Yangon Police CDM Fighter

@ypcfighter


ဖက်ဒရယ်ဒီမိုကရေစီရရှိရန် အနာဂတ်မှာမျိုးဆက်အတွက် မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်သွားမည်။

Yangon Police CDM Fighter

22 Oct, 08:53


ဘုတလင်၊ စိုင်ပြင်လေးရွာကို စစ်တပ်က ၄ ကြိမ်မြောက် ထပ်မံမီးရှို့နေပြီး ကျေးရွာသား ၁၀ ဦးကိုလည်း ဆက်လက် ဖမ်းဆီးထား

၂၀၂၄ ။ အောက်တိုဘာလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် ထပ်မံမီးရှို့နေပြီး ကျေးရွာသား ၁၀ ဦးကိုလည်း ဆက်လက် ဖမ်းဆီးထားကြောင်း စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စ၍ စိုင်ပြင်လေးရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ရွာထဲ၌ စစ်ကောင်စီ တပ်သား အားလုံး တပ်စွဲထားကြောင်း၊ ထို့ပြင် စိုင်ပြင်လေး ကျေးရွာသား ပြည်သူ ၁၀ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။

"စိုင်ပြင်လေးရွာကို ဒီနေ့ ၁၀ နာရီဝန်းကျင်လောက်တည်းက ဆက်ရှို့နေတာ စစ်ခွေးတွေ စိုင်ပြင်လေးရွာကို မီးရှို့တာ ၄ ကြိမ်ရှိသွားပြီ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေအခြေအနေတော့ အခုထိ မသိရသေးဘူး။ စစ်ခွေး စစ်ကြောင်းက အဲတစ်ရွာလုံးမှာ ဖြန့်ပြီးတော့ တပ်စွဲထားတယ်" ဟု စီပါကျေးရွာ ပကဖ တာဝန်ခံ ကိုမိုးသောက်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်၍ စိုင်ပြင်လေးရွာကို ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့ခြင်းပြီး လက်ရှိချိန်တွင် ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ စိုင်ပြင်လေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

Yangon Police CDM Fighter

22 Oct, 08:50


လုပ်ငန်းရှင် ၃၀ နီးပါးကို ခြိမ်းခြောက်ငွေညှစ်သူ လင်မယား ၂ဦးကို ဖမ်းမိပြီလို့ စစ်ကောင်စီဆို

၂၀၂၄။ အောက်တိုဘာလ ၂၂ ရက်

မန္တလေး၊ တောင်ကြီး၊ မူဆယ်မြို့ကြီးတွေက စီးပွားရေးလုပ်ငန်းရှင် ၃၀ နီးပါးကို ခြိမ်းခြောက်ငွေညှစ်တဲ့ လင်မယားနှစ်ဦး ကို ပြင်ဦးလွင်မြို့မှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

သူတို့ ၂ ဦး ဟာ စီးပွားရေးလုပ်ရှင်တွေရဲ့ ဖုန်းနံပါတ်တွေကို မြန်မာ့စီးပွားရေးလမ်းညွှန် အက်ပလီကေးရှင်းကနေ ရှာဖွေပြီး ခြိမ်းခြောက်ငွေညှစ်တာလို့ စစ်ကောင်စီက ဆိုပါတယ်။

စီးပွားရေး လုပ်ငန်းရှင် ၂၇ ဦး ပစ်မှတ်ထား ငွေညှစ်ခံရပြီး ကျပ်သိန်း ၂,၂၀၀ ကျော် ရရှိခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။

လားရှိုး ၊သီပေါ ၊ မူဆယ်၊ နမ့်ခမ်း ၊ တောင်ကြီး ၊ လွိုင်ကော် ၊ ပြင်ဦးလွင် ၊ နောင်ချို ၊ မန္တလေး က လုပ်ငန်းရှင်တွေ ခြိမ်းခြောက်ငွေညှစ်ခံရတာပါ။ခြိမ်းခြောက်ငွေညှစ်တဲ့ လင်မယားနှစ်ဦးကို ပြင်ဦးလွင်မြို့နယ် ၊ မိုးကြိုးပစ်ရွာ နေအိမ်မှာ အောက်တိုဘာလ ၂၀ ရက် ကဖမ်းမိတာလို့ စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။

" ရဲကတော့ သီးသန့်လိုက်ပြီး မစုံစမ်းပေးဘူး၊ ငွေတောင်းခံရသူထဲကနေ သူ့ကိုခြေရာခံလိုက်ရင်းနဲ့ မိတယ်လို့ကြားတယ်"လို့ မန္တလေးမြို့က လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

Yangon Police CDM Fighter

22 Oct, 08:49


မင်းတုန်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ လုံခြံရေးယူပေးနေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ရှစ်ဦးခန့်သေဆုံး

၂၀၂၄ ။ အောက်တိုဘာလ ၂၂ ရက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေးယူပေးနေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက အောက်တိုဘာ ၂၂ရက် ဒီနေ့ နေ့လယ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

‌အောက်တိုဘာလ ၂၁ရက် မနေ့က ညနေ ၅နာရီ ၁၅မိနစ်ဝန်းကျင်လောက်မှာ မင်းတုန်းမြို့နယ်၊ သရက်-မင်းတုန်း လမ်းပိုင်းပေါ်မှာရှိတဲ့
သဖန်းကိုင်းကျေးရွာအနီးမှာ အာဏာသိမ်းစစ်တပ်ကပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူဖို့ နယ်မြေရှင်းလင်းလုံခြုံရေးယူပေးနေတဲ့ အင်အား ၂၅ဦးပါ အာဏာသိမ်းစစ်တပ်ရဲ့ခြေလျင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် ရှစ်ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိခိုက်သေဆုံးသွားတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေကို သရက် ကပစ(၁၂)ကို သယ်ဆောင်သွားကြောင်းသိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

Yangon Police CDM Fighter

19 Oct, 12:50


ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ရွာလုံးကျွတ် ထွက်ပြေးနေရ

၂၀၂၄ ။ အောက်တိုဘာလ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသ ပြည်သူများက ပြော ကြားသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တက်လာသော Mi 35 အမျိုးအစား ရဟတ်ယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘုတ လင် မြို့နယ်၊ ညောင်ကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ၆ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ထိခိုက်ပျက်စီးမှု အခြေအနေ မသိရသေးကြောင်း သိရသည်။

ထို့ပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ တပ်အတွင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညောင်ကန်ကျေးရွာသည် ဘုတလင် - ကနီ -ကနဲ လမ်းပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၈၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

"စစ်ကြောင်းလာတယ်ဆိုတဲ့အသံကြားရလို့ ကျွန်မတို့ရွာထဲကနေ ထွက်နေတဲ့အချိန် လေယာဉ်နဲ့ ဗုံးကျဲ ပစ်ခတ်တာ။ လူတွေကတော့ အကုန်အလွတ်ရုန်းထွက် ပြေးခဲ့ရတယ်။ အခုတော့ ဘေးလွတ် ရာကို ရောက်ပါပြီ ။ ဗုံးက ၆ ကြိမ်ကျဲတယ်။စက်လက်နဲ့လည်း ပစ်တယ်။ အခု ၃ နာရီ မထိုးခင်ကို နမခ စစ်တပ်ကနေ ဟောင်ဝှစ်ဇာနဲ့ ၇လုံးအထိပစ်တယ်။ရွာအတွင်းက အပျက်အစီးတော့ ဘာမှ မသိ ရသေးဘူး" ဟု ညောင်ကန်ကျေးရွာနေ ပြည်သူတစ်ဦးက ပြောဆိုသည်။

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

Yangon Police CDM Fighter

19 Oct, 12:47


ပြင်ဦးလွင် - လားရှိုးလမ်းပိုင်း၌တိုက်ပွဲဖြစ်နေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များလှည့်ပြန်ခိုင်း

၂၀၂၄ ။ အောက်တိုဘာလ ၁၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မန္တလေး - လားရှိုးလမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွားနေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များအား လှည့်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။

ယနေ့(အောက်တိုဘာ ၁၉ရက်) နံနက်ပိုင်းက မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့ အတက်ကားများအား စစ်ကောင်စီအဖွဲ့က ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကွေ့လမ်းပိုင်းမှ လှည့်ပြန်ခိုင်းနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။

