သူတို့အတွက် ခင်ဗျားရဲ့ သတင်းစကားက ဘာလဲ။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် -
သူတို့ ၂ဦးလုံး နဲ့ ကိုက်ညီအောင် မလုပ်နိုင်ရင် သဘောတူညီချက်မရနိုင်ပါဘူး။
ပူတင် မကောင်းကြောင်း ခင်ဗျား က ပြောစေချင်တာလား
အဲ့ဒီနောက် ဟိုင်း - ဗလာမီယာ၊ ကျနော်တို့ သဘောတူညီချက်ရဖို့ အခြေအနေ ဘယ်လိုရှိလဲ မေးရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
ကျနော်က ပူတင် နဲ့ ကိုက်ညီအောင် လုပ်နေတာမဟုတ်ပါဘူး။
ကျနော်က ဘယ်သူ နဲ့ မှ ကိုက်ညီအောင် လုပ်နေတာမဟုတ်ပါဘူး။ ကျနော်က အမေရိကန်နဲ့ပဲ ကိုက်ညီအောင် လုပ်နေတာပါ။
ကမ္ဘာ့ကြီး အတွက်လည်း ကောင်းအောင် လုပ်နေတာပါ။ ကျနော်က ကမ္ဘာကြီးနဲ့ ကိုက်ညီပါတယ်။
ကျနော်က ဒီကိစ္စကို ပြီးစေချင်ပါတယ်။ ပူတင်ကို သူ မုန်းနေတယ်ဆိုတာ ခင်ဗျားတို့ မြင်တယ်မလား။
ဒါက သိပ်ကို ခက်ခဲပါတယ်။ ဒီလိုအမုန်းမျိုး နဲ့ဆို သဘောတူညီချက်ရဖို့ ခက်ခဲပါတယ်။ သူ့မှာ အမုန်းတွေက သိပ်များပါတယ်။
ဒါကိုလည်း ကျနော်နားလည်ပါတယ်။
တခြားဘက်ကလည်း သူ့ကို မေတ္တာရှိနေတာတော့မဟုတ်ပါဘူး။
အဲ့ဒီတော့ ဒါဟာ ကိုက်ညီအောင် လုပ်နေတာလားဆိုမျိုးမေးရမှာ မဟုတ်ပါဘူး။ ကျနော်က ကမ္ဘာ့ကြီး နဲ့ ကိုက်ညီပါတယ်။
ဒီကိစ္စ ကို တခါတည်းပြောချင်ပါတယ်။ ကျနော်က ဥရောပ နဲ့လည်း ကိုက်ညီပါတယ်။
ဒီကိစ္စကို ပြီးဆုံးအောင် လုပ်နိုင်မလား ဆိုတာ မြင်ချင်ပါတယ်။
ခင်ဗျား ကျနော့်ကို တင်းမာစေချင်လား။ ကျနော် က ခင်ဗျားမြင်ဖူးသမျှလူတွေထက် ပိုပြီး မာကျော နိုင်ပါတယ်။
အဲ့ဒီ နည်း နဲ့ တော့ သဘောတူညီချက်ရဖို့ ဘယ်လို မဖြစ်နိုင်ပါဘူး။ ဒါက ဒီလိုပဲ ဖြစ်နေမှာပါ။
နောက်မေးခွန်းတခု မေးပါ။
အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်
ကျနော် ဒါကို တုံ့ပြန်ပါ့မယ်။
ဒီမှာဗျ။ အမေရိကန် က ပြီးခဲ့တဲ့ ၄ နှစ် တာမှာ ဗလာမီတာ ပူတင်ကို သတင်းစာရှင်းလင်းပွဲမှာ တင်းတင်းမာမာ ပြောတဲ့ သမ္မတ မျိုးပဲရှိခဲ့တာပါ။
အဲ့ဒီနောက် ပူတင်က ယူကရိန်းကို ကျုးကျော်ခဲ့ပြီး တိုင်းပြည်ရဲ့ အစိတ်အပိုင်းတော်တော်များများကို ဖျက်ဆီးခဲ့ပါတယ်။
ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းက ၊ တိုးတက်ရေးအတွက် လမ်းကြောင်းက သံတမန်ရေးအရ ဆက်သွယ်မှုမျိုး ဖြစ်သင့်ပါတယ်။
ဂျိုးဘိုင်ဒန် ရဲ့ နည်းလမ်းဖြစ်တဲ့ ရင်ဘတ် ထုပြီး အမေရိကန် သမ္မတ ရဲ့ စကားလုံးတွေက လုပ်ရပ်တွေထက် ပိုအရေးကြီးတာမျိုး ဟန်ဆောင်တာ လုပ်ခဲ့ပြီးပါပြီ။
အမေရိကန် က သံတမန်ရေးအရ ဆက်သွယ်တဲ့အတွက် ကောင်းတဲ့ တိုင်းပြည် ဖြစ်လာတာပါ။ ဒါမျိုး သမ္မတ ထရမ့်က လုပ်နေတာပါ။
ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇာလန်းစကီး
ခင်ဗျားကို မေးလို့ရမလား
ဂျေဒီဗန့်
မေးပါ။
ဇာလန်းစကီး
သူက ကျနော်တို့ ယူကရိန်း တိုင်းပြည်ရဲ့ ခရိုင်းမီးယား အပါအဝင် အစိတ်အပိုင်းကြီးတခုကို သိမ်းယူခဲ့ပါတယ်။
သူက ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့တာပါ။
နှစ်များစွာ အတွင်း --- ကျနော်က ဘိုင်ဒန် အကြောင်းပဲပြောနေတာမဟုတ်ပါဘူး။
အဲ့ဒီအချိန်တွေ အတွင်း -သမ္မတ အိုဘာမား၊ အဲ့ဒီနောက် သမ္မတ ထရမ့်၊
အဲ့ဒီနောက် သမ္မတ ဘိုင်ဒန် ၊ နောက် အခု သမ္မတ ထရမ့် က သူ့ကို တားဖို့ လုပ်နေပါတယ်။
ဒါပေမဲ့ ၂၀၁၄ ခုနှစ်တုန်းက ဘယ်သူ့မှ သူ့ကို မတားပါဘူး။
အဲ့ဒီ နယ်မြေကို သိမ်းပိုက်ပြီး ယူသွားခဲ့တာပါ။ သူက လူတွေကို သတ်ပါတယ်။
၂၀၁၅
၂၀၁၄
ထရမ့်
ကျနော် အဲ့ဒီတုန်းက မရှိပါဘူး။
ဇာလန်းစကီး
ဒါပေမဲ့ ၂၀၁၄ ကနေ ၂၀၂၂ ခုနှစ်အတွင်း အခြေအနေတွေက တူတူပါပဲ။
လူတွေက ရှေ့တန်း ထိတွေ့တိုက်ပွဲ ဖြစ်တဲ့ နေရာတွေမှာ သေနေကြတာပါ။ ဘယ်သူ့မှ သူ့ကို မတားပါဘူး။
ကျနော်တို့ သူနဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ အများကြီးဆွေးနွေးခဲ့ပါတယ်။ ၂ နိုင်ငံဆွေးနွေးပွဲတွေပါ။
သူနဲ့ သဘောတူ လက်မှတ်ထိုးခဲ့ဖူးပါတယ်။
၂၀၁၉ တုန်းကလည်း သမ္မတ သစ် အနေနဲ့ ကျနော်လည်း သူနဲ့ သဘောတူညီချက် လက်မှတ်ထိုးဖူးပါတယ်။
ကျနော် သူ နဲ့ လက်မှတ်ထိုးဖူးပြီး၊ (ပြင်သစ် သမ္မတ) မက်ခရွန်၊ (ဂျာမန် ဝန်ကြီးချုပ်) မာခဲလ်တို့လည်းပါဝင်တဲ့ အပစ်ရပ် ရေး သဘောတူညီချက် လက်မှတ်ထိုးဖူးပါတယ်။
သူတို့အားလုံး ပြောတာက သူမလုပ်ပါဘူးလို့ ကျနော့်ကို ပြောပါတယ်။
ကျနော်တို့ သူနဲ့ ဓာတ်ငွေ့ သဘောတူညီချက် ထိုးဖူးပါတယ်။
အဲ့ဒီနောက် သူက အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပါတယ်။
ကျနော်တို့ လူတွေကို သတ်တယ်။ ကျနော်တို့ နဲ့ သဘောတူထားတဲ့ အကျဉ်းသား လဲလှယ်ရေးလည်း မလုပ်ဘူး။
အကျဉ်းသားလဲလှယ်ရေး သဘောတူထားတာကိုလည်း သူမလုပ်ပါဘူး.
ဘယ်လို သံတမန် ဆက်သွယ်မှုကို JD ခင်ဗျား ပြောနေတာလဲဗျ။
ခင်ဗျား ပြောတာ ဘာအဓိပ္ပာယ်လဲဗျ။
ဂျေဒီဗန့်
ကျနော်ပြောနေတာက ခင်ဗျားတိုင်းပြည်ကို ဖျက်ဆီးနေတာကို ရပ်တန့်စေတဲ့ သံတမန်ဆက်ဆံရေး လုပ်ဖို့ပါ။
သမ္မတကြီးခင်ဗျား။ လေးစားစွာ ပြောပါရစေ။
အိမ်ဖြူတော်ကို ရောက်လာပြီး အမေရိကန် သတင်းမီဒီယာတွေရှေ့မှာ ခင်ဗျား စွပ်စွဲပြောဆိုနေတာတွေက မလေးမစား လုပ်နေတယ် လို့ ကျနော် ထင်ပါတယ်။
အခုအချိန်မှာ ခင်ဗျားတို့က လူအင်အားပြဿနာရှိတဲ့ အတွက် တိုင်းပြည်အနှံ့ စစ်သားစုဆောင်းရေး လုပ်ပြီး ရှေ့တန်းကို အတင်း ပို့နေရတာပါ။
ခင်ဗျားအနေနဲ့ ဒီ ပဋိပက္ခကို