来自 အေအန်န်အမ်မ်တီ (@anmtarnoldmyotint) 的最新 Telegram 贴文

အေအန်န်အမ်မ်တီ Telegram 帖子

အေအန်န်အမ်မ်တီ
အကူအညီပေးသောလက်များဟာ
ဘုရားစာရွတ်ဆိုသောပါးစပ်များထက်
ပို၍မြင့်မြတ်တယ်။
16,981 订阅者
5,701 张照片
441 个视频
最后更新于 01.03.2025 04:11

အေအန်န်အမ်မ်တီ 在 Telegram 上分享的最新内容


အရေးပေါ် ရက်တိုကမ်ပိန်းလေးတစ်ခု ပြုလုပ်ချင်ပါတယ်။ ယင်းမာပင် Eagle Wings Drone အဖွဲ့က ကိုဇေယျာမင်း မနေ့က ကန်ဒေါင့်ရဲစခန်းကို Drone ချပြီးအပြန်မှာ ကားပေါ်က-တ်သီးတွေပေါ-က်ကွဲလို့ ဒ-ဏ်ရာအပြ-င်းအထ-န်ရထားပါတယ်။ ပုံကြည့်ရသလောက် ခြေထောက်က တော်တော်လေးကို အခြေအနေဆိုးရွားနေတာပါ။ ပုံတင်ရင် ဖေ့စ်ဘွတ်ခ် စံနှုန်းနဲ့မညီတာကြောင့် တင်ပြလို့မရပါဘူး။ သူ့ရဲ့ဆေးကုသစရိတ်အတွက် အခုလိုရက်တိုကမ်ပိန်းပြုလုပ်ပြီး အထောက်အပံ့လေးလုပ်ဆောင်ပေးချင်လို့ ပို့စ်တင်ရခြင်းဖြစ်ပါတယ်။

ရှေ့မှာတုန်းကလည်း ကိုဇေယျာမင်း တို့ရဲ့ Eagle Wings Drone အဖွဲ့အတွက် ရက်တိုကမ်ပိန်းတချို့ ကျွန်တော်ပြုလုပ်ပေးဖူးပါတယ်။ အခုကတော့ ရဲဘော်ရဲ့ဆေးကုသစရိတ်အတွက် သီးသန့်အထောက်အပံ့သာဖြစ်ပါတယ်။ လာရောက်ပါဝင်သူတိုင်းကို ကျွန်တော့်ရဲ့မှတ်တမ်းလွှာလေး ထုတ်ပေးသွားမယ့်အပြင် ယခုပို့စ်ရဲ့ Comment မှာလည်း ပါဝင်သူ တစ်ဦးချင်းဆီရဲ့ လုံခြုံရေးမထိခိုက်စေသော အမည်နဲ့ ငွေအမောက်အတိအကျများကို နေ့စွဲအမှတ်စဥ်နဲ့တကွ စာရင်းဖော်ပြပေးသွားပါ့မယ်။ အရေးပေါ်လိုအပ်နေတာမို့ အခုလို အလောတကြီး ပို့စ်တင်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။

ပါဝင်ထောက်ပံ့ချင်ပါက ဆက်သွယ်ရန်... (Link ထဲဝင်ပြီး RCS ပြုလုပ်ပေးပါဦးခင်ဗျာ)
https://www.facebook.com/share/p/1CS6fKF7qC/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8483

မအိပ်ခင် ပြောခဲ့မယ်။ ဒီလိုဟာစားတွေ ပွဲဖြစ်တယ်လို့ အပြောခံရတာကိုက ရွံစရာ ကောင်းနေပြီ။

အခုက ဘာကိစ္စမှ ရှိနေတာမဟုတ်ဘူး။ ကိုယ်ကလည်း သူ့ကို Online, Offline တစ်ခွန်းတစ်လေတောင် အဖက်မလုပ်တာ။ အဲ့ဒါက ကိုယ်က သူ့အတင်းပြောပါတယ်ဆိုပြီး နာမည်တပ် Live လွှင့်ပြီး ၂၀၁၉က ရတနာဝယ်တုန်းကကိစ္စ ကိုယ်က သူ့ကို Delivery ခ ၂၅၀၀ လိမ်တဲ့သူခိုးမဆိုပြီး ထပြောတာက စတာ။

သူ့ဖာသာ MLM ကိစ္စ၊ CC ကိစ္စ မှန်တာမှားတာတွေ ကိုယ်မသိဘူး။ စိတ်မဝင်စားလို့ ဘာတွေဖြစ်မှန်း တွေ့ရင်တောင် ဝင်မဖတ်တာ။ ဒါပေမယ့် MLM ကိစ္စမှာ သူမှန်တာနဲ့ ဖန်တွေရပြီဆိုပြီး ကိုယ့်ကို မဆီမဆိုင် ထတိုက်ခိုက်ပုတ်ခတ်လို့ မရဘူး။

ရှင်တို့အတွက် ကိုရီးယားသိန်းဒန်ကို MLM တစ်ပွဲလောက် သိပြီး အမှန်တရားဘက်က ရပ်တည်သူ၊ သူပြောသမျှ အမှန်၊ တော်လှန်ရေးဘက်သားလို့ ထင်နေရင်တော့ မတတ်နိုင်ဘူး။

