နေဇာအောင်
ခုချိန်မှာ ဘယ်သူနဲ့ဖြစ်ဖြစ် ဘာအကြောင်းအရာကိုပဲ ပြောနေနေ နောက်ဆုံးမှာတော့ ကိုယ့်နိုင်ငံရဲ့ စစ်ရေး နိုင်ငံရေး အကြောင်းအရာကိုပဲ ပြန်ရောက်ပြီး အဲ့မှာပဲ ငြင်းခုံရင်း အဆုံးသတ်ကြရတာပဲများတယ်။
အများဆုံး ပြောကြတာက သိကြတဲ့အတိုင်း စစ်ရေးအကြောင်းဆိုတော့ တခါတခါ ပြောနေရင်းနဲ့ အထူးဒေသတွေ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတွေ၊ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်တွေ စသည်ဖြင့် အရောရောအထွေးထွေး ဖြစ်နေပြန်ရော။
အရောရောအထွေးထွေးဖြစ်မယ်ဆိုလည်း ဖြစ်လောက်စရာရှိတာကိုး - ဥပမာ ရှမ်းပြည်နယ် အထူးဒေသ -၁ လို့ ပြောလိုက် တော်ကြာနေ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလို့ သုံးလိုက်ဆိုတော့ အမှတ်တွေ မှားပြီး ရောကုန်ရော။ အထူးဒေသ လို့ဆိုတိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတာလား။ အဲ့ဒီနှစ်ခုကလည်း မတူပြန်ပါဘူး။ အဲ့တော့ ဒီဟာတွေကို မှတ်ရလွယ်ကူအောင် ရေးထုတ်ထားကြည့်လိုက်မယ်။ ဒါလေးကိုဖတ်ပြီးရင်တော့ အသေးစိတ်မဟုတ်တောင် အကြမ်းဖျည်းသဘောလောက်တော့ သိသွားနိုင်မယ်လို့ယူဆပါတယ်။ #ပုံကိုနှိပ်ပြီးဆက်လက် ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20860-2/