RFA Burmese

@rfaburmeseofficial


လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

RFA Burmese (Burmese)

ထိုင်းတိုင်းထက် သတင်းရရှိမိတယ် RFA Burmese အမည်နှင့် rfaburmeseofficial username ကိုဖော်ပြပါတယ်။ ဤ အခါမှာသည် အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။ ဖော်ပြသတင်းများကို နောက်ထပ် ပြောင်းလဲလှပါတယ်။ အာရှနိုင်ငံတွေအားလုံးအတွက် သိရှိသော အချက်အလက်များကို အလှူရှင်များအတွက် ပေးလိုသည်။

RFA Burmese

21 Jan, 00:25


Live stream finished (15 minutes)

RFA Burmese

21 Jan, 00:25


Live stream started

RFA Burmese

21 Jan, 00:25


ဘုတလင်ဒေသခံတစ်ဦးနဲ့ RFA မေးမြန်းချက်
~~~
■ စစ်ကိုင်းတိုင်း ဘုတလင်နဲ့ အနီးနားကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အရပ်သားတွေကို ရက်ရက်စက်စက်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူတွေကို ကြက်ကလေး၊ ငှက်ကလေးလို သဘောထား သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ ရုပ်အလောင်းပုံတွေနဲ့ ဗီဒီယိုတွေ အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံ့နှံ့လာပြီး လူအများလည်း ရှုတ်ချနေပါတယ်။ အဲဒီဒေသမှာ လူတွေကို ဘယ်လိုသတ်ဖြတ်သွားပါသလဲ... ။ ဒေသခံတစ်ဦးကို RFA သတင်းထောက်စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။

RFA Burmese Website တွင် ဖတ်ရှုရန် ...

ဘုတလင် #စစ်ကောင်စီတပ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


မနက်ခင်းသတင်း (၂၀၂၄ အောက်တိုဘာ ၂၂ ရက်)
~~~
■ စီးပွားရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ငွေကြေးတောင်းခံသူ နှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး၊
■ တောင်ကြီးတန်ဆောင်တိုင်ပွဲ ကျင်းပဖို့ ဖိအားပေးငွေကောက်ခံ၊
■ မဏိပူရ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာတွေ နေရပ်ပြန်ဖို့ အကူအညီလိုနေ၊
■ တရုတ်-အိန္ဒိယ နယ်စပ်ကိစ္စ ဖြေရှင်းနိုင်၊
■ မူးယစ်ဆေးမှုနဲ့အလိုရှိသူ မလေးရှားမှာဖမ်းဆီးမိ၊
■ သဘာဝပျက်ယွင်းမှု ကုစားရေး ရည်မှန်းချက်မပြည့်၊
■ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နိုင်ကြောင်းခန့်မှန်း၊

#သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်နိုင်ကြောင်း ခန့်မှန်း
~~~
■ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်တဲ့ လေဖိအားနည်းရပ်ဝန်းကနေ ပိုမိုအားကောင်းလာနိုင်ပြီး အောက်တိုဘာ ၂၂ ရက်မှာ မုန်တိုင်းငယ်ဖြစ်ပေါ်ပြီး ၂၃ ရက်နေ့မှာတော့ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နိုင်မယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒ ဦးစီးဌာနက အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၅ ရက်မှာ အိန္ဒိယကို မုန်တိုင်းဖြတ်ကျော်မယ်လို့ ခန့်မှန်းပါတယ်။ အိန္ဒိယမိုးလေဝသဌာနကလည်း ၂ဝ၂၄ ဟာ လေတိုက်နှုန်း ပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်တဲ့နှစ်လို့ ဖော်ပြပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ခရိုင် ၁၅ ခုမှာ ရုတ်တရက်ရေကြီးမယ်လို့ မိုးလေဝသဌာနက အောက်တိုဘာ ၂၁ ရက်နေ့က ခန့်မှန်းပါတယ်။

အလယ်ပိုင်း ၁၁ ခရိုင်နဲ့ အရှေ့ပိုင်း လေးခရိုင်အတွင်း တောင်တွေအနီးတစ်ဝိုက်နဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ သတိနဲ့နေဖို့ ပြောကြားတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
_______________
(Photo: RFA)

#မုန်တိုင်း #ရေကြီး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


ကောင်စစ်ဝန်ချုပ်ရုံးတိုက်ခိုက်ခံရမှု အရေးယူပေးဖို့ တရုတ်တောင်းဆို
~~~
■ ၁ဝ၂၇ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အတော်များများကို မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့နောက်မှာ စစ်ပွဲတွေရပ်ဖို့ တရုတ်ကလျှို့ဝှက်ဖိအားပေးနေသလို နယ်စပ်ဂိတ်တွေက ကုန်စည်စီးဆင်းမှုတွေကိုလည်းပိတ်ပင်ထားပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီကို ဆက်ဆံပြီး ကူညီနေတာတွေ ရှိလာပါတယ်။ ဒီကာလမှာ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရတာအပါအဝင် ဆန့်ကျင်ခံရတာတွေရှိလာပါတယ်။ မစန်းမော်အောင် တင်ပြထားပါတယ်။

RFA Burmese Website တွင် ဖတ်ရှုရန် ...

#တရုတ် #စစ်ကောင်စီတပ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


ဝါးခယ်မမြို့မီးလောင်မှု လူတစ်ဦးသေဆုံး

#ဝါးခယ်မ #မီးလောင် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


တောင်ကြီးတန်ဆောင်တိုင်ပွဲ ကျင်းပဖို့ ဖိအားပေးငွေကောက်ခံနေ
~~~
■ မကြာခင်ကျရောက်တော့မယ့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လုပ်ငန်းရှင်တွေနဲ့ လူထုကို ဖိအားပေးငွေကြေးကောက်ခံနေတယ်လို့ တောင်ကြီးဒေသခံ အမျိုးသားတစ်ယောက်က RFA ကို ပြောပါတယ်။

စစ်ကောင်စီဘက်က ပြည်သူတွေ လွတ်လပ်ပျော်ရွှင်နေတယ်ဆိုတာ ပြချင်ရုံသက်သက်အတွက် ကျင်းပဖို့ စီစဉ်နေတာလို့လည်း ဆိုပါတယ်။

“တိုင်းပြည်ကို (စကစ)အနေနဲ့ တည်ငြိမ်အောင်ထိန်းနိုင်တယ် ပြည်သူတွေကလည်း လွတ်လပ်ပျော်ရွှင်နေတယ်ဆိုတာကို ပြချင်ရုံသက်သက်ပါပဲ။ လက်တွေ့မြေပြင်အနေအထားမှာကတော့ လုပ်ငန်းရှင်တွေ ပြည်သူလူထုတွေကို ဖိအားပေး အတင်းအကျပ်ငွေကြေးကောက်ခံပြီး ပွဲမဖြစ် ဖြစ်အောင် တရွတ်တိုက်လုပ်ခိုင်းတာပါပဲ”

တောင်ကြီး အဝေရာ မီးပုံးပျံကွင်းမှာ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တန်ဆောင်တိုင်ပွဲတော်ကို ခုနစ်ရက်တိုင်တိုင် ကျင်းပမှာပါ။

ရှမ်းပြည်နယ်မှာ စစ်ဘေး၊ ရေဘေးကြုံနေရတဲ့ ဒေသတွေဖြစ်ပေမဲ့ တောင်ကြီးမြို့ကတော့ ငြိမ်းချမ်းတဲ့အတွက် ငြိမ်းချမ်းတဲ့အတိုင်း လုပ်ဆောင်တာလို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း တာဝန်ရှိသူက RFA ကိုပြောပါတယ်။

“တခြားနေရာမှာ မငြိမ်းချမ်းတော့လည်း တောင်ကြီးမြို့မှာ ငြိမ်းချမ်းနေတဲ့အတွက် ငြိမ်းချမ်းတဲ့နေရာတော့ ငြိမ်းချမ်းတဲ့အတိုင်း လုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ အကုန်လုံးအခက်အခဲဖြစ်နေပေမယ့်လည်း ရိုးရာမပျက် ကျင်းပရတဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်ပြီးတော့မှ အင်းလေးမှာ ရေနစ်တဲ့အပိုင်းမှာ ဆုံးရှုံးတာတွေ များသလို ဒီလိုပွဲတော် ကျင်းပရခြင်းအားဖြင့် ရေကျပြီးနောက်ပိုင်းမှာ ဘုရားဖူးဖို့ လာမဲ့ဧည့်သည်တွေ နိုင်ငံခြားက လာမဲ့ဧည့်သည်တွေ ဒေသခံတွေ အကုန်လုံး စီးပွားဖြစ် ကိုယ်ကျိုးအလုပ်ပြန်ဖြစ်အောင် ဒီပွဲတော်ကို ပြန်ကျင်းပရတဲ့သဘောပေါ့”

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ဒုတိယအကြိမ်မြောက် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပြန်လည်ကျင်းပခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ မီးပုံးပျံအလုံး ၁၂ဝ ပဲ လွှတ်တင်နိုင်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၊ ၂၀၁၉ ခုနှစ်က တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲမှာ အလုံးရေ လေးရာနီးပါး လွှတ်တင်နိုင်ခဲ့ပါတယ်။
_____________
RFA Burmese Website တွင် ဖတ်ရှုရန် .... A

#တန်ဆောင်တိုင် #တောင်ကြီး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


စီးပွားရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ငွေတောင်းသူ နှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး
~~~
■ စီးပွားရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်‌ပြီး ငွေကြေးတောင်းခံသူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက အောက်တိုဘာ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပြင်ကျေးရွာမှာ နေထိုင်နေတဲ့ ဦးကျော်ခိုင်ဦးနဲ့ မအေးအေးဝင်းတို့ကိုဟာ စီးပွားရေးလုပ်ငန်းရှင်တွေထံနေ ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း သတင်းရတာကြောင့် အောက်တိုဘာ ၂၀ ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။

