Cobra Column @cobracolumn Channel on Telegram

Cobra Column

@cobracolumn


Cobra Column (English)

Are you a fan of snakes and exotic wildlife? Look no further than the Cobra Column Telegram channel! This channel is dedicated to all things related to cobras, one of the most fascinating and feared snake species in the world. From stunning photos and videos of cobras in their natural habitats to educational posts about their behavior and conservation efforts, Cobra Column has it all. The Cobra Column channel is the perfect place for snake enthusiasts, wildlife photographers, researchers, and anyone interested in learning more about these majestic creatures. You will get up close and personal with cobras like never before, gaining insight into their unique characteristics and the important role they play in the ecosystem. Joining the Cobra Column Telegram channel will not only broaden your knowledge about cobras but also connect you with a community of like-minded individuals who share your passion for these incredible snakes. Stay updated on the latest news and developments in the world of cobras, participate in engaging discussions, and even have the opportunity to interact with experts in the field. Whether you're a seasoned herpetologist or simply curious about cobras, Cobra Column has something for everyone. Don't miss out on this exciting opportunity to dive deep into the fascinating world of these mesmerizing reptiles. Join us on Telegram today and embark on a thrilling journey with the Cobra Column community! #CobraColumn #SnakeEnthusiasts #WildlifeLovers

Cobra Column

10 Nov, 12:18


" ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဗျူဟာကြောင့် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းပစ်ကူ ပါ ယူနေရ "

ယနေ့ (နိုဝင်ဘာ ၁၀) ရက်နေ့၊ မနက် (၁၁) နာရီ ခန့်မှ နေ့လည် (၁) နာရီအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်) ၏ ဝေါ်လေဗျူဟာတွင် အခြေပြုသော Mi -35 P အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပူးပေါင်းတပ်ဖွဲ့များအား ဘလက်တိုကျေးရွာနှင့် အနီးဝန်းကျင်သို့ နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ထိုသို့ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်နေချိန်အတွင်း မင်္ဂလာဒုံလေတပ်စခန်းမှ MPA ATR (42) အမျိုးအစား လေယာဉ်အမှတ် (၀၀၀၆) ကင်းထောက် လေယာဉ်ဖြင့် လေ့ကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို့၊ ဘလက်တို၊ သေ့ဘော့ဘိုး ကျေးရွာအနီးဝန်းကျင်ဒေသများသို့ ကင်းထောက် ပျံသန်းခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ တပ်များအား KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂) ၊ Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ စသည့် ပူးပေါင်းတပ်ဖွဲ့များမှ ရွတ်ရွတ်ချွံချွံ တိုက်ခိုက်လျက်ရှိပါသည်။ ယနေ့ နှစ်ဖက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်များက (၁၂၀) မမ လက်နက်ကြီးများဖြင့် ပူးပေါင်းတပ်ဖွဲ့များအား ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်များဖြင့် ခြေမှုန်းတိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များမှ တစ်လက်မ မျှ နောက်မဆုတ်ပဲ မလျော့သော လုံ့လဖြင့် တိုက်ပွဲဝင်လျက်ရှိပါသည်။ ပူးပေါင်းတပ်ဖွဲ့များ၏ ဒရုန်းတပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အရေအတွက် အတိအကျအား စစ်မြေပြင် အခြေအနေများအရ အတည်မပြုနိုင်သေးပါ။ ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Cobra Column

09 Nov, 16:20


" တပ်မ (၄၄) ၏ ဗျူဟာ (၄၄၃) အား ကော်ဘရာစစ်ကြောင်း ထိုးဖောက် တိုက်ခိုက်လျက်ရှိနေ "

