Latest Posts from Federal Journal - Myanmar (@federaljournalmyanmar2016) on Telegram

Federal Journal - Myanmar Telegram Posts

Federal Journal - Myanmar
တိုင်းရင်းသားရေး၊ ဖက်ဒရယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး
6,703 Subscribers
8,112 Photos
71 Videos
Last Updated 28.02.2025 18:24

The latest content shared by Federal Journal - Myanmar on Telegram


တော်လှန်လူငယ်တို့ရဲ့ အသံ ပေါ့ကပ်စ်အစီအစဥ် (၂၉) https://youtu.be/3Xi4wZSNFSs

ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်မှာတော့ "နွေဦးတော်လှန်ရေးနဲ့ မြေပြင်ရဲဘော်တို့ တော်လှန်အမြင်" ဆိုတဲ့အကြောင်းအရာကို အခြေခံပြီး Shan Yoma UG PDF အဖွဲ့ရဲ့ ဘဏ္ဍာရေးအဖွဲ့ဝင် ရဲဘော် ပုဇွန်လုံးကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားစမြည် ဆွေးနွေးတင်ဆက်ထားပါတယ်။

အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန် လူငယ်တို့ရဲ့ တော်လှန်ရေးမှာ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ကြုံတွေ့ နေရတဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များနဲ့ ခံယူချက်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။

ဒါ့အပြင် အခုအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

#FJMM_Podcast_Epi_29
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်လူငယ်တို့ရဲ့_အသံ_ပေါ့ကပ်စ်အစီအစဥ်

ရှမ်းပြည်တောင်ပိုင်းဒေသမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ရိက္ခာလိုအပ်မှုများရှိနေကြောင်း PYO ဆို

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၁၄၊ ၂၀၂၅

ရှမ်းပြည်တောင်ပိုင်းဒေသများအတွင်းမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာများ လိုအပ်လျှက်ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO) မှ ဇန်နဝါရီလ ၁၃ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ https://federaljournalmm.org/fj-mm-20696-2/

၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၁၄၊ ၂၀၂၅

ရဲဘော်ဒီလှိုင်း - နိုင်ငံရေးအကျဉ်းသားဟောင်း(၈၈/၂၀၂၁)နဲ့ တွေ့ဆုံမေးမြန်းခြင်း

၂၀၂၄ အတွင်းက ဖက်ဒရယ်နဲ့ တော်လှန်ရေးခရီး အတိုင်းအတာ၊ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေတဲ့အချိန်မှာ အုပ်ချုပ်ရေးကိစ္စ၊ ၂၀၂၅ မှာ ဖက်ဒရယ်နဲ့ တော်လှန်ရေး အရွေ့ အတွက် စစ်ကောင်စီရဲ့ အဆုံးသတ်ပြီး ဘယ်လို အဖြေနိုင်ဖို့၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူအကြောင်းနှင့် ဖက်ဒရယ် တပ်ပေါင်းစု ကိစ္စအပါအဝင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ လိုအပ်မလဲ နိုင်ငံရေး အကျဉ်း သားဟောင်း(၈၈/၂၀၂၁)ဖြစ်သူ ရဲဘော်ဒီလှိုင်းကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက မေးမြန်း တင်ဆက်ထားပါတယ်။  လင့်ခ်ကိုနှိပ်ပြီး အပြည့်အစုံ ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20685-2/

၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

လားဟူဒီမိုကရက်တစ်အစည်းအရုံးမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံမေးမြန်းခြင်း

လင့်ခ်ကိုနှိပ်ပြီး ဖတ်ရန် - https://federaljournalmm.org/fj-mm-20663-2/

၂၀၀၈ ခြေဥအရေးဟာ နိုင်ငံရေးပါရာဇိကကျမယ့်ကိစ္စမို့ လုံးဝပတ်သက်စရာ မရှိဘူးလို့ SNLD ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၇၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဟောင်းနဲ့ လက်ရှိ ဥက္ကဋ္ဌတို့ နှစ်ဦးကို ဆုတံဆိပ် ပေးအပ်တာဟာ လူထုလက်မခံတော့တဲ့ ၂၀၀၈ ခြေဥကိုအစွဲပြုပြီး သေနေတဲ့သူ့နိုင်ငံရေး ပြန်ရှင်လိုရှင်ငြားဆိုပြီး SNLD ခေါင်းဆောင်တွေကို အမှုတွဲတဲ့သဘော၊ သေဖော်ညှိတဲ့သဘောနဲ့ လုပ်နေတယ်လို့ ယူဆကြောင်း SNLD ပါတီ တာဝန်ရှိသူက ပြောပါတယ်။

လင့်ခ်ကိုနှိပ်ပြီး ဖတ်ရန် - https://federaljournalmm.org/fj-mm-20655-2/

FJMM ကဗျာ – ရူးလို့တော်လှန်ခဲ့သည်

ကဗျာ – ခန့်ဒေါင်း

https://federaljournalmm.org/fj-mm-20645-2/

၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၇၊ ၂၀၂၅

ဒီတပတ်ထပ်မံပြီး၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတဲ့ ခေါင်းစဉ်ကိုအခြေခံပြီး

