သတင်းမှန် ဖိုးစီ

@mmtruthnews


ပြည်သူနဲ့တသားတည်း ရပ်တည်နေတဲ့
ပြည်သူ့ဘက်တော်သား 4C

သတင်းမှန် ဖိုးစီ (Burmese)

သတင်းမှန် ဖိုးစီဆိုတာ ဘာလဲ။ ၄င်းနဲ့ကလူမျိုးအားလုံးအတွက် တသားတရက်ခိုင်သည်ဖြစ်ပြီဆိုတာကိုရပ်တည်နေတဲ့သတင်းမှန်ဖိုးစီဆိုတာလေးမျိုးဖြစ်ပြီ။ သတင်းမှန် ဖိုးစီမှာရှိတဲ့ ပြည်သူ့စက်တော်သား ၄C ကိုဝေးပြထားပါတယ်။ ၄င်းရဲ့သတင်းကိုဝေးပြသည်ဖြစ်ပြီဆိုတာကို သတင်းမှန် ဖိုးစီမှာလေ့လာနိုင်ပါပြီ။ ပြည်သူ့စက်တော်သား ၄C ဆိုတာက ပါဝင်ခံစားခြင်းတဲ့ ပရိုမိုတ အင်္ကျီဒီယို (Personality, Psychology, Philosophy, Politics) တို့နှင့်အခြေအနေနေ့ရှိပါတယ်။ သတင်းမှန် ဖိုးစီမှာ ပြည်သူ့ဘက်တော်သား ၄C ကို ယုံကြည်စိတ်တိုင်နဲ့ ထပ်မံချမ်းသားနိုင်ပါတယ်။

သတင်းမှန် ဖိုးစီ

22 Oct, 15:55


🔺ပြင်ဦးလွင်မြို့အနီး တိုက်ပွဲပြင်းထန်နေ🔺

■ စစ်ရှုံးကောင်စီရဲ့ လက်ပါးစေ ဖွတ်စိမ်းတွေ ပြင်ဦးလွင်မြို့ကနေ ခွေးပြေးဝက်ပြေး ထွက်ပြေး

အောက်တိုဘာလ ၂၂ ရက်နေ့ ဒီကနေ့မှာ စစ်ရှုံးကောင်စီရဲ့ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နဲ့ (၁၆) မိုင်ခန့်သာ ဝေးတဲ့ ဂန့်ဂေါကျေးရွာမှာ တအာင်းတပ်မတော် TNLA နဲ့ အကြမ်းဖက် စစ်ရှုံးကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်ကတည်းက စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အဲ့ဒီနေ့ကတည်းက ပြင်ဦးလွင်မှာ ရှိတဲ့ စစ်ရှုံးကောင်စီရဲ့ လက်ဝေခံ လက်ကျန် ဘောမ ဖွတ်စိမ်းတွေဟာ အကြမ်းဖက် စစ်ရှုံးကောင်တွေကို ယုံကြည်မှု အပြည့်နဲ့ ပြင်ဦးလွင်မြို့ကနေ စွန့်ခွာကာ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားကြကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

#4C_TruthNews

သတင်းမှန် ဖိုးစီ

22 Oct, 15:32


"လူမှုကွန်ယက်တွင် ဖော်ပြထားသည့်"

အမယ်..ခေါင်းစဉ်တပ်တာကိုက ကြည့်အူး.. ကျော်ဖာ တင်တာက TNLA (၁) သိန်း.. မင်းချစ်ဦး တင်တာက AA (၃) သိန်း.. မှိုင်းတိုက် တင်တာက MNDAA (၅) သိန်း.. ဖားပြုတ် တင်တာက PDF (၁) သန်း..

တိုက်တိုင်းရှုံး ခွေးတပ်ကတော့ Telegram မှာ အသေအပျောက် လုံးဝ (လုံးဝ) မရှိ.. အဲ.. TikTok မှာပဲ တပ်တွင်း မုဆိုးမတွေနဲ့ အိမ်မဲ့ရာမဲ့ လိုင်းခန်းမဲ့ လင်သုံ့ပန်းမတွေ လစဉ် ထောင်သောင်းချီ တွေ့ရတာ..