ဖမ်းဆီးရမိသူတွေဟာ အကြမ်းဖက်ဖောက်ခွဲရေးအဖွဲ့ကဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို ငွေကြေးတောင်းခံစာနဲ့ ကျည်ဆန်တွေ ပေးပို့ပြီး ခြိမ်းခြောက်တောင်းခံခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ငွေကြေးတောင်းခံတာကို တပ်၊ ရဲ၊ ပြည်သူ့စစ်နဲ့ တခြားအဖွဲ့အစည်းတွေကို တိုင်ကြားရင် သတ်ဖြတ်ခံရမယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ကိုင်နေတဲ့ လားရှိုးမြို့က လေးဦး၊ သီပေါမြို့က တစ်ဦး၊ မူဆယ်မြို့က ငါးဦး၊ နမ့်ခမ်းမြို့က နှစ်ဦး၊ တောင်ကြီးမြို့က တစ်ဦး၊ လွိုင်ကော်မြို့က တစ်ဦး၊ ပြင်ဦးလွင်မြို့က လေးဦး၊ နောင်ချိုမြို့က တစ်ဦး၊ မန္တလေးမြို့က ရှစ်ဦးအပါအဝင် စုစုပေါင်း စီးပွားရေးလုပ်ငန်းရှင် ၂၇ ဦးထံကနေ ငွေကျပ်သိန်းပေါင်း နှစ်ထောင့်နှစ်ရာကျော် (၂၂၁၃ သိန်း) ကို ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း ဖမ်းဆီးရမိသူတွေက ထွက်ဆိုခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) အဖွဲ့ဝင်တွေ အယောင်ဆောင်ပြီး မန္တလေး၊ တောင်ကြီးနဲ့ မူဆယ်မြို့တွေက စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ လိမ်လည်ငွေကြေးတောင်းခံတာတွေရှိနေကြောင်း MNDAA အဖွဲ့က စက်တင်ဘာ ၂၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

MNDAA အဖွဲ့အနေနဲ့ မန္တလေးမြို့တွင်း ငွေကြေးတောင်းခံတာတွေမရှိကြောင်းနဲ့ အဲဒီလိုတောင်းခံသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
_______________
RFA Burmese Website တွင် ဖတ်ရှုရန် ...

#ခြိမ်းခြောက် #စီးပွားရေးလုပ်ငန်းရှင် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


တရုတ်-အိန္ဒိယ နယ်စပ်ကိစ္စဖြေရှင်းနိုင်ပြီလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြော
~~~
■ မြန်မာ့အိမ်နီးချင်း တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ နယ်စပ်ပြဿနာ ဖြေရှင်းနိုင်ပြီလို့ ရိုက်တာ သတင်းက အောက်တိုဘာ ၂၁ ရက်နေ့က ဖော်ပြပါတယ်။

နှစ်နိုင်ငံနယ်စပ် ကင်းလှည့်ရေးကိစ္စ လေးနှစ်ကြာ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတာ ပြေလည်သွားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောတယ်လို့ ဆိုပါတယ်။

ဒီအတွက် အာရှတိုက်က နိုင်ငံကြီး နှစ်နိုင်ငံ နိုင်ငံရေးနဲ့ စီးပွားဆက်ဆံရေး တိုးတက်ဖို့ လမ်းပွင့်စေတတယ်လို့ သတင်းက ဖော်ပြပါတယ်။ နှစ်ဖက်အချင်းမများရအောင် သဘောတူထားတဲ့အတိုင်း နယ်စပ်မှာ ကင်းလှည့်မယ်လို့လည်း ဆိုပါတယ်။

ရုရှားနိုင်ငံမှာ ဒီလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အတွင်း ကျင်းပမယ့် BRICS ထိပ်သီးညီလာခံကို အိန္ဒိယဝန်ကြီးချုပ် မိုဒီ တက်ရောက်ကာနီးမှာ ဒီသတင်းထွက်ပေါ်လာတာပါ။

BRICS ဟာ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေရဲ့ အတိုကောက်ဖြစ်ပြီး အဲဒီညီလာခံမှာ ဝန်ကြီးချုပ် မိုဒီဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးနိုင်ခြေရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
___________
(Photo: AFP)

#အိန္ဒိယ #တရုတ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


Live stream finished (15 minutes)

RFA Burmese

21 Jan, 00:25


Live stream started

RFA Burmese

21 Jan, 00:25


ပုလောမှာ စက်လှေနစ်မြုပ်မှု ရှစ်ဦးသေဆုံးပြီး နှစ်ဆယ်နီးပါး ပျောက်ဆုံးနေ
~~~
■ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက္ကာရွာအနီးပင်လယ်ပြင်မှာ မနေ့ညက ခရီးသည်တွေပါတဲ့ စက်လှေတစ်စင်း နစ်မြုပ်ခဲ့တာကြောင့် ရှစ်ဦးသေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေသလို ဒီနေ့နေ့လယ်အထိ ၄၇ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ စက်လှေပေါ်မှာ လူဦးရေ ရှစ်ဆယ်ကျော်ပါတယ်လို့ ပြောနေကြပေမဲ့ စာရင်းအတိအကျမရှိတာကြောင့် အဲဒီထက် ပိုနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ ဒီအကြောင်း မသဇင်လှိုင် တင်ပြပေးထားပါတယ်။
_________
#ပုလော #စက်လှေနစ်မြုပ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:25


အာဏာရှင်ဆန့်ကျင်သူ တယောကိုဖိုးစံ
~~~

#တယောကိုဖိုးစံ #အာဏာရှင်ဆန့်ကျင်သူ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


မဏိပူရ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာတွေ နေရပ်ပြန်ဖို့ အကူအညီလိုနေ
~~~
■ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်ထဲမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၅၆ ဦး နေရပ်ပြန်ဖို့အတွက် မြန်မာသံရုံးက ထုတ်ပေးမဲ့ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားမရသေးလို့ ပြန်ခွင့်မရသေးဘူးလို့ မိသားစုတွေဝင်က RFA ကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ ပြောပါတယ်။

သူတို့ဟာ ၂၀၂၁ ခုနှစ်ကတည်းက မဏိပူပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး စစ်ကိုင်းတိုင်း မုံရွာမြို့နယ်က အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၁ ဦးနဲ့ ကလေး ရှစ်ဦး၊ စုစုပေါင်း ၅၆ ဦး ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက် မြန်မာသံရုံးက နိုင်ငံသားဖြစ်ကြောင်း အတည်ပြုချက်တွေ အပါအဝင် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးမှ ပြန်လို့ရမယ်လို့ မဏိပူရ် ထောင်အာဏာပိုင်တွေက ပြောထားတယ်လို့ အကျဉ်းကျခံနေရသူတွေရဲ့ မိသားစု၀င်တွေက ပြောပါတယ်။

ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ကျခံပြီးသားဖြစ်တာကြောင့် အကျဉ်းကျခံနေရသူတွေကို မြန်မာသံရုံးအနေနဲ့ အမြန်ဆုံးကူညီပေးဖို့အတွက် တောင်းဆိုချင်တယ်လို့ အင်ဖာအကျဉ်းထောင်မှာ ထိန်းသိမ်းခံရတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်မတို့က လေးနှစ်လောက်ရှိတော့မယ်၊ ဒီထောင်မှာ မနေချင်တော့ဘူး။ မြန်မာဘက်ကို အမြန်ဆုံး ဒီနှစ်မကုန်ခင် ပြန်နိုင်ဖို့အတွက် ကူညီပေးစေချင်တယ်။ မြန်မာသံရုံးနဲ့ မြန်မာဘက်က အာဏာပိုင်တွေက ကူညီပေးရင် ကျွန်မတို့က ပြန်နိုင်မှာ ဖြစ်ပါတယ်။ အခုက ကလေးနို့စို့အရွယ်တွေလည်း ရှိတယ်။ အိပ်ရင်လည်း တမန်သလင်းပေါ်မှာပဲ အိမ်နေရတာ အစားအသောက်အပြင် သောက်ရေလည်း အဆင်မပြေဘူးရှင့်။ ကျွန်မတို့ ပြန်ချင်ပြီရှင့်”

ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် မြန်မာသံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၃၈ ဦးကို ဇွန်လ ၁၁ ရက်နေ့က စစ်ကောင်စီထံကို ပြန်ပို့ခဲ့သလို မေလ ၂ ရက်နေ့ကလည်း မြန်မာ ၃၈ ဦးကို အိန္ဒိယဘက်က ပြန်လွှဲပေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
---------------

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ အင်ဖာအကျဉ်းထောင်ကို တွေ့ရစဉ်။ (Photo: e-pao.net)

RFA Burmese Website တွင် ဖတ်ရှုရန် .....

#မဏိပူရ် #အင်‌‌ဖာအကျဉ်းထောင် #အိန္ဒိယ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


စစ်ကောင်စီက ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မည်
~~~


#ရုရှား #စစ်ကောင်စီ #စစ်ရေးလေ့ကျင့် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


ပုလောမှာ စက်လှေ နစ်မြုပ်မှုကြောင့် သေဆုံးသူ ရှစ်ဦးအထိ ရှိလာ
~~~


#ပုလော #စစ်လှေနစ်မြုပ်မှု #သေဆုံး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


နယ်စပ်တစ်နေရာက အနုပညာနဲ့တော်လှန်နေတဲ့ တယောသမား
~~~
■ အာဏာသိမ်းကာလ လေးနှစ်နီးပါး ကြာလာပေမဲ့ နယ်ပယ်အသီးသီးက လူငယ်တွေဟာ နိုင်ရာဝန်ကိုထမ်းရင်း တော်လှန်ရေးခရီးကို ဆက်လျှောက်နေကြပါတယ်။ တယောသမား ကိုဖိုးစံတစ်ယောက်လည်း နယ်စပ်တစ်နေရာမှာ မိသားစုနဲ့အတူ နေထိုင်ပြီး သူကျွမ်းကျင်နဲ့ တယောပညာနဲ့ တော်လှန်ရေးမှာ ဆက်ပြီးပါဝင်နေပါတယ်။ ဒီအကြောင်းကို မထက်ထက်အိန္ဒြာအောင်က တင်ပြထားပါတယ်။
---------------

RFA Burmese Website တွင် ဖတ်ရှုရန် .....

#တယောသမား #တော်လှန်ရေး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:25


သံရုံးတိုက်ခိုက်တဲ့သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ်တောင်းဆို
~~~
■ မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်တဲ့လုပ်ရပ်ကို တရုတ်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ကျူးလွန်တဲ့သူတွေကိုဖော်ထုတ်ပြီး ဥပဒေအရပြင်းပြင်းထန်ထန် အရေးယူပေးဖို့ကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ကျန်းက ဒီနေ့တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၁၈ ရက် သောကြာနေ့ညနေ ၅ နာရီလောက်ကဖြစ်ခဲ့တဲ့ ဗုံးနဲ့တိုက်ခိုက်တဲ့ဖြစ်ရပ်မှာ လူထိခိုက်တာမရှိပေမဲ့ သံရုံးအဆောက်အအုံ နည်းနည်းပျက်စီးသွားတယ်လို့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေက ဘေဂျင်းမှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ၊ စီးပွားရေးသမားတွေ၊ အသင်းအဖွဲ့တွေအနေနဲ့ လုံခြုံရေးသတိထားဖို့ကိုလည်း သူကထပ်လောင်းပြောဆိုလိုက်ပါတယ်။
---------------

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှိရာလမ်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: The Mandalay News Journal)

RFA Burmese Website တွင် ဖတ်ရှုရန် .....

#တရုတ် #သံရုံး #မန္တလေး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:24


ငါန်းဇွန်မှာ စစ်ဘေးဒုက္ခသည်တွေကို ပြန်လွှတ်ဖို့ ငွေကြေးတောင်းခံနေ
~~~

■ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထိုးချိန် ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံသုံးဆယ်ကျော်ကို ပြန်လွှတ်ပေးဖို့အတွက် စစ်ကောင်စီဘက်က ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၂၁ ရက် ဒီနေ့မှာ ပြောပါတယ်။

သူတို့ကို ငါန်းဇွန်မြို့ပေါ်က ဘောလုံးကွင်းထဲမှာ ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးဖို့အတွက် လူတစ်ဦးကို ငွေကျပ် ဆယ်သိန်းကနေ သိန်းနှစ်ဆယ်ကျော်အထိ တောင်းယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုထိ ဘောလုံးကွင်းထဲမှာ ဖမ်းထားတာဗျ။ အထဲမှာ ၇ နှစ်အရွယ် ကလေးတစ်ဦးရော၊ အသက်ကြီးတဲ့သူတွေရော ပါတယ်။ အလုပ်အကိုင်မရှိလို့ စစ်ရှောင်နေရပါတယ်ဆို ငွေကြေးနဲ့ ပြန်ရွေးခိုင်းမှတော့ ဘယ်လိုရွေးနိုင်မတုန်း။ မိသားစုတွေကိုလည်း အတွေ့မခံဘူး”

ညောင်လေးပင်ရွာ ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည် ငါးဆယ်ကျော်ကို အောက်တိုဘာ ၈ ရက်နေ့ စစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ ဖမ်းဆီးခဲ့ပြီး အသက်အရွယ်ကြီးသူတွေနဲ့ အမျိုးသမီးအများစုကို ပြန်လွှတ်ပေးခဲ့ပေမဲ့ သုံးဆယ်ကျော်ကို ဆက်လက် ဖမ်းဆီးထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီကတော့ ညောင်လေးပင်ရွာမှာ စစ်ကြောင်း ကင်းပတ်တာတွေရှိပေမဲ့ ဒေသခံတွေကို ဖမ်းဆီးခဲ့တာ မရှိဘူးလို့ အောက်တိုဘာ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း ငါန်းဇွန်မြို့ပေါ်နဲ့ သံကုန်း၊ မြေတိုင်း၊ ကျောက်တစ်လုံး စတဲ့ ရွာပေါင်းဆယ်ရွာထက်မနည်းက ဒေသခံအမျိုးသား ရှစ်ဆယ်ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
_______
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့တစ်နေရာကို တွေ့ရစဉ်။ (Facebook/ Than Htun Oo nzn Photo)

#ငါန်းဇွန် #စစ်ဘေးဒုက္ခသည်များ #ငွေကြေးတောင်းခံ #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:23


တမူးကနေ ကလေးမြို့ကို ဆေးကုသဖို့ သွားလာခွင့် ကန့်သတ်
~~~

■ စစ်ကိုင်းတိုင်း တမူးမြို့နယ်နဲ့ ကလေးမြို့ အသွားအလာတွေကို စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေလုပ်ပြီး ဆေးကုသဖို့ လာတဲ့လူနာတွေကို ကလေးမြို့ထဲ ဝင်ခွင့်ကန့်သတ်လိုက်တယ်လို့ ကလေးဒေသခံတွေက RFA ကို အောက်တိုဘာ ၂၀ ရက် ဒီနေ့ပြောပါတယ်။