ကိုယ်သိတဲ့ ကိုရီးယားသိန်းဒန်မက သူများလင်ကို ကျွန်မကို အခါနှစ်ရာလုပ်သွားလို့ပါဆိုပြီး အိမ်ပေါ်တက်လုလို့ နားဘန်းတွေလုံးကြတဲ့ Video File တွေ ထွက်ခဲ့တဲ့မိန်းမ။ ယောက်ျားလေးဘက်က တရားစွဲလို့ အမှုတန်းလန်းနဲ့ ကိုရီးယား ထွက်ပြေးသွားတာ။ (အဲ့ Video ကြည့်ချင်ရင် ရှာကြည့်ကြ၊ အမှုစာပါ ပြန်ရှာပေးရမလား)

တော်လှန်ရေးဘက်သားလို့ ဘာကိုကြည့်ပြောတာလဲ နားမလည်ဘူး။ ဖေ့စ်ဘုတ်ပေါ် Live လွှင့်ပြီး တော်လှန်ရေးစောက်တင်းအုပ်တာနဲ့ တော်လှန်ရေးဘက်သား ဖြစ်သွားတာလား။

သူနဲ့ ရန်ဖြစ်တဲ့သူတွေကို ကိုရီးယားက ဘောမသံရုံးကတဆင့် တိုင်တာ ဝရမ်းထုတ်ခံရ အဖမ်းခံရတာတွေ ဖြစ်ခဲ့တယ်။ သူနဲ့ရန်ဖြစ်တဲ့အမျိုးသမီးက NUG Profile ထားလို့ဆိုပြီး စစ်တပ်ကို လိပ်စာနဲ့တကွ Live လွှင့်သတင်းပေးတာ။ တစ်ယောက်က ၅၀၅ အထုတ်ခံရတယ်။ တစ်ယောက်က စစ်တပ်လာဖမ်းတာကနေ တော်လှန်ရေးအဖွဲ့တွေ ကယ်ထုတ်လို့ လွတ်သွားတယ်။ လူအကောင်လိုက် သက်သေရှိတယ်။

ဒါ့အပြင် သူကိုယ်တိုင် သူနဲ့ရန်ဖြစ်တဲ့လူတွေကို စစ်တပ်ကိုတိုင်ပြီးဖမ်းခိုင်းတယ်လို့ Live လွှင့် ပြောထားတဲ့ Video သက်သေတွေ ရှိတယ်။ ရှာကြည့်ကြ။

တော်လှန်ရေးအတွက်ဆိုပြီး စာရင်းမရှိအင်းမရှိ အလှူခံ၊ Photoshop နဲ့ လုပ်ထားတဲ့ Certificate တွေ တင်တာတို့၊ CDM တွေအတွက်လို့ ငွေကောက်ပြီး ဘုန်းကြီးလှူလိုက်ပြီလုပ်တာတို့ အများကြီး ရှိသေးတယ်။ ထပ်လွန်လာရင် အကုန်ပြန်ရှာ ထုတ်ပြပေးမယ်။

အခု ကိုယ့်ကို လာစော်ကားလို့ ပြောတာ။ ဒီမတိုင်ခင်က အဲ့ကောင်မကို စကားထဲ တစ်ခွန်းတောင် ထည့်မပြောဘူး။ စောက်ကြောင်းတွေ သိပြီးသားမို့ ရွံလွန်းလို့။

ဒီကောင်မက ကျပ်မပြည့်ဘူး၊ အရူးဆိုပေမယ့် အရူးပါး။ နိုင်မယ်ထင်တဲ့ပွဲတွေမှာ ကြားက ဝင်ပြော၊ မသိရင် သူ့ကြောင့် အောင်မြင်သလို ဝင်နှမ်းဖြူး အမှတ်ယူ။ MLM ကိစ္စလိုမျိုး။ အဲ့ကိစ္စ တစ်ခုပဲ သိသူတွေက အထင်တွေကြီး။ ဒါ သူ့အကွက်ပဲ။

အခုက ကိုယ်က သူ့ကို ဘာတစ်ခွန်းမှ ပြောမိတာ မရှိ၊ ပြသနာရှာမိတာမရှိ၊ ငြိသွားတာ မရှိဘဲ ပလိန်းကြီး ၂၀၁၉ က Delivery ၂၅၀၀ပါ၊ သူခိုးမပါဆိုတဲ့အထိ စစော်ကားတာ။

အရူး အရူးနဲ့ အိမ်ဦး ချေးတက်ပါတဲ့ ဖေးလို့မ ဓလံမ ငဒန်မ။

နင့်ကို အမေရိကားကနေ ကိုရီးယားထိ သုံးပတ်ပတ်ပြီး ခွက်နေတဲ့ နေရာကြီး ပြန်ထွက်သွားအောင် ရှိတာနဲ့ လာကော်ပေးရမလား။

