှင်းခန်းထုတ်ထားတဲ့ ဆောင်းပါးရှည်တစ်ပုဒ်ဖြစ်ပါတယ်။ PDF file နဲ့ မျှဝေလိုက်ပါတယ်။

ယူနီဖောင်းအပြည့်စုံ နှင့် သေနတ်ကြီး ဖြင့်
ဖွန်ကြောင်တာမျိုးမဖြစ်စေနဲ့ ”

လွန်ခဲ့သော တနင်္ဂနွေ နေ့ကပေါ့
ဘာသာရေးပွဲတော်တစ်ခုမှာ
ယူနီဖောင်းအပြည့်စုံ နှင့် သေနတ်ကြီးဖြင့်
ကာကွယ်ရေးရဲဘော် ၃ ဦးက ကွန်ဖီးဒန့်အပြည့်ဖြင့်
ဒေသခံမိန်းကလေး တစ်ဦး ကို အတင်း ဖုန်းနံပတ်လိုက်တောင်းတာပေါ့
မိန်းကလေး ကတော့ မပေးလိုက်ပါဘူး ။

သေနတ်ကြီးကိုင် ပြီး ယူနီဖောင်းအပြည့် စုံကြီးနဲ့ ဒီလိုကြီးတော့မလုပ်သင့်ဘူး
ဘာသာရေးပွဲမှာ
ဘာများလာလုပ်တာလဲ
ယူနီဖောင်း သေနတ်အပြည့်စုံ နဲ့ သေနတ်ကြီး ဖြင့်
ဖွန်ကြောင်ဖို့လား
လူမြင်မကောင်းဘူး ၊ ယူနီဖောင်းသိက္ခာကျတယ် ၊ တော်လှန်ရေး ပုံရိပ်ကျဆင်းစေတယ် ။

ယူနီဖောင်း ဝတ်တာ ဘာအတွက်လဲ
သေနတ်ကိုင်တာ ဘာအတွက်လဲ သိသင့်တယ်
ပြန်မေးခွန်း ထုပ်ပါ ။

ဘယ်အဖွဲ့စည်းဆိုတာကိုတော့ မပြောတော့ပါဘူး ။

-မြင်ရတွေ့ရကြားရသမျှ လားကူ ရေးသည်။

နှစ်သစ်အစ နံနက်ခင်း

Date of photo - Jan 1 , 2025

👇👇👇
Group Join ရန်

#MNB

ရေဦးတိုင်းရင်းဆေးရုံ စစ်တပ်အထိုင်စခန်း မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၃ လုံး ရမ်းသမ်းပစ်ခတ် ၊ ခင်ဦးနယ်အနောက်ခြမ်းသို့ကျရောက်ပေါက်ကွဲ

ဇန်နဝါရီလ ၁ရက်

ရေဦးတိုင်းရင်းဆေးရုံ စစ်တပ်အထိုင်စခန်း မှ အကြမ်းဖက် စစ်သားများဟာ မနေ့က ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ည ၇:၁၄ အချိန်ဝန်းကျင် မှ ၇:၄၃ အချိန်ဝန်းကျင် ထိ လက်နက်ကြီး ၃ လုံး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။

လက်နက်ကြီးကျည်များ ဟာ ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာချုပ်စပ်များ တစ်နေရာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းသိရှိရပါတယ်။

ရေဦးတိုင်းရင်းဆေးရုံ စစ်တပ်အထိုင်စခန်း မှ အကြမ်းဖက် စစ်သားများ ဟာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူများနေထိုင်ရာကျေးရွာများ သို့ ပြည်သူများကို အဓီက ပစ်မှတ်ထားကာ မကြာခဏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ် မှု များ ပြုလုပ်လျက်ရှိနေပါတယ်။

Khin-U Local News
#KU_L_N