Latest Posts from Federal Journal - Myanmar (@federaljournalmyanmar2016) on Telegram

Federal Journal - Myanmar Telegram Posts

Federal Journal - Myanmar
တိုင်းရင်းသားရေး၊ ဖက်ဒရယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး
6,703 Subscribers
8,112 Photos
71 Videos
Last Updated 28.02.2025 18:24

The latest content shared by Federal Journal - Myanmar on Telegram


အလုပ်မဖြစ်သော စု-လွှတ်-ရွေး

- ကျော်ကိုကို

------------

ကြေညာ | အမှတ် ၄၅ ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ

အခုတခေါက် ထုတ်ဝေလိုက်တဲ့ ဂျာနယ်စာစဉ် ခေါင်းစဉ်ကတော့ “၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ” ဆိုတာဖြစ်ပြီး စာစဉ်ထဲမှာ အင်တာဗျူးကဏ္ဍ၊ အတွေးအမြင်ဆောင်းပါးကဏ္ဍအပါအဝင် ဖက်ဒရယ်ရေးရာကဏ္ဍနှင့် အခြားစိတ်ဝင်စားစရာ ကဏ္ဍတို့ကို ဖတ်ရှုရမှာပါ။

ဂျာနယ်စာစဉ်တွေကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ၃ လတကြိမ် ပုံမှန်ထုတ်ဝေပေးလျှက် ရှိနေကြောင်းလည်း သတင်းကောင်း ပါးပါရစေ။

စာစဉ်အပြည့်အစုံကို သိမ်းဆည်းဖတ်ရှုလိုပါက ဖော်ပြပါ လင့်ခ်မှာ အခမဲ့ သွားရောက် ဒေါင်းလုတ် ရယူနိုင်ပါတယ်။

ဒေါင်းလုတ်လင့်ခ် – https://federaljournalmm.org/fj-mm-20806-2/

The situation of Spring Revolution in Ethnic Areas

Quarterly Report (November 2024 – January 2025)

The Federal Journal-Myanmar gathers information and publishes situational reports monthly on public activities, movements and coordination of the ethnic peoples in resisting the military junta in Myanmar.

By this time, the report focused on political dynamic and conflict development in the past three months (from November 2024 – January 2025) by examining about casualties in both sides (the junta troops and resistant forces) due to conflict incidents, destruction of civilian structures due to the Junta’s airstrikes, operation and shelling, displacement, the captured outposts and towns of SAC by revolutionary groups and development of administrative or political coordination bodies in Ethnic areas.

Link to read the full report - https://federaljournalmm.org/fj-mm-20815-2/

ကြေညာ | အမှတ် ၄၅ ဂျာနယ်စာစဉ် ဖတ်ရှုနိုင်ပြီ

အခုတခေါက် ထုတ်ဝေလိုက်တဲ့ ဂျာနယ်စာစဉ် ခေါင်းစဉ်ကတော့ “၂၀၂၅ မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ” ဆိုတာဖြစ်ပြီး စာစဉ်ထဲမှာ အင်တာဗျူးကဏ္ဍ၊ အတွေးအမြင်ဆောင်းပါးကဏ္ဍအပါအဝင် ဖက်ဒရယ်ရေးရာကဏ္ဍနှင့် အခြားစိတ်ဝင်စားစရာ ကဏ္ဍတို့ကို ဖတ်ရှုရမှာပါ။

ဂျာနယ်စာစဉ်တွေကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ၃ လတကြိမ် ပုံမှန်ထုတ်ဝေပေးလျှက် ရှိနေကြောင်းလည်း သတင်းကောင်း ပါးပါရစေ။

စာစဉ်အပြည့်အစုံကို သိမ်းဆည်းဖတ်ရှုလိုပါက ဖော်ပြပါ လင့်ခ်မှာ အခမဲ့ သွားရောက် ဒေါင်းလုတ် ရယူနိုင်ပါတယ်။

ဒေါင်းလုတ်လင့်ခ် – https://federaljournalmm.org/fj-mm-20806-2/

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

သုံးလတာ ကာလအတွင်း စုစည်းတင်ပြခြင်း
(၂၀၂၄ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အထိ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ် လေ့လာ ပြုစု၍ ထုတ်ပြန် လျက်ရှိသည်။

ယခု အစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလ နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃)လအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသား ‌ဒေသများတွင် နှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာမှုများ၊ တောင်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်းများနှင့် တိုင်းရင်းသား ဒေသရှိ အုပ်ချုပ်ရေး သို့မဟုတ် နိုင်ငံရေး ကောင်စီတို့၏ ဖြစ်ပေါ်တိုးတက်မှုများ ကို အောက်ပါအတိုင်း စုစည်းတင်ပြ ထားပါသည်။

လင့်ခ်ကိုနှိပ်ပြီး အပြည့်အစုံ ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20788-2/

တော်လှန်သူတို့အသံ ပေါ့ကပ်စ်အစီအစဥ် (၃၂) https://youtu.be/Me3LKkyigN4

ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်မှာတော့ "နွေဦးတော်လှန်ရေးနဲ့ မြေပြင်ရဲဘော်တို့ စကားသံ" ဆိုတဲ့အကြောင်း ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော် Bhone Tay Za ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားစမြည် ဆွေးနွေးတင်ဆက်ထားပါတယ်။

အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန်သူတို့ရဲ့ တော်လှန်ရေးမှာ ကဏ္ဍပေါင်းစုံကနေ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ဖြတ်သန်းနေကြတဲ့ တော်လှန်သူတို့ရဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များနဲ့ ခံယူချက်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။

ဒါ့အပြင် အခုအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

#FJMM_Podcast_Epi_32
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်သူတို့_အသံ_ပေါ့ကပ်စ်အစီအစဥ်

ဘုံရန်သူကို စုပေါင်း ဦးတည်တိုက်ခိုက်ဖို့ လိုအပ်တယ်လို့ KIO ဥက္ကဌ ထပ်မံတိုက်တွန်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဖေဖော်ဝါရီ ၅၊ ၂၀၂၅

https://federaljournalmm.org/fj-mm-20776-2/

https://federaljournalmm.org/fj-mm-20769-2/

❝ မွန်တပ်တော်ဆီသို့ - ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြေးလမ်းပေါ်က မွန်တပ်ပေါင်းစု ❞

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မွန်လက်နက်ကိုင်တပ် (၄) တပ်ပေါင်းပြီး " ရာမည စစ်ကြောင်း" ဖွဲ့စည်းကာ ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့ပါသည်။

ယခုလို မွန်တပ်(၄) တပ်ပူးပေါင်းနိုင်ခဲ့ခြင်းသည် လွယ်ကူလှသော အခြေအနေ တစ်ခု မဟုတ်ကဲ့ပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင်တွန်းလှန်သည့် မွန်တပ်များပေါ်ပေါက်လာခဲ့သည်။ မွန်လက်နက်ကိုင်တပ်တို့သည် ပုံစံမျိုးစုံဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် စစ်ကောင်စီတပ်များကို အသီးသီးတိုက်ပွဲဝင်ခဲ့ကြသည်။ စစ်ကောင်စီကို တိုက်ပွဲဝင်နေသော မွန်တပ်များ ပူးပေါင်းနိုင်ရန်အတွက် တပ်တပ်ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုသာမက မြေပြင်တော်လှန်ရေးရဲဘော်များအကြား ပူးတွဲစစ်ဆင်ရေးများ ဆင်နွှဲလာနိုင်ခြင်းတို့ကြောင့် ဖြစ်ပေသည်။

စစ်ကောင်စီကို တိုက်ပွဲဝင်နေသည့် မွန်တပ်များစုပေါင်းတိုက်ပွဲဝင်နိုင်ရေးသည် မွန်လူထုက မျှော်လင့်တောင့်တနေသည့်အခြေအနေတရပ်ဖြစ်ပါသည်။

ဖော်ပြပါ Link မှတဆင့် Download ဖိုင်အားရယူနိုင်ပါသည်။ https://www.facebook.com/share/p/1HDD22bEDx/

တော်လှန်သူတို့အသံ ပေါ့ကပ်စ်အစီအစဥ် (၃၁) https://youtu.be/OdE6YAjm4Hw

ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်မှာတော့ "နွေဦးတော်လှန်ရေးနဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာတို့ စကားသံ" ဆိုတဲ့အကြောင်း တရုတ်-မြန်မာနယ်စပ်ဒေသမှာ စာသင်ပေးနေတဲ့ KIO ပညာရေး စေတနာ့ဝန်ထမ်း ဆရာအင်ဒေါင်ယောဟန်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားစမြည် ဆွေးနွေးတင်ဆက်ထားပါတယ်။

အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန်သူတို့ရဲ့ တော်လှန်ရေးမှာ ကဏ္ဍပေါင်းစုံကနေ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ဖြတ်သန်းနေကြတဲ့ တော်လှန်သူတို့ရဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များနဲ့ ခံယူချက်တွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။

ဒါ့အပြင် အခုအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

#FJMM_Podcast_Epi_31
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်သူတို့_အသံ_ပေါ့ကပ်စ်အစီအစဥ်

လေသံပစ်ရွေးကောက်ပွဲက စစ်အုပ်စုအကြပ်အတည်းအတွက် အဖြေလား

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၂၈၊ ၂၀၂၅

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဥ်နှင့် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးတို့၏ အိမ်နီးချင်းနိုင်ငံများနှင့် အလွတ် သဘောအစည်းအဝေးတို့မှာ ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဒေသတွင်းနိုင်ငံများကို စစ်ဗိုလ်ချုပ်များက အတိအလင်း ပြောဆို ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာမှာ “၂၀၂၅ ဒီဇင်ဘာ ၃၁ ထိ အကျုံးဝင်ပြီး ၁၈ နှစ် ပြည့်မည့်သူများ” ကိုပါ ကောက်ခံရန် ပြီးခဲ့တဲ့ ရက်သတ္တပတ် ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင်၏ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက် စစ်ကောင်စီသက်တမ်း ၆ လ ပြည့်သောနေ့ အများပြည်သူကို မိန့်ခွန်း ပြောခဲ့စဥ်က ၂၀၀၈ ခြေ/ဥအရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာမှုကို အချိန်ကာလ အများဆုံး ၂နှစ် ခွင့်ပြုထားသဖြင့်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ လူသိ ရှင်ကြား ကတိ ပေးခဲ့ဖူး ပေမယ့် ထိုအချိန်က ရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ လေသံပစ်ရွေးကောက်ပွဲသာ ဖြစ်ခဲ့ဖူးပါတယ်။

အခုနှစ် ၂၀၂၅ မှာ စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပလာနိုင်မလား။ လေသံပစ်မယ့် ရွေးကောက်ပွဲလား။ ရွေးကောက်ပွဲက စစ်အုပ်စုရဲ့ လက်ရှိကြုံနေရတဲ့ အကြပ်အတည်းကနေ ရုန်းထွက်နိုင်ဖို့ အဖြေရှာဖို့လား စတဲ့ ရှုထောင့် ပေါင်းစုံကနေ အမြင်အမျိုးအမျိုး ရှိနေတာဖြစ်လို့ သက်ဆိုင်ရာ အင်အားစု အသီးသီး ခေါင်းဆောင်များနှင့် နိုင်ငံရေး လေ့လာ သုံးသပ်သူများ၏ သဘောထားအမြင်၊ သုံးသပ်ချက်များကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက လက်လှမ်း မီသလောက် မေးမြန်း စုစည်းတင်ဆက် ပေးထားပါတယ်။

ရုပ်သံမှာ ကြည့်ရှုနိုင်ပြီ https://youtu.be/Tf2inyQl4Kc