Transformer One ( MM Sub ) @sora_cartoon_mmsub Channel on Telegram

Transformer One ( MM Sub )

@sora_cartoon_mmsub


ကြေငြာထည့်လိုပါက @sora_entertainment_adminn သို့ ဆက်သွယ်နိုင်ပါသည်

Despicable Me 4 (MM Sub) (Burmese)

ကြေငြာထည့်လိုပါက @sora_cartoon_mmsub ဆိုတဲ့ ခေါင်းဆောင် သည် Despicable Me 4 ပရိုဂရမ် ဖြစ်ပြီးမှ ဒီဖော်ပြချက်များကို ဖော်ပြတတ်ပါတယ်။ ဤခေါင်းဆောင်သည် ယခုအခန်းတွင် အစုံအလင်ဆိုပြီး အစည်းအမျဉ်းအင်း အဟောင်းဆုံး သောဝင်မချက်များဖြစ်သည်။ @sora_cartoon_mmsub သည်စိတ်ဖိုလ်ချုပ်အဖြစ် မောင်းသက်ရ ပြည်ထောင်စု တွင်တောင်အိပ်စိန်လိုအပ်သော သောကြမ်းရှည်စားစွာအနည်းငယ်၏ သော ခေါင်း ဖြစ်ပါတယ်။ မည်သူတွေသည် မျက်နှာတစ်ခေါင်းချင်းတွင် ရှေ့မှာအသင်းနှစ်တွင်နှိပ်စ်ရပါလား။ ခေါင်းတွေ လက်ခံအားဖြင့် ပြုလုပ်နိုင်ပါသည်။ ခေါင်းတွေအနားယူလိုပါက @sora_entertainment_admin သို့ ဆက်သွယ်ပေးပါသည်။

Transformer One ( MM Sub )

24 Nov, 04:59


❗️❗️❗️❗️❗️Toy Story (1995)

IMDB ( 8.3 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/847

Review
------------

Toy story ဆိုတာ ကျွန်တော်တို့တွေငယ်ဘဝတည်းက ရင်းနှီးခဲ့တဲ့ ဇာတ်လမ်းကောင်းလေးပါ။ ဇာတ်ကြောင်းလေးကို နည်းနည်းပြန်ပြောရမယ်ဆိုရင် အရုပ်ပိုင်ရှင်တွေမရှိချိန်မှာ အသက်ဝင်လာတဲ့ အရုပ်ကလေးတွေအကြောင်းပေါ့။ အရုပ်ပိုင်ရှင်ကောင်လေးမွေးနေ့ရောက်ခါနီးလာလေ အရုပ်အသစ်တွေ ရောက်လာတတ်တာကြောင့် အရုပ်လေးတွေ ပစ်ပယ်ခံရမှာကိုစိုးထိတ်နေကြလေရဲ့။ မစိုးရိမ်တဲ့ အရုပ်ကတော့ Cowboy Woody ပဲဖြစ်ပါတယ်။ သူကအများထဲမှာ အထင်ပေါ်ဆုံး ဆိုတော့ မစိုးရိမ်ဘူးပေါ့။ ဒါပေမယ့်Buzz Lightyear ရောက်လာတဲ့အခါမှာတော့…. ဘာတွေဆက်ဖြစ်လာမလဲဆိုတာ.....

#uploadbykevinaris

Transformer One ( MM Sub )

24 Nov, 04:59


❗️❗️❗️❗️❗️Finding Nemo (2003)

