ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

@yeucharitableorganization


𝙉𝙤𝙣-𝙂𝙤𝙫𝙚𝙧𝙣𝙢𝙚𝙣𝙩𝙖𝙡 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣𝙨(𝙉𝙂𝙊) /𝐘𝐞 𝐔

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

22 Oct, 16:51


ပြည်သူကြောက်ရွံ့ဖို့ စီပါရွာလူသတ်မှုကို စစ်ကောင်စီဘက်က ဖန်တီးပြုလုပ်တယ်။ ကြောက်ရွံ့ခြင်းထက် အမုန်းတရားကိုပဲ ဆထက်တိုးရယူသွားနိုင်ကြတယ်။

တကယ်တော့ မအလစစ်တပ်ဟာ အကြမ်းဖက်ဆိုခြင်းထက် အဆများစွာသာလွန်တဲ့ မိစ္ဆာအဖွဲ့ ဖြစ်နေပါပြီ။ ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရဖူးပါတယ်။ အလွန်ပင်ရိုင်းပြတဲ့ စစ်မိစ္ဆာကောင်တွေပဲဖြစ်ပါတယ်။

လွန်ခဲ့သည့်ရက်ပိုင်းက ဘုတလင်ဒေသအတွင်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီစစ်ကြောင်းတကြောင်းလုံး ကုန်စင်သည်အထိ ချေမှုန်းနိုင်ခဲ့ကြတယ်။

ထိုအတွက် စစ်ကောင်စီက ပြန်လည်စစ်ကြောင်းထိုးတယ်။ မုံရွာမြို့ နမခစစ်ဌာနချုပ်က ထွက်ခွာခဲ့တဲ့စစ်ကြောင်းလို့ဆိုတယ်၊၊

ဘုတင်လင်မြို့အရောက် မြို့တွင်းသေနတ်ပစ်ဖောက် ရမ်းကားကြတယ်။ မြို့ခံများအားလုံး ထွက်ပြေးကြရတယ်။ ဒါပေမယ့် စစ်တပ်ထောက်ခံ မိသားစုတစုကတော့ ထွက်ပြေးခြင်းမပြုလုပ်ခဲ့ဘူး။ ၎င်းတို့ကို မအလတပ်က ထိခိုက်မှုဖြစ်တဲ့အထိ မပြုလုပ်နိုင်ယူဆခဲ့ကြဟန်ရှိပါတယ်။

ထိုအိမ်တွင်းကိုဝင်ပြီး ပစ္စည်းများကိုဖျက်စီးတယ်။ ထိုမိသားစုမှ လူမမယ်ကလေး (၄) နှစ်သမီးအရွယ်ကို မြေကိုင်ပေါက် သတ်ဖြတ်တယ်။ ကျန်မိသားစုဝင် (၅) ဦးကိုလည်း နေအိမ်တွင်းမှာပဲ သတ်ဖြတ်ထားခဲ့တယ်။

ထိုစစ်ကောင်စီစစ်ကြောင်းမှာ သူ့လူကိုယ့်လူမသိ လူသတ်ခြင်းပြုလုပ်ဖိူ့ အဓိကအမိန့် ပါလာပုံရှိပါတယ်။

ထိုနောက် စစ်ကြောင်းထိုးလျှက် မောင်းထောင်ရွာနှင့် မနီးမဝေးက စီပါရွာကိုရောက်တယ်။ ‌စီပါရွာပင်မက အခြားသော ကျေးရွာ (၆) ရွာခန့်ကပင် ကြိုတင်ထွက်ပြေးနေကြရတဲ့အတွက် ကျေးရွာများအတွင်း ရွာသားတွေမရှိဘူး။ မပြေးနိုင်တဲ့သက်ကြီးရွယ်အိုများသာလျှင် အိမ်စောင့်ကျန်ရစ်ခဲ့ကြတယ်။

လူသတ်အမိန့်ကို တရားဝင်ရရှိထားတဲ့အတွက် လူသတ်ဖို့သည် ၎င်းစစ်ကြောင်းအဖို့ အဓိကဖြစ်တယ်။
ဒါကြောင့် အသက် (၈၀) ကျော် အဖိုးအိုကိုပင် ခေါင်းဖြတ်သတ်ခဲ့တတယ်။ စိတ်မနှံ့တဲ့ ဘုန်းကြီးကပ္ပိယကို အူကလီစာထုတ်သတ်တယ်။

