FOR YOU - KOREA EPS TOPIK Tk tk @foryoukoreaeps Channel on Telegram

FOR YOU - KOREA EPS TOPIK Tk tk

@foryoukoreaeps


EPS နဲ့ ပက်သက်တာလေးတွေ မျှဝေပေးသွားပါမယ် ..
CBT မေးခွန်းဟောင်းတွေဖြစ်တာကြောင့် ကွန်ပျူတာနဲ့ ဖွင့်ပီးဖြေမှရပါမယ်ဗျ....
Computer ထဲမှာ Adobe Flash Player ရှိရပါမယ်

FOR YOU - KOREA EPS TOPIK (English)

Are you interested in learning more about Korean culture and language? Look no further than the FOR YOU - KOREA EPS TOPIK Telegram channel! This channel is dedicated to providing valuable resources and information for individuals looking to take the EPS TOPIK exam in Korea. Whether you are a beginner or an advanced learner, this channel has something for everyone. The username, foryoukoreaeps, is a clear indication of the channel's focus on providing content specifically tailored to those interested in the Korean language and culture. Who is it for? This Telegram channel is perfect for anyone who is passionate about Korea and wants to improve their Korean language skills. Whether you are planning to take the EPS TOPIK exam or simply want to immerse yourself in Korean culture, this channel is for you. What is it? The FOR YOU - KOREA EPS TOPIK channel offers a wide range of resources, including study materials, practice tests, vocabulary lists, and tips for passing the EPS TOPIK exam. In addition, the channel provides updates on Korean cultural events, language exchange opportunities, and other relevant information for Korean language learners. With a supportive community of like-minded individuals, this channel is the perfect place to connect with others who share your passion for Korea. Join us today at foryoukoreaeps on Telegram and start your journey towards mastering the Korean language and culture. We can't wait to welcome you to our growing community of Korean language enthusiasts!

FOR YOU - KOREA EPS TOPIK Tk tk

24 Dec, 14:24


EPS သင်ရိုးစာအုပ်အသစ် မှာယူလိုတဲ့ ဆရာ/ ဆရာမတို့နှင့် သင်တန်းများအတွက် ကာလာအစုံအလင်ပါဝင်တဲ့ စာအုပ်ကိုမှ ဘယ်နေရာမှ မရနိုင်တဲ့ အသက်သာဆုံး ဈေးနှုန်းဖြင့် မှာယူနိုင်ပါပြီ .....

HRD WebSite မှ သင်ရိုးစာအုပ်မျက်နှာဖုံး Design ဖြင့်သာ ထုတ်လုပ်ပေးထားပြီး သင်တန်းအားလုံး အသုံးပြုနိုင်ရန် ရည်ရွယ်တာမို့ ဘယ်သင်တန်းကျောင်း Logo တံဆိပ်မှ တပ်နှိပ်ထားခြင်းမရှိပါဘူးခင်ဗျာ .....

( စာအုပ်မျက်နှာ‌ဖုံးပေါ်တွင် 듣기 အသံဖိုင်များ အလွယ်တကူ Download ပြုလုပ်နိုင်ရန် QR code ထည့်သွင်းပေးထားပါသည် )

စာရွက်အသားအကောင်းဆုံးကိုပဲ အသုံးပြုပေးထားတဲ့အပြင် ကာလာအစုံဖြင့် ‌အကောင်းစားထုတ်လုပ်ပေးထားပြီး ဈေးနှုန်းကိုလဲ အဖြူအမဲ မိတ္တူဈေးလောက်ဖြင့်သာ မှာယူနိုင်ပါတယ်ခင်ဗျာ ....

ပုံနှိပ်ဖြင့် ရိုက်နှိပ်ထုတ်ဝေပေးထားသောကြောင့်
စာလုံးများ မပြတ်သားခြင်း ၊ မှင်ရာများ မည်းနက်ညစ်ပေခြင်း ၊ ဆေးရောင်ပျံ့လွင့်ခြင်းတွေ မရှိတဲ့ အပြင် စာသင်ကြားရေးမှာလဲ ပိုမိုအဆင်ပြေစွာ သင်ကြားလေ့လာနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ .....

သင်ရိုးအသစ်ကိုမှ ကာလာအစုံဖြင့် တစုံချင်း မှာယူလေ့လာချင်ပါတယ်ဆိုတဲ့ ကျောင်းသားအများစုလဲ အဆင်ပြေအောင် အဖြူအမဲ ဈေးလောက်နဲ့ပဲ ဈေးအသက်သာဆုံးထုတ်ပေးလိုက်ပါပြီ .....