အ..ဟစ်..ဟစ်.. 🤣

#4C_TruthNews

သတင်းမှန် ဖိုးစီ

22 Oct, 15:10


"ငါးပါးသီလမှာ ဘယ်သီလပုဒ်ကို ဖောက်ဖျက်တာက အပြစ် အကြီးဆုံးလဲ"

ဗုဒ္ဓဘာသာရယ်လို့ ခံယူထားရင် စောင့်ထိန်းရမယ့် အခြေခံ ကျင့်ဝတ် (၅) ခုရှိတယ်။ လူတွေ အလွယ်ပြောတဲ့ (၅) ပါး သီလပေါ့။

လူတော်တော်များများကတော့ သူရာမေရိယကံ ဆိုတဲ့ အရက်သောက်တာကို အပြစ် အကြီးဆုံးလို့ နားလည်ထားကြမယ် ထင်တယ်။ ဆရာတော်ကြီး ဟောသွားတာကတော့ မုသာဝါဒကံကို ကျူးလွန်တာက အပြစ်အကြီးဆုံးလို့ ဆိုတယ်။

တကယ်တော့ လိမ်ပြောတဲ့ ပြစ်မှုကို ဗုဒ္ဓဘာသာမှ မဟုတ်ဘူး၊ ဘာသာတရားတိုင်းက တားမြစ် ကန့်သတ်ထားတာ။ လိမ်ပြောတာကို ဘယ်ဘုရားကမှ မကြိုက်တဲ့ ကံ အမျိုးအစားလို့ ဆိုရမယ်။

လော်ဘီငဖားတွေ ကြပ်ကြပ်လိမ်ကြ!!

နောင်ဘဝ အဆက်ဆက်မှာ စကားမပြောနိုင် အသံမထွက်နိုင်တဲ့ လျှာတိုကောင်တွေ ဖြစ်နေမယ်.. 😀

#4C_TruthNews

သတင်းမှန် ဖိုးစီ

22 Oct, 13:01


ကျွတ် မနေနဲ့ ကြုံး

အခုဆိုရင် င့တို့ရဲ့ တော်လှန်ရေးမှာ ကြံ့ဖွတ်ပါတီဝင်တွေတောင်မှ ဝင်ပြီး 'ကြုံး' နေကြပြီဟ..

ဒါမျိုးကတော့ အားပေးတယ်..

ကြုံး.. သာ ကြုံး ..
တဝ ကြုံး .. အကြိုက် ကြုံး ..
စိတ်ရှိလက်ရှိ ကြုံး .. 👏👏👏

#4C_TruthNews

သတင်းမှန် ဖိုးစီ

22 Oct, 12:37


"မြောက် ယဉ်ကျေးမှု"

မြောက်ကိုရီးယားမှာ ဆိုရင် သူတို့ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းရဲ့ နာမည်အမှန်ကို ရေးတတ်တဲ့သူက ပညာတတ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားလေ့ ရှိကြသလို-

မြောက်မီယင်မာ စစ်တပ်ထဲမှာ ဆိုရင်လဲ အောက်ခြေက စစ်သားတွေရဲ့ မယားတွေကို ဘယ်သူက ဘယ်လောက် ပညာတတ်လဲ ဆိုတာကို ဘယ်တပ်ရင်းမှူးကမှ စိတ်မဝင်စားပါဘူး။

အဓိက လိုရင်းက-

စစ်သားမယား ပေါက်ပြားမတွေကို မြက်ပေါက်ခိုင်းရင် ဘယ်သူက များများပေါက်နိုင်လဲ ဆိုတာနဲ့ သူတို့ ဂုဏ်ဒြပ်ကို တိုင်းတာပါတယ်။

အလွယ်ပြောရရင်တော့ တစ်မနက်ခင်းမှာ အများဆုံး မြက်ပေါက်နိုင်တဲ့ ပေါက်ပြားမက သူ့တပ်ခွဲမှာ လူစွမ်းကောင်းကြီးပါပဲ။

