People's Spring

@peoplespring


People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/

People's Spring (Burmese)

သင်တို့သည် People's Spring ကို ဘာသာပြန်ဖြင့် အတွေ့အကြုံရမ်းသားများနှင့် စုစည်းပါသည်။ ဤခေတ်သည် သတင်းသမားတွေအား စုစည်းဆက်ပေးနိုင်ရန်ဖြစ်ပါသည်။ သင်တို့အတွက် အားကစားနိုင်ကြောင်းသော အခန်းများကို ပြောပေးရန် People's Spring တွင် ပြောသည်။ ဒီတိုင်းခေတ်တူဖွံ့ဒဏ်ပြုခြင်း၊ ပြမင်တန်းလက်ဝေးအကြောင်းရှင်၊ လုံခြုံတော်ခဲ့ပြီး သူတွင် အလိုလျောညီသည့် အချင်းအခြား အတွေ့အကြုံများကို ရှာခိုင်းသော အခါများကိုလည်း ချက်ချင်းကြည့်နိုင်သည်။ ဥပမာ Facebook မှ ခေတ်သည် စုစည်းဒင်များနှင့် ဆွေးနွမ်းနိုင်တဲ့ မေးခွန်းများ ရေးဆွဲထားသည်။ သင်တို့နှင့် အတူတူ ပြေးလုပ်နိုင်ရန် ဖြစ်သည်။ သင်ကိုယ့် အကိုခွင့်ရှိသလား၊ စမ်းချောင်ဆုံးလေးအပြောချဝယ်ချထားသလား စသည့်အကြံဲကသင်ကြေးပါသလဲ ဆိုတိုင်ဒဏ်တောင်းဆိုင်နိုင်ရမှာ ယူဆောင်ရမှာဖြစ်ပါသည်။

People's Spring

22 Oct, 16:13


(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - Getty Images)

People's Spring

22 Oct, 16:13


အနန်းကွင်းဗျူဟာကို KNLA ပူးပေါင်းတပ် ဝိုင်းရံပိတ်ဆို့ထား၊ နေ့စဉ် တိုက်ပွဲငယ်များဖြစ်

◾️တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းဖြင့် စခန်းချေမှုန်းနေ၊ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းကာ လက်နက်ကြီးပစ်ခုခံ

ဟန်နွေ/People's Spring

ဘုရားသုံးဆူ - သံဖြူဇရပ်လမ်းပေါ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိရာ စခန်းကို ၀ိုင်းရံပိတ်ဆို့ထားပြီး တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားနေဟု စခန်းသိမ်းစစ်ဆင်ရေး၌ ပါဝင်သည့် နဂါးနီစစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

အဆိုပါ စစ်ကောင်စီဗျူဟာကို KNLA ဦးဆောင်သည့် မဟာမိတ်တပ်က ယခုနှစ် နွေရာသီတွင် စတင် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီစစ်ကူတပ်များ အထိနာအောင် တိုက်ခိုက်ထားနိုင်သကဲ့သို့ စခန်းရှိ စစ်ကောင်စီတပ်များလည်း ထိခိုက်မှုရှိသည်ဟု အသိပေးသည်။

"လက်ရှိမှာ အနန်းကွင်းဗျူဟာကတော့ လက်ရှိမှာ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဟာ စခန်းပတ်ချာလည် ဝိုင်းရံပိတ်ဆို့ထားပါတယ်။ နေ့စဉ် တိုက်ပွဲငယ်ရှိပြီးတော့ တော်လှန်ရေးတပ်တွေဘက်က ဒရုန်းတွေနဲ့ စခန်းကို ချေမှုန်းနေပါတယ်။
ရန်သူအင်အားက ၁၅၀ ဝန်းကျင်ရှိပြီးတော့ ထိခိုက်ဒဏ်ရာရရှိထားတဲ့ လူနာတွေ ၅၀ လောက် စခန်းထဲမှာ ရှိပါတယ်။ အနန်းကွင်းစစ်ဆင်ရေး စတင်တဲ့အချိန်ကစပြီး ကြားထဲမှာ စခန်းကနေ ထွက်ပြေးလာတဲ့ စကစ ရဲဘော်တွေတော့ ရှိပါတယ်။ ဒါကလည်း စစ်ဆင်ရေးပြီးမှ ထုတ်ပြန်ချက်တွေ ရှိလာမှာပါ။ မရှိရင်လည်း မရှိဘူးပေါ့လေ"ဟု စစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

လက်ရှိ သံဖြူဇရပ် - ဘုရားသုံးဆူ ကားလမ်းမကြီးပေါ်ရှိ တောင်စွန်းစခန်းနှင့် လွတ်ရှမ်း စခန်းများကို တော်လှန်းရေးတပ်များက သိမ်းပိုက်ထားပြီးဖြစ်၍ အနန်းကွင်းဗျူဟာသာ ကျန်တော့သည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကမြေပြင်မှ စစ်ကူအင်အားဖြည့်တင်းခဲ့ရာဩဂုတ်အတွင်းက စကခ(၁၉)မှ စစ်ကူတပ်များ ရောက်လာ၍ စခန်းတွင် အင်အားထပ်တိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။

ဩဂုတ်လကုန်ပိုင်းက အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၉ဦးသေဆုံး၊ ၂၄ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်း စစ်ဒေသက အသိပေးထားသည်။

"လက်ရှိမှာတော့ ရေးမြို့နယ်၊ မော့ကနင် (၁၀၆)တပ် နဲ့ သံဖြူဇရပ်မြို့နယ် ၊ အမှတ်(၄) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(ဝဲကလီ) ကနေပြီးတော့ ၁၅၅ မမ ဟောင်ဝစ်ဇာ
လက်နက်ကြီးတွေ ပစ်ကူက အမြဲရှိတယ်ပေါ့။ လေကြောင်းဆိုရင် Y-12 နဲ့ပဲ စခန်းအတွက် လိုတဲ့ ခဲယမ်း၊ ရိက္ခာတွေ ခဏခဏ လာချပေးတယ်" ဟု စစ်ကြောင်းမှူး ကိုဟိန်းက ပြောပြသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု နေတိုင်းနီးပါးရှိသည်ဟု ဆိုသည်။

"စစ်ဆင်ရေးမပြီးဆုံးသေးလို့ ကျွန်တော်တို့ မထုတ်ပြန်သေးတာပါ။ ဒီ အနန်းကွင်းဗျူဟာစခန်းပြီးရင် ဒီဘက် ကြာအင်းဆိပ်ကြီး နဲ့ ဘုရားသုံးဆူနယ်မြေက စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်လာတော့မှာပေါ့နော်။ ဒါကြောင့် စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးကို နည်းမျိုးစုံနဲ့ လုပ်နေတာပေါ့။ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေအနေနဲ့ KNLA ဦးဆောင်မှုနဲ့အတူ စခန်းရရှိရေးကို အပြီးသတ် တိုက်ပွဲဝင်သွားမှာပါ"ဟု စစ်ကြောင်းမှူး ကိုဟိန်းက ပြောပြသည်။

People's Spring

22 Oct, 15:27


ပြင်ဦးလွင်မြို့အနီး တိုက်ပွဲပြင်းထန်နေ

ဒီးဒီ၊ဟန်နွေ/People's Spring

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်သာဝေးသော ဂန့်ကော်ကျေးရွာ၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

