Neueste Beiträge von အေအန်န်အမ်မ်တီ (@anmtarnoldmyotint) auf Telegram

အေအန်န်အမ်မ်တီ Telegram-Beiträge

အေအန်န်အမ်မ်တီ
အကူအညီပေးသောလက်များဟာ
ဘုရားစာရွတ်ဆိုသောပါးစပ်များထက်
ပို၍မြင့်မြတ်တယ်။
16,981 Abonnenten
5,701 Fotos
441 Videos
Zuletzt aktualisiert 01.03.2025 04:11

Der neueste Inhalt, der von အေအန်န်အမ်မ်တီ auf Telegram geteilt wurde.


ဒီကိစ္စကလည်း ရယ်တော့ရယ်ရတယ်၊ တော်လှ-န်ရေးစပြီး ၁ နှစ်အတွင်းမှာတင် ကိုယ့်ကို အမြင်မကြည်တဲ့သူတချို့က သိသိလျက်နဲ့ မဘသဘက်က ပြောင်းလာတဲ့သူဆိုပြီး တံဆိပ်ကပ်ကြတာ။ တကယ်က မဘသတွေဆိုတာကလည်း စစ်တပ်ဘက်က မှိုင်းတို-က်တာကို အကြီးအကျယ်ခံကြရတဲ့ လူတွေပါပဲ။ ကိုယ့်ဘက်က အမှန်တရားကို စိတ်အေးလက်အေး ချက်ကျလက်ကျလေး ပြောပြနိုင်ရင်တော့ အခုလိုရလဒ်လေးတွေ ပြန်ရနိုင်ပါတယ်။

မဘသအများစုက ဘာသာရေးနဲ့ရှေးရိုးစွဲတွေ ဖြစ်နေတာကြောင့် ဘုရားချွ-တ်ရင်တောင် ကျွတ်မှာမဟုတ်ဘူး။ ဘက်မတူတဲ့သူတွေထဲကနေမှ ဟိဏ်းဝေယံကတော့ ၂၀၁၇ ခုနှစ်ကတည်းက မှတ်မှတ်ရရ သူငယ်ချင်းဖြစ်လာတဲ့တစ်ယောက်ပါပဲ...❤️

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8496

ကျွန်တော့်အကောင့်ထဲမှာ တော်လှ-န်ရေး လူတ-န်းစားအလွှာအစုံရှိပါတယ်။ သာမန်ပြည်သူကစလို့ ဆယ်လီများစွာအပြင်၊ အစိုးရပိုင်းအဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ သပိတ်အဖွဲ့အစည်းတွေ၊ သတင်းထောက်တွေ၊ CDM တွေ၊ ထောက်ပို့ဖန်ဒရေဇာတွေ၊ PDF တွေ၊ UG တွေ၊ Local PDF တွေ များစွာရှိပါတယ်။ ဒီထဲမှာမှ NUG အစိုးရကို ကြိုက်သူတွေရော မကြိုက်သူတွေရောရှိလို့ ပို့စ်ပေါင်းစုံကို အမြဲဖတ်ရလေ့ရှိတယ်။ အဲဒီအထဲမှာမှ အမေဒေါ်အောင်ဆန်းစုကြည်ကိုလည်း မကြိုက်သူ မနှစ်သက်တဲ့သူ တချို့တလေတွေလည်း ရှိကြပါတယ်။

ပြီးခဲ့တဲ့အချိန်ကာလတွေအထိ သူတို့ရဲ့ ထင်ကြေးတွေ မှတ်ချက်တွေကို ကျွန်တော့်ဘက်က counter လုပ်လေ့မရှိခဲ့ပါဘူး၊ သာမန်ဝေဖန်ထောက်ပြမှုတွေ အပြောင်အပျက်တွေအထိ ကိစ္စမရှိပေမယ့် ယခု ICJ ဘက်က ကြေညာချက်တစ်ခုထုတ်ပြန်အပြီးမှာ အမေစုအပေါ် လှော-င်ပြော-င်မှုတွေ လုပ်ဆောင်လာကြတာကို တွေ့ရမြင်ပါတယ်။ ICJ ကိစ္စမှာ အမေစုကို ဝန်းရံပေးခဲ့တဲ့သူတွေထဲမှာမှ စစ်ခေါင်းဆောင်တွေကို ရောယောင်ဝန်းရံခဲ့ကြတဲ့သူ တစ်ယောက်မှမရှိပါဘူး။