‌မြဝတီ-ဝေါ်လေ ကားလမ်းမ အနီး၊ ဆုံဆည်းမြိုင်ကျေးရွာမှ တောင်နီ၊ သေ့ဘော့ဘိုး စသည့်ကျေးရွာများအနီးသို့ ကျူးကျော်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ၊ နည်းဗျူဟာ (၄၄၃) ၏ အင်အား (၁၅၀)ခန့်အား နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့များမှ ယနေ့ (နိုဝင်ဘာလ ၉)ရက်နေ့၊ နေ့လည်ပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပါသည်။ ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန် လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအား အတိအကျ သိရှိနိုင်ရန် စစ်မြေပြင်သတင်း စုံစမ်းဆဲ ဖြစ်ပါသည်။ ဆုံဆည်းမြိုင်ကျေးရွာတွင် အခြေပြုထားသော အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်လိုက်သော (၁၂၀) မမ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် သေ့ဘော့ဘိုးကျေးရွာအတွင်းရှိ ဌာနေတိုင်းရင်းသားများ၏ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပါသည်။ မြွေသုံးကောင် ဘုရားကုန်းတွင် အခြေပြုထားသော အကြမ်းဖက်စစ်ကာင်စီက (၁၂၂) မမ (၁၂)လုံးတွဲ အတွဲလိုက်ပစ်ဒုံးဖြင့် ယမန်နေ့ ညဦးပိုင်း (၁၀)နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ယနေ့ တိုက်ပွဲ ဖြစ်စဉ်များအတွင်း ပြည်သူလူထု၏ အစဉ်မပြတ် ပို့သသော ချစ်ခြင်းမေတ္တာ၊ ပံ့ပိုးကူညီမှုများကြောင့် ပြည်သူ့ရင်သွေး ကော်ဘရာစစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

Cobra Column

05 Nov, 12:13


" ကော်ဘရာစစ်ကြောင်းထံသို့ ခမရ (၂) မှ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်တစ်ကွ CDM ဝင်ရောက် "

ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်ရင်း (၂၇) ကော်ဘရာပူး‌ပေါင်းစစ်ကြောင်း ထံသို့ ယမန်နေ့ (နိုဝင်ဘာ ၅) ရက်နေ့တွင် တပ်မ (၄၄) လက်အောက်ခံ ခမရ (၂) မှ တပ်ဖွဲ့ဝင် တစ်ဦးသည် MA (3) သေနတ် တစ်လက်၊ ၎င်းကျည်ဘောက် (၄)ခု၊ ၅.၅၆ ကပစ ကျည် (၁၀၀)တောင့် နှင့်အတူ CDM ဝင်ရောက်ခဲ့ပါသည်။ လူခို့ (ညောင်ချောင်း) ဒေသသို့ ကျူးကျော် ရောက်ရှိနေသော ခမရ (၂) မှ တပ်သား ဟိန်းဇော်ဦး ၊ ကိုယ်ပိုင်အမှတ် (တ - ၅၆***၀) သည် ကော်ဘရာပူးပေါင်းစစ်ကြောင်းထံသို့ ဆက်သွယ် ခိုလှုံကာ CDM ဝင်ရောက်ခဲ့ခြင်း ဖြစ်ကာ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဆုတော်ငွေ ဘတ် (၅၀,၀၀၀) ချီးမြင့်သဖြင့် ကော်ဘရာ စစ်ကြောင်းမှုး ဗိုလ်ဒါဘောမှ ကိုယ်စား ပေးအပ်ခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Cobra Column

28 Oct, 14:45


အောက်တိုဘာလ (၂၈) ရက်နေ့၊ နေ့လည် (၁)နာရီခန့်မှ စတင်ကာ လူခို့ ညောင်ချောင်း နေရာအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်း စစ်ကြောင်းနှင့် အကြမ်းဖက်စစ်တပ်၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၂၀၇) နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
ကျော်ဝါးဘိုး ဘုရားကုန်းတွင် အခြေပြုနေသော အကြမ်းဖက်စစ်ကောင်စီက (၁၂၀) မမ လက်နက်ကြီး နှင့် (၁၂၂) မမ Four Tube ဒုံးပစ်လက်နက်ကြီးများဖြင့် ညနေ (၃) နာရီ ခွဲခန့်အထိ ဆက်တိုက် ပစ်ကူပေး တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ ရင်သွေး စစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ပါ။ အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအား အတည်ပြုနိုင်ရန် စီစစ်ဆဲ ဖြစ်ပါသည်။