မန္တလေး - လားရှိုးလမ်းမကြီးအနီး နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုရှိ ဂန့်ကော်ကျေးရွာတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ အဆိုပါ ကျေးရွာ၌ အောက်တိုဘာ ၁၉ရက်ကတည်းက စတင်တိုက်ပွဲဖြစ်ပွားပြီး ယနေ့(အောက်တိုဘာ ၂၂ရက်)အထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဂန့်ကော်ရွာ၊ အုမ္မသီးကျေးရွာ လမ်းခွဲနေရာအထိစစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခြင်းဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

"စစ်ကြောင်းထိုးလာတယ်။ အဲနေ့တည်းကတိုက်ပွဲက ဖြစ်နေတာ။ အခု ပိုပြင်းထန်လာတယ်။ အနီးနားရွာတွေလည်း ထွက်ပြေးကုန်ကျပြီ"ဟု ပြင်ဦးလွင်ဒေသခံက ပြောသည်။

တအာင်းတပ်မတော်(TNLA)က ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၁၂၀ရက်မြောက်နေ့အဖြစ် အောက်တိုဘာ ၂၂ရက်စစ်ရေးသတင်းဖော်ပြရာ နောင်ချိုမြို့၊ ဂန့်ကော်ကျေးရွာ၌ တိုက်ပွဲရှိခဲ့သည်ဟု ယနေ့ည ထုတ်ပြန်အသိပေးသည်။

ယနေ့ နေ့လည် ၁၂နာရီခွဲတွင် ဂန့်ကော်ရွာ စာသင်ကျောင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ
စစ်ကောင်စီတပ်က စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာကို ဒရုန်းဖြင့် နှစ်ကြိမ် ဗုံး(၁၈)လုံး ကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

အောက်တိုဘာ ၁၉ရက်က တိုက်ပွဲဖြစ်ပွားမှုကြောင့် မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့ အတက်ကားများအား စစ်ကောင်စီအဖွဲ့က ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကွေ့လမ်းပိုင်းမှ လှည့်ပြန်ခိုင်းခဲ့ကြောင်း ခရီးသွားပြည်သူများက ပြောသည်။ ထိုနေ့ကစပြီး ပြင်ဦးလွင် - လားရှိုးလမ်းပိုင်းမှာ စစ်ကောင်စီက ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

လက်တလောတွင် နောင်ချိုမြို့၌ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထား၍ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး မသိရသေးကြောင်း အခြားဒေသရောက် နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLAက အသိပေးသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နောင်ချိုမြို့နယ် နမ့်ဆန်မြို့နယ်တို့ကိုလေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ယနေ့နံနက်က နမ့်ဆန်မြို့နယ် ကိုစစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား၅ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း လွေးယေဦးက ပြောသည်။

"လက်ရှိကတော့ စစ်ကောင်စီကတော့ လေကြောင်း တိုက်ခိုက်တာမျိုး ပိုပြီးလုပ်လာတာ တွေ့ရပါတယ်"ဟု လွေးယေဦးက ပြောသည်။ စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများကျူးလွန်နေသည်ဟုလည်း ၎င်းကပြောသည်။

People's Spring

22 Oct, 15:26


စဥ့်ကူးနှင့်သပိတ်ကျင်းဒေသခံများနှင့် မန္တလေး PDFရဲဘော်များ တွေ့ဆုံနေစဥ်။ဓာတ်ပုံ-MDY PDF

People's Spring

22 Oct, 15:25


စဥ့်ကူး နှင့် သပိတ်ကျင်းတွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်နေဟု မန္တလေး PDF ပြော

ဇေအောင်/People's Spring

မန္တလေး PDF က သိမ်းပိုက်ထားသော စဥ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်
(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ၎င်းတို့ သိမ်းပိုက်ထားသည့် စဥ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်တို့ရှိ ပြည်သူများနှင့် သွားရောက်တွေ့​ဆုံခဲ့သည်။

ဒေသခံပြည်သူများအား လက်ရှိလုပ်ဆောင်နေ
သည့်လုပ်ငန်းစဥ်များ ရှင်းလင်းခြင်း၊ လက်ရှိနိုင်
ငံရေး၊ စစ်ရေးအခြေအနေများအား မျှဝေခြင်း၊ ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

"ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်
(မန္တလေး)က ဒီသိမ်းယူထားတဲ့နယ်မြေတွေမှာ ဒေ
သတည်ငြိမ်ရေး နဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအတွက် အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေကို အ
ကောင်အထည်ဖော်တာတွေ ရှိနေပါပြီ။ ကျွန်တော်တို့တဆင့်ချင်း လုပ်ဆောင်နေပါတယ်။"ဟု ကိုအော်စမွန်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်များသည် စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအားလုံးကို ဇူလိုင် ၁၇ ရက်တွင်လည်းကောင်း၊ သပိတ်ကျင်းမြို့ကို သြဂုတ် ၂၅ ရက်တွင်လည်းကောင်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

People's Spring

22 Oct, 14:36


ရှက်တက်ဖို့လိုတယ်။ ဒါကြောင့် တကယ်လို့ မတော်တဆဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့လိုမျိုးပဲပေါ့ သေနတ်ရှိတယ်ဆိုပြီး ကြောက်မနေနဲ့။ ဒီကောင်တွေမှာသေနတ်ပဲရှိတယ်။ ပညာလည်းမရှိဘူး ဦးနှောက်လည်းမရှိဘူး။သတ္တိလည်းမရှိ
ဘူးပေါ့။အဲဒါကြောင့် သေနတ်ရရင် သေနတ်ယူ၊သေနတ်မရဘူးဆို လူပေါ့ လွတ်အောင်ပြေးကြပေါ့ ဒီလိုမျိုးတိုက်တွန်းချင်တယ်။

မေး-ဘာများဖြည့်စွက်ပြောကြားလိုပါသေးလဲ။

ဖြေ-နောက်ထပ် ဒီလိုမျိုးပြဿနာ(စစ်ကောင်စီတပ်၏ အဓမ္မ စစ်သားစုဆောင်းခံရတာ)တွေ ကြုံရမယ့် ညီအကိုတွေကိုဒီလိုမျိုး(စစ်ကောင်စီတပ်က ရတဲ့နည်းနဲ့ ရုန်းထွက်ဖို့)ပဲမှာချင်တယ်။လွတ်
အောင်လည်းပြေးကြပေါ့နော်။ ကျန်းမာရေးလည်းဂရုစိုက်ကြပေါ့။

မေး-စစ်ကောင်စီက မတရားမှု ကျူးလွန်နေတဲ့အပေါ် ပြည်သူလူထုတွေ တော်လှန်နေတာ အနိုင်ရမယ်လို့ ယုံကြည်ပါသလား။

ဖြေ-ဒါကတော့ အပြည့်အ၀ ယုံကြည်တယ်ဗျ။ ဘာဖြစ်လို့လဲဆို ကျနော်အခုခေတ်လူငယ်တွေကိုယုံတယ်။ ကျနော်လူငယ်ဖြစ်လို့ လူငယ်တွေကို ယုံတယ်။ သေချာပေါက် နိုင်တယ်။မကြာတော့ဘူး။ မြို့ထဲမှာ ရှိတဲ့ မိဘပြည်သူတွေကိုလည်းပြောချင်
တယ် သိပ်မကြာတော့ဘူးပေါ့။ ကျနော်တို့မြို့ ပြန်ရတော့မှာပေါ့။

