English for Burmese

@englishforburmese


English for Burmese

23 May, 04:12


ဆရာ ဇင်ကိုရဲ့ ၈-ပတ် pronunciation challenge ကြီး ပြန်လာပါပြီ

💫အရင်ဆုံး Englishဘာသာစကားမှာ pronunciation ရဲ့ အရေးပါမှုကို သိထားရပါမယ် ကိုယ့်ရဲ့ အင်္ဂလိပ်အသံထွက်ဟာ မဖြစ်မနေ native speaker တစ်ယောက်လို ဖြစ်နေဖို့တော့ မလိုပေမယ့် speaker ပေါင်းစုံနဲ့ ပြောဆိုတဲ့နေရာမှာ နားလည်လက်ခံလို့ရတဲ့ standard English ဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်

💫 ဒီလိုဖြစ်ဖို့အတွက် မဖြစ်မနေ သိထားပြီး practice လုပ်က်ိုလုပ်ရမယ့် အချက်တွေရှိပါတယ် ကျွန်တော့်ရဲ့ ဒီ online class လေးမှာ ၈ ပတ် ကျွန်တော်နဲ့ တူတူ challenge ခေါ်ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်…

Pronunciation Practice with Zyn Ko

💫 Every Sun : 8:00PM- 9:30PM
💫 Start Date : 4/6/23
💫 Duration : 8 weeks
💫 Teacher : Zyn Ko

Special offers for quick action takers

https://fb.watch/kHZHZ9foQ_/?mibextid=cr9u03

English for Burmese

17 Apr, 13:59


Hello Burmese,
ဒီည ၈နာရီ page မှာ ဆရာဇင်ကိုရဲ့ live ရှိပါမယ်ခင်ဗျာ။ pronunciation နဲ့ ပတ်သတ်ပြီးရော တခြား English နဲ့ပတ်သတ်ပြီးရော စိတ်ဝင်စားစရာတွေပြောပြပေးသွားမှာဖြစ်လို့ join လုပ်ကြဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။
https://fb.watch/jZ2rQYTd9a/

English for Burmese

16 Feb, 09:11


ဒီနေ့မှာတော့ Somehow, Somewhere နဲ့ Somewhat ဆိုတဲ့စကားလုံးလေးတွေအကြောင်း လေ့လာကြမယ်နော်

English for Burmese

03 Feb, 08:58


အင်္ဂလိပ်စာကို 4 Skills လုံးကျွမ်းကျင် ပိုင်နိုင်လိုသူများအတွက် Beyond Proficiency class လေးလာပါပြီ

🖇️ ဒီအတန်းလေးက 4 skills course ဖြစ်တဲ့အတွက် Reading / Writing / Listening / Speaking တွေအပြင် Sub Skills တွေဖြစ်တဲ့ Grammar / Vocabulary တွေပါ လေ့လာရမှာဖြစ်လို့ Fluency ရော Accuracy ရောပါ တိုးတက်မှုရှိစေမဲ့ အတန်းမျိုးဖြစ်ပါတယ်

🖇️ ဒီအတန်းရဲ့အားသာချက်တွေကတော့

- 90% English Speaking Environment ဖြစ်တာကြောင့် လက်တွေ့ဘဝမှာ ပြောဆိုနေရသလို အချိန်တိုင်း E to E ပြောဆိုနေရမှာဖြစ်ပါတယ်
- Presentation + Group Discussion တွေပါတာကြောင့် ကိုယ့်ရဲ့အရည်အချင်း ဘယ်လောက်တိုးတက်လာလဲ စမ်းစစ်နိုင်မယ်၊ Presentation skill နဲ့ Team work skill တွေလည်း တိုးတက်လာမယ်
- Productive Skills ( Speaking / Writing ) အသားပေးထားတဲ့အပြင် Writing types တွေပါ တွဲဖက်လေ့လာရမှာမို့လို့ စာလိုလေ့လာလိုသူတွေရော အပြောလေ့လာလိုသူတွေရောအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်

🖇️ ဘယ်လိုလူတွေတက်သင့်လဲ
- အမြဲတမ်း basic တက်နေပြီး Basic ကနေပြန်မစချင်သူများ
- Pre-intermediate level ပြီးထားသူများ
- IELTS မဖြေခင် / နိုင်ငံခြာမသွားခင် English skills polish လုပ်ချင်သူများ
- Writing ပါလေ့ကျင့်ချင်သူများ
- Speaking Exposure များများလိုချင်သူများ

🖇️ ဒီအတန်းလေးကတော့ ကျောင်းသား ၁၀ ဦးသာ ကန့်သတ်သင်ကြားပေးမှာဖြစ်ပြီး 24 Hours သင်တန်းကြေး promotion လည်းရှိတာကြောင့် အခုပဲ chatbox မှာ သင်တန်းစုံစမ်း အပ်နှံနိုင်ပါပြီနော်

English for Burmese

02 Feb, 10:29


🎁 ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မယ့် သင်တန်းများအတွက် သင်တန်းကြေး 50% discount ရနိုင်မယ့် အထူးအစီအစဉ် 🎁

🪄 Hello Burmese!
English for Burmese ရဲ့ ကျောင်းသားများအားလုံးအတွက် အထူးအစီအစဉ်အနေနဲ့ ဖေဖော်ဝါရီလထဲမှာဖွင့်လှစ်မယ့် ဒီသင်တန်းလေးတွေကို အပ်နှံမယ်ဆိုရင်တော့ သင်တန်းကြေး 50% discount ရရှိမှာပဲဖြစ်ပါတယ်

🪄 ဖွင့်လှစ်သွားမယ့် သင်တန်းများကတော့

English Club (အင်္ဂလိပ်စာကို ပေါ့ပေါ့ပါးပါး လေ့လာလိုသူများအတွက် club ပုံစံမျိုးနဲ့ run တဲ့ အတန်းတွေ)
Beyond Proficiency (English 4 Skills လုံးကို academic လေ့လာလိုသူများအတွက်)
Basic Grammar + Speaking (အင်္ဂလိပ်စာကို အခြေခံမှ စတင်လေ့လာလိုသူများအတွက်)
Level 3 Speaking + Listening (communicative English ကိုပဲလေ့လာလိုသူများအတွက်)
Pronunciation Challenge (level မရွေးလေ့လာလို့ရတဲ့ အသံထွက်ကောင်းဖို့ challenge)

စတဲ့အတန်းလေးတွေပဲဖြစ်ပါတယ်

🪄 promotion ကာလက ဒီ post လေးတင်ပြီး ၂၄ နာရီအတွင်းပဲဖြစ်တဲ့အတွက် အမြန်ဆုံးသင်တန်းအပ်နှံလိုက်ပါနော်

🪄 သင်တန်းအသေးစိတ်လေးတွေ စုံစမ်း အပ်နှံလိုပါက page chat box လေးကို အခုပဲဆက်သွယ်လိုက်ပါနော်

English for Burmese

16 Jan, 10:42


-Ed ending adjective လား ?
-Ing ending adjective လား?

Adjectives that end in -ed generally describe emotions – they tell us how people feel.
-ed နဲ့ ဆုံးတဲ့ adjective တွေဟာ လူတွေဘယ်လိုခံစားရလဲ သူတို့ရဲ့ခံစားချက်တွေကိုပြောပြချင်တဲ့အခါသုံးပါတယ်

For example: He is bored (သူပျင်းသည်)

Adjectives that end in -ing generally describe the thing that causes the emotion.
-ing နဲ့ဆုံးတဲ့ adjective တွေကတော့ ခံစားချက်ကိုဖြစ်ပေါ်စေတဲ့ အရာတွေရဲ့ပုံစံကိုယေဘူယျအားဖြင့်ဖော်ပြပါတယ်

For example: A boring lesson makes you feel bored. ( ပျင်းဖို့ကောင်းတဲ့သင်ခန်းစာက သင့်အားပျင်းစေပါတယ်)

အလွယ်နည်းနဲ့မှတ်ရရင် ကိုယ်ခံစားရသမျှကို -ed ending adjective သုံးရပြီး
တစ်ခုခုပုံပေါ်နေတယ် ခံစားချက်တွေမဟုတ်ရင်တော့ -ing ending adjective သုံးရပါတယ်

Sentence structure အနေနဲ့ကတော့
Sub + Verb to be+ -ed adj/-ing adj.

အောက်ကပုံလေးတွေမှာ -ed ending adjective နဲ့ -ing ending adjective လေးတွေကိုလေ့လာကြည့်ကြရအောင် ❤️

English for Burmese

10 Jan, 13:41


Hello everyone!
It's cold this evening. Care yourselves!

ကျမတို့က ကိုယ်ချစ်ရ ခင်ရ တန်ဖိုးထားရတဲ့သူတွေကို ဂရုစိုက်ပေးချင်ကြတယ်မဟုတ်လား
အကယ်လို့သူတို့ထဲကတယောက်ယောက်များစိတ်ဓာတ်ကျနေတာတွေ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေခံစားနေရရင် ဘယ်လို အားပေးနိုင်မလဲ ဆိုတာ ဆက်ပြောကြမယ်နော်။

1. Do you want some space?
တစ်ယောက်ထဲ နေချင်လား။
( တခါတလေ တစ်ယောက်ထဲသီးသန့်နေချင်တဲ့အချိန်မျိုးရှိနိုင်တာမို့ personal spaceပေးသင့်ရင်ပေးလိုက်ပါ)

2. Take as long as you need.
ရတယ် အချိန်အေးဆေးယူနော်။
(စိတ်ဓာတ်ကျနေတဲ့သူတွေအဖို့ နေ့တဒူ၀ အလုပ်တွေကိုတောင်ခက်ခက်ခဲခဲလုပ်နေရတာမျိုးရှိနေနိုင်လို့ ဖိအားမပေးပဲ အေးဆေးလုပ်ပါစေ)

3. I'm so glad that you are in my life/ by me.
ငါ့ဆီမှာမင်းရှိနေတာ သိပ်ပျော်တယ်။
(သူတို့ရဲ့ဖြစ်တည်မှုကြောင့် ကိုယ်ကပျော်ရွှင်ရတာမျိုးပြောပြရင် သူတို့လဲ စိတ်ပျော်လာနိုင်ပါတယ်)

4. You are not a weirdo!
(မင်းက သူများနဲ့မတူ ထူးနေတာမဟုတ်ပါဘူး)
လူတွေက ကိုယ်နဲ့မကိုက်ညီနဲ့ ပတ်၀န်းကျင်မှာ စိတ်ဓာတ်ကျလွယ်ပါတယ် အဲ့အချိန်မှာ အတင်းမကိုက်ညီတာကို မခံစားဖို့ ချစ်တဲ့သူတွေရှိနေတာကို အသိပေးပါ)

5. Everything's gonna be alright.
This too shall pass.
အရာရာက ပြီးသွားမှာပါ ကျမတို့မြန်မာလိုဆို ဖြစ်ပြီးရင် ပျက်မှာပါ ဒါကြောင့်ဒီလိုမျိုး စိတ်ကို 'Soothe' ဖြစ်စေတဲ့စကားမျိုးပြောပေးရင် အနည်းနဲ့အများ စိတ်သက်သာရာရစေမှာပါ)

6. Last but not least, but the most.
" Would you like a hug?"
မမေးလိုက်ပါနဲ့ ဖက်ထားလိုက်ပါ စိတ်ချင်းနီးသွားပြီး အင်အားအပြည့်၀ဆုံး ကူးစက်စေတာ ဖက်ထားတာပါပဲ။
I hope you all hug your beloved ones making them closer in mind!

English for Burmese

29 Dec, 12:37


Happy December ပါ learners တို့ရေ ,
ဒီတစ်ခေါက်တော့ Grammar ဘက်သွားကြမယ်လေနော်။ ငယ်ငယ်တုန်းတည်းက သင်ရတဲ့ Present tense, Past tense, Present Perfect tense တွေထဲက Present နဲ့ Past က နည်းနည်းနားလည်လွယ်ပေမယ့် Present Perfect က ရှုပ်တတ်တယ်လို့ ယူဆမိပါတယ်။ သူ့ကို ဘယ်လိုအခြေအနေတွေမှာ အသုံးပြုနိုင်တယ်ဆိုတာကို တူတူလေ့လာကြပါမယ်။
ပထမဆုံးအနေနဲ့ အတိတ်မှာဖြစ်ပီးသားကိစ္စကိုပြန်လည်ပြောဆိုတဲ့အခါပေါ့။ ဒါပေမယ့် အချိန်အတိအကျ လွန်ခဲ့တဲ့လ၊ ပြီးခဲ့တဲ့နှစ်ရက်က စသည်ဖြင့် မပါ၀◌င်တဲ့အခါမှာပါ။ဆိုလိုတာက အချိန်အတိအကျကို ထည့်သွင်းပြောဆိုဖို့ အရေးမကြီးတဲ့ အခါပါ။ ဥပမာကြည့်ရအောင်။
I have bought a new carpet. ( ဘယ်တုန်းက၀◌ယ်တယ်ဆိုတာ မပါပါဘူး။)
I have painted the kitchen pink. ( တူတူပါပဲ အချိန်အတိကျ မပါပါဘူး။)
နောက်ဒီ tense ကိုသုံးနိုင်တဲ့ အခြေအနေတစ်ခုထပ်ကြည့်ရအောင်။
အတိတ်မှာလဲ ဖြစ်ခဲ့ပြီး ခုလဲ ဖြစ်နေဆဲ၊ အနာ၈တ်မှာလဲ ဆက်ဖြစ်ကောင်း ဖြစ်နိုင်နေတဲ့ အခြေအနေမျိုးမှာ သုံးပါ။
John has been at the sea since November. ( ၈ျွန်က ပင်လယ်ထဲခရီးသွားနေရတာ နို၀◌င်ဘာလထဲကလေ။ ခုထိလို့ သဘောဆောင်ပါတယ်။)
Ivy has not seen her mother for 6 months. ( အိုင်ဗီကတော့ သူ့အမေကို မတွေ့ရတာ ၆လလောက်ရှိပီလေ။ ခုထိ မတွေ့ရသေးလို့ သဘောဆောင်ပါတယ်။)
နောက်တစ်ခုကတော့ အပေါ်ကပြောထားတာနဲ့ ပြောင်းပြန်လေးပါ။ အချိန်အတိအကျကို ထည့်ပြောပီး သုံးနိုင်ပါသေးတယ်။ အခြေအနေကတော့ အတိတ်က ဖြစ်ခဲ့ပီးပေမယ့် ကိုယ်ပြန်ပြောနေတဲ့အချိန်မှာ အဲ့ဒီနေ့ရက်၊ လ၊ နှစ်၊ မနက်ပိုင်း၊ ညနေပိုင်းအစရှိသည်က မကုန်ဆုံးသေးဘူးဆိုရင်လဲ သုံးနိုင်ပါတယ်။
I have been to the park twice this week. ( ဒီတစ်ပတ်ထဲ ပန်းခြံကို နှစ်ခါတောင် ရောက်ဖြစ်တယ်။) ပြန်ပြောနေတဲ့ အချိန်မှာ အဲ့ဒီ ရက်သတ္တပတ် မကုန်သေးပါဘူး။
နောက်တစ်ခုကတော့ ဒီ tense လေးနဲ့ တွဲသုံးလေ့ရှိတဲ့ စကားလုံးတစ်ချို့ပါ။ ( already, just, yet စသဖြင့်)
ဥပမာကြည့်ရအောင်။
The floor is clean now because she has just cleaned it. ( ကြမ်းပြင်လေးကို ပြောင်နေတာပဲ သူက ခုလေးတင် တိုက်ထားတာကိုး။)
The washing machine is still making noises because it hasn’t finished yet. ( အ၀◌တ်လျှော်စက်က အသံတွေ မြည်တုန်းပဲ သူကလျှော်လို့မပီးသေးဘူးကိုး။)
Present tense လေးသုံးစွဲပုံအချို့ကိုတော့ ကျက်မိသွားပီထင်ပါတယ်နော်။ နောက်အခေါက်တွေလဲ အသုံး၀◌င်နိုင်တာလေးတွေ ထပ်မံ တူတူလေ့လာကြပါမယ်နော်။

English for Burmese

21 Dec, 13:57


Happy Holidays Burmese!

🎅 ခုကာလကတော့ အားလုံးသိတဲ့အတိုင်း Christmas ကာလလေးပဲဖြစ်ပါတယ်။ Christmas ကာလဆိုတာ ခရစ်ယာန်ဘာသာဝင်တွေသာမကပဲ တစ်ကမ္ဘာလုံးကလူတိုင်း ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြတဲ့ ပွဲတော်အခါသမယလည်းဖြစ်ပါတယ်။

🎅 မြန်မာပြည်ရဲ့ Christmas ကာလမှာ နာမည်အကြီးဆုံးကတော့ carol သီချင်းတွေပဲဟုတ်တယ်မလား... Christmas သီချင်းတွေကို တစ်အိမ်တက်တစ်အိမ်ဆင်း ပျော်ပျော်ပါးပါး သီဆိုကြတဲ့ ဓလေ့က အင်မတန်ချစ်ဖို့ကောင်းတယ်ဟုတ်။ ဒီ Christmas Carol Song တွေထဲကမှ နာမည်အကြီးဆုံးဖြစ်တဲ့ Jingle Bells သီချင်းလေးနဲ့အတူ အင်္ဂလိပ်စာကို လေ့လာကြည့်ရအောင်နော်

English for Burmese

16 Dec, 13:00


Hello everyone!!
Are you always a yes-man?
ကိုယ့်ကိုလာဖွင့်ပြောတိုင်း သင်ဟာအားနာပါးနာနဲ့​ မငြင်းရက် ပြောမထွက်သူလား
ဒါဆိုရင်တော့ ဒီနေ့မှာ ပြတ်ပြတ်သားသားနဲ့ မရိုင်းစိုင်းပဲ ဘယ်လိုငြင်းရင်ကောင်းမလဲဆိုတာ ဆွေးနွေးကြမယ်နော်
Here are some expressions to help you refuse someone proposing you clearly and respectfully!

1. Thanks, I'm flattered but not available.

2. You're really great, but I don't feel we have chemistry.

3.I'm not ready yet!

4. Sorry, you 're really a nice person but I'm already in relationship with someone else.

5. I think I am not the right one for you.

6. No, thank you. Do you think we will be a perfect match? I don't think so.

Hope you all make refusals effectively and wisely!
Good night !
ဒီနေ့ expressions လေးတွေသုံးပြီး ပြတ်ပြတ်သားသားငြင်းကြမယ်နော်