Cobra Column

28 Oct, 14:41


တောင်နီကျေးရွာအနီးတွင် အခြေပြုနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၄) အား KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂) ပူးပေါင်း အဖွဲ့က လက်ဖြောင့်စနိုက်ဘာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ (၁) ဦး သေဆုံးကြောင်း စစ်မြေပြင် သတင်းအတည်ပြုချက် ရရှိပါသည်။ဆုံဆည်းမြိုင်ကျေးရွာတွင် အခြေပြုထားသော (၁၂၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဘလက်တိုကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ် နှစ်လုံး ထိခိုက် ပျက်စီး ခဲ့ရပါသည်။

Cobra Column

08 Aug, 12:29


" သတင်းထုတ်ပြန်ချက် "

အကြမ်းဖက်စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ်တစ်စီးသည် ယမန်နေ့ (ဩဂုတ် ၇) ည(၁၁:၃၀) ခန့်တွင် သုံးထပ်ကွေ့အနီးသို့ အလစ်အငိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ သို့ပါသော်လည်း ပြည်သူလူထု၏ နေ့စဉ်ပို့သသော ချစ်မေတ္တာတရားကြောင့် ကော်ဘရာစစ်သည်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ ဘေးကင်းလုံခြုံခဲ့ပါသည်။ ယနေ့ (ဩဂုတ် ၈) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ပါသော်လည်း ကော်ဘရာ စစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ပါ။

Cobra Column

07 Aug, 03:06


ယမန်နေ့ (ဩဂုတ် ၆) ရက်နေ့က CDM ပြုလုပ်ပြီး ကော်ဘရာစစ်ကြောင်းသို့ ခိုလှုံလာခဲ့‌သော တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သားတစ်ဦး၏ ထွက်ဆိုချက်အရ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) နှင့် ကော်ဘရာ စစ်ကြောင်းတို့ ဖြစ်ပွားသော ဩဂုတ် (၅)ရက်နေ့ တိုက်ပွဲ အကြောင်း ပြောပြခြင်း ဖြစ်ပါသည်။ ၎င်း၏ ပြောကြားချက်အရ ဩဂုတ်(၅) ရက်နေ့ တိုက်ပွဲ၏ တကယ့် လက်တွေ့တွင် စစ်ကောင်စီဘက်မှ (၁၀)ဦး သေဆုံး၊ (၁၅) ဦး ဒဏ်ရာ ရရှိသည်ဟု သိရပါသည်။ ကော်ဘရာစစ်ကြောင်းအနေဖြင့် ယင်းနေ့က ထုတ်ပြန်ချက်တွင် စစ်‌‌
မြေပြင်သတင်းပေးပို့ချက်အား အနည်းဆုံးထား တွက်ချက်မှုအရ အနည်းဆုံး (၁)ဦးသေ၊ (၄)ဦးနှင့်အထက် ပြင်းထန်ဒဏ်ရာများ ရရှိသည်ဟုသာ ထုတ်ပြန်နိုင်ခဲ့ပါသည်။

Cobra Column

06 Aug, 13:47


" သတင်းထုတ်ပြန်ချက် "

မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးရှိ တောင်ကုန်းတစ်ခုပေါ်သို့ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ တပ်များက ယနေ့ (ဩဂုတ် ၆) ရက်နေ့ နေ့လည် (၂) နာရီခန့်တွင် ကျူးကျော်ရန် ကြိုးစားခဲ့ပါသည်။ လက်နက်ကြီးပစ်ကူများ အသုံးပြု၍ ကျူးကျော်ရန် ကြိုးစားခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်များ ညနေ (၄)နာရီ ခန့်တွင် ပြန်လည် ဆုတ်ခွာခဲ့ရပါသည်။ စစ်မြေပြင်သတင်း အတည်ပြုချက်အရ အကြမ်းဖက် စစ်ကောင်စီတပ်သား (၁)ဦးသေ၊ (၃)ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါသည်။ ကော်ဘရာ စစ်သည်တော်များ တစ်စုံတစ်ရာ ပွန်းပဲ့ဒဏ်ရာပင် မရှိခဲ့ပါ။