ကျေးဇူးတင်ပါတယ်။ ။

People's Spring

22 Oct, 14:36


ကျနော်ထွက်ပြေးလို့ လွတ်မြောက်သွားတဲ့အချိန်မှာကတော့ ကိုယ့်ရဲ့ လွတ်လပ်ခွင့်တွေပြန်ရသွားပြီလို့ ခံစားရတယ်။ လွတ်လွတ်လပ်လပ် နေလို့ရပြီပေါ့။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်းလွတ်လပ်နေလို့မရဘူးပေါ့။ နောက်ထပ်ရှိသေးတယ် ။ နိုင်ငံထဲမှာ လူငယ်တွေအများကြီးရှိသေးတယ် သူတို့လွတ်မြောက်ဖို့။ ငါတို့ ရိုးရိုးသားသား တောင်းဆို
လို့မရတဲ့အရာကို ငါတို့တိုက်ယူမှရမယ်။ တော်
လှန်ရေးက ငါတို့နဲ့လည်းဆိုင်တယ်ဆိုတဲ့စိတ်မျိုးပေါ့နော်။ထိုင်းမှာလည်းဖမ်းနေတယ်ဗျာ။ တကယ်
လို့ဖမ်းမိသွားရင် ဒီကို ပြန်ရောက်လာမှာပဲ။ မြန်မာပြည်ထဲမှာ နေရင်လည်းသေနေတဲ့သူနဲ့ အတူတူပဲ။ အမြဲတမ်း ပုန်းနေရတာ။ ကျနော်တို့ လူငယ်အနေနဲ့ ဒီလိုမျိုးနေရတာ မကြိုက်ဘူးပေါ့ ဘယ်သူမှ။ ကိုယ့်ရဲ့ လွတ်လပ်မှုအတွက်ပဲ ဖြစ်ဖြစ် နောက်လူတွေအတွက်ပဲ ဖြစ်ဖြစ် တိုက်ယူမှ ရမယ်ဆိုရင်
တော့ တိုက်မှာပေါ့ ဒီတိုက်ပွဲပဲရှိတာကိုး။ ဒါကြောင့် တော်လှန်ရေးပဲလုပ်ဖြစ်တယ် အိမ်မပြန်ဖြစ်ဘူး။

မေး-ထိုင်းမှာဆိုရင်လည်းမြန်မာလုပ်သားတွေအများကြီးရှိနေတယ်။အခုလိုမျိုး ဖမ်းပြီးမြန်မာဘက်က စစ်ကောင်စီကို အပ်နှံနေတဲ့ ထိုင်းအစိုးရရဲ့လုပ်ရပ်အပေါ်ဘာပြောလိုပါသလဲ။

ဖြေ-ဒီထိုင်းအစိုးရကို ပြောချင်တာက ကျနော်အ
နေနဲ့သွားပြောလို့မရဘူးဆိုတော့လည်း မီဒီယာကနေတဆင့်သိစေချင်တယ်။မြန်မာနိုင်ငံသားတွေက ဒီစစ်သားတွေကို မလိုလားဘူးပေါ့။ စစ်သား(စစ်ကောင်စီတပ်သား)လည်းဘယ်သူမှ မလုပ်ချင်
ဘူးပေါ့။ စစ်ကောင်စီကို မလိုချင်ဘူးဆိုတာ သူတို့(ထိုင်းအစိုးရ)မသိဘူးလား ၊ မသိချင်ယောင်ဆောင်နေတာလားပေါ့။တကယ်လို့သိတယ်ဆိုရင်လည်း မြန်မာပြည်သားတွေကို ငဲ့ပေါ့နော်။ မြန်မာပြည်သားဆိုတာထိုင်းနိုင်ငံသားတွေနဲ့ အတူတူပဲ အိမ်နီးချင်းနိုင်ငံဆို သူတို့ကူညီပေးရမယ် ပြည်သူရဲ့ဆန္ဒကို လေးစားရမယ်ပေါ့။ ပြည်သူတွေက မလုပ်ချင်ဘူးဆိုရင်သူတို့ဘက်ကစဉ်းစားပြီးတော့ ပြည်သူကို ငဲ့သင့်တယ်ပေါ့။ ထိုင်းမှာဒီလိုမျိုးဖမ်းပြီးပို့ပေးနေတာကျတော့ စစ်သားတွေ(စစ်ကောင်
စီတပ်)ကို စစ်သားစုဆောင်းပေးနေသလိုဖြစ်နေတယ်။ဒါတွေကိုမလုပ်စေချင်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် လူသားချင်းစာနာပြီးတော့ဖမ်းမိတဲ့သူတွေကိုထိုင်းနိုင်ငံမှာပဲ ထားပြီးထားစေချင်တယ်။မြန်
မာပြည်ဘက် မပို့ပေးဖို့ပေါ့။ တစ်နှစ်ကြာသည်ဖြစ်ဖြစ်နှစ်နှစ်ကြာသည်ဖြစ်ဖြစ်ပေါ့။ သူတို့ ရိုဟင်ဂျာတွေတောင် ၄၊ ၅နှစ်ထားတယ်ဗျာမြန်မာပြည်သား ဘာလို့ ထားလို့မရလဲ။ နိုင်ငံရေး အခြေအနေ ကြောင့် သူတို့မပို့ပေးဘူးဆိုရင် သူတို့ ဆုံးဖြတ်
ချက်အပေါ်မှာပဲ မူတည်တယ်လေဗျာ။ ဒါကို သူတို့က မသိချင်ယောင်ဆောင်ပြီး ဒီဘက်(စစ်ကောင်စီထံ)ကို ပို့ပို့ပေးနေတာ စစ်သားစုပေးနေသလို ဖြစ်နေတာဗျာ။ တကယ်က နှစ်နိုင်ငံပေါင်းပြီး လုပ်နေတဲ့ ပုံစံဖြစ်နေတယ်ဗျ။