အခြားနယ်များတွင်လည်း ဘုတလင်နည်းတူ ၎င်းတို့ကိုတိုက်ခိုက်ခဲ့လျှင် စီပါကဲ့သို့ ခံစားရမယ်ဆိုတဲ့ မြင်ကွင်းကို ပြသလိုကြခြင်းပဲ။ ဒါပေမယ့် ပြည်သူရွံမုန်းမှုကိုသာလျှင် ရရှိသွားတယ်။ စစ်တပ်ထောက်ခံသူများ၏အမုန်းကိုပင် ရရှိသွားကြပြီဖြစ်တယ်။

မူးယစ်ဆေးဝါးသုံးစွဲထား၍ဆိုခြင်းဟာ မှန်ကန်ကောင်းမှန်ကန်နိုင်ပေမယ့် ၎င်းတို့စစ်ဗိုလ်ချုပ်တွေကိုယ်တိုင် အမိန့်ပေးစေခိုင်းခြင်းကြာင့်ဖြစ်တယ်။ အစိုးရတရပ်အဖြစ် ပုံဖော်လိုချင်တဲ့ စစ်ကောင်စီဟာ နောက်ကွယ်မှာ ပြည်သူကိုနေ့စဉ်အလားတူသတ်ဖြတ်နေတာပါ။

မီဒီယာပေါ်ရောက်ရှိမလာတဲ့ လူသတ်မှုတွေ နေ့စဉ်ထုနဲ့ဒေးရှိပါတယ်။ စီပါဖြစ်စဉ်မျိုးများ နေ့စဉ်ရှိနေတယ်ဆိုတာပါပဲ။

Sar K ✍️

https://t.me/htookhantzawmothersson

t.me/generationz122021 💬

#htookhantzaw/အမေ့သား

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

22 Oct, 16:43


#ပြည်သူ့ထံသတိပေးကြေငြာချက်

▪️ယခုရက်ပိုင်း ဘုတလင်နယ် ဖြစ်စဥ်နဲ့ ပက်သက်လို့ အားလုံးရဲ့ရင်ထဲမှာ ဝမ်းနည်းပူဆွေးဖြစ်နေရမယ်ဆိုတာ ထပ်တူကြေကွဲခံစားမိပါတယ်ခင်ဗျာ

ယခုလအတွင်းမှာပဲ အကြမ်းဖက်စစ်ရှုံးကောင်စီမှ မည်သည့်တိုက်ပွဲမှ ဖြစ်ထားခြင်းမရှိပါပဲ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကောလင်းနယ်/ရေဦးနယ်/ဒီပဲယင်းနယ် တို့ကို တံတားဦးလေတပ် နှင့် မိတ္ထီလာရှမ်းတဲလေတပ်တို့ကနေ Yak-130 ဂျက်ဖိုက်တာ၊ MiG-29 ဂျက်ဖိုက်တာ၊ K8-W ဂျက်ဖိုက်တာများဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ ပြည်သူများကို ပစ်မှတ်ထားကာ ဆက်တိုက်ဆိုသလို ဗုံးကြဲသတ်ဖြတ်လျှက်ရှိပါတယ် ။
ထို့အတူပဲ အကြမ်းဖက်စစ်ခွေးကြောင်း မီးရှို့ လူသတ်လျှက်ရှိနေသည့် ဘုတလင်နယ်အတွင်းကိုလည်း မြေပြင်မှာ သတ်ဖြတ်နေရုံမကပဲ မုံရွာနမခတက် Mi-35P တိုက်ခိုက်ယာဥ်၊ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာများဖြင့် ပြည်သူများကို ဗုံးကြဲသတ်ဖြတ်လျှက်ရှိပါတယ် ။

သို့ဖြစ်သောကြောင့် ရေဦး ဒီပဲယင်း ဘုတလင်နယ်တို့အတွင်းမှ မိဘပြည်သူများအနေဖြင့် လေကြောင်းရန် အထူးသတိပြုနေထိုင်ကြဖို့နဲ့ မြေပြင်စစ်ရေးအခြေအနေ အမြဲနားစွင့် ဂရုစိုက်ပေးကြဖို့ အရေးကြီးပါတယ်ခင်ဗျာ ။