ICJ ဘက်က စစ်ခေါင်းဆောင်တွေကို သီးသန့်တရားစွဲဆိုတာမျိုးမဟုတ်ပဲ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တာဖြစ်ပြီး ထိုအချိန်မှာ အမေစုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့အပြင် နိုင်ငံခြားရေးဝန်ကြီးဖြစ်တာမို့ နိုင်ငံတော်ရဲ့အရေးဖြစ်တာကြောင့် တရားရင်ဆိုင်ခဲ့တာပါ။ သူ့ရဲ့လျှောက်လဲချက်တွေမှာလည်း စစ်တပ်က ပြ-စ်မှုမကျူးလွန်ဘူးလို့ ထွက်ဆိုခဲ့တာမဟုတ်ပဲ "ဂျီနိုဆိုက် အထိ မရှိပါဘူး"လို့ ချေပခဲ့တာမျိုးပါ။ ဒါကလည်း သတင်းအချက်အလက်က စစ်တပ်ဘက်ကပေးတဲ့ အချက်အလက်တွေကြောင့်လို့ ဆိုနိုင်ပါတယ်။ ထိုကာလကနေစလို့ အမေစုကို ဝန်းရံခဲ့တဲ့သူတွေထဲ ကျွန်တော်လည်းအပါအဝင်ဖြစ်ပြီး ထိုကိစ္စနဲ့စပ်လျင်း၍ ယခုအချိန်အထိ ကိုယ့်ကိုကိုယ် "ဝန်းရံခဲ့မိလို့ မှားပြီလား"ဆိုတဲ့အတွေး ကျွန်တော့်ခေါင်းထဲမှာ အခုအချိန်အထိမရှိသလို နောင်လည်းရှိမှာမဟုတ်ဘူး။

ပြီးတော့ နောက်တစ်ခုပြောပြချင်တာက ယခုအချိန်အထိ NUG အစိုးရကို တော်လှ-န်ရေးတပ်ဦးအစိုးရအဖြစ် သတ်မှတ်ထားတဲ့ မိမိရဲ့ခံယူချက်ကလည်း လုံးဝပြောင်းလဲသွားမှာမဟုတ်ပါဘူး။ NUG အစိုးရနှင့် ပသုံးလုံးတွေထဲမှာလည်း ရာထူးနေရာယူထားပြီး ဒီရာထူးနေရာနဲ့ သက်ဆိုင်တဲ့တာဝန်တွေကို မလုပ်ကိုင်တဲ့သူတွေလည်းရှိကြပါတယ်။ ဒီတစ်ခုကြောင့်နဲ့တော့ NUG အစိုးရတစ်ခုလုံးနှင့် ပသုံးလုံးအားလုံးကို ပေါပေါပဲပဲပု-တ်ခ-တ်ပြောဆိုနေတာတွေက ကလေးဆန်လွန်းပါတယ်။ သိမ်းကြုံးမပြောသင့်ဘူးလို့ ဆိုလိုချင်တာပါ။ ဒါကလည်း တကယ်အလုပ်လုပ်ကိုင်နေကြသူတွေ ရှိနေလို့ပါ။ ပြောချင်ရင် ဘယ်အဖွဲ့အစည်းရဲ့ ဘယ်တာဝန်က ဘယ်သူပါဆိုပြီး By Name တပ်ပြောပေါ့လေ။ ဒါက သက်ဆိုင်သူကို တို-က်ရို-က်ထိရောက်စေသလို လူထုလည်း ပိုပြီးသိမြင်စေလို့ တော်လှ-န်ရေးအတွက် အရွေ့ကောင်းတစ်ခု ပိုဖြစ်စေပါတယ်။ ချက်ကျလက်ကျရှိဖို့တော့လိုမယ်။

ကျွန်တော်တို့တတွေက ဘုံရ-န်သူ တူကြတဲ့ တလှေတည်းစီး တခရီးတည်းလျှောက်နေကြတာဆိုပေမယ့် ကလေးဆန်တဲ့အကွက်တွေနဲ့ ဖျင်ပုတ်လိုက် ခေါင်းပုတ်လိုက် လုပ်နေရင်တော့ ဘုံရန်သူ တူနေရင်တောင် ကျွန်တော်ကတခြားလှေ ပြောင်းစီးမှာပါ။ လှေအပိုမရှိဘူးဆိုလည်း ကိုယ့်ဘာသာကိုယ် တည်ဆောက်ဖို့ ဝန်မလေးတတ်ပါဘူး။ "တက်ကျိုးရင် လက်နဲ့လှော်မယ်"ဆိုသလိုပေါ့။

ဆိုတော့ ကျွန်တော့်အကောင့်ထဲမှာ ဖရန့်ဖြစ်နေသူတွေအနေနဲ့ ဒီပို့စ်ထဲမှာ ပြောထားတဲ့အချက်တွေက ခင်ဗျားတို့နဲ့မကိုက်ညီဘူးဆိုရင် အခုကတည်းက Unfriend လုပ်သွားနိုင်ပါတယ်။ နောက်လည်းမလာနဲ့ လာလည်းမနောက်ပါနဲ့တော့။ လေးစားသမှုနဲ့ အဲဒါလေး ပြောပြချင်လို့ပါ။

Facebook Post...
https://www.facebook.com/share/p/15mfyhW9qL/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8495

အဖွဲ့တိုင်းကတော့ ပြည်သူ့ကာကွယ်ရေးဆိုပြီး အမည်တပ်ကြတာပဲ၊ လူလေး ဆယ်ကိုးယောက်နဲ့ သေန-တ် နှစ်လက်စ သုံးလက်စ၊ အများဆုံးရှိ ဆယ်လက်ပေါ့၊ တကယ်ပဲ ပြည်သူကိုကာကွယ်ပေးမလိုပဲ၊ အခုက အဲ့ဒီပြည်သူ့ကာကွယ်ရေးတွေ တစ်ရွာတစ်ဖွဲ့တွေကြောင့် ပြည်သူက ဒုက္ခရောက်နေကြတာ။ တော်လှ-န်ရေးအစ အရှိန်အဟုန်ကောင်းကောင်းနဲ့ သွားနေကြတုန်းက ရွာတိုင်းမှာ အဖွဲ့လေးရှိတာကောင်းတယ်။ အခုချိန်မှာကျ စစ်ကို စစ်နဲ့တူအောင် တိုက်ရမယ့်အချိန်ကျတော့ အဲဒီ တစ်ရွာတစ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး အမည်ခံအဖွဲ့လေးတွေနဲ့ တိုက်မရဘူးဗျာ့။ MOD တပ်ရင်းတွေထဲ ဝင်ဆိုလဲ မဝင်မကြဘူး။ အခု တပ်စုဖွဲ့မှုတွေထဲ ဝင်ဆိုတော့လဲ မဝင်ချင်ပြန်ဘူး။

သူတို့က ကိုယ်ရပ်ကိုယ့်ရွာလေးကိုပဲ ကာကွယ်ချင်နေကြတာ၊ တကယ်တမ်း ကာကွယ်နိုင်တာလဲ မဟုတ်ဘူး။ စစ်ကြောင်းလာရင် သူတို့က ပြောသေးတာ ကျွန်တော့်အဖွဲ့က ဘယ်နှစ်ယောက်ထည့်ပေးလိုက်တယ်ပေါ့။ အဲဒီ ထည့်ပေးလိုက်တဲ့ကောင်တွေကြည့်တော့ ယူနီဖောင်းကိုတောင် ပုံစံကျအောင် မဝတ်တတ်ဘူး၊ ဘာနာခံမူမှလဲ မရှိဘူး။ သူတို့က သေန-တ် ဘယ်လောက်ပ-စ်ခဲ့တယ်ဆိုတာ သူတို့ ရွာအဖွဲ့ခေါင်းဆောင်ကို ပြန်ပြောပြနိုင်ရေးလောက်ပဲ စိတ်ဝင်စားတာ။ ဆံပင်က နီကြောင်ကျား၊ ပုံစံတွေကိုက "ငါတို့ရွာမှာ ငါတို့က ဆရာကြီးတွေပဲ"ဆိုတဲ့အထာတွေ။ စစ်တကယ်တို-က်ဖို့ စိတ်ကူးမရှိကြဘူး။ နည်းနည်းပင်ပန်းမှုကိုတောင် မခံချင်ဘူး။ ရပ်ထဲရွာထဲမှာ သေန-တ်လေးကို-င်၊ ယူနီဖောင်းကိုတောင်မှ အပေါ်ပဲဝတ်တာ။ သာရေး နာရေးတွေပတ်လိုက်၊ အဲဒီရွာက အဖွဲ့ခေါင်းဆောင်ဆိုတဲ့ကောင်တွေက ရွာမှာတော့ ဘုန်းကြီးထက်တောင် တန်ခိုးကြီးသေးဗျာ့။ ရွာကပြည်သူကလဲ ကြော-က်မှကြော-က်။

ကျွန်တော်တို့ဘက်မှာ စစ်ကြောင်းလာတော့..., ပြည်သူက စစ်ရှောင်တာ လှည်းလေးနဲ့ ပစ္စည်းတွေတင်ပြီးရှောင်တာ၊ သူကလဲ လောနေတာနေမှာပေါ့..., နောက်ကကျနေပြီ၊ ဘယ်သူမှလဲ မရှိတော့ဘူး။ ရွာထဲမှာ အဲဒီစစ်ရှောင်က သူ့နွားတွေကိုဆဲတယ် "ငါLoeမ နွားတွေ၊ အရေးရယ် အကြောင်းရယ်ဆို PDF လောက်ကို မမြန်ဘူးတဲ့။ နောက်တစ်ခုရှိသေးတယ်၊ အဖွဲ့က ရွာထဲကပြည်သူကို သေန-တ်နဲ့ ချိန်တော့ ပြည်သူကပြောတာ... "အမလေး ကြော-က်ပါတယ် ရွာက စုဝယ်ပေးထားတဲ့ သေနက်ကြီးနဲ့"တဲ့...😂😂

မဟာ အောင်

မူရင်းပို့စ်...
https://www.facebook.com/share/p/1BsPRvrkq2/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8493

အပိုဒ်(၂)

"NUG အောက်ဝင်ကြလို့ NUG ကဘာတာဝန်ယူမလဲ "လို့ ထပြောသူမရှိပါဘူး။ လိုတာတင်တောင်းတယ်, မရလဲ ကိုယ့်ဘာသာရှာကြဖွေကြပါပဲ။ ဘက်ဂျက်ချပေးလဲယူလိုက်တယ်။ ဒါက တော်လှန်ရေးစိတ်ဓာတ် အရင်းခံတာပါပဲ။ ယခု NUG အောက်က မြေပြန့်မလာချင်လို့ နှုတ်ထွက်ကြသည့် ညီနောင်ရဲဘော်တွေက ဝက်သားစားထားရ၍ မြေပြန့်ကငပိရည်နဲ့ လက်ပံပွင့်ပြုတ် စားရမှာကို မလိုလားတဲ့ပုံဖြစ်နေ၍ စိတ်မကောင်းပါဘူး။ တော်လှန်ရေးစိတ်ဓာတ် ပြင်းပြလျှင်တော့ ဘယ်လိုခက်ခဲနေပါစေ မြေပြန့်ကို ဆင်းချိန်တန်ဆင်းကြရမှာပါပဲ။

EAOS ဒေသနေ မြေပြန့်သားတွေ တပ်ထောင်နေပါက တချိန်အင်အားချိနဲ့လာမှာပါပဲ။ စီးပွားရေးလုပ်ကြ၊ လက်န-က်ကု-န်ကူးကြ၊ ငွေပေါ်အရသာ‌တွေ့ပြီး တော်လှန်ရေးဆိုတာ တချိန်မှာဟန်ပြသက်သက်သာဖြစ်လာကြတဲ့ ရှေးက အဖွဲ့အစည်းတွေဖြစ်တဲ့ နောင်တော်ကြီးတွေကြည့်ပြီး သင်ခန်းစာယူမှရပါမယ်။ အချိန်တန် မင်းတို့ ငါ့နယ်မြေက ထွက်တော့လို့ နှင်ခံကြရမှာပါပဲ။ ဒါ EAOS တွေ စော်ကားခြင်းမဟုတ်ပါ။ ရှေ့ဖြစ်လာမည့်အရာက ကြိုတွေးထားကြရမှာပါပဲ။

ယခုလို ရေးတာဟာ NUG ကို ကာကွယ်ပြီး ရေးနေခြင်းမဟုတ်ပါ။ တပ်တွေပြိုကွဲလျှင် ဘာဆက်ဖြစ်မလဲ..., မအလ ကဘဲ အနိုင်ပြန်ယူမယ်ဆိုတာ တွေးထားစေချင်လို့ပါ။ မြေပြန့်မှာ ရုန်းကန်ရတဲ့အခက်အခဲကို ကြောက်နေကြလျှင်တော့ အစကတည်းက တော်လှန်ရေးမလုပ်ကြသင့်ပါဘူး။ မြေပြန့်ဆင်းမယ်၊ ရုန်းကန်မယ်ဆိုတဲ့စိတ်ဓါတ်၊ ပြင်းပြတဲ့စိတ်တော့ ရှိမှရပါမယ်။ မြေပြန့်က ကရင်ဘက်လိုတော့ အနေအစား သိပ်မချောင်ပါဘူး။ ပြောရလျှင်တော့ မြေပြန့်ကပြည်သူတွေက ပေးနိုင်ကျွေးနိုင်တယ်၊ ထမင်းတော့မင-တ်ဘူးဗျာ။

NUG မှာ တာဝန်ယူထားသူတွေ မကြိုက်ဘူးဗျာ၊ မကြိုက်တာကို စုပေါင်းအားနှင့် လူလဲကစားဖို့ တွန်းအားပေးကြရမှာပါ။ "မင်းတို့လက်အောက်က ထွက်တယ်ကွာ"ဆိုတာက ရှိနေတဲ့ထုထည်ကို ဖြိုခွဲတာ။ ကိုယ့်ဘက်ကို အားနည်းအောင် ကိုယ့်ဘာသာဖန်တီးတာပါပဲ။ ဒါကို ရဲဘော်ရဲဘက်တွေအားလုံး သတိထားကြဖို့လိုတာပါပဲ။ အဲဒီတော့ NUG ကမြေပြန့်ဆင်းကြဖို့ပြောတာကို..., မဆင်းချင်လို့၊ ဆင်းခဲ့ရင် ဘယ်လောက်ထိ ဘက်ဂျက်ကိစ္စတာဝန်ယူမလဲဆိုတဲ့ အကြောင်းပြချက်နဲ့ ပြဿနာကနေ နှုတ်ထွက်တာကိုလည်း စိတ်မကောင်းပါဘူး။ တကယ်က NUG ဘက်ကနေ ဆင်းဖို့မပြောလျှင်တောင် မိမိဘက်က ဆင်းချင်တယ်ပြောကြရမှာပါ။ ညီနောင်တို့က ကရင်အတွက် တိုက်နေကြသူဖြစ်လို့ မြေပြန့်သား‌တွေအတွက်တော့ အလုံးအထည်လျော့မသွားပါဘူး။ လာရင်တော့ အင်အားပိုကောင်းတယ်။ မလာလဲ မြေပြန့်မှာရုန်းနေသောတော်လှန်ရေးရဲဘော်တွေက ဆက်လက်ပြီး ရုန်းနေကြဦးမှာပါပဲ။

မုတ်ဆိတ်ကြီး

မူရင်းပို့စ်...
https://www.facebook.com/share/p/15w5bEs8AT/

အပိုဒ်(၁) အားဖတ်ရှုရန်...
https://t.me/ANMTarnoldmyotint/8491

#အေအန်န်အမ်မ်တီ

အပိုဒ်(၁)

မရေးတော့ဘူးလို့ အသာနေပေမယ့် "NUG အောက်က ခွဲထွက်သူတွေများနေတယ်" ဆိုတဲ့ ပြောကြားချက်တွေကနေ ခွဲထွက်ကြဖို့ လှုံ့ ဆော်မှုပုံပြောင်းလာသောကြောင့်ပါ။ ပြီးခဲ့သောကာလက စစ်ဒေသ(၂)ကနေ NUG အောက်က နှုတ်ထွက်သူများကိုလည်း ရဲဘော်ရဲဘက်သံယောဇဉ်ကြောင့် မြေပြင်သမားချင်းကိုယ်ချင်းစာ၍ ပုတ်ခတ်သလိုဖြစ်မှာကြောင့် ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဘာမှမဝေဖန်ခဲ့ပါ။

"NUG အောက်က ခွဲထွက်ကုန်ကြပြီ" ဟု ရေးသားနေသူတွေကို သိစေချင်တာက လူငါးသိန်းလောက်မှာ လူသုံးထောင်လောက် နှုတ်ထွက်တာကို နှုတ်ထွက်တာလို့ ပြောလို့မရသလို၊ NUG က ပွဲပျက်မသွားဘူး၊ အပျိုရ-ည် မပျက်ပါဘူး။ နောက်ထပ်လည်း တပ်သားသစ်တွေ တဖွဲဖွဲဝင်လာနေကြဆဲပါ။

ခွဲထွက်သည့်အကြောင်းအရာတွေမှာ NUG နှင့် မဟာမိတ်မပြုသော EAOS ထံပေါင်းပြီး အတူတိုက် လက်နက်တပ်ဆင်လိုခြင်းအပြင် EAOS ဒေသမှ ပြည်မသို့ဆင်းရမည်ကို မဆင်းလိုခြင်းဆိုသည့် အချက်(၂)ချက်ကို သွားတွေ့ရပါတယ်။ NUG / MOD လက်အောက်က PDF သည် အမိန့်ညွှန်ကြားချက် COC နှင့်သွားကြ၍ မိမိဘာသာ NUG နှင့် မဟာမိတ်မပြုသော EAOS ထံ ပေါင်းလိုပါက NUG အောက်ကနေ နှုတ်ထွက်ကြရပါတယ်၊ ဒီသဘောကို တွေ့ရပါတယ်။

နောက်တစ်ခု NUG ကနေ စစ်ဒေသတွေကမှတဆင့် ပြည်မထဲပြန်ဝင်ဖို့ပြောသည့်အချိန်..., "ပြည်မကို ဝင်လျှင် NUG က ဘယ်လိုတာဝန်ယူမလဲ" ဆိုသည့်မေးခွန်းပေါ့။ ဒီအပေါ်မှာ NUG က ပြတ်သားသည့်အဖြေမပေးနိုင်သည့်အချက် ရှိမယ်။ ဒါက ဘက်ဂျက်သဘောပါ။ ဒီအဖြေမရလို့ နှုတ်ထွက်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်က မြေပြန့်အညာသားတွေ ဘယ်လိုဘယ်ပုံ ရပ်တည်နေကြသရသလဲဆိုတာကို မသိကြလို့ပါ။

ဗကပ ပြိုကွဲတာသည် တိုင်းရင်းသားနယ်မြေခြေကုတ်ယူ၍ ပြိုကွဲရတယ်လို့ ဗကပ အဟောင်းကြီးတွေက သုံးသပ်ကြတယ်။ ဒီအတွက် ဗမာ ပြည်မသားတွေဟာ မြေပြန့်ဆင်းပြီးရုန်းကြဖို့ လိုတယ်ဆိုတာ ပြသနေတာပါပဲ။ အညာဒေသသားတွေ လက်နဲ့စခဲ့ကြရတာပါ၊ NUG ဘက်ဂျက်နဲ့ မဟုတ်ပါဘူး။ NUG ကို အစိုးရအဖြစ် လက်ခံပြီးဝင်ထားတာပါ။ NUG ဘက်ဂျက်က အုပ်ချုပ်ရေးကိစ္စနှင့် COC ကိစ္စကိုသာစီးဆင်းပြီး မြေပြန့်သားတွေက ထောက်ပို့ကိစ္စရဲ့ ၁၀၀ ရာခိုင်နှုန်းမှာ ၂၅ ရာနှုန်းတောင် တစ်ခါတလေမရပါဘူး။ စားရေးသောက်ရေး၊ လက်န-က်ခဲယမ်း၊ ကျည်၊ စစ်သုံးပစ္စည်းကအစ ၇‌၅ ရာနှုန်းလည်ပတ်ဖို့ ယခုအချိန်ထိ ရုန်းကန်ပြီးလုပ်နေကြရဆဲပါပဲ။ ဒီလို လုပ်နေရသော်လည်းမြေပြန့်တော်လှန်ရေး တပ်အများစုသည် NUG အောက်တွင်ရှိနေကြတာပါပဲ၊ နှုတ်ထွက်သည်လို့ တစ်ခါ မှမပြောပါဘူး။

ကရင်ပြည်နယ်‌တွင်နေထိုင်ကြသော တော်လှန်ရေးရဲဘော်များသည် ၂၀၂၂ ခုနှစ်လောက်မှာ အလှူငွေ အများဆုံးရပြီး၊ NUG ဘက်ဂျက်ကအစ အများဆုံးရခဲ့ကြသည့်နေရာပါ။ ထိုအချိန် ကရင်ဘက်မှာ လက်န-က်အကောင်းတွေကိုင် အလှပုံတင်နေကြချိန် မြေပြန့်နေတော်လှန်ရေးတပ်တွေက လက်လုပ်တူမီးကိုင်ပြီး စကစတပ်တွေကို ကိုယ့်ဘာသာအလှူခံ ကိုယ့်ဘာသာထုတ်လုပ်ပြီး တို-က်နေကြတာပါပဲ။ ယခုလည်း NUG ဘက်ဂျက်သည် ကုန်ကျစားရိတ်၏ ၂၅ ရာခိုင်နှုန်းတောင် ရချင်မှရတာပါ။ ဒါပေမဲ့ မြေပြန့်သားတွေဆော်နေလို့ စကစတပ်တွေ တိုင်ပတ်နေပါတယ်။ ကရင်ဒေသလို လက်နက်ဈေးမချောင်၊ ကျည်ဈေးမချောင်ပေမယ့် ဝယ်ဆဲ၊ တိုက်ဆဲ၊ ရုန်းကန်ဆဲပါ။ ကရင်‌ဒေသ သိန်းတစ်ရာတန်လက်နက်ကမြေပြန့်ရောက်ရင် သိန်းနှစ်ရာငါးဆယ်ဖြစ်တယ်ညီနောင်တို့။

အပိုဒ်(၂) အား ဆက်လက်ဖတ်ရှုရန်...👇
https://t.me/ANMTarnoldmyotint/8492

မုတ်ဆိတ်ကြီး

#အေအန်န်အမ်မ်တီ

ရက်တိုကမ်ပိန်း ငွေရှင်းတမ်းလေးပါ။ မစ်ရှင်ကအပြန်မှာ ကားပေါ်တွင် ကတ်သီးများပေါ-က်ကွဲလို့ ထိခို-က်ဒ-ဏ်ရာ ပြ-င်းပြ-င်းထ-န်ထ-န်ရရှိခဲ့သော Eagle wings Drone Force အဖွဲ့မှ ကို Zayar Min အတွက် ဆေးကုသစရိတ်အထောက်အပံ့ဖြစ်စေနိုင်ဖို့ တစ်ရက်တာ ရက်တိုကမ်ပိန်းပြုလုပ်ခဲ့ရာမှာ မိတ်ဆွေ (၉၉) ဦး လာရောက်ပါဝင်ထောက်ပံ့၍ မြန်မာငွေ ၉,၇၉၀,၅၀၀ (ကိုးဆယ့် ခုနှစ်သိန်း ကိုးသောင်း ငါးရာကျပ်) တိတိ လက်ခံရရှိခဲ့ပါတယ်ခင်ဗျာ။ ပါဝင်သူတိုင်း ထင်သာမြင်သာရှိစေဖို့ လူနာဖြစ်သူ ကိုဇေယျာမင်းရဲ့ အခြေအနေမှတ်တမ်းဓါတ်ပုံတွေကို တစ်ဦးတစ်ယောက်ချင်းဆီတိုင်းထံသို့ ပို့ပေးထားပါတယ်။

ကမ်ပိန်းကာလအတွင်း ပါဝင်ခဲ့သူတိုင်းရဲ့ လုံခြုံရေးမထိခို-က်စေသော အမည်နှင့်ငွေအမောက် အတိအကျများကို ယခုပို့စ်ရဲ့ Comment ထဲတွင် နေ့စွဲအမှတ်စဥ်များနဲ့တကွ ပူးတွဲဖော်ပြပေးထားပါတယ်။ ထိုစာရင်းထဲတွင် မိမိနာမည်မပါရှိတာမျိုး၊ ငွေအမောက်မှားယွင်းနေတာမျိုး၊ ပြီးနောက် ကျွန်တော့်ဆီက ဂုဏ်ပြုမှတ်တမ်းလွှာ မရရှိသေးသူများ ကျန်ရှိနေပါက အခုပို့စ်ရဲ့ comment ထဲမှာ သို့မဟုတ် messenger ထဲမှာ လာရောက်အသိပေး အကြောင်းကြားနိုင်ပါတယ်ခင်ဗျာ။

#စုစုပေါင်းရရှိငွေ

ဖေဖော်ဝါရီ ၁၈ ရက်နေ့ (၆၁ ဦး) _ ၅,၇၈၅,၅၀၀
ဖေဖော်ဝါရီ ၁၉ ရက်နေ့ (၃၈ ဦး) _ ၄,၀၀၅,၀၀၀
. --------------------------------------
Total (၉၉ ဦး) ၉,၇၉၀,၅၀၀ ကျပ်

အထက်ပါရရှိငွေ အလုံးစုံအား မနေ့ညကတည်းက တပ်ရင်းပေ့ချ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ရာ တပ်ရင်းတပ်ဖွဲ့ဘက်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်လာခဲ့ပါက ယခုပို့စ်ထဲမှာပင် Edit Post နှင့် ထပ်မံဖြည့်စွက်ပေးထားပါ့မယ်။ ဤ တစ်ရက်တာ ရက်တိုကမ်ပိန်းနှင့်ပတ်သက်ပြီး ငွေကြေးဖြင့် ပါဝင်ကူညီပေးခဲ့ကြသူတွေအပြင်၊ ကမ်ပိန်းပို့စ်အား ရိချ်တက်စေအောင် RCS လုပ်ဆောင်ပေးသော တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို Eagle Wings Drone Force အဖွဲ့မှ တာဝန်ရှိသူများကိုယ်စား ကျွန်တော် အေအန်န်အမ်မ်တီ (အာနိုးမျိုးတင့်)မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။ ။