မေး-ထိုင်းရောက်မြန်မာတွေကိုရော ဘာအကြံပေးလိုပါသလဲ။
ဖြေ-ထိုင်းကမြန်မာတွေပဲ ဖြစ်ဖြစ်ပေါ့။မြန်မာပြည်ထဲမှာလည်းအများကြီးရှိတယ်ပေါ့နော်။ အပေါ်ဘက်(မြန်မာပြည်အထက်ပိုင်း)မှာပဲဖြစ်ဖြစ်ကျနော်တို့ တနင်္သာရီတိုင်းမှာပဲဖြစ်ဖြစ် ဒီစစ်သားစု
ဆောင်းခံနေရတာ အများကြီးဖြစ်နေတယ်။ နိုင်ငံ
ထဲမှာလည်းဖြစ်နေတယ်။ နိုင်ငံခြားက သူတွေလည်း ဒီလိုမျိုးစုဆောင်းနေတယ်ဆိုတော့။ လက်
ရှိကတော့ ကျနော်တို့ ကြုံခဲ့ပြီးပြီ ကျနော်တို့ ရုန်းထွက်နိုင်ခဲ့တယ်။ ရှေ့မှာလည်းအများကြီးရှိတယ် စိတ်မပါဘဲ စစ်ကောင်စီလက်အောက်မှာ နေနေရ
တဲ့သူတွေအများကြီးရှိတယ်။ တကယ်လို့ သူတို့ သိရင်လည်း ရုန်းထွက်ကြပေါ့။ ကချင်၊ကယား၊ ကရင်၊ချင်း ၊ ထားဝယ်ပဲဖြစ်ဖြစ်ပေါ့ ကျနော်က ထားဝယ်လူမျိုးဆိုတော့ ဒီတိုင်းရင်းသား တွေအားလုံးက ညီအကိုတွေပဲလေ။ တကယ်လို့ စိတ်မပါဘဲ စစ်ကောင်စီလက်အောက်နေရမယ်ဆိုရင် တချိန် မဟုတ် တချိန် ကျနော်တို့ကထိပ်တိုက်တွေ့မှာပဲ။ ဒီညီအကိုအချင်းချင်းတော့ စစ်မတိုက်ချင်ဘူး။ရန်မဖြစ်ချင်ဘူး။ စစ်ကောင်စီ လက်အောက်
ရောက်သွားရင်တော့ စစ်တိုက်ရမှာပဲ။ ကျနော်တို့ မလုပ်ချင်ဘူး။ ပြီးတော့ ထိုင်းရောက်နေတဲ့သူတွေ တကယ်လို့များ မတော်တဆ ကျနော်တို့လို ဖမ်းမိပြီးတော့ မြန်မာပြည်ဘက်ပြန်ရောက်လာခဲ့မယ်ဆိုရင် စစ်ကောင်စီလက်အောက်မှာပေတေပြီးမနေ
နဲ့ ။ရုန်းထွက်ပေါ့နော်။ စဉ်းစားပေါ့။ နည်းလမ်းဆိုတာ ရှိတယ်။ ပြဿနာရှိရင် အဖြေရှိတယ်။ နည်းလမ်းရှိကောင်းရှိမှာပဲ။ကျနော်တို့လည်း တွေးခဲ့တာပဲ အမျိုးမျိုး။ တစ်နည်းမဟုတ် တနည်း အဆင်
ပြေမယ်လို့ ယုံကြည်ချက်ရှိတယ်တကယ်လည်း အဆင်ပြေခဲ့တယ်ပေါ့။ကျနော်တို့စီစဉ်တဲ့အတိုင်းရောက်လာတယ်။ ဒီလှေသေးသေးလေးပေါ် ရောက်လာရင်တော့ ကျနော်တို့လွတ်အောင်ပြေးမယ်ဆိုတဲ့ စိတ်မျိုးရှိတယ်ဆိုတော့ ကိုယ်လုပ်နိုင်တယ်ပေါ့။ ကြိုတွေးထားပေါ့။ တစ်နေရာ
မဟုတ်ရင် တစ်နေရာ ပြေးပေါက်ကတော့ တွေ့လိမ့်မယ်ဗျ။ သူတို့ အမြဲတမ်းမကြည့်နေနိုင်ဘူး လူအများနဲ့။ အနည်းဆုံးမရရင်တောင် ကိုယ့်ကိုယ်ကိုယ်လွတ်အောင်ပြေး။ စစ်ကောင်စီလက်အောက်
တော့ မနေကျနဲ့ပေါ့။ တကယ်လို့ရောက်သွားရင်မိသားစု မျက်နှာကိုကြည့်ပေါ့။ တကယ်လို့ ကိုယ်ပြေးလိုက်လို့ သေသွားတယ်ဆိုရင် ဒါတန်ဖိုးရှိတယ်ဗျ။ ဒီကောင်တွေလက်ထဲမှာ နေရင်ဘာတန်ဖိုးမှ မရှိဘူး။ ပြည်သူကြည့်တဲ့ မျက်လုံးက ရွံတဲ့ မျက်လုံးနဲ့ ကြည့်တယ်ဗျာ။ကိုယ့်ကိုယ်ကိုယ်

People's Spring

22 Oct, 14:36


တစ်ယောက်ကကျတော့ လှေပေါ်မှာ ရုန်းရင်း
ဆန်ခတ်ဖြစ်တော့ သေနတ်တစ်ချက်ထွက်သွားတယ်။ ဒီစစ်သားနှိပ်လိုက်တဲ့ ခလုပ်က အဲဒီမှာ တစ်ယောက်ထိသွားတယ် ဒီကျည်ဆံက။ လှေပေါ်မှာပဲ ဆုံးတယ်။လှေသမားတွေနဲ့ထည့်ပေးလိုက်
တယ်။ အဲဒီလိုပုံစံ။

မေး-တော်လှန်ရေးအဖွဲ့တွေနဲ့ဘယ်လိုချိတ်ဆက်မိသွားလဲ။

ဖြေ- ချိတ်ဆက်မိတာက ကျနော်တို့ရဲ့ ရုန်းထွက်ချင်စိတ်ကိုပဲ ဘုရားကကူညီပေးတာလားမသိဘူး။ကျနော်တို့ တက်သွားတဲ့ ရွာက ဒေသခံ ကာကွယ်
ရေးတပ်ဖွဲ့တွေရှိတယ်။ အဲဒီရွာမှာ။ ဒါကို ကျနော်တို့က မသိဘူးကျနော်တို့ သင်္ချိုင်းကိုရောက်သွားတယ် ကျနော်တို့အုပ်စုက။ သင်္ချိုင်းရောက်သွားပြီး ရွာထဲ ဝင်မရဲဘူး။ ညဘက် နည်းနည်းမှောင်လာတဲ့အခါကျမှ နှစ်ယောက်ပေါ့ ကျနော်တစ်ယောက်ခေါ်သွားတယ်။ သွားပြောတယ်။ အိမ်ကြီး တစ်အိမ်ကို။မီးလင်းနေတဲ့အိမ်ကို။ကျနော်တို့ ဒီလိုမျိုးဖြစ်လာတယ် အကူအညီတောင်းတယ်ပေါ့နော်။ ကျနော်တို့ကို ကူညီပေးပေါ့ ကျနော်တို့ဘာဒုက္ခမှ မပေးဘူးပေါ့။ အဲဒီအချိန်မှာ အိမ်တစ်အိမ်ကိုလွှတ်ပေးလိုက်တယ် သူလမ်းညွှန်ပေးလိုက်တယ်။ ကျနော်ဆက်သွားတော့ ကာကွယ်ရေးတပ်ဖွဲ့လို့ ပြောတယ် လူအသက်ကြီးကြီးတစ်ယောက်နဲ့တွေ့တယ်။ အခက်အခဲကို ပြောပြလိုက်တော့ ဘာမှ စိတ်မပူနဲ့ သူအိမ်ကိုခေါ်သွားတယ်။ခေါ်သွားပြီး လှမ်းကြည့်လိုက်တော့ သူ့အမေထင်ရတယ် အဘွားကြီးတစ်ယောက်ရှိတယ်။ အဲဒီမှာ သူပြောပြတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေပေါ့ စစ်သားဘက်က မဟုတ်ဘူးပေါ့။ လုံး၀စိတ်ချလို့ရတယ် သူတို့ဆီရောက်လာတာ။ အဲဒီလိုပြောတယ်။ကျနော်တို့ကို ထမင်းတွေဘာတွေချက်ကျွေးကြ
တယ်။ အဲဒီမှာ ရေတွေဘာတွေချိုး။ အင်္ကျီတွေပေးတယ်။ ကျနော်တို့က အားလုံး ဖုန်းတွေဘာတွေအားလုံးကို သူတို့(စစ်ကောင်စီတပ်)က သိမ်းထားတယ်ဆိုတော့ အဝတ်တွေလည်းမယူလာဘူး ကြောပိုးအိတ်လည်း မယူလာဘူး လှေပေါ်မှာပဲ။ အားလုံးထားခဲ့တယ်။လူလွတ်ရင်ရပြီ။ အားလုံးကို ဘာမှ မယူလာခိုင်းဘူး။ လူလွတ်အောင်ပဲလုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်ခေါ်လာတယ်ဆိုတော့ သူတို့အားလုံးတော့ ပါလာတယ် ပစ္စည်းတွေမပါလာခဲ့ဘူးဆိုတော့ အဝတ်အစားမရှိဘူးဆိုတော့ သူတို့ အဝတ်အစားပေးတယ်။ ရွာထဲက။