ဒီစာအုပ် မှာယူလိုသူများအနေဖြင့် ခုတပတ် Sunday
( 29.12.2024 ) ရက်နေ့မှ ရရှိမှာဖြစ်ပြီး ....
လက်ရှိ အုပ်ရေ 500 မှာယူထားပြီးတော့ အရေအတွက် 200 ကြိုတင်မှာယူထားကြပြီမို့ အုပ်ရေ 300 သာ ကျန်ရှိပါတော့မယ်ခင်ဗျာ ....

EPS သင်ရိုးအသစ် - Korea Version( English စာဖျက်ပြီး)
Part ( 1+2) ကာလာစာအုပ် 1 စုံချင်းဈေး = 40,000 Ks
Part (1+2) ကာလာစာအုပ် 10 စုံဈေး = 38,000 Ks

စာအုပ်မှာယူတဲ့အခါ
တစုံချင်း မှာယူလိုသော ကျောင်းသားအနေဖြင့် .....
Viber No ...09 759 726 048
Viber No ...09 981 470 882
Viber No ... 795 160 980

👉 ၁ စုံချင်းမှာယူလိုသူများ ဆက်သွယ်မေးမြန်းရန်
Ph no 09-759 726 048

10 စုံမှ စတင်၍ အများဈေးမှာယူလိုသူများအတွက်
သီးသန့် အော်ဒါတင်ရန် ...
Viber No - 78 42 41 620
သိုဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ .....

👉 10 စုံအထက် အများဖြင့် မှာယူလိုသူများ ဆက်သွယ်မေးမြန်ရန် ဖုန်း 09-78 42 41 620

မှတ်ချက် ..၁ စုံချင်း မှာယူလိုသောကျောင်းသားများသည် သက်ဆိုင်ရာ Viber သို့ သွားရောက်ဆက်သွယ်မှာယူပေးကြပါခင်ဗျ ....
( Fb page Cb က စာပြန်တာ နောက်ကျမှာစိုးလို့ပါခင်ဗျာ )

စာအုပ်အရေအတွက် 300 သာကျန်ရှိတာမို့ ထပ်မံထုတ်လုပ်တဲ့အခါ ဈေးနှုန်းအပြောင်းလဲ ရှိလာနိုင်တာကြောင့် မှာယူချင်သူများအနေဖြင့် မကုန်ခင် ကြိုတင်မှာယူပေးကြပါခင်ဗျာ ....

#EPS
#epstopik2024
#epstopik
#epstopikexam
#epstopikubtexam
#epstopiknewtextbook
#foryoukoreaepstopik

လှည်းတန်း ၊ အင်းစိန်လမ်းမပေါ် ၊ စံရိမ်ငြိမ်မှတ်တိုင်ရှေ့ ၊ United Vision ဘေးတိုက် ၊ 3 လွှာ ၊ အမှတ် 66/68 ၊ အခန်း (D-4) ...
09-406 93 94 95

FOR YOU - KOREA EPS TOPIK Tk tk

24 Dec, 14:24


EPS သင်ရိုးအသစ် ကာလာစာအုပ်
Part (1+2) = 1 စုံ ဈေး ...40,000 Ks
Part (1+2) = 10 စုံဈေး ...38,000 Ks

Korea Version (English စာဖျက်ပြီး )
မည်သည့် သင်တန်း Logo မှ မပါဝင်ပါ။

FOR YOU - KOREA EPS TOPIK Tk tk

20 Dec, 19:04


Part 1 နဲ့ Part -2 အသံဖိုင်တွေ ဖွင့်မရကြဘူးဆိုလို့ အသစ် Update လုပ်ပြီး အစားထိုးပေးထားပါပြီ...
ခုအသစ်ကို ပြန်ဒေါင်းပြီး သုံးကြနော် ..
စာဖိုင်ရော အသံဖိုင်တွေပါ အကုန်အပြည့်အစုံ ရပါပြီ

FOR YOU - KOREA EPS TOPIK Tk tk

20 Dec, 17:15


Part -2 file က စာအကုန်အပြည့်အစုံပါတဲ့ ဖိုင်နဲ့ ပြန် အစားထိုးပေးထားပြီမို့ ခုန ဖိုင်ဒေါင်းထားသူတွေကို Part-2စာအုပ် Pdf file ကို အသစ်ပြန်ဒေါင်းလို့ရပါပြီဗျ ...