သီတင်းကျွတ် တန်ဆောင်မုန်း အခါသမယအတွင်းမှာ လူစုလူဝေး အတတ်နိုင်ဆုံး ရှောင်ကျဥ်ပေးစေလိုပါတယ် ၊ မြန်မာ့ရိုးရာ ထုံးတမ်းစဥ်လာအတိုင်း မဖြစ်မနေပြုလုပ်ကြမည့် ကထိန်ပွဲများ ဆွမ်းလောင်းပွဲများ ခြင်းခတ်ပွဲများ လေကြောင်းရန် အထူးသတိရှိကြဖို့ လိုအပ်ပါတယ်ခင်ဗျာ ၊ အကြမ်းဖက်စစ်ရှုံးကောင်စီဟာ ယခုလို လူစုလူဝေးပြုလုပ်ကြမည့် ရိုးရာပွဲများကို ခေါင်းကြီးပိုင်းတွေ ဘယ်သူဘယ်ဝါလာလို့မို့ PDFတွေရောက်ရှိနေလို့မို့ဆိုပြီး ခေါင်းစဥ်တပ်ကာ ပြည်သူများကို ဗုံးကြဲသတ်ဖြတ်ဖို့ အခွင့်အရေးယူတတ်ပါတယ် ။
သို့ဖြစ်သောကြောင့် အက်ဒမင်အနေနဲ့က အတတ်နိုင်ဆုံး ဂရုစိုက်ပြီး စုဖွဲ့မှု(လုံးဝ)မပြုလုပ်စေချင်ပါဘူးခင်ဗျာ ၊ နေရာအနှံ့အပြားမှာ ကိုယ့်ပြည်သူသာ ကြားညှပ်ကာ အသက်ဆုံးရှုံးတာတွေ များပြားလျှက်ရှိနေတာကိုလည်း မြင်တွေ့ ကြားသိနေရသည့်အတွက် များစွာစိတ်မကောင်းဖြစ်မိပါတယ် ။
ပြည်သူ့အတွက် အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကြားမှာ ကျနော်တို့ PDF ရဲဘော်တွေအတွက် ပြည်သူတွေက အသက်ပြန်ပေးဆပ်နေရသလို ဖြစ်နေပါတယ် ။

နောက်ထပ် ဒီပဲယင်းကိုလည်း စစ်ခွေးလော်ဘီကောင်များမှ Y-12 ဗုံးကြဲလေယာဥ်ဖြင့် ထပ်မံရှင်းလင်းပေးဖို့ လှုံ့ဆော်နေတာတွေ တွေ့မြင်နေရသည့်အတွက် ယခုရက်ပိုင်း ပြည်သူများ လေကြောင်းရန်ကို အထူးသတိထား နားစွင့်ပေးကြပါခင်ဗျာ ။
ကျနော်တို့ရဲ့ တော်လှန်ရေးတပ်စိပ်များလည်း အထူးဂရုစိုက် လှုပ်ရှားစေလိုပါတယ်ခင်ဗျာ ။

ပြည်သူများအားလုံး စစ်မက်ဘေးရန် လေကြောင်းရန်များမှ ဘေးကင်းနိုင်ကြပါစေ ။

𝐏𝐃𝐂 မြေပြင်သတင်း-ဝေဟင်သတင်းများ ကြည့်ရှုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်းပေးပို့ရန် ☞ t.me/htookhantzaw5 💬

မှတ်ချက်// သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။

【22/𝖮𝖼𝗍𝗈𝖻𝖾𝗋/2024】23:11
【𝐏𝐃𝐂】 🚩
#မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
✰အမေ့သား✰

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

22 Oct, 13:32


ပန်ထွာဘောမfanတွေ myanmar မဟုတ်ဘူးထင်တယ် အခုလိုသတင်းတွေဆိုမသိ fu*k
#ဘုတလင်

ခြံစည်းရိုးပေါ်
နွယ်တွေတက်နေရမှာ
အခုတော့
​ခြေပြတ်၊လက်ပြတ်တွေတက်လို့။

ခြံစည်းရိုးပေါ်
ပန်းတွေပွင့်နေရမှာ
အခုတော့
ခေါင်းပြတ်တွေပွင့်လို့။

ပြာတောင်တန်းတွေကြားမှာ
တောက်ခေါက်သံ
သံပြိုင်သီချင်းကိုဆိုပြီး
သွေးချောင်းတွေစီးနေ။

ဒီမိုကရေစီမရမချင်း
မကျွတ်မလွတ်မယ့်သူတွေ
ဒီရေဒီမြေပါ်မှာ
များလွန်းမကများခဲ့ရပြီ။ ။