IMDB ( 8.2 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/846

Review
~~~~~~~~~~~~~~~~~~

အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလေးကို မမှီဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့ CM ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက အကောင်းလေး တစ်ကားကို ပြန်လည် တင်ဆက်လိုက်ပါတယ် …နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ …အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် … ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေး နီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်…

ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ …

ဒီတော့ အားပေးကြပါဦး..
#uploadbyngenge

Transformer One ( MM Sub )

23 Nov, 12:32


❗️❗️❗️❗️❗️WALL-E (2008)

IMDB (8.4/10)

📱Channel အရင် join ပါ

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/836

Review
---------
Pixar၏ သမားရိုးကျ ဇာတ်လမ်းများမှ အသိသာဆုံးခွဲထွက်ခဲ့သည့်WALL-Eသည် ထုတ်လုပ်မှုကုန်ကျ စရိတ် ဒေါ်လာသန်း(၁၈၀)ထိ ရှိခဲ့ပါတယ်။ယင်းဇာတ်ကားသည် ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှု များကိုလိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ အဲထီးကျန်စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ် ပါတယ်။

ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင် ဆက်ပုံများကိုတွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင် အလွန်နည်းပါးခဲ့တာကိုတွေ့ရပါမယ်။အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ ဇာတ်ကားသည်အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့ပါတယ်။ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက်ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ် အဖြစ် WALL-Eသည်TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များ စာရင်း၌နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ပါတယ်..

ဒီလောက်ဆိုရင်ညွှန်းတာတော်လောက်ပါပြီ။ဆက်လက်ခံစားကြည့်ရှုကြပါ

#uploadbyhsukaykhaing

Transformer One ( MM Sub )

23 Nov, 12:32


❗️❗️❗️❗️❗️Up (2009)

IMDB ( 8.3 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/837

Review
~~~~~~~~~~~~~~~~~~

ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine’s Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။

ဇာတ်အိမ် ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့်ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ Carl ဆိုတဲ့ကောင်လေးနဲ့ Ellie ဆိုတဲ့ကောင်မလေးက explorer Charles F. Muntz ဆိုတဲ့ ပုဂ္ဂိုလ်ကို လေးစားအားကျသူတွေဖြစ်ပါတယ်။ဒါပေမယ့် Charles က Paradise Fall မှာ ရှိတဲ့ ရှားပါးတဲ့ ငှက်ကြီးတစ်ကောင်ကို သူဖမ်းမိဟန်ဆောင်ပြီး အဲ့ဒီငှက်ရဲ့ အရိုးစုကို အတုလုပ်ခဲ့ပါတယ်။ဒါပေမယ့် လူတွေက အတုမှန်းသိသွားပြီး အရှက်ရသွားတဲ့ နောက် Paradise Fall ကို ပြန်သွားပြီး အဲ့ဒီငှက်ကို မမိမချင်း ပြန်မလာဘူးဆိုပြီး ထွက်သွားပါတယ်။Charles အကြောင်းကို ပြပြီးတဲ့နောက်မှာ Carl နဲ့ Ellie တို့ ကလေးဘဝနဲ့ တွေ့ကြပုံက စပြီ း သူတို့ ရဲ့ လူငယ်ဘ၀ ချစ်သူတွေဖြစ်သွားပုံ၊လူလတ်ပိုင်း လက်ထပ်ကြပုံ၊ အိမ်ထောင်သည်ဘ၀ ချစ်ကြည်နူးကြပုံ၊ ကလေးမရနိုင်တဲ့အကြောင်း ကစလို့ အသက်ကြီးသွားပြီး Ellie တစ်ယောက် လူလောကကို စွန့်ခွာသွားပုံ ကို တင်ဆက်ထားတဲ့ ဇာတ်ဝင်ခန်းလေးက ပညာသားပါပြီး လက်ရှိအချိန်ထိ ရုပ်ရှင်လောကရဲ့ အထင်ရှားဆုံးနဲ့ လူကြိုက်အများ ဆုံး ဇာတ်ဝင်ခန်းလေး ဖြစ်နေပါတယ်။

