CJ Platform

@cjplatform

We are freedom and voices.
Website Link: https://cjplatform.com/

CJ Platform

22 Oct, 16:32

ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်၊ အင်္ဂါနေ့မှာ ဘယ်လိုသတင်းတွေကို နားဆင်ကြည့်ရှုရဖို့ရှိသလဲ?
(၁)ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် စဖြစ်ပြီဆိုတဲ့သတင်း
(၂)စစ်ကောင်စီကြောင့် စီးပွားရေး ပြန်ဦးမော့လာတယ်လို့ စစ်ခေါင်းဆောင် ထပ်ပြောလိုက်ပြန်တဲ့သတင်း
(၃)မြို့ ၉ ခုက လုပ်ငန်းရှင် ၂၇ ယောက်ဆီကနေ ခြိမ်းခြောက်ငွေတောင်းသူနှစ်ယောက်ကို ဖမ်းမိဆိုတဲ့သတင်း
(၄)စစ်ကောင်စီရဲ့ အပတ်စဉ် ၆ စစ်သင်တန်း စစ်ဌာနချုပ်တွေမှာ ဖွင့်လှစ်လိုက်တဲ့သတင်း
(၅)ရွေး/ကော်စုံစမ်းစစ်ဆေးမှာ မစိုးရိမ်ဘူးလို့ထိုင်းဝန်ကြီးချုပ်က ပြောလိုက်တဲ့သတင်း
စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကို CJ Platform ရဲ့ Daily CJ Report မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။

CJ Platform

22 Oct, 15:34

YouTube တွင် ကြည်ရှုရန် >>> https://youtu.be/Kyjy7JkBpYs

CJ Platform

22 Oct, 14:03

အမ်းမြို့အနီးက လုံးကျေးရွာကို စစ်ကောင်စီ မီးရှို့၊ အိမ်စောင့်သဘော ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ အဆက်အသွယ်ပြတ်နေ

CJ Platform

တိုက်ပွဲတွေပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည်၊ အမ်းမြို့အနီးက လုံးကျေးရွာကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

အင်အား ၁၀၀ ပါ စစ်ကြောင်းက လုံးကျေးရွာကို ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျသွားတယ်လို့ စစ်ဘေးရှောင် လုံးကျေးရွာသားတစ်ဦးက ပြောပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/22-10-2024-7/

CJ Platform

22 Oct, 13:03

တောင်ကုတ်က သူနာပြု ဆရာမတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

CJ Platform

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်က သူနာပြု ဆရာမတစ်ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့မှာ မျက်နှာဖုံးစွပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ဖမ်းဆီခံရတဲ့ သူနာပြုဆရာမဟာ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်အထိ မလွတ်မြောက်လာသေးဘူးလို့ ဆိုပါတယ်။

သူဟာ ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာလမ်းပေါ်ရှိ ရွှေစင်ဆေးဆိုင်က သူနာပြုဆရာမ ဒေါ်ချိုချိုမောင်ဖြစ်ပြီး စစ်ကောင်စီတပ်က သူ့ရဲ့ နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/22-10-2024/

CJ Platform

22 Oct, 11:43

ဘုတလင်မှာ စစ်တပ်က အငြိုးတကြီး စစ်ကြောင်းထိုးနေ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ဆို

CJ Platform

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ခရိုင် ဘုတလင်မြို့နယ်မှာ စစ်ကြောင်းတစ်ကြောင်းလုံး တိုက်ခံရပြီးနောက် စစ်အုပ်စုဟာ အောက်တိုဘာလဆန်းကနေ စတင်ပြီး ရွာစဉ်အလိုက် စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်မှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ဘုတလင်မြို့နယ်၊ ကူတော်ရွာက ထွက်လာတဲ့ အင်အား ၁၀၀ ကျော် စစ်ကောင်စီ စစ်ကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကြောင်းတစ်ခုလုံး ပြိုပျက်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စစ်ကြောင်းမှူး၊ ဗိုလ်မှူးတွေ အပါအ၀င် ၃၅ ဦး သေဆုံးပြီး ၄၃ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/22-10-20246/

CJ Platform

22 Oct, 10:48

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေက ရပ်ကွက်တချို့ ရေဝင်ရောက်မှု ပိုဆိုးလာ

CJ Platform

ရန်ကုန်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာ နှစ်ရက်ဆက်ရှိပြီဖြစ်လို့ ဆင်ခြေဖုံးမြို့နယ်တွေက အနိမ့်ပိုင်းရပ်ကွက်တချို့မှာ နေအိမ်တွေထဲ ရေဝင်ရောက်မှု ပိုမိုဆိုးရွားလာတယ်လို့ ရပ်ကွက်နေသူတွေဆီက စုံစမ်းသိရှိရပါတယ်။

ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဒဂုံနဲ့ မြောက်ဒဂုံစတဲ့ မြို့နယ်တွေက အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နစ်မြုပ်မှုတွေ ဖြစ်နေပြီး ရပ်ကွက်နေ ပြည်သူတချို့ဟာ ပြောင်းရွှေ့နေထိုင်နေရတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/2210-2024-5/

CJ Platform

22 Oct, 08:48

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် စဖြစ်၊ သုံးရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ မိုးကြီး/လေပြင်းတိုက်ခတ်နိုင်

CJ Platform

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီမိုးဇလနဲ့ မိုးလေဝသပညာရှင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ ဟိုင်းကြီးကျွန်းရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၈၅ မိုင်ခန့်နဲ့ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်အကွာ မှာရှိနေပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်နှုန်းခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/22-10-2024-5/