မေး-နောက်တော့ရော ဘာဆက်ဖြစ်သေးလဲ။ တော်လှန်ရေးမှာ ပါဝင်ဖို့ ဘယ်လိုဆုံးဖြတ်ခဲ့ကြလဲ။
ဖြေ- ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကိုရောက်သွားတော့ ကျနော်တို့က မလုံခြုံသေးဘူးလေ။မလုံခြုံသေးဘူးဆိုတာ တောတတောရာဘာတော အဲဒီတောမှာ သွားအိပ်ခိုင်းထားတယ် မနက်ကျမှ စီစဉ်မယ်ပေါ့။ အဲဒီအချိန်မှာပဲ ညတွင်းချင်းစစ်
သားတွေတိုးလာတယ်ဆိုတော့လေ။ စစ်သားတွေရောက်လာတယ်ဆိုတာဟိုဘက်ရွာကို ရောက်နေပြီကြားတယ်။ ဒါဆိုရင် ကျနော်တို့ အန္တရာယ်ရှိသေးတယ်။ သူတို့လိုက်ရှာရင်တွေ့နိုင်သေးတယ်ပေါ့။ အဲဒီအချိန်မှာ ကျနော်တို့ကဘာမှ မလုပ်တက်သေးဘူး။ကျနော်တို့ဒေသမဟုတ်ဘူးဆိုတော့ ပြေးလို့လည်းမတက်သေးဘူး။ ဒီအချိန်မှာ KNU ကို ကျနော်တို့ရဲ့ လက်ရှိခေါင်းဆောင်ပေါ့နော် KNDO ခွဲ (၅)က ဗိုလ်ပေါ့။ သူက ရောက်လာတယ်ဗျ။လှေသမားတွေကသူတို့ဆီ ရောက်လာတယ်ပြောတယ် ဒီလိုမျိုးထားခဲ့တယ်ပြောလို့ သူတို့လိုက်ရှာပေးတာပေါ့။ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ KNDOပေါ့ ကျနော်တို့ကိုလာရှာပြီးတော့ ညတွင်း
ချင်းပဲ ခေါ်ပြီးသွားပြီးမှ သူတို့ထိန်းချုပ်ထားတဲ့နယ်မြေရောက်မှ ကျနော်တို့ အေးအေးဆေးဆေးနေရတယ်။ တစ်ညလောက်တော့ ကျနော်တို့ကောင်းကောင်းသွားလိုက်ရတယ် မအိပ်ရဘူး။ စစ်သားတွေတိုးနေတယ်ဆိုတော့။ အဲဒီရောက်မှ ကျနော်တို့ ဆုံးဖြတ်ကြတယ်။ အိမ်ပြန်ချင်တဲ့သူ ပြန်လို့ရတယ်ပေါ့နော်။ ဒီ KNU ပြောတာက။ တော်လှန်ရေးလုပ်ချင်တဲ့သူ လုပ်လို့ရတယ်။ ကိုယ့်ရဲ့ဆန္ဒအတိုင်းပဲပေါ့။ အိမ်ပြန်တဲ့သူတွေလည်း လေးငါးယောက်လောက်တော့ရှိတယ်ဗျ။ ကျနော်နဲ့ ကျန်ခဲ့တာ တော်လှန်ရေးလုပ်မယ်လို့ ဆုံးဖြတ်တာ၂၀လောက်တော့ကျန်ခဲ့တယ်။

မေး- စစ်ကောင်စီလက်က လွတ်အောင်ရုန်းထွက်မယ်လို့ ဆုံးဖြတ်ခဲ့တာ ဘာကြောင့်လဲ။

ဖြေ-ဒီစစ်အာဏာရှင်ရဲ့ လက်အောက်မှာ နေမယ်ဆိုရင် မတော်လို့ဗျာ ကျနော်တို့ မရုန်းထွက်ခဲ့ဘူးဆိုရင် သူတို့ပြောတဲ့ စစ်မှုထမ်းရမယ်ဆိုတဲ့၂နှစ်နဲ့ ၄လ ပြည့်ချင်မှာပြည့်မှာ။ ဘာဖြစ်လို့လဲဆိုရင် သေချာတယ် သင်တန်းပေးပြီးရင်ရှေ့တန်းပို့မှာပဲ။ သေချင်သေးသွားမယ်။ ဒါပေမဲ့ သေရမှာက လူတိုင်းသေရမှာ။ ဒါပေမဲ့ ပြည်သူမချစ်တဲ့စစ်သားမျိုး မလုပ်ချင်ဘူးဗျ။ နိုင်ငံသားတိုင်းကတော့ စစ်
သားလုပ်ချင်ကြတာပဲလေ။ဒါပေမဲ့ ပြည်သူ ချစ်တဲ့ စစ်သားပဲလုပ်ချင်ကြတာကိုး။ သူများကြည့်တဲ့ မျက်လုံးဒဏ်ကိုလည်း မခံနိုင်ဘူးလေဒီယူနီဖောင်းနဲ့ဆိုရင်။ မိသားစုတွေလည်းမျက်နှာငယ်တယ် ကိုယ့်အတွက်လည်း မလုံခြုံဘူး။ကိုယ်လည်းမျက်
နှာငယ်တယ် အဲဒီလိုပုံစံမျိုးပေါ့နော်။စပြီးတော့
သူတို့ထိန်းသိမ်းတဲ့ အချိန်တုန်းကဆိုရင် အိမ်ကိုတောင်ပြောတယ်။ ကျနော်ရွာမပြန်တော့ဘူး။ တ
ကယ်လို့ စစ်သားလုပ်ရမယ်ဆိုရင်။ ရှက်တယ်ပေါ့ဗျာ။ လူဖြစ်ရမှာ ရှက်တယ်ပေါ့နော်။သူတို့ထဲဝင် တာထက်ကိုယ့်ကိုယ်ကိုယ်သက်သေလိုက်တာမှ ကောင်းတယ်ပေါ့ အဲဒီလိုတွေးတာပေါ့နော်။နောက်