" ဒီနေ့မနက်ခင်း နောင်ချို အုမ္မသီးလမ်းခွဲမှာ ထိတွေ့မှုဖြစ်လို့ မန္တလေးမှကျောက်မဲ သီပေါ လားရှိုးအတက်ကားတွေ ပြန်လှည့်ရတယ်။"ဟု ယာဥ်မောင်းတစ်ဦးက ပြောသည်။

လူနာတင်ယာဥ်များ၊ ဘုန်းကြီးကားများပါ လှည့်ပြန်နေရပြီး ပြင်ဦးလွင် - မန္တလေးယာဥ်များကိုမူ ပြင်ဦးလွင်မြို့အထိ သွားလာခွင့်ပြုထားကြောင်း နယ်ခံအချို့က ဆိုသည်။

" နောင်ချို - ပြင်ဦးလွင်ကြား သုံးဆယ်ဘက်မှာ တိုက်ပွဲဖြစ်နေပါတယ်"ဟု
ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး တအာင်းတပ်မတော်(TNLA)ထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။

လက်တလောတွင် နောင်ချိုမြို့၌ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထား၍ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး မသိရသေးကြောင်း အခြားဒေသရောက် နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။ သို့သော် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ၌ တိုက်ပွဲပြင်းထန်နေသည်ဟု ကြားသိထားကြောင်း ၎င်းဆက်ပြောသည်။

ယနေ့နံနက် ၅ နာရီ ၁၅ မိနစ်ခန့်ကလည်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး နှစ်ဦးအပါအဝင် သားအဖသုံးဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့ကလည်း နောင်ချိုမြို့ပေါ်နေရာအချို့အား ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(ပြင်ဦးလွင် - လားရှိုးလမ်း၊ မြိုင်ကြီးကွေ့ အတက်တနေရာ၌ တွဲကားတစ်စီးတိမ်းမှောက်နေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - CJ။ (ပုံအဟောင်းအသုံးပြုထားပါသည်)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

Yangon Police CDM Fighter

19 Oct, 12:47


ရေးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ဗိုလ်ကြီးအပါအဝင် ၅ဦးသေ၊ တော်လှန်ရေးရဲဘော် ၂ဦးကျဆုံး

၂၀၂၄ ။ အောက်တိုဘာလ ၁၉ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ် လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်။

အောက်တိုဘာ ၁၇ရက် နံနက်တွင် ရေး - သံဖြူဇရပ် ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီးတွင် တပ်စွဲထားသော ခမရ(၅၈၈)မှ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မွန် ပြည်တော်လှန်ရေးတပ်(MSRF)နှင့် ဒေါနစစ်ကြောင်းတို့က ယနေ့(အောက်တိုဘာ ၁၉ရက်) တွင် သတင်းထုတ်ပြန်သည်။

ထိတွေ့တိုက်ပွဲအတွင်း ရန်သူစစ်ကောင်စီဘက်မှ ဗိုလ်ကြီးလှိုင်ဝင်းထွဠ် အပါဝင် ၅ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြာင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ဟု အသိပေးသည်။

စစ်ကောင်စီတပ်ထံမှ MA1 တစ်လက်နှင့် MA 2 တစ်လက်သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် လက်ရှိစစ်ရေး အခြေအနေများကို MSRF တာဝန်ရှိသူထံဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ထို့အပြင် သေဆုံး၊ဒဏ်ရာရ စစ်‌ကောင်စီတပ်သားများအား လူနာတင်ယာဉ် ၄စီးဖြင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ သယ်‌ဆောင်သွားကြောင်း သိရသည်ဟုလည်း ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီ ယာယီအထိုင်စခန်းအား ဝင်ရောက်စီးနှင်းတိုက်ခိုက်စဉ် ခလရ (၁၀၆) မှ ၈၁မမ လက်နက်ကြီးဖြင့် လေးကြိမ်
ပစ်ခတ်ခဲ့ပြီး စံပြကျေးရွာအတွင်းသို့ ၃လုံးကျရောက်ပေါက်ကွဲခဲ့ဟုဆိုသည်။

အဆိုပါတိုက်ပွဲတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေးတပ်ခွဲ၊ရေးပျောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ(၃) ၊KNLA တပ်ရင်း(၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP - AD)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း(၁)၊ YPDF
တို့မှပူးပေါင်းပြီး စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

(ဒေါနစစ်ကြောင်းမှ ရဲဘော်များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