CJ Platform

22 Oct, 07:35

သတင်းပို့ပေးမှုမရှိတဲ့ NGO/INGO တွေကို သွားလာခွင့် ပြုမှာမဟုတ်လို့ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ အသိပေး

CJ Platform

ချင်းပြည်၊ မတူပီ၊ ထန်တလန်၊ ပလက်ဝ စတဲ့ လေးမြို့နယ်က မရာနယ်မြေမှာ သတင်းပို့ပေးမှုမရှိတဲ့ ပြည်တွင်းပြင်ပအဖွဲ့စည်း (NGO/INGO) တွေကို လှုပ်ရှားသွားလာခွင့်ပြုမှာ မဟုတ်ဘူးလို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) က ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

မရာနယ်မြေအတွင်း NGO/INGO တွေအနေနဲ့ လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေဖို့နဲ့ လုံခြုံမှုရှိစေဖို့အတွက် လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထဲရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေးဌာနကို သတင်းပို့ပေးစေဖို့ အသိပေးထားပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/22-10-20243/

CJ Platform

22 Oct, 04:31

ရွေး/ကော်စုံစမ်းစစ်ဆေးမှာ မစိုးရိမ်ဘူး(ထိုင်းဝန်ကြီးချုပ်)

CJ Platform

ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ်ထရာအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က မကြာခင် စတင်မယ့် စုံစမ်းစစ်ဆေးမှုအပေါ် သူ(မ)က စိုးရိမ်မှု မရှိဘူးလို့ ဒေသတွင်း သတင်းဌာနတွေကို ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကောက်မရှင်(EC)ဟာ ဖွေထိုင်းပါတီနဲ့ သူတို့ရဲ့ ညွှန့်ပေါင်းအစိုးရထဲပါဝင်တဲ့ မဟာမိတ် ခြောက်ပါတီအပေါ် ဝန်ကြီးချုပ်ရဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ဩဇာလွှမ်းမိုးမှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေကို စုံစမ်းစစ်ဆေးဖို့ လက်ခံလိုက်ပြီးနောက် ဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/22-10-20242/

CJ Platform

22 Oct, 03:32

“ ဒီကနေ့ အောက်တိုဘာ ၂၂ ရက်အတွက် မိုးလေဝသခန့်မှန်းချက် “

ဒီကနေ့ ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်နိုင်

CJ Platform

“မိုးကြီးနိုင်တဲ့ ဒေသများ”

ဒီကနေ့ အောက်တိုဘာလ ၂၂ ရက် ညနေပိုင်းအထိ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်(မြောက်ပိုင်း)နဲ့ ကရင်နီ(ကယား)ပြည်တို့မှာ နေရာကွက်ကျား၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်(အရှေ့ပိုင်း)နဲ့ ချင်းပြည်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်(တောင်ပိုင်း)၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးရွာဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/22-10-20241/

CJ Platform

22 Oct, 02:24

အမေရိကန်ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲ ခန့်မှန်းရခက်နေဆဲ
YouTube တွင် ကြည်ရှုရန် >>> https://youtu.be/PwyBSqs42mk

CJ Platform

21 Oct, 16:04

ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်၊ တနင်္လာနေ့မှာ ဘယ်လိုသတင်းတွေကို နားဆင်ကြည့်ရှုရဖို့ရှိသလဲ?
(၁)မြန်မာမှာ ရုရှား-မြန်မာ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ဒုတိယအကြိမ်ပြုလုပ်မယ့်သတင်း
(၂)ပုလောမြို့ကနေ မြိတ်မြို့ကိုသွားတဲ့ စက်လှေနစ်မြုပ်မှုထဲ ကျောင်းသားတွေအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးတဲ့သတင်း
(၃)မနက်ဖြန်မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး မနက်ပိုင်းအထိ ရန်ကုန်အပါအဝင် ဒေသခုနစ်ခုမှာ မိုးကြီးနေနိုင်တဲ့သတင်း
(၄)တရုတ်စစ်တပ်က စစ်ကောင်စီတိုက်လေယာဉ်ကို ကျည်ခွံနဲ့ ခြောက်လှန့်ပစ်ခတ်တဲ့သတင်း
(၅)အမေရိကန်ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲ ခန့်မှန်းရခက်နေဆဲဆိုတဲ့ သတင်းဆောင်းပါး

CJ Platform

21 Oct, 15:03

ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်၊ တနင်္လာနေ့မှာ ဘယ်လိုသတင်းတွေကို နားဆင်ကြည့်ရှုရဖို့ရှိသလဲ?
(၁)မြန်မာမှာ ရုရှား-မြန်မာ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု ဒုတိယအကြိမ်ပြုလုပ်မယ့်သတင်း
(၂)ပုလောမြို့ကနေ မြိတ်မြို့ကိုသွားတဲ့ စက်လှေနစ်မြုပ်မှုထဲ ကျောင်းသားတွေအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးတဲ့သတင်း
(၃)မနက်ဖြန်မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး မနက်ပိုင်းအထိ ရန်ကုန်အပါအဝင် ဒေသခုနစ်ခုမှာ မိုးကြီးနေနိုင်တဲ့သတင်း
(၄)တရုတ်စစ်တပ်က စစ်ကောင်စီတိုက်လေယာဉ်ကို ကျည်ခွံနဲ့ ခြောက်လှန့်ပစ်ခတ်တဲ့သတင်း
(၅)အမေရိကန်ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲ ခန့်မှန်းရခက်နေဆဲဆိုတဲ့ သတင်းဆောင်းပါး
စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကို CJ Platform ရဲ့ Daily CJ Report မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။
YouTube တွင် ကြည်ရှုရန် >>> https://youtu.be/itbJGUywso4