Facebook Post...
https://www.facebook.com/share/p/169Uj5y1ac/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8488

နွေဦးနရသိန်ရဲ့ အမာခံကလစ်ကာများ ခင်ဗျာ

အရင် ချန်နယ် ၁ မှာ နွေဦးနရသိန်ရဲ့ ဝိုင်းတော်သား ကိုရာဟု တင်ဆက်လက်စဖြစ်တဲ့ ဆရာ မင်းလူရဲ့ အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ ဝတ္ထုကို ယခု ချန်နယ် ၂ မှာ ပြောင်းလဲတင်ဆက်သွားမှာ ဖြစ်ပါတယ်

ဒီနေ့ည ၉ နာရီအချိန်မှာတော့ အပိုင်း (၂) ကို ဆက်လက်နားဆင်ကြရပါမယ်ခင်ဗျာ

ချန်နယ်ရှာမတွေ့ရင် ယူကျု့ဘ် search မှာ @nwayoonarathein2 လို့ ရိုက်ရှာပြီး ကြည့်ပေးပါနော်

တလရအစကနေအခုချိန်ထိ နိုင်ကျဥ်းတွေကို ထောင်ဝင်စာပို့ကြမယ် အဖွဲ့ကနေတဆင့် ကူညီပေးနေတဲ့ နွေဦးနရသိန် ယူကျူ့ချန်နယ် ငွေဝင် ၃ လ အပိတ်ခံထားရပါတယ်။

လက်ရှိမှာ ထောင်ဝင်စာပို့ကြမယ်အဖွဲ့က လစဥ်ကူညီပေးနေတဲ့ နိုင်ကျဥ်း အရေအတွက်က ၁,၇၀၀ ကျော်ရှိတာမို့ လစဉ်ကုန်ကျငွေဟာ သိန်း ၄၀၀ ကျော်ရှိပါတယ်။

ဒီလိုကူညီနိုင်ဖို့ နွေဦးနရသိန် ယူကျူ့ချန်နယ်ရဲ့ဝင်ငွေကို အဓိကထားနေရတာကြောင့် အခုလိုငွေပေးမှုပိတ်ခံထားရချိန်မှာ "နွေဦးနရသိန် ယူ့ကျူ့ချန်နယ် ၂" ဆိုပြီး ထပ်ဖွင့်ထားရပါတယ်။

ဒီကာလမှာ အပြင်ကလူတွေအနေနဲ့ ကိုယ်တိုင်ကြိုးစားရုန်းကန်လို့ရနိုင်ပေမယ့် နိုင်ကျဥ်းတွေအတွက်ကတော့ ပိုခက်ခဲကြပါတယ်။ ယူကျူ့ချန်နယ်လေး ဝင်ကြည့်ပေးရုံနဲ့ သူတို့တွေရပ်တည်ရှင်သန်ဖို့ ကူညီပေးနိုင်တာကြောင့် ဝန်းရံပေးဖို့အကူအညီတောင်းပါတယ်။

"နွေဦးနရသိန် ၂" ရဲ့ ယူကျူ့ချန်နယ်ကို အောက်မှာထည့်သွင်းပေးထားပါတယ်။ Subscribe လုပ်ထားပြီး ဝင်ကြည့်ပေးလို့ရပါတယ်ခင်ဗျာ။

ဒီချန်နယ်လေးပါ၊ Link ကို ဝင်မရရင်တော့ "Nway Oo Narathein 2" လို့ ရိုက်ရှာပေးပါ...👇
https://youtube.com/@nwayoonarathein2

Khant Ko

မူရင်းပို့စ်...
https://www.facebook.com/share/p/1HKBNFKJ5n/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8486

ကိုရီးယားသိန်းဒံမက ဒလ-န်ဖြစ်ကြောင်း
သ-က်သေနဲ့တကွ တင်ပြလိုက်ပါတယ်...🫠

Facebook post
https://www.facebook.com/share/v/1BcznrZWbE/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8485

မပန်ဆယ်လိုကို ဝုန်းတဲ့ ဇွန်နီလာဌေးကို ဘယ်လိုမျိုးပညာပြန်ပေးမလဲဆိုတော့...? အခုပဲ Video Edit လုပ်ထားပြီ...အားပေးကြပါဦး..😁👇

https://www.facebook.com/share/v/1BcznrZWbE/

#အေအန်န်အမ်မ်တီ

Telegram Channel
https://t.me/ANMTarnoldmyotint/8484