အခါ ၂၀၀ မ။

သိန်းဒံမနဲ့ပြသာနာကို ပန်ဆယ်လိုရေးထားတာ
👇👇👇👇

ကိုရီးယားသိန်းတန်မက ဘာအကြောင်းမှမရှိဘဲ ပွဲလာရှာပြန်ပြီ။ စောက်ဖက်မတန်လို့ ပွဲမထုတ်ချင်ပေမယ့် သူ့ပြောသူ့စကားလုပ်နေလို့ ဖြစ်စဉ်ကို ပြောပြမယ်။

အာဏာမသိမ်းခင် ကိုယ်ရတနာလုပ်ငန်း လုပ်နေစဉ်အချိန်တုန်းက သိန်းတန်မက ကိုယ့်ဆီမှာ အမေစုပုံရင်ထိုးလေး လာမှာတယ်။ ငွေကျပ် ၂၇၀၀၀၀ တန်ပါ။ အကောင့်ပျက်တယ်ဆိုပြီး နောက်အကောင့်တွေနဲ့ လာပြော၊ ကိုရီးယားကို လူကြုံရှိလို့ ဟိုနေ့ ဟိုနေရာ၊ ဒီနေရာ ပို့ပါဆိုတာတွေ အခါခါ အကြိမ်ကြိမ်ပဲ။

ကိုယ်က အဲ့အချိန်မှာ အမှာအော်ဒါတွေ တအားများပြီး မက်ဆေ့ချ်ပေါင်း သောင်းခြောက်ထောင် Admin ၅ ယောက်နဲ့ မနိုင်မနင်း။ သူ့မက်ဆေ့ချ်တွေက ကိုယ်ဖြေနေတာ မဟုတ်၊ Admin တွေ ဖြေနေတာ။ Admin ညီမလေးတစ်ယောက်က မေးတယ်။ မမ…. သူပြောတဲ့ရက် အဲ့ပစ္စည်း မထွက်လောက်ဘူး၊ ငြင်းလိုက်ရမလားတဲ့။

ကိုယ်ကလည်း အမေစုပုံလေး နိုင်ငံခြားကနေ လှမ်းမှာတာ၊ လူကြုံရှိတုန်းလေးဆိုတော့ အမီရစေချင်သွားတယ်။ အမေစုပုံလေး ဝတ်စေချင်တဲ့စေတနာ။ အဲ့ပစ္စည်းတစ်ခုကို ကိုယ့်အမြတ်က နှစ်သောင်းပဲ ရှိတာနော်။ ညီမရေ…. ရတယ် ပို့ပေးမယ်ပြောလိုက်။ အလှည့်ကျော်ပေးလိုက်မယ်ပေါ့။ စေတနာတွေ ပိုမိတာ။

အဲ့အချိန်မှာ အဲ့အထည်လေးတွေ အော်ဒါကျချက်က ရက်စက်တယ်။ တစ်နေ့ အခုရာချီ အော်ဒါတက်တာ။ ပန်းထိမ်သမားတွေက အရောင်းရပ်ထားပါလို့ အော်ရတာ။ လုံးဝ မနိုင်မနင်း။

သူ့လူကြုံဆီပို့ရမယ့်ရက်မှာ ပန်းထိမ်က ထွက်လာတာက ဆွဲသီးတွေ။ အဲ့နေ့ ရင်ထိုးတစ်ခုမှ မထွက်ဘူး။ သူ့လူကြုံဆီ ပို့ရမှာ ညနေ ၆နာရီ၊ ၃နာရီမှ ပစ္စည်းက ပန်းထိမ်က ထွက်မှာ။ မမီမှာစိုးလို့ ပန်းထိမ်ကို Taxi ငှါး ဝန်ထမ်းလွှတ်၊ အဲ့ Taxi နဲ့ပဲ သူပို့ခိုင်းတဲ့ နေရာထိ သွားပို့ပေးတာ။ Taxi ခတင် နှစ်သောင်းလောက် ကျတယ်။

ဝန်ထမ်းက ပန်းထိမ်ကနေ ဖုန်းဆက်တယ်။ မမရေ….. ရင်ထိုးတွေ တစ်ခုမှ မထွက်ဘူး၊ ဆွဲသီးပဲ ထွက်တယ်၊ ဘယ်လိုလုပ်ရမလဲတဲ့။ ဒီနေ့ညနေမမီရင် ကိုရီးယားကို လူကြုံမမီဘူးဆိုတော့ ဆွဲသီးပဲ ပို့လိုက်၊ အမ အသေအချာ ပြောပြလိုက်ရင် နားလည်ပါလိမ့်မယ်ဆိုပြီး ကိုယ်က ပို့ခိုင်းလိုက်တာ။ ကပ်သတ်ပြောရရင် ပို့ခိုင်းလိုက်တဲ့ ဆွဲသီးမှာ စိန်ပါတာမို့ ၂၉၀၀၀၀ တန်။ သူမှာတာက ၂၇၀၀၀၀ တန်နော်။ နှစ်သောင်းကို စကားထဲတောင် ထည့်ပြောမနေဘူး။ ပေးလိုက်၊ အမေစုပုံလေး ဝတ်စေချင်တာ။