FOR YOU - KOREA EPS TOPIK Tk tk

20 Dec, 12:23


EPS New Textbook Part-2 Lestening File

FOR YOU - KOREA EPS TOPIK Tk tk

20 Dec, 12:23


EPS New Textbook Part-1 Lestening File

FOR YOU - KOREA EPS TOPIK Tk tk

20 Dec, 12:22


EPS New Textbook Part-2
100%

FOR YOU - KOREA EPS TOPIK Tk tk

20 Dec, 12:21


HRD မှ တင်ထားသော EPS New Textbook စာအုပ်လေး တင်ပေးလိုက်ပါတယ် ၊
ယခု လက်ရှိ ဒုတိယအသုတ် ကုန်ထုတ်စာမေးပွဲဖြေဆိုသူများနှင့် မသက်ဆိုင်သေးဘဲ နောက်နှစ်ကျင်းပမယ့်စာမေးပွဲဝင်ရောက်ဖြေဆိုသူများအတွက် သင်ရိုးအသစ်ကို စတင်သင်ကြားရတာမျိုး ဖြစ်နိုင်တာမို့ ကြိုတင်လေ့လာနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျ

FOR YOU - KOREA EPS TOPIK Tk tk

17 Dec, 14:37


Part(1+2) နှင့် ယဉ်ကျေးမှုပေါင်းစုံ မီးနင်းစာအုပ်မှာချင်တဲ့သူများ စာအုပ်ရပါပြီ ...

ဒုတိယသုတ် ကုန်ထုတ် ဖြေဆိုရမည့် ကျောင်းသားတွေ အတွက်ပါ ‌အမှီပေးနိုင်အောင် နေ့ရောညပါ အားစိုက်ပြီး သေချာပြင်ဆင်ထုတ်ထားပေးတာမို့ စာကြေပြီးသားကျောင်းသားများအတွက် ရှယ်အသုံးဝင်မယ့်စာအုပ်လေးပါ .....

နောက်စာမေးပွဲအတွက် ပြင်ဆင်နေကြသူတွေအတွက်လဲ အစုံလင်ဆုံး မီးနင်းတအုပ်ဖြစ်ပါလိမ့်မယ် ....

စာမျက်နှာ အရေအတွက် စုစုပေါင်း 350 အထိ ပါဝင်တာမို့
နည်းနည်းထူသလိုဖြစ်ပြီး EPS နဲ့ပက်သက်လို့ Part (1+2) ထဲက မပါတဲ့ မီးနင်း မရှိအောင်ကို အကုန်ပါဝင်တဲ့အပြင် ယဉ်ကျေးမှုပိုင်းက မီးနင်းတွေထိ ထည့်ပေးထားတာမို့ အတော်လေးကို စုံလင်တဲ့ စာအုပ်တအုပ်ဖြစ်ပါလိမ့်မယ်ခင်ဗျ ....

မှာယူချင်သူများက Page Cb (or) Viber No ..09-784241620 ကနေ ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ .....

မျက်နှာဖုံး Design ကစလို့ နောက်ကျောအဖုံးတွေပါ ကိုယ်တိုင် စိတ်တိုင်းကျ ရှယ်ပြင်ထားပြီးပါပြီ ....

လှည်းတန်း ၊ အင်းစိန်လမ်းမပေါ် ၊ စံရိမ်ငြိမ်မှတ်တိုင်ရှေ့ ၊ United Vision ဘေးတိုက် ၊ 3 လွှာ ၊ အမှတ် 66/68 ၊ အခန်း (D-4) ... 09-406 93 94 95

FOR YOU - KOREA EPS TOPIK Tk tk

11 Dec, 13:04


ဒုတိယအသုတ် ဖြေဆိုမည့်ကျောင်းသားများအတွက်
ပညာဒါန အတန်း ..... 😍

Part-2 စာအုပ် မကြေညက်သေးတဲ့ ကျောင်းသားတွေအတွက် အသေးစိတ်လေ့လာနိုင်အောင် ပညာဒါနလေး လုပ်ပေးလိုက်ပါတယ် ......

ဒုတိယအသုတ် ဖြေဆိုမည့် ကျောင်းသားများအတွက် အနီးကပ်သင်တန်း Part-2 Revision နဲ့ မေးခွန်းဟောင်း အတန်းကို လက်ရှိအပြင်သင်တန်းပဲ ဖွင့်ဖြစ်ပါအုံးမယ် .....

ကျောင်းသားအများစုက Online သင်တန်းပါ ထပ်ဖွင့်ပေးဖို့ တောင်းဆိုကြပေမယ့် အခုတလော Zoom နဲ့တိုက်ရိုက်သင်‌ပေးဖို့ အချိန်သိပ်အဆင်မပြေတာနဲ့ မီးတွေ‌ေရာပြတ်လွန်းလို့ ဒုတိယအသုတ်ဖြေဆိုမည့် ကျောင်းသားများလဲ အဆင်ပြေစွာ လေ့လာနိုင်အောင် ဒီ Video record လေးကို ပညာဒါနပြုလုပ်ပေးလိုက်ပါတယ် ....

