Chin World Media

@realchinworldmedia


Voice For Voiceless

Chin World Media

22 Oct, 08:19


မတူပီမြို့နားက တောအုပ်ကြီးကို စစ်ကောင်စီတပ်က
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရ

အောက်တိုဘာလ ၂၂ ရက်။

မတူပီမြို့နား အနောက်ဖက် တောအုပ်ကြီးဖက်ကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂) လုံးကြဲချသွားတယ်လို့ CDF – Matupi တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်ကပြောပါတယ်။

မတူပီမြို့သိမ်းပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာလို့ သိရပြီး လူအထိအခိုက် အပျက်အစီးတော့ မရှိဘူးလို့ သိရပါတယ်။

CDF -Matupiတပ်မဟာ(၁)ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “ မြို့တွင်းနေထိုင်တဲ့ ပြည်သူတွေကိုတော့ ကတုတ်ကျင်းတူးကြဖို့ တစ်ခုခုဆို အရေးပေါ်ဝင်ပုန်းဖို့ ပြောထားတာရှိတယ်။ လေကြောင်းနဲ့ပတ်သက်ရင် မြို့တွင်းနေပြည်သူတွေကို သေချာလေး မှာထားပါတယ်” လို့ပြောပါတယ်။

Chin World Media

22 Oct, 04:59


မရာနယ်မြေအတွင်းက (NGOsINGOs)တွေ ဒေသန္တရအုပ်ချုပ်ရေးဌာနကို နိုဝင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထား သတင်းပို့်ဖို့ MTC အသိပေး

အောက်တိုဘာလ ၂၂ ရက်။

ချင်းပြည်နယ်၊မရာနယ်မြေအတွင်း အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်း (NGOs/INGOs) တွေအနေနဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနကို သတင်းပို့ရမယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ - MTC က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။

(NGOs/INGOs) အနေနဲ့လုပ်ငန်းစီမံကိန်းတွေ အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေဖို့နဲ့ လုံခြုံမှုရှိစေရန်အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနကို သတင်းပို့ရမယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ - MTC က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Chin World Media

21 Oct, 15:24


https://chinworld.org/2024/08/%e1%80%9a%e1%80%b0%e1%80%80%e1%80%b1%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%99%e1%80%be-%e1%80%81%e1%80%bb%e1%80%ae%e1%80%b8%e1%80%99%e1%80%bc%e1%80%be%e1%80%84%e1%80%b7%e1%80%ba/

Chin World Media

21 Oct, 15:01


ဖန်တီးမှုအားကောင်းတဲ့ ချင်းလူငယ်အနုပညာရှင် Siang Pi ရဲ့ပန်းချီလက်ရာများ

Artist Siang Pi ‘s Facebook Page Link

https://www.facebook.com/profile.php?id=100063752228159&mibextid=LQQJ4d

Chin World Media

21 Oct, 14:08


ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ တပ်မဟာ အချင်းချင်း ပြေလည်ပြီး စစ်ဘေးရှောင်ပြည်သူတွေ အပူအပင်မရှိ ပြန်လာနိုင်အောင်ကြိုးစားဆောင်ရွက်သွားမယ်လို့ CDF – Matupi တပ်မဟာ ၂ ထုတ်ပြန်

အောက်တိုဘာလ ၂၁ ရက်။

ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ တပ်မဟာအချင်းချင်း ပြေလည်ပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူတွေ မိမိမြို့၊ရွာကို အပူအပင်မရှိ ပြန်လည်ဝင်ရောက်လာနိုင်အောင် တတိယအဖွဲ့အစည်း (Third Party)နဲ့ အတူ ကြိုးစားဆောင်ရွက်သွားမယ်လို့ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ - ၂) က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ - ၂) က ရဲဘော်တွေဟာ ၆ လအတွင်းမှာ တိုင်းပြည်နယ်လူမျိုးအတွက် ၁ ဦး ကျဆုံးပြီး ခြေထောက်ဆုံးရှုံးသူ ၁ ဦးနှင့် ဒဏ်ရာရသူ (၇) ဦးအထိ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ကျေခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းအမျိုးသားပိုင်နက်နယ်မြေကို ကာကွယ်ရန်နှင့် ချင်းပြည်လွတ်မြောက်နိုင်ရန် ချင်းလဲန်ကောင်စီလက်အောက်ခံဖြစ်တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့လည်း ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ - ၂) ထုတ်ပြန်ထားပါတယ်။