ကိုယ်က ချက်ဘောက်ကနေ အဲ့လို အဲ့လို အကျိုးအကြောင်း ရှင်းပြတော့ သူမှာတာ ရင်ထိုး၊ ဆွဲသီးလွဲတာ လက်မခံဘူးတဲ့။ အိုကေ… ရပါတယ်၊ ဒါဆို ငွေပြန်လွှဲပေးပါ့မယ်။ နက်ဖြန် ပစ္စည်း ပြန်သွားယူလိုက်ပါမယ်ပေါ့။ ကိုယ်ကမမြတ်တဲ့အပြင် Taxi ခ နှစ်သောင်းကျော်တောင် ရှုံးနေပြီ။ ရတယ် ဘာမှမဖြစ်ဘူး။ အဲ့အချိန်ထိ ကိုယ်က လေသံတစ်ချက် မပျက်ဘူး။ ယဉ်ယဉ်ကျေးကျေးပြောပြီး ငွေပြန်လွှဲပေးလိုက်တယ်။

ပြသနာက အဲ့နောက်က စကားက စတာ။ ချိန်းတဲ့ရက် မရ ရအောင် စီစဉ်ပေးတယ်။ တန်ဖိုးပိုများတာကိုလည်း ပေးတယ်၊ Taxi ခ ဘာညာ တောင်းဖို့နေနေသာသာ စကားထဲတောင် ထည့်မပြောဘူး။ မယူဘူးဆိုတော့ ငွေပြန်အမ်းပေးတယ်။ ကိုယ့်ဘက်က Customer ကို အကုန်တာဝန်ယူဆောင်ရွက်ပေးတယ်။ အဲ့ဒါကို ဘာပြောတယ် မှတ်လဲ။

သူက ကိုရီးယားမှာ နိုင်ငံရေးသိပ္ပံတက်နေတဲ့ ဒေါက်တာတဲ့။ အမေစုအလွန် သူက နိုင်ငံကို ဦးဆောင်ရမယ့် လူတဲ့။ မတိကျတာ မကြိုက်ဘူးတဲ့။ ဒီစကားက စျေးဝယ်တာနဲ့ ဘာဆိုင်လဲဟလို့တော့ တွေးမိပေမယ့် အဲ့အထိ ကိုယ်က ဒီလိုငကြွားတွေ ရှိတတ်ပါတယ်လို့ပဲ သဘောထားပေးသေးတယ်။

ဘယ်မှာ ထပေါက်ကွဲတာလဲဆိုတော့ အမေစုပုံနဲ့ ကလိန်ကကျစ်လုပ်တယ်လို့ ပြောသွားတာ။ အဟင်း… ပိုက်ဆံလည်း ပြန်အမ်းပြီးပြီ၊ ကိုယ့် Customer လည်း မဟုတ်တော့ဘူး။ Customer ဆိုရင်တောင် လူကို စော်ကားခွင့်ပေးလို့မရဘူးလေ။

အဲ့တော့ ဒေါ်ပန် ဆဲပြီလေ။ စာနဲ့ဆဲတာ အားမရလို့ ဖုန်းပါခေါ်ဆဲတာ။ သိန်းတန်မတို့ ဖုန်းမကိုင်ရဲဘဲ ပြေးတာ တန်းနေတာပဲ။ ဖုန်းမကိုင်ရဲတော့ အသံဖိုင်ပို့ပြီး တစ်ပြားမှ မတန်အောင်ကို ပြောတာ။

သူအခုပြောသွားတာက Delivery ခ ၂၅၀၀ ကို ကိုယ်ကပြန်မပေးဘဲ သူက ပြန်တောင်းလို့ ဆဲတယ်ဘာညာ ကလိန်ကကျစ်တွေ ပြောတာ။ အခုအချိန်မှ အစမရှိ အဆုံးမရှိ ဒါတွေ ထပြောနေတာ ဘာအကြံအစည်လဲတော့ မသိ။

ဒီကောင်မကို ကျပ်မပြည့်ဘူးလို့ကို သတ်မှတ်ထားလို့ စကားထဲတောင် ထည့်မပြောခဲ့ဘူး။ ကိုယ်က တစ်ပြားမတန်အောင် အားရအောင် တုတ်ခဲ့တာမို့ ကျေနပ်တယ်လေ။ အခုအချိန် ဒီကြားထဲမှာ ဘာကိစ္စ မယ်မယ်ရရမှလည်း မရှိတာမို့ သူ့ဖာသာသူ ဘယ်သူနဲ့ ဘာပွဲဖြစ်နေနေ အဲ့ကောင်မကို ကျပ်မပြည့်မှန်းသိလို့ လူရာကို မသွင်းတာ။

ဒါက ဖြစ်စဉ်အမှန်ပါ။ အမှန်အမှား ကိုယ့်ဖာသာ သုံးသပ်ကြပါ။ ဒီကောင်မက ဘယ်လိုပြောတယ်၊ ဟုတ်လား ဘာညာ လာမေးတဲ့လူတွေ ဖြစ်စဉ်အမှန်ကို သိရအောင် ပြောပြတာပါ။