#ခန့်ဝါငြိမ်း ✍️

https://t.me/htookhantzawmothersson

t.me/generationz122021 💬

#htookhantzaw/အမေ့သား

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

22 Oct, 11:36


"ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ ဘုတလင်(သို့မဟုတ်) Miss ဘုတလင်"

ကာတွန်း-ဝေယံ(တောင်ကြီး)
(ခေတ်သစ် မှ တဆင့်ပြန်လည်ဖော်ပြသည်)

https://t.me/htookhantzawmothersson

t.me/generationz122021 💬

#htookhantzaw/အမေ့သား

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

21 Oct, 10:41


ဘုရားလည်း မကယ်နိုင် တရားလည်း မကယ်နိုင်တော့တဲ့ ဘုတလင် 😢💔

ဘယ်သူ လာကယ်နိုင်ပါသလဲ ?

https://t.me/htookhantzawmothersson

t.me/generationz122021 💬

#ဘုတလင်
#အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံထားရတဲ့ပြည်သူများ

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

21 Oct, 10:16


အောက်တိုဘာ ၈ ရက်နေ့မှာ စစ်ကောင်စီက တင်းတိမ်ရံကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

21 Oct, 10:16


ရေဦးမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အောက်တိုဘာလအတွင်း ၃ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံရ
အောက်တိုဘာ ၂၁၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာ ၃ကြိမ်ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နေ့မှာ ရေဦးနယ်အနောက်ခြမ်းက တင်းတိမ်ရံကျေးရွာ၊ ဘုရားကုန်းဈေးနားကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဘုရားကုန်းနယ်မြေပေါ်က နေအိမ်တစ်ခုပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ရပါတယ်။

အလားတူ အောက်တိုဘာ ၈လရက်နေ့၊ ညနေ ၄ နာရီ ဝန်းကျင်အချိန်မှာ တင်းတိမ်ရံကျေးရွာကို ထပ်မံပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာလည်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကို အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ၆လသားအရွယ် ကလေးငယ်တစ်ယောက်နဲ့ ကလေးမိခင်တစ်ယောက်၊ ၆နှစ်သားအရွယ် ကလေးငယ်တစ်ယောက်၊ စုစုပေါင်း ၃ ယောက် သေဆုံးခဲ့ရပြီး ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

“တင်းတိမ်ရံရွာခံ ပြည်သူတွေကတော့ ပြည်သူတွေကို အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်တာတွေကြောင့် မနေရဲကြတော့ဘဲ အခုထိတိမ်းရှောင်နေကြရတယ်။ ၂ကြိမ်တောင်ရှိနေပြီလေ။” လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။

မနေ့က အောက်တိုဘာ ၂၀ ရက်၊ ညနေပိုင်းမှာလည်း ရေဦးနယ်အနောက်ခြမ်းက အင်ပထိုး-စည်သာမြေ-မဲအိုးရွာ လမ်းဆုံ ချောင်းကူးတံတားအနီးကို စစ်ကောင်စီက တိုက်ပွဲဖြစ်ထားတာမရှိဘဲ လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြန်ပါတယ်။

ဒီဖြစ်စဉ်မှာတော့ ပြည်သူထိခိုက်ခြင်းမရှိခဲ့ပေမယ့် စည်သာမြေရွာနဲ့ မဲအိုးရွာကြားက ချောင်းကူးတံတားကတော့ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ကိုထူးခန့်ဇော်က ဆက်လက်ပြီး “မနေ့က မနက်ပိုင်းကတော့ အင်ပထိုးရွာမှာ ကထိန်ပွဲလုပ်တော့ သတင်းပေါက်ကြားပြီး ညနေပိုင်းမှာ လာကြဲသွားတယ်လို့ ခန့်မှန်းပါတယ်။ ကြဲချသွားတာကတော့ ရွာအနီးမှာပဲ။ ကံကောင်းလို့ ထိခိုက်သေဆုံးသူမရှိခဲ့ဘူး။” လို့ ဆိုပါတယ်။

