YayPyin (ရေပြင်)

@yaypyin


စစ်ကိုင်းတိုင်းဒေသကြီးမှ အစပြု၍ တနိုင်ငံလုံးအတွက် ရေလမ်း/ရေပြင် ကင်းထောက်တမန် https://t.me/+__awUdeToHU1M2Fl

YayPyin (ရေပြင်)

22 Oct, 12:38


ဧရာဝတီ ရေပြင်

ကသာမြို့ ၃၀၉ ခွေးခြံ မှ ခွေးအုပ်မှ မော်တော်၂စီး ချောစွဲပြီး အောက်စုန်
ဝဲကြီးရွာနားမှ ကသာသို့ ပြန်ဆန်တက်သွားကြောင်းသတင်းရ။ (6:00 PM)

#Yaypyin
Oct 22, 7:08 PM

📫သတင်းပို့ရန် @Yaypyin0bot

YayPyin (ရေပြင်)

20 Oct, 23:04


မင်္ဂလာမနက်ခင်းပါ🌻

ဝေဟင်ချန်နယ်သို့ သတင်းပေးသူ
ကြည့်ရှု့သူ/ ​ပြည်လည် ဖြန့်ဝေသူ
မိဘပြည်သူ ရဲဘော် ညီကိုမာင်နှမများ အားလုံး မေတ္တာခြုံလုံပါစေ။

တဦးတယောက်ချင်းဆီတိုင်း
ဘေးရန်ကင်းကာ အေးချမ်းကြပါစေ🌷

အိပ်ရာနိူး ရေများများသောက်ပါ။

#ဂုဏ်ယူလေးစားလျက်
#WaiHin

YayPyin (ရေပြင်)

20 Oct, 02:53


🛑 ဘုတလင် 🛑

သတိ/

နှလုံးရောဂါရှိသူများ ကျော်သွားပါရန်
မေတ္တာရပ်ခံပါသည်။

ဘုတလင် ချီပါရွာသို့
အကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့သော အရိုးကိုက် မသာလောင်းများဟာ ချီပါရွာမှ အပြစ်မဲ့ ပြည်သူ ၆ ဦးအား ခန္ဓာကိုယ်များကို
အပိုင်းပိုင်း ခုတ်ထစ် အူကလီစာများကို ရွာအတွင်း နေရာအနှံ့
ဖြန့်ကျဲထားခဲ့ပါတယ်။

အရိုးစုသာ ကျန်သည်အထိ
အရေခွံနွှာ အသားပါ မချန်
ရက်စက်စွာ သတ်ဖြတ်ခံထားခဲ့ရပါသည်။

၎င်းစခများဟာ နမခမှ ထွက်လာသော စစ်ကြောင်းပဲ ဖြစ်ပါတယ်။

ဘုတလင်မြို့နယ် အတွင်း
ပြည်သူ ၂၀ ကျော်ခန့် သတ်ဖြတ်ခံရပြီး ပြည်သူ ၁၀၀ ခန့်လည်း ဖမ်းဆီးခံထားရကြောင်း သတင်းရရှိထားပါ်တယ်။

တော်လှန်ရေးအဖွဲ့များ
ဒီစစ်ကြောင်းကို အမြန်ဆုံး သုတ်သင်နိူင်ပါစေ မိလျင် ပြည်သူကို သတ်ဖြတ်
နှိပ်စက်တာတွေ သတိရပေးပါ
တယောက်မှ အရှင်မထားပါနှင့်။

#SSN
Oct 20 , 9:20 AM

📫သတင်းပို့ရန် @SagaingSNetworkbot

YayPyin (ရေပြင်)

17 Oct, 16:05


သာသနာနှစ် ၂၅၆၈ ခုနှစ်

ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်

ခရစ်နှစ် ၂၀၂၄ ခုနှစ်

သီးတင်းကျွတ်လဆန်း (၁၅)ရက်
လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့
နေ့ထူးရက်မြက် အချိန်အခါ သမယပဲ ဖြစ်ပါတယ်။

ယနေ့ ရက်မြက်အချိန်ခါမှစ
ပြည်သူများ ဘေးရန်အပေါင်း
ကင်းဝေးကြပါစေ။

စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျန်းမာခြင်းများဖြင့်
ပြည့်စုံ ကြွယ်ဝကြပြီး
မိမိ ချစ်ခင်/ကြင်နာရသူ
ဆရာ မိဘ/ ဆွေမျိုး အပေါင်းဖော်များကို ဂါဝရ ပြုနိူင်ကြပါစေ။

ဒီခေတ်ဆိုး စနစ်ဆိုး
မင်းဆိုး မင်းယုတ် လက်ထက်မှလည်း
အချိန်မကြာပဲ အမြန်ဆုံးပဲ
ဘေးကင်းစွာ လွတ်ကင်းကြပါစေကြောင်း SSN WaiHin YayPyin မှ
ရဲဘော်များကနေ ဆု​တောင်း မေတ္တာများ ပို့သအပ်ပါသည်။

အားလုံးသော ရဲဘော်နှင့်
ပြည်သူအပေါင်း
တော်လှန် သီတင်းကျွတ်ပါရှင်။🙏🙏🙏

#AdminTeam

YayPyin (ရေပြင်)

16 Oct, 03:43


ဧရာဝတီ ရေပြင်

အောက်ဘက်မှဆန်တက်လာသော စခပါ သံခွန် ၂စီးသည် ရွှေတန့်တစ်ရွာနားသို့ရောက်ရှိကာ အထက်သို့ ဆက်လက် ဆန်တက်သွားကြောင်း သိရ။