ဒီရက်ပိုင်းမှာပဲ တမူးမြို့ကနေ ကလေးမြို့ကို ဆေးကုသဖို့လာတဲ့ လူနာတွေကို ကလေးမြို့အဝင် စစ်ဆေးရေးဂိတ်က ဝင်ခွင့်မပြုဘဲ လှည့်ပြန်ခိုင်းတာတွေ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“တချို့က ကားတွေကို ဂိတ်မရောက်ခင်ရပ်ပြီး ဆိုက်တွဲငှားပြီး မြို့ထဲကို ဝင်ကြရတာ။ ဒီရက်ပိုင်းမှာလည်း အရေးပေါ် လူနာပေါ့။ ကလေးမြို့ ဆေးရုံးတက်ဖို့ လာကြတာ။ ကလေးမြို့ အဝင်လမ်းကနေ ဝင်ခွင့်မပြုတာ ပြန်လှည့်ခဲ့ရတာမျိုးရှိတယ်”

စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်က ဘယ်လိုအကြောင်းပြချက်မှမပြောဘဲ လှည့်ပြန်ခိုင်းခဲ့တာလို့ သူက ပြောပါတယ်။

အိန္ဒိယ-မြန်မာ တမူး-မိုးရေး နယ်စပ်ကုန်သွယ်ရေး ပိတ်ထားတာကြောင့် တမူးမြို့နယ်က ဒေသခံတွေဟာ ကလေးမြို့ကနေ စားသောက်ကုန် အပါအဝင် ကျန်းမာရေးအတွက် ဆေးခန်းပြတာကအစ ကလေးမြို့ကို လာကြရတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး တမူး-ကလေး ကားလမ်းမကြီးပေါ် သွားလာမှုကို ကန့်သတ်တာ၊ တင်းတင်းကျပ်ကျပ်စစ်ဆေးတာတွေ ပြုလုပ်လာပြီးနောက် အောက်တိုဘာလကစပြီး ကုန်စည် သယ်ယူခွင့်ကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

တမူးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ တမူးမြို့နယ်ထဲက ခမ်းပါတ်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတာကြောင့် အခုလို ဖြတ်တောက်မှုတွေ လုပ်တာလို့ ပြောပါတယ်။

ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကို ဆန်အပါအဝင် စားသောက်ကုန်နဲ့ အိမ်ဆောက်ပစ္စည်း သယ်ယူခွင့်ကို စစ်ကောင်စီက သြဂုတ်လလယ်ပိုင်းကစပြီး အခုအချိန်အထိ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
_____
ကလေးမြို့ လမ်းဆုံအနီးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)

#ကလေးမြို့ #တမူး #လူနာ #ကန့်သတ် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

တမူးကနေ ကလေးမြို့ကို ဆေးကုသဖို့ သွားလာခွင့် ကန့်သတ်

RFA Burmese

21 Jan, 00:23


ပခုက္ကူမှာ ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ PDF နှစ်ဦး သတ်ဖြတ်ခံရ
~~~

■ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ် (PDF) စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၇ ရက် မနက် ငါးနာရီခန့်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ ကိုယ်ဝန်ဆောင်တစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို အောက်တိုဘာ ၂၀ ရက် ဒီနေ့ပြောပါတယ်။

ပခုက္ကူမြို့ကနေ စစ်ကောင်စီတပ် အင်အားတစ်ရာကျော်နဲ့ စစ်ကြောင်းထိုးလာပြီး ကိုးပင်ကျေးရွာဘက် ချောင်းကနေတစ်ဆင့် ကိုင်းရွာအနီးက PDF စစ်ဆေးရေးဂိတ်ကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အသက် ၂၅ နှစ်အရွယ် မအသန်းဖြစ်ပြီး စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန်မှာ ထွက်မပြေးနိုင်တာကြောင့် ပြန်လည်ခုခံရင်း သတ်ဖြတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

မအသန်းဟာ ကိုယ်ဝန်ငါးလရှိနေပြီး သေဆုံးချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး ဓားနဲ့ အမွှန်းခံရကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

သူ့ရဲ့ခုခံပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးလည်း သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အမျိုးသမီးက သေနတ်နဲ့ ပြန်ပစ်လိုက်တာ စကစဘက်က တစ်ယောက် သေသွားတယ်။ အဲဒီမှာ အမျိုးသမီးကို သတ်ဖြတ်ခဲ့တာ။ ကျန်ရဲဘော်နှစ်ယောက်ကတော့ အဆက်အသွယ် ပြတ်သွားတာ။ စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်မှာလည်း ရဲဘော်နှစ်လောင်း တွေ့တယ်။ လက်နက်တွေရောပေါ့။ အစီးခံရတဲ့အချိန်မှာ ကစဥ့်ကလျား ဖြစ်သွားပေါ့လေ။ ရဲဘော်တွေကို ကျွန်တော် ရှာနေပေမဲ့ အဆက်အသွယ် ပြတ်သွားတာ”

မအသန်းရဲ့ အမျိုးသားဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ် စီးနင်းချိန် ပစ်ခတ်မှုဖြစ်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူက ပြောပါတယ်။

နောက်ထပ် သေဆုံးတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ သေဆုံးသူ သုံးဦးစလုံးဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ရုပ်အလောင်းနဲ့အတူ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ အောက်တိုဘာ ၁၉ ရက် မနေ့က ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
____
မကွေးတိုင်း၊ ပခုက္ကူမြို့တွင်းတစ်နေရာကို တွေ့ရစဥ်။ (Citizen Photo)

#ပခုက္ကူ #ကိုယ်ဝန်ဆောင် #PDF #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:23


လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု များနိုင်ကြောင်း မိုးဇလပြော
~~~

■ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်လာပြီး အဲဒီအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ မိုးကြီးခြင်း၊ မိုးထစ်ချုန်းရွာတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူ ဦးစီးဌာနက အောက်တိုဘာ ၂၀ ရက် ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လေဖိအားနည်း ရပ်ဝန်းကနေ မုန်တိုင်းငယ်အဖြစ်သို့ ဆက်လက်ရောက်ရှိနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့လည်း ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လျှပ်တစ်ပြက် ရေကြီး၊ မြေပြိုတာတွေ ဖြစ်လာနိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ် သတိပြုကြဖို့နဲ့ မြစ်၊ ချောင်းအနီး နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုကို သတိပြုကြဖို့လည်း မိုးဇလက တိုက်တွန်းပါတယ်။

ရန်ကုန်မြို့မှာတော့ အောက်တိုဘာ ၁၉ ရက်နေ့ကစလို့ လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အလားတူ ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာပြီးနောက် ရေကြီး၊ မြေပြိုမှုတွေဖြစ်ပြီး သေဆုံးသူ ၄၃၃ ဦးနဲ့ ပျောက်ဆုံးသူ ၇၉ ဦးအထိ ရှိတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
____
ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံနေသည်ကို တွေ့ရစဉ်။ (RFA Photo)

#လေဖိအားနည်းရပ်ဝန်း #မိုးရွာသွန်းနိုင် #စစ်ကောင်စီ #မိုးဇလ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:23


Live stream finished (15 minutes)