Chin World Media

21 Oct, 08:32


ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ သဘာဝဘေးဖြစ်နိုင်တယ်လို့ မိုးဇလက သတိပေးထုတ်ပြန်

အောက်တိုဘာလ ၂၁ ရက်။

ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရယ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ အသိပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်းရပ်ဝန်း အဖြစ်ရောက်ရှိခဲ့ပြီး အဆိုပါလေဖိအားနည်းရပ်ဝန်ဟာ အနောက် - အနောက်မြောက်ဘက်ကို ရွှေ့လျားပြီး အားကောင်းနိုင်တာကြောင့် အောက်တိုဘာလ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့မှာ ပင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Chin World Media

20 Oct, 14:20


စစ်သုံ့ပန်းတွေကို စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ဘာသာရေးဖြင့် အေးချမ်းမှု ရရှိနိုင်အောင် အတတ်နိုင်ဆုံးစီစဉ်ဆောင်ရွက်ပေးထားကြောင်း PDF Zoland ထုတ်ပြန်

အောက်တိုဘာလ ၂၀ ရက်။

ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ စစ်သုံ့ပန်းတွေကို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဘာသာရေးဖြင့် အေးချမ်းမှု ရရှိနိုင်အောင် အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း
"မှတ်မိသေးလားဗျ ကျနော့်နာမည် ဝေယံမိုးသက်ပါ။" ဆိုပြီးနှုတ်ဆက် လေ့ ရှိတဲ့ Tiktok လူမှုကွန်ရက်မှာ ဖော်လိုဝါ ၆ သိန်းခွဲကျော်ရှိပြီး လူသိများသူဖြစ်ကာ လက်ရှိမှာ ချင်းပြည်မှာအထိန်းသိမ်းခံ နေရတဲ့TikTok cele စစ်သုံ့ပန်း မြန်မာစစ်သား ဝေယံမိုးသက် ဟာ အချုပ်ကျနေစဉ်အတွင်း သူဖတ်ဖြစ်တဲ့ သမ္မာကျမ်းစာထဲက ခွန်အားရတဲ့ အပိုင်းတွေကို ပြောပြထားတာကို ချင်းပြည်နယ်၊တီးတိန်မြို့နယ်အခြေစိုက် PDF Zoland တပ်ဖွဲ့က သူတို့ရဲ့ Facebook စာမျက်နှာမှာ ဒီ နေ့ အောက်တိုဘာလ ၂၀ ရက်မှာ ထုတ်လွှင့်ထားပါတယ်။

Chin World Media

19 Oct, 12:15


မလေးရှားက ချင်းအမျိုးသားတစ်ဦးကို ကိုက်သတ်သွားတဲ့ ကျားကို အရှင်ဖမ်းမိတယ်လို့သိရ

အောက်တိုဘာလ ၁၉ ရက်။

မလေးရှားနိုင်ငံမြောက်ပိုင်း၊ ကလန်တန်ပြည်နယ်၊ ဂျာလီခရိုင် စိုက်ပျိုးရေးခြံကချင်းအမျိုးသားကို ပြီးခဲ့တဲ့အောက်တိုဘာလ ၁၆ ရက်က ကိုက်သတ်သွားတဲ့ ကျားကို အရှင်ဖမ်းဆီးရမိတယ်လို့ မလေးရှားမီဒီယာတွေရဲ့သတင်းအရ သိရပါတယ်။

အဲ့ဒီကျားကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးနဲ့ အမျိုးသားဥယျာဉ်များဌာနမှ ထောင်ချောက်ဆင်ပြီး ဒီနေ့ အောက်တိုဘာလ ၁၉ရက်နေ့ မနက်ပိုင်းမှာ ကလန်တန်ပြည်နယ်၊ ဂျာလီခရိုင် တောတွင်းတစ်နေရာမှာ အရှင်ဖမ်းဆီးရမိတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်တဲ့ ချင်းအမျိုးသားတစ်ဦး အလုပ်ကအပြန် ထမင်းဟင်းချက်ပြုတ်ဖို့ ပြင်ဆင်နေစဉ် ကျားဆွဲတာခံရပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။