ချင်းတွင်းမြစ်ကြောင်းဘက်သို့ ဦးတည်နေ။

#Yaypyin
Oct 16, 10:02AM

📫သတင်းပို့ရန် @Yaypyin0bot

YayPyin (ရေပြင်)

15 Oct, 23:07


မင်္ဂလာနံနက်ခင်းပါရှင်🌷

ဝေဟင်ချန်နယ်သို့ သတင်းပေးပို့နေကြသော ​ရဲဘော်နှင့် ပြည်သူများအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ဘေးရန်အပေါင်း ကင်းဝေးကြပါစေ။

အိပ်ရာနိူးလျင် ရေများများသောက်သုံးပေးနော်💙

YayPyin (ရေပြင်)

15 Oct, 22:58


မင်္ဂလာမနက်ခင်းပါရှင်🌻

တော်လှန်ရေးလုပ်တယ်ဆိုတာ
စနစ်ကိုဖြိုချတာဖြစ်ပါတယ်။

အနစ်နာခံမှု ပြိုင်နေတာ မဟုတ်။

ရဲဝံ့မှု ပြိုင်နေတာ မဟုတ်။

အာဏာရှင်ကို တော်လှန်နေတာ ဖြစ်တယ်။

ကိုယ်နိုင်သလောက် ဝန်ကို ဝင်ထမ်းပါ။

ဘေးလူကို ငါ့လောက်မထမ်းနိုင်လို့ဆိုပြီး အပြစ်မတင်နဲ့။ တစ်ယောက်နဲ့တစ်ယောက် ဘဝအခြေအနေ၊ ခံယူချက်၊
ရဲဝံ့မှု မတူတတ်ဘူး။

အသုံးဝင်ပုံလည်း မတူကြသလို
အသုံးဝင်တဲ့နေရာချင်းလဲ မတူကြဘူး။

အပြေးကျွမ်းသူဟာ သူ့လောက်မပြေးနိုင်ရကောင်းလားလို့ ရေကူးကျွမ်းတဲ့ရေကူးသမားကို သွားအပြစ် တင်နေလို့မရဘူး။
ကိုယ့်အတွက် အိမ်ကွင်းဖြစ်နေပေမယ့် သူ့အတွက် အဝေးကွင်းဖြစ်ချင်ဖြစ်နိုင်တယ်။

ထင်သာမြင်သာမဟုတ်တိုင်း
မရှိဘူးမထင်သင့်ဘူး။ 
သူ့နေရာနဲ့သူရှိပါတယ်။

ဒါကြောင့် သွေးမကွဲနဲ့၊
ကြောက်တတ်ရန်ကောလို့ အပြစ်မတင်နဲ့။ ဓမ္မ အဓမ္မ ခွဲသိရင်ကို ချီးကျူးဖို့
ကောင်းနေပြီ။

ဆရာကြီး ဦးဝင်းတင်မှာတာ သတိရပါ။
- စိတ်ဓာတ် မကျိုးပဲ့စေနဲ့
- စုဖွဲ့မှု မကျိုးပဲ့စေနဲ့
- ကျန်းမာရေး မကျိုးပဲ့စေနဲ့ တဲ့။

#ဒေါ်အောင်ဆန်းစုကြည်

ရေသောက်ဖို့မမေ့နဲ့အုံးနော်။💘

#SSN

YayPyin (ရေပြင်)

15 Oct, 08:04


ဧရာဝတီ ရေပြင်

အောက်ဘက်မှဆန်တက်လာသော စခပါ သင်္ဘော ၁ စီးသည် ကွန်းရွာနားသို့ရောက်ရှိကာ အထက်သို့ ဆက်လက် ဆန်တက်သွားကြောင်း သိရ။

#Yaypyin
Oct 15, 2:00PM

📫သတင်းပို့ရန် @Yaypyin0bot

YayPyin (ရေပြင်)

14 Oct, 23:11


မြစ်ကမ်းနဘေးရှိ မိဘပြည်သူများရှင်🙏

စစ်ကောင်စီသည် ရေကြောင်းလားရာလမ်းတစ်လျှောက်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခက်ခြင်းကြောင်း အပစ်မဲ့ပြည်သူများမှာ ထိခိုက် နစ်နာ ဆုံးရှုံးမှုများစွာရှိနေပါသည်။

ထိုကဲ့သို့သော အန္တရာယ်များမှ ကြိုတင်ရှောင်းရှာနိုင်ဖို့ရာ ရေကြောင်းသတင်းများကို စောင့်ကြည့်ခြင်း၊ ‌သိရပါက ရေကြောင်းကင်းထောက်ချန်နယ်ဖြစ်သော
@Yaypyin0bot ထံတွင်ပေးပို့ခြင်းနှင့် မိမိတို့ လက်လှမ်းမှီသလောက်ထိ  ပြန်လည်ကင်းထောက်ပေးခြင်းတို့ဖြင့် ပြည်သူမှပြည်သူ ရေပြင်နှင့်အတူ ကူကြပါစို့လားရှင်။

#Yaypyin

YayPyin (ရေပြင်)

14 Oct, 08:21


🙏မြန်မာပြည်ဒေသအသီးသီးရှိ
တောင်လှန်မိဘပြည်သူ မောင်နှမများရှင်🙏

မိမိတို့အပေါ်၌

ဖြတ်သန်းသွားလာနေသော

စစ်ကောင်စီ၏

လေကြောင်းသတင်းများကို

@WaiHinScout_Bot ထံတွင်ပေးပို့ပြီး

ပြည်သူမှပြည်သူ

ဝေဟင်နှင့်အတူ ကူညီနိုင်ပါပြီ။


#WaiHin