ကမ္ဘာ့အလယ်မှာ အင်မတန် ဂုဏ်ယူစရာကောင်းပါတယ်.. 😄

#4C_TruthNews

သတင်းမှန် ဖိုးစီ

22 Oct, 06:56


"ပြည်သူနှင့် တွေ့ဆုံပွဲ မှတ်တမ်းပုံရိပ်များ"

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနမှ ပြုလုပ်ခဲ့သည့် စဉ့်ကူး၊ သပိတ်ကျဉ်းမြို့နယ်များမှ ပြည်သူနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို MDY-PDF က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

#4C_TruthNews

သတင်းမှန် ဖိုးစီ

22 Oct, 03:42


"ဝေါမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို KNLA ၊ PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်"

■ စစ်ရှုံးကောင် ၅ ဦး သေဆုံးပြီး လက်နက် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ၊ စခန်းဦးစီးအရာရှိ ခွေးပြေးဝက်ပြေး ထွက်ပြေးလွတ်မြောက်သွား

အောက်တိုဘာလ ၂၂ ရက်နေ့ ဒီကနေ့ မနက် ၄ နာရီ ၁၅ မိနစ်အချိန်က ပဲခူးတိုင်း၊ ဝေါမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို KNLA ၊ PDF ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ရှုံးကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး ခွေးသေဝက်သေ သေဆုံးခဲ့ပြီး လက်နက် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း ပစ္စတို (၁) လက်၊ G-3 (၄) လက်၊ အူဇီ (၁) လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ ယင်းစစ်ဆေးရေးဂိတ်မှာ မှောင်ခိုလမ်းကြောင်းများမှ ကုန်ပစ္စည်း သယ်ယူမှုများကို ဆက်ကြေးကောက်ခံနေသော ဂိတ်ဖြစ်ပြီး ပြည်သူများကို အကြီးအကျယ် ဒုက္ခပေးနေသော ဂိတ်ဖြစ်ကြောင်း၊ ပြည်သူများက တိုင်ကြားလာ၍ ဝင်ရောက် ရှင်းလင်းခြင်းဖြစ်ကြောင်း၊

စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက် စစ်သားတွေ ခွေးသေဝက်သေ သေဆုံးပြီးနောက် စခန်းဦးစီးအရာရှိမှာ ခွေးပြေးဝက်ပြေး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရပါတယ်။

#4C_TruthNews

သတင်းမှန် ဖိုးစီ

21 Oct, 16:18


"ဦးကျိုးသွားတဲ့ လော်ဘီငဖား ချန်နယ်များ"

မကြာခင် ရက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စခဲ့တာ (၁) နှစ်တင်းတင်း ပြည့်တော့မယ်။

အဲ့မတိုင်မီက လော်ဘီငဖား ချန်နယ်တွေမှာ လေကြီးလေကျယ် စကားလုံးတွေနဲ့ တောင်စဉ်ရေမရ ရေးခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ငဖားတွေရဲ့ ချန်နယ်တွေမှာ ထာဝရ ပျောက်ကွယ်သွားပြီဖြစ်တဲ့ စကားလုံးတွေ ရှိတယ်။

လုံးဝကို မတွေ့ရတော့တဲ့ စကားလုံးတွေ။ သိချင်ရင် ဒီအောက်မှာ နှိပ်ကြည့်လိုက်..👇

"အချိန်တန် ရွှေဘက ရွှေဘပါပဲ"

ငဖားတွေ ရေးရဲကြသေးလား.. ရေးတာ တွေ့မိကြသေးလား.. 😜😜

#4C_TruthNews

သတင်းမှန် ဖိုးစီ

21 Oct, 15:01


"ခွေးတပ်က အသေကြမ်းနေတဲ့ ရခိုင်စစ်ဒေသ"

အကိုချေတို့ရဲ့ အာရက္ခ စစ်ဒေသမှာတော့ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ခွေးတပ်ရဲ့ အောက်ခြေမှာ အတော်ကြီးကို အသေကြမ်းနေခဲ့တာပါ။