Cobra Column

06 Aug, 13:47


ယနေ့ နေ့လည်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ၏ (၁၂၀)မမ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် မြဝတီ - ဝေါ်လေ ကားလမ်းမအနီးရှိ စစ်ပွဲနှင့် မသက်ဆိုင်သော တောင်ယာလုပ်ကိုင်နေသူ အပြစ်မဲ့ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ မဆင်မခြင် ရမ်းသမ်း ပစ်ခတ်သော လက်နက်ကြီး ကျည်ကြောင့် အပြစ်မဲ့ ပြည်သူ၏ ခြေထောက်တစ်ဖက် ကြေမွသွားခဲ့ရသဖြင့် ခွဲ‌စိတ်ဖြတ်တောက်ခဲ့ရပြီး ကော်ဘရာစစ်ကြောင်းမှ လိုအပ်သော ဆေးဘက်ဆိုင်ရာများ ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါသည်။

Cobra Column

05 Aug, 11:28


" သတင်းထုတ်ပြန်ချက် "

ယနေ့ (ဩဂုတ် ၅) ရက်နေ့ မနက် (၈)နာရီကျော်ခန့်မှ စတင်၍ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးရှိ နေရာ တစ်ခုပေါ်သို့ တပ်မ (၄၄) လက်အောက်ခံ အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ တရစပ် ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် ကျူးကျော်ရန် အပြင်းအထန် ကြိုးစားခဲ့ပါသည်။ထို့ကြောင့် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ကော်ဘရာစစ်သည်တော်များနှင့် တစ်နေ့တာလုံး ရင်ဆိုင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည်။ ယနေ့ ညနေ (၄) နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ အထိအခိုက် များပြားစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြရပါသည်။ စစ်မြေပြင်သတင်းပေးပို့ချက်အရ အနည်းဆုံး အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁)ဦး သေဆုံးကာ (၄)ဦးထက် မနည်း၊ အများအပြား ပြင်းထန်ဒဏ်ရာ ရရှိခဲ့‌ကြောင်း သိရပါသည်။ ယနေ့ ရင်ဆိုင်တိုက်ပွဲတွင် ကော်ဘရာ စစ်သည် (၂)ဦး ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပါသည်။

ဓါတ်ပုံ - ကော်ဘရာ အမျိုးသမီး စစ်သည်တစ်ဦး

Cobra Column

02 Aug, 13:12


" သတင်းထုတ်ပြန်ချက် "

ယမန်နေ့ (ဩဂုတ်လ ၁) ရက်နေ့ မနက် ၉ နာရီမှ စတင်၍ ညအချိန်ထိ အကြမ်းဖက်စစ်ကောင်စီနှင့် ကော်ဘရာစစ်ကြောင်းတို့အကြား ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ကျူးကျော်သူ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာခဲ့ရပါသည်။ သေဆုံး၊ ထိခိုက် စာရင်းအား အတိအကျ အတည်ပြုနိုင်ရန် စိစစ်ဆဲ ဖြစ်ပါသည်။ ကော်ဘရာစစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ပါ။

ယနေ့ (ဩဂုတ်လ ၂)ရက်နေ့ မနက်အစောပိုင်းမှ စတင်၍ ယခု သတင်းထုတ်ပြန်ချိန်အထိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) ၊ နဗဟ (၄၄၁) လက်အောက်ခံတပ်များ၊ လက်ရုံးတပ်ဖွဲ့များနှင့် ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ မှော်ဘီလေတပ်မှ Yak 130 လေယာဉ်ဖြင့် ယနေ့ ညနေ (၄)နာရီ ခန့်တွင် တိုက်ပွဲဖြစ်ပွားရာနေရာအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ကော်ဘရာစစ်သည်တော်များ ဘေးကင်းလုံခြုံခဲ့ပါသည်။ ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်မှု များပြားလျက်ရှိသော်လည်း တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် အရေအတွက် စာရင်းအား အတည်မပြုနိုင်ပါ။ ကော်ဘရာစစ်သည်တော် (၂) ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။