ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၂၆၊ ၂၀၂၅
စစ်အာဏာသိမ်းကာလ မြေပြင် စစ်ရေး ပြင်းထန်နေပြီး မြို့သိမ်းတိုက်ပွဲတွေလည်း ဆက်တိုက် ဖြစ်ပေါ်လာနေချိန် ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံရေးအင်အားစု တချို့က လက်ရှိ ပြည်တွင်း နိုင်ငံရေးအကျပ်အတည်း ကျော်လွှား အဖြေရှာဖို့ စုဝေးတိုင်ပင်တာတွေ လုပ်လာခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ကိုင်စွဲမထားပဲ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရေး၊ နိုင်ငံရေး စကားပြောဖို့ ဒေါ်အောင် ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အချက်အပြင် စစ်ပွဲတွေရပ်ပြီး သက်ဆိုင်သူတွေ အားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ စတဲ့ အချက်တွေ ပါဝင်တဲ့ “ငွေဆောင် သဘောတူမှု” တိုက်တွန်းချက်တစ်ခု ထွက်ပေါ်လာပါတယ်။
ဒီငွေဆောင်သဘောတူမှု တိုက်တွန်းချက် ထွက်ပေါ်လာပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တွန်းလှန်နေသူ တွေကြားထဲမှာ သဘောထားအမြင် အမျိုးမျိုးနဲ့ ဆွေးနွေးငြင်းခုံမှုတွေလည်း ပေါ်ထွက် လာခဲ့တာကြောင့် ပြည်တွင်း နိုင်ငံရေးအကျပ်အတည်းအဖြေရှာဖို့ဆိုရင် သက်ဆိုင်သူတို့ ဘယ်အချိန်မှာ ဆွေးနွေးသင့်သလဲ ဆိုတဲ့ မေးခွန်း ကလည်း အရေးတကြီး ရှိနေတာပါ။
အခုလို အမြင် အမျိုးမျိုး ငြင်းခုံမှု ရှိနေတဲ့ထဲ သက်ဆိုင်ရာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ အင်အားစု အသီးသီး ခေါင်းဆောင်များနှင့် နိုင်ငံရေး လေ့လာ သုံးသပ်သူများ၏ သဘောထားအမြင်၊ သုံးသပ်ချက်များကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက လက်လှမ်းမီသလောက် မေးမြန်း စုစည်းတင်ဆက် ပေးထားပါတယ်။
ရုပ်သံမှာ ကြည့်ရှုနိုင်ပြီ https://youtu.be/z78yVrSA7AY