People's Spring

22 Oct, 14:36


စောင့်နေတဲ့ ရွာတစ်ရွာပေါ့။ ကျနော်လည်း ရွာနာမည် မသိတော့ဘူး။ဒီရွာကို ပို့ပေးတယ်။ ဟိုမှာက စစ်သားတွေနဲ့ စစ်ကားတွေနဲ့ စောင့်နေတာပေါ့နော်။ ကျနော်တို့ကို ကားနဲ့ ခေါ်ပြီး သင်တန်းကျောင်းကို ပို့ပေးမယ်ဆိုပြီးတော့ပေါ့။ လှေသေးသေးလေးတွေနဲ့ လှေတစ်စီးမှာ ၃၀၊ ၄၀ ဒီလိုမျိုးထည့်ပေးတာပေါ့။ကျနော်တို့ လှေမှာတော့ အယောက် ၃၀ပါတယ်။ ကျနော်တို့ရှေ့မှာဆို လှေ ၁ စီးပဲ ရှိသေးတယ်။ လှေတွေ့တာ သုံးစီးဗျ။ ကျနော်တို့ကြတော့ ဒုတိယ လှေကျတယ်။ အယောက်သုံးဆယ်ပါတယ်။ ပြီးတော့ စစ်သားနှစ်ယောက်ပါတယ်။ နောက်ထပ်ဘယ်နှစ်စီးလာလဲတော့ကျနော်တို့ မသိဘူး။ ကျနော်တို့ နောက်မှာ ဆိုတော့လေ။ ကျနော်တို့က ဒုတိယ တစ်ယောက်မှာပဲ ကျနော်တို့က ပြေးတယ်ဆိုတော့လေ။

မေး-လှေပေါ်ရောက်တော့ဘယ်လိုတွေ တိုင်ပင်ပြီး လွတ်မြောက်အောင် လုပ်ခဲ့ကြလဲ။

ဖြေ-ကျနော်တို့ လှေပေါ်ရောက်သွားတော့ ပါလာတဲ့ လူ ၃၀ ကျတော့ ကျနော်တို့ ညီအကိုလိုနေကြတယ်ဗျာ။ ခင်ခင်မင်မင်နေကြတဲ့သူတွေဆိုတော့ သူတို့ကို မေးကြည့်တယ်။ ဒီစစ်ကောင်စီ လက်
အောက်မှာ နေချင်လား။ဒါမှမဟုတ် အိမ်ပြန်ချင်တာလားပေါ့ သူတို့ရဲ့ စိတ်ဓာတ်လေးတွေ လိုက်မေးကြည့်တော့ ကျနော်နဲ့ထပ်တူကျတယ်။ စစ်ကောင်စီကို တော်လှန်ချင်တဲ့ စိတ်ရှိတယ်။ တချို့ကလည်း အိမ်ပြန်ချင်တယ်ပေါ့။ ဒီစစ်ကောင်စီ လက်အောက်မှာ ဘယ်လိုနည်းနဲ့မှ မနေချင်ကြဘူးပေါ့။ ဒီသင်တန်းကျောင်းကို မရောက်ချင်ဘူးပေါ့။ သူတို့ စိတ်မှာ။ ကျနော်မေးကြည့်တယ် ပြေးချင်တဲ့ ဆန္ဒရှိလားပေါ့ တကယ်လို့ ပြေးမယ်ဆို သေလည်း သေနိုင်တယ်။ တခုခု လွဲချော်သွားရင် သေနိုင်တယ်ပေါ့။ ဒီပင်လည်ထဲမှာ ရေထဲမှာ လှေသေးသေးလေးပေါ်မှာသူတို့ကလက်နက်ရှိတယ် ကြောက်လားပေါ့ ကျနော်မေးကြည့်တော့ သူတို့က မကြောက်ဖူးပေါ့ ကျနော်တို့မှာ လူအများကြီးရှိတယ် သူတို့မှာသေနတ်ပဲရှိတယ် လူကနှစ်ယောက်ပဲ ရှိတယ်အဲဒီလိုမျိုးပြောတာပေါ့။သူတို့ ပြေးမယ် တိုက်တွန်းတာပေါ့ အကိုပြေးမယ်ဆိုရင် သူတို့လည်းလိုက်မယ် အကိုအဆင်ပြေသလိုလုပ်ပေါ့။ အကိုခိုင်းတဲ့အတိုင်းလိုက်လုပ်ပေးမယ် သူတို့ ပြောတဲ့ ပုံစံက။ အားလုံးကို လိုက်ညှိကြည့်တော့ တလေသံတည်းထွက်လာတယ်ပေါ့။ ကျနော်တို့လည်း ပြေးချင်တယ် ဟိုလူလည်း ပြေးချင်တယ် ပေါ့။ သူတို့ကို ကျနော်က ပြောတယ် ငါတို့က ကမ်းနားရောက်မှ လုပ်လို့ရမယ်။ ဘာဖြစ်လို့လဲဆိုရင် အပြင်မှာ သင်္ဘော စောင့်နေတယ်။ တကယ်လို့ သေနတ်သံတွေကြားပြီဆိုရင် သူတို့ သင်္ဘောကနေ လှမ်းပစ်ရင်ကျနော်တို့ အားလုံးသေမှာကိုး။ အဲဒါကြောင့် ကျနော်က သူတို့ကို ငါခိုင်းတဲ့အချိန်ပဲလုပ်ပေါ့။ ဒီစစ်သားနှစ်ယောက်ပါတယ်။ ပြီးတော့ လှေသမား ပြည်သူက ၄ယောက်ပါတယ်ဆိုတော့ဘ
လိုင်းကြီးလုပ်လို့မရဘူး။ လှေသမားတွေနဲ့ တိုင်ပင်ကြည့်တယ် ငါတို့ကို စစ်သားမရှိတဲ့ရွာတွေ ပြောပြပေါ့။ ဘယ်ရွာဘက်မှာ ရှိတယ် ဘယ်ဘက်မှာ စစ်
သားမရှိဘူးပေါ့။ ပြီးတော့ သူတို့ကို အကူအညီတောင်းတယ် ပို့ပေးလို့ရမလားစစ်သားမရှိတဲ့
နေရာကို။ သူတို့က ကြောက်တယ်ပေါ့ ပို့ပေးမရဲဘူးပေါ့ ဒီစစ်သားနှစ်ယောက်ရှိတယ်ဆိုတော့။ အဲဒါ ကျနော်တို့ ပြောတယ် ပထမအစီစဉ်ကတော့ အစီအစဥ်က ဆွဲရတာပေါ့ ။ ဒီလုပ်မယ်ဆိုရင် သူတို့ကို ပြောတယ်သေနတ်ကို လုပြီးတော့မှ သူတို့ကို ရေထဲကို ခုန်ချခိုင်းမယ်ပေါ့ ဒီစစ်သားတွေကို မသတ်ချင်ဘူးပေါ့။ အဲဒီလိုမျိုးပြောတယ်။ ကျနော်လူတွေနဲ့ တိုင်ပင်ထားတယ်။ ကမ်းနားရောက်ရင် စပြီး လှုပ်ရှားမယ်ပေါ့နော်။ ဒါပေမဲ့ တကယ့်တ
ကယ်သေနတ်လုတဲ့အချိန်မှာ သူတို့က ပြန်ပြီးတော့ ခုခံတယ်ဆိုတော့ ကျနော်တို့ မတော်တဆ သတ်မိသွားတယ် သူတို့နှစ်ယောက်ကို။ စစ်သားနှစ်ယောက်ကို သတ်ပြီး ရေထဲချခဲ့တယ်။ သေနတ်တွေကိုတော့ လုခဲ့တာပေါ့။ လုပြီးတော့မှ ရွာသား
တွေကို ပြောတယ် စစ်သားမရှိတဲ့ဘက်ကို ဦးတည်ပေါ့နော်။ PDF ဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ် ရှိတဲ့ဘက်ကို ကျနော်တို့ကို ပို့ပေးပေါ့။ အဲဒီမှာ ရွာတစ်ရွာ ကမ်းစပ်မှာ ချပေးခဲ့တယ်။ ဓနိတောတွေဖြတ်ရသေးတယ် ရွာထဲဝင်ဖို့။