Delivery ခ ၂၅၀၀ နဲ့ ငါက နင်ဆဲတာ ခံရမယ့်သူလား၊ နင်က အာချောင်မှုနဲ့ ငါခွတုတ်တာ ခံခဲ့ရသူလား ရုပ်ကြည့်ရုံနဲ့ အသိသာကြီးဟာ။
😂

အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းတွင် ​​ဒေါ်​အောင်ဆန်းစုကြည် နှင့် ဦးထင်​ကျော်ပါဝင်​နေခြင်းမှာ တရားရုံး၏ ဆုံးဖြတ်ချက်သာဖြစ်ဟု BROUK ​ပြော

■ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က တရားရုံးသို့ အမှုဖွင့်တိုင်ကြားမှုတွင် စစ်ခေါင်းဆောင်များကိုသာ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ဟုဆို

အီယိုရီ/People’s Spring

အာဂျင်တီးနားတရားရုံးက မြန်မာစစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ခဲ့ရာတွင် အရပ်ဘက်ခေါင်းဆောင်များဖြစ်သည့် သမ္မတဟောင်းဦးထင်ကျော် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေခြင်းမှာ တရားရုံး၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)ဥက္ကဌ ဦးထွန်းခင်က People’s Spring သို့ ပြောသည်။

ရိုဟင်ဂျာများအား လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်တွင် BROUK က အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေရိစ်ရှိ တရားရုံး၌ အမှုဖွင့်တိုက်ကြားခဲ့ရာ စစ်ခေါင်းဆောင်များနှင့် စစ်တပ်ထိပ်တန်းအရာရှိများကိုသာ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ၏ ဥက္ကဋ္ဌ ဦးထွန်းခင်က ရှင်းပြသည်။

“ကျွန်တော်တို့ အမှုကို စုံစမ်းစစ်ဆေးပြီးတော့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လဲချက်တင်တဲ့အခါကျတော့ အကြမ်းဖက်စစ်တပ်ကို ဦးတည်ပြီးတော့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးက တာဝန်ခံမှု၊ တာဝန်ယူမှု ရှိတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီတုန်းက အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ သမ္မတဟောင်းဦးထင်ကျော်လည်း သမ္မတဖြစ်ခဲ့တယ်ဆိုတော့ ဒါက တရားဥပဒေဘောင်ကနေ ထုတ်တဲ့အပေါ်ပဲ သူတို့ ထုတ်လိုက်တာပေါ့နော်။ သူတို့ စုံစမ်းစစ်ဆေးပြီးတော့ သူတို့ ထုတ်ထားတာပေါ့နော်။ ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ လျှောက်လဲချက်မှာ ဖမ်းဝရမ်းထုတ်ဖို့ စစ်တပ်ကိုပဲ၊ အကြမ်းဖက်စစ်ခေါင်းဆောင်အပါအဝင် စစ်ခေါင်းဆောင်တွေကိုပဲ​ထုတ်ဖို့ တောင်းဆိုခဲ့တာပါဗျ” ဟု ဦးထွန်းခင်က People’s Spring သို့ ပြောသည်။

BROUK က ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုရာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ၂၀၁၆-၂၀၁၇ က အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အမှတ် ၂၂၊ အမှတ် ၃၃၊ အမှတ် ၇၇ တပ်မမှူးများနှင့် တပ်ရင်းတပ်မှူးများ ပါဝင်ကြောင်း သိရသည်။

အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်သော ဖမ်းဝရမ်းစာရင်းတွင် မြန်မာစစ်တပ်ဘက်မှ ၂၂ ဦးနှင့် အရပ်ဘက်မှ ၃ ဦး စုစုပေါင်း ၂၅ ဦးပါဝင်ကြောင်း BROUK ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖမ်းဝရမ်းထုတ်ပြန်လာမှုသည် ရိုဟင်ဂျာများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ရာတွင် မြန်မာအရပ်သားနှင့် စစ်ဘက်ခေါင်းဆောင်များအား အာဂျင်တီးနားတရားရုံးက စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ပြန်မှုတွင် အရပ်ဘက်ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါဝင်နေမှုမှာ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ သွားရောက်ခုခံပြောဆိုခဲ့မှု၊ စစ်တပ်ကို အကာအကွယ်ပေး ပြောဆိုခဲ့မှုများကြောင့် ဖြစ်နိုင်ကြောင်း BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ၎င်း၏အမြင်ကို ပြောသည်။

“ဒီမှာကျတော့ ကျွန်တော်တို့မြင်တာက ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ သွားပြီးတော့ ကမ္ဘာ့တရားရုံးကို သွားပြီးတော့ ခုခံတာတွေရော၊ တခြား စစ်တပ်ကို အကာအကွယ်ပေးပြီးတော့ ပြောပေးတာတွေ ကြည့်ပြီးတော့ လုပ်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

BROUK အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ဖြင့် အာဂျင်တီးနားတရားရုံးသို့ ၂၀၁၉ခုနှစ်တွင် အမှုတင်သွင်းခဲ့ဖြစ်သည်။

အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းသည် လက်ရှိစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်ထိပ်တန်းခေါင်းဆောင်များအပေါ် များစွာဖိအားဖြစ်လာနိုင်မည်ဖြစ်ပြီး လက်ရှိ နွေဦးတော်လှန်ရေး၊ စစ်တပ်အမြစ်ဖြတ်ဖယ်ရှားရေးတို့အတွက် လွန်စွာအားကောင်းသည့် အလားအလာရှိကြောင်း ဦးထွန်းခင်က သုံးသပ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ၂၀၂၄ နိုဝင်ဘာ ၂၇ ရက်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရှေ့နေချုပ် ကာရင်မ်ခမ်းကလည်း ICC က ဖမ်းဝရမ်းထုတ်ရန် အမှုဖွင့်တိုင်ကြားထားသည်။

ICC ရုံးတော်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ရန် စီရင်ချက်မချရသေးသော်လည်း ယခုအာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းထုတ်ပြန်မှုက အလိုအလျောက်ဖမ်းဝရမ်းထုတ်ပြန်ရန် အစပျိုးမှုဖြစ်ကြောင်း BROUK က ဖော်ပြသည်။

​စစ်တပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းကတည်းက စစ်တပ်က ​ဒေါ်​အောင်ဆန်းစုကြည်ကို ဖမ်းဆီးတရားစွဲဆို​ထောင်ချထားပြီး သူမဘယ်တွင်ထားရှိ​သည်ကို စစ်​ကောင်စီကလွဲ၍ မည်သူမျှသိခွင့်မရ​ပေ။

People's Spring

မူရင်းပို့စ်...
https://www.facebook.com/share/p/1QLVE2U2fs/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8480

လက်ရှိမှာ တလရက ပြီးဆုံးဖို့ မလွယ်လောက်သေးဘူး။ စစ်တပ်ဘက်မှာလည်း အဆုံးသတ်နီးရင် ထုတ်သုံးမယ့် ‌ဒေါ်အောင်ဆန်းစုကြည်ကတ်တစ်ကဒ် ကျန်နေသေးတာကို မေ့ထားလို့မရဘူး။

ဘာကြောင့်လည်းဆိုတော့ DASSK ဟာ ပြည်သူအများစုရဲ့ နတ်နေကိုင်းပဲ။ သူ့ကိုထိခိုက်အောင်လုပ်သူ သူနဲ့ဆန့်ကျင်ဘက်မှာရှိသူဟာ ပြည်သူရဲ့ရန်သူဖြစ်သွားမယ်ဆိုတာ စကစက ကောင်းကောင်းသိတယ်။ ဒီအကွက်ဟာ အတော်အန္တရာယ်များပါတယ်။

DASSK ရဲ့ နိုင်ငံရေးနည်းလမ်းဟာ Non violence ပါ။ အခြေအနေအရ လက်နက်ကိုင်တော်လှန်နေရတာကို သူမ နားလည်‌မှာဖြစ်ပေမယ့် လွှတ်ပေးလိုက်ရင် သူမရဲ့မူအရ အထိအခိုက်နည်းမယ့် နည်းလမ်းကိုပဲ ရွေးဦးမှာပါ။ ဒါကြောင့်လည်း စစ်တပ်က အခုချိန်ထိမလွှတ်သေးဘဲ နိုင်ငံရေးကဒ်တစ်ခုအနေနဲ့ ကိုင်ထားတာပါ။

မနေ့က အာဂျင်တီးနားက တရားစွဲတဲ့ကိစ္စမှာ နောက်တိုးအနေနဲ့ထည့်လိုက်တော့ ပြည်သူတွေရဲ့တုံ့ပြန်မှုက ပုံစံပြောင်းသွားတာကို သတိထားမိလိုက်တယ်။ ဒါကြောင့် DASSK မပါလည်း တော်လှန်ရေးကဆက်သွားနေမှာမှန်ပေမယ့် သက်ရောက်မှုကတော့ ပြ-င်းထန်နိုင်ပါတယ်။ အဓိကကတော့ NUG အပေါ်ကိုပါ။

DASSK ကို လွှတ်ပေးလိုက်ရင် NUG နဲ့ လမ်းစဥ်မတူမှာကို စကစက မသိဘဲကိုမနေပါဘူး။ ဒါကြောင့်လည်း လိုတဲ့အချိန်ထုတ်သုံးဖို့ ယူဆထားတာဖြစ်ပါလိမ့်မယ်။ ဒီလိုအခြေအနေဖြစ်လာခဲ့ရင် နိုင်ငံရေးအရရော၊ ပြည်သူ ထောက်ခံမှု အရပါ အပြောင်းအလဲများစွာ ဖြစ်လာဦးမှာပါ။ ဒါတွေကို ကျိန်းသေပေါက်ဖြတ်ကျော်ပြီးမှ တော်လှန်ရေးရဲ့အနိုင်အရှုံး ထွက်ပေါ်မှာဖြစ်လို့ အချိန်တော့လိုပါသေးတယ်။

Khant Ko

https://www.facebook.com/share/p/15fCaWgfPB/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8479

