Latest Posts from Khit Thit Media ခေတ်သစ်မီဒီယာ (@khitthitmedianews) on Telegram

Khit Thit Media ခေတ်သစ်မီဒီယာ Telegram Posts

Khit Thit Media ခေတ်သစ်မီဒီယာ
Khit Thit Media ခေတ်သစ်မီဒီယာ
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
https://t.me/khitthitmedianews
https://t.me/khitthitmediagroup
https://t.me/earnppmoney2020_bot?start=r0
158,011 Subscribers
64,738 Photos
61,116 Videos
Last Updated 01.03.2025 15:42

Similar Channels

RFA Burmese
64,674 Subscribers
Sanchaung Scout Channel
5,311 Subscribers

The latest content shared by Khit Thit Media ခေတ်သစ်မီဒီယာ on Telegram


စကစ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံမည်
https://www.youtube.com/watch?v=MLfnt9Bi0Kc

Khit Thit သတင်းဌာန၏ မတ် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=44qrDt6r81U

Khit Thit သတင်းဌာန၏ မတ် ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=RI6aZOJzylM

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်
https://aappb.org/bu?p=31537

ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။ စုစုပေါင်းသေဆုံး ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ စုစုပေါင်းအဖမ်းအဆီးဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ထိန်းသိမ်းခံနေရဆဲ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ ရာခိုင်နှုန်း ဆိုသည်မှာ စုစုပေါင်းအဖမ်းအဆီးနှင့် သေဆုံးအရေအတွက်မှ တွက်ချက်ရယူထားသည့် ဖော်ပြချက်။

Graphs of arrest and death data as of February 28, 2025 collected and compiled by the Assistance Association for Political Prisoners (AAPP) since the February 1, 2021 military coup.
https://aappb.org/?p=31530

The percentages shown in the graphs are calculated from the total number of arrested and killed according to that issue. Total Killed means the total number of civilians and pro-democracy activists killed by the junta and pro-military groups. Total Arrested means the total number of political prisoners arrested since the coup. Still Detained means the […]

Khit Thit သတင်းဌာန၏ မတ် ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
https://www.youtube.com/watch?v=qMjgHU1rVLI

(Feed generated with FetchRSS (https://fetchrss.com/))

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံး
https://www.facebook.com/568312915396319/posts/1000980555462884

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံး



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈



မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။



ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

(Feed generated with FetchRSS (https://fetchrss.com/))

ကော့ကရိတ်မြို့ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
https://www.facebook.com/568312915396319/posts/1000961712131435

ကော့ကရိတ်မြို့ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈



ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း Southern Eagle PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။



ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျ စစ်ကြောင်း နေရာယူထားသော ကော့ကရိတ်မြို့ တောင်ပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် P29909 Southern Eagle PDF တပ်ရင်း တပ်ခွဲ (၃) Tiger Dragon Revolution Force မှ တော်လှန်ရေး ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။



အဆိုပါ တိုက်ခိုက်မှုကို နယ်မြေခံ မဟာမိတ် တပ်ဖွဲ့များ ဖြစ်သော P29909 Southern Eagle PDF တပ်ရင်း တပ်ခွဲ (၃) Tiger Dragon Revolution Force (မိုင်းတွဲဘက်) ၊ Special Operation Force (SOF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။



အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေသောကြောင့် ကျေးရွာပြည်သူများ လုံခြုံမှုရှိသော နေရာများကို တိမ်းရှောင်ကြရန် Southern Eagle PDF က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။