၂၀၂၄ အတွင်းက ဖက်ဒရယ်နဲ့ တော်လှန်ရေးခရီး အတိုင်းအတာ၊ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေတဲ့အချိန်မှာ အုပ်ချုပ်ရေးကိစ္စ၊ ၂၀၂၅ မှာ ဖက်ဒရယ်နဲ့ တော်လှန်ရေး အရွေ့ အတွက် စစ်ကောင်စီရဲ့ အဆုံးသတ်ပြီး ဘယ်လိုအဖြေနိုင်ဖို့၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူအကြောင်းနှင့် ဖက်ဒရယ်တပ်ပေါင်းစုကိစ္စအပါအဝင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ဗကသ ကျောင်းသားခေါင်းဆောင် တစ်ဦးလည်း ဖြစ်သူ ကိုမင်းသွေးသစ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက မေးမြန်းတင်ဆက်ထားပါတယ်။

ပုံကိုနှိပ်ပြီး အပြည့်အစုံဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20638-2/

https://federaljournalmm.org/fj-mm-20632-2/

https://www.facebook.com/fjmm2012/videos/1066958201871316

စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖက်ဒရယ်ဥအဒေ အကယ်ဒမီထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၄၊ ၂၀၂၅

ပြည်ထောင်စု မြန်မာနိုင်ငံ၏ စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ပေါက်လာခြင်းနှင့် စပ်လျဉ်း၍ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအတွက်ဆိုကာ ဖက်ဒရယ်ဥအဒေ အကယ်ဒမီက ထုတ်ပြန်လိုက်ပါတယ်။

၁၉၉၀ ခုနှစ်မှစ၍ မျက်မှောက်ကာလအထိ အောက်ပါ အဖွဲ့အစည်းကြီး လေးခုဖြစ်တဲ့ ဖက်ဒရယ်အဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံမူများကို ချမှတ်ခဲ့ကြသည်။ ၎င်းတို့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (National Council of the Union of Burma – NCUB)၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးနှင့်ညှိနှိုင်းရေးကော်မတီ (Federal Constitution Drafting and Coordinating Committee – FCDCC)၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ဖက်ဒရယ် ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (People’s Representatives Committee for Federal – PRCF) တို့ကို အခြေခံပြီး ပြုစုထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင့် ဖော်ပြထားတဲ့အဖွဲ့အစည်းကြီးလေးခုက ယခုပေါ်ပေါက် လာတဲ့ စံပြုဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား နိုင်ငံရေးအရ စုပေါင်းပိုင်ဆိုင်ကြတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

အခုပြုစုထားတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ (မူကြမ်း) သုံးခုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် တို့အား ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပညာဖြင့် ပေါင်းစုကာ ဖက်ဒရယ်ဥပဒေအကယ်ဒမီက စံပြုဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အနေဖြင့် တင်ဆက်လိုက်ခြင်းဖြစ်ပြီး ရိုးရိုး ဖွဲ့စည်းမှု (Formation) သာမက အုပ်ချုပ်မှု (Governance) ကိုပါ ပေါင်းစပ်ထားခြင်း ဖြစ်သောကြောင့် စံပြုဖက်ဒရယ်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟု အမည်ကို အဆိုပြုတာလို့ သိရပါတယ်။

စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် နိုင်ငံရေးအရ ညီညွတ်မှုကို ရှာဖွေရာတွင် လည်းကောင်း၊ ဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာဥပဒေစိုးမိုးရေးကို တည်ဆောက်ရာတွင် လည်းကောင်း၊ ထိရောက်သည့် အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု မြှော်လင့်တာ ဖြစ်တယ်လို့လည်း ဖက်ဒရယ်ဥပဒေ အကယ်ဒမီက ထည့်သွင်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံရှိ ပြည်တွင်းအင်အားစုများ၏ လွတ်လပ်စွာ ရပ်တည်မှု သက်သက်ဖြင့် မြန်မာနိုင်ငံရဲ့ အရင်းခံ နိုင်ငံရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာပြဿနာများအား ဖြေရှင်းနိုင်ခြေများစွာ နည်းပါးသွားပြီ ဖြစ်ကြောင်း ကို ၂၀၂၄ ခုနှစ် အတွင်း ဖြစ်ရပ်များက သက်သေထူလျက်ရှိနေပြီး တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် စပ်လျှဉ်း၍ အဖြေရှာနိုင်ရေး ပံ့ပိုးရာတွင် ဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဥပဒေစိုးမိုးရေးနောက်ခံများဖြင့် မည်ကဲ့သို့ချဉ်းကပ် ဖော်ဆောင်စေသင့် ကြောင်း ထိရောက်စွာ တုန့်ပြန်ဘို့ လိုအပ်လာပြီဖြစ်လို့ ဤနောက်ခံများမှနေ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ စံပြုဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း တင်ပြထားတာ တွေ့ရပါတယ်။

ပေးပို့ထားတဲ့ ထုတ်ပြန်ချက် အသေးစိတ် ဖတ်ရှုလေ့လာနိုင်ဖို့

အခမဲ့ ဒေါင်းလုတ်လင့်ခ် - http://surl.li/msodxd