ကျွန်တော့် facebook အကောင့်ဟာ ယာယီ(၁၇ ရက်နေ့အထိ) လုပ်ဆောင်ချက်တွေ ကန့်သက်ခံထားရလို့ ပို့စ်တင်ခြင်း မှတ်ချက်ပေးခြင်းတွေ လုပ်ဆောင်လို့မရပါဘူးခင်ဗျာ၊ ဒါကြောင့် ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်မှ ကမ်ပိန်းနှင့်သက်ဆိုင်သော ဓာတ်ပုံမှတ်တမ်းတွေ တင်လို့ရမှာမို့ အဲ့နေ့ရက်တွင် တခါတည်းတင်ပြပေးထားပါ့မယ်ဆိုတဲ့အကြောင်း လာရောက်အသိပေးတာပါခင်ဗျာ။

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8477?single

မေမေကွယ်လွန်ခြင်း ၂၄ နှစ်ပြည့် နှစ်ပတ်လည်ကမ်ပိန်းလေး ပြီးဆုံးသွားပါပြီ။ အညာစစ်ရှောင်စခန်း ၄/၅ ခုကို တနပ်စာအဟာရကုသိုလ်ပြုချင်လို့ ဖိတ်ခေါ်လိုက်တဲ့ကမ်ပိန်းမှာ မိတ်ဆွေ ၇၆ ဦးတိတိ လာရောက်ကူညီထောက်ပံ့၍ မြန်မာငွေ ၄,၄၂၉,၆၂၄ (လေးဆယ့်လေးသိန်း နှစ်သောင်း ကိုးထောင် ခြောက်ရာနှစ်ဆယ့်လေး) ကျပ်တိတိ လက်ခံရရှိခဲ့ပါတယ်။

မှတ်တမ်းလွှာတွေအတွက် ခဏလောက်တော့စောင့်ပေးပါလို့ မေတ္တာရပ်ခံပါတယ်၊ နည်းနည်းအလုပ်များနေလို့ မှတ်တမ်းလွှာတွေမထုတ်နိုင်သေးလို့ပါ၊ မနက်ဖြန်လောက်တော့ အပြီးပို့ဆောင်ပေးထားပါ့မယ်ခင်ဗျာ။ သို့ပေမယ့် ယခုပို့စ်ရဲ့ကွန့်မန့်ထဲမှာတော့ လာရောက်ပါဝင်သူတွေရဲ့ လုံခြုံရေးမထိခို-က်စေသောအမည်နှင့် ငွေအမောက်စာရင်းအတိအကျကို နေ့စွဲအမှတ်စဥ်တွေနဲ့တကွ ဖော်ပြပေးထားပါ့မယ်။ မိမိအမည်မပါဝင်ပါက ယခုပို့စ်ထဲမှာတင် လာရောက်အသိပေးနိုင်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ (၅ ဦး) _ ၂၅၁,၅၀၀
ဖေဖော်ဝါရီ ၁၁ ရက်နေ့ (၈ ဦး) _ ၁၈၅,၀၀၀
ဖေဖော်ဝါရီ ၁၂ ရက်နေ့ (၂၁ ဦး) _ ၁,၂၅၆,၄၀၀
ဖေဖော်ဝါရီ ၁၃ ရက်နေ့ (၄၂ ဦး) _ ၂,၇၃၆,၇၂၄
. ----------------------------------
စုစုပေါင်း (၇၆ ဦး) ၄,၄၂၉,၆၂၄

ကမ်ပိန်းမှရရှိငွေများအားလုံးကို စ-စ်ရှောင်စခန်းများထံသို့ ခွဲဝေပို့ဆောင်သွားပါ့မယ်၊ စ-စ်ရှောင်စခန်း ၆ ခုထံကိုတော့ ၅ သိန်းဆီ ပို့ဆောင်ပြီးသွားပါပြီ။ ထပ်မံပို့ဆောင်သွားဦးမှာပါ။ မှတ်တမ်းဓါတ်ပုံတွေ ပြန်လည်ရရှိလာပါက ယခုပို့စ်မှာပဲ Edit post ဖြင့် လာရောက်ဖြည့်စွက်ပေးထားပါ့မယ်ခင်ဗျာ။

ယခုကမ်ပိန်းတွင် ငွေအားဖြည့်ပါဝင်ပေးသော မိတ်ဆွေများအပြင်၊ ကမ်ပိန်းပို့စ်အား ရိချ်တက်စေအောင် RCS လုပ်ဆောင်ပေးသူ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို၊ အကူအညီလိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူများကိုယ်စား ကျွန်တော် အေအန်န်အမ်မ်တီ ၏ မိသားစုဝင်များမှ ကျေးဇူးအထူးတင်ရှိပါကြောင်း။ ။

#အေအန်န်အမ်မ်တီ

Facebook Post
https://www.facebook.com/share/p/1BaZdeU1Fn/

Telegram Channel
https://t.me/ANMTarnoldmyotint/8476

တခြားအချိန်တွေ ဖြစ်စဥ်တွေမှာ သတင်းဦးဦးဖျားဖျား တင်ပြတာက ကိစ္စမရှိပေမယ့် အခုလို တော်လှ-န်ရေးအရှိန်မြင့်လာတဲ့အချိန်မှာ လေကြောင်းဒ-ဏ်ခံရတာကို အခုဖြစ်အခုတင်တာကတော့ ကောင်းကျိုးတစ်ခုမှ မဖြစ်စေပါဘူး။ အဓိကက မီဒီယာသတင်းဌာနတွေကို ဒဲ့ပြောချင်တာပါ။ အခုလေးတင် လေယာဥ်နဲ့အ-ကြဲခံရတယ်၊ အ-ကြဲခံရတဲ့နေရာကို တည်နေရာနဲ့တကွ ဘယ်သူဘယ်လောက်ထိခို-က်ပါတယ်ဆိုပြီး ပုံတွေနဲ့တကွ ချက်ချင်းသတင်းတင်တယ်။

အဲ့လိုလုပ်မှတော့ ခင်ဗျားတို့Paထွေးတွေက ငါတို့ကြဲတာ ဒီကိုထိတယ်ကွဆိုပြီး လေယာဥ်ပြန်မဆင်းသက်ခင်မှာတင် စက်နဲ့ချက်ချင်းလှမ်းပေါက်၊ နောက်တစ်ကြိမ် အဲ့တည်နေရာကိုပဲ ထပ်ပြီးလာကြဲတယ်။ ကယ်ဆယ်ရေးနဲ့ နေရာရွှေ့တာတွေတောင် အလောတကြီးလုပ်ဆောင်နေရတဲ့အချိန် ထပ်ပြီးလာကြဲတော့ အသ-က်တွေ ပိုပြီးထိခို-က်ကြရတာပေါ့ဗျာ။ ခံရတာက ခင်ဗျားတို့မဟုတ်လို့ အခုလိုတွေလုပ်ရပ်ကြသလားပဲ။ အခုဖြစ်စဥ်မှန်သမျှက အဲ့လိုတွေချည်းဖြစ်နေတာ ခင်ဗျားတို့ စည်းမရှိလို့။ သတင်းပေးပို့တဲ့သူတွေလည်း နည်းနည်းတော့ ချိန်ဆကြပါဦးဗျာ့။ ဒါဟာ လူ့အသ-က်တွေ သက်ရှိတွေဆိုတာ သတိကပ်ပေးကြပါဦး။

https://www.facebook.com/share/p/15XJAdfXdG/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8475

ကျွန်တော့်မေမေကွယ်လွန်ခြင်း နှစ်ပတ်လည်ကမ်ပိန်းက ဒီနေ့ည ၁၂ နာရီ နောက်ဆုံးပါပဲခင်ဗျာ။ အညာဒေသက စ-စ်ရှောင်စခန်း ၄/၅ ခုကို တနပ်စာအဟာရ ကျွေးမွေးဖို့ စီစဥ်နေတဲ့ကမ်ပိန်းလေးဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူ ကုသိုလ်ပြုချင်သူများ ရှိပါက ပူးပေါင်းပါဝင်နိုင်ပါတယ်ခင်ဗျာ။

ကျွန်တော့်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သွားမယ့်အပြင်၊ မူရင်းကမ်ပိန်းပို့စ်ရဲ့ ကွန့်မန့်မှာလည်း စာရင်းအတိအကျကို နေ့စွဲအမှတ်စဥ်တွေနဲ့တကွ ပူးတွဲဖော်ပြပေးသွားပါမယ်။

မူရင်းကမ်ပိန်းပို့စ်လင့်ခ်...👇
https://www.facebook.com/share/p/1EWJ9Z2dhP/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8474

လာမယ့် ၁၄ ရက်နေ့မှာ စ-စ်ရှောင်စခန်း ၄/၅ ခုလောက်ကို တနပ်စာအဟာရ ကုသိုလ်ပြုချင်ပါတယ်။ အဓိကက အညာဒေသကို ပို့ဆောင်ချင်တာပါ။ အဲ့နေ့က ကျွန်တော့်မွေးမိခင် ကွယ်လွန်ခြင်း ၂၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်လို့ပါ။ တယောက်တည်းအားနဲ့ မနိုင်တာမို့ ရက်တိုကမ်ပိန်းလေး ကျွန်တော်ပြုလုပ်ထားပါတယ်။ ကျွန်တော်နဲ့အတူ စ-စ်ရှောင်တွေကို အထောက်အပံ့ပေးချင်တဲ့သူရှိရင် ဖိတ်ခေါ်တဲ့ကမ်ပိန်းလေးပါ။ လာရောက်ပါဝင်သူတိုင်းကို ကျွန်တော့်မှတ်တမ်းလွှာလေး ပြန်လည်ပေးအပ်သွားပါမယ့်အပြင် စာရင်းအတိအကျကိုလည်း မူရင်းကမ်ပိန်းရဲ့ comment ထဲမှာ ဖော်ပြပေးထားပါမယ်ခင်ဗျာ့။

ပါဝင်ထောက်ပံ့ချင်ပါက...👇
https://www.facebook.com/share/p/19548tLYB6/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8473