Part -2 ကိုမှ Revision ဆိုပေမယ့် ခုမှစသင်တဲ့ကျောင်းသားပါ လိုက်နိုင်တဲ့အထိ အသေးစိတ်ပြန်သင်ပေးထားတဲ့ အတန်းပါ ......

အခန်း 31 ကနေစပြီး တစ်ရက်ချင်း မီးနင်းတွေကအစ သေချာထုတ်ပေးထားပြီးမှ ပြန်သင်ပေးထားတာမို့ မီးနင်းကျက်ဖို့ကအစ အကုန် အဆင်သင့်ပါပဲ .....

အဲ့တာ အပြင် အခန်းတိုင်းမှာပါတဲ့ Grammer တွေကိုပါ အသေးစိတ် တစ်ခုချင်း ထုတ်ပြီး ရှင်းပြပေးထားပါတယ် ....

ပုံထဲမှာ ပြထားသလိုပဲ .....
အခန်း 31 ကစပြီး ၁ ခန်းချင်းအလိုက် မီးနင်းမှန်သမျှကျက်ဖို့ အကုန် ချပေးထားတယ် ..
ပြီးရင် အခန်း 31 ကို စမသင်ခင် အခန်း 31 ထဲမှာ ပါသမျှ Grammer 5 ခုလောက်ကို အရင် အသေးစိတ် ထုတ်ပြီးသင်ကြားပေးတယ် ......

ပြီးမှ အခန်း 31 ကို အခန်းခေါင်းစဉ်ကစလို့ 대화 1/2 ...
문법 1/2 ...연습 ...활동 ...정보/문화 တွေ မေးခွန်းပိုင်းအထိ တလုံးမကျန် အသေးစိတ် ရှင်းလင်းသင်ကြားပေးထားတာမို့ စာတကယ်လုပ်မယ့် ကျောင်းသားများအတွက်တော့ ပညာဒါနအနေနဲ့ အဖိုးမဖြတ်နိုင်တဲ့ Part-2 သင်ခန်းစာကြီးကို တနေရာထဲမှာ အလွယ်တကူ လေ့လာနိုင်ပါလိမ့်မယ် ....

ယခု Telegram Channel Link ထဲမှာ အခန်း 31
မီးနင်းတွေကစပြီး တစ်ခန်းအလိုက် သင်ကြားပေးထားပါတယ် ..... 👇👇👇

https://t.me/foryoukoreaepstopikfreelesson

ယခု ပညာဒါနကြောင့်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများအတွက် တစ်ထောက်တ‌စ်နေရာက အ‌ထောက်အကူဖြစ်ပြီး လေ့လာသူကျောင်းသားများလဲ EPS စာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေနော်....

#EPS
#epstopik2024
#epstopik
#epstopikexam
#epsrevision
#epslessonsfreesharing
#foryoukoreaepstopik

For You - Korea EPS Topik
09-406 93 94 95

FOR YOU - KOREA EPS TOPIK Tk tk

09 Dec, 13:26


အခန်း 34 မီးနင်းများ ...

FOR YOU - KOREA EPS TOPIK Tk tk

31 Oct, 09:01


Skills Test အင်တာဗျူး မှာ မေးမြန်းမယ့် ပုံပြ ‌မီးနင်းတွေကို အဖြေမပါပဲ အလွတ် လေ့ကျင့်နိုင်အောင် PDF File နဲ့ အကြည် တင်ပေးလိုက်ပါတယ်

FOR YOU - KOREA EPS TOPIK Tk tk

24 Oct, 09:23


ကျောင်းနဲ့ သွားချင်တဲ့ သူတွေ အတွက် သိချင်တာ အကုန်မေးလို့ရအောင် ဒီဆရာမက မနက်ဖြန် ညမှာ Zoom meeting မှာ ရှင်းပြ ပြောပြပေးမယ်တဲ့နော်။ 

ကျောင်းနဲ့သွားမယ်ဆို အဓိက အခက်ခဲတွေက 10 တန်းအောင်ဖို့တော့ လိုပါမယ် ။ ပြီးရင် Show Money သိန်း 300 ခန့်ပြနိုင်ဖို့တော့ လိုအပ်ပါအုံးမယ် 😔

စိတ်ဝင်စားတဲ့သူတွေကတော့ Join ပြီး ဝင်နားထောင်ကြည့်ကြနော်...

https://www.facebook.com/share/p/r2QL7e7arZUWmS3v/

FOR YOU - KOREA EPS TOPIK Tk tk

09 Oct, 15:00


နတ်ကြပ်ခြင်းမှာ Type A/B/C/D/E ကို အပေါက်မှန်အောင် ဘယ်လို ထိုးရမလဲ အသေးစိတ်ရှင်းပြပေးထားပါတယ် ။
အခု Part -2 က ညာသန်တွေအတွက် အဆင်ပြေစေမဲ့ နည်းလမ်းလေးဖြစ်ပါတယ် ။
သေချာအသေးစိတ်ရှင်းပြပေးထားတာမို့ လေ့ကျင့်တဲ့အခါ ခုံကို ရှေ့မှာ ချပြီး Video ထဲက အတိုင်း လေ့ကျင့်ကြည့်ပါ

FOR YOU - KOREA EPS TOPIK Tk tk

09 Oct, 14:30


နတ်ကြပ်ခြင်းမှာ Type A/B/C/D/E ကို အပေါက်မှန်အောင် ဘယ်လို ထိုးရမလဲ အသေးစိတ်ရှင်းပြပေးထားပါတယ် ။
ဒီ Part -1 က ဘယ်သန်တွေအတွက် အဆင်ပြေစေမဲ့ နည်းလမ်းလေးဖြစ်ပါတယ် ။

FOR YOU - KOREA EPS TOPIK Tk tk

09 Oct, 14:01


Skills Test ဖြေဆိုရမည့်ကျောင်းသားများအတွက်က် လက်ညစ်အား ခါးဆွဲအား အကြောင်းတွေ ရှင်းပြပေးထားပါတယ်

FOR YOU - KOREA EPS TOPIK Tk tk

09 Oct, 13:02


တပ်ဆင်ခြင်း ဖြေဆိုရမဲ့‌ ကျောင်းသားများအတွက် နတ်ကြပ်ခြင်း နည်းလမ်းလေး

FOR YOU - KOREA EPS TOPIK Tk tk

02 Oct, 12:47


Skills Test Lesson Book ပညာဒါန

FOR YOU - KOREA EPS TOPIK Tk tk

02 Oct, 12:46


ကျနော့်ဆီမှာ Skills Test သင်တန်း တက်ရောက်မဲ့ ကျောင်းသားများအတွက် တင်ပေးခြင်းဖြစ်ပါတယ် ခင်ဗျာ ။

လက်ရှိဖြစ်ပေါ်နေတဲ့ ရမှတ် 90 အထက်ဆိုတဲ့ အခြေနေများအရ ဆရာ့ဆီမှာ Skills Test သင်တန်း အပ်နှံထားကြတဲ့ ကျောင်းသားတွေအတွက် အတတ်နိုင်ဆုံး ကျောင်းသားများ အဆင်ပြေ မနစ်နာစေရေးအတွက် အကောင်းဆုံး ဖြစ်မဲ့ နည်းလမ်းကို ရွေးချယ်ပြီး လုပ်ဆောင်ပေးပါမယ် ခင်ဗျာ ။

အရင်က Skills Test အတွက်သင်တန်းစခေါ်တုန်းထဲက အနည်းဆုံး 87.5 မှတ်လောက် ရထားမှသာ စတင်လက်ခံပေးမယ်ဆိုပြီး သင်တန်းအပ် လက်ခံထားပါတယ် ။

အခုချိန်မှာ Skills Test သင်တန်းကို အပ်နှံထားကြတဲ့ Batch -2 and Batch -3 အတန်းက ကျောင်းသားများထဲမှ ရမှတ် 95 မှတ်လောက် ရရှိထားတဲ့ ကျောင်းသားတွေလောက်သာ ကြိုတင် တက်ရောက်ထားတာ ပိုအဆင်ပြေမယ်လို့ မြင်မိပါတယ် ။

အဲ့လိုမဟုတ်ပဲ ကြိုတက်ထားပြီးမှ ခုလိုအခြေနေတကယ်ဖြစ်လာခဲ့ရင် နယ်ကနေ လာတက်ကြတဲ့ ကျောင်းသားတွေအနေ နဲ့ ခရီးစရိတ် ၊ အဆောင်စရိတ် ၊ နေစားစရိတ် သင်တန်းကြေးတွေ ထပ်ပြီး နစ်နာရပါလိမ့်မယ်ခင်ဗျ ။

ဆရာ့အနေနဲ့ လက်ရှိအခြေနေအရ Recommend ပေးချင်တဲ့ အမှတ်က 95 လောက်မှ စိတ်ချရမယ်ဆိုပေမဲ့ မိမိ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကျနော်တို့က‌ေတာ့ အဆင်ပြေလို့ တက်ချင်ပါတယ်ဆိုတဲ့ ကျောင်းသားတွေရှိရင်တော့လဲ လက်ခံပေးမှာပါ ။

ဒါကြောင့် ဆရာ့ဆီမှာ Skills Test သင်တန်း အပ်ထားကြတဲ့
နယ်ကကျောင်းသားတွေထဲက အမှတ် 95 အောက် သမားတွေက သင်တန်းကြေးကို ပြန်ထုတ်ပြီး အောင်စာရင်း ထွက်တဲ့အထိ အခြေနေတခု စောင့်ကြည့်လို့ရအောင် တမျိုးထပ်စီစဉ်ပေးပါမယ်။

အခု အခြေနေအရ သင်တန်းကြေး ပြန်ထုတ်‌ကြမဲ့ကျောင်းသားတိုင်းကို အမည်နဲ့ ဖုန်းနံပတ် စာရင်းတွေ သေချာ မှတ်ထားပေးပါတယ် ။

10 လပိုင်းထဲအောင်စာရင်း ထွက်တဲ့အခါ ဖြတ်မှတ်မှီခဲ့ရင် အဲ့ကျမှ အချိန်မှီအောင် သေချာ‌လေ့ကျင့်နိုင်ဖို့ တပတ်မှာ 5ရက်အထိ ( Mon to Fri ) တန်းတွေနဲ့ သေချာပြင်ဆင် လေ့ကျင့်ပေးပါမယ် ။ အဲ့ဒီအခါကျရင် အခု သင်တန်းအပ်ထားဖူးသူတွေကို အရင် ဦးစားပေး ခေါ်ယူပေးပါမယ် ။

Skills Test အတွက် ပစ္စည်းတွေ ကိုင်တွယ်လေ့ကျင့်ဖို့ အချိန်ဟာ နေ့တိုင်းလေ့ကျင့်မယ်ဆို တပတ်လောက်ဆိုရင်ကို အဆင်ပြေလုံလောက်နေပါပြီ။

အဲ့တော့ စိတ်ပူရမဲ့ အပိုင်းက အင်တာဗျူးပိုင်းဖြစ်တဲ့
자기소개 နဲ့ မေးခွန်းအမေးအဖြေ အပိုင်းတွေပါ ။

자기소개 အပိုင်းမှာလဲ Second 40 အတွင်းမှာ ဖြေးဖြေးနဲ့ ပုံမှန် ယုံကြည်ချက် ရှိရှိဖြင့် အသံကြည်ကြည် ပြတ်ပြတ်သားသား ပြောနိုင်ဖို့ လေ့ကျင့်ထားကြပါ ။

မေးခွန်းအမေးအဖြေတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုခိုင်းတဲ့ မေးခွန်းတွေ မီးနင်းပိုင်းတွေကို သေချာအကောင်းဆုံး ပြင်ဆင်လေ့ကျင့်ထားကြပါ ။

ဒါတွေကိုတော့ အခုထဲက အိမ်မှာပဲ ကြိုတင်လေ့ကျင့်ပြင်ဆင်ရင်း အခြေနေ စောင့်ကြည့်နေကြဖို့ အကြံပေးချင်ပါတယ် ။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေနေတွေအရ ကျနော့် ကျောင်းသားတွေရော တခြားပြင်ပ ကျောင်းသားတွေ အားလုံးအတွက် ဆရာတယောက်အနေ နဲ့ ကျနော် တတ်နိုင်တဲ့ဘက်က ကူညီအားဖြည့်ပေးတဲ့ အနေနဲ့ Skills Test အတွက် ကျနော်ကိုယ်တိုင် ဘာသာပြန်ထုတ်ဝေထားတဲ့ Skills Test စာအုပ်ရဲ့ PDF file ကို အခမဲ့ ပညာဒါန မျှဝေပေးလိုက်ပါတယ် ။

ကျနော်ရဲ့ Telegram Channel ဖြစ်တဲ့ ဒီ channel မှာ ဒေါင်းလို့ရပါတယ် ။ 👇👇👇

https://t.me/foryoukoreaeps

အစက ဒီစာအုပ်ဟာ ‌ကျနော့်ဆီမှာ Skills Test သင်တန်းလာတက်ကြတဲ့ သင်တန်းသားတွေအတွက်ပေးဖို့သာ သီးသန့်ထုတ်‌ထားတာမို့ ပြင်ပကိုတောင် ထုတ်မရောင်းပေးခဲ့ပါဘူးခင်ဗျာ ။

အခု ကြိုက်တဲ့နေရာမှာ Print ထုတ်ပြီး လိုအပ်သလို လေ့ကျင့် အသုံးပြုကြပါခင်ဗျာ ။ တပ်ဆင်ခြင်း သင်ကြားဖို့အတွက်သာ ဖြစ်ပြီး အတတ်နိုင်ဆုံး စုံအောင် လုပ်ထားပေးပေမယ့် လိုအပ်တဲ့ မေးခွန်းတွေ ရှိအုံးမယ်ထင်ရင်လဲ ကိုယ့်ဘာသာ ရှာပြီး ထပ်မံလေ့ကျင့်ဖြည့်စွက် ကျက်မှတ်ထားကြပါ ။

ဒါဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေနေအရ ကျနော်ဖွင့်ပေးတဲ့ Skills Test သင်တန်းတခုတည်းအတွက် ပြောကြားပေးခြင်းသာဖြစ်ပြီး...
စာမေးပွဲ ဖြတ်မှတ်နဲ့ ပက်သက်လို့ ခန့်မှန်းခြင်းကိုတော့ 22 ရက်‌နေ့ မတိုင်ခင်ထိ သေသေချာ‌ချာ မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်မှတ်မသိရသေးတဲ့အတွက်လည်း စိုးရိမ်ပူပန်မှုလျှော့ချပြီး ဖြေဆိုရန်ကျန်ရှိနေသေးတဲ့ကျောင်းသားများလည်း စိတ်အေးအေးထားပြီး ရမှတ်ကောင်းကောင်း နဲ့ အောင်မြင်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ် ....

ကြိုးစားထားကြတဲ့ ကျောင်းသားများအားလုံး ရည်မှန်းချက်တွေ အဆင်ပြေ အောင်မြင်ကြစေဖို့လဲ ဆုတောင်းပေးပါတယ်ခင်ဗျာ ။

#EPS
#epstopik
#epstopik2024
#epstopikexam
#epsskilltest

For You - Korea EPS Topik
09-406 93 94 95

FOR YOU - KOREA EPS TOPIK Tk tk

21 Sep, 12:10


မျှော်နေကြတဲ့ Skills Test သင်တန်း Batch -2 တန်းခွဲသစ်ကို ကြော်ငြာပေးလိုက်ပါပြီ ခင်ဗျ ။

Skills Test အတန်း‌တွေကို တမင်ဈေးသက်သာအောင် စီစဉ်ပေးထားပေမဲ့ လူဦးရေအများကြီးလက်ခံတာမျိုးမဟုတ်ပဲ အယောက် 30 အထိသာ လက်ခံတာမို့ တက်ချင်သူ‌တွေက လူမပြည့်ခင်သာ အမြန်အပ်ပေးကြပါနော် ... 😊

တလက်စထဲ Skills test မှာ ဖြေဆိုရမဲ့ အင်တာဗျူးအပိုင်းထဲက မီးနင်းလေးတွေပါ တွဲတင်ပေးလိုက်ပါတယ် ။

ကုန်ထုတ် Skill Test အတွက်ပဲဆိုပေမဲ့ ကျနော်တို့ကိုယ်တိုင် သွားဖြေတုန်းက ဝန်ဆောင်မှုသမားတွေ Surprise တိုက်ခံလိုက်ရသလိုမျိုး မဖြစ်ရလေအောင် ကျန်တဲ့ မီးနင်းတွေပါ ကြိုတင်ကျက်မှတ်ထားကြဖို့ ထပ်မံသတိပေးလိုက်ပါတယ်ခင်ဗျ ။

----- ----- ----- ----- ----- ----- ----- -----

Skills Test သင်တန်း .....

ကုန်ထုတ် ပထမသုတ်ဖြေဆိုထားပြီး Skills Test သင်တန်း မေးထားကြသူများအတွက် သင်တန်းစတင်ဖွင့်လှစ်မည့်ရက် ကြော်ငြာပေးလိုက်ပါပြီ ...

05.10.2024 မှာစတင် ဖွင့်လှစ်မှာဖြစ်ပြီး Sat and Sun တပတ်မှာ ၂ ရက်သင်ကြားပေးမှာပါ ...

👉 အင်တာဗျူးပိုင်းမှာ အရေးကြီးတဲ့
자기소개 ကို အဆင်ပြေအချောမွေ့ဆုံး ဖြစ်အောင် ပြောဆိုနိုင်တဲ့အထိ
တယောက်ချင်း လေ့ကျင့် သင်ကြားပေးခြင်း ...

👉 행동 지시 နှင့် မေးခွန်း အ‌မေးဖြေအပိုင်းမှာ ကိုရီးယားလူမျိုးတယောက်ရှေ့မှာတောင် ယုံကြည်မှုရှိရှိနဲ့ ဖြေဆိုနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးခြင်း ...

👉 အခြေခံ လုပ်ငန်းကျွမ်းကျင်မှုအပိုင်းမှာလဲ မတူညီတဲ့ ပင်စိုက်ခုံအမျိုးစား အားလုံးနှင့် သေချာလေ့ကျင့်ပြင်ဆင်ပေးခြင်း ...

👉 ကာယကြံ့ခိုင်မှုအပိုင်းအတွက်လဲ ခါးဆွဲ လက်ညစ်အားစက် အပြည့်အစုံဖြင့်
ရမှတ်များ တက်လာသည်အထိ ပုံစံမှန်အောင် အကြိမ်ကြိမ် လေ့ကျင့်သင်ကြားပေးခြင်း ...

👉 မှန်ကန်တဲ့ ဆောင်ရန်အချက်လက်တွေ သင်ကြားရင်း မှားတတ်တဲ့ တလွဲအချက်တွေ ရှောင်နိုင်ရန်ပါ တခါထဲ သင်ကြားပေးမှာဖြစ်ပါတယ် .....


သင်တန်း စတင်မည့်ရက် ...05.10.2024
သင်ကြားမည့်ရက် .... Sat and Sun
သင်ကြားမည့် အချိန် ...1:00 -3:00 PM
သင်တန်းကာလ .... ၁ လခွဲ
သင်တန်းကြေး .... 6 သောင်းကျပ်

သင်တန်းပြီးလို့ မဖြေရသေးတဲ့အခါ
Skills Test စာ‌မေးပွဲ ဖြေခါနီး အနီးကပ်ထပ်မံ လေ့ကျင့်ပေးမှာပါ..

😍 ကျနော့်သင်တန်းမှာ Basic ထဲက EPS သင်တန်းစတက်ခဲ့သော ကျောင်းသားများ သင်တန်းကြေး တပြားမှ ထပ်ပေးစရာမလိုပါ ခင်ဗျာ ...😍

🫡 မေးခွန်းဟောင်းတန်းတွေထဲက
For You ကျောင်းသားများအားလုံးကိုတော့ သင်တန်းကြေး တဝက်ဈေး 30,000 Ks ပဲ ယူမှာပါ ...

အရာရာ ခက်ခဲနေတဲ့ ဒီကာလမှာ Skills Test ကို တခြားပြင်ပမှ ကျောင်းသားများလဲ တက်လို့အဆင်ပြေအောင် သင်တန်းကြေးကို တမင် 60,000 Ks နဲ့ပဲ သတ်မှတ်လိုက်တာပါ ခင်ဗျာ ...

ကုန်ထုတ် Skills Test ကို ကျနော့်ဆီမှာတော့ တပ်ဆင်ခြင်း တမျိုးတည်း သီးသန့်သာ လက်ခံသင်ကြားပေးမှာပါခင်ဗျာ ....

Skills Test သင်တန်းအတွက်ကိုတော့
အနည်းဆုံး ရမှတ် 87.5 မှတ် ရရှိထားသူများမှစပြီး လက်ခံမှာပဲ ဖြစ်ပါတယ် ....

( ဒါဟာ ကုန်ထုတ်ပထမသုတ်ရဲ့ စာမေးပွဲဖြတ်မှတ်တွေအပေါ်မှာ ခန့်မှန်လိုက်ခြင်းမျိုးဟု မယူဆပဲ ကျနော့်တဦးတည်းအမြင်အရ သတ်မှတ်ပြီးလက်ခံတယ်လို့ပဲ မှတ်ယူပေးကြပါ ခင်ဗျာ 🙏🙏🙏 )

For You မေးခွန်းဟောင်းတန်းထဲက ကျောင်းသားတွေကတော့ 80 ကျော်နဲ့ လာတက်ချင်ပါတယ်လဲ လက်ခံပေးပါမယ် ...

မှတ်ချက် ..သင်တန်းသားဦးရေ ကန့်သတ်ချက်ရှိတာမို့ တက်ချင်သူများ လူမပြည့်ခင်တော့ ကြိုတင်စာရင်းပေးကြပါနော် ...

သင်တန်းလိပ်စာကတော့ ...
လှည်းတန်း ၊ အင်းစိန်လမ်းမပေါ် ၊ စံရိမ်ငြိမ်မှတ်တိုင်ရှေ့ ၊ United Vision ဘေးတိုက်၊ အမှတ် 66/68 ၊ အခန်း (D-4) ၊ 3 လွှာ ။ 09- 78 42 41 620, 09- 406 93 94 95

#EPS
#epstopik
#epstopik2024
#epskillstest

For You - Korea EPS Topik
09 - 406 93 94 95

4,813

subscribers

164

photos

39

videos