RFA Burmese

21 Jan, 00:23


Live stream started

RFA Burmese

21 Jan, 00:23


မနက်ခင်းသတင်း ( ၂၀၂၄ အောက်တိုဘာ ၂၀ ရက်)
~~~
- မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်ခံရမှု NUG ကန့်ကွက်ရှုတ်ချ၊
- ပန်ဝါမြို့သိမ်းပိုက်ပြီးနောက် KIA ထိန်းချုပ်နယ်မြေက နယ်စပ်ဂိတ်တွေကို တရုတ်က ပိတ်၊
- ရေးမြို့က စစ်ကောင်စီ ယာယီအထိုင်စခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်၊
- စစ်ကောင်စီကို လုံခြုံရေးကောင်စီကတဆင့် ICC ကိုလွှဲအပ်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို၊
- စက်တင်ဘာလအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၆၀ ကျော် သေဆုံး၊
- ရခိုင်ရိုးမအစပ်က နေအိမ် သုံးရာခန့်ကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီ ညွှန်ကြား၊
- လူကုန်ကူးခံရတဲ့ရိုဟင်ဂျာတွေ သေဆုံးမှု ထိထိရောက်ရောက်အရေးယူဖို့ HRW တောင်းဆို၊
- ရိုဟင်ဂျာတစ်ရာကျော်ပါတဲ့ စက်လှေတစ်စီး အင်ဒိုနီးရှားကမ်းခြေရောက်၊
____________
#သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese

21 Jan, 00:22


မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှု NUG ကန့်ကွက်ရှုတ်ချ
~~~
■ မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ ကန့်ကွက်ရှုတ်ချကြောင်း နဲ့ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမှာ အထူးစိုးရိမ်ကြောင်း အမျိုးသားညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးအနီး၊ ၇၃ လမ်းပေါ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံး အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ငါးနာရီ ခွဲအချိန်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပျက်ပြားစေမဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ အကာအကွယ်ပေးရမဲ့ သံတမန်အဆောက်အအုံတွေကို တိုက်ခိုက်တဲ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်းနဲ့ NUG အနေနဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေမဲ့ ဘယ်လုပ်ရပ်မျိုးကိုမဆို အမြဲ ဆန့်ကျင်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုဟာ အမျိုးသားရေးလှုပ်ရှားမှုနာမည်ခံပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်နေသလို တစ်ချိန်က တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့တဲ့ လက်သည် တရားခံဖြစ်ကြောင်း ထပ်လောင်းသတိပေးလိုတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ မတူကွဲပြားတဲ့သဘောထားတွေ ရှိခဲ့ရင်လည်း NUG အနေနဲ့ သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့်ကိစ္စတွေ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်စေမယ့် ကိစ္စတွေကို ကန့်ကွက်ရှုတ်ချ‌ကြောင်းလည်း ရေးသားထားပါတယ်။
______
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှိရာလမ်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: The Mandalay News Journal)
#မန္တလေး #NUG #တရုတ်ကောင်စစ်ဝန်ရုံး #တိုက်ခိုက်ခံရ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:22


စက်တင်ဘာလအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၆၀ ကျော် သေဆုံး
~~~
■ ၂၀၂၄ ခုနှစ် စက်တင်ဘာလ တစ်လအတွင်း ပဋိပက္ခဒေသတွေမှာ အနည်းဆုံး အရပ်သား ၂၆၁ ဦး သေဆုံးခဲ့ပြီး ၄၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီသေဆုံးမှုတွေဟာ စစ်ဆင်ရေးနဲ့ တိုက်ပွဲတွေကြောင့်တင်မကဘဲ စစ်ကောင်စီတပ်၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမည်မသိအဖွဲ့အစည်းတွေရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အရပ်သားတွေအပေါ် စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်တာဟာ စက်တင်ဘာလအတွင်း အများဆုံးဖြစ်ပြီး သေဆုံးသူ အရပ်သား ၁၂၄ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒုတိယအများဆုံးကတော့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၄၉ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အမည်မသိအဖွဲ့အစည်းတွေကြောင့် သေဆုံးသူ ၂၂ ဦး ရှိတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းပြည်နယ်တောင်းပိုင်းတွေက စုစုပေါင်း သေဆုံးသူ အရပ်သား ငါးဦးအထိ ရှိတယ်လို့ ရေးသားထားပါတယ်။

စက်တင်ဘာလအတွင်းက တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်သား ထောင့်တစ်ရာနီးပါး (၁၀၉၉ ဦး) သေဆုံးခဲ့ပြီး သုံရာကျော် (၃၂၆ ဦး) ဒဏ်ရာရခဲ့သလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ၂၉ ဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီထုန်ပြန်ချက်ကို သတင်းဌာနပေါင်း လေးဆယ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တရားဝင် သတင်းထုတ်ပြန်မှုတွေကို လေ့လာကောက်ယူထားတာဖြစ်ပြီး ထိခိုက်သေဆုံးမှုအရေအတွက်ဟာ မြေပြင်မှာ ပိုများနိုင်တယ်လို့ ဉာဏ်လင်သစ်အဖွဲ့က ဆိုပါတယ်။
___
လားရှိုးမြို့ရှိ မန်နားရွာကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ က လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ - Facebook/လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့)
#သေဆုံး #ဉာဏ်လင်းသစ် #rfaburmese #လွတ်လပ်တဲ့အာရှအသံ
RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:22


စစ်ကောင်စီကို လုံခြုံရေးကောင်စီကတဆင့် ICC ကို လွှဲအပ်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို
~~~
■ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက မြန်မာပြည်တရားဥပဒေတွေနဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူနိုင်ခြင်း မရှိတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို
နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် မြန်မာနိုင်ငံအပါအဝင် တခြားကမ္ဘာ့‌နေရာ တွေမှာ ခိုအောင်းလို့ မရအောင် ခိုင်မာတဲ့ နိုင်ငံတကာစနစ်ပေါ်ပေါက်ဖို့ လည်း ဦးကျော်မိုးထွန်း က တောင်းဆိုလိုက်ပါတယ်။

“ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူရဲ့ နယ်ပယ်နဲ့ အသုံးချမှု ” ခေါင်းစဥ်နဲ့ အောက်တိုဘာ ၁၆ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလ လေးနှစ်နီးပါးရှိလာချိန်မှာ စစ်ကောင်စီဟာ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကို စနစ်တကျ ဖျက်ဆီးခဲ့ပြီး ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒီလိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နိုင်ဖို့ စစ်ကောင်စီခန့်ထားတဲ့ ပြည်ထောင်စုရှေ့နေချုပ် အပါအဝင် လက်ရှိနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ဥပဒေကဏ္ဍကို ဉီးဆောင်နေသူတွေက ဥပဒေတွေ ပြင်ဆင်ရေးဆွဲပေးခဲ့ပြီး ဒီဥပဒေတွေနဲ့ ပြည်သူတွေအပေါ် လက်နက်သဖွယ် သုံးနေတာကြောင့် နိုင်ငံတကာက ဝိုင်းဝန်း ထောက်ပြနေတဲ့ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတွင်း လွတ်လပ်ပြီး ဘက်မလိုက်ဘဲ တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ မဖြစ်နိုင်တော့ကြောင်းလည်း ဦးကျော်မိုးထွန်း က ဆိုပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံလို ဖြစ်စဥ်တွေမှာ ကျုးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်နေတာကို ဖြေရှင်းမပေးနိုင်တဲ့အခါ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို သုံးဖို့က အထူးအရေးပါလာတယ်လို့လည်း သူက ထောက်ပြပါတယ်။

အဲဒါကြောင့် စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ထံ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေတဆင့် လွှဲအပ်တင်သွင်းဖို့၊ စစ်ကောင်စီကို တစ်ကမ္ဘာလုံးက လက်နက်တင်ပို့ရောင်းချတာနဲ့ တိုက်လေယာဉ်ဆီ ထောက်ပံ့တာတွေကို အရေးယူပိတ်ဆို့ပေးဖို့နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်ကို သုံးပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။
___
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး တက်ရောက်နေသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
#UN #ukyawmoetun #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:22


လေးကေ့ကော်ဒေသခံတွေ စစ်ကောင်စီတပ် လေကြောင်းရန် စိုးရိမ်နေ
~~~
■ စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့က လက်လွှတ်လိုက်ရတဲ့ လေးကေ့ကော် စွယ်တော်ကုန်းစစ်စခန်းကို လေကြောင်း၊ ကုန်းကြောင်းနဲ့ ပြန်လည်စစ်ဆင်သိမ်းယူမဲ့ သတင်းတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပြီး မြို့ကိုစွန့်ခွာဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အမြောက်ကုန်းစခန်းအနီးက ဖလူးကျေးရွာ၊ ရသေ့ဂူကျေးရွာ၊ ထီးမယ်ဝါးခီးကျေးရွာနဲ့ လေးကေကော်မြို့သစ်ကနေ စစ်ဘေးရှောင်နေရတဲ့ ပလော့တပို့ စစ်ရှောင်စခန်းနေရာတွေက ဒေသခံတွေဟာ အရေးပေါ်လေကြောင်းရန် ရှောင်ရှားဖို့ စီစဉ်နေကြတယ်လို့ ဖလူးကျေးရွာသားတစ်ဦးက RFA ကိုပြောပါတယ် ။

"လေယာဥ်ကလည်း စခန်းသိမ်းပြီးတော့ တစ်ခေါက်လာကြဲတယ်ပေါ့နော်၊ စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းလည်းကြားတယ်၊ ကျွန်တော်တို့ဘက်ကတော့ ကြိုတင်ပြင်ဆင်မှုကတော့ရှိတယ်၊ သွားရမဲ့နေရာ ရှောင်ရမဲ့နေရာတွေ ကြိုတင် ပြင်ထားတာရှိတယ်၊ သက်ကြိးရွယ်အိုတွေ၊ကလေးတွေအတွက်"

လတ်တလောမှာ ဖလူးကျေးရွာနဲ့ မင်းလက်ပံ ကျေးရွာသားတွေဟာ နေ့ဘက်မှာနေအိမ်နဲ့ တောင်ယာစိုက်ခင်းတွမှာ ပြန်လည်နေထိုင် အလုပ်လုပ်ကြပြီး ညဘက်မှာ အကာအကွယ်အခိုင်အမာရှိတဲ့နေရာတွေမှာ ရှောင်တိမ်းညအိပ်ကြတယ်လို့ ထီးမယ်ဝါးခီးကျေးရွာက အမျိုသမီးတစ်ဦးကလည်း ပြောပါတယ် ။

" ဖလူးတို့၊ မင်းလက်ပံတို့ကတော့ သတိထားရတာပေါ့လေ၊ အခုနောက်ပိုင်းကတော့ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ သူတို့နေ့ခင်းနေ့လယ်အိမ်ပြန်ကြည့်တယ်၊ ညဘက်ကျတော့ သူတို့ကရှောင်နေတယ်၊ အခြားနေရာမှာ ရှောင်အိပ်နေတယ်လို့သိတယ်၊ လေးကေကော်ကလူတွေကျတော့သူတို့အရင်ထဲက စစ်ရှောင်ထားပြီးသားလေ၊ လေးကေ့ကော်မှာ ပြန်နေလို့မှမရတာ၊ သူတို့ရှိနေတဲ့အတိုင်းပဲ ရှိနေတာပဲလေ၊ နည်းနည်းတော့သတိထားရတာပေါ့"

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ကတည်းက လေးကေ့ကော်ဒေသကို စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့တာတွေကြောင့် ဒေသခံတစ်သောင်းကျော် ထိုင်းမြန်မာနယ်စပ်က ယာယီစစ်ဘေးရှောင်စခန်း ခုနစ်ခုမှာ ခိုလှုံနေကြရပြီး ဒီကနေ့အချိန်အထိ နေရပ်ပြန်လည်နေထိုင်လို့ မရသေးပါဘူး။

အဲဒီထဲက မြို့လုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ လေးကေ့ကော်မြို့သစ်က ရပ်ကွက်ခြောက်ခုနဲ့ ထီးမယ်ဝါးခီး၊ ရသေ့ဂူကျေးရွာတွေက လူပေါင်းသုံးထောင်ကျော်ဟာ သောင်ရင်းမြစ်အနီးက ပလော့တပို့ စစ်ရှောင်စခန်းနဲ့ အင်ကြင်းမြိုင် စစ်ရှောင်စခန်းမှာ နေထိုင်နေကြပါတယ်။

အခုတော့ အဲဒီကျေးရွာတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီရဲ့ အမြောက်ကုန်းကို KNLA ပူးပါင်းတပ်တွေ ဖျက်စီးသိမ်းပိုက်လိုက်တဲ့အပေါ်ဝမ်းသာပီတိဖြစ်ရပြီး KNU လူကြီးတွေက ကိုယ့်အိမ်ကိုယ့်နေရာတွေကို ပြန်လည်နေထိုင်လို့ရပြီဆိုတဲ့အချိန်ကို စောင့်ဆိုင်းနေတယ်လို့ လေးကေကော်ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်စခန်းသိမ်းပိုက်ရာမှာ ပူးပါင်းပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းတွေကို ကျေးရွာဒေသခံတွေက ကြိုဆိုဂုဏ်ပြုကြပြီး မြဝတီမြို့အနီးက မေတ္တာ‌လင်းမြိုင်ကျေးရွာဘက်အထိ အောင်ပွဲခံလှည်လည်ခဲ့ကြပါတယ်။
____
KNLA နှင့် ပူးပေါင်းတပ်များ သိမ်းဆည်းထားသည့် စွယ်တော်ကုန်းလက်နက်ကြီးဗျူဟာတပ်စခန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo : Cobra Coloumn တပ်ခွဲ-၃)
#လေးကေ့ကော် #KNLA #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:22


လူကုန်ကူးခံရတဲ့ရိုဟင်ဂျာတွေ သေဆုံးမှု ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့ HRW တောင်းဆို
~~~
■ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တစ်စု သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ကိစ္စကို ထိုင်းအစိုးရအနေနဲ့ ထိထိရောက်ရောက်စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က အောက်တိုဘာ ၁၉ ရက်နေ့ ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အရေးပေါ်အကာအကွယ်တွေပေးဖို့နဲ့ ကျူးလွန်မှုမှာ တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းအပြင်ဘက်မှာ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာအုပ်စုတစ်စုကို ဘုန်းကြီးတွေက တွေ့ရှိခဲ့ပြီး ရဲတွေကိုအကြောင်းကြားခဲ့ကြပါတယ်။ ဒီရိုဟင်ဂျာတွေထဲက အနည်းဆုံး ၁၀ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး အများစုက သတိလစ်မေ့မြောနေကြတယ်လို့ ဆိုပါတယ်။ အဲဒီထဲက နှစ်ဦးဟာ သေဆုံးနေပြီး ကျန်တဲ့သူတွေကို ဘန်ကောက်မြို့တောင်ဘက် ကီလို ၅၀၀ အကွာ Lang Suan ခရိုင်က ဆေးရုံတွေကိုပို့ဆောင်ပေးခဲ့ကြောင်းနဲ့ နောက်ထပ် တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောကြားချက်အရ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၇၀ ခန့် မဲဆောက်မြို့ကို အောက်တိုဘာ ၁၆ ရက်နေ့က ရောက်လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံကိုရောက်တာနဲ့ မလေးရှားနယ်စပ် ကီလိုမီတာ ၁၅၀၀ ခရီးကိုသွားဖို့ ထရပ်ကားတွေထဲကို အတင်းထိုးသိပ် တွန်းပို့ခံခဲ့ရကြောင်း နဲ့ ထရပ်ကားတစ်စီးစီမှာ ရိုဟင်ဂျာ ဒါဇင်နဲ့ချီတင်ဆောင်ပြီးထွက်အလာ ကီလို ၁၀၀၀ ကျော်ခရီးအရောက်မှာ ထရပ်ကားတစ်စီးက ကားမောင်းသူတွေက အသက်ရှုမွန်းကျပ်သေဆုံး၊ မေ့မျောနေတဲ့ ရိုဟင်ဂျာတွေကို စွန့်ပစ်ထားခဲ့တာလို့ ဆိုပါတယ်။
____
ရိုဟင်ဂျာ သုံးဦး အသက်ရှုကျပ်သေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ထိုင်းအာဏာပိုင်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Thai News)
#ထိုင်းနိုင်ငံ #ရိုဟင်ဂျာ #HRW #rfaburmese #လွတ်လပ်တဲ့အာရှအသံ
RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:22


ရေးမြို့က စစ်ကောင်စီ ယာယီအထိုင်စခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်
~~~
■ မွန်ပြည်နယ် ရေး - သံဖြူဇရပ်ကားလမ်းမပေါ် စံပြကျေးရွာအနီးက စစ်ကောင်စီ ခမရ (၅၈၈) ယာယီအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ဗိုလ်ကြီး တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းက အောက်တိုဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ခမရ (၅၈၈) ယာယီအထိုင်စခန်းကို အောက်တိုဘာလ ၁၇ ရက်မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး MA1 တစ်လက်နဲ့ MA 2 တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေကို လူနာတင်ယာဉ် လေးစီးနဲ့ ရေးမြို့ပြည်သူဆေးရုံကြီးကို သယ်ဆောင်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မဟာမိတ်အဖွဲ့တွေဘက်က နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာခဲ့တယ်လို့လည်း ဆိုပါတယ်။ နှစ်ဖက် ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ (၁၀၆) က လက်နက်ကြီးနဲ့ လေးကြိမ်ပစ်ခတ်ခဲ့တာကြောင့် စံပြကျေးရွာထဲ သုံးလုံးကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီ ခမရ (၅၈၈) ယာယီအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း လုံခြုံရေးတပ်ခွဲ၊ ရေး ‌ပြောက်ကျားတပ် (YGF) တပ်ခွဲ၊ ဗျူဟာ ၃၃ အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ KNLA တပ်ရင်း ၂၇၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း ၁ စတဲ့ အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
______
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းမှ တပ်ဖွဲ့ဝင်များအား ရေးမြို့နယ်ရှေ့တန်းတစ်နေရာမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလက တွေ့ရစဉ်။ (Photo : Dawna Column)
#ဒေါနစစ်ကြောင်း #ရေး #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:22


ရိုဟင်ဂျာတစ်ရာကျော်ပါတဲ့ စက်လှေတစ်စီး အင်ဒိုနီးရှားကမ်းခြေရောက်
~~~
■ ရိုဟင်ဂျာ တစ်ရာကျော် တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ဆုံးပြည်နယ်မှာ တွေ့ရှိခဲ့ပြီး လိုက်ပါလာသူတွေထဲက အနည်းဆုံး တစ်ဦး လှေပေါ်မှာ သေဆုံးနေတာတွေ့ရတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ပြောလိုက်ပါတယ်။

စက်လှေဟာ အာချေးခရိုင် တောင်ဘက် ကမ်းရိုးတန်းနဲ့ လေးမိုင်ခန့်အကွာမှာ ကျောက်ချရပ်နားထားတာကို တွေ့ရတာလို့ AFP သတင်းက ဖော်ပြပါတယ်။

ရပ်ရွာခေါင်းဆောင် Muhammad Jabal က အဲဒီစက်လှေကို သောကြာနေ့ (အောက်တိုဘာ ၁၈ရက်) မှာ စတွေ့ခဲ့တာဖြစ်ပြီး လှေပေါ်ပါလာတဲ့ ဒုက္ခသည်တွေကို ရေနဲ့ အစားအသောက်တွေ ပို့ရင်း လှေပေါ်မှာ ကလေးတွေအများအပြား လိုက်ပါလာတာတွေ့ရတယ်လို့ ဆိုပါတယ်။

တောင်အာချေးခရိုင် ပြောခွင့်ရှိသူက ဒီစက်လှေတွေ့ရှိတာကို အတည်ပြုပေမဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာကို လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေကသာ ဆုံးဖြတ်မှာဖြစ်တယ်လို့ AFP ကို ပြောထားပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ဒီဒုက္ခသည်တွေကို ဒေသအာဏာပိုင်တွေ ချက်ချင်းကယ်တင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

ဒီဒုက္ခသည်လှေကို မတွေ့ခင် ရိုဟင်ဂျာအမျိုးသမီးတစ်ဦး ရုပ်အလောင်းကို ပင်လယ်ပြင်မှာ တွေ့ရှိခဲ့ပေမဲ့ သေဆုံးသူက အဲဒီလှေပေါ်မှာ လိုက်ပါလာသူတွေနဲ့ ဆက်စပ်မှု ရှိ မရှိကိုတော့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က အတည်မပြုသေးပါဘူး။

အာချေးဒေသခံအများစုကတော့ ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် စာနာနားလည်ပေမဲ့ အခုလိုဒုက္ခသည်တွေ ရောက်လာတဲ့အပေါ် ကန့်ကွက်ဆန္ဒပြသူတွေလည်း ရှိပါတယ်။

မြန်မာစစ်တပ် အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေဟာ မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားကို သွားဖို့ အသက်အန္တရာယ်များတဲ့ ပင်လယ်ပြင်လမ်းကြောင်းကနေ နှစ်စဉ်ထွက်ခွာနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် တစ်နှစ်တည်းမှာတင် အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ ၂၃ဝဝ ကျော်ရှိပြီး၊ ရိုဟင်ဂျာအယောက် ၅၇ဝ နီးပါးကတော့ ပင်လယ်ပြင်မှာ သေဆုံးပျောက်ရှခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
___
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ စက်လှေနှင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် တွေ့ရစဉ်။ (Photo : AFP)
#ရိုဟင်ဂျာ #အင်ဒိုနီးရှား #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:22


မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံး ဗုံးနဲ့ တိုက်ခိုက်ခံရ
~~~
■ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးအနီး၊ ၇၃ လမ်းပေါ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို အောက်တိုဘာ ၁၈ ရက် မနေ့ ညနေ ၅နာရီ ခွဲအချိန်မှာ ဗုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ မန္တလေးမြို့ခံတွေက RFA ကို အောက်တိုဘာလ ၁၉ ရက် ဒီနေ့ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ၇၃ လမ်းကို လမ်း ၁၀၀ (သိပ္ပံလမ်း) ကစပြီး မင်္ဂလာမန္တလေး အနီးအထိ ပိတ်ဆို့ကာ စစ်ဆေးမှု တွေလုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ဖြစ်စဉ်ကတော့ဟုတ်တယ်။ ပြောရမယ်ဆိုရင် အဲဒီလမ်းက လုံခြုံရေးလည်း တင်းကျပ်ထားတာ ဒီလိုမျိုး လွယ်လွယ်နဲ့ ဝင်ဖို့မလွယ်တဲ့လမ်း၊ ဌာနဆိုင်ရာရုံးအများကြီးရှိတယ်။ လုံခြုံရေးလည်း တင်းကျပ်ထားတဲ့ အနေအထားကြီးမှာ မြို့ပြ ပြောက်ကျားပုံစံလုပ်တာမဟုတ်ဘူး”

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါ ဖြေကြားဖို့ မဖြစ်နိုင်တဲ့အကြောင်းနဲ့ အီးမေးလ်နဲ့ ဆက်သွယ် မေးမြန်းဖို့ ဖုန်းလက်ခံဖြေကြားသူက ပြောပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်သလို စစ်ကောင်စီရဲ့ နယ်မြေဆုံးရှုံးမှုတွေမှာ တရုတ်က ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတပ် ထောက်ခံသူတွေကလည်း ဆန့်ကျင်မှုတွေရှိနေပါတယ်။

လက်ရှိမှာ မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ဟာ မစ္စကောင်းဖျင် ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီက တရုတ်ကောင်စစ်ဝန်ရုံးတာဝန်ရှိသူတွေနဲ့ပူးပေါင်းကာ ပေါက်ကွဲတဲ့အကြောင်းအရင်း စိစစ်နေသလို၊ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးနေပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ အောက်တိုဘာ ၁၉ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

(မှတ်ချက်။ ။ စစ်ကောင်စီထုတ်ပြန်ချက်ကို ဖြည့်စွက်ဖော်ပြထားပါသည်။)
_________

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှိရာလမ်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: The Mandalay News Journal)

#မန္တလေး #စစ်ကောင်စီ #တရုတ်ကောင်စစ်ဝန်ရုံး #တိုက်ခိုက်ခံရ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:22


Live stream finished (15 minutes)

RFA Burmese

21 Jan, 00:22


Live stream started

RFA Burmese

21 Jan, 00:22


ကချင်အထူးဒေသ (၁) ပန်ဝါမြို့ကို KIA သိမ်းပိုက်
~~~
■ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ရဲ့ ကချင်အထူးဒေသ (၁) ဌာနချုပ်ရှိရာ ပန်ဝါမြို့ကို KIAနဲ့ ပူးပေါင်း တပ်ဖွဲ့တွေက အောက်တိုဘာလ ၁၈ ရက် မနေ့က သိမ်းပိုက်လိုက်ပါတယ်။ မြေရှားသတ္တုအဓိကထွက်ရာ ပန်ဝါမြို့သိမ်းတိုက်ပွဲအခြေအနေကို ကိုရဲခေါင်မြင့်မောင် က တင်ပြထားပါတယ်။
___________
#ပန်ဝါ #တရုတ် #နယ်စပ်ဂိတ်ပိတ် #KIA #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:22


ရခိုင်ရိုးမအစပ်က နေအိမ် သုံးရာခန့်ကို စစ်ကောင်စီက ပြောင်းရွှေ့ဖို့ ညွှန်ကြား
~~~
■ ရခိုင်ရိုးမအစပ်ဖြစ်တဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်က နေအိမ် သုံးရာခန့်ကို နီးစပ်ရာ ရွာတွေမှာ ပြောင်းရွှေ့နေထိုင်ဖို့ စစ်ကောင်စီတပ်တွေက ညွှန်ကြားထားတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာလ ၁၉ ရက် ဒီနေ့ပြောပါတယ်။

အဲဒီဒေသခံတွေဟာ ရခိုင်ရိုးမအစပ်မှာ ရွာပုံစံ စုစည်းနေထိုင်ကြသူတွေဖြစ်ပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လာပြီးနောက် အခုလို ရွှေ့ပြောင်းခိုင်းတာလည်း ဖြစ်ပါတယ်။

နေထိုင်သူတွေကို အောက်တိုဘာလ ၂၀ ရက်မတိုင်ခင် အပြီးပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်ဘက်က ပြောထားတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာပေါင်းမြို့နယ်က ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်က ရွှေ့ခိုင်းတာ။ မရွှေ့ရင် အဲဒီနေရာတွေ တကယ်လို့ ဗုံးကြဲခဲ့မယ်ဆိုရင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံဆိုပြီးပြောတယ်။ အဲဒီမှာနေကြသူတွေက တောထဲမှာ သစ်ခုတ်၊ ဝါးခုတ်၊ မီးသွေးဖုတ်ကြတဲ့သူတွေ။ စုစုပေါင်းဆို လူတစ်ထောင်ကျော်လောက်ရှိတယ်”

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ရိုးမတောအနီးက ရခိုင်ကွင်းအပါအဝင် အိမ်စု နှစ်ဆယ်ဝန်းကျင်က က ဒေသခံတွေဟာ ဂူကြီး၊ ဂူလေး၊ ဓနိ၊ သစ်ကောက် စတဲ့ရွာတွေကိုပြောင်းရွှေ့ရမဲ့အပြင် သာပေါင်းမြို့နယ်ဘက်ကိုလည်း ပြောင်းရွှေ့ရမယ်လို့ ဆိုပါတယ်။

ရေကြည်မြို့နယ်၊ ရိုးမအစပ်မှာရှိတဲ့ စောပြာ၊ စိမ့်ကြီး စတဲ့ ရွာအသေးနှစ်ဆယ်ဝန်းကျင်ကိုတော့ တောင်စမ်း၊ မြောက်စမ်း စတဲ့ ရွာကြီးတွေကို ပြောင်းရွှေ့ခိုင်းတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဂွ- ငသိုင်းချောင်း ကားလမ်းတစ်လျှောက်က ရွာတွေကို အဓိက ဖယ်ရှားခိုင်းတာဖြစ်ပြီး အဲဒီနေရာတွေမှာ ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မဝင်ရောက်နိုင်အောင် စစ်ရေးပြင်ဆင်တာတွေလုပ်ဖို့ စီစဉ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းကို RFA က အောက်တိုဘာ ၁၉ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ဧရာဝတီတိုင်း သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေက သစ်တောကြိုးဝိုင်းနဲ့နီးတဲ့ ရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်တာအပြင် စစ်ဆေးရေးဂိတ်တွေပါ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
_________

ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ရှိ ရေနံ့သာ စစ်ဆေးရေးဂိတ်အား ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)

#ရခိုင်ရိုးမ #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:22


ဝမ်းပျက်ရောဂါ ကုသဆေး ကမ္ဘာတစ်ဝန်း ပြတ်လပ်
~~~
■ ဝမ်းလျှော၀မ်းပျက်ရောဂါအတွက် သောက်ဆေး ကမ္ဘာတစ်ဝန်းမှာ ပြတ်လပ်သွားတာကြောင့် ကာလ၀မ်းရောဂါကာကွယ်ရေးလုပ်ငန်း ထိခိုက်နေရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သောကြာနေ့က ထုတ်ပြန်ကြေညာတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

အခုလို ဆေးပြတ်သွားခြင်းဟာ ထုတ်လုပ်မှုရပ်သွားလို့မဟုတ်ဘဲ လိုအပ်ချက်များလာတာကြောင့်လို့ ဆိုပါတယ်။

“အောက်တိုဘာ ၁၄ ရက်နေ့မှာ လုံး၀ပြတ်သွားတာ ဘာမှကို မကျန်တော့ဘူး” လို့ ပြီးခဲ့တဲ့ WHO ရဲ့ အခြေအနေတင်ပြတဲ့ အစီရင်ခံစာမှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကနေ အောက်တိုဘာ ၁၄ ရက်နေ့အတွင်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဆူဒန်၊ အီသီယိုးပီးယား၊ နိုက်ဂျာ စတဲ့ နိုင်ငံတွေမှာ ၀မ်းပျက်၀မ်းလျှောရောဂါတွေ ဖြစ်ပွားခဲ့ပြီးနောက် အခုလို ဆေးပြတ်လပ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာ လိုအပ်ချက်အရ ဆေးအမှာစာ ရှစ်သန်းကျော် မှာယူထားပေမဲ့ ခုနစ်သန်းခွဲကျော်ပဲ ပေးပို့နိုင်ခဲ့ပါတယ်။

WHO ရဲ့ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း ဝမ်းရောဂါဖြစ်ပွားသူ လေးသိန်းခွဲနီးပါး (၄၃၉,၇၂၄) ရှိခဲ့ပြီး သေဆုံးသူက သုံးထောင်ကျော် (၃၄၃၂) ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
_________

သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည့် လူနာတစ်ဦးကို လူမှုကူညီရေးအသင်းမှ ဆေးခန်းသို့ ပို့ဆောင်ရန် ကူညီနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/သင်္ခါရဝိမုတ္တိ လူမှုကူညီရေးအသင်း)

#ဝမ်းရောဂါ #ဆေးဝါး #ပြတ်လပ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

RFA Burmese

21 Jan, 00:22


ဘုတလင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာပြတ်လပ်နေ
~~~
■ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က စီပါရွာအပါအဝင် ရွာလေးရွာက နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းခန့် စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာလ ၁၉ ရက် ဒီနေ့ပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးရတာ နှစ်ပတ်ကျော်ကြာလာပြီးနောက် အခုလို စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတာလို့ ဆိုပါတယ်။

ဒီအပြင် တက်လှိုင်း၊ စီပါ၊ ကျွဲသေချောင်း၊ ဆယ်ဝ စတဲ့ရွာတွေကို အောက်တိုဘာ ၁၆ ရက်ကနေ ၁၈ ရက်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် နှစ်ရာကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေရပ်စွန့်ခွာရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုအပြင် ကျန်းမာရေး ပြသနာတွေပါ ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“နေ့စဉ်နဲ့အမျှ ရက်တွေကြာလာတော့လေ သူတို့ စားနပ်ရိက္ခာတွေ ရှားပါးလာတယ်။ စားနပ်ရိက္ခာ အဆင်မပြေမှုတွေ ကြုံတွေ့ရတယ်ပေါ့နော်။ ရာသီအကူးအပြောင်းဆိုတော့ တချို့ဆိုရင် လောလော လောလောပြေးလာရတာဖြစ်တဲ့အတွက် စောင်တွေဘာတွေ မယူခဲ့ရဘူး။ ရာသီအကူးအပြောင်း မနက်ခင်းပိုင်းအေးတာ ဖြစ်တဲ့အတွက် အဝတ်အစားတွေ ပြီးတော့ အိပ်စရာနေရာတွေ၊ စောင်တွေ လိုအပ်နေတာရှိတယ်”

အောက်တိုဘာလ ၁၉ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်သားတွေဟာ စိုင်ပြင်လေးရွာကနေတစ်ဆင့် ညောင်ကန်ရွာကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့တဲ့ ဖြစ်စဉ်မျိုးတွေ မရှိသေးဘူးလို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်က RFA ရဲ့ မေးမြန်းမှုကို အောက်တိုဘာ ၁၉ ရက် ဒီနေ့မှာ ပြန်လည်ဖြေကြားပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်ကောင်စီ အခြေချစခန်းကနေ ထွက်လာတဲ့ စစ်ကြောင်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော်သေဆုံးပြီး လေးဆယ်ကျော် ဖမ်းဆီးခံရပါတယ်။

အဲဒီနောက် တစ်ကျော့ပြန်စစ်ကြောင်းထိုးမှုအတွင်း ဘုတလင်မြို့အပါအဝင် မြောက်ကြည်နဲ့ တက်လှိုင်းရွာက ဒေသခံ ၁၇ ဦး သတ်ဖြတ်ခံရပါတယ်။
_________

ဘုတလင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဥ်။ (Photo: Facebook/ The Helpers For Spring)

#ဘုတလင် #စစ်ဘေးဒုက္ခသည် #စားနပ်ရိက္ခာပြတ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…