အခုလ အောက်တိုဘာလ ၁လအတွင်းမှာတင် စစ်ကြောင်းစီက တိုက်ပွဲဖြစ်နေခြင်းမရှိတဲ့ အရပ်သားပြည်သူနေရာတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေပြီး တိုက်ခိုက်ခဲ့တဲ့ ၃ကြိမ်စလုံးက မိတ္ထီလာ၊ ရှမ်းတဲတပ်က MiG-29 ဖိုက်တာတွေနဲ့ပဲ ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ရေဦးနယ် အနောက်ခြမ်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ကလေး ၂ယောက်နဲ့ အမျိုးသမီး ၂ယောက်၊ စုစုပေါင်း အရပ်သား ၄ ယောက် သေဆုံးထားပါတယ်။

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

21 Oct, 07:43


🔴ရေဦး🔴

💥 ကန့်ဘလူနယ် ကာဘိုးခွေးခြံကနေ လွှတ်တင်သည့် တိုက်ခိုက်ရေး Drone တစ်စီးဖြင့် ရေဦးနယ်မြောက်ဘက်ခြမ်းရှိ ပင်စိမ်းခင်းကျေးရွာ လှေဆိပ်ဘက်သို့ 13:30 ခန့်လောက်က ဗုံးတစ်လုံးကြဲချတိုက်ခိုက်သွားကြောင်း မြေပြင်သတင်းရရှိ ။
(ထိခိုက်မှု အခြေအနေ မသိရသေးပါ)

မိဘပြည်သူများ လေကြောင်း သတိထားပေးကြပါခင်ဗျာ ။

𝐏𝐃𝐂 မြေပြင်သတင်း-ဝေဟင်သတင်းများ ကြည့်ရှုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်းပေးပို့ရန် ☞ t.me/htookhantzaw5 💬

မှတ်ချက်// သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။

【21/𝖮𝖼𝗍𝗈𝖻𝖾𝗋/2024】14:12
【𝐏𝐃𝐂】 🚩
#မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
✰အမေ့သား✰

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

20 Oct, 15:49


သတင်းကောင်းတွေရှိသလို သတင်းဆိုးလည်း ရှိပါတယ်။

စစ်ကိုင်းဒေသအတွင်းက
ဘုတလင်နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ
၎င်းတို့စစ်ကြောင်းထိုးရာလမ်းတလျှောက်
ပြည်သူကို အငြိုးကြီးစွာ ရက်ရက်စက်စက်
သတ်ဖြတ်နေတယ်လို့ သိရပါတယ်။

ကျေးရွာပေါင်း (၅) ရွာကျာ် မီး
လောင်ပြကျသွားတယ်လို့ဆိုပါတယ်။

အသက်ကြီးသောငယ်သောမသိတော့ဘဲ
လူမမယ်ကလေးငယ်တဦးကိုပင် မြေတွင်ကိုင်ပေါက်
သတ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဟာ တရက်လျှင်
ပြည်သူ (၃) နှုံးမျှ လမ်းတလျှောက် သတ်ဖြတ်သွားပါတယ်။

ပြည်သူသောင်းနှင့်ချီ ရှောင်တိမ်းနေရပြီး
ပြန်ရန်အိမ်မှာက ပြာပုံအတိလို့ဆိုပါတယ်။

စစ်ကို စစ်နှင့်တူအောင် မတိုက်တတ်ကြတော့တဲ့အတွက်
ပြည်သူရှိ၍ PDF ရှိရတယ်ဆိုတဲ့ တဖက်ပိတ်အမြင်ဖြင့်
ပြည်သူကိုမျှားဦးလှည့်နေတာပါ။

အသက် (၄) နှစ်ကျော်အရွယ် လူမမယ်ကလေးမှသည်
အသက် (၈၀) ကျော် အဖိုးအဖွားများကိုပင်
လူမဆန်သည်အထိ ပြုမူရက်စက် သတ်ဖြတ်ခြင်းပြုလုပ်ပါတယ်။

ထိုအရှိန်ကြောင့် စစ်ကိုင်းဒေသအတွင်း
တိုက်ပွဲများ ပြင်းထန်လာတော့မှာဖြစ်ပြီး
အခြားသောစစ်ကိုင်း‌ဒေသမှပြည်သူများမှလည်း
အသိသတိကပ်ထားကြဖို့ပါ။
အမြဲတစေ စစ်ဘေးရှောင်းနိုင်ဖို့ ပြင်ဆင်ထားကြပါ။

လေကြောင်းမှလည်း ဝင်ရောက်တိုက်ခိုက်နိုင်တဲ့အတွက်
လေယာဉ်သတိထားကြပါ။
မကြာမီ ပွဲကြမ်းကြတော့မည်ဖြစ်ကြောင်း သတိပေးအပ်ပါတယ်။