မေး- လှေပေါ်က ဆင်းတဲ့ အချိန် ဘယ်လို အခက်ခဲတွေ ကြုံခဲ့ရပါသေးလဲ။
ဖြေ-လှေပေါ်က ဆင်းတော့ လှေသမားတွေကလည်း သူတို့လည်း အိမ်ပြန်လို့မရဘူးဆိုတော့ သူတို့လည်း ကြောက်တယ်ပေါ့နော်။ ကျနော်တို့ပြောတယ် ရတယ်ငါတို့ကို စစ်သားမရှိတဲ့ရွာနားချပေးခဲ့။ ငါတို့ ပြေးမယ်ပေါ့။ ရွှံ့ပြင်ကြီးရှိတယ်။ ရေ
ကျချိန်ဆိုတော့။ နှုံးပြင်ကြီးပေါ့။ ကမ်းစပ်ကို မရောက်ခင် နှုံးပြင်ကြီ။ ၂နာရီလောက်ရှိမယ် ဒီပေါင်လောက်ရှိမယ် နှုံးက။ အဲဒီမှာပဲ ကျနော်တို့ ငါးလိုပဲ ကူးတာပေါ့ နှုံးပြင်ကြီးမှာ ဆိုင်းဆိုင်းပြီး တက်သွားတာပေါ့။ ၂ နာရီလောက်တော့ဖြတ်
လိုက်ရတယ်။ ခြေတွေဘာတွေ ကြွက်တက်တဲ့သူက တက်ပေါ့။မိုးကလည်းရွာနေတာ ရေကလည်းမသောက်ရဘူး။ ဒီမိုးရေလေးပဲပက်လက်လှန်ပြီး ခံသောက် အဲဒီလိုပုံစံမျိုး။ ပြီးရင်ဆက်သွား။နောက်ကစစ်သားတွေလာရင်လည်း ပစ်ရင်အားလုံးသေ
မှာကိုး။ သူတို့လက်ကလွှတ်လာပြီဗျာ။ သေချင်လည်း သေသွားမယ်ပေါ့။ အဲဒီလိုပုံစံမျိုးနဲ့ကျနော်တို့ရုန်းခဲ့တယ်။ ၂၇ယောက်ပဲလွတ်လာတယ်။ ၂ ယောက်ကပျောက်သွားတယ်။ ဘယ်လိုပျောက်လဲ မသိဘူး လမ်းကွဲပြီးတော့ ပျောက်သွားတယ်။

People's Spring

22 Oct, 14:36


︎​မေးမြန်းခန်း

"တကယ့်တကယ်သေနတ်လုတဲ့အချိန်မှာ သူတို့က ပြန်ပြီးတော့ ခုခံတယ်ဆိုတော့ ကျနော်တို့ မတော်
တဆ သတ်မိသွားတယ်"

ထိုင်းကဖမ်းပြီးပြန်ပို့တာမှာစစ်သားသစ်စုဆောင်းခံရသူ ၃၀ဦးက အစောင့်စစ်သား ၂ ဦးကိုတိုက်
ခိုက်ထွက်ပြေးခဲ့တဲ့ ဖြစ်စဉ်မှာ ဦးဆောင်ပါဝင်ခဲ့သူ ကိုဖြိုးနဲ့မေးမြန်းခန်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေစဉ် တရားဝင်အ
ထောက်အထားမရှိလို့ဆိုပြီး ထိုင်းအာဏာပိုင်တွေကဖမ်းဆီးပြီးစစ်ကောင်စီထံ အတင်းအကြပ် ပြန်ပို့ခံရသူတွေကို စစ်​ကောင်စီကစစ်မှုထမ်းခိုင်းခဲ့တဲ့ လူငယ်များစွာရှိခဲ့ပါတယ်။ အဲဒီလိုအတင်း
အကြပ် စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေထဲက လူငယ် ၃၀ဦးဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာပထမပတ်မှာ အစောင့်စစ်သား ၂ဦးကို တိုက်ခိုက်ပြီး လက်နက်​တွေယူကာ ကရင်အမျိုးသားအစည်း
အရုံး(KNU)ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၇)တပ်ခွဲ(၅)ထံ လာရောက်ခိုလှုံခဲ့ကြပါတယ်။ အဲဒီဖြစ်စဥ်မှာ စစ်ကောင်စီတပ်ဆီကထွက်ပြေးနိုင်ဖို့ဦးဆောင်သူ ​တွေထဲမှာကိုဖြိုး
လည်းပါဝင်ပါတယ် ။ဒါ​ကြောင့် ကိုဖြို အား People's Spring က ဆက်သွယ်ပြီး ထိုင်းမှာ ဖမ်းဆီးခံရပုံ၊ ထိုင်းကနေ မြန်မာဘက်ကိုလွှဲ
ပြောင်းခံရတာ ၊ မြန်မာဘက်ရောက်ချိန်မှာ ကော့သောင်းက ခမရ(၂၆၂)ကို စစ်မှုထမ်းဖို့ ပို့ဆောင်ခံရပြီး​တောွ အစောင့်စစ်သား ၂ဦးကိုရှင်းလင်းပြီးတော်လှန်ရေးတပ်ဖွဲ့တွေဆီကိုခိုလှုံခဲ့တဲ့အခြေ
အနေတွေကို မေးမြန်းထားပါတယ်။

သက်ဝေ/People's Spring

မေး-ကိုဖြိုးတို့ထိုင်းဘက်မှာ အဖမ်းခံရပြီးဒီမြန်မာဘက် ပြန်ပို့ခံရတဲ့ဖြစ်စဉ်ကို ရှင်းပြပေးပါလား။

ဖြေ-ထိုင်းကို အာဏာသိမ်းပြီးနောက် စီးပွားရေးအရရော နောက် လွတ်လပ်မှုပေါ့ နေလို့ထိုင်လို့ အဆင်မပြေဘူးပေါ့နော် အဲဒါကြောင့်ကျနော်ထိုင်းကိုရောက်သွားတယ်။ ထိုင်းရောက်တော့လည်း အဆင်ပြေတဲ့အလုပ်လိုက်လုပ်ရတာပေါ့။ ကျနော်တို့မှာ အထောက်အထားလည်းမရှိဘူးဆိုတော့။ အဆင်ပြေသလိုနေပြီး လိုက်လုပ်ရတာ။ လုပ်ရင်း လုပ်ရင်းနဲ့ အထောက်အထား မပြည့်စုံဘူးဆိုပြီးထိုင်းရဲတွေ တအားဖမ်းလာတယ်။ကျနော်တို့
အလုပ်လုပ်ရင်းနဲ့ ဖမ်းမိတော့ ကျနော်တို့ ထောင်ထဲကို ရောက်သွားတယ်။ ထောင်ထဲမှာ သူတို့ ဥပ
ဒေအရ ထိန်းသိမ်းထားတယ်ပေါ့။ ပြီးတော့မှ ကျနော်တို့ကို ထောင်ကနေလူစုတဲ့ အချုပ်ပေါ့ မြန်မာပြည်ကို ပြန်လွှတ်ပေးမယ့် အချုပ် အဲဒီအချုပ်မှာ ထားထားတယ်။ ပြီးတော့မှ မြန်မာပြည် ပြန်ပို့ပေးတယ်။ ကျနော်တို့ စမိတာ ၆လပိုင်းလောက်ပေါ့။ ကျနော်တို့ကို ပို့ပေးတာ ၈လပိုင်းလောက်။ ထိုင်း နယ်စပ် ရနောင်းမှာပဲ။ ကျနော်တို့ကို ဟင်းခြံဆို
တဲ့ ရပ်ကွက်က လှေဆိပ်မှာ ထားတယ်။ ကျနော်တို့ကို ပို့ပေးမယ့်ရက်မှာ။ မြန်မာပြည်က လ၀ကတွေလာကြိုတယ်။ ပြီးတော့ ထိုင်းရဲတွေနဲ့ သူတို့ မှတ်တမ်းတွေတင်ကြတယ်။ ဓာတ်ပုံတွေဘာတွေရိုက်ပြီးတော့မှ။ ကျနော်တို့ကို လ၀က လက်ထဲ
လွှဲပေးလိုက်တာ။