ဇာတ်လမ်းက အခုမှစတာဖြစ်ပြီး လူငယ်ဘ၀ က Paradise Fall ကို သွားဖို့ ပိုက်ဆံစုခဲ့၊ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့်မရောက်ဖြစ်ခဲ့ပါဘူး။Ellie မရှိတော့တဲ့အချိန်ကြမှ သူ့မိန်းမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အတွက် သူတို့ရဲ့ အိမ်ကြီးကို မိုးပျံပူပေါင်းတွေ နဲ့ ဆင်ပြီး ဘယ်သူနဲ့မှ မတူနဲ့ ပုံစံနဲ့ခရီးထွက်ဖြစ်ရာကနေ Adventure စတင်ပါတော့တယ်။ အဘိုးအို Carl နဲ့အတူ လူငယ် Explorer တစ်ယောက်၊Carl ရဲ့ လူငယ်ဘ၀ က လေးစားအားကျခဲ့တဲ့ Charles F. Muntz နဲ့ သူ့ရဲ့ လူစကားပြော တတ်တဲ့ လည်ပတ်တွေဝတ်ဆင်ထားတဲ့ ခွေးတွေရယ်၊ Giant Bird ရယ်၊ ဆုံတွေ့ကြတဲ့အခါမှာတော့၊ Carl တစ်ယောက် သူထင်ထားသလို ဖြစ်မလာတဲ့ Adventure ကို စိတ်ဝင်စားစရာ တင်ဆက်ထားပါတယ်။ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ လူ့ဘ၀ ရဲ့ ဖြစ်ပျက်ပြောင်းလည်းမှု မြန်ဆန်ပုံကို သတိတရားရစေပါတယ်။

အနားမှာရှိနေတဲ့ အရာတွေ၊ လူတွေကို တန်ဖိုးထားတတ်လာအောင် ကိုယ့်ကို ချစ်တဲ့သူတွေက ကိုယ့်နားမှာအမြဲရှိနေမှာမဟုတ်ဘူးဆိုတာ သံဝေဃရလာအောင် နှိုးဆော်ထားနိုင်ပါတယ်။Don’t Take People for granted ဆိုတဲ့ စကားအတိုင်း ကိုယ်ချစ်တဲ့လူတွေကို တန်ဖိုးထားပါ။ဘဝကို မနက်ဖြန်ဆိုတာ မရှိတော့ဘူးလို့ သဘောထားပြီး လက်ရှိအချိန်မှာ အရာရာကို တန်ဖိုးထားပြီး နေသင့်ပါတယ်။ကာတွန်းကားဖြစ်လို့ အထင်မသေးသင့်ပဲ မကြည့်ရသေးရင် ကြည့်သင့်ပါတယ်။ မိသားစုကားကောင်းလေးတစ်ကားပါ။Pixar ရဲ့ ကာတွန်းကားဖြစ်လို့ ဘယ်လောက်ကောင်းတယ်ဆိုတာ ညွှန်းနေဖို့တောင်မလိုတော့ပါဘူး။ကြည့်ဖြစ်အောင်ကြည့်ကြပါ။
#uploadbyngenge

Transformer One ( MM Sub )

22 Nov, 13:54


❗️❗️❗️❗️❗️Inside out 2 (2024) IMDB (8.1/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/547

Review
----------
2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင်အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့ နောက်ဆက်တွဲ ထွက်လာပါပြီ။၁ဝ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက် တွေကစောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံ သက်သက်ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။

Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကိုပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့ သဘောကိုပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။

Inside out 2 မှာတော့ဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက် ဖြစ်လာပြီးအလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာကစား ယနေပါပြီ။ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြကသူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ် လိုက်ပါတယ်။အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီ အသင်းမှာ ပါရမဲ့အပြင်ပညာသင်ဆုပါ ရနိုင်မှာမို့ ရှိုင်လီအတွက် အခွင့်အရေးကောင်းကြီးပါပဲ။

ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစား ချက်တွေဖြစ်တဲ့စိတ်ပူတာ၊ စိတ်ကုန်တာ၊ အားကျတာ၊ ရှက်တာ စတဲ့ ခံစားချက်တွေကဌာနချုပ်ကို အသစ်ရောက်လာပြီး အရင်တုန်းကပျော်ရွှင်၊ ဝမ်းနည်း၊ ဒေါသ၊ ကြောက်ရွှံ့၊ ရွံရှာ တို့ တွေနဲ့ပြဿနာတွေဖြစ်ကြပါတယ်။သူ့ရဲ့ခံစားချက်တွေကို နားမလည်နိုင်တော့တဲ့အခါကိုယ့်ကိုယ်ကိုယ်သိစိတ် ပျောက်လာတဲ့ ရိုင်လီတစ်ယောက်ဟော်ကီလေ့ကျင့်ရေးမှာ ဘာအမှားတွေလုပ်ပြီး Joy တို့ တစ်စုအတွင်းထဲကနေ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ ကြည့်ရပါလိမ့်မယ်။


#uploadbyhsukaykhaing

Transformer One ( MM Sub )

22 Nov, 13:54


❗️❗️❗️❗️ Inside Out (2015) ( Imdb 8.1/10 )

📱 Channel အရင် join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား link
https://t.me/c/2274736087/546

Review
~~~

နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ..

ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။
Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက Pixar အတွက်သာမကကာတွန်းကားတွေအားလုံးထဲမှာပါ အကောင်းဆုံး လို့ သတ်မှတ်ထားကြတာဖြစ်ပြီး Original Idea ဖြစ်တဲ့ Toy Story 1 ကအကောင်းဆုံး လို့သတ်မှတ်ထားကြပါတယ်။ ကျွန်တော်ဘာလို့ဒီအကြောင်းကို ပြောရလည်းဆိုရင် ဒီ Inside Out က Toy Storyဇာတ်လမ်းတွေနဲ့တန်းတူ ကောင်းတဲ့ ကာတွန်းကားဖြစ်ပြီး အနုပညာရှုထောင့်ကကြည့်ကြည့်၊ ဖျော်ဖြည်ရေး ရှုထောင့်ကကြည့်ကြည့် ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ ဒီကားက ကာတွန်းကားဖြစ်လို့ လူတော်တော်များများက ကလေးတွေအတွက်ပဲလို့ ထင်ကြမှာပါ။ တကယ်တော့ ဒီကားက ကလေးရော လူကြီး ပါကြည့်ဖို့သင့်တော်ပြီး၊လူကြီးတွေ အရွယ်ရောက်ပြီးသား လူတွေက ဒီကားကိုပိုပြီး နားလည်မှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဇာတ်လမ်းက လူရဲ့ စိတ်ထဲမှာရှိတဲ့ ခံစားချက်လေးတွေအကြောင်းရိုက်ထားတာဖြစ်ပြီး၊ အသက်ကြီးလာတာနဲ့အမျှ ခံစားချက်တွေပြောင်းလာပုံ၊ ဒီစိတ်ခံစားချက်တွေက ကဘယ်လိုအရေးပါပုံကို စိတ်ဝင်စားစရာဇာတ်လမ်းလေးနဲ့တင်ဆက်ထား တာဖြစ်ပါတယ်။
San Francisco ကအိမ်မှာ အဖေအမေ ရဲ့အားပေးမှု့ကိုရသွားတဲ့ အကြောင်းဖြစ်ပါတယ်။၀မ်းနည်းနေတဲ့အချိန်မှာ ဝမ်းနည်းတာကို အတင်းမျိုသိပ်ထားရင် ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကို ဂရုစိုက်တဲ့သူတွေကဘာမှလုပ်ပေးလို့ရမှာမဟုတ်သလို၊ ရင်ထဲကခံစားနေရတာကို ထုတ်ပြဖို့ သင်ခန်းစာပေးထားပါတယ်။

#uploadbyngenge

Transformer One ( MM Sub )

22 Nov, 13:54


❗️❗️❗️❗️❗️The wild robot (2024) IMDB 8.3

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/545

Review
~~

လူသားတွေအတွက် အကူအညီပေးတဲ့ စက်ရုပ်အမျိုးအစား တစ်ခုဖြစ်တဲ့ ရော့ဇမ်အမျိုးအစား စက်ရုပ်တစ်ရုပ်ဟာ လူမရှိတဲ့ ကျွန်းတစ်ကျွန်းအပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ အဲဒီကျွန်းပေါ်က တိရ စ္ဆာန်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်းကနေ မတော်တဆ ငန်းမိသားစုတစ်စုကို သေစေမိလိုက်ပါတယ်။

အဲဒီငန်းမိသားစုမှာ ငန်းပေါက်လေးတစ်ကောင် ကျန်ခဲ့ပြီး အဲဒီငန်းလေးကို မသေအောင်စောင့်ရှောက်ရမဲ့ တာဝန်ကို ပရိုဂရမ်ကနေ လက်ခံမိလိုက်ပါတယ်။ အဲဒီငန်းကို သူနဲ့အတူစောင့်ရှောက်ချင်ယောင်ဆောင်ပြီး အမြတ်ထုတ်ဖို့ ကြိုးစားတဲ့ မြေခွေးတစ်ကောင်နဲ့လည်း တွေ့ လိုက်ရပါတယ်။ စက်ရုပ်နဲ့မြေခွေးဟာ ငန်းပေါက်လေးကို အတူစောင့်ရှောက်ရင်းနဲ့ အချိန်တွေကြာလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာရယ်...စက်ရုပ်ရဲ့ မူလကုမ္ပဏီက ဘယ်လိုတွေ တုံ့ ပြန်လာမလဲဆိုတာ ရယ်ကို ကြည့်ရမှာပါ။
ကာတွန်းကောင်းတွေရဲ့ ထုံးစံအတိုင်း အသေငိုခိုင်းလိုက် ပြန်ပြုံးခိုင်းလိုက် ဖြစ်မှာမို့ တစ်ရှုးလေးတွေ ဆောင်ပြပြီး ကြည့်ကြဖို့ မမေ့ကြပါနဲ့လို့ ပြောချင်ပါတယ်။

#uploadbyhoshiko

Transformer One ( MM Sub )

21 Nov, 12:00


❗️❗️❗️❗️ Kensuke's Kingdom (2023) ( Imdb 7.1/10 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/821

Review
-----------

မိုက်ကယ်နဲ့ သူ့ရဲ့ ခွေးလေး စတယ်လာတို့ဟာ မိသားစုနဲ့အတူ ပင်လယ်ခရီးထွက်လာရင်း မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်ကိုရောက်သွားကြပါတယ်။ အဲဒီ ကျွန်းပေါ်မှာ တစ်ယောက်တည်းနေတဲ့ ကင်ဆူကီဆိုတဲ့ ဂျပန်လူမျိုး အဘိုးကြီးတစ်ယောက်နဲ့ သူတို့တစ်ရက်မှာ ဆုံမိကြတယ်။ အဲဒီအဘိုးကြီး ကင်ဆူကီက ကျွန်းပေါ်မှာ ဒုတိယ ကမ္ဘာစစ်ကတည်းက သူတစ်ယောက်တည်း နေခဲ့တဲ့ အဘိုးကြီး။ မိုက်ကယ်ဟာ လူသူ ကင်းမဲ့တဲ့ ကျွန်းပေါ်က နေထိုင်မှုဘဝနဲ့အသားကျအောင် ကြိုးစားနေထိုင်ရင်း အဲဒီအဘိုးကြီးနဲ့ နောက်ပိုင်းမှာ တအား ရင်းနှီးသွားပါတယ်။ ပြီးတော့ အဲဒီအဘိုးကြီးဆီကနေ ပညာတွေကို သင်ယူရရှိခဲ့ပါတယ်။

အဲဒီ အဖိုးတန်လှတဲ့ ပညာတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

#uploadbykevinaris