Sar K ✍️

https://t.me/htookhantzawmothersson

t.me/generationz122021 💬

#htookhantzaw/အမေ့သား

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

20 Oct, 14:41


ယခုညပိုင်း ရေဦးခွေးခြံထဲ သေပန်းပွင့်နေကြတဲ့ စစ်ခွေးကောင်များမှ အနောက်ဘက်ခြမ်းကို ၈၁မမ/လက်နက်ကြီး ၂လုံး ရမ်းကားပစ်ခတ်ထားသောကြောင့် အနီးဝန်းကျင်ပြည်သူများ အထူးဂရုစိုက်ပေးကြပါခင်ဗျာ ။

https://t.me/htookhantzawmothersson

t.me/generationz122021 💬

20/10/2024(21:09)
#htookhantzaw/အမေ့သား

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

20 Oct, 14:36


❗️ရေဦး❗️

💥 ရေဦးတိုင်းရင်း စစ်ခွေးအထိုင်ကနေ သေပန်းပွင့်နေတဲ့ စစ်ခွေးတိရိစ္ဆာန်များမှ အနောက်ဘက်ခြမ်းကို 81မမလက်နက်ကြီး (2) လုံး ရမ်းကားပစ်ခတ်ထားပါတယ် ။
ရေဦးမြို့နဲ့ အနီးဝန်းကျင်ပြည်သူများ အထူးဂရုစိုက်ပေးကြပါရန် ။

𝐏𝐃𝐂 မြေပြင်သတင်း-ဝေဟင်သတင်းများ ကြည့်ရှုရန်⇒𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢. t.me/peoplesdefensecomrade t.me/aerialintelligence
​တိုက်ရိုက် သတင်းပေးပို့ရန် ☞ t.me/htookhantzaw5 💬

မှတ်ချက်// သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည် ။

【20/𝖮𝖼𝗍𝗈𝖻𝖾𝗋/2024】21:06
【𝐏𝐃𝐂】 🚩
#မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနှင့်ပြန်ကြားရေးဌာန(ရေဦးအခြေစိုက်)
✰အမေ့သား✰

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

20 Oct, 14:18


အကြမ်းဖက်မီးရှို့ မုဒိမ်းစစ်ခွေးတပ်မှ စစ်ကြောင်းတလျှောက် သတ်ဖြတ်ခဲ့သူ အပြစ်မဲ့ပြည်သူ အယောက် (၂၀)ကျော်ရှိနေပြီဖြစ်တဲ့ ဘုတလင်နယ် သတိမလစ်ဟင်းပဲ ထပ်မံဂရုစိုက်ပေးကြပါခင်ဗျာ၊ မုဒိမ်းစစ်ခွေးတပ်အနီးရှိ ပြည်သူများ မပေါ့ဆကြပါနဲ့ခင်ဗျာ ဘေးလွတ်ရာ ဝေးရာကိုသာ တိမ်းရှောင်ပေးကြပါခင်ဗျာ ၊ ကျေးရွာအနီးဝန်းကျင် ပေါ့ပေါ့ဆဆနဲ့ မနေကြပါနဲ့ခင်ဗျာ ။
အောက်တိုဘာ (၁၁)ရက်မှစလို့ ယနေ့အချိန်ထိ (၁၀)ရက်ခန့်ကြာ စစ်ကြောင်းတလျှောက် ကျေးရွာများကို တစ်ရွာဝင်တစ်ရွာထွက် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ဖမ်းဆီးမိတဲ့ ယောကျာ်းသားမှန်သမျှကိုလည်း PDF ဟု စွပ်စွဲကာ ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်နေတဲ့ မုဒိမ်းစစ်ခွေးကောင်များ ဖြစ်ပါတယ် ၊ စစ်ကြောင်းတလျှောက် ဖမ်းဆီးသတ်ဖြတ်ခံရသူပေါင်း (၂၀)ကျော်ရှိပြီလို့ သိရပါတယ် ။
လေကြောင်းကအစ မြေပြင်အနေအထား အထူးဂရုစိုက် ရှောင်တိမ်းပေးစေလိုပါတယ်ခင်ဗျာ ။

https://t.me/htookhantzawmothersson

t.me/generationz122021 💬

20/10/2024(20:47)
#htookhantzaw/အမေ့သား