မေး-လွှဲပေးပြီးနောက်ပိုင်း ဘယ်လို ဆက်ဖြစ်ပါသေးလဲ။ မြန်မာပြည်ဘက် ရောက်တော့ ကြုံရတဲ့အတွေ့အကြုံ ​ပြောပြ​ပေးပါဦး။

ဖြေ။ ။ မြန်မာပြည်ဘက်ကို ရောက်တော့ ကျနော်တို့ကို လူစုပြီးထားတယ်။ ထားပြီးတော့ ကျနော်တို့ကို ရဲတွေနဲ့ စောင့်ပြီးထားတယ်။ ကျနော်တို့ကို လ၀ကက မှတ်ပုံတင်တွေစစ် ဟိုဟာစစ် ဒီဟာစစ်ပြီးတော့ တချို့တဝက်ကိုကျတော့ အိမ်ပြန်ပို့ပေးမယ်ဆိုပြီး ပို့ပေးတယ်။ ကားပေါ်တင်ပြီး။ မိန်းကလေးတွေနဲ့အသက်ကြီးကြီး သူမျိုးပေါ့။ ကျနော်တို့လိုအရွယ်ရှိတဲ့ ၃၅ နှစ်အောက် ပေါ့ ၁၈နှစ်ကနေ သုံးဆယ် ကျော်ကျော်လောက်ကို စစ်တပ်ကိုပို့ပေးတယ်။ ကျန်းမာရေး စစ်ဆေးမယ်လို့တော့ပြောတယ်။ တပ်ထဲကိုဆိုရင် ကျနော်တို့ကို ကော့သောင်း တပ်ထဲ မိုးလုံလေလုံမှာ လူကို ခွဲပို့တာပေါ့။ ကော့သောင်းက တပ်ပေါ့။ လူ ၁၀၀
ကျော်မှာ ၃၀ကျော်ပဲ သပ်သပ်ခွဲပြီး စစ်တပ်ထဲ
ပို့တာပေါ့။ ကျန်းမာရေးစစ်ဆေးမယ်လို့တော့ သူတို့ပြောတယ်။ ဒီကျန်းမာရေး စစ်ဆေးမယ်ဆိုတာ သူတို့ လိမ်တာပေါ့။ ဟိုရောက်မှ ကျနော်တို့စစ်မှု
ထမ်းရမယ်ဆိုတာ သိတာပေါ့။ ကော့သောင်းကတပ်(ခမရ ၂၆၂ တပ်ရင်း)မှာ ၇ရက်လောက်ထားတယ်။ပြီးမှဘိတ်မြို့ကို ပို့ပေးတယ်။ ဟိုက ဖမ်းလာ ဒီက ဖမ်းလာ အဲဒီလူတွေအားလုံးကို ဒီဘိတ်မှာ စုထားတယ်ဗျ။ ပညာရေး(၁)လို့ ခေါ်တယ် ဒီကျောင်းက စစ်တပ်က ကျောင်းပေါ့။ အဲဒီ တပ်ထဲမှာ စုပြီးမှ ၁၅ရက်လောက်ထားပြီး ပုလောမြို့
မှာ သင်တန်းကျောင်းရှိတယ်။ဒီစစ်သင်တန်းကျောင်းကို ပို့ပေးမယ်ဆိုပြီး ကျနော်တို့ကို သ
င်္ဘောနဲ့ ပို့ပေးတာ။

မေး-မြိတ်ကနေ ပုလောမြို့ဘက် သွားတဲ့ အခြေအနေရှင်းပြပေးပါလား။

ဖြေ။ ။ ဘိတ်မှာကလူ ၂၇၀ ကျော်လောက်ရှိတယ်။
ဘိတ်မှာ အားလုံးစုထားပြီး ပုလောကို စစ်သင်္ဘောနဲ့ ပို့ပေးတာပေါ့။ စစ်သင်္ဘောနဲ့ ပို့ပေးပြီးမှ သူတို့စစ်သင်္ဘော ဝင်လို့မရတဲ့ နေရာ အထိ ပို့ပေးတယ်။ စစ်သင်္ဘော ၂ စီးလောက်ရှိတယ်။ ကျနော်အမြင်က ၂စီးပေါ့။ ဘေးမှာတော့ ရှိသေးတာပေါ့ သူတို့လုံခြုံရေးတွေချထားတဲ့ သင်္ဘောတွေ။ သူတို့ သင်္ဘော ဝင်လို့မရတဲ့ အချိန်ကျတော့ ပင်လည်မှာ ထွက်နေတဲ့ ငါးဖမ်းလှေ သေးသေးလေးတွေ သူတို့ဖမ်းထားတယ်။ငါးပေးမဖမ်းဘဲ သူတို့ သင်္ဘောမှာ ခေါ်ထားပြီး ကျနော်တို့လာတဲ့အချိန်ကျမှ ငါးဖမ်းသေးသေးလေးတွေနဲ့ လူနည်းနည်း နည်းနည်းစီခွဲပြီး ပို့ပေးတယ်။ ဒီပုလောကို။သူတို့

People's Spring

22 Oct, 14:22


Video ဖိုင်မြင်တိုင်း အမှန်လို့ မမှတ်ယူပါနဲ့

ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြားထဲမှာ ဖန်တီးပြုပြင်ထားတဲ့ ဗီဒီယိုတွေ အများကြီးပျံ့နှံ့နေပါတယ်။
သတင်းမှားနဲ့ လုပ်ကြံသတင်းဖြန့်ဖို့ရည်ရွယ်ချက်နဲ့ ဖြစ်ရပ်မှန်သတင်းအကြောင်းအရာတွေကို အခြေတည်ပြီး အသံတွေ၊ ရုပ်တွေ၊ အကြောင်းအရာတွေကို လိုရာရောနှော ပုံဖျက်ထားတတ်ကြပါတယ်။

ဒါကြောင့် ဗီဒီယိုဖိုင်ပါတိုင်းလည်း ယုံကြည်လို့မရပါဘူး။

#CheckTheFacts #ThinkBeforeYouShare #Myanmar #PSMIL

People's Spring

22 Oct, 14:17


ကန်ပိုက်တီမြို့ရှိ နယ်ခြားစောင့်တပ်(BGF) - ၁၀၀၃ တပ်ရင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - File