𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆 @epstopiksharingbym2k Channel on Telegram

𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆

@epstopiksharingbym2k


Old question group ဝင်ရန် 👉 @myo201091

𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆 (Burmese)

ရည်ရွယ်ပြီး နောက်ဆုံးရှိနေသော အခမဲ့ ရေးသားသမားများ၏ စာမေးပွဲများကို ထုတ်လွှင့်ရန် "𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆" ဆိုသည်။ ဒီလိုလိုပါတယ်အကောင်းဆုံးရှိနေသော အခမဲ့ Telegram channel သည် လူများ၏ စာမေးပွဲများကို ဖတ်ရောက်ရန် အသုံးပြုပါသည်။ ဤ channel သည် မြန်မာနိုင်ငံ မြေပုံသည်။ ထို့ပြင် ယခုပေးသော စာရင်းကြီးများမှာ နှင့် ဆက်သွယ်လှုပ်ရန် လူများ သီးသန့် ပေးလိုပါသည်။ ဤ channel နှင့် ဆက်သွယ်နိုင်သော ကမ္ဘာတစ်ခုဖြစ်ပါသည်။

𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆

03 Oct, 05:59


အမှတ်နဲ့ပတ်သက်ပီး ဘရိုတစ်ယောက်မေးထားတာကို ပြန်ဖြေပေးထားပါတယ် 👇

https://vt.tiktok.com/ZS2thva9D/

𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆

02 Oct, 09:29


POEA ရဲ့ စိတ်ထားလေးတစ်ခု

𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆

07 Sep, 05:25


လူဟောင်းတွေ ဘာလို့အခေါ်နည်းတာလဲနဲ့ပတ်သက်လို့ ကျွန်တော်ခဏခဏ ရေးဖူးပါတယ်။ ကျွန်တော့်ရဲ့ ပို့စ်တွေကို ဖတ်လေ့ဖတ်ထရှိတဲ့သူဆို သိပါလိမ့်မယ်။ အကျဉ်းချုပ် ပြန်ပြောပြပါမယ်။ E-9 ဗီဇာကို ရိုးသားကြိုးစား ငါးဖယ်ဗီဇာလို့ ခေါ်တာသိပြီးကြရောပေါ့။ ဘာလို့ခေါ်လဲဆိုရင် အထုအထောင်းခံနိုင်ရလွန်းလို့ပါ။ E-9 ဗီဇာရဲ့ မူလသက်တမ်းက ၃ နှစ်ပါ။ ၃ နှစ်မှာ ပုံလာတယ်ဆိုရင် နောက်ထပ် ၁ နှစ် ၁၀ လ ထပ်တိုးပေးပါတယ်။ ၄ နှစ်နဲ့ ၁၀ လ ထပ်ပြီးတော့ ပုံလာရင် ထပ်ပြီးတော့ စာချုပ် ချုပ်ပြီး Re-entry ဆိုပြီးဖြစ်လာတာပါပဲ။ ဒီတော့ သက်တမ်းတိုးပေးမှုသည် incentive ပေးတာပဲ။ ရိုးသားကြိုးစားတယ်ဆိုရင် မင်းကို သက်တမ်းတိုးပေးမယ်။ ဒါက ရေမှုတ်တစ်ဖက်ပေါ့။

ဒါဆိုတစ်ဖက်ကကြည့်ရင်ရော။ ရိုးသား ကြိုးစားလို့ incentive ပေးတယ်ဆိုရင် သက်တမ်းပြည့်မလုပ်နိုင်တဲ့သူတွေကျတော့ရော။ မီးစတစ်ဖက်စပြီး ကျင့်သုံးပါတယ်။ HRD ဘက်မှာ လူဟောင်းတွေနဲ့ပတ်သက်လို့ မှတ်တမ်းရာဇဝင် အကုန်ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ Graph တွေ Trend တွေ Data တွေနဲ့ပဲ သုံးသပ်ပါတယ်။ လူတစ်ဦးချင်း တစ်ယောက်ချင်းပေါ်မှာ လိုက်ပြီး မသုံးသပ်ပါဘူး။

ထားပါတော့။ ကိုရီးယားမှာ သုံးနှစ်နဲ့ အထက်လုပ်ကိုင်ပြီးတဲ့အခါကျတော့ အကြောင်းအမျိုးမျိုးကြောင့် မိခင်နိုင်ငံပြန်ပါတယ်။ အဲ့သလို ပြန်တဲ့အချိန်မှာ

တစ်ချို့က မိသားစုကြောင့်မလို့၊ ကိုယ်ရေးကိုယ်တာကြောင့်မလို့
တစ်ချို့က သုံးနှစ်မှာ အဆင်ပြေတဲ့အတွက် ဆက်မလုပ်ချင်လို့
တစ်ချို့ကလည်း သုံးနှစ်မှာလည်း အဆင်မပြေသလို ဆက်လည်း မလုပ်ချင်လို့

ဘယ်လိုပဲ ပြန်ပြန် HRD ဘက်က Data နဲ့ ကြည့်ရင်

နံပတ် တစ် - ရုံပြောင်းများခဲ့တဲ့ သူတွေ - လက်ကြောမတင်းဘူးလို့ သုံးသပ်ပါတယ်။
နံပတ် နှစ် - အမှုအခင်းဖြစ်ဖူးတဲ့သူတွေ
နံပတ် သုံး - လူသစ်တွေကိုသာ ဦးစားပေးတဲ့ မူရယ်
နံပတ် လေး - လုပ်ငန်းရှင်ကို သူ့လူကို ပြန်ခေါ်ပေးချင်တဲ့မူရယ်ကြောင့် ဒီလို ထွက်လာပါတယ်။

သူဌေးဘက်က ကြည့်ရင်တော့ သူ့ရဲ့ အားကိုးရတဲ့ အလုပ်သမားတွေ မိခင်နိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် အပြီးပြန်သွားပြီး အဲ့လူတွေကပဲ နောက်တစ်ကြိမ် ပြန်လာချင်တဲ့အခါ သူကလည်း လိုလိုလားလားရှိတဲ့အခါ ပြန်ခေါ်နိုင်ဖို့ ဒီစနစ်ဖြစ်လာပါတယ်။

လူဟောင်းတွေကို ရုံဟောင်းက ပြန်မခေါ်နိုင်တဲ့အခါ သူဌေးရဲ့ ရှုထောင့်က ကြည့်ရင် ဘာသာစကားကျွမ်းကျင်လို့ လုပ်ငန်းကျွမ်းကျင်လို့ ဆိုတာတွေထက် လူဟောင်းတွေသည် ဒီစနစ်ကို သိနေတဲ့အတွက် သူတို့ ပြောစကားကို နားထောင်ချင်မှ နားထောင်ပါမယ်။ ကလန်ကဆန်ပြန်ပြောနိုင်တယ်။ လူသစ်ကျတော့ ဘာသာစကားက အဓိကမဟုတ်ဘူး။ သူ့စကားကို နားထောင်တယ်။ မတတ်တာက တတ်အောင်သင်ပေးလို့ရတယ်ဆိုတဲ့သဘောပဲ။

သူဌေးပဲ သူလည်း အတွေ့အကြုံနဲ့ အသိုင်းအဝန်းနဲ့ နေလာတာ။ လူသစ်နဲ့ လူဟောင်းကွာခြားချက် အရသာသိပါတယ်။ ကိုယ့်ရဲ့ လူဟောင်းမဟုတ်ဘဲနဲ့ ပြန်ခေါ်ဖို့ဆိုတာကတော့ အကြောင်းရင်းတစ်ရပ်ရပ်ရှိလို့ ပြန်သွားတာ။ ဒါပေမဲ့ ခုနက Trend တွေကို သူဌေးတွေလည်း သိပါတယ်။ ဒီကောင် လက်ကြောမတင်းလို့ ပြန်သွားတာလား အမှုအခင်းတွေဖြစ်ဖူးလို့လား စသဖြင့်ပေါ့ အဲ့တော့ ကိုယ့်ရဲ့ လူဟောင်းမဟုတ်ဘဲ ပြန်ခေါ်ဖို့ ခက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ POEA အနေနဲ့ပဲဖြစ်ဖြစ် အလုပ်သမားသံအရာရှိအနေနဲ့ပဲဖြစ်ဖြစ် လူဟောင်းတွေ ပြန်ခေါ်ဖို့နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖူးတာပေါ့။ ကိုယ့်တစ်နိုင်ငံတည်းက ဆွေးနွေးလို့မှ မရတာ။ နိုင်ငံပေါင်း ၁၆ နိုင်ငံ၊ ခုဆိုရင် ၁၇ နိုင်ငံရှိတယ်။ ကျန်တဲ့နိုင်ငံတွေလည်း ဝိုင်းဆွေးနွေးပေးမှပဲ ရမှာပဲ။

HRD ဘက်က ကြည့်ရင်တော့ သူတို့ ရွေးချယ်စရာ အများကြီး၊ Multiple Choice။ မင်း ဒီစနစ်နဲ့ ဒီစည်းကမ်းနဲ့ မလုပ်ချင်ဘူးလား။ အိုကေ ... မင်းတို့ မလာလည်း တစ်ခြားလာမဲ့သူတွေ တစ်ပုံကြီး။ သဘော။

ဒါပေမဲ့ စိတ်ဓါတ်ကျစရာတော့ မဟုတ်ဘူး။ တစ်ချို့ သူဌေးတွေလည်း လူဟောင်းတွေကို သုံးဖူးလို့ ကြိုက်ရင် ပြန်ခေါ်ပါတယ်။ ခုနက ပြောသလို ဘာသာစကားရတယ်၊ ယဉ်ကျေးမှုသိတယ်၊ လုပ်ငန်းကျွမ်းကျင်တယ်။ ခုလည်း ခေါ်တဲ့အထဲ ပါနေတာပါပဲ။ လူဟောင်းတွေ ပြန်ထွက်တာတွေ ရှိပါတယ်။ နည်းတော့ နည်းတာပေါ့။ လုံးဝမခေါ်တာတော့ မဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်မှုတွေများလာတဲ့အခါ ကိုရီးယားရဲ့ မူဝါဒတွေပြောင်းလာတဲ့အခါ အခုထက်ပိုပြီး လူဟောင်းတွေ ခုထက် ပိုခေါ်လာနိုင်မှာပါလို့ မျှော်လင့်ပါတယ်။

𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆

31 Aug, 03:10


ကိုရီးယားသတင်းတွေ စုစည်းတင်ဆက်လိုက်ပါတယ်။

- POEA ရဲ့ Suprise တွေကို အသားကျနေရောပေါ့။ POEA က ဒီတစ်ပတ်အတွင်း စပရိုက်စ် (၃) ခု တိုက်ခဲ့ပါတယ်။

- ပထမတစ်ခုကတော့ ကုန်ထုတ်ပထမအသုတ်နောက်ဆက်တွဲဖြေဆိုရမဲ့သူ ၆၄၀၀ ဦး စာရင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီ ၆၄၀၀ ဦးက မူလက ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းလောက်မှ ကျင်းပနိုင်မဲ့ ကုန်ထုတ် ဒုတိယအသုတ်မှာ ဝင်ဖြေရမှာဖြစ်ပေမဲ့လည်း အခုထုတ်ပြန်ချက်အရ ကုန်ထုတ်ပထမအသုတ်ပြီးတာနဲ့ ဆက်ပြီး ဖြေရမှာပါ။ ရှေ့လူတွေရဲ့နမူနာကိုကြည့်ပြီး စာကို စဉ်ဆက်မပြတ်လုပ်နေတဲ့သူတွေအတွက် ပြဿနာမရှိပေမဲ့လည်း တစ်ပွဲတိုးဆရာတွေကတော့ နည်းနည်းဖင်မီးခိုးထွက်အောင် စာလုပ်ရပါလိမ့်မယ်။

- ဒုတိယတစ်ခုကတော့ ၂၀၂၂ ခုနှစ်မှာ စိုက်/ မွေးအောင်ထားပြီးဖြစ်ပေမဲ့ အလုပ်ရှင်နဲ့ တစ်ခါမှ မိတ်ဆက်မခံရသေးတဲ့ အကျုံးဝင်လုပ်သား ၁,၃၆၆ ဦးအနေနဲ့ သစ်တောလုပ်ငန်း ပြောင်းခွင့်ရှိကြောင်း ကြေညာခဲ့တာပါ။ လုပ်သားတွေရဲ့ သုံးပုံတစ်ပုံပြောင်းလျှောက်ခဲ့ကြပါတယ်။ ကံကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။

- တတိယတစ်ခုကတော့ SUBT အထူးသီးသန့်စာမေးပွဲဖြေဆိုရမယ်ဆိုတဲ့အကြောင်း ကြေညာလိုက်တာပါ။ SUBT ကို ဝင်ရောက်ဖြေဆိုနိုင်မဲ့သူတွေကတော့ ကိုရီးယားနိုင်ငံမှာ (၃) နှစ်နဲ့အထက်လုပ်ကိုင်ခဲ့ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံပြန်ရောက်နေတဲ့ လူဟောင်းတွေအတွက် သီးသန့်ကျင်းပပေးတဲ့ စာမေးပွဲဖြစ်ပါတယ်။ SUBT ကတော့ တစ်နှစ်ကို ၃ ကြိမ်နဲ့အထက် ကျင်းပရမှာဖြစ်ပေမဲ့လည်း ၂၀၂၃ ခုနှစ်မှာ တစ်ကြိမ်သာ ကျင်းပခဲ့သလို အခု ၂၀၂၄ ခုနှစ်မှာလည်း တစ်ကြိမ်ပဲကျင်းပနိုင်မှာဖြစ်ပါတယ်။ ဒီလိုကျင်းပရတာဟာ ကိုရီးယားနိုင်ငံက အလုပ်ရှင်တွေအနေနဲ့ ၎င်းတို့ရဲ့ လုပ်သားဟောင်းတွေကို ပြန်လည်ခေါ်ယူလိုကြောင်း တိုက်တွန်းလာလို့ဖြစ်ပါတယ်။

- ဝန်ဆောင်မှု အုပ်စု-၂ အောင်ထားတဲ့ သမီးငယ်တွေ ရုံးကိုလာရမဲ့အချိန်မှာ လုံချည်နဲ့လာရလို့ဆိုပြီး တွန့်နေတာ တွေ့ပါတယ်။ ဒဂုံမြောက်မှာ ရှိတဲ့ သင်တန်းကျောင်းဝန်းမှာ POEA တစ်ခုတည်းရှိတာမဟုတ်ပါဘူး။ တစ်ခြားနိုင်ငံအတွက် ဖွင့်လှစ်ထားတဲ့ သင်တန်းတွေနဲ့ သွားကြမဲ့ ကလေးတွေလည်းရှိပါတယ်။ သက်ဆိုင်ရာနိုင်ငံအလိုက် အေဂျင်စီတွေက ဆင်ပေးတဲ့ ယူနီဖောင်းကလွဲလို့ ဘောင်းဘီဝတ်ခွင့်မပြုထားပါဘူး။ ရုံးကို လာတာဖြစ်လို့ လုံချည်ဝတ်ခိုင်းတဲ့ကိစ္စလောက်ကို ကိစ္စကြီးမမှတ်လေနဲ့။

- ကိုရီးယားနိုင်ငံက လောလောဆယ်မှာ အလုပ်အကိုင်နဲ့ပတ်သက်လို့ မကောင်းသေးပါဘူး။ ဘယ်ကဏ္ဍမှကို မကောင်းသေးတာပါ။ အဲ့တော့ ရှိတဲ့အလုပ်ကို တန်ဖိုးထားလုပ်ပါ။ နောက်အလုပ်ဆိုတာ ဘယ်တော့မှ မကျိန်းသေပါဘူး။ အလုပ်သမားသံအရာရှိနဲ့ အဆက်အသွယ်ရတော့ အလုပ်မကောင်းကြောင်း၊ ရောက်တာနဲ့ အလုပ်စာချုပ်ဖျက်သိမ်းခံရတာတွေလည်း များလာကြောင်း၊ ဘုန်းကြီးကျောင်းပို့တာများလို့ ဘုန်းကြီးကျောင်းကလည်း လက်ခံနိုင်တဲ့အတိုင်းအတာကျော်လာပြီဖြစ်ကြောင်း ပြောပြပါတယ်။ ရှိတဲ့ အလုပ်ကို တန်ဖိုးထားလုပ်ပါ။ အလုပ်မှာ ဖိနှိပ်ခံရတာတွေနဲ့ပတ်သက်လို့ ဘောင်ထဲကပဲ တောင်းဆိုပါ။ တစ်ဆိတ်ရှိ အလုပ်ထွက်မယ် မလုပ်ပါနဲ့။ နောက်ဆိုတာ ဘယ်တော့မှ မသေချာပါဘူး။

- အလုပ်ထွက်ချင်တဲ့ အကြောင်းရင်းထဲမှာ သူဌေးကအော်လို့ ဆူလို့ ဆဲလို့ဆိုပြီး အလုပ်ထွက်ခွင့်မရပါဘူး။ အလုပ်ပင်ပန်းလို့၊ မလုပ်နိုင်တော့လို့ဆိုပြီး ထွက်ရင်လည်း အလုပ်ထွက်ခွင့်မရပါဘူး။ သူဌေးက ဥပဒေပါအခွင့်အရေးတွေကို မပေးဘဲ ချိုးဖောက်တော့မှသာ ကိုယ်က သက်သေအထောက်အထားနဲ့ပြောနိုင်မှသာ ကိုယ့်အခွင့်အရေးရမှာပါ။ အလုပ်ထွက်ချင်လို့ဆိုပြီးတော့ ပေကပ်ပြီးတော့ လုပ်နေတာတွေ၊ ပစ္စည်းအပျက်ထွက်အောင်လုပ်တာတွေက ဘယ်သူမှ အကျိုးမရှိပါဘူး။ မြန်မာတွေ နာမည်ပျက်ပြီး နောက်လူတွေ ထိခိုက်တာပဲ ဖြစ်လိမ့်မယ်။

- ကိုရီးယားမှာ နေ့စဉ်လိုလို မြန်မာလုပ်သားတွေရဲ့ နာရေးသတင်းတွေ ဆက်တိုက်ဆိုသလို တက်လာပါတယ်။ ဖိအားဒဏ်မခံနိုင်ကြတာရယ်၊ အရက်တွေအရမ်းသောက်တာရယ် ရာသီဥတုအရမ်းပူတာရယ်၊ ကျန်းမာရေးရယ်ဆိုပြီး လတ်တလောတွေ့ရတဲ့ နာရေးသတင်းတွေပါ။ နောက်မှာ မိသားစုရှိသေးတယ်ဆိုတာ အမြဲသတိကပ်ထားပါလေ။

- E-8 ရာသီချိန် စိုက်ပျိုးရေးလုပ်သားတွေနဲ့ပတ်သက်လို့ အခုချိန်အထိ ဘာမှမထူးသေးပေမဲ့ လိမ်တာတွေကတော့ ရှိနေတုန်းပါ။ သတိထားကြပါလေ။ လုံးဝ လုံးဝ E-8-1 မလွှတ်သေးပါဘူး။

- E-7-3 ဂဟေလုပ်သားနဲ့ပတ်သက်လို့ ကိုရီးယားနိုင်ငံဘက်က အလုပ်ခေါ်စာအသစ်တွေ မလာသေးပါဘူး။ လက်ရှိ E-7-3 Demand ရှိထားတဲ့ ကုမ္ပဏီ သုံးခုပဲရှိပါသေးတယ်။ Demand အသစ်တွေမပေးတဲ့အကြောင်းရင်းတွေထဲမှာ ယခင်ရောက်နှင့်နေပြီးသား ဂဟေလုပ်သားတွေရဲ့ အပြုအမူတွေအပေါ် မကြိုက်နှစ်သက်မှု၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကြောင့် ဂဟေလုပ်သားအသစ်တွေ မခေါ်နိုင်သေးတာဖြစ်ပါတယ်။

- E-10-2 ရေလုပ်သားတွေ စေလွှတ်ဖို့ကတော့ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်ဖြစ်ပြီး လက်ရှိခွင့်ပြုချက်ပေးထားတဲ့ ကုမ္ပဏီတစ်ခုသာရှိပါတယ်။

-
#credit

𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆

26 May, 12:00


♦️♦️♦️မေးခွန်းဟောင်းဖြေဆိုရန်

𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆

13 May, 13:02


https://vt.tiktok.com/ZSYenKYfW/

𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆

10 May, 08:20


♦️♦️♦️မေးခွန်းဟောင်းဖြေဆိုရန်
#eps #epsreading

𝙀𝙥𝙨 𝙩𝙤𝙥𝙞𝙠 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙗𝙮 𝙈2𝙆

07 May, 13:59


♦️♦️♦️ကျနော့ရဲ့ အခြား channel တွေလည်း like and follow လုပ်ပေးပါအုံးဗျ👇👇👇

♦️♦️♦️ Facebook page 👇👇👇

https://www.facebook.com/profile.php?id=100095076890659&mibextid=ZbWKwL

♦️♦️♦️Tiktok account 👇👇👇

tiktok.com/@about.of.korea

4,303

subscribers

478

photos

9

videos