အခု သေသွားတဲ့ ငစနူလေးက ပြီးခဲ့တဲ့ ရက်ပိုင်းက အမ်းမြို့အဝင် တိုက်ပွဲမှာ တပ်လုံးပြုတ်ပြီး ခွေးသေဝက်သေ သေခဲ့ကြတဲ့ အုပ်စုထဲကလို့ သိရတယ်။

အရင်ကတော့ ခွေးတပ်က အကောင်ကြီးတွေ သေရင် အားရကျေနပ် ဖြစ်မိတယ်။ အခုတော့ အောက်ခြေက ငစနူတွေ တပ်လုံးပြုတ်တဲ့ သတင်းတွေကို ပိုပြီး သဘောကျ နှစ်ခြိုက်လာတယ်။

အာဏာရူးကောင်ကို ရှင်းဖို့အတွက် ဆိုရင် ကျွန်ရူးတွေကို အရင်သုတ်သင်ရမှာမလား..။

#4C_TruthNews

သတင်းမှန် ဖိုးစီ

21 Oct, 14:44


‼️BGF (၁၀၀၃) တပ်ရင်း ဌာနချုပ်ကို KIA + PDF သိမ်းပိုက်‼️

ကချင်ပြည်နယ်၊ ကန်ပိုက်တီ အခြေစိုက် အမှတ် (၁၀၀၃) နယ်ခြားစောင့် တပ်ရင်းဌာနချုပ်၊ BGF (1003) ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုက အောက်တိုဘာလ ၂၁ ရက်နေ့ ဒီကနေ့ ညနေ ၅ နာရီ အချိန်မှာ အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က အတည်ပြု ပြောဆိုပါတယ်။

#4C_TruthNews

သတင်းမှန် ဖိုးစီ

21 Oct, 06:54


"ပန်ဝါမြို့သိမ်း တိုက်ပွဲတွင် လက်နက်မျိုးစုံ ၅၀၀ ကျော် သိမ်းဆည်းရမိ"

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ရှိ အကြမ်းဖက် စစ်‌ရှုံးကောင်စီ လက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ BGF တပ်တွေ ထိန်းချုပ်ထားတဲ့ ပန်ဝါမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ကြီး/ငယ် ၅၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

ဇခုန်တိန့်ယိန်းက KIA နဲ့ PDF တွေကို ချေမှုန်းဖို့နဲ့ သူ့နယ်မြေကနေ ပြန်လည်ထွက်ခွာခွင့် မပေးဖို စစ်မိန့်ပေးခဲ့ပေမယ့် တော်လှန်ရေး တပ်တွေက တကယ် တိုက်ခိုက်လာချိန်မှာတော့ ဇခုန်တိန့်ယိန်း ကိုယ်တိုင် ရှေ့ဆုံးကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားတာကြောင့် ကချင် အထူးဒေသ (၁) တစ်ခုလုံးကို KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

#4C_TruthNews

သတင်းမှန် ဖိုးစီ

21 Oct, 06:28


‼️တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ‼️

■ လေတပ်မှ ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိ၊ ရဟတ်ယာဉ် ၁ စီးနှင့် Y-12 လေယာဉ် ၁ စီး ပျက်စီး

အောက်တိုဘာလ ၂၀ ရက်နေ့ ည ၈ နာရီ ၂၃ မိနစ်ခန့် အချိန်က အကြမ်းဖက် စစ်ရှုံးကောင်စီရဲ့ တောင်ငူလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး လေတပ်မှ စစ်သည် ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိကြောင်း၊ ရှော့တိုက်ဒုံး ၁ လုံးဟာ ပင်မ လေယာဉ် သိုလှောင်ရုံသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရဟတ်ယာဉ် ၁ စီး (ပျက်စီးမှု မများ) နှင့် Y-12 လေယာဉ် ၁ စီး (သုံးမရတော့အောင် ပျက်စီး) ပျက်စီးခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်က အတည်ပြု ပြောဆိုပါတယ်။

#4C_TruthNews