Yangon Police CDM Fighter

18 Oct, 09:07


မင်းတပ် တိုက်နယ်(၄)တွင် စစ်ကောင်စီ လေကြာင်းတိုက်ခိုက်၊ လူထိခိုက်ရှိနိုင်ဟု ဒေသခံပြော

၂၀၂၄ ။ အောက်တိုဘာလ ၁၈ ရက်

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)ရှိ နေရာ ကို စစ်ကောင်စီက ယမန်နေ့သီတင်းကျွတ်လပြည့်ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

အောက်တိုဘာ ၁၇ရက် ည ၉နာရီခန့်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ် ၃စီးသည် မင်းတပ် တိုက်နယ်(၄)ရှိ နေရာ နှစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လူထိခိုက်မှုရှိသည်ဟု ကြားသိရသော်လည်း ဖုန်းလိုင်းများ မရ၍ အသေးစိတ် အခြေအနေများ မသိရဟု မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ည လေကြောင်း တိုက်ခိုက်ရာတွင် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ၊ ဗုံးအသေးများ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

စစ်ကောင်စီအနေဖြင့် စက်တင်ဘာအတွင်းက မင်းတပ်မြို့နှင့် မြို့နယ်အတွင်း နေရာများကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း အောက်တိုဘာတွင် မင်းတပ်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုမရှိရာ ယမန်နေ့ညတွင် ပြန်လည် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)၏ ထုတ်ပြန်ချက်အရ ဩဂုတ်နှင့် စက်တင်ဘာအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၄၄ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများကို စစ်ကောင်စီက အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ထို့အပြင် ယမန်နေ့ သီတင်းကျွတ်လပြည့်ညတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

(အောက်တိုဘာ ၁၅ရက်က မင်းတပ်မြို့ရှိ နေအိမ်များအား စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - Ĥkl Mindat)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter

Yangon Police CDM Fighter

18 Oct, 09:07


မိတ္ထီလာမြို့အဝင် စစ်ကောင်စီတပ် အစစ်အဆေးတင်းကြပ်နေ

၂၀၂၄ ။ အောက်တိုဘာလ ၁၈ ရက်

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း မိတ္ထီလာမြို့အဝင်၌ စစ်ကောင်စီတပ်သားများက အစစ်အဆေးတင်းကြပ်နေကြောင်း မြို့ခံများက ပြောသည်။

မိတ္ထီလာမြို့တွင် စစ်ကောင်စီက ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်(ခ) ပျူစောထီးများအား အာဏာပေး၍ မြို့အဝင်၊ အထွက်စစ်ဆေးခိုင်းထားကြောင်း မြို့ခံများက ပြောသည်။

"​နေပူပူလမ်း​လျှောက်ခိုင်းတာ ဆိုးတယ်။အသက်ကြီးသူ​တွေ​ရော စစ်တာ။ ငွေဆင်းပေးဒါမှမဟုတ် တခုခုပေးလိုက်ရင် မောင်းလို့ရတယ်။ မပေးရင်တော့ အသေရစ်ပြီပဲ။"ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများသွားရောက်ကာ ၎င်းတို့အဖွဲ့ဝင်ရောက်ရန်စည်းရုံးခြင်း၊ PDF သတင်းများစုံစမ်းခိုင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

မီတ္ထီလာ-ကျောက်ပန်းတောင်းလမ်း၌ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ကာကွယ်ရေးအဖွဲ့များက စစ်ဆေးမှုများပြုလုပ်နေပြီး ပြီးခဲ့သည့် ဩဂုတ် ၃၁ရက်က ကျောက်ပန်းတောင်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကား ဖြတ်သန်းလာစဥ် အစစ်အဆေးမခံ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့များရှိ စစ်ကောင်စီစခန်းများ၊ ရုံးများတိုက်ခိုက်ခံခဲ့ရသည်။ ထို့အပြင် နယ်မြေချင်းထိဆက်နေသော မလှိုင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ငါန်းဇွန်မြို့နယ်တို့၌ပါ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံခဲ့ရသည်။

(မိတ္ထီလာမြို့အဝင်၌ စစ်ဆေးနေသော စစ်ကောင်စီတပ်သားများ အား တွေ့ရစဥ်။ဓါတ်ပုံ-ပသစ)

#Telegram Link
https://t.me/YPCFighter